ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၃၇.၁)

3.1K 459 29
By Dilly_Dally20

Unicode.

လင်းကျစ်ရန်က မနေနိုင်ဘဲ ထိုလူကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။ ဒီကံမကောင်းတဲ့လူက လီယဲ့နဲ့များအမျိုးတော်နေမလား မသိ။ သူ့ရဲ့ မျိုးရိုးကလည်း လီယဲ့နဲ့ အတူတူပဲဆိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက မိသားစု တစ်ခုတည်းဖြစ်နိုင်လောက်မလား!

ဘာပဲဖြစ်ဖြစ် ဒီနေ့လည်ပတ်ရတာက တန်သည်။ လင်းကျစ်ရန်က သူ့ရဲ့ နောက်လိုက်ကို ခေါ်ပြီး အိမ်တော်သို့ ကျေနပ်စွာပြန်လာခဲ့သည်။

လင်းကျစ်ရန်နေသည့် ခြံဝန်းက ကျယ်သည်။ ကြားရက်များတွင် သူတစ်ယောက်တည်းနေလေ့ရှိပြီး အလွန်တိတ်ဆိတ်ငြိမ်သက်သည်။ အခန်းအတော်များများကလည်း အလွတ်တွေပင်ဖြစ်သောကြောင့် ကြုံရာအခန်းတစ်ခုကိုညွှန်ပြပေးလိုက်ပြီး ပြောလိုက်သည်

" မင်း အဲ့အခန်းမှာနေလို့ရတယ် "

ထို့နောက် သူက သန်းဝေပြီး လှည့်ထွက်သွားတော့သည်။

ရွှမ်းရန်မှာ လင်းကျစ်ရန် ရဲ့ကျောပြင်ကိုသာစိုက်ကြည့်လိုက်ရင်း အခန်းထဲသို့ဝင်လိုက်သည်။ ထို့နောက်တံခါးက လေမတိုက်ဘဲ ပိတ်သွားလေ​၏။

ထိုစဉ် အတွင်းစိတ်ရှိ မကောင်းဆိုးဝါး​၏ လှောင်သံက သူ့နားထဲသို့ဝင်လာပြန်​၏။

' မင်းကအခု ဘာလုပ်ရပြန်တာလဲ...နေ့တိုင်းသူ့ကို နောက်ကလိုက်ချောင်းရတာအားမရလို့ အစေခံယောင်ပါဆောင်ပြီး သူ့ဘေးမှာနေတော့မယ်ပေါ့...မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါးက ဒီလို အရာမျိုးလုပ်မယ်လို့ ငါမထင်ထားဘူး...မင်းကဖြောင့်မတ်တဲ့လူမို့လား? '

ရွှမ်းရန်ရဲ့ ပါးလွှသော နှုတ်ခမ်းပါးများက လှုပ်ခပ်သွားလျက် ပေါ့ပါးစွာဆို​၏။ " ငါသူ့ဘေးမှာရှိနေရင် သူ့ကိုလေ့လာဖို့ ပိုပြီးလွယ်ကူတယ်လေ။ "

အတွင်းစိတ်ရှိ မကောင်းဆိုးဝါးက အထင်သေးစွာဖြင့်လှောင်ပြန်​၏။

' မင်းမှာ သူ့ကိုလေ့လာနိုင်တဲ့ နည်းတွေ တစ်ရာလောက်ရှိတယ်...ဒီလိုရယ်စရာကောင်းတဲ့နည်းမှမဟုတ်ဘူး... ပြီးတော့ မင်းကိုယ်မင်းအမှားခံပြီး မိစ္ဆာတစ်ယောက်ရဲ့ အစေခံဖြစ်ဖို့တောင်ဆန္ဒရှိနေသေးတယ်...ငါမထင်ထားဘူး '

သူကပြောရင်းဆိုရင်း ထူးဆန်းစွာရယ်လာခဲ့ပြီး

' ဝန်ခံလိုက်စမ်းပါ...မင်းလည်းဆွဲဆောင်ခံလိုက်ရတယ်မို့လား...ဒါကြောင့် သူနဲ့နီးစပ်ဖို့ တမင်ဆင်ခြေပေးနေတာ...မင်းသူ့ကို သဘောကျတာ ဝန်ခံဖို့ အရမ်းခဲယဉ်းနေလား...မင်းက ငါတွေ့ဖူးသမျှလူတွေထဲမှာ သူတော်ကောင်းယောင်အဆောင်ဆုံးပဲ '

ရွှမ်းရန်ရဲ့မျက်လုံးတွေက အနည်းငယ်အေးစက်နေလျက်၊ သူက လက်ကောက်ဝတ်ရှိပုတီးစေ့များကို စိတ်ရှုပ်စွာဖိလိုက်တော့ နားထဲရှိအသံမှာလည်း နောက်ဆုံးတွင်ဖိနှိပ်ထားခံလိုက်ရသည်။

လင်းကျစ်ရန်ဟာ တက်ကြွစွာပင်နိုးလာခဲ့ ပြီး တံခါးကိုဖွင့်ကာ ခေါင်းလှည့်ကြည့်လိုက်တော့ တံခါးဘေးတွင်ရပ်နေသော အရပ်ရှည်ရှည်အမျိုးသားကိုတွေ့လိုက်ရသည်။ စက္ကန့်အနည်းငယ်လောက်ကြာမှဒီလူက သူမနေ့က ခေါ်လာခဲ့တဲ့လူမှန်း မှတ်မိသွားတော့သည်။

လင်းကျစ်ရန် သူ့ကို ခေါ်လိုက်ဖို့ တွေးမိစဉ်မှာပင် ထိုလူက  နံနက်စောစောသူမထခင်ကတည်းက လာ၍ ရပ်စောင့်နေလေသည်။ အစေခံတစ်ယောက်အနေဖြင့် သူက တော်တော်လေးစေ့စပ်ပုံရသည်။

လင်းကျစ်ရန်က သူ့ရဲ့ လုပ်ဆောင်နိုင်မှုအပေါ် အလွန်ကျေနပ်သွားသည်။ သူကတွေးလိုက်ရင်း မေးကိုမြှောက်က ဆို​၏။ " မျက်နှာသစ်ဖို့ ရေသွားယူခဲ့ "

ရွှမ်းရန်က မျက်လုံးများကို ပင့်ပြီး သူ့ကိုကြည့်လိုက်ကာ တိတ်တဆိတ်ပင်လှည့်ထွက်သွားသည်။ မကြာခင်မှာပင် ရွှမ်းရန်က ရေထည့်ထားသော ကြေးဇလုံတစ်ခုကို ကိုင်လျက်ပြန်ရောက်လာခဲ့သည်။

သူက ရေဇလုံကို အခန်းထဲတွင်ချလိုက်ပြီးနောက်သို့ တစ်လှမ်းဆုတ်ကာ ခေါင်းငုံ့ပြီးရပ်နေလေသည်။ ထို့နောက် လင်းကျစ်ရန် မျက်နှာသစ်ပြီးပြီးချင်း ရေဇလုံကို ပြန်သယ်ကာ အပြင်သို့ ထွက်သွားလေတော့သည်။လင်းကျစ်ရန်ကတော့ ကုလားထိုင်ပေါ်မှာ သက်တောင့်သက်သာရှိစွာထိုင်ရင်းမျက်လုံးတွေကိုမှေးစင်းကာ ခဏနေ ဘာစားရမလဲတွေးနေစဉ် ထိုလူက ထမင်းဟင်း ပန်းကန်များနှင့်အတူ ပြန်ရောက်လာခဲ့လေသည်။

ဝိုး! ဒီလူက ခန့်မှန်းတာလည်း တကယ် တော်တာပဲ!
မဆိုးဘူး မဆိုးဘူး!

သူခေါ်လာခဲ့တဲ့ လူက တော်တော်လေး စွမ်းဆောင်နိုင်တယ်လို့လင်းကျစ်ရန်တွေးလိုက်​၏။ တကယ်အဖိုးတန်တယ်!

လင်းကျစ်ရန်က ရွှမ်းရန်ရဲ့အကူအညီနှင့် မျက်နှာသစ် မနက်စာစားပြီး သူ့ရဲ့ပျင်းစရာကောင်းတဲ့ တစ်နေ့တာကိုဘယ်လိုကုန်ဆုံးရမလဲ စဉ်းစားနေသည်။ ကျင့်ကြံဖို့ ကလည်းမဖြစ်နိုင်...တကယ်တော့ သူ့ကျင့်ကြံရတဲ့အကြောင်းအရင်းကလည်း သူ့ရဲ့အနေအထားကို အဆင့်မြှင့်ဖို့ပင်ဖြစ်ပြီး အခုသူ့ရဲ့ပုံစံက လက်တွေ့ကျကျ တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့လေပြီ...အမြှောက်စာ တစ်ချို့တလေလောက်ကိုတော့ ကြောက်ဖို့မလိုတော့...ပြီးတော့ သူဘယ်လောက်ကြိုးစားကြိုးစား နတ်ဘုရားအိုနဲ့ မိစ္ဆာအိုကြီးကို နိုင်မှာမှမဟုတ်တာ...ဆိုတော့ ဒီလောက်ဆိုလုံလောက်ပြီ။သူ့ကိုယ်သူအားလပ်ရက်ပေးရမည်။

ဇာတ်ကြောင်းအရဆို လီယဲ့က အချိန်တစ်ခုအထိ စူးဝမ်မြို့မှာနေလိမ့်မည်။ ယဲ့လျှိုရင်ရဲ့ သင်ပြပေးမှုအောက်မှာသူက သန်မာသည်ထက် သန်မာလာခဲ့သော်လည်း အမှောင်အခြမ်းထဲသို့လုံးဝရောက်မသွားသေး။ သူ့ရင်ထဲတွင် ဖြောင့်မတ်မှု တစ်ပိုင်းတစ်စ ကျန်ရစ်နေသေးသည်။မတရားမှုကို မြင်လျှင် သူက လက်ပိုက်ကြည့်မနေနိုင်ဘဲဝင်ရောက်တိုက်ခိုက်ပြီးကူညီပေးသည်။ သို့ပေမယ့် အဆုံးမှာတော့ နတ်ဆိုးကျင့်ကြံသူက အပြစ်မဲ့တဲ့လူတွေကို သတ်ပစ်တယ် ဆိုတဲ့ အတင်းအဖျင်းစကားတွေပဲ ပျံ့နှံ့လာကာ...လီယဲ့သည် မသိလိုက်မသိပါနှင့် ယဲ့လျှိုရင် ကြိုတင် ခင်းထားသော လမ်းပေါ်သို့ တဖြည်းဖြည်းရောက်လာခဲ့တော့​၏။

တစ်ဖက်တွင်... မူယန်မှာ လီယဲ့ကို ထွက်ပြေးနိုင်အောင် ကူညီပေးသည့်အတွက် ရွှမ်းရန်က အပြစ်ပေးသောအနေဖြင့် တစ်ဦးတည်းအခန်းပိတ်ကျင့်ကြံနေရကာသူသီးသန့်နေရာမှထွက်လာခဲ့ချိန်တွင် စူးဝမ်မြို့မှ မကောင်းသော အတင်းအဖျင်းများကိုကြားလိုက်ရချေသည်။ သူဟာ ထို မိစ္ဆာကျင့်ကြံသူက လီယဲ့လားဆိုတာ သံသရဖြစ်မိပြီး လီယဲ့က ထိုကဲ့သို့ အရာများကို မိမိသဘောနှင့်လုပ်လိမ့်မည် မဟုတ်မှန်းယုံကြည်မိ​၏။ သေချာပေါက် လီယဲ့ကို အတင်းအကြပ်လုပ်ခိုင်းတဲ့လူရှိရမယ်လို့ သူကတွေးမိပြီး စိတ်ပူသွားလေသည်။ ထို့ကြောင့်သူဟာ လီယဲ့ဆီလို့ လာပြီး ယဲ့လျှိုရင်နှင့်ဝေးဝေးနေဖို့ ဖြောင့်ဖြခဲ့သည့်တိုင် လီယဲ့ရဲ့ မိစ္ဆာကျင့်ကြံသူဆိုတဲ့ အနေအထားက မူယန်ကို အန္တရာယ်ဖြစ်စေနိုင်မှာမို့  လီယဲ့ဟာ သူ့ကို အသိအမှတ်မပြုခဲ့ပါချေ။

သို့ပေမယ့်...ယဲ့လျှိုရင်ဟာ လီယဲ့ မူယန်ကို ဂရုစိုက်တာသိတော့ သူ့ကိုလုံးဝ အမှောင်ဘက်အခြမ်းရောက်သွားအောင် တစ်ဖက်လက်နှင့် မူယန်ကိုသေအောင်ကြံစည်တော့သည်။သူထင်ထားတဲ့အတိုင်းပင် လီယဲ့ဟာ မူယန် ဒဏ်ရာပြင်းစွာရသွားသောကြောင့် လုံးဝမကောင်းတဲ့ဘက်အခြမ်းသို့ရောက်သွားပြီးလောကကြီးနှင့်ဆန့်ကျင်လေတော့သည်။ ထိုအချိန်တွင် ရွှမ်းရန်ရောက်လာခဲ့ပြီး သေခါနီးစဲစဲ ဖြစ်နေသောမူယန်ကို ကယ်တင်ခဲ့သည်။ သူက မူယန်ကို တတ်နိုင်သမျှ အကောင်းဆုံးကုသပေးခဲ့ကာ ထိုအချိန်ကစပြီး ဆရာနှင့်တပည့်ကြားက ခံစားချက်တွေမှာ လျင်မြန်စွာပင်တိုးတက်သွားပါတော့သည်။ဒါက အရေးကြီးတဲ့ ဇာတ်လမ်းအလှည့်အပြောင်းပင်!

လင်းကျစ်ရန်က ရေရှည်ကိုကြိုတွေးထားခြင်းဖြစ်သည်။ အကျဉ်းချုပ်ရလျှင် မူယန်သူ့ကိုရှာမတွေ့ခင်အထိ သူ့ရဲ့မကောင်းသတင်းတွေပျံ့နှံ့ဖို့လိုသည်။ ပြီးတော့...သူ တကယ်ဆိုးသွမ်းစရာမလို၊ ဘာလို့ဆို အခုချိန်မှာ လီယဲ့က လုံးဝမကောင်းတဲ့လူမဖြစ်သေး။ သူ့ရဲ့အတင်းအဖျင်းတွေအကုန်လုံးကလည်း အထင်လွဲမှုတွေပင်ဖြစ်ပြီး အကုန်လုံးကို အကွက်ချ၍ ကြိုတင်ကြံစည်ထားခြင်းသာ။

ဒါကအရမ်းလွယ်ကူတယ်!

ဒါက အရင်တစ်ခေါက် တုန်းက မိစ္ဆာမနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ဖြစ်ရပ်လိုမျိုးပဲမို့လား...သူက လူတွေကိုကယ်တင်ခဲ့ပေမယ့် နောက်ဆုံးတော့ သူ့ကမိစ္ဆာကျင့်ကြံသူဖြစ်တာကြောင့် လူတွေက သူ့ကို မိစ္ဆာတစ်ကောင်လို့ပဲမြင်ကြတာလေ...ဒီချီရန်မသေမျိုးလောက က လူတွေက မိစ္ဆာကျင့်ကြံသူဖြစ်နေရင်ကို သူဘာပဲလုပ်ပေးလုပ်ပေး မကောင်းတဲ့လူ ဆိုပြီးရင်ထဲမှာ တဖက်ပိတ်အတွေးတွေ အမြစ်တွယ်နေကြတာ... မိစ္ဆာအကျင့်ဆိုကတည်းက အလိုလိုယုတ်ညံ့နေရောပဲအခြားအကြောင်းပြချက်မရှိဘူး...

တကယ်တော့ သူတို့ကိုလည်းအပြစ်တင်လို့မရ။ဘာလို့ဆို မိစ္ဆာကျင့်ကြံသူတွေက တကယ်ကိုကောင်းတဲ့လူတွေမဟုတ်တာကြောင့်ပင်။မိစ္ဆာလမ်းစဉ်က သွေးဆာပြီး လူပေါင်းများစွာရဲ့ အသက်နှင့်ကံကြမ္မာတွေကိုရင်းနှီးရပြီးကောင်းကင်နှင့် ဆန့်ကျင်နေချေသည်....နှစ်သောင်းပေါင်းများစွာအတွင်း မိစ္ဆာကျင့်ကြံသူတွေကလည်း ပြစ်မှုပေါင်း အသင်ချေကိုကျူးလွန်ခဲ့လေရာ သူတို့ရဲ့ယုတ်ညံ့သောပုံရိပ်တွေက လူတွေရဲ့နှလုံးသားထဲတွင် တံဆိပ်ခတ်ပြီးသွားဖြစ်သွားတော့လေသည်။

သို့ပေမယ့် လီယဲ့ကတော့ ခြွင်းချက်လို့ဆိုလို့ရသည်။ သူက မိစ္ဆာလမ်းစဉ်ကိုရွေးချယ်ခဲ့တာမဟုတ်။ သူကိုယ်တိုင်ကိုက ထိုသို့ သောကံကြမ္မာမျိုးနှင့် မွေးလာခဲ့တာပင်။သို့ပေမယ့် ဘယ်သူကမှသူ့ကို နားမလည်ကြသလိုယုံလည်းမယုံကြည်ကြပေ။ မူယန်ကတော့ သူတို့ထဲမှခြွင်းချက်ပင်ဖြစ်သည်။ လင်းကျစ်ရန်က တွေးကြည့်ရင်း သက်ပြင်းသာချလိုက်သည်။ သို့သော် ချက်ချင်း ကိုယ့်ကိုယ်ကိုအားပေးလိုက်သည်။အခုက သူရဲ့ အားလပ်ချိန်ဖြစ်ပြီး နောက်ထပ် ဇာတ်ကွက်တွေ ဆက်မလာခင်ပျော်ပျော်ရွှင်ရွှင်နေရမည့်အချိန်လည်းဖြစ်သည်။

လင်းကျစ်ရန်ဟာ သူ့ရဲ့နောက်လိုက်ကိုခေါ်ပြီး လမ်းပေါ်သို့ထွက်လာခဲ့သည်။ စူးဝမ်မြို့ဟာ အလွန်ပင် စည်ကားသိုက်မြိုက်လှပြီး အရသာရှိသော အစားအသောက်များ၊ရနံ့မွှေးပျံ့သော သရေစာများနှင့်အတူ ပျော်စရာနေရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားလေသည်။လင်းကျစ်ရန်ဟာ လမ်းပေါ်တွင် လတ်လျား လတ်လျား လျှောက်သွားနေပြီး သူတစ်ခုခု ကြိုက်နှစ်သက်တာတွေ့ပါက မျက်စိနှင့်အချက်ပြလိုက်ရုံနှင့် သူ့ရဲ့နောက်လိုက် ကချက်ချင်း သွားဝယ်ပေးသည်။ သို့နှင့်...အချိန်ခဏအတွင်းမှာပင် သူတို့ဆီမှာ ဝမ်ခြမ်းထားတဲ့အထုပ်တွေအများကြီးစုပြုံလာပါတော့သည်။

လင်းကျစ်ရန်ကနှာခေါင်းရှုံ့လိုက်သည်။ ဒီမွှေးပျံ့တဲ့ရနံက ဘယ်ကလာတာလဲ?
ဪ...ဟို နွေကြက်သွန်အစာသွပ်မုန့်ဆိုင်ရှေ့မှာ လူတွေအတန်းလိုက်ရပ်စောင့်နေကြတာပဲ...ကြည့်ရတာအရသာရှိမယ့်ပုံပေါ်တယ်!

လင်းကျစ်ရန်က သူကိုယ်တိုင် သွားပြီးတန်းစီဖို့ပြင်လိုက်စဉ် ရုတ်တရက် ရပ်တန့်သွားသည်။ သူ့မှာ အစေခံရှိတာသူမေ့သွားတာပဲ! လင်းကျစ်ရန်က မေးကိုမြှောက်ပြီး ရွှမ်းရန်ကို မျက်ခုံးပင့်ပြလိုက်လျက်

" မင်းငါ့အတွက်သွားဝယ်ပေး "

ရွှမ်းရန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး မျက်လွှာပြန်ချကာ ဘာမှမဆိုဘဲ လူတန်းဆီသို့ လျှောက်သွားလေသည်။ လင်းကျစ်ရန်က ဘေးဘက်ဝဲယာကိုကြည့်ပြီး ထိုင်စရာနေရာရှာပြီး ထိုင်လိုက်ကာ သူ့အရှေ့ရှိတန်းစီနေသော ထိုလူကိုကြည့်လိုက်​၏။ ထိုလူရဲ့ကျောပြင်က အလွန်ပင်ကြည့်ကောင်းပြီး သူနှင့်ရင်းနှီးနေသလိုမျိုးပင်ခံစားလာရသည်။ သူ့မျက်နှာက သာမန်ရုပ်ရည်ဆိုပေမယ့် ခန္ဓကိုယ်အချိုးအစားကတော့ ပြေပြစ်လှပသည်။

ပြီးတော့ သူက စကားလည်းမများ၊ တိတ်တိတ်သာ နေပြီးအလုပ်ကိုသေချာလုပ်သည်။ လင်းကျစ်ရန် သူ့ကို အတော်လေး စိတ်ကျေနပ်မိ​၏။နာရီဝက်ပြည့်ပြီးတော့ ရွှမ်းရန်က လင်းကျစ်ရန်လိုချင်တဲ့ အစာသွပ်မုန့်များနှင့်အတူရောက်လာခဲ့လေသည်။

ဝိုး...ဒါ တကယ်အရသာရှိမယ့်ပုံပဲ!
ပြင်ပလောကရှိ ဟင်းလျာတွေကိုတောင်လွမ်းလာမိသည်။

[ System: လူကြီးမင်းကို သတိပေးချင်တာက အခုမှ မနက်စာစားပြီး တစ်နာရီပဲရှိသေးတယ် ဆိုတာပါပဲ]

[ လင်းကျစ်ရန်: ကျင့်စဉ်အောင်မြင်ပြီး ရလာတဲ့ ကောင်းကွက်တွေထဲက တစ်ခုက ငါစားချင်သလောက်စားလို့ရတယ်...ဘယ်လောက်သွပ်ထည့်ထည့် သေမှာတော့မဟုတ်ဘူး! ]

[system:].....

လင်းကျစ်ရန်က အစာသွပ်မုန့်များကို ပျော်ရွှင်စွာလှမ်းယူလိုက်ပြီး မြည်းစမ်းကြည့်ဖို့မစောင့်နိုင်တော့။သို့ပေမယ့် သူ့မျက်လုံးထောင့်မှ ထိုလူကိုမြင်လိုက်ရစဉ် ရုတ်တရက် ရပ်တန့်သွားသည်။ ဒီလူက လူတန်းအရှည်ကြီးကို စောင့်ပြီးဝယ်လာရတာ၊ သူ့ကို နည်းနည်းလောက် မဝေမျှပေးရင်မတရားဘူးမလား။ခေါင်းဆောင်ကောင်းတစ်ယောက်က ငယ်သားတွေရဲ့ခံစားချက်ကို ဂရုစိုက်သင့်တယ်။

ဒါကိုတွေးမိတော့ လင်းကျစ်ရန်က ပျော်ရွှင်စွာဖြင့် အစာသွပ်မုန့်တစ်ခုကို ရွှမ်းရန်ဆီသို့ ရက်ရက်ရောရောထိုးပေးလေသည်

" မင်းတစ်ခုယူလိုက် "

ပျော်ရွှင်မှုကိုတစ်ယောက်တည်းခံစားရတာထက် ဝေမျှပြီးခံစားရတာပိုကောင်းသည်ပင်။

ရွမ်းရန်မှာ တောင့်တင်းသွားလေသည်။ သူဟာ ပထမဆုံးအကြိမ် လင်းကျစ်ရန်ရဲ့ စကားကို ချက်ချင်းနားမထောင်မိတော့ပေ။ အတွင်းစိတ်ရှိမကောင်းဆိုးဝါးရဲ့ ရယ်မောသံက သူ့နားထဲတွင်ပေါ်လာခဲ့သည်

' မြန်မြန်ယူလိုက်လေ! မင်းကသူ့အစေခံပဲ ...သတိလေးဘာလေးထားပါဦး ဟုတ်ပြီလား...ကိုယ့်သခင်က ပေးတဲ့ဆုကို ဘယ်လိုလုပ်ပြီး ရွေးချယ်ရဲတာလဲ...မြန်မြန် ကျေးဇူးတင်ပြီး ပေးတာယူလိုက်... မင်း အရင်တုန်းက သူပေးသမျှကျွေးသမျှစားတာပါ...ဂျီးများတတ်တဲ့လူမဟုတ်ပါဘူး...ဟားဟား!...လူမှန်ရင် ကိုယ့်အတိတ်ကိုမမေ့သင့်ဘူး '

လင်းကျစ်ရန်က ရွှမ်းရန်ကို စူးစမ်းသောအကြည့်ဖြင့်ကြည့်လိုက်သည်။ သူဘာလို့မယူတာလဲ။သူကျွေးတာကို စားရမှာရှက်တာလား။ ဒါဆိုလည်းထားလိုက်ပါ။ လင်းကျစ်ရန် အနည်းငယ် မသက်မသာဖြစ်သွားသည်။ သူက လက်ကိုပြန်ရုတ်တော့မည့်အချိန်တွင် ရွှမ်းရန်က လက်ဆန့်ထုတ်လာပြီး သူ့လက်ထဲက အစာသွပ်မုန့်ကိုယူလိုက်သည်။

လင်းကျစ်ရန်က ခဏမျှ ကြောင်အမ်းသွားပြီး ပြုံးကာ ခေါင်းငုံ့ပြီး အစာသွပ်မုန်းကို စတင်စားလေတော့သည်။ ရွှမ်းရန်ရဲ့ ရှည်သွယ်သောလက်ချောင်းတွေက အစာသွပ်မုန့်ကို ကိုင်ထားရင်း သူဟာ တုန့်ဆိုင်းနေမိသည်။

' ဘာလုပ်နေတာလဲ....စားလိုက်လေ!စားလိုက်! ဒါက ကြွက်တွေနဲ့ ဝက်သွေးစွပ်ပြုပ်ထက်အများကြီးပိုကောင်းတယ်နော်...မင်းအရင်က လီယဲ့ရဲ့ လက်ရာတွေအပေါ် မငြိုညင်ခဲ့ပါဘူး...အခုမှ ဘာဖြစ်ရပြန်တာလဲ...ဟားဟား!...မင်းအခုမစားရင် သူ့ဘေးမှာ ဆက်ပြီးမနေချင်တော့တဲ့ သဘော သက်ရောက်သွားလိမ့်မယ်နော်...ဒါက အစာသွပ်မုန့်လေးတင်ပါပဲ...ဘာလို့ အရမ်းခက်ခဲနေတာလဲ '

လင်းကျစ်ရန်မမြင်ရသော ဘက်ခြမ်းတွင် ရွှမ်းရန်သည် မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူဟာ တုန့်ဆိုင်း တုန့်ဆိုင်းနှင့်ပင် နွေကြက်သွန်အစာသွပ်မုန့်ကို တစ်ကိုက်ကိုက်ပြီးဝါးလိုက်လေသည်။

လင်းကျစ်ရန်တစ်ယောက် ဒီနွေကြက်သွန်အစာသွပ်မုန့်ဟာ အနံ့လည်းမွှေးပြီး အရသာက ကောင်းလွန်းလို့ လျှာပေါ်မှာပျော်ဝင်သွားသလိုခံစားလိုက်ရ​၏။ ဒါကြောင့် ဒီလောက်လူတွေအများကြီးတန်းစီပြီးဝယ်နေကြတာ မဆန်းပါဘူး။လင်းကျစ်ရန်က မော့ကြည့်လိုက်တော့ ရွှမ်းရန်မှာ ဖြည်းဖြည်းချင်း ခက်ခက်ခဲခဲ ဝါးနေပြီး သူ့မျက်နှာက လုံးဝကို မသက်သာတဲ့ပုံစံနှင့်...သူအရင်က ဒီလိုအစားအစာမျိုးကို လုံးဝမစားဖူးတဲ့ပုံစံမျိုး။ ဒီလောက်ထိဖြစ်ဖို့ လိုလို့လား ?

သူ့မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါးက လူသားတွေစားတဲ့ အစားအစာမျိုးကို အတင်းကြိတ်မှိတ်ပြီး ခဲရာခဲဆစ်စားနေတဲ့ ပုံစံကိုပင်မြင်ယောင်လာမိတော့သည်...ဒါက ထင်ယောင်ထင်မှားဖြစ်တာပါ!

ဟုတ်တယ်! ထင်ယောင်ထင်မှားဖြစ်တာပါ!

သူ့လိုလူက ဒီလိုအရသာရှိတဲ့အရာကိုဘယ်လိုလုပ်မကြိုက်ဘဲနေမှာလဲ။ ပုံမှန်အချိန်ဆို သူ ဒီလိုအစာသွပ်မုန့်မျိုးစားရဖို့ အရမ်းခက်ခဲ့လိမ့်မည်။ ဒါကြောင့် အံ့ဩနေခြင်းမျိုးဖြစ်နိုင်သည်။ဒါကပိုပြီးယုတ္တိရှိတယ်!

သူဟာ ရုတ်တရက် ရေစိုနေတဲ့ပေါက်စီ သုံးလုံးကို ရတနာသဖွယ် သိမ်းထုပ်ထားတဲ့ လီယဲ့အကြောင်းတွေး မိပြီးချက်ချင်းစိတ်မကောင်းဖြစ်သွားသည်။

သူက ရွှမ်းရန် ဝါးပြီးမျိုချလိုက်တဲ့အထိ စိတ်ရှည်ရှည်စောင့်ပေးလိုက်ကာ နှုတ်ခမ်းထောင့်များကို တွန့်ချိုးပြီး ပြုံးလိုက်သည်

" ဘယ်လိုနေလဲ၊ အရသာကောင်းတယ်မို့လား "

ရွှမ်းရန်က လူငယ်လေးကို ငုံ့ကြည့်လိုက်သည်။ လူငယ်လေးရဲ့ ချောမောတဲ့မျက်နှာထက်တွင် နွေးထွေးပြီးတောက်ပတဲ့အပြုံးတစ်ပွင့်က တွဲခိုလို့နေ​၏။သူရဲ့ မျက်ဝန်းနက်နက်တွေက တောက်ပနေကာ မိမိဆီမှ ထောက်ခံစကားကို မျှော်လင့်တကြီးစောင့်ဆိုင်းနေသည့်ပုံစံနှင့်ပင်။ဘာလို့မှန်းမသိ...သူ့လက်ထဲက အစာသွပ်မုန့်ကခုနတုန်းကလောက် ဆီများပြီး စေးကပ်ကပ်နှင့် မျိုချရခက်သလိုမခံစားရတော့။ရွှမ်းရန်ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ပြုံးပြလိုက်ကာ ဆို​၏ " အင်း "

လင်းကျစ်ရန်သည် အရမ်းပင်ပျော်ရွှင်သွားသည်။ တွေ့လားသူကြိုက်တယ်!

သူက မတ်တပ်ရပ်ကာ အဝတ်များကို ခါခတ်လိုက်ရင်း သူ့မျက်လုံးတွေက လှုပ်ရှားနေ​၏။ သူဒီနေ့ အကြာကြီး အပြင်မှာ ရှိနေတာတောင် သူ့အရည်အချင်းကိုပြဖို့ အခွင့်အရေးမတွေ့သေး။ကြည့်ရတာ လက်ဗလာနှင့် အိမ်ပြန်ရတော့မည့် ပုံပေ။ ထားလိုက်ပါ၊ ကိစ္စမရှိဘူး။ အရင်ဆုံးအိမ်ပြန်လိုက်မယ်။

လင်းကျစ်ရန်က လမ်းလျှောက်ရင်းတွေးသည်။ ဘယ်က စ,ရင်ကောင်းမလဲ။ ဟန်မိသားစုက စ,ရင်ကောင်းမလား။ ဒါပေမယ့် ဝံပုလွေ အတွက် သိုးတစ်ကောင်ကိုပဲ အမြဲဖမ်းနေလို့မရဘူး။

လင်းကျစ်ရန် တစ်ယောက် ခေါင်းငိုက်စိုက်နှင့် အတွေးလွန်နေစဉ် ရုတ်တရက်လူတစ်ယောက်ဆီမှ လှုပ်နှိုးခြင်းခံလိုက်ရသည်။ သူက အလွန်ပင် အံ့ဩသွားခဲ့ပြီး ခေါင်းမော့ကြည့်လိုက်တော့ ငိုယိုနေသည့်အမျိုးသမီးတစ်ယောက်က သူ့ရှေ့တွင် ဒူးထောက်လျက် သူ့ခြေသလုံးကို သူမ​၏လက်များနှင့် တင်းကြပ်စွာဖက်ထားပြီး အော်ဟစ်ပြောလေသည်။

" သခင်လေး။ ကျွန်မကို ကယ်တင်ပေးပါ! "
လင်းကျစ်ရန်:?

လင်းကျစ်ရန်:!!!

လင်းကျစ်ရန်က ထိုအမျိုးသမီးကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပသွားခဲ့သည်။ဒါက သူစောင့်နေတဲ့ အခွင့်အရေးပင်။ ဒီgame က တော်တော် ကောင်းတာပဲ!

သို့ပေမယ့် သူ အမူအရာပြောင်းသွားလို့မဖြစ်။ လင်းကျစ်ရန်က ခံစားချက်တွေကို ထိန်းလိုက်ပြီး အေးစက်စက်မျက်နှာကိုသာပြသထားသည်။ သူက သူ့ခြေထောက်ကိုဖယ်တွယ်ထားတဲ့ အမျိုးသမီးကို ကန် လိုက်ပြီး ရုန်းထွက်လိုက်သည်။ သူ့အမူအရာက ရွံရှာပြီး မနှစ်မြို့ခြင်းအပြည့်နှင့်။ အမျိုးသမီးရဲ့မျက်နှာက ဖျော့တော့ပြီး ဝမ်းနည်းညှိုးငယ်သွားတော့သည်။ သို့ပေမယ့် သူမကို လိုက်ဖမ်းနေတဲ့လူအုပ်ကိုတွေ့တော့ သူမက အံကြိတ်ပြီး လင်းကျစ်ရန်ရဲ့ အနောက်ကိုဝင်ပုန်းလိုက်လေသည်။သူမ ဘယ်မှာမှပြေးမလွတ်တော့ပေ။

သို့ပေမယ့် လင်းကျစ်ရန်က သူမကို မောင်းမထုတ်။ သူ့အနောက်တွင် ပုန်းကွယ်နေစေလိုက်သည်။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းနေကာ သူ့အရှေ့ရှိ ဒေါသတကြီးလိုက်ဖမ်းနေသူတွေကို ပျင်းရိပြီး အရေးမစိုက်သောပုံစံဖြင့်ကြည့်လိုက်သည်။ သူက ကြောက်လန့်ခြင်းလုံးဝမရှိသည့်တိုင် သူ့ အရင်တုန်းက game ထဲရောက်ရောက်လာချင်း မူရန့်လက်က လွတ်အောင်ထွက်ပြေးခဲ့ရတာတွေ...ကံဆိုးမှုပေါင်းများစွာနှင့်မြစ်ထဲကို ခုန်ချခဲ့ရတာတွေကိုပါ ပြန်ပြီးသတိရသွားသည်။ ဒီ အမြှောက်စာဇာတ်ကောင်တွေက စိတ်ရှုပ်စရာအကောင်းဆုံးပဲ!

.......

Hello!

dilly ဒီwork ကို paid gp လုပ်ရမလား?

❤️❤️❤️❤️❤️
Zawgyi

လင္းက်စ္ရန္က မေနနိုင္ဘဲ ထိုလူကို ေနာက္တစ္ႀကိမ္ထပ္ၾကည့္လိုက္သည္။ ဒီကံမေကာင္းတဲ့လူက လီယဲ့နဲ႔မ်ားအမ်ိဳးေတာ္ေနမလား မသိ။ သူ႔ရဲ့ မ်ိဳးရိုးကလည္း လီယဲ့နဲ႔ အတူတူပဲဆိုေတာ့ လြန္ခဲ့တဲ့ ႏွစ္တစ္ရာေလာက္တုန္းက မိသားစု တစ္ခုတည္းျဖစ္နိုင္ေလာက္မလား!

ဘာပဲျဖစ္ျဖစ္ ဒီေန႔လည္ပတ္ရတာက တန္သည္။ လင္းက်စ္ရန္က သူ႔ရဲ့ ေနာက္လိုက္ကို ေခၚၿပီး အိမ္ေတာ္သို႔ ေက်နပ္စြာျပန္လာခဲ့သည္။

လင္းက်စ္ရန္ေနသည့္ ၿခံဝန္းက က်ယ္သည္။ ၾကားရက္မ်ားတြင္ သူတစ္ေယာက္တည္းေနေလ့ရွိၿပီး အလြန္တိတ္ဆိတ္ၿငိမ္သက္သည္။ အခန္းအေတာ္မ်ားမ်ားကလည္း အလြတ္ေတြပင္ျဖစ္ေသာေၾကာင့္ ၾကဳံရာအခန္းတစ္ခုကိုညႊန္ျပေပးလိုက္ၿပီး ေျပာလိုက္သည္

" မင္း အဲ့အခန္းမွာေနလို႔ရတယ္ "

ထို႔ေနာက္ သူက သန္းေဝၿပီး လွည့္ထြက္သြားေတာ့သည္။

ရႊမ္းရန္မွာ လင္းက်စ္ရန္ ရဲ့ေက်ာျပင္ကိုသာစိုက္ၾကည့္လိုက္ရင္း အခန္းထဲသို႔ဝင္လိုက္သည္။ ထို႔ေနာက္တံခါးက ေလမတိုက္ဘဲ ပိတ္သြားေလ​၏။

ထိုစဥ္ အတြင္းစိတ္ရွိ မေကာင္းဆိုးဝါး​၏ ေလွာင္သံက သူ႔နားထဲသို႔ဝင္လာျပန္​၏။

' မင္းကအခု ဘာလုပ္ရျပန္တာလဲ...ေန႔တိုင္းသူ႔ကို ေနာက္ကလိုက္ေခ်ာင္းရတာအားမရလို႔ အေစခံေယာင္ပါေဆာင္ၿပီး သူ႔ေဘးမွာေနေတာ့မယ္ေပါ့...ျမင့္ျမတ္တဲ့ နတ္ဘုရားတစ္ပါးက ဒီလို အရာမ်ိဳးလုပ္မယ္လို႔ ငါမထင္ထားဘူး...မင္းကေျဖာင့္မတ္တဲ့လူမို႔လား? '

ရႊမ္းရန္ရဲ့ ပါးလႊေသာ ႏွုတ္ခမ္းပါးမ်ားက လွုပ္ခပ္သြားလ်က္ ေပါ့ပါးစြာဆို​၏။ " ငါသူ႔ေဘးမွာရွိေနရင္ သူ႔ကိုေလ့လာဖို႔ ပိုၿပီးလြယ္ကူတယ္ေလ။ "

အတြင္းစိတ္ရွိ မေကာင္းဆိုးဝါးက အထင္ေသးစြာျဖင့္ေလွာင္ျပန္​၏။

' မင္းမွာ သူ႔ကိုေလ့လာနိုင္တဲ့ နည္းေတြ တစ္ရာေလာက္ရွိတယ္...ဒီလိုရယ္စရာေကာင္းတဲ့နည္းမွမဟုတ္ဘူး... ၿပီးေတာ့ မင္းကိုယ္မင္းအမွားခံၿပီး မိစၧာတစ္ေယာက္ရဲ့ အေစခံျဖစ္ဖို႔ေတာင္ဆႏၵရွိေနေသးတယ္...ငါမထင္ထားဘူး '

သူကေျပာရင္းဆိုရင္း ထူးဆန္းစြာရယ္လာခဲ့ၿပီး

' ဝန္ခံလိုက္စမ္းပါ...မင္းလည္းဆြဲေဆာင္ခံလိုက္ရတယ္မို႔လား...ဒါေၾကာင့္ သူနဲ႔နီးစပ္ဖို႔ တမင္ဆင္ေျခေပးေနတာ...မင္းသူ႔ကို သေဘာက်တာ ဝန္ခံဖို႔ အရမ္းခဲယဥ္းေနလား...မင္းက ငါေတြ႕ဖူးသမၽွလူေတြထဲမွာ သူေတာ္ေကာင္းေယာင္အေဆာင္ဆုံးပဲ '

ရႊမ္းရန္ရဲ့မ်က္လုံးေတြက အနည္းငယ္ေအးစက္ေနလ်က္၊ သူက လက္ေကာက္ဝတ္ရွိပုတီးေစ့မ်ားကို စိတ္ရွုပ္စြာဖိလိုက္ေတာ့ နားထဲရွိအသံမွာလည္း ေနာက္ဆုံးတြင္ဖိႏွိပ္ထားခံလိုက္ရသည္။

လင္းက်စ္ရန္ဟာ တက္ႂကြစြာပင္နိုးလာခဲ့ ၿပီး တံခါးကိုဖြင့္ကာ ေခါင္းလွည့္ၾကည့္လိုက္ေတာ့ တံခါးေဘးတြင္ရပ္ေနေသာ အရပ္ရွည္ရွည္အမ်ိဳးသားကိုေတြ႕လိုက္ရသည္။ စကၠန႔္အနည္းငယ္ေလာက္ၾကာမွဒီလူက သူမေန႔က ေခၚလာခဲ့တဲ့လူမွန္း မွတ္မိသြားေတာ့သည္။

လင္းက်စ္ရန္ သူ႔ကို ေခၚလိုက္ဖို႔ ေတြးမိစဥ္မွာပင္ ထိုလူက  နံနက္ေစာေစာသူမထခင္ကတည္းက လာ၍ ရပ္ေစာင့္ေနေလသည္။ အေစခံတစ္ေယာက္အေနျဖင့္ သူက ေတာ္ေတာ္ေလးေစ့စပ္ပုံရသည္။

လင္းက်စ္ရန္က သူ႔ရဲ့ လုပ္ေဆာင္နိုင္မွုအေပၚ အလြန္ေက်နပ္သြားသည္။ သူကေတြးလိုက္ရင္း ေမးကိုေျမႇာက္က ဆို​၏။ " မ်က္ႏွာသစ္ဖို႔ ေရသြားယူခဲ့ "

ရႊမ္းရန္က မ်က္လုံးမ်ားကို ပင့္ၿပီး သူ႔ကိုၾကည့္လိုက္ကာ တိတ္တဆိတ္ပင္လွည့္ထြက္သြားသည္။ မၾကာခင္မွာပင္ ရႊမ္းရန္က ေရထည့္ထားေသာ ေၾကးဇလုံတစ္ခုကို ကိုင္လ်က္ျပန္ေရာက္လာခဲ့သည္။

သူက ေရဇလုံကို အခန္းထဲတြင္ခ်လိုက္ၿပီးေနာက္သို႔ တစ္လွမ္းဆုတ္ကာ ေခါင္းငုံ႔ၿပီးရပ္ေနေလသည္။ ထို႔ေနာက္ လင္းက်စ္ရန္ မ်က္ႏွာသစ္ၿပီးၿပီးခ်င္း ေရဇလုံကို ျပန္သယ္ကာ အျပင္သို႔ ထြက္သြားေလေတာ့သည္။လင္းက်စ္ရန္ကေတာ့ ကုလားထိုင္ေပၚမွာ သက္ေတာင့္သက္သာရွိစြာထိုင္ရင္းမ်က္လုံးေတြကိုေမွးစင္းကာ ခဏေန ဘာစားရမလဲေတြးေနစဥ္ ထိုလူက ထမင္းဟင္း ပန္းကန္မ်ားႏွင့္အတူ ျပန္ေရာက္လာခဲ့ေလသည္။

ဝိုး! ဒီလူက ခန႔္မွန္းတာလည္း တကယ္ ေတာ္တာပဲ!
မဆိုးဘူး မဆိုးဘူး!

သူေခၚလာခဲ့တဲ့ လူက ေတာ္ေတာ္ေလး စြမ္းေဆာင္နိုင္တယ္လို႔လင္းက်စ္ရန္ေတြးလိုက္​၏။ တကယ္အဖိုးတန္တယ္!

လင္းက်စ္ရန္က ရႊမ္းရန္ရဲ့အကူအညီႏွင့္ မ်က္ႏွာသစ္ မနက္စာစားၿပီး သူ႔ရဲ့ပ်င္းစရာေကာင္းတဲ့ တစ္ေန႔တာကိုဘယ္လိုကုန္ဆုံးရမလဲ စဥ္းစားေနသည္။ က်င့္ႀကံဖို႔ ကလည္းမျဖစ္နိုင္...တကယ္ေတာ့ သူ႔က်င့္ႀကံရတဲ့အေၾကာင္းအရင္းကလည္း သူ႔ရဲ့အေနအထားကို အဆင့္ျမႇင့္ဖို႔ပင္ျဖစ္ၿပီး အခုသူ႔ရဲ့ပုံစံက လက္ေတြ႕က်က် တျခားလူတစ္ေယာက္ကဲ့သို႔ ေျပာင္းလဲသြားခဲ့ေလၿပီ...အေျမႇာက္စာ တစ္ခ်ိဳ႕တေလေလာက္ကိုေတာ့ ေၾကာက္ဖို႔မလိုေတာ့...ၿပီးေတာ့ သူဘယ္ေလာက္ႀကိဳးစားႀကိဳးစား နတ္ဘုရားအိုနဲ႔ မိစၧာအိုႀကီးကို နိုင္မွာမွမဟုတ္တာ...ဆိုေတာ့ ဒီေလာက္ဆိုလုံေလာက္ၿပီ။သူ႔ကိုယ္သူအားလပ္ရက္ေပးရမည္။

ဇာတ္ေၾကာင္းအရဆို လီယဲ့က အခ်ိန္တစ္ခုအထိ စူးဝမ္ၿမိဳ႕မွာေနလိမ့္မည္။ ယဲ့လၽွိုရင္ရဲ့ သင္ျပေပးမွုေအာက္မွာသူက သန္မာသည္ထက္ သန္မာလာခဲ့ေသာ္လည္း အေမွာင္အျခမ္းထဲသို႔လုံးဝေရာက္မသြားေသး။ သူ႔ရင္ထဲတြင္ ေျဖာင့္မတ္မွု တစ္ပိုင္းတစ္စ က်န္ရစ္ေနေသးသည္။မတရားမွုကို ျမင္လၽွင္ သူက လက္ပိုက္ၾကည့္မေနနိုင္ဘဲဝင္ေရာက္တိုက္ခိုက္ၿပီးကူညီေပးသည္။ သို႔ေပမယ့္ အဆုံးမွာေတာ့ နတ္ဆိုးက်င့္ႀကံသူက အျပစ္မဲ့တဲ့လူေတြကို သတ္ပစ္တယ္ ဆိုတဲ့ အတင္းအဖ်င္းစကားေတြပဲ ပ်ံ႕ႏွံ့လာကာ...လီယဲ့သည္ မသိလိုက္မသိပါႏွင့္ ယဲ့လၽွိုရင္ ႀကိဳတင္ ခင္းထားေသာ လမ္းေပၚသို႔ တျဖည္းျဖည္းေရာက္လာခဲ့ေတာ့​၏။

တစ္ဖက္တြင္... မူယန္မွာ လီယဲ့ကို ထြက္ေျပးနိုင္ေအာင္ ကူညီေပးသည့္အတြက္ ရႊမ္းရန္က အျပစ္ေပးေသာအေနျဖင့္ တစ္ဦးတည္းအခန္းပိတ္က်င့္ႀကံေနရကာသူသီးသန႔္ေနရာမွထြက္လာခဲ့ခ်ိန္တြင္ စူးဝမ္ၿမိဳ႕မွ မေကာင္းေသာ အတင္းအဖ်င္းမ်ားကိုၾကားလိုက္ရေခ်သည္။ သူဟာ ထို မိစၧာက်င့္ႀကံသူက လီယဲ့လားဆိုတာ သံသရျဖစ္မိၿပီး လီယဲ့က ထိုကဲ့သို႔ အရာမ်ားကို မိမိသေဘာႏွင့္လုပ္လိမ့္မည္ မဟုတ္မွန္းယုံၾကည္မိ​၏။ ေသခ်ာေပါက္ လီယဲ့ကို အတင္းအၾကပ္လုပ္ခိုင္းတဲ့လူရွိရမယ္လို႔ သူကေတြးမိၿပီး စိတ္ပူသြားေလသည္။ ထို႔ေၾကာင့္သူဟာ လီယဲ့ဆီလို႔ လာၿပီး ယဲ့လၽွိုရင္ႏွင့္ေဝးေဝးေနဖို႔ ေျဖာင့္ျဖခဲ့သည့္တိုင္ လီယဲ့ရဲ့ မိစၧာက်င့္ႀကံသူဆိုတဲ့ အေနအထားက မူယန္ကို အႏၲရာယ္ျဖစ္ေစနိုင္မွာမို႔  လီယဲ့ဟာ သူ႔ကို အသိအမွတ္မျပဳခဲ့ပါေခ်။

သို႔ေပမယ့္...ယဲ့လၽွိုရင္ဟာ လီယဲ့ မူယန္ကို ဂ႐ုစိုက္တာသိေတာ့ သူ႔ကိုလုံးဝ အေမွာင္ဘက္အျခမ္းေရာက္သြားေအာင္ တစ္ဖက္လက္ႏွင့္ မူယန္ကိုေသေအာင္ႀကံစည္ေတာ့သည္။သူထင္ထားတဲ့အတိုင္းပင္ လီယဲ့ဟာ မူယန္ ဒဏ္ရာျပင္းစြာရသြားေသာေၾကာင့္ လုံးဝမေကာင္းတဲ့ဘက္အျခမ္းသို႔ေရာက္သြားၿပီးေလာကႀကီးႏွင့္ဆန႔္က်င္ေလေတာ့သည္။ ထိုအခ်ိန္တြင္ ရႊမ္းရန္ေရာက္လာခဲ့ၿပီး ေသခါနီးစဲစဲ ျဖစ္ေနေသာမူယန္ကို ကယ္တင္ခဲ့သည္။ သူက မူယန္ကို တတ္နိုင္သမၽွ အေကာင္းဆုံးကုသေပးခဲ့ကာ ထိုအခ်ိန္ကစၿပီး ဆရာႏွင့္တပည့္ၾကားက ခံစားခ်က္ေတြမွာ လ်င္ျမန္စြာပင္တိုးတက္သြားပါေတာ့သည္။ဒါက အေရးႀကီးတဲ့ ဇာတ္လမ္းအလွည့္အေျပာင္းပင္!

လင္းက်စ္ရန္က ေရရွည္ကိုႀကိဳေတြးထားျခင္းျဖစ္သည္။ အက်ဥ္းခ်ဳပ္ရလၽွင္ မူယန္သူ႔ကိုရွာမေတြ႕ခင္အထိ သူ႔ရဲ့မေကာင္းသတင္းေတြပ်ံ႕ႏွံ့ဖို႔လိုသည္။ ၿပီးေတာ့...သူ တကယ္ဆိုးသြမ္းစရာမလို၊ ဘာလို႔ဆို အခုခ်ိန္မွာ လီယဲ့က လုံးဝမေကာင္းတဲ့လူမျဖစ္ေသး။ သူ႔ရဲ့အတင္းအဖ်င္းေတြအကုန္လုံးကလည္း အထင္လြဲမွုေတြပင္ျဖစ္ၿပီး အကုန္လုံးကို အကြက္ခ်၍ ႀကိဳတင္ႀကံစည္ထားျခင္းသာ။

ဒါကအရမ္းလြယ္ကူတယ္!

ဒါက အရင္တစ္ေခါက္ တုန္းက မိစၧာမနဲ႔ ထိပ္တိုက္ရင္ဆိုင္ရတဲ့ျဖစ္ရပ္လိုမ်ိဳးပဲမို႔လား...သူက လူေတြကိုကယ္တင္ခဲ့ေပမယ့္ ေနာက္ဆုံးေတာ့ သူ႔ကမိစၧာက်င့္ႀကံသူျဖစ္တာေၾကာင့္ လူေတြက သူ႔ကို မိစၧာတစ္ေကာင္လို႔ပဲျမင္ၾကတာေလ...ဒီခ်ီရန္မေသမ်ိဳးေလာက က လူေတြက မိစၧာက်င့္ႀကံသူျဖစ္ေနရင္ကို သူဘာပဲလုပ္ေပးလုပ္ေပး မေကာင္းတဲ့လူ ဆိုၿပီးရင္ထဲမွာ တဖက္ပိတ္အေတြးေတြ အျမစ္တြယ္ေနၾကတာ... မိစၧာအက်င့္ဆိုကတည္းက အလိုလိုယုတ္ညံ့ေနေရာပဲအျခားအေၾကာင္းျပခ်က္မရွိဘူး...

တကယ္ေတာ့ သူတို႔ကိုလည္းအျပစ္တင္လို႔မရ။ဘာလို႔ဆို မိစၧာက်င့္ႀကံသူေတြက တကယ္ကိုေကာင္းတဲ့လူေတြမဟုတ္တာေၾကာင့္ပင္။မိစၧာလမ္းစဥ္က ေသြးဆာၿပီး လူေပါင္းမ်ားစြာရဲ့ အသက္ႏွင့္ကံၾကမၼာေတြကိုရင္းႏွီးရၿပီးေကာင္းကင္ႏွင့္ ဆန႔္က်င္ေနေခ်သည္....ႏွစ္ေသာင္းေပါင္းမ်ားစြာအတြင္း မိစၧာက်င့္ႀကံသူေတြကလည္း ျပစ္မွုေပါင္း အသင္ေခ်ကိုက်ဴးလြန္ခဲ့ေလရာ သူတို႔ရဲ့ယုတ္ညံ့ေသာပုံရိပ္ေတြက လူေတြရဲ့ႏွလုံးသားထဲတြင္ တံဆိပ္ခတ္ၿပီးသြားျဖစ္သြားေတာ့ေလသည္။

သို႔ေပမယ့္ လီယဲ့ကေတာ့ ႁခြင္းခ်က္လို႔ဆိုလို႔ရသည္။ သူက မိစၧာလမ္းစဥ္ကိုေရြးခ်ယ္ခဲ့တာမဟုတ္။ သူကိုယ္တိုင္ကိုက ထိုသို႔ ေသာကံၾကမၼာမ်ိဳးႏွင့္ ေမြးလာခဲ့တာပင္။သို႔ေပမယ့္ ဘယ္သူကမွသူ႔ကို နားမလည္ၾကသလိုယုံလည္းမယုံၾကည္ၾကေပ။ မူယန္ကေတာ့ သူတို႔ထဲမွႁခြင္းခ်က္ပင္ျဖစ္သည္။ လင္းက်စ္ရန္က ေတြးၾကည့္ရင္း သက္ျပင္းသာခ်လိုက္သည္။ သို႔ေသာ္ ခ်က္ခ်င္း ကိုယ့္ကိုယ္ကိုအားေပးလိုက္သည္။အခုက သူရဲ့ အားလပ္ခ်ိန္ျဖစ္ၿပီး ေနာက္ထပ္ ဇာတ္ကြက္ေတြ ဆက္မလာခင္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရမည့္အခ်ိန္လည္းျဖစ္သည္။

လင္းက်စ္ရန္ဟာ သူ႔ရဲ့ေနာက္လိုက္ကိုေခၚၿပီး လမ္းေပၚသို႔ထြက္လာခဲ့သည္။ စူးဝမ္ၿမိဳ႕ဟာ အလြန္ပင္ စည္ကားသိုက္ၿမိဳက္လွၿပီး အရသာရွိေသာ အစားအေသာက္မ်ား၊ရနံ႔ေမႊးပ်ံ႕ေသာ သေရစာမ်ားႏွင့္အတူ ေပ်ာ္စရာေနရာေပါင္းမ်ားစြာျဖင့္ ဖြဲ႕စည္းထားေလသည္။လင္းက်စ္ရန္ဟာ လမ္းေပၚတြင္ လတ္လ်ား လတ္လ်ား ေလၽွာက္သြားေနၿပီး သူတစ္ခုခု ႀကိဳက္ႏွစ္သက္တာေတြ႕ပါက မ်က္စိႏွင့္အခ်က္ျပလိုက္႐ုံႏွင့္ သူ႔ရဲ့ေနာက္လိုက္ ကခ်က္ခ်င္း သြားဝယ္ေပးသည္။ သို႔ႏွင့္...အခ်ိန္ခဏအတြင္းမွာပင္ သူတို႔ဆီမွာ ဝမ္ျခမ္းထားတဲ့အထုပ္ေတြအမ်ားႀကီးစုျပဳံလာပါေတာ့သည္။

လင္းက်စ္ရန္ကႏွာေခါင္းရွုံ႔လိုက္သည္။ ဒီေမႊးပ်ံ႕တဲ့ရနံက ဘယ္ကလာတာလဲ?
ဪ...ဟို ေႏြၾကက္သြန္အစာသြပ္မုန႔္ဆိုင္ေရွ႕မွာ လူေတြအတန္းလိုက္ရပ္ေစာင့္ေနၾကတာပဲ...ၾကည့္ရတာအရသာရွိမယ့္ပုံေပၚတယ္!

လင္းက်စ္ရန္က သူကိုယ္တိုင္ သြားၿပီးတန္းစီဖို႔ျပင္လိုက္စဥ္ ႐ုတ္တရက္ ရပ္တန႔္သြားသည္။ သူ႔မွာ အေစခံရွိတာသူေမ့သြားတာပဲ! လင္းက်စ္ရန္က ေမးကိုေျမႇာက္ၿပီး ရႊမ္းရန္ကို မ်က္ခုံးပင့္ျပလိုက္လ်က္

" မင္းငါ့အတြက္သြားဝယ္ေပး "

ရႊမ္းရန္က သူ႔ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး မ်က္လႊာျပန္ခ်ကာ ဘာမွမဆိုဘဲ လူတန္းဆီသို႔ ေလၽွာက္သြားေလသည္။ လင္းက်စ္ရန္က ေဘးဘက္ဝဲယာကိုၾကည့္ၿပီး ထိုင္စရာေနရာရွာၿပီး ထိုင္လိုက္ကာ သူ႔အေရွ႕ရွိတန္းစီေနေသာ ထိုလူကိုၾကည့္လိုက္​၏။ ထိုလူရဲ့ေက်ာျပင္က အလြန္ပင္ၾကည့္ေကာင္းၿပီး သူႏွင့္ရင္းႏွီးေနသလိုမ်ိဳးပင္ခံစားလာရသည္။ သူ႔မ်က္ႏွာက သာမန္႐ုပ္ရည္ဆိုေပမယ့္ ခႏၶကိုယ္အခ်ိဳးအစားကေတာ့ ေျပျပစ္လွပသည္။

ၿပီးေတာ့ သူက စကားလည္းမမ်ား၊ တိတ္တိတ္သာ ေနၿပီးအလုပ္ကိုေသခ်ာလုပ္သည္။ လင္းက်စ္ရန္ သူ႔ကို အေတာ္ေလး စိတ္ေက်နပ္မိ​၏။နာရီဝက္ျပည့္ၿပီးေတာ့ ရႊမ္းရန္က လင္းက်စ္ရန္လိုခ်င္တဲ့ အစာသြပ္မုန႔္မ်ားႏွင့္အတူေရာက္လာခဲ့ေလသည္။

ဝိုး...ဒါ တကယ္အရသာရွိမယ့္ပုံပဲ!
ျပင္ပေလာကရွိ ဟင္းလ်ာေတြကိုေတာင္လြမ္းလာမိသည္။

[ System: လူႀကီးမင္းကို သတိေပးခ်င္တာက အခုမွ မနက္စာစားၿပီး တစ္နာရီပဲရွိေသးတယ္ ဆိုတာပါပဲ]

[ လင္းက်စ္ရန္: က်င့္စဥ္ေအာင္ျမင္ၿပီး ရလာတဲ့ ေကာင္းကြက္ေတြထဲက တစ္ခုက ငါစားခ်င္သေလာက္စားလို႔ရတယ္...ဘယ္ေလာက္သြပ္ထည့္ထည့္ ေသမွာေတာ့မဟုတ္ဘူး! ]

[system:].....

လင္းက်စ္ရန္က အစာသြပ္မုန႔္မ်ားကို ေပ်ာ္ရႊင္စြာလွမ္းယူလိုက္ၿပီး ျမည္းစမ္းၾကည့္ဖို႔မေစာင့္နိုင္ေတာ့။သို႔ေပမယ့္ သူ႔မ်က္လုံးေထာင့္မွ ထိုလူကိုျမင္လိုက္ရစဥ္ ႐ုတ္တရက္ ရပ္တန႔္သြားသည္။ ဒီလူက လူတန္းအရွည္ႀကီးကို ေစာင့္ၿပီးဝယ္လာရတာ၊ သူ႔ကို နည္းနည္းေလာက္ မေဝမၽွေပးရင္မတရားဘူးမလား။ေခါင္းေဆာင္ေကာင္းတစ္ေယာက္က ငယ္သားေတြရဲ့ခံစားခ်က္ကို ဂ႐ုစိုက္သင့္တယ္။

ဒါကိုေတြးမိေတာ့ လင္းက်စ္ရန္က ေပ်ာ္ရႊင္စြာျဖင့္ အစာသြပ္မုန႔္တစ္ခုကို ရႊမ္းရန္ဆီသို႔ ရက္ရက္ေရာေရာထိုးေပးေလသည္

" မင္းတစ္ခုယူလိုက္ "

ေပ်ာ္ရႊင္မွုကိုတစ္ေယာက္တည္းခံစားရတာထက္ ေဝမၽွၿပီးခံစားရတာပိုေကာင္းသည္ပင္။

ရြမ္းရန္မွာ ေတာင့္တင္းသြားေလသည္။ သူဟာ ပထမဆုံးအႀကိမ္ လင္းက်စ္ရန္ရဲ့ စကားကို ခ်က္ခ်င္းနားမေထာင္မိေတာ့ေပ။ အတြင္းစိတ္ရွိမေကာင္းဆိုးဝါးရဲ့ ရယ္ေမာသံက သူ႔နားထဲတြင္ေပၚလာခဲ့သည္

' ျမန္ျမန္ယူလိုက္ေလ! မင္းကသူ႔အေစခံပဲ ...သတိေလးဘာေလးထားပါဦး ဟုတ္ၿပီလား...ကိုယ့္သခင္က ေပးတဲ့ဆုကို ဘယ္လိုလုပ္ၿပီး ေရြးခ်ယ္ရဲတာလဲ...ျမန္ျမန္ ေက်းဇူးတင္ၿပီး ေပးတာယူလိုက္... မင္း အရင္တုန္းက သူေပးသမၽွေကၽြးသမၽွစားတာပါ...ဂ်ီးမ်ားတတ္တဲ့လူမဟုတ္ပါဘူး...ဟားဟား!...လူမွန္ရင္ ကိုယ့္အတိတ္ကိုမေမ့သင့္ဘူး '

လင္းက်စ္ရန္က ရႊမ္းရန္ကို စူးစမ္းေသာအၾကည့္ျဖင့္ၾကည့္လိုက္သည္။ သူဘာလို႔မယူတာလဲ။သူေကၽြးတာကို စားရမွာရွက္တာလား။ ဒါဆိုလည္းထားလိုက္ပါ။ လင္းက်စ္ရန္ အနည္းငယ္ မသက္မသာျဖစ္သြားသည္။ သူက လက္ကိုျပန္႐ုတ္ေတာ့မည့္အခ်ိန္တြင္ ရႊမ္းရန္က လက္ဆန႔္ထုတ္လာၿပီး သူ႔လက္ထဲက အစာသြပ္မုန႔္ကိုယူလိုက္သည္။

လင္းက်စ္ရန္က ခဏမၽွ ေၾကာင္အမ္းသြားၿပီး ျပဳံးကာ ေခါင္းငုံ႔ၿပီး အစာသြပ္မုန္းကို စတင္စားေလေတာ့သည္။ ရႊမ္းရန္ရဲ့ ရွည္သြယ္ေသာလက္ေခ်ာင္းေတြက အစာသြပ္မုန႔္ကို ကိုင္ထားရင္း သူဟာ တုန႔္ဆိုင္းေနမိသည္။

' ဘာလုပ္ေနတာလဲ....စားလိုက္ေလ!စားလိုက္! ဒါက ႂကြက္ေတြနဲ႔ ဝက္ေသြးစြပ္ျပဳပ္ထက္အမ်ားႀကီးပိုေကာင္းတယ္ေနာ္...မင္းအရင္က လီယဲ့ရဲ့ လက္ရာေတြအေပၚ မၿငိဳညင္ခဲ့ပါဘူး...အခုမွ ဘာျဖစ္ရျပန္တာလဲ...ဟားဟား!...မင္းအခုမစားရင္ သူ႔ေဘးမွာ ဆက္ၿပီးမေနခ်င္ေတာ့တဲ့ သေဘာ သက္ေရာက္သြားလိမ့္မယ္ေနာ္...ဒါက အစာသြပ္မုန႔္ေလးတင္ပါပဲ...ဘာလို႔ အရမ္းခက္ခဲေနတာလဲ '

လင္းက်စ္ရန္မျမင္ရေသာ ဘက္ျခမ္းတြင္ ရႊမ္းရန္သည္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ေနာက္ဆုံးတြင္ေတာ့ သူဟာ တုန႔္ဆိုင္း တုန႔္ဆိုင္းႏွင့္ပင္ ေႏြၾကက္သြန္အစာသြပ္မုန႔္ကို တစ္ကိုက္ကိုက္ၿပီးဝါးလိုက္ေလသည္။

လင္းက်စ္ရန္တစ္ေယာက္ ဒီေႏြၾကက္သြန္အစာသြပ္မုန႔္ဟာ အနံ႔လည္းေမႊးၿပီး အရသာက ေကာင္းလြန္းလို႔ လၽွာေပၚမွာေပ်ာ္ဝင္သြားသလိုခံစားလိုက္ရ​၏။ ဒါေၾကာင့္ ဒီေလာက္လူေတြအမ်ားႀကီးတန္းစီၿပီးဝယ္ေနၾကတာ မဆန္းပါဘူး။လင္းက်စ္ရန္က ေမာ့ၾကည့္လိုက္ေတာ့ ရႊမ္းရန္မွာ ျဖည္းျဖည္းခ်င္း ခက္ခက္ခဲခဲ ဝါးေနၿပီး သူ႔မ်က္ႏွာက လုံးဝကို မသက္သာတဲ့ပုံစံႏွင့္...သူအရင္က ဒီလိုအစားအစာမ်ိဳးကို လုံးဝမစားဖူးတဲ့ပုံစံမ်ိဳး။ ဒီေလာက္ထိျဖစ္ဖို႔ လိုလို႔လား ?

သူ႔မ်က္လုံးထဲတြင္ နတ္ဘုရားတစ္ပါးက လူသားေတြစားတဲ့ အစားအစာမ်ိဳးကို အတင္းႀကိတ္မွိတ္ၿပီး ခဲရာခဲဆစ္စားေနတဲ့ ပုံစံကိုပင္ျမင္ေယာင္လာမိေတာ့သည္...ဒါက ထင္ေယာင္ထင္မွားျဖစ္တာပါ!

ဟုတ္တယ္! ထင္ေယာင္ထင္မွားျဖစ္တာပါ!

သူ႔လိုလူက ဒီလိုအရသာရွိတဲ့အရာကိုဘယ္လိုလုပ္မႀကိဳက္ဘဲေနမွာလဲ။ ပုံမွန္အခ်ိန္ဆို သူ ဒီလိုအစာသြပ္မုန႔္မ်ိဳးစားရဖို႔ အရမ္းခက္ခဲ့လိမ့္မည္။ ဒါေၾကာင့္ အံ့ဩေနျခင္းမ်ိဳးျဖစ္နိုင္သည္။ဒါကပိုၿပီးယုတၱိရွိတယ္!

သူဟာ ႐ုတ္တရက္ ေရစိုေနတဲ့ေပါက္စီ သုံးလုံးကို ရတနာသဖြယ္ သိမ္းထုပ္ထားတဲ့ လီယဲ့အေၾကာင္းေတြး မိၿပီးခ်က္ခ်င္းစိတ္မေကာင္းျဖစ္သြားသည္။

သူက ရႊမ္းရန္ ဝါးၿပီးမ်ိဳခ်လိုက္တဲ့အထိ စိတ္ရွည္ရွည္ေစာင့္ေပးလိုက္ကာ ႏွုတ္ခမ္းေထာင့္မ်ားကို တြန႔္ခ်ိဳးၿပီး ျပဳံးလိုက္သည္

" ဘယ္လိုေနလဲ၊ အရသာေကာင္းတယ္မို႔လား "

ရႊမ္းရန္က လူငယ္ေလးကို ငုံ႔ၾကည့္လိုက္သည္။ လူငယ္ေလးရဲ့ ေခ်ာေမာတဲ့မ်က္ႏွာထက္တြင္ ေႏြးေထြးၿပီးေတာက္ပတဲ့အျပဳံးတစ္ပြင့္က တြဲခိုလို႔ေန​၏။သူရဲ့ မ်က္ဝန္းနက္နက္ေတြက ေတာက္ပေနကာ မိမိဆီမွ ေထာက္ခံစကားကို ေမၽွာ္လင့္တႀကီးေစာင့္ဆိုင္းေနသည့္ပုံစံႏွင့္ပင္။ဘာလို႔မွန္းမသိ...သူ႔လက္ထဲက အစာသြပ္မုန႔္ကခုနတုန္းကေလာက္ ဆီမ်ားၿပီး ေစးကပ္ကပ္ႏွင့္ မ်ိဳခ်ရခက္သလိုမခံစားရေတာ့။ရႊမ္းရန္ဟာ သူကိုယ္တိုင္ေတာင္ မသိလိုက္ဘဲ ျပဳံးျပလိုက္ကာ ဆို​၏ " အင္း "

လင္းက်စ္ရန္သည္ အရမ္းပင္ေပ်ာ္ရႊင္သြားသည္။ ေတြ႕လားသူႀကိဳက္တယ္!

သူက မတ္တပ္ရပ္ကာ အဝတ္မ်ားကို ခါခတ္လိုက္ရင္း သူ႔မ်က္လုံးေတြက လွုပ္ရွားေန​၏။ သူဒီေန႔ အၾကာႀကီး အျပင္မွာ ရွိေနတာေတာင္ သူ႔အရည္အခ်င္းကိုျပဖို႔ အခြင့္အေရးမေတြ႕ေသး။ၾကည့္ရတာ လက္ဗလာႏွင့္ အိမ္ျပန္ရေတာ့မည့္ ပုံေပ။ ထားလိုက္ပါ၊ ကိစၥမရွိဘူး။ အရင္ဆုံးအိမ္ျပန္လိုက္မယ္။

လင္းက်စ္ရန္က လမ္းေလၽွာက္ရင္းေတြးသည္။ ဘယ္က စ,ရင္ေကာင္းမလဲ။ ဟန္မိသားစုက စ,ရင္ေကာင္းမလား။ ဒါေပမယ့္ ဝံပုေလြ အတြက္ သိုးတစ္ေကာင္ကိုပဲ အျမဲဖမ္းေနလို႔မရဘူး။

လင္းက်စ္ရန္ တစ္ေယာက္ ေခါင္းငိုက္စိုက္ႏွင့္ အေတြးလြန္ေနစဥ္ ႐ုတ္တရက္လူတစ္ေယာက္ဆီမွ လွုပ္ႏွိုးျခင္းခံလိုက္ရသည္။ သူက အလြန္ပင္ အံ့ဩသြားခဲ့ၿပီး ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ငိုယိုေနသည့္အမ်ိဳးသမီးတစ္ေယာက္က သူ႔ေရွ႕တြင္ ဒူးေထာက္လ်က္ သူ႔ေျခသလုံးကို သူမ​၏လက္မ်ားႏွင့္ တင္းၾကပ္စြာဖက္ထားၿပီး ေအာ္ဟစ္ေျပာေလသည္။

" သခင္ေလး။ ကၽြန္မကို ကယ္တင္ေပးပါ! "
လင္းက်စ္ရန္:?

လင္းက်စ္ရန္:!!!

လင္းက်စ္ရန္က ထိုအမ်ိဳးသမီးကိုၾကည့္လိုက္ၿပီး သူ႔မ်က္လုံးေတြက ႐ုတ္တရက္ ေတာက္ပသြားခဲ့သည္။ဒါက သူေစာင့္ေနတဲ့ အခြင့္အေရးပင္။ ဒီgame က ေတာ္ေတာ္ ေကာင္းတာပဲ!

သို႔ေပမယ့္ သူ အမူအရာေျပာင္းသြားလို႔မျဖစ္။ လင္းက်စ္ရန္က ခံစားခ်က္ေတြကို ထိန္းလိုက္ၿပီး ေအးစက္စက္မ်က္ႏွာကိုသာျပသထားသည္။ သူက သူ႔ေျခေထာက္ကိုဖယ္တြယ္ထားတဲ့ အမ်ိဳးသမီးကို ကန္ လိုက္ၿပီး ႐ုန္းထြက္လိုက္သည္။ သူ႔အမူအရာက ရြံရွာၿပီး မႏွစ္ၿမိဳ႕ျခင္းအျပည့္ႏွင့္။ အမ်ိဳးသမီးရဲ့မ်က္ႏွာက ေဖ်ာ့ေတာ့ၿပီး ဝမ္းနည္းညႇိုးငယ္သြားေတာ့သည္။ သို႔ေပမယ့္ သူမကို လိုက္ဖမ္းေနတဲ့လူအုပ္ကိုေတြ႕ေတာ့ သူမက အံႀကိတ္ၿပီး လင္းက်စ္ရန္ရဲ့ အေနာက္ကိုဝင္ပုန္းလိုက္ေလသည္။သူမ ဘယ္မွာမွေျပးမလြတ္ေတာ့ေပ။

သို႔ေပမယ့္ လင္းက်စ္ရန္က သူမကို ေမာင္းမထုတ္။ သူ႔အေနာက္တြင္ ပုန္းကြယ္ေနေစလိုက္သည္။ သူ႔မ်က္လုံးေတြက က်ဥ္းေျမာင္းေနကာ သူ႔အေရွ႕ရွိ ေဒါသတႀကီးလိုက္ဖမ္းေနသူေတြကို ပ်င္းရိၿပီး အေရးမစိုက္ေသာပုံစံျဖင့္ၾကည့္လိုက္သည္။ သူက ေၾကာက္လန႔္ျခင္းလုံးဝမရွိသည့္တိုင္ သူ႔ အရင္တုန္းက game ထဲေရာက္ေရာက္လာခ်င္း မူရန႔္လက္က လြတ္ေအာင္ထြက္ေျပးခဲ့ရတာေတြ...ကံဆိုးမွုေပါင္းမ်ားစြာႏွင့္ျမစ္ထဲကို ခုန္ခ်ခဲ့ရတာေတြကိုပါ ျပန္ၿပီးသတိရသြားသည္။ ဒီ အေျမႇာက္စာဇာတ္ေကာင္ေတြက စိတ္ရွုပ္စရာအေကာင္းဆုံးပဲ!

.......

Hello!

dilly ဒီwork ကို paid gp လုပ္ရမလား?

❤️❤️❤️❤️❤️

Continue Reading

You'll Also Like

916K 68.4K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...
742K 56.9K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင္းကိုသိပ္မုန္းတယ္ေမာင္" "ေမာင္မင္းကိုရေအာင္ျပန္ကယ္မယ္ ေမာင့္လူဆိုး...
141K 15.5K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
383K 27.1K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.