Unicode
ခြူးမုယွင်အတွက် နှစ်တစ်ထောင်ကျော်သည် မျက်စိတစ်မှိတ်သဖွယ်။
ထိုရလဒ်က တကယ့်ကို ကောင်းမွန်ပေ၏။ အသက်တံခါး ပေါ်ထွက်လာသည်နှင့် လက်ရှိဘဝကို အဆုံးသတ်ရတော့မည်မှန်း ခြူးမုယွင် သိလိုက်သည်။ ဤသည်ကား သူ့အကြောင်း ပေါ်သွားပြီး ရှင်းပြရခက်နေမှာကို ကြောက်၍မဟုတ်၊ အနာဂတ်အတွက် စီစဉ်သွားချင်ရုံသာ။
ရှန်ရွှိန်ယန်းသည် အသက်တံခါးကို လုံးဝဥဿုံ မထိန်းချုပ်နိုင်သေးပေ။ ခြူးမုယွင်၏ ဝိဉာဉ်ကို ရှာဖွေခြင်းကပင် စွမ်းအင် အကန့်အသတ် ရောက်နေပြီဖြစ်၍ အသက်တံခါးကို သူတစ်ယောက်တည်း ပိတ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ခြူးမုယွင်သာ အသက်ရှိနေသေးလျှင် ဤနေရာမှရှိနေသော နတ်ဆိုးအရှင်အားလုံး သူတို့၏အသက်ကိုပင် မငဲ့ကွက်တော့ဘဲ မသေမချင်း တိုက်ပွဲဝင်ကြလိမ့်မည်။ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာမည့် ဘေးကပ်ဆိုးကြီးကား မတွေးဝံ့စရာပင်။
ထိုနည်းတူ သူ၏သေဆုံးမှုက သမိုင်းကြောင်းကို လိုက်လျောညီထွေ ဖြစ်စေလိမ့်မည်။ သူသေသွားလျှင် သူတို့အားလုံး သူ့ကို ထပ်ရှာဖွေရန် အသက်တံခါးကို အတူတကွ ဖိနှိပ်ကြလိမ့်မည်။ ပြီးနောက် အသက်တံခါးကို ပြန်လည်အသက်သွင်းကာ အနာဂတ်မှ ‘ရှန်ယွင်’ကို နယ်ခြားစည်းတိုက်ပွဲ စတင်သည့်နေ့သို့ ပြန်လည်ဆွဲခေါ်ပေလိမ့်မည်။
ဤကား အချိန်စက်ဝန်းတစ်ခု… ခြူးမုယွင် သေဆုံးသွားမှသာ ပြီးပြည့်စုံလာမည့် အချိန်စက်ဝန်းတစ်ခုပင်။
ခြူးမုယွင် : “နောက်ခန္ဓာကိုယ်ရော..?”
Zero : “ရှာဖွေနေပါတယ်..”
ခြူးမုယွင် : “ဘယ်ခေတ်ကာလကို ရောက်သွားမှာလဲ.. မင်းသိလား..?”
Zero : “နောင်နှစ်သုံးထောင်ကျော်မှာ ရှာထားတယ်..”
ခြူးမုယွင် : “အိုကေ..”
နောင်နှစ်သုံးထောင်ကျော်သည် သင့်လျော်သည့် အချိန်ကာလတစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် ထိုကာလတွင် ‘မနာလိုခြင်း’၏ ပုံတူပန်းချီတစ်ခုလုံး မီးလင်းနေပြီဖြစ်သလို ယခုကြုံတွေ့ခဲ့သည့် ကိစ္စများကြောင့် ‘အမျက်ဒေါသ’၏ ပုံတူပန်းချီကားသည်လည်း ပြည့်ပြည့်စုံစုံ မီးလင်းနေချေလိမ့်မည်။ သူသာ ချော့ချော့မော့မော့ဖြင့် လက်ထပ်ကတိ တောင်းခံနိုင်သရွေ့ Mission အားလုံး အဆုံးသတ်နိုင်လိမ့်မည်။
ဘယ်လိုခန္ဓာကိုယ်မျိုး ရလာမလဲဆိုတာတော့ သူ လုံးဝဂရုမစိုက်ပေ။
အချိန်မည်မျှကြာသွားမှန်း သူကိုယ်တိုင်ပင် မပြောနိုင်တော့ချေ။ ထိုအခိုက် Zero လေးက သတင်းပို့လာသည်။
“သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခု ရှာတွေ့ပြီ..”
ခြူးမုယွင်က ပြန်ပြောလိုက်သည်။ : “အသက်သွင်းလိုက်တော့..”
ခြူးမုယွင်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်၏။
ရောက်သွားသည့်နေရာကို ဦးနှောက်က အတည်မပြုနိုင်သေးခင်မှာပင် လေအေးတစ်ချက် တိုက်ခတ်သွားပြီး ခြူးမုယွင်၏ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်သွားရသည်။
ဒါ ဘယ်နေရာကြီးလဲ..?
ခြူးမုယွင်က ခြေလက်များကို လှုပ်ရှားကြည့်လိုက်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်က ဗလာကျင်းနေပြီး အလွန်အမင်း အားနည်းနေကြောင်း သတိပြုမိလိုက်၏။ စိတ်သွားတိုင်းကိုယ်မပါသလို ထူးထူးဆန်းဆန်း ခံစားချက်တစ်ခုလည်း ခံစားလိုက်ရသည်။
ဒါကြီးက သက်ရှိခန္ဓာကိုယ်ရော ဟုတ်ရဲ့လား..?
အရိုးကွဲမတတ် အအေးဒဏ်ကို ကျင့်သားရလာပြီးနောက် ခြူးမုယွင်လည်း ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။
တစ်စုံတစ်ယောက်၏ မြေအောက်နက်နက်မှာ သိုဝှက်တည်ဆောက်ထားသော လျှို့ဝှက်ရေခဲခန်း ဖြစ်နိုင်၏။ နံရံများကို အလွန်ရှားပါးတန်ဖိုးကြီးသော နှစ်သောင်းချီရေခဲကျောက်များဖြင့် တည်ဆောက်ထားပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံး ရေခဲပွင့်များဖြင့် ဖုံးလွှမ်းနေကာ အလွန်အေးစိမ့်သော လေအေးများ စိမ့်ထွက်နေလေသည်။ ဤအခန်းထဲသို့ ဝင်လာမိသူတိုင်း နှင်းကိုက်ဒဏ်၊ သို့မဟုတ် အအေးအဆိပ်မိပြီး တစ်သက်လုံး ကုသနိုင်တော့မည် မဟုတ်ပေ။
ခြူးမုယွင်တစ်ယောက် လက်ရှိအခြေအနေကို နားမလည်နိုင်သေးခင်မှာပင် Zero လေးက အံ့ဩတကြီး ထအော်လာသည်။
“အာ…!”
ခြူးမုယွင်က Zero လေး၏ မျက်နှာအမူအရာကို မမြင်နိုင်သဖြင့်.. : “ဘာဖြစ်လို့လဲ..?”
Zero : “ဒီခန္ဓာကိုယ်က ‘လင်းမု’နဲ့ လုံးဝချွတ်စွပ်ပဲ..!”
ခြူးမုယွင်၏ မျက်ဝန်းများ မသိမသာ မှေးကျဉ်းသွားသည်။
လုံးဝချွတ်စွပ်ပဲ..? ‘လင်းမု’ရဲ့ခန္ဓာကိုယ်ကို ရေခဲအခန်းထဲ နှစ်သုံးထောင်ကျော် ထိန်းသိမ်းထားတာများလား..?
သံသရာတစ်ပတ်လည်ပြီးတာတောင် သူက ဒီခန္ဓာကိုယ်ထဲကို ပြန်ရောက်လာပြန်ပြီလား..?
ဒါဆို… ဘယ်သူက ဒီခန္ဓာကိုယ်ကို ထိန်းသိမ်းထားတာလဲ..?
ဘယ်သူမဆို ဖြစ်နိုင်တယ်။ အဖြစ်နိုင်ဆုံးက…
ထိုအခိုက် အပေါ်ဘက်မှ အသံတချို့ ထွက်ပေါ်လာခဲ့၏။ ခြူးမုယွင်လည်း ရေခဲကျောက်ဖျာပေါ် ကပျာကယာ ပြန်လှဲအိပ်လိုက်ပြီး မူလအနေအထားအတိုင်း လက်ကို ဝမ်းဗိုက်ပေါ်တင်ကာ မျက်စိမှိတ်ထားလိုက်သည်။
သိမ်မွေ့ညင်သာသော ခြေသံတချို့…
နားပါးလျှင် ကြမ်းပြင်တစ်လျှောက် တရွတ်တိုက်နေသော ဝတ်ရုံရှည်အသံကိုပင် ကြားရပေလိမ့်မည်။
ရေခဲခန်းကြီးသည် အသံလုံပြီး အေးစက်နေရကား မည်သည့်အသံမဆို ပီပီပြင်ပြင် ကြားရပေလိမ့်မည်။ ထိုအသံများဟာ နားစည်ထဲ ပဲ့တင်ထပ်နေပြီး နှလုံးသားထဲအထိ စီးဝင်သွားလိမ့်မည်။
ခြူးမုယွင်ပင် မျက်လုံးဖွင့်မကြည့်ဘဲ ဘယ်သူဘယ်ဝါမှန်း အဖြေထုတ်နိုင်ခဲ့ချေပြီ။
သေချာတာပေါ့၊ ခံစားချက်များစွာ စီးဆင်းနေသယောင် ထင်မှတ်ရသော ရင်းနှီးကျွမ်းဝင်နေသည့် အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အားယွင်..”
-ဒါက ကျွင်းမော့ပါပဲ။
ခြူးမုယွင်တစ်ယောက် တိတ်တခိုး သက်ပြင်းချလိုက်မိသည်။
သူ မသေဆုံးခင် ကျွင်းမော့ကို ရက်ရက်စက်စက် ပြောဆိုခဲ့ခြင်းက ချစ်ခြင်းအနှောင်အဖွဲ့ကြား ပိတ်မိမနေဘဲ သူ့အပေါ် လုံးလုံးလျားလျား လက်လျော့သွားစေလို၍ပင်။ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သွားလျှင် အရာအားလုံး မေ့ပျောက်ကောင်းပါရဲ့ဟု မျှော်လင့်ခဲ့မိသည်။
သို့သော် ထိုအစီအစဉ်က သိသိသာသာကို အလုပ်မဖြစ်ခဲ့ပါချေ။
ကျွင်းမော့သည် အရာအားလုံး သိနေသည့်တိုင်၊ အစမှအဆုံးထိ တမင်လှည့်စားကြံစည်ထားခြင်းဖြစ်ကြောင်း နားလည်နေသည့်တိုင် သူ၏ခံစားချက်က အရိုးထဲစိမ့်ဝင်နေသည်အထိ နက်ရှိုင်းလွန်းနေခဲ့၏။ သို့ဖြစ်ရာ ထိုခံစားချက်များကို အဘယ်သို့ ဖယ်ထုတ်နိုင်ပါမည်နည်း။ သို့နှင့် နှစ်ပေါင်းထောင်ချီ စိတ်ပျက်အားငယ်ဖွယ် ဘဝမျိုးဖြင့် ရှင်သန်ခဲ့ရလေသည်။
အဆုံးမှာတော့ ခြူးမုယွင်လည်း ကျွင်းမော့အပေါ် လိပ်ပြာမလုံသလို ခံစားလာရသည်။
ကလေးလိမ္မာလေးက ဤသို့ပြောင်းလဲသွားသည့်အတွက် ခြူးမုယွင်၏စိတ်ထဲ အတော်လေး စိတ်မကောင်းဖြစ်နေတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်အတွင်း ကျွင်းမော့သည် ဤအလောင်းခန္ဓာကိုယ်ကို နေ့တိုင်း အဖော်ပြုပေးနေပုံရ၏။ အအေးခန်း၏ အပူချိန်နှင့် လိုက်လျောညီထွေ ဖြစ်နေရုံသာမက အသက်မဲ့နေသော ‘အားယွင်’နှင့်လည်း အသားကျနေချေပြီ။
သူက ခြေဗလာဖြင့် ရေခဲကျောက်ဖြာပေါ် တက်လာကာ ခြူးမုယွင်အား သူ၏ရင်ခွင်ထဲသို့ ဂရုတစိုက် ထွေးပွေ့လိုက်လေသည်။
ရုတ်တရက် နွေးထွေးသည့် ခန္ဓာကိုယ်အပူချိန်ကို ခံစားလိုက်ရသဖြင့် ခြူးမုယွင်မှာ ကျွင်းမော့ကို ပြန်မဖက်တွယ်မိအောင် မနည်း ထိန်းချုပ်ထားလိုက်ရသည်။
ကျွင်းမော့က သတိမပြုမိချေ။ သူ၏ လှုပ်ရှားမှုတိုင်းသည် နူးညံ့ညင်သာပြီး အေးစက်တောင့်တင်းနေသည့် ခန္ဓာကိုယ်ကို ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရတနာလေးကဲ့သို့ ပွေ့ဖက်ထားခဲ့သည်။ ပွေ့ဖက်ရုံဖြင့် ကျေနပ်နေသော သူ၏ပုံစံလေးသည် မြင်သမျှလူတိုင်းကို စိတ်မကောင်းဖြစ်စေသည်အထိ။
ခြူးမုယွင်မှာ ထိုအခြင်းအရာကို မမြင်နိုင်သော်လည်း စိတ်ထဲမှ ခံစားမိနေခဲ့သည်။
ကျွင်းမော့က အပေါ်ထပ်ကိုချွတ်ကာ ခြူးမုယွင်၏ ခန္ဓာကိုယ်ပေါ် လွှမ်းခြုံပေးသည်။ ပြီးနောက် ညင်သာစွာ ပြောလာခဲ့သည်။
“အေးလို့လား..? မကြောက်နဲ့နော်.. ကျွန်တော် ဒီမှာရှိတယ်..”
မည်သူမျှ သူ့အား ပြန်မဖြေခဲ့သလို လူသေတစ်ယောက်သည် အအေးဒဏ်ကို အဘယ်သို့ ခံစားနိုင်မည်နည်း။
ကျွင်းမော့သည် အေးစက်စက်ခန္ဓာကိုယ်ထဲသို့ အနွေးဓာတ်များ သွင်းပေးကာ နွေးထွေးစေသကဲ့သို့ ခြူးမုယွင်အား တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာခဲ့လေသည်။
သူက ခြူးမုယွင်၏နားရွက်နား တိုးကပ်လာကာ နွေးနွေးထွေးထွေး ပြောလာပြန်သည်။
“ဟိုရေခဲဝိဉာဉ်သားရဲလေး မရှိတော့ဘူး.. သူက ခင်ဗျားဟုတ်မဟုတ် ကျွန်တော် မသိလိုက်ရဘူး..”
“နှစ်သုံးထောင်အတွင်း ရေခဲဝိဉာဉ်သားရဲတွေ အများကြီး တွေ့ခဲ့ရပြီးပြီ.. ဒါပေမဲ့ သူတို့အားလုံးက ဘာလို့ ခင်ဗျားမဟုတ်ရတာလဲ..? ခင်ဗျားက ရေခဲဝိဉာဉ်သားရဲ မဖြစ်ချင်တော့တာလား.. တခြားမျိုးနွယ်တစ်ခုကို ပြောင်းလဲသွားတာလား.. ဘယ်မျိုးနွယ်ကိုလဲဟင်..? ယောင်မိစ္ဆာမျိုးနွယ်လား..? လူသားမျိုးနွယ်လား..?”
“အားယွင်.. ခင်ဗျား အသက်ရှင်နေမှန်း ကျွန်တော်သိတယ်.. ဒါပေမဲ့ ဘယ်လိုလိုက်ရှာရမှာလဲဟင်..?”
သူက ညင်သာစွာ ပြောနေခဲ့လေသည်။ သူ၏ စကားလုံးတိုင်းသည် ဝမ်းနည်းပူဆွေးခြင်းအတိ၊ သို့တိုင် မျက်နှာကတော့ အမူအရာကင်းမဲ့နေဆဲ။
မျက်ရည်များဟာ သူ့အတွက် လက်လှမ်းမမီနိုင်သည့် အရာတစ်ခု ဖြစ်လာခဲ့ချေပြီ။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် နှလုံးသားထဲမှ ခံစားချက်များကို မည်သို့မည်ပုံဖြေသိမ့်ရမှန်း သူ လုံးဝမမှိတ်မိတော့ပါချေ။
သူကိုယ်တိုင်ကလည်း မဖြေသိမ့်ချင်ခဲ့ပေ။ နာကျင်မှုဖြစ်စေ၊ ဝမ်းနည်းအားငယ်မှုဖြစ်စေ၊ ‘အားယွင်’ သူ့ကိုပေးခဲ့သည့် အရာများသာ။ ကြင်နာတတ်ခြင်းနှင့် နက်ရှိုင်းစွာသော ချစ်ခြင်းတရားတို့ ရောယှက်နေသောအခါ ဘယ်အရာက ဘာမှန်း ကျွင်းမော့ပင် မခွဲခြားနိုင်တော့ပေ။ သို့သော် ကိစ္စမရှိ၊ မည်မျှနာကျင်ရပါစေ မှတ်ဉာဏ်များဟာ အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း၏ သက်သေတစ်ခု ဖြစ်လာခဲ့တော့သည်။
အချိန်များစွာ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ကျွင်းမော့သည် ချစ်ခြင်းတရားတို့ ထုံမွှန်းခဲ့သော နှစ်အနည်းငယ်လေးကို မိနစ်တိုင်း၊ စက္ကန့်တိုင်း အတိုင်းအဆမရှိ ချဲ့ထွင်လာမိရင်း ထိုအရာများ အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း၊ အမှန်တကယ် တည်ရှိခဲ့ဖူးကြောင်း သူ့ကိုယ်သူ ပြန်ပြောပြနေမိသည်။
ပြီးတော့ သူ့ရဲ့ ‘အားယွင်’သည်လည်း သူနှင့် အသစ်တဖန် ပြန်လည်စတင်ရန် တစ်နေ့ ပြန်လာပေလိမ့်မည်။
ခြူးမုယွင်၏ရင်ထဲမှ ခံစားချက်များကား ဖော်ပြ၍မရနိုင်အောင်ပင်။
Zero လေးမှာ ငိုရလွန်း၍ သတိလစ်လုမတတ်။
ကျွင်းမော့လည်း ခြူးမုယွင်ကို ဖက်တွယ်ရင်း အိပ်ပျော်သွားလေပြီ။
တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်း အိပ်မောကျသွားခဲ့သည်။ ထိုအမျိုးသားလေးဟာ ဤသို့အေးခဲနေသော နေရာတစ်ခုတွင် အသက်မဲ့နေသော အလောင်းခန္ဓာကိုယ်အား ပွေ့ဖက်လျက်၊ သို့တိုင် တစ်လောကလုံးကို အပိုင်ရထားသကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုင်ခဲ့လေသည်။
သူ အိပ်ပျော်သွားမှန်း သတိပြုမိလိုက်သည်နှင့် ခြူးမုယွင်က မသိမသာ လှုပ်ရှားလိုက်ရင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
အမြင်အာရုံထဲ ပေါ်ထွက်လာသော လူငယ်လေးသည် ယခင်အတိုင်း နုနယ်ပျိုပျစ်ကာ ချောမောခန့်ညားဆဲ။ ငွေရောင်ဆံနွယ်များက ရေခဲကျောက်ဖြာပေါ်တွင် လရောင်သဖွယ် ဖြာကျနေပြီး ဆံနွယ်မျှင်လေးများက ဤလူသား၏ နှလုံးသားကို ပိတ်လှောင်ထားသော ကွန်ရက်ကြီးသဖွယ် သူ့ဘဝတစ်လျှောက်လုံး ရုန်းထွက်နိုင်တော့မည်မဟုတ်ပေ။
ခြူးမုယွင်က လက်ချောင်းလေးများဖြင့် ကျွင်းမော့ကို အသာထိတွေ့လိုက်သည်။
ထိုအခိုက် ငွေရောင်ဆံနွယ်ရှင်လေးသည် ရုတ်ချည်း မျက်လုံးပွင့်လာပြီး နှစ်ယောက်သား တစ်ဦးကိုတစ်ဦး အကြည့်ချင်းစုံလျက်…
ခြူးမုယွင်တစ်ယောက် လန့်ဖြန့်သွားတော့သည်။
…………………………………………
TN : ဒီ Arc ပြီးပြီဆိုတော့ နောက်ဆုံး ဆျာခြူးရဲ့ ပတ်ပြေးခန်းမလာခင် တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးငါးရက်၊ တစ်ပတ်နားမယ်နော် ဟီး။
စိတ်ပါရင်တော့ အစကနေပြန်ဖတ်ကြည့်ဖို့ recommend ပေးချင်ပါတယ်။ အရင်က နားမလည်ခဲ့တာတွေ ထင်းခနဲလင်းခနဲ မြင်သာလာမှာ။ See you next week
Click ကြဦးနော် 💜
…………………………………………
Zawgyi
ျခဴးမုယြင္အတြက္ ႏွစ္တစ္ေထာင္ေက်ာ္သည္ မ်က္စိတစ္မွိတ္သဖြယ္။
ထိုရလဒ္က တကယ့္ကို ေကာင္းမြန္ေပ၏။ အသက္တံခါး ေပၚထြက္လာသည္ႏွင့္ လက္ရွိဘဝကို အဆုံးသတ္ရေတာ့မည္မွန္း ျခဴးမုယြင္ သိလိုက္သည္။ ဤသည္ကား သူ႔အေၾကာင္း ေပၚသြားၿပီး ရွင္းျပရခက္ေနမွာကို ေၾကာက္၍မဟုတ္၊ အနာဂတ္အတြက္ စီစဥ္သြားခ်င္႐ုံသာ။
ရွန္႐ႊိန္ယန္းသည္ အသက္တံခါးကို လုံးဝဥႆုံ မထိန္းခ်ဳပ္ႏိုင္ေသးေပ။ ျခဴးမုယြင္၏ ဝိဉာဥ္ကို ရွာေဖြျခင္းကပင္ စြမ္းအင္ အကန႔္အသတ္ ေရာက္ေနၿပီျဖစ္၍ အသက္တံခါးကို သူတစ္ေယာက္တည္း ပိတ္ႏိုင္မည္မဟုတ္ေပ။
ထို႔ေၾကာင့္ ျခဴးမုယြင္သာ အသက္ရွိေနေသးလွ်င္ ဤေနရာမွရွိေနေသာ နတ္ဆိုးအရွင္အားလုံး သူတို႔၏အသက္ကိုပင္ မငဲ့ကြက္ေတာ့ဘဲ မေသမခ်င္း တိုက္ပြဲဝင္ၾကလိမ့္မည္။ အက်ိဳးဆက္အေနျဖင့္ ျဖစ္ေပၚလာမည့္ ေဘးကပ္ဆိုးႀကီးကား မေတြးဝံ့စရာပင္။
ထိုနည္းတူ သူ၏ေသဆုံးမႈက သမိုင္းေၾကာင္းကို လိုက္ေလ်ာညီေထြ ျဖစ္ေစလိမ့္မည္။ သူေသသြားလွ်င္ သူတို႔အားလုံး သူ႔ကို ထပ္ရွာေဖြရန္ အသက္တံခါးကို အတူတကြ ဖိႏွိပ္ၾကလိမ့္မည္။ ၿပီးေနာက္ အသက္တံခါးကို ျပန္လည္အသက္သြင္းကာ အနာဂတ္မွ ‘ရွန္ယြင္’ကို နယ္ျခားစည္းတိုက္ပြဲ စတင္သည့္ေန႔သို႔ ျပန္လည္ဆြဲေခၚေပလိမ့္မည္။
ဤကား အခ်ိန္စက္ဝန္းတစ္ခု… ျခဴးမုယြင္ ေသဆုံးသြားမွသာ ၿပီးျပည့္စုံလာမည့္ အခ်ိန္စက္ဝန္းတစ္ခုပင္။
ျခဴးမုယြင္ : “ေနာက္ခႏၶာကိုယ္ေရာ..?”
Zero : “ရွာေဖြေနပါတယ္..”
ျခဴးမုယြင္ : “ဘယ္ေခတ္ကာလကို ေရာက္သြားမွာလဲ.. မင္းသိလား..?”
Zero : “ေနာင္ႏွစ္သုံးေထာင္ေက်ာ္မွာ ရွာထားတယ္..”
ျခဴးမုယြင္ : “အိုေက..”
ေနာင္ႏွစ္သုံးေထာင္ေက်ာ္သည္ သင့္ေလ်ာ္သည့္ အခ်ိန္ကာလတစ္ခုပင္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုကာလတြင္ ‘မနာလိုျခင္း’၏ ပုံတူပန္းခ်ီတစ္ခုလုံး မီးလင္းေနၿပီျဖစ္သလို ယခုႀကဳံေတြ႕ခဲ့သည့္ ကိစၥမ်ားေၾကာင့္ ‘အမ်က္ေဒါသ’၏ ပုံတူပန္းခ်ီကားသည္လည္း ျပည့္ျပည့္စုံစုံ မီးလင္းေနေခ်လိမ့္မည္။ သူသာ ေခ်ာ့ေခ်ာ့ေမာ့ေမာ့ျဖင့္ လက္ထပ္ကတိ ေတာင္းခံႏိုင္သေ႐ြ႕ Mission အားလုံး အဆုံးသတ္ႏိုင္လိမ့္မည္။
ဘယ္လိုခႏၶာကိုယ္မ်ိဳး ရလာမလဲဆိုတာေတာ့ သူ လုံးဝဂ႐ုမစိုက္ေပ။
အခ်ိန္မည္မွ်ၾကာသြားမွန္း သူကိုယ္တိုင္ပင္ မေျပာႏိုင္ေတာ့ေခ်။ ထိုအခိုက္ Zero ေလးက သတင္းပို႔လာသည္။
“သင့္ေတာ္တဲ့ ခႏၶာကိုယ္တစ္ခု ရွာေတြ႕ၿပီ..”
ျခဴးမုယြင္က ျပန္ေျပာလိုက္သည္။ : “အသက္သြင္းလိုက္ေတာ့..”
ျခဴးမုယြင္က ျဖည္းျဖည္းခ်င္း မ်က္လုံးဖြင့္ၾကည့္လိုက္၏။
ေရာက္သြားသည့္ေနရာကို ဦးေႏွာက္က အတည္မျပဳႏိုင္ေသးခင္မွာပင္ ေလေအးတစ္ခ်က္ တိုက္ခတ္သြားၿပီး ျခဴးမုယြင္၏ တစ္ကိုယ္လုံး ခိုက္ခိုက္တုန္သြားရသည္။
ဒါ ဘယ္ေနရာႀကီးလဲ..?
ျခဴးမုယြင္က ေျခလက္မ်ားကို လႈပ္ရွားၾကည့္လိုက္သည္။ ထိုအခါ သူ၏ခႏၶာကိုယ္က ဗလာက်င္းေနၿပီး အလြန္အမင္း အားနည္းေနေၾကာင္း သတိျပဳမိလိုက္၏။ စိတ္သြားတိုင္းကိုယ္မပါသလို ထူးထူးဆန္းဆန္း ခံစားခ်က္တစ္ခုလည္း ခံစားလိုက္ရသည္။
ဒါႀကီးက သက္ရွိခႏၶာကိုယ္ေရာ ဟုတ္ရဲ႕လား..?
အ႐ိုးကြဲမတတ္ အေအးဒဏ္ကို က်င့္သားရလာၿပီးေနာက္ ျခဴးမုယြင္လည္း ပတ္ဝန္းက်င္ကို စူးစမ္းၾကည့္လိုက္သည္။
တစ္စုံတစ္ေယာက္၏ ေျမေအာက္နက္နက္မွာ သိုဝွက္တည္ေဆာက္ထားေသာ လွ်ိဳ႕ဝွက္ေရခဲခန္း ျဖစ္ႏိုင္၏။ နံရံမ်ားကို အလြန္ရွားပါးတန္ဖိုးႀကီးေသာ ႏွစ္ေသာင္းခ်ီေရခဲေက်ာက္မ်ားျဖင့္ တည္ေဆာက္ထားၿပီး ေဘးပတ္ဝန္းက်င္တစ္ခုလုံး ေရခဲပြင့္မ်ားျဖင့္ ဖုံးလႊမ္းေနကာ အလြန္ေအးစိမ့္ေသာ ေလေအးမ်ား စိမ့္ထြက္ေနေလသည္။ ဤအခန္းထဲသို႔ ဝင္လာမိသူတိုင္း ႏွင္းကိုက္ဒဏ္၊ သို႔မဟုတ္ အေအးအဆိပ္မိၿပီး တစ္သက္လုံး ကုသႏိုင္ေတာ့မည္ မဟုတ္ေပ။
ျခဴးမုယြင္တစ္ေယာက္ လက္ရွိအေျခအေနကို နားမလည္ႏိုင္ေသးခင္မွာပင္ Zero ေလးက အံ့ဩတႀကီး ထေအာ္လာသည္။
“အာ…!”
ျခဴးမုယြင္က Zero ေလး၏ မ်က္ႏွာအမူအရာကို မျမင္ႏိုင္သျဖင့္.. : “ဘာျဖစ္လို႔လဲ..?”
Zero : “ဒီခႏၶာကိုယ္က ‘လင္းမု’နဲ႔ လုံးဝခြၽတ္စြပ္ပဲ..!”
ျခဴးမုယြင္၏ မ်က္ဝန္းမ်ား မသိမသာ ေမွးက်ဥ္းသြားသည္။
လုံးဝခြၽတ္စြပ္ပဲ..? ‘လင္းမု’ရဲ႕ခႏၶာကိုယ္ကို ေရခဲအခန္းထဲ ႏွစ္သုံးေထာင္ေက်ာ္ ထိန္းသိမ္းထားတာမ်ားလား..?
သံသရာတစ္ပတ္လည္ၿပီးတာေတာင္ သူက ဒီခႏၶာကိုယ္ထဲကို ျပန္ေရာက္လာျပန္ၿပီလား..?
ဒါဆို… ဘယ္သူက ဒီခႏၶာကိုယ္ကို ထိန္းသိမ္းထားတာလဲ..?
ဘယ္သူမဆို ျဖစ္ႏိုင္တယ္။ အျဖစ္ႏိုင္ဆုံးက…
ထိုအခိုက္ အေပၚဘက္မွ အသံတခ်ိဳ႕ ထြက္ေပၚလာခဲ့၏။ ျခဴးမုယြင္လည္း ေရခဲေက်ာက္ဖ်ာေပၚ ကပ်ာကယာ ျပန္လွဲအိပ္လိုက္ၿပီး မူလအေနအထားအတိုင္း လက္ကို ဝမ္းဗိုက္ေပၚတင္ကာ မ်က္စိမွိတ္ထားလိုက္သည္။
သိမ္ေမြ႕ညင္သာေသာ ေျခသံတခ်ိဳ႕…
နားပါးလွ်င္ ၾကမ္းျပင္တစ္ေလွ်ာက္ တ႐ြတ္တိုက္ေနေသာ ဝတ္႐ုံရွည္အသံကိုပင္ ၾကားရေပလိမ့္မည္။
ေရခဲခန္းႀကီးသည္ အသံလုံၿပီး ေအးစက္ေနရကား မည္သည့္အသံမဆို ပီပီျပင္ျပင္ ၾကားရေပလိမ့္မည္။ ထိုအသံမ်ားဟာ နားစည္ထဲ ပဲ့တင္ထပ္ေနၿပီး ႏွလုံးသားထဲအထိ စီးဝင္သြားလိမ့္မည္။
ျခဴးမုယြင္ပင္ မ်က္လုံးဖြင့္မၾကည့္ဘဲ ဘယ္သူဘယ္ဝါမွန္း အေျဖထုတ္ႏိုင္ခဲ့ေခ်ၿပီ။
ေသခ်ာတာေပါ့၊ ခံစားခ်က္မ်ားစြာ စီးဆင္းေနသေယာင္ ထင္မွတ္ရေသာ ရင္းႏွီးကြၽမ္းဝင္ေနသည့္ ေအးစက္စက္အသံတစ္ခု ထြက္ေပၚလာခဲ့သည္။
“အားယြင္..”
-ဒါက ကြၽင္းေမာ့ပါပဲ။
ျခဴးမုယြင္တစ္ေယာက္ တိတ္တခိုး သက္ျပင္းခ်လိုက္မိသည္။
သူ မေသဆုံးခင္ ကြၽင္းေမာ့ကို ရက္ရက္စက္စက္ ေျပာဆိုခဲ့ျခင္းက ခ်စ္ျခင္းအေႏွာင္အဖြဲ႕ၾကား ပိတ္မိမေနဘဲ သူ႔အေပၚ လုံးလုံးလ်ားလ်ား လက္ေလ်ာ့သြားေစလို၍ပင္။ ႏွစ္ေထာင္ေပါင္းမ်ားစြာ ၾကာျမင့္သြားလွ်င္ အရာအားလုံး ေမ့ေပ်ာက္ေကာင္းပါရဲ႕ဟု ေမွ်ာ္လင့္ခဲ့မိသည္။
သို႔ေသာ္ ထိုအစီအစဥ္က သိသိသာသာကို အလုပ္မျဖစ္ခဲ့ပါေခ်။
ကြၽင္းေမာ့သည္ အရာအားလုံး သိေနသည့္တိုင္၊ အစမွအဆုံးထိ တမင္လွည့္စားႀကံစည္ထားျခင္းျဖစ္ေၾကာင္း နားလည္ေနသည့္တိုင္ သူ၏ခံစားခ်က္က အ႐ိုးထဲစိမ့္ဝင္ေနသည္အထိ နက္ရႈိင္းလြန္းေနခဲ့၏။ သို႔ျဖစ္ရာ ထိုခံစားခ်က္မ်ားကို အဘယ္သို႔ ဖယ္ထုတ္ႏိုင္ပါမည္နည္း။ သို႔ႏွင့္ ႏွစ္ေပါင္းေထာင္ခ်ီ စိတ္ပ်က္အားငယ္ဖြယ္ ဘဝမ်ိဳးျဖင့္ ရွင္သန္ခဲ့ရေလသည္။
အဆုံးမွာေတာ့ ျခဴးမုယြင္လည္း ကြၽင္းေမာ့အေပၚ လိပ္ျပာမလုံသလို ခံစားလာရသည္။
ကေလးလိမၼာေလးက ဤသို႔ေျပာင္းလဲသြားသည့္အတြက္ ျခဴးမုယြင္၏စိတ္ထဲ အေတာ္ေလး စိတ္မေကာင္းျဖစ္ေနေတာ့သည္။
လြန္ခဲ့ေသာ ႏွစ္ေပါင္းသုံးေထာင္အတြင္း ကြၽင္းေမာ့သည္ ဤအေလာင္းခႏၶာကိုယ္ကို ေန႔တိုင္း အေဖာ္ျပဳေပးေနပုံရ၏။ အေအးခန္း၏ အပူခ်ိန္ႏွင့္ လိုက္ေလ်ာညီေထြ ျဖစ္ေန႐ုံသာမက အသက္မဲ့ေနေသာ ‘အားယြင္’ႏွင့္လည္း အသားက်ေနေခ်ၿပီ။
သူက ေျခဗလာျဖင့္ ေရခဲေက်ာက္ျဖာေပၚ တက္လာကာ ျခဴးမုယြင္အား သူ၏ရင္ခြင္ထဲသို႔ ဂ႐ုတစိုက္ ေထြးေပြ႕လိုက္ေလသည္။
႐ုတ္တရက္ ေႏြးေထြးသည့္ ခႏၶာကိုယ္အပူခ်ိန္ကို ခံစားလိုက္ရသျဖင့္ ျခဴးမုယြင္မွာ ကြၽင္းေမာ့ကို ျပန္မဖက္တြယ္မိေအာင္ မနည္း ထိန္းခ်ဳပ္ထားလိုက္ရသည္။
ကြၽင္းေမာ့က သတိမျပဳမိေခ်။ သူ၏ လႈပ္ရွားမႈတိုင္းသည္ ႏူးညံ့ညင္သာၿပီး ေအးစက္ေတာင့္တင္းေနသည့္ ခႏၶာကိုယ္ကို ကမာၻ႔တန္ဖိုးအႀကီးဆုံး ရတနာေလးကဲ့သို႔ ေပြ႕ဖက္ထားခဲ့သည္။ ေပြ႕ဖက္႐ုံျဖင့္ ေက်နပ္ေနေသာ သူ၏ပုံစံေလးသည္ ျမင္သမွ်လူတိုင္းကို စိတ္မေကာင္းျဖစ္ေစသည္အထိ။
ျခဴးမုယြင္မွာ ထိုအျခင္းအရာကို မျမင္ႏိုင္ေသာ္လည္း စိတ္ထဲမွ ခံစားမိေနခဲ့သည္။
ကြၽင္းေမာ့က အေပၚထပ္ကိုခြၽတ္ကာ ျခဴးမုယြင္၏ ခႏၶာကိုယ္ေပၚ လႊမ္းၿခဳံေပးသည္။ ၿပီးေနာက္ ညင္သာစြာ ေျပာလာခဲ့သည္။
“ေအးလို႔လား..? မေၾကာက္နဲ႔ေနာ္.. ကြၽန္ေတာ္ ဒီမွာရွိတယ္..”
မည္သူမွ် သူ႔အား ျပန္မေျဖခဲ့သလို လူေသတစ္ေယာက္သည္ အေအးဒဏ္ကို အဘယ္သို႔ ခံစားႏိုင္မည္နည္း။
ကြၽင္းေမာ့သည္ ေအးစက္စက္ခႏၶာကိုယ္ထဲသို႔ အေႏြးဓာတ္မ်ား သြင္းေပးကာ ေႏြးေထြးေစသကဲ့သို႔ ျခဴးမုယြင္အား တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လာခဲ့ေလသည္။
သူက ျခဴးမုယြင္၏နား႐ြက္နား တိုးကပ္လာကာ ေႏြးေႏြးေထြးေထြး ေျပာလာျပန္သည္။
“ဟိုေရခဲဝိဉာဥ္သားရဲေလး မရွိေတာ့ဘူး.. သူက ခင္ဗ်ားဟုတ္မဟုတ္ ကြၽန္ေတာ္ မသိလိုက္ရဘူး..”
“ႏွစ္သုံးေထာင္အတြင္း ေရခဲဝိဉာဥ္သားရဲေတြ အမ်ားႀကီး ေတြ႕ခဲ့ရၿပီးၿပီ.. ဒါေပမဲ့ သူတို႔အားလုံးက ဘာလို႔ ခင္ဗ်ားမဟုတ္ရတာလဲ..? ခင္ဗ်ားက ေရခဲဝိဉာဥ္သားရဲ မျဖစ္ခ်င္ေတာ့တာလား.. တျခားမ်ိဳးႏြယ္တစ္ခုကို ေျပာင္းလဲသြားတာလား.. ဘယ္မ်ိဳးႏြယ္ကိုလဲဟင္..? ေယာင္မိစာၦမ်ိဳးႏြယ္လား..? လူသားမ်ိဳးႏြယ္လား..?”
“အားယြင္.. ခင္ဗ်ား အသက္ရွင္ေနမွန္း ကြၽန္ေတာ္သိတယ္.. ဒါေပမဲ့ ဘယ္လိုလိုက္ရွာရမွာလဲဟင္..?”
သူက ညင္သာစြာ ေျပာေနခဲ့ေလသည္။ သူ၏ စကားလုံးတိုင္းသည္ ဝမ္းနည္းပူေဆြးျခင္းအတိ၊ သို႔တိုင္ မ်က္ႏွာကေတာ့ အမူအရာကင္းမဲ့ေနဆဲ။
မ်က္ရည္မ်ားဟာ သူ႔အတြက္ လက္လွမ္းမမီႏိုင္သည့္ အရာတစ္ခု ျဖစ္လာခဲ့ေခ်ၿပီ။ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီးေနာက္ ႏွလုံးသားထဲမွ ခံစားခ်က္မ်ားကို မည္သို႔မည္ပုံေျဖသိမ့္ရမွန္း သူ လုံးဝမမွိတ္မိေတာ့ပါေခ်။
သူကိုယ္တိုင္ကလည္း မေျဖသိမ့္ခ်င္ခဲ့ေပ။ နာက်င္မႈျဖစ္ေစ၊ ဝမ္းနည္းအားငယ္မႈျဖစ္ေစ၊ ‘အားယြင္’ သူ႔ကိုေပးခဲ့သည့္ အရာမ်ားသာ။ ၾကင္နာတတ္ျခင္းႏွင့္ နက္ရႈိင္းစြာေသာ ခ်စ္ျခင္းတရားတို႔ ေရာယွက္ေနေသာအခါ ဘယ္အရာက ဘာမွန္း ကြၽင္းေမာ့ပင္ မခြဲျခားႏိုင္ေတာ့ေပ။ သို႔ေသာ္ ကိစၥမရွိ၊ မည္မွ်နာက်င္ရပါေစ မွတ္ဉာဏ္မ်ားဟာ အမွန္တကယ္ ျဖစ္ပ်က္ခဲ့ျခင္း၏ သက္ေသတစ္ခု ျဖစ္လာခဲ့ေတာ့သည္။
အခ်ိန္မ်ားစြာ တေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာသည္ႏွင့္အမွ် ကြၽင္းေမာ့သည္ ခ်စ္ျခင္းတရားတို႔ ထုံမႊန္းခဲ့ေသာ ႏွစ္အနည္းငယ္ေလးကို မိနစ္တိုင္း၊ စကၠန႔္တိုင္း အတိုင္းအဆမရွိ ခ်ဲ႕ထြင္လာမိရင္း ထိုအရာမ်ား အမွန္တကယ္ ျဖစ္ပ်က္ခဲ့ေၾကာင္း၊ အမွန္တကယ္ တည္ရွိခဲ့ဖူးေၾကာင္း သူ႔ကိုယ္သူ ျပန္ေျပာျပေနမိသည္။
ၿပီးေတာ့ သူ႔ရဲ႕ ‘အားယြင္’သည္လည္း သူႏွင့္ အသစ္တဖန္ ျပန္လည္စတင္ရန္ တစ္ေန႔ ျပန္လာေပလိမ့္မည္။
ျခဴးမုယြင္၏ရင္ထဲမွ ခံစားခ်က္မ်ားကား ေဖာ္ျပ၍မရႏိုင္ေအာင္ပင္။
Zero ေလးမွာ ငိုရလြန္း၍ သတိလစ္လုမတတ္။
ကြၽင္းေမာ့လည္း ျခဴးမုယြင္ကို ဖက္တြယ္ရင္း အိပ္ေပ်ာ္သြားေလၿပီ။
တကယ့္ကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္ေမာက်သြားခဲ့သည္။ ထိုအမ်ိဳးသားေလးဟာ ဤသို႔ေအးခဲေနေသာ ေနရာတစ္ခုတြင္ အသက္မဲ့ေနေသာ အေလာင္းခႏၶာကိုယ္အား ေပြ႕ဖက္လ်က္၊ သို႔တိုင္ တစ္ေလာကလုံးကို အပိုင္ရထားသကဲ့သို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္စက္ႏိုင္ခဲ့ေလသည္။
သူ အိပ္ေပ်ာ္သြားမွန္း သတိျပဳမိလိုက္သည္ႏွင့္ ျခဴးမုယြင္က မသိမသာ လႈပ္ရွားလိုက္ရင္း မ်က္လုံးဖြင့္ၾကည့္လိုက္သည္။
အျမင္အာ႐ုံထဲ ေပၚထြက္လာေသာ လူငယ္ေလးသည္ ယခင္အတိုင္း ႏုနယ္ပ်ိဳပ်စ္ကာ ေခ်ာေမာခန႔္ညားဆဲ။ ေငြေရာင္ဆံႏြယ္မ်ားက ေရခဲေက်ာက္ျဖာေပၚတြင္ လေရာင္သဖြယ္ ျဖာက်ေနၿပီး ဆံႏြယ္မွ်င္ေလးမ်ားက ဤလူသား၏ ႏွလုံးသားကို ပိတ္ေလွာင္ထားေသာ ကြန္ရက္ႀကီးသဖြယ္ သူ႔ဘဝတစ္ေလွ်ာက္လုံး ႐ုန္းထြက္ႏိုင္ေတာ့မည္မဟုတ္ေပ။
ျခဴးမုယြင္က လက္ေခ်ာင္းေလးမ်ားျဖင့္ ကြၽင္းေမာ့ကို အသာထိေတြ႕လိုက္သည္။
ထိုအခိုက္ ေငြေရာင္ဆံႏြယ္ရွင္ေလးသည္ ႐ုတ္ခ်ည္း မ်က္လုံးပြင့္လာၿပီး ႏွစ္ေယာက္သား တစ္ဦးကိုတစ္ဦး အၾကည့္ခ်င္းစုံလ်က္…
ျခဴးမုယြင္တစ္ေယာက္ လန႔္ျဖန႔္သြားေတာ့သည္။
…………………………………………
TN : ဒီ Arc ၿပီးၿပီဆိုေတာ့ ေနာက္ဆုံး ဆ်ာျခဴးရဲ႕ ပတ္ေျပးခန္းမလာခင္ တစ္ရက္၊ ႏွစ္ရက္၊ သုံးရက္၊ ေလးငါးရက္၊ တစ္ပတ္နားမယ္ေနာ္ ဟီး။
စိတ္ပါရင္ေတာ့ အစကေနျပန္ဖတ္ၾကည့္ဖို႔ recommend ေပးခ်င္ပါတယ္။ အရင္က နားမလည္ခဲ့တာေတြ ထင္းခနဲလင္းခနဲ ျမင္သာလာမွာ။ See you next week
Click ၾကဦးေနာ္ 💜
…………………………………………