Your Majesty is annoying (Mya...

By Liz_774

671K 25.2K 826

I am not the original publisher of the story. This is just a fan translation. More

Translator letter to readers
Description
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
တောင်းပန်စာ
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း (၁၄) 🚨
အပိုင်း (၁၅) 🚨🚨
အပိုင်း (၁၆) 🚨🚨🚨
အပိုင်း (၁၇) 🚨
အပိုင်း (၁၈) 🚨
အပိုင်း (၁၉) 🚨🚨
အပိုင်း (၂၀) 🚨
အပိုင်း (၂၁) 🚨
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) 🚨
အပိုင်း (၂၆) 🚨
အပိုင်း (၂၇)🚨🚨
အပိုင်း (၂၈) 🚨
Note
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အသက်ပြည့်မှ ဖတ်ပါ ❗️❗️
အပိုင်း (၃၂) 🚨🚨
အပိုင်း (၃၃) 🚨🚨🚨
အပိုင်း (၃၄) 🚨🚨
အပိုင်း (၃၅) 🚨
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂) 🚨
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃) 🚨🚨
အပိုင်း (၅၄) 🚨
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
Note
အပိုင်း (၅၉) 🚨🚨🚨
အပိုင်း (၆၀) 🚨🚨🚨
အပိုင်း (၆၁) 🚨🚨🚨
အပိုင်း (၆၂)
Giveaway
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆) 🚨
အပိုင်း (၆၇) 🚨🚨
အပိုင်း (၆၈) 🚨🚨
အပိုင်း (၆၉)
အပိုင်း (၇၀)
အပိုင်း (၇၁)
အပိုင်း (၇၂)
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅) 🚨🚨
အပိုင်း (၇၆) 🚨🚨
အပိုင်း (၇၇) 🚨🚨🚨
Important Note
အပိုင်း (၇၈) 🚨
အပိုင်း (၇၉) 🚨🚨
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅) 🚨🚨
အပိုင်း (၈၆) 🚨🚨🚨
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
အပိုင်း (၉၀)
အပိုင်း (၉၁) 🚨
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
အပိုင်း (၉၆)
အပိုင်း (၉၇)
အပိုင်း (၉၉) 🚨
အပိုင်း (၁၀၀) 🚨
အပိုင်း (၁၀၁)
အပိုင်း (၁၀၂) 🚨🚨
အပိုင်း (၁၀၃)
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
အပိုင်း (၁၀၈)
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)🚨🚨
အပိုင်း (၁၁၁) 🚨🚨🚨
အပိုင်း (၁၁၂) 🚨🚨🚨
အပိုင်း (၁၁၃)
အပိုင်း (၁၁၄)
အပိုင်း (၁၁၅)
အပိုင်း (၁၁၆)

အပိုင်း (၉၈)

1.9K 147 22
By Liz_774

{Unicode}

တံခါး တိတ်တဆိတ်ပိတ်သွားပြီးနောက် လိုင်လ် မယ်ဒီရာကို သလွန်ပေါ် တွဲတင်လိုက်ကာ အဖော်ပြုပေးနေသည်။

"တစ်ယောက်ယောက်က စိတ်ရှုပ်အောင်များ လုပ်သလား?"

လိုင်လ့်ရင်ဘတ်ထဲ ခေါင်းဝှက်ထားလျက်ပင် မယ်ဒီရာ ခေါင်းယမ်းလိုက်ကာ သူမလက်တွေက အသက်ရှင်ဖို့ ပြင်းပြနေသူလိုမျိုး သူ့ကို တင်းတင်းဆုပ်ကိုင်ထားသည်။

"အဲ့ဒါကြောင့်မဟုတ်ဘူး... ကျွန်မက အခု တယောက်ထဲ မဟုတ်တော့ဘူး၊ ဗိုက်ထဲက ကလေးကို စဉ်းစားမိလိုက်တိုင်း စိတ်ပူလာတယ်"

"ဟမ်း..."

သူ့ရင်ဘတ်ကို မှီနေတဲ့ မယ်ဒီရာ့ဦးခေါင်းထိပ်ကို လိုင်လ် ငုံ့ကြည့်လိုက်သည်။

ငါ့ရဲ့လူ။

ဒါက သူ့ရဲ့ သွေးသားရင်းကို လွယ်ထားရတဲ့ သူဖြစ်သည်။

"မယ်ဒီရာ... မင်းတယောက်ထဲ မဟုတ်ပါဘူး၊ ကိုယ် မင်းဘေးမှာ ရှိနေတယ်လေ၊ ဘာမှ ကြောက်စရာမလိုဘူးနော်"

သူ့မယ်တော်နဲ့ ဆင်တူတဲ့ ကမ်မလီရာလို့ ခေါ်တဲ့ ချောမောတဲ့ အမျိုးသမီးကို မြင်တာတောင် လိုင်လ်ဘာမှ မခံစားရပေ။ ယောကျာ်းတစ်ယောက်အနေနဲ့ ခံစားရမဲ့ စိတ်ဆန္ဒတွေအစား မိန်းမချောနောက်ကွက်က လှည့်ကွက်တွေကိုသာ သူမြင်သည်။

သူမ ကတာကို ကြည့်နေရင်းပင် လိုင်လ် မယ်ဒီရာ့ကို တွေးမိကာ သူမအစားဝမ်းနည်းလာသည်။

ကိုယ်ဝန်အစောပိုင်းကာလတွေက အရေးကြီးဆုံးဖြစ်ကြောင်း သူကြားဖူးကာ... ထိုကိစ္စနဲ့ ပတ်သက်ပြီး သူမက အထူးသဖြင့် ထိရှလွယ်နေပေလိမ့်မည်။

"ဒါဆို... ကျွန်မကို စောင့်ရှောက်နေတဲ့ ကိုယ်ရံတော်အရေအတွက်ကို တိုးပေးပါ"

"အစောင့်တွေ?"

သူမက ကလေးရှိနေပြီမို့ ဒါက မသင့်တော်သည်တော့မဟုတ်။ ဧကရီအတွက်ရောက်လာတဲ့ လက်ဆောင်တွေမှာ ပါလာတဲ့အဆိပ်နဲ့ ကျိန်စာတွေအကြောင်းတွေးမိကာ လိုင်လ် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ အဲ့လိုလုပ်တာပေါ့"

"ဒါဆို... ကျွန်မရဲ့ ကိုယ်ရံတော်အနေနဲ့ မြို့စားဟက်စတီးရားကို ခန့်ချင်တယ်"

"ဘယ်လို?"

"မရဘူး"ဆိုတဲ့ အငြင်းစကားက သူ့နှုတ်ဖျားမှ ထွက်လုဆဲဆဲတွင် မယ်ဒီရာ့ရဲ့ လေးနက်တဲ့မျက်နှာကို မြင်ပြီးနောက် သူ တွေဝေသွားသည်။

[မယ်ဒီရာက မြို့စားကို တကယ်ကြီး စိတ်ဝင်စားနေတာတော့ မဟုတ်ဘူးမလား?]

လိုင်လ်က မြို့စားရဲ့ ချောမောတဲ့ မျက်နှာကြောင့် စိတ်ပူပန်နေသည်။

"ဘာလို့ သူမှလဲ?"

"ကျွန်မကြားတာက လုပ်ကြံသူအများကြီး တိုက်ခိုက်တာတောင် သူ့ညီမကို ကာကွယ်နိုင်ခဲ့တယ်တဲ့၊ နောက်ပြီး သူက မြို့တော်က တော်ဝင်မျိုးရိုးမဟုတ်တော့ ယုံလို့ရနိုင်တယ်"

"ဆိုလိုတာက မြို့တော်က တော်ဝင်မျိုးနွယ်တွေက မယုံရဘူးလား?"

"ကျွန်မမှာ ဘာမှတ်ဉာဏ်မှ မရှိတော့ အမှန်အတိုင်းပြောရရင် ဘယ်သူ့ကို ယုံရမလဲ မသိဘူး"

ဂဲရက်က ထိုသူ့ကို ချီးမွမ်းထားတာမို့ သူ့စွမ်းရည်က မညံ့နိုင်။ နောက်ပြီး မယ်ဒီရာ ပြောသလိုပင် သူက ဧကရီရဲ့ စောင်မမှုကြောင့် အမြင့်တက်လာနိုင်ခဲ့သူ။ ထိုလူကို ယုံကြည်ခြင်းက ဆိုးရွားတဲ့ရွေးချယ်မှု မဟုတ်ဟု သူထင်သည်။

[ဒါပေမဲ့...]

အဲ့ဒီခပ်ချောချောကောင်ကလေးက? နောက်ပြီး သူ မယ်ဒီရာ့ကို ဘယ်လိုအကြည့်နဲ့ ကြည့်လဲ လိုင်လ် သတိထားမိသည်။ မယ်ဒီရာက မရည်ရွယ်မှန်း လိုင်လ် သိပေမဲ့....

"....."

"အရှင်? အရှင်သဘောမကျဘူးလား?"

"ဘာလဲ? ကိုယ် သဘောမကျဘူးလို့ ဘာလို့ထင်တာလဲ?"

လိုင်လ့်စကားသံကြောင့် မယ်ဒီရာ ခေါင်းစောင်းသွားသည်။

"ဟုတ်ပါတယ်လေ... အရှင်က မြို့စားကို စတွေ့ကတည်းက သတိထားနေတာပဲ"

"ကိုယ်က ဘာလို့ သူ့ကို သတိထားရမှာလဲ? သူက မြို့စားလေးတစ်ယောက်ပဲ.. ကိုယ်က..."

"အရှင်က ဧကရာဇ်မင်းလေ"

သူမက အလုံးစုံနားလည်နေသလိုမျိုး မယ်ဒီရာ လိုင်လ့်စကားကို ဖြတ်ပြောလိုက်သည်။

လိုင်လ်က မယ်ဒီရာ့ကို သဘောမတူတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ သူမဖြတ်ပြောတာကို သဘောမကျလို့မဟုတ်ပဲ သူမအပြုံးက 'ရှင် ဘာလို့ မြို့စားကို မုန်းလဲ ကျွန်မသိနေတယ်' ဆိုတဲ့ ဆိုလိုရင်းကို သဘောမကျ၍ပင်။

[ရယ်စရာပဲ၊ မင်းက ကိုယ့်ကို မြို့စားတယောက်အတွက် သဝန်တိုစေချင်တာလား?]

"ကောင်းပြီ၊ မင်း မြို့စားဟက်စတီးရားကို သဘောကျရင် ကိုယ်ရံတော်အဖြစ် ခန့်တာပေါ့၊ မြို့စားကို ဧကရီက ထပ်ပေးသနားလိုက်တဲ့ မြှောက်စားမှုပေါ့"

"အရှင်က သဘောထားကြီးလှပါတယ်"

သူ့အတွင်းစိတ်ထဲ ပူပန်နေပေမဲ့ မယ်ဒီရာ့ရဲ့ အပြုံးချိုချိုက သူ့ကို ရယ်မောစေသည်။

"ဒီရာထူးက ဧကရီက ကိုယ်တော့်ကို တောင်းဆိုထားတာဆိုတော့ ဧကရီက ကျေးဇူးတင်ရမှာပေါ့"

"ကျွန်မက အရှင့်ကို အမြဲကျေးဇူးတင်နေတာပါ"

"စကားနဲ့ပဲလား?"

သူမနှုတ်ခမ်းတွေကို လက်နဲ့သပ်ရင်း လိုင်လ် ခပ်နောက်နောက်မေးလိုက်သည်။ မယ်ဒီရာ ပြုံးလိုက်ပြီး သူ့ကို နမ်းလိုက်သည်။ အနမ်းခပ်ဖွဖွကြောင့် သူပြုံးလိုက်ကာ ပြန်လည်တိုက်ခိုက်လာသည်။

"ပိုပြီး ခပ်နက်နက်လေး၊ ကိုယ့်လျှာ အတွင်းထဲ မရောက်ရင် အနမ်းလို့ မသတ်မှတ်ဘူး"

သူမခါးက ပွေ့ချီကာ သူ့ပေါင်ပေါ် ထိုင်စေရင်း ခပ်ဖွဖွဆိုလိုက်သည်။ မယ်ဒီရာ ရယ်မောလိုက်ကာ ပျော်ရွှင်စွာ တုံ့ပြန်လာသည်။

***
"ကျွန်ုပ်က ဧကရီအရှင်မရဲ့ ကိုယ်ရံတော်.."

စီရီရာ မယုံကြည်နိုင်စရာ သတင်းစကားကြောင့် မျက်တောင်ခတ်လိုက်သည်။ တော်ဝင်မိသားစုရဲ့ စာချွန်တော်သယ်ဆောင်လာသူက သူ့အလုပ်သူလုပ်ကာ သူမရဲ့ တုန်လှုပ်မှုအပေါ် တိတ်တဆိတ်သာ ခွန်းတုံ့ပြန်သည်။

နန်းတွင်းက ခန့်အပ်ခြင်းစာချွန်ကို လက်ခံယူပြီးနောက် သူမ အသိစိတ်မဲ့ မတ်တပ်ရပ်နေမိသည်။

သူမက သူရဲကောင်းရွေးပွဲဝင်ပြီးနောက် မြို့တော်က ပြန်ထွက်ခွါခွင့်နဲ့တင် ကျေနပ်နေခဲ့ပြီးဖြစ်ကာ ဧကရီအရှင်မကို ကာကွယ်ဖို့ ကိုယ်ရံတော်အဖြစ် ရာထူးသတ်မှတ်ခံရမှုအပေါ် မယုံနိုင်ဖြစ်နေမိသည်။ ထို့အပြင် အရှင်မင်းကြီးက သူမကို သူရဲကောင်းအနေနဲ့ ရာထူးမှတ်မဲ့အကြောင်း ဆိုသေးသည်။

[ငါ ဒီလိုလုပ်လို့ မရဘူး...]

သို့သော် သူမ ငြင်းလဲ မငြင်းနိုင်ပေ။ ဒီအမိန့်တော်ကို ငြင်းဆန်ခြင်းက ကျေးဇူးကန်းရာရောက်မည်ဖြစ်ပြီး ဧကရီရဲ့ အစောင့်အဖြစ် တာဝန်ထမ်းဆောင်ရခြင်းက သူကောင်းပြုခံရမှန်း သိသာနေသည်။

[အမတော်က မိန်းကလေးရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးချင်နေတာလား?] (လုခ်)

သူမအတွက် ရွေးချယ်ပွဲဝင်ခြင်းကပင် ကိစ္စကြီးဖြစ်ပြီးဖြစ်ကာ အခု ဧကရီအရှင်မက တိုက်တွန်းကာ ထောက်ခံအားပေးရုံသာမက သူမကို သူကောင်းပြုပြီး ကိုယ်ရံတော်အဖြစ်ပါ ခန့်အပ်နေခြင်းဖြစ်သည်။

လုခ် စီရီရာ့ကို ပူပန်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။

မိန်းကလေးတစ်ယောက်အတွက် ဓါးကိုင်ဖို့က လွယ်ကူတဲ့အလုပ်မဟုတ်သလို သူရဲကောင်းဖြစ်လာခြင်းက ပို၍ပင် ခက်ခဲသေးသည်။ ဒီလိုက တကယ်ပဲ အဆင်ပြေပါ့မလား?

***
Note:

တခုလောက် မေးချင်ပါတယ်။ အခု Liz ဒီအပိုင်းတွေ တင်နေတာ ရက်တော့မှန်ပေမဲ့ အချိန်ကတော့ ကပေါက်တိကပေါက်ချာ တင်နေတာပေါ့နော်။ အဲ့ဒါ အချိန်အတိအကျလေး တင်ပေးရင် ပိုအဆင်ပြေမလား သိချင်တာပါ။ Liz ပုံမှန်တင်ပေးဖို့ အဆင်ပြေမဲ့ အချိန်အတိအကျပေါ့။ ဥပမာ ည၁၀နာရီတိုင်း တင်ပေးတာမျိုး။ အဲ့လိုလေး တင်ပေးစေချင်လား ပြောပေးနော် 💙
***







{Zawgyi}

တံခါး တိတ္တဆိတ္ပိတ္သြားၿပီးေနာက္ လိုင္လ္ မယ္ဒီရာကို သလြန္ေပၚ တြဲတင္လိုက္ကာ အေဖာ္ျပဳေပးေနသည္။

"တစ္ေယာက္ေယာက္က စိတ္ရွုပ္ေအာင္မ်ား လုပ္သလား?"

လိုင္လ့္ရင္ဘတ္ထဲ ေခါင္းဝွက္ထားလ်က္ပင္ မယ္ဒီရာ ေခါင္းယမ္းလိုက္ကာ သူမလက္ေတြက အသက္ရွင္ဖို႔ ျပင္းျပေနသူလိုမ်ိဳး သူ႔ကို တင္းတင္းဆုပ္ကိုင္ထားသည္။

"အဲ့ဒါေၾကာင့္မဟုတ္ဘူး... ကၽြန္မက အခု တေယာက္ထဲ မဟုတ္ေတာ့ဘူး၊ ဗိုက္ထဲက ကေလးကို စဥ္းစားမိလိုက္တိုင္း စိတ္ပူလာတယ္"

"ဟမ္း..."

သူ႔ရင္ဘတ္ကို မွီေနတဲ့ မယ္ဒီရာ့ဦးေခါင္းထိပ္ကို လိုင္လ္ ငုံ႔ၾကည့္လိုက္သည္။

ငါ့ရဲ့လူ။

ဒါက သူ႔ရဲ့ ေသြးသားရင္းကို လြယ္ထားရတဲ့ သူျဖစ္သည္။

"မယ္ဒီရာ... မင္းတေယာက္ထဲ မဟုတ္ပါဘူး၊ ကိုယ္ မင္းေဘးမွာ ရွိေနတယ္ေလ၊ ဘာမွ ေၾကာက္စရာမလိုဘူးေနာ္"

သူ႔မယ္ေတာ္နဲ႔ ဆင္တူတဲ့ ကမ္မလီရာလို႔ ေခၚတဲ့ ေခ်ာေမာတဲ့ အမ်ိဳးသမီးကို ျမင္တာေတာင္ လိုင္လ္ဘာမွ မခံစားရေပ။ ေယာက်ာ္းတစ္ေယာက္အေနနဲ႔ ခံစားရမဲ့ စိတ္ဆႏၵေတြအစား မိန္းမေခ်ာေနာက္ကြက္က လွည့္ကြက္ေတြကိုသာ သူျမင္သည္။

သူမ ကတာကို ၾကည့္ေနရင္းပင္ လိုင္လ္ မယ္ဒီရာ့ကို ေတြးမိကာ သူမအစားဝမ္းနည္းလာသည္။

ကိုယ္ဝန္အေစာပိုင္းကာလေတြက အေရးႀကီးဆုံးျဖစ္ေၾကာင္း သူၾကားဖူးကာ... ထိုကိစၥနဲ႔ ပတ္သက္ၿပီး သူမက အထူးသျဖင့္ ထိရွလြယ္ေနေပလိမ့္မည္။

"ဒါဆို... ကၽြန္မကို ေစာင့္ေရွာက္ေနတဲ့ ကိုယ္ရံေတာ္အေရအတြက္ကို တိုးေပးပါ"

"အေစာင့္ေတြ?"

သူမက ကေလးရွိေနၿပီမို႔ ဒါက မသင့္ေတာ္သည္ေတာ့မဟုတ္။ ဧကရီအတြက္ေရာက္လာတဲ့ လက္ေဆာင္ေတြမွာ ပါလာတဲ့အဆိပ္နဲ႔ က်ိန္စာေတြအေၾကာင္းေတြးမိကာ လိုင္လ္ ေခါင္းညိတ္လိုက္သည္။

"ေကာင္းၿပီ၊ အဲ့လိုလုပ္တာေပါ့"

"ဒါဆို... ကၽြန္မရဲ့ ကိုယ္ရံေတာ္အေနနဲ႔ ၿမိဳ႕စားဟက္စတီးရားကို ခန့္ခ်င္တယ္"

"ဘယ္လို?"

"မရဘူး"ဆိုတဲ့ အျငင္းစကားက သူ႔ႏွုတ္ဖ်ားမွ ထြက္လုဆဲဆဲတြင္ မယ္ဒီရာ့ရဲ့ ေလးနက္တဲ့မ်က္ႏွာကို ျမင္ၿပီးေနာက္ သူ ေတြေဝသြားသည္။

[မယ္ဒီရာက ၿမိဳ႕စားကို တကယ္ႀကီး စိတ္ဝင္စားေနတာေတာ့ မဟုတ္ဘူးမလား?]

လိုင္လ္က ၿမိဳ႕စားရဲ့ ေခ်ာေမာတဲ့ မ်က္ႏွာေၾကာင့္ စိတ္ပူပန္ေနသည္။

"ဘာလို႔ သူမွလဲ?"

"ကၽြန္မၾကားတာက လုပ္ႀကံသူအမ်ားႀကီး တိုက္ခိုက္တာေတာင္ သူ႔ညီမကို ကာကြယ္နိုင္ခဲ့တယ္တဲ့၊ ေနာက္ၿပီး သူက ၿမိဳ႕ေတာ္က ေတာ္ဝင္မ်ိဳးရိုးမဟုတ္ေတာ့ ယုံလို႔ရနိုင္တယ္"

"ဆိုလိုတာက ၿမိဳ႕ေတာ္က ေတာ္ဝင္မ်ိဳးႏြယ္ေတြက မယုံရဘူးလား?"

"ကၽြန္မမွာ ဘာမွတ္ဉာဏ္မွ မရွိေတာ့ အမွန္အတိုင္းေျပာရရင္ ဘယ္သူ႔ကို ယုံရမလဲ မသိဘူး"

ဂဲရက္က ထိုသူ႔ကို ခ်ီးမြမ္းထားတာမို႔ သူ႔စြမ္းရည္က မညံ့နိုင္။ ေနာက္ၿပီး မယ္ဒီရာ ေျပာသလိုပင္ သူက ဧကရီရဲ့ ေစာင္မမွုေၾကာင့္ အျမင့္တက္လာနိုင္ခဲ့သူ။ ထိုလူကို ယုံၾကည္ျခင္းက ဆိုးရြားတဲ့ေရြးခ်ယ္မွု မဟုတ္ဟု သူထင္သည္။

[ဒါေပမဲ့...]

အဲ့ဒီခပ္ေခ်ာေခ်ာေကာင္ကေလးက? ေနာက္ၿပီး သူ မယ္ဒီရာ့ကို ဘယ္လိုအၾကည့္နဲ႔ ၾကည့္လဲ လိုင္လ္ သတိထားမိသည္။ မယ္ဒီရာက မရည္ရြယ္မွန္း လိုင္လ္ သိေပမဲ့....

"....."

"အရွင္? အရွင္သေဘာမက်ဘူးလား?"

"ဘာလဲ? ကိုယ္ သေဘာမက်ဘူးလို႔ ဘာလို႔ထင္တာလဲ?"

လိုင္လ့္စကားသံေၾကာင့္ မယ္ဒီရာ ေခါင္းေစာင္းသြားသည္။

"ဟုတ္ပါတယ္ေလ... အရွင္က ၿမိဳ႕စားကို စေတြ႕ကတည္းက သတိထားေနတာပဲ"

"ကိုယ္က ဘာလို႔ သူ႔ကို သတိထားရမွာလဲ? သူက ၿမိဳ႕စားေလးတစ္ေယာက္ပဲ.. ကိုယ္က..."

"အရွင္က ဧကရာဇ္မင္းေလ"

သူမက အလုံးစုံနားလည္ေနသလိုမ်ိဳး မယ္ဒီရာ လိုင္လ့္စကားကို ျဖတ္ေျပာလိုက္သည္။

လိုင္လ္က မယ္ဒီရာ့ကို သေဘာမတူတဲ့ အၾကည့္နဲ႔ ၾကည့္လိုက္သည္။ သူမျဖတ္ေျပာတာကို သေဘာမက်လို႔မဟုတ္ပဲ သူမအျပဳံးက 'ရွင္ ဘာလို႔ ၿမိဳ႕စားကို မုန္းလဲ ကၽြန္မသိေနတယ္' ဆိုတဲ့ ဆိုလိုရင္းကို သေဘာမက်၍ပင္။

[ရယ္စရာပဲ၊ မင္းက ကိုယ့္ကို ၿမိဳ႕စားတေယာက္အတြက္ သဝန္တိုေစခ်င္တာလား?]

"ေကာင္းၿပီ၊ မင္း ၿမိဳ႕စားဟက္စတီးရားကို သေဘာက်ရင္ ကိုယ္ရံေတာ္အျဖစ္ ခန့္တာေပါ့၊ ၿမိဳ႕စားကို ဧကရီက ထပ္ေပးသနားလိုက္တဲ့ ေျမႇာက္စားမွုေပါ့"

"အရွင္က သေဘာထားႀကီးလွပါတယ္"

သူ႔အတြင္းစိတ္ထဲ ပူပန္ေနေပမဲ့ မယ္ဒီရာ့ရဲ့ အျပဳံးခ်ိဳခ်ိဳက သူ႔ကို ရယ္ေမာေစသည္။

"ဒီရာထူးက ဧကရီက ကိုယ္ေတာ့္ကို ေတာင္းဆိုထားတာဆိုေတာ့ ဧကရီက ေက်းဇူးတင္ရမွာေပါ့"

"ကၽြန္မက အရွင့္ကို အျမဲေက်းဇူးတင္ေနတာပါ"

"စကားနဲ႔ပဲလား?"

သူမႏွုတ္ခမ္းေတြကို လက္နဲ႔သပ္ရင္း လိုင္လ္ ခပ္ေနာက္ေနာက္ေမးလိုက္သည္။ မယ္ဒီရာ ျပဳံးလိုက္ၿပီး သူ႔ကို နမ္းလိုက္သည္။ အနမ္းခပ္ဖြဖြေၾကာင့္ သူျပဳံးလိုက္ကာ ျပန္လည္တိုက္ခိုက္လာသည္။

"ပိုၿပီး ခပ္နက္နက္ေလး၊ ကိုယ့္လၽွာ အတြင္းထဲ မေရာက္ရင္ အနမ္းလို႔ မသတ္မွတ္ဘူး"

သူမခါးက ေပြ႕ခ်ီကာ သူ႔ေပါင္ေပၚ ထိုင္ေစရင္း ခပ္ဖြဖြဆိုလိုက္သည္။ မယ္ဒီရာ ရယ္ေမာလိုက္ကာ ေပ်ာ္ရႊင္စြာ တုံ႔ျပန္လာသည္။

***
"ကၽြန္ုပ္က ဧကရီအရွင္မရဲ့ ကိုယ္ရံေတာ္.."

စီရီရာ မယုံၾကည္နိုင္စရာ သတင္းစကားေၾကာင့္ မ်က္ေတာင္ခတ္လိုက္သည္။ ေတာ္ဝင္မိသားစုရဲ့ စာခၽြန္ေတာ္သယ္ေဆာင္လာသူက သူ႔အလုပ္သူလုပ္ကာ သူမရဲ့ တုန္လွုပ္မွုအေပၚ တိတ္တဆိတ္သာ ခြန္းတုံ႔ျပန္သည္။

နန္းတြင္းက ခန့္အပ္ျခင္းစာခၽြန္ကို လက္ခံယူၿပီးေနာက္ သူမ အသိစိတ္မဲ့ မတ္တပ္ရပ္ေနမိသည္။

သူမက သူရဲေကာင္းေရြးပြဲဝင္ၿပီးေနာက္ ၿမိဳ႕ေတာ္က ျပန္ထြက္ခြါခြင့္နဲ႔တင္ ေက်နပ္ေနခဲ့ၿပီးျဖစ္ကာ ဧကရီအရွင္မကို ကာကြယ္ဖို႔ ကိုယ္ရံေတာ္အျဖစ္ ရာထူးသတ္မွတ္ခံရမွုအေပၚ မယုံနိုင္ျဖစ္ေနမိသည္။ ထို႔အျပင္ အရွင္မင္းႀကီးက သူမကို သူရဲေကာင္းအေနနဲ႔ ရာထူးမွတ္မဲ့အေၾကာင္း ဆိုေသးသည္။

[ငါ ဒီလိုလုပ္လို႔ မရဘူး...]

သို႔ေသာ္ သူမ ျငင္းလဲ မျငင္းနိုင္ေပ။ ဒီအမိန့္ေတာ္ကို ျငင္းဆန္ျခင္းက ေက်းဇူးကန္းရာေရာက္မည္ျဖစ္ၿပီး ဧကရီရဲ့ အေစာင့္အျဖစ္ တာဝန္ထမ္းေဆာင္ရျခင္းက သူေကာင္းျပဳခံရမွန္း သိသာေနသည္။

[အမေတာ္က မိန္းကေလးရဲ့ အိပ္မက္ကို ျဖည့္ဆည္းေပးခ်င္ေနတာလား?] (လုခ္)

သူမအတြက္ ေရြးခ်ယ္ပြဲဝင္ျခင္းကပင္ ကိစၥႀကီးျဖစ္ၿပီးျဖစ္ကာ အခု ဧကရီအရွင္မက တိုက္တြန္းကာ ေထာက္ခံအားေပး႐ုံသာမက သူမကို သူေကာင္းျပဳၿပီး ကိုယ္ရံေတာ္အျဖစ္ပါ ခန့္အပ္ေနျခင္းျဖစ္သည္။

လုခ္ စီရီရာ့ကို ပူပန္တဲ့ အၾကည့္နဲ႔ ၾကည့္လိုက္သည္။

မိန္းကေလးတစ္ေယာက္အတြက္ ဓါးကိုင္ဖို႔က လြယ္ကူတဲ့အလုပ္မဟုတ္သလို သူရဲေကာင္းျဖစ္လာျခင္းက ပို၍ပင္ ခက္ခဲေသးသည္။ ဒီလိုက တကယ္ပဲ အဆင္ေျပပါ့မလား?

***
Note:

တခုေလာက္ ေမးခ်င္ပါတယ္။ အခု Liz ဒီအပိုင္းေတြ တင္ေနတာ ရက္ေတာ့မွန္ေပမဲ့ အခ်ိန္ကေတာ့ ကေပါက္တိကေပါက္ခ်ာ တင္ေနတာေပါ့ေနာ္။ အဲ့ဒါ အခ်ိန္အတိအက်ေလး တင္ေပးရင္ ပိုအဆင္ေျပမလား သိခ်င္တာပါ။ Liz ပုံမွန္တင္ေပးဖို႔ အဆင္ေျပမဲ့ အခ်ိန္အတိအက်ေပါ့။ ဥပမာ ည၁၀နာရီတိုင္း တင္ေပးတာမ်ိဳး။ အဲ့လိုေလး တင္ေပးေစခ်င္လား ေျပာေပးေနာ္ 💙
***

Continue Reading

You'll Also Like

1.4M 48.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
4.6M 524K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
286K 7K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
278K 20.9K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...