{Unicode}
သူမကို ချက်ချင်းလာဖို့ ပြောထားပေမဲ့ သူမ လေ့ကျင့်ရေးဝတ်စုံပြည့်နဲ့ ရောက်လာဖို့တော့ လုခ် လိုလားမည်မထင်ပေ။ စီရီရာ သူမအခန်းဆီ သက်ပြင်းမောတချက်နဲ့အတူ တက်လာသည်။ ဆက်ခံသူ နယ်စားလေးက ဘယ်လိုများ သူမရဲ့ ကြွက်သားတွေ ဖြေလျော့ဖို့ နည်းလမ်းကို သင်ပေးမှာလဲ? တခြားအကြောင်းရင်းများ ရှိနေမလား သူမတွေးမိလိုက်သည်။
စီရီရာက သူမအစ်ကို အိုင်ယန် နေရာ ဝင်သရုပ်ဆောင်နေခြင်းဖြစ်သည်။ ယောကျာ်းတစ်ယောက်အနေနဲ့ သိထားတဲ့ သူမသာ နယ်စားလေးရဲ့ အခန်းကို သွားဖို့ ငြင်းဆန်နေရင် သံသယဝင်စရာ ကောင်းပေလိမ့်မည်။
[တခုခုကို သတိထားမိသွားတာတော့ မဟုတ်ဘူးမလား? မဖြစ်နိုင်ဘူး... ငါတော့ မထင်ဘူး]
စီရီရာ သူမရဲ့ ဝတ်စုံကို ခပ်မြန်မြန်ချွတ်ကာ အခန်းထဲက ထွက်လာသည်။ ချပ်ဝတ်တန်ဆာကို ဒီတိုင်း ထားမည့်အစား ပွတ်တိုက်သင့်ပေမဲ့ လုခ်ကို ဒီထက်ပိုစောင့်ခိုင်းလို့ မဖြစ်ပေ။ စီရီရာက လေ့ကျင့်ရေးကို နေ့စဉ်နေ့တိုင်း အချိန်မှန်ပြီးဆုံးတာမို့ လုခ်က သူမကို စောင့်နေလေပြီ။
အစေခံတစ်ယောက်ရဲ့ အကူအညီဖြင့် စီရီရာ လုခ့်အခန်းရှေ့ ရောက်လာသည်။ သူမ တံခါးကို ဂရုတစိုက် ခေါက်လိုက်သည်။
ဒေါက် ဒေါက်...
"...ဝင်လာပါ"
စီရီရာ ဝင်လာတာနဲ့ ပြတင်းပေါက်ဘေး ထိုင်နေတဲ့ လုခ်က စာအုပ်ကို ချကာ ထလာသည်။
"ခင်များ ရောက်လာပြီ"
"လေ့ကျင့်ရေး ပြီးတာနဲ့ ကျွန်ုပ် ချက်ချင်းလာခဲ့တာ... တကိုယ်လုံး ချွေးနံ့တွေ နံနေတာ... အရင် သန့်ရှင်းရေး လုပ်ရင် အဆင်ပြေမလား?"
လုခ် ဘာမှ မဖြေပဲ စီရီရာ့ကို ကြည့်လိုက်သည်။ ချွေးစိုနေတဲ့ ဆံနွယ်တွေ သူမအသားပေါ် ကပ်ငြိနေပုံက သူ့မျက်လုံးထဲ ထူးဆန်းစွာ ဆွဲဆောင်မှု ရှိနေလေသည်။
"အရေးမကြီးဘူး၊ ခဏဆို ပြီးသွားမှာပဲ၊ ဒီကို လာထိုင်"
လုခ်က ကြမ်းပေါ်က ကောဇောဆီ လက်ညိုးညွှန်လိုက်သည်။ ကုတင်ပေါ် ထိုင်ဖို့ အမိန့်မပေးတာအတွက် စီရီရာ စိတ်သက်သာရာ ရသွားသည်။
ခိုင်းတဲ့အတိုင်း သူမ အခန်းအလည်ဆီ လျှောက်သွားကာ ကောဇောပေါ် ထိုင်ချလိုက်သည်။ လုခ် အနားကပ်လာကာ စီရီရာ့ဘေး ထိုင်ချလိုက်တော့ သူမက သူ့ကို သတိအနေအထားနဲ့ ကြည့်လာသည်။
"ခင်များက ချပ်ဝတ်တန်ဆာနဲ့ နေ့တိုင်း လေ့ကျင့်နေတော့ သေချာပေါက် ပွန်းရာတွေ ရှိမှာပဲ ဟုတ်လား?"
"အာ... ကျွန်ုပ် ရေနွေးနွေးနဲ့ စိမ်လိုက်ရင် မြန်မြန်ပျောက်သွားမှာ! စိတ်ပူစရာ မလိုပါဘူး!"
သူ သူမအတွက် ကုသသူ ခေါ်ပေးမှာ စိုးတာမို့ စီရီရာ ခပ်မြန်မြန် ဖြေလိုက်သည်။ ကုသသူသာ ရောက်လာပြီး သူမအဝတ်တွေ ချွတ်ခိုင်းရင် သူမရဲ့ သရုပ်မှန် ပေါ်သွားပေမည်။
"တကယ်လား?"
လုခ်က စီရီရာ့လက်မောင်းကို ဆန့်တန်းကာ အကြောထုံးလေ့ရှိတဲ့ ကြွက်သားနေရာကို ပွတ်သပ်လိုက်သည်။ စီရီရာ နာကျင်မှုကြောင့် နောက်တွန့်သွားတော့ လုခ် အားနည်းနည်းလျှော့လိုက်သည်။
"ခင်များမှာ ကြွက်သားတွေတင်းပြီး အကြောထုံးတာတွေ များနေပြီ"
"ဒါ အကြောထုံးတာမဟုတ်ဘူး၊ ဒါက ကြွက်သားတွေ၊ လက်မောင်းအားကောင်း....အားး!"
အကြောထုံးရာနေရာကို အားစိုက်ကာ နှိပ်လိုက်တာမို့ သူမပါးစပ်ကနေ အော်သံတချို့ ထွက်ကျလာသည်။ လုခ် ပြုံးလိုက်ကာ နာကျင်မှုကြောင့် မျက်ရည်ဝဲနေတဲ့ စီရီရာ့လက်မောင်းကို ဖြေးဖြေးသာသာ လွှတ်လိုက်သည်။
"အကြောထုံးတာ မဟုတ်တာအတွက် အရမ်းနာ မနေဘူးလား?"
"အာ့... ကျွန်...ကျွန်ုပ်က အံ့အားသင့်သွားရုံပဲ... ကိုက်ခဲနေတာမို့လို့...ဟွတ်..."
သူမအကြောထုံးရာနေရာကို သူ အားနဲ့ ဖိလိုက်တိုင်း စီရီရာ့လေသံက ပိုမြင့်တက်လာသည်။ လုခ် ရယ်မောကာ သူမဘယ်လက်ကို လွှတ်ပေးလိုက်ပြီးနောက် ညာလက်ဆီ ကူးပြောင်းလိုက်သည်။
သုံးနေကျလက်တွင်တော့ အကြောထုံးရာ သိပ်မရှိချေ။
(T/N: အကြောလျှော့တာကို သိပ်တော့ မရှင်းဘူး၊ မှားတာရှိရင် ပြောပေးနော်။)
"အာ့... ခင်များ လုပ်ပေးစရာမလို...ဟမ်း..."
"ခင်များမှာ အစေခံမရှိတော့ ခန္ဓာကိုယ်ကို မစောင့်ရှောက်နိုင်တော့ဘူးလား? တော်ဝင်မျိုးနွယ်ရဲ့ သားတစ်ယောက်အနေနဲ့ ကျွန်တော့်အစေခံတွေကို လုပ်ခိုင်းနေကျ... အစေခံရဲ့ ခစားမှု မလိုဘူးလို့ ထင်နေတုန်းလား?"
"အင်း... အမ်... အာ့! အဟွတ်..."
စီရီရာ့ခန္ဓာကိုယ်က တောင့်တင်းကာ ခံနိုင်ရည်ရှိပြီး သာမန် မိန်းကလေးတွေရဲ့ နူးညံ့ကာ ပျော့နွဲ့သော ခန္ဓာကိုယ်တွေနဲ့ မတူ ကွဲပြားသည်။ သို့သော် မျှော်လင့်ထားသလိုပင် ယောကျာ်းတစ်ယောက် ခန္ဓာကိုယ်တောင့်တင်းပုံနဲ့ မတူတာမို့ လုခ်ပို၍ပင် သင်္ကာမကင်းဖြစ်လာသည်။
"အခု ကျွန်တော် ခင်များခြေထောက်တွေကို လုပ်ပေးမယ်"
"ဟင်... မလိုဘူး! ခြေထောက်အတွက်မလိုဘူး!"
လုခ် ခပ်ဖြေးဖြေး အနောက်ဆုတ်လိုက်သည်။ မြို့စားက အမျိုးသမီးတစ်ယောက်ဖြစ်မှန်း သိပြီးတဲ့နောက် သူမခြေထောက်တွေကို အတင်းဓမ္မ ထိတွေ့လို့ မရပေ။
"ဒါဆို အခု... မြို့တော်ထိ လာပြီး ဘာလို့ ယောကျာ်းတစ်ယောက်လို ဟန်ဆောင်နေတယ်ဆိုတဲ့ အကြောင်းရင်းကို ပြောပါလား? လေဒီ စီရီရာ ဟက်စတီးရား?"
လုခ်စကားကြောင့် စီရီရာ့မျက်နှာ ဖြူဖျော့သွားသည်။
"ခင်..ခင်များ ဘာပြောနေတာလဲ..."
"မဟုတ်ရင် အပေါ်ဝတ်အကျီကို ချွတ်ပြမလား? ကျွန်တော်အမှားလုပ်မိရင် တောင်းပန်ပါတယ်"
"..........."
ဖြူဖျော့သွားတဲ့ စီရီရာက သူမရှပ်အကျီအရှေ့ဘက်ကို ဆုပ်ကိုင်ကာ မျက်လွှာချလိုက်သည်။ ဒီအပြုအမူကပင် လုံလောက်တဲ့ သက်သေ ဖြစ်ခဲ့လေပြီ။
လုခ် သက်ပြင်းမောတချက်ချလိုက်သည်။ ဒါကို သိဖို့ လွယ်ကူလှပေမဲ့ သူ့အတွင်းစိတ်ထဲ ပူလောင်လာပြီး သနားစရာလူလို ခံစားလိုက်ရသည်။
"ကံကောင်းလို့ ကျွန်တော်နဲ့ ဧကရီပဲ သတိထားမိတာ၊ မင်း ဘာလို့ ဒီလိုလုပ်ရလဲ ကျွန်တော်မသိပေမဲ့... အရှင်မင်းကြီးရှေ့ ယောကျာ်းတစ်ယောက်လို ဝတ်စားခဲ့တာမို့ တချိန် မင်းသရုပ်မှန်သာ ပေါ်သွားရင် ပြဿနာကြီးဖြစ်လာလိမ့်မယ်"
"ဧကရီက ကျွန်မအပေါ် စိတ်ပျက်သွားပြီလား?"
ဒီတကြိမ်မေးသံက အမျိုးသမီးတစ်ယောက်အသံဖြစ်ကာ စီရီရာ့ရဲ့ တမင်လုပ်ယူထားတဲ့ ခပ်ဩဩအသံမဟုတ်တော့။ သူ့ကျောရိုးတလျှောက် ကြက်သီးထသွားပြီး လုခ် သူမအကြည့်ကို ရှောင်ဖယ်လိုက်သည်။
"ဧကရီက စိတ်မပျက်ပါဘူး
ထိုအစား စီရီရာ့အကြောင်းသာ ပေါ်သွားရင် သူ စီရီရာ့အပေါ် ဒေါသထွက်မည်ကိုသာ စိတ်ပူနေဟန်ရသည်။
"ကျွန်မ တောင်းပန်ပါတယ်! ဒုက္ခပေးဖို့ မရည်ရွယ်ပါဘူး! မြို့တော်က လာတဲ့ သူရဲကောင်းတွေက ကျွန်မကို လုံးဝ သတိမထားမိတော့...."
သူမ အိုင်ယန့်အဝတ်တွေ ချွတ်ကာ မေ့လဲသွားတဲ့ သူမအစ်ကိုကို ကယ်တင်ဖို့ သူမအဝတ်တွေ ဝတ်ပေးခဲ့တဲ့ ဇာတ်ကြောင်းကို စီရီရာ ပြောပြလာသည်။ သူတို့ ဦးလေး စေလွှတ်လိုက်တဲ့ လူသတ်သမားတွေကို သူမ တိုက်ထုတ်ခဲ့ချိန်တွင် ဆာဂဲရက်နဲ့ သူ့အနောက်လိုက်တွေ အချိန်မှီရောက်လာကာ သူတို့ကို ကယ်တင်ခဲ့သည်။ ထိုမျှသာမက စီရီရာ ယောကျာ်းဟန်ဆောင်ထားမှန်းလဲ သူတို့ မရိပ်မိခဲ့ပေ...
****
{Zawgyi}
သူမကို ခ်က္ခ်င္းလာဖို႔ ေျပာထားေပမဲ့ သူမ ေလ့က်င့္ေရးဝတ္စုံျပည့္နဲ႔ ေရာက္လာဖို႔ေတာ့ လုခ္ လိုလားမည္မထင္ေပ။ စီရီရာ သူမအခန္းဆီ သက္ျပင္းေမာတခ်က္နဲ႔အတူ တက္လာသည္။ ဆက္ခံသူ နယ္စားေလးက ဘယ္လိုမ်ား သူမရဲ့ ႂကြက္သားေတြ ေျဖေလ်ာ့ဖို႔ နည္းလမ္းကို သင္ေပးမွာလဲ? တျခားအေၾကာင္းရင္းမ်ား ရွိေနမလား သူမေတြးမိလိုက္သည္။
စီရီရာက သူမအစ္ကို အိုင္ယန္ ေနရာ ဝင္သ႐ုပ္ေဆာင္ေနျခင္းျဖစ္သည္။ ေယာက်ာ္းတစ္ေယာက္အေနနဲ႔ သိထားတဲ့ သူမသာ နယ္စားေလးရဲ့ အခန္းကို သြားဖို႔ ျငင္းဆန္ေနရင္ သံသယဝင္စရာ ေကာင္းေပလိမ့္မည္။
[တခုခုကို သတိထားမိသြားတာေတာ့ မဟုတ္ဘူးမလား? မျဖစ္နိုင္ဘူး... ငါေတာ့ မထင္ဘူး]
စီရီရာ သူမရဲ့ ဝတ္စုံကို ခပ္ျမန္ျမန္ခၽြတ္ကာ အခန္းထဲက ထြက္လာသည္။ ခ်ပ္ဝတ္တန္ဆာကို ဒီတိုင္း ထားမည့္အစား ပြတ္တိုက္သင့္ေပမဲ့ လုခ္ကို ဒီထက္ပိုေစာင့္ခိုင္းလို႔ မျဖစ္ေပ။ စီရီရာက ေလ့က်င့္ေရးကို ေန႔စဥ္ေန႔တိုင္း အခ်ိန္မွန္ၿပီးဆုံးတာမို႔ လုခ္က သူမကို ေစာင့္ေနေလၿပီ။
အေစခံတစ္ေယာက္ရဲ့ အကူအညီျဖင့္ စီရီရာ လုခ့္အခန္းေရွ႕ ေရာက္လာသည္။ သူမ တံခါးကို ဂ႐ုတစိုက္ ေခါက္လိုက္သည္။
ေဒါက္ ေဒါက္...
"...ဝင္လာပါ"
စီရီရာ ဝင္လာတာနဲ႔ ျပတင္းေပါက္ေဘး ထိုင္ေနတဲ့ လုခ္က စာအုပ္ကို ခ်ကာ ထလာသည္။
"ခင္မ်ား ေရာက္လာၿပီ"
"ေလ့က်င့္ေရး ၿပီးတာနဲ႔ ကၽြန္ုပ္ ခ်က္ခ်င္းလာခဲ့တာ... တကိုယ္လုံး ေခၽြးနံ႔ေတြ နံေနတာ... အရင္ သန့္ရွင္းေရး လုပ္ရင္ အဆင္ေျပမလား?"
လုခ္ ဘာမွ မေျဖပဲ စီရီရာ့ကို ၾကည့္လိုက္သည္။ ေခၽြးစိုေနတဲ့ ဆံႏြယ္ေတြ သူမအသားေပၚ ကပ္ၿငိေနပုံက သူ႔မ်က္လုံးထဲ ထူးဆန္းစြာ ဆြဲေဆာင္မွု ရွိေနေလသည္။
"အေရးမႀကီးဘူး၊ ခဏဆို ၿပီးသြားမွာပဲ၊ ဒီကို လာထိုင္"
လုခ္က ၾကမ္းေပၚက ေကာေဇာဆီ လက္ညိဳးညႊန္လိုက္သည္။ ကုတင္ေပၚ ထိုင္ဖို႔ အမိန့္မေပးတာအတြက္ စီရီရာ စိတ္သက္သာရာ ရသြားသည္။
ခိုင္းတဲ့အတိုင္း သူမ အခန္းအလည္ဆီ ေလၽွာက္သြားကာ ေကာေဇာေပၚ ထိုင္ခ်လိုက္သည္။ လုခ္ အနားကပ္လာကာ စီရီရာ့ေဘး ထိုင္ခ်လိုက္ေတာ့ သူမက သူ႔ကို သတိအေနအထားနဲ႔ ၾကည့္လာသည္။
"ခင္မ်ားက ခ်ပ္ဝတ္တန္ဆာနဲ႔ ေန႔တိုင္း ေလ့က်င့္ေနေတာ့ ေသခ်ာေပါက္ ပြန္းရာေတြ ရွိမွာပဲ ဟုတ္လား?"
"အာ... ကၽြန္ုပ္ ေရေႏြးေႏြးနဲ႔ စိမ္လိုက္ရင္ ျမန္ျမန္ေပ်ာက္သြားမွာ! စိတ္ပူစရာ မလိုပါဘူး!"
သူ သူမအတြက္ ကုသသူ ေခၚေပးမွာ စိုးတာမို႔ စီရီရာ ခပ္ျမန္ျမန္ ေျဖလိုက္သည္။ ကုသသူသာ ေရာက္လာၿပီး သူမအဝတ္ေတြ ခၽြတ္ခိုင္းရင္ သူမရဲ့ သ႐ုပ္မွန္ ေပၚသြားေပမည္။
"တကယ္လား?"
လုခ္က စီရီရာ့လက္ေမာင္းကို ဆန့္တန္းကာ အေၾကာထုံးေလ့ရွိတဲ့ ႂကြက္သားေနရာကို ပြတ္သပ္လိုက္သည္။ စီရီရာ နာက်င္မွုေၾကာင့္ ေနာက္တြန့္သြားေတာ့ လုခ္ အားနည္းနည္းေလၽွာ့လိုက္သည္။
"ခင္မ်ားမွာ ႂကြက္သားေတြတင္းၿပီး အေၾကာထုံးတာေတြ မ်ားေနၿပီ"
"ဒါ အေၾကာထုံးတာမဟုတ္ဘူး၊ ဒါက ႂကြက္သားေတြ၊ လက္ေမာင္းအားေကာင္း....အားး!"
အေၾကာထုံးရာေနရာကို အားစိုက္ကာ ႏွိပ္လိုက္တာမို႔ သူမပါးစပ္ကေန ေအာ္သံတခ်ိဳ႕ ထြက္က်လာသည္။ လုခ္ ျပဳံးလိုက္ကာ နာက်င္မွုေၾကာင့္ မ်က္ရည္ဝဲေနတဲ့ စီရီရာ့လက္ေမာင္းကို ေျဖးေျဖးသာသာ လႊတ္လိုက္သည္။
"အေၾကာထုံးတာ မဟုတ္တာအတြက္ အရမ္းနာ မေနဘူးလား?"
"အာ့... ကၽြန္...ကၽြန္ုပ္က အံ့အားသင့္သြား႐ုံပဲ... ကိုက္ခဲေနတာမို႔လို႔...ဟြတ္..."
သူမအေၾကာထုံးရာေနရာကို သူ အားနဲ႔ ဖိလိုက္တိုင္း စီရီရာ့ေလသံက ပိုျမင့္တက္လာသည္။ လုခ္ ရယ္ေမာကာ သူမဘယ္လက္ကို လႊတ္ေပးလိုက္ၿပီးေနာက္ ညာလက္ဆီ ကူးေျပာင္းလိုက္သည္။
သုံးေနက်လက္တြင္ေတာ့ အေၾကာထုံးရာ သိပ္မရွိေခ်။
(T/N: အေၾကာေလၽွာ့တာကို သိပ္ေတာ့ မရွင္းဘူး၊ မွားတာရွိရင္ ေျပာေပးေနာ္။)
"အာ့... ခင္မ်ား လုပ္ေပးစရာမလို...ဟမ္း..."
"ခင္မ်ားမွာ အေစခံမရွိေတာ့ ခႏၶာကိုယ္ကို မေစာင့္ေရွာက္နိုင္ေတာ့ဘူးလား? ေတာ္ဝင္မ်ိဳးႏြယ္ရဲ့ သားတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ့္အေစခံေတြကို လုပ္ခိုင္းေနက်... အေစခံရဲ့ ခစားမွု မလိုဘူးလို႔ ထင္ေနတုန္းလား?"
"အင္း... အမ္... အာ့! အဟြတ္..."
စီရီရာ့ခႏၶာကိုယ္က ေတာင့္တင္းကာ ခံနိုင္ရည္ရွိၿပီး သာမန္ မိန္းကေလးေတြရဲ့ ႏူးညံ့ကာ ေပ်ာ့ႏြဲ႕ေသာ ခႏၶာကိုယ္ေတြနဲ႔ မတူ ကြဲျပားသည္။ သို႔ေသာ္ ေမၽွာ္လင့္ထားသလိုပင္ ေယာက်ာ္းတစ္ေယာက္ ခႏၶာကိုယ္ေတာင့္တင္းပုံနဲ႔ မတူတာမို႔ လုခ္ပို၍ပင္ သကၤာမကင္းျဖစ္လာသည္။
"အခု ကၽြန္ေတာ္ ခင္မ်ားေျခေထာက္ေတြကို လုပ္ေပးမယ္"
"ဟင္... မလိုဘူး! ေျခေထာက္အတြက္မလိုဘူး!"
လုခ္ ခပ္ေျဖးေျဖး အေနာက္ဆုတ္လိုက္သည္။ ၿမိဳ႕စားက အမ်ိဳးသမီးတစ္ေယာက္ျဖစ္မွန္း သိၿပီးတဲ့ေနာက္ သူမေျခေထာက္ေတြကို အတင္းဓမၼ ထိေတြ႕လို႔ မရေပ။
"ဒါဆို အခု... ၿမိဳ႕ေတာ္ထိ လာၿပီး ဘာလို႔ ေယာက်ာ္းတစ္ေယာက္လို ဟန္ေဆာင္ေနတယ္ဆိုတဲ့ အေၾကာင္းရင္းကို ေျပာပါလား? ေလဒီ စီရီရာ ဟက္စတီးရား?"
လုခ္စကားေၾကာင့္ စီရီရာ့မ်က္ႏွာ ျဖဴေဖ်ာ့သြားသည္။
"ခင္..ခင္မ်ား ဘာေျပာေနတာလဲ..."
"မဟုတ္ရင္ အေပၚဝတ္အက်ီကို ခၽြတ္ျပမလား? ကၽြန္ေတာ္အမွားလုပ္မိရင္ ေတာင္းပန္ပါတယ္"
"..........."
ျဖဴေဖ်ာ့သြားတဲ့ စီရီရာက သူမရွပ္အက်ီအေရွ႕ဘက္ကို ဆုပ္ကိုင္ကာ မ်က္လႊာခ်လိုက္သည္။ ဒီအျပဳအမူကပင္ လုံေလာက္တဲ့ သက္ေသ ျဖစ္ခဲ့ေလၿပီ။
လုခ္ သက္ျပင္းေမာတခ်က္ခ်လိုက္သည္။ ဒါကို သိဖို႔ လြယ္ကူလွေပမဲ့ သူ႔အတြင္းစိတ္ထဲ ပူေလာင္လာၿပီး သနားစရာလူလို ခံစားလိုက္ရသည္။
"ကံေကာင္းလို႔ ကၽြန္ေတာ္နဲ႔ ဧကရီပဲ သတိထားမိတာ၊ မင္း ဘာလို႔ ဒီလိုလုပ္ရလဲ ကၽြန္ေတာ္မသိေပမဲ့... အရွင္မင္းႀကီးေရွ႕ ေယာက်ာ္းတစ္ေယာက္လို ဝတ္စားခဲ့တာမို႔ တခ်ိန္ မင္းသ႐ုပ္မွန္သာ ေပၚသြားရင္ ျပႆနာႀကီးျဖစ္လာလိမ့္မယ္"
"ဧကရီက ကၽြန္မအေပၚ စိတ္ပ်က္သြားၿပီလား?"
ဒီတႀကိမ္ေမးသံက အမ်ိဳးသမီးတစ္ေယာက္အသံျဖစ္ကာ စီရီရာ့ရဲ့ တမင္လုပ္ယူထားတဲ့ ခပ္ဩဩအသံမဟုတ္ေတာ့။ သူ႔ေက်ာရိုးတေလၽွာက္ ၾကက္သီးထသြားၿပီး လုခ္ သူမအၾကည့္ကို ေရွာင္ဖယ္လိုက္သည္။
"ဧကရီက စိတ္မပ်က္ပါဘူး
ထိုအစား စီရီရာ့အေၾကာင္းသာ ေပၚသြားရင္ သူ စီရီရာ့အေပၚ ေဒါသထြက္မည္ကိုသာ စိတ္ပူေနဟန္ရသည္။
"ကၽြန္မ ေတာင္းပန္ပါတယ္! ဒုကၡေပးဖို႔ မရည္ရြယ္ပါဘူး! ၿမိဳ႕ေတာ္က လာတဲ့ သူရဲေကာင္းေတြက ကၽြန္မကို လုံးဝ သတိမထားမိေတာ့...."
သူမ အိုင္ယန့္အဝတ္ေတြ ခၽြတ္ကာ ေမ့လဲသြားတဲ့ သူမအစ္ကိုကို ကယ္တင္ဖို႔ သူမအဝတ္ေတြ ဝတ္ေပးခဲ့တဲ့ ဇာတ္ေၾကာင္းကို စီရီရာ ေျပာျပလာသည္။ သူတို႔ ဦးေလး ေစလႊတ္လိုက္တဲ့ လူသတ္သမားေတြကို သူမ တိုက္ထုတ္ခဲ့ခ်ိန္တြင္ ဆာဂဲရက္နဲ႔ သူ႔အေနာက္လိုက္ေတြ အခ်ိန္မွီေရာက္လာကာ သူတို႔ကို ကယ္တင္ခဲ့သည္။ ထိုမၽွသာမက စီရီရာ ေယာက်ာ္းဟန္ေဆာင္ထားမွန္းလဲ သူတို႔ မရိပ္မိခဲ့ေပ...
****