အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

נכתב על ידי Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... עוד

Characters' Info
188
189
190
191
192
193
194
195
196
197
198
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

199

2.3K 477 23
נכתב על ידי Melinoe_Megami

Unicode

ချော့မခိုင်းရင်တောင် မင်းက အားသွန်ခွန်စိုက် လုပ်ပေးဦးမှာပဲမဟုတ်ဘူးလား..? အမှိုက်ကောင်..!

ဒါပေါ့။ ဆရာခြူးက ထုတ်ပြောမည်မဟုတ်။

ယဲ့ကျန့်ဟန်သည် ခြူးမုယွင်အား မှောက်လိုက်၊ လှန်လိုက် လုပ်နေရသည်ကို သဘောခွေ့နေလေ၏။ စိတ်မပါသော်ငြား မလွန်ဆန်နိုင် ဖြစ်နေပုံလေးကို သူ နှစ်သက်သည်။ နောက်ဆုံး ရမ္မက်စိတ်၏ လှည့်ဖျားမှုအောက် နှစ်မွန်းသွားပုံလေးကိုလည်း သဘောကျနေမိသည်။

သို့တိုင် ယဲ့ကျန့်ဟန်သည် ခြူးမုယွင်က ကျွင်းမော့နှင့် လင်းရွှမ်တို့ကို မည်သို့မည်ပုံ လှည့်စားအသုံးချနေမှန်း ကောင်းကောင်း သိထားသည်။ ရှဲ့ချင်းလန်နှင့် ရှန်ရွှိန်ယန်းတို့ကိုလည်း အသုံးချခဲ့တာ ဖြစ်နိုင်သည်။ သူက တစ်ယောက်ချင်းစီအပေါ် ရူးရူးမူးမူး ချစ်မြတ်နိုးလေဟန် ပြုမူခဲ့သော်ငြား တကယ်တမ်းမှာတော့ သူ၏ အသွေးထဲအသားထဲထိတိုင် ခံစားချက်မဲ့လှ၏။ ညှို့ဓာတ်ပြင်းစွာသော စိတ်ဝိဉာဉ်မျိုးရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ တွယ်ငြိခွင့်မပြုခဲ့ပေ။

ထိုအကြောင်းတွေးမိပြန်တော့ ယဲ့ကျန့်ဟန်မှာ အသည်းယားလာခဲ့သည်။ သိချင်စိတ်လည်း ပြင်းပြလာတော့သည်။ ‘ဒီလူသားလေး ဘာကိုလိုချင်နေတာလဲ၊ ရည်ရွယ်ချက်ပန်းတိုင်က ဘာလဲ၊ ဘာအတွက် ဒီလိုမျိုးတွေလုပ်နေတာလဲ..?’ စသည်ဖြင့် သိချင်လာတော့သည်။

စိတ်မကောင်းစရာကား ယဲ့ကျန့်ဟန်ခမျာ ယခုအချိန်ထိ ခြူးမုယွင်၏ နာမည်အမှန်ကို ချော့မမေးနိုင်သေးပေ။

ခြူးမုယွင်က သူ့ကို မျက်နှာသာပေးရန် ငြင်းပယ်နေလေသဖြင့် ယဲ့ကျန့်ဟန်မှာ စကားလုံးများဖြင့်သာ မထိတထိ စနောက်နေရတော့သည်။

“ကိုယ် ဘယ်တုန်းက မင်းရဲ့တူလေး ဖြစ်သွားတာလဲ..?”သူ၏ကိုယ်ပေါ်တွင် အဝတ်အစားရှိသေးသော်လည်း ခြူးမုယွင်ကိုတော့ တစ်စပင်မကျန်အောင် ချွတ်ပြီးချေပြီ။ “ဇိမ်ရှိရဲ့လား.. ဦးလေး..?”

ညစ်တီးညစ်ပတ်ပြောရင်း တစ်နေရာကို ခပ်ကြမ်းကြမ်း ဖိချေလိုက်သဖြင့် ခြူးမုယွင်မှာ ကော့တက်သွားပြီး တွန်းချိုးနေသော မျက်ခုံးတန်းများ ပြေလျော့သွားရသည်။ အေးတိအေးစက် မျက်ဝန်းနက်များနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ ပုံစံလေးသည် ပို၍ပင် စွဲမက်ဖွယ်ကောင်းနေတော့၏။ သို့တိုင် လေသံကတော့ အေးစက်ဆဲအေးစက်မြဲ။ “ခင်ဗျား လုပ်စရာရှိတာ… အာ့..” အဆုံးသတ်စကားသံက မြင့်တက်သွားပြီး ဒေါသထွက်နေသည်နှင့်မတူဘဲ ညုတုတုလေသံနှင့်ပင် ပိုတူသွားတော့သည်။

ယဲ့ကျန့်ဟန်က ပြုံးကာ.. : “ဒီလိုရမ္မက်ကြီးတဲ့ ဦးလေးတစ်ယောက်ရထားတာ ကိုယ် အရမ်းကံကောင်းတာပဲနော်..”

ယဲ့ကျန့်ဟန်က ‘ဦးလေး’ ဟူသော အသုံးအနှုန်းဖြင့် အချိန်ကြာကြာ ကစားတော့မည်မှန်း ခြူးမုယွင် သိလိုက်သည်။ သူ၏ မျက်နှာထက်ဝယ် ရွံရှာစက်ဆုပ်သလို ပြုမူနေသော်လည်း စိတ်ထဲမှာတော့ မည်သည့်ခံစားချက်မျှမရှိ။

ယဲ့ကျန့်ဟန် သဘောကျမှတော့ သူလည်း ပါဝင်ကစားပေးရမှာပေါ့။ အဆုံးသတ်ထိ ဘယ်သူတောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့..!

ထောင့်သုံးထောင့် မီးလင်းနေပြီဖြစ်သော ပုံတူပန်းချီကားကို ကြည့်လျှင် ဘယ်သူက ဘယ်သူ့ကို ငြိတွယ်နေမှန်း သိသာနေတော့သည်။ သို့သော် ခြူးမုယွင်၏စိတ်ထဲ အနည်းငယ် နားမလည်နိုင်ဖြစ်နေဆဲ။

အစကတော့ ယဲ့ကျန့်ဟန်ကို ချစ်ကြိုးသွယ်ရန် အခက်ခဲဆုံးလူဟု ထင်ထားခဲ့၏။ သို့သော် ဘာကြောင့်ရယ်မသိ ထိုအမျိုးသားက အလွယ်ဆုံးတစ်ယောက် ဖြစ်လာခဲ့သည်။ ခြူးမုယွင်ဘက်မှ ‘ရိုးသားဖြူစင်’သယောင် သရုပ်မဆောင်ခဲ့ရသလို အချစ်ကစားပွဲလည်း မခင်းလိုက်ရပေ။ အကြိမ်အနည်းငယ် ချစ်တင်းနှောလိုက်ရုံဖြင့် ( ဟုတ်ပါပြီ.. အကြိမ်အနည်းငယ်ထက် ပိုတာပေါ့) ယဲ့ကျန့်ဟန်၏ ပုံတူပန်းချီကား မီးလင်းလာခဲ့သည်။

ဤအတိုင်းဆက်ဖြစ်နေလျှင် ရက်အနည်းငယ်အတွင်း ပုံတူပန်းချီတစ်ခုလုံး မီးလင်းသွားလိမ့်မည်။

‘လက်ထပ်ခွင့်’ ဟူသည်ကား အပေါ်ယံအယောင်ပြသာ။ အနှီလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ခြူးမုယွင် အဖြေရှာနိုင်ခဲ့သည်။ ပုံတူပန်းချီတစ်ခုလုံး မီးလင်းအောင် လုပ်နိုင်သရွေ့ ‘လက်ထပ်ကတိ’ကို ချော့မော့ပြီး ပြောခိုင်းလျှင်ပင် အကျုံးဝင်ပေလိမ့်မည်။

တကယ်တမ်း ဤမျှ ရိုးရှင်းပါမည်လော။

ခြူးမုယွင်၏စိတ်ထဲ တစ်ခုခုမှားယွင်းနေသလို တစ်ချိန်လုံး ခံစားနေခဲ့ရ၏။ ရှို့လော်နယ်မြေမှ ပြန်ထွက်လာပြီးကတည်းက ယဲ့ကျန့်ဟန်သည် ပုံမှန်မဟုတ်တော့ပေ။ ခြူးမုယွင်၏စိတ်ထဲ တစ်စုံတစ်ရာကို တွက်ဆမိသော်ငြား အနှီထင်မြင်ချက်က ယုတ္တိမရှိပြန်ပေ။

အဖြေမရှာနိုင်လျှင် ခန့်မှန်းနေစရာမလိုပေ။ မဟုတ်လျှင် လမ်းမှားရောက်သွားတတ်သည်။ ထို့ကြောင့် အမှန်ကန်ဆုံး နည်းလမ်းကား ရည်မှန်းချက်ပန်းတိုင်ကို ပုံဖော်လျက် စိတ်ထဲမှတ်သားကာ ရှေ့ဆက်လျှောက်လှမ်းရန်ပင်။ အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနိုင်သရွေ့ မမျှော်လင့်ထားသော ဖြစ်ရပ်များ ကြုံတွေ့လာရလျှင်ပင် အရှုံးမရှိတော့ချေ။

ခြူးမုယွင်၏ ရည်မှန်းချက်ကား ရှင်းလင်းပါ၏။ *လက်ထပ်ခွင့်တောင်းကာ ချစ်ကြိုးသွယ်ရမည့် Mission ကို အောင်အောင်မြင်မြင် လုပ်ဆောင်ရန်*ပင်။ ဤမျှရှင်းလင်းပေသည်။

ခြူးမုယွင်ခမျာ တစ်ညလုံး ယဲ့ကျန့်ဟန်နှင့် တက်တက်ကြွကြွ ငြင်းခုန်ခဲ့သော်ငြား မနက်မိုးလင်းသည်နှင့် စိတ်မကောင်း ဖြစ်ရပြန်သည်။ တခြားကြောင့်မဟုတ်၊ ယဲ့ရှောင်ဟန်အတွက် စိတ်မကောင်းဖြစ်နေခြင်းသာ။

ဒီကလေးက တကယ့်ကို စက္ကူဖြူလေးအတိုင်းပဲ။ ဘယ်လိုဖြစ်ပြီး ဝိဉာဉ်တစ်ခုတည်းမှာ ဆန့်ကျင်ဘက်ဉာဉ်နှစ်ခု ရှိနေရတာလဲ..?

တစ်ညလုံး သားရဲကြီးက ဆိုးရွားသောင်းကျန်းခဲ့သော်လည်း မနက်ရောက်သည်နှင့် ဤကောင်ငယ်လေးက ကိုယ့်ကိုယ်ကို အပြစ်မကင်းသလို ခံစားနေရရှာသည်။ သူ့ခမျာ ခြူးမုယွင်ကို ပြုစုပေးနေသော်ငြား မျက်နှာမော်မကြည့်ရဲတော့ပေ။

ခြူးမုယွင်လည်း အိပ်ရာပေါ်မှ တကယ့်ကို မထနိုင်တော့သဖြင့် သူ့အတွက် အလုပ်ရှုပ်နေသော ကောင်ငယ်လေးကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေရသည်။

“သိပ်ပြီးစိတ်မပူနေနဲ့နော်.. ငါ ခဏလောက် အနားယူလိုက်ဦးမယ်..”

အိုးပူပူကို ပဝါဖြင့် သယ်ဆောင်လာသော ကောင်ငယ်လေးခမျာ သိသိသာသာကို တောင့်ခဲသွားလေသည်။ ခေါင်းငုံ့သွားသဖြင့် သူ၏ မျက်ဝန်းများကို ခြူးမုယွင် မမြင်ရသော်ငြား နှုတ်ခမ်းများမှာမူ တင်းတင်းစေ့လျက်၊ ခေါင်းမာဟန်အပြည့်။ ဘာမှပြန်မပြောသော်လည်း ခြေလှမ်းမရပ်သွားပေ။

ပြောရမည်ဆိုလျှင် ယဲ့သမ့်သမ့်လေးသည် ငယ်ရွယ်သေးသလို သနားစရာကောင်းလှ၏။ အိမ်မှုကိစ္စဟူ၍ ဘာတစ်ခုမှ မလုပ်တတ်သေးပေ။ ထို့ကြောင့် မီးမွှေးကာ ဟင်းချက်သည်ကပင် သူ့အတွက် အတော်လေး ခက်ခဲနေတော့သည်။

သူက ကြိုးစားပမ်းစားဖြင့် မျက်နှာတစ်ပြင်လုံး အိုးမည်းများ ပေလူးနေသည်အထိ ဆန်ပြုတ်တစ်အိုး ရအောင်တည်လာပေးသည်။ သို့တိုင် ခြူးမုယွင် မြည်းကြည့်လိုက်ချိန်ဝယ်…

အမ်း… အဲ…. အစိမ်းကြီးပဲ ရှိ‌သေးတယ်။ အစိမ်းလည်း စားကောင်းပါတယ်လေ...!

ခြူးမုယွင်က ကောင်ငယ်လေးအတွက် စိတ်မကောင်းဖြစ်နေပြီး..

“အရသာရှိတယ်.. မင်းကို အလုပ်ရှုပ်စေပြီ..”

ယဲ့ရှောင်ဟန်က အကြည့်လွှဲကာ နောက်ဆုံးတော့ စကားပြောလာသည်။ : “ကျွန်တော် တောင်းပန်ပါတယ်..”

ခြူးမုယွင်က ပြုံးလိုက်ရင်း : “ဘာကြောင့် တောင်းပန်နေတာလဲ..?”

ယဲ့ရှောင်ဟန်က နှုတ်ခမ်းတင်းတင်းစေ့လျက် ဘာမှထပ်မပြောတော့ပေ။

ခြူးမုယွင်က သူ့ကို နှစ်သိမ့်ပေးသည်။ : “အဲ့လိုဖြစ်မနေပါနဲ့.. သူနဲ့ငါနဲ့က မိတ်ဆွေဟောင်းတွေ.. ပြီးတော့ သူ့အပေါ် အကြွေးတင်နေ‌တာ ရှိသေးတယ်.. အဲ့တာကြောင့် သူ ဘာအမှားမှ မလုပ်ခဲ့ဘူး..”

သူတို့နှစ်ဦးလုံး မည်သူ့ကိုရည်ညွှန်းနေမှန်း သိကြသည်။

နောက်ဆုံးတော့ ကောင်လေး ခေါင်းမော့လာခဲ့သည်။ ကြည်လဲ့သော မျက်ဝန်းများသည် ယခုတော့ နီရဲနေလေပြီး.. : “သူ ခင်များကို အတင်းအကြပ် ဖိအားပေးခဲ့တယ်.. ခင်ဗျား ဆန္ဒမပါတာ ကျွန်တော် သိတယ်.. ခင်ဗျား…..”

ခြူးမုယွင်က မျက်လွှာအသာချလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များ မသိမသာ ကော့တက်လာပြီး.. : “ဒီကိစ္စမှာ ဆန္ဒရှိတာ၊ မရှိတာဆိုပြီး မရှိပါဘူး..”

သို့သော် ယဲ့ကျန့်ဟန်အသေးစားလေးသည် အလွန်အမင်း ခေါင်းမာလွန်းလှသည်။ : “သူ ခင်ဗျားကို ဘာလို့ ဒီလိုမျိုးတွေ အနိုင်ကျင့်စော်ကားနေရတာလဲ..?!”

ခြူးမုယွင်က ကိုယ့်ကိုယ်ကို ရယ်မောလိုက်ရင်း.. : “ရှောင်ဟန်.. အဲ့လိုမတွေးပါနဲ့.. နောင်တစ်ချိန် မင်း သူ့ကို နားလည်လာလိမ့်မယ်..”

“နားမလည်ဘူး..!” ကောင်ငယ်လေးက မုန်းတီးမှုအပြည့်ဖြင့်.. “ကျွန်တော် သူ့ကို ဘယ်တော့မှ နားလည်လာမှာမဟုတ်ဘူး..!”

ခြူးမုယွင်က သက်ပြင်းချကာ ထိုအကြောင်း ဆက်မပြောတော့ပေ။ : “လူသားပုံစံ ဖြစ်သွားပြီဆိုတော့ ငါ မင်းကို ကျင့်ကြံနည်းတချို့ သင်ပေးမယ်လေ.. မကောင်းဘူးလား..?”

တကယ်တော့ ယဲ့ရှောင်ဟန်တွင် ယဲ့ကျန့်ဟန် ပေးထားသော၊ သူနှင့် အသင့်လျော်ဆုံး ကျင့်ကြံနည်းတစ်ခု ရှိနေပြီးသားပင်။ သို့သော် ယဲ့ရှောင်ဟန်က ‘ထိုလူယုတ်မာ’ ၏စကားကို နားထောင်ရန် ခေါင်းမာမာဖြင့် ငြင်းဆန်နေလေပြီး ဘယ်သောအခါမှ မကျင့်ကြံခဲ့ပေ။

ခြူးမုယွင်လည်း ထိုအကြောင်း သိနေသဖြင့် သူကိုယ်တိုင် သင်ပေးပါမည်ဟု အကြံပြုလိုက်ခြင်း ဖြစ်၏။

ယဲ့ရှောင်ဟန်က : “ခင်ဗျား နေမကောင်းသေးဘူးလေ.. များများ အနားယူသင့်တယ်..”

ခြူးမုယွင် : “ဒီအတိုင်းကြီး တစ်ချိန်လုံး လှဲနေရင် ပျင်းစရာကြီး.. တစ်ခုခုလုပ်နေမှ နေလို့ထိုင်လို့ကောင်းမှာပေါ့..”

ထို့ကြောင့် နေ့ခင်းနေ့လည် အလုပ်လုပ်စရာ လိုက်ရှာနေခြင်းပင်။

ညနေခင်းအချိန်.. ယဲ့ကျန့်ဟန်က သူ့ကို ရယ်ရယ်မောမောဖြင့် ပြောလာသည်။ : “ကိုယ်သာ ဝိဉာဉ်တစ်စိတ်တစ်ပိုင်း ချန်မထားခဲ့ဘူးဆိုရင် မင်း ကိုယ့်ကိုလည်း ချော့မော့အလိုလိုက်မှာလား..?”

ခြူးမုယွင်၏ နေ့ခင်းနေ့လည်အချိန် ယဲ့ရှောင်ဟန်အပေါ် အပြုအမူတိုင်းသည် လွန်စွာ သိမ်မွေ့နူးညံ့၏။ အလိုလိုက်သည်။ စိတ်ရှည်သည်းခံသည်။ ကောင်းစွာ သင်ကြားညွှန်ပြပေးသည်။ သူ၏ ခန္ဓာကိုယ်က အားနည်းနေသည့်တိုင် အပြောအဆိုနှင့် ကျင့်ကြံမှုက ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးရန် လုံလောက်ပေသည်။

‘သူ’အသေးစားလေးလည်း ဒီအမျိုးသားကို စွဲစွဲလမ်းလမ်းဖြစ်နေတာ မထူးဆန်းတော့ပါဘူး..!

ယဲ့ကျန့်ဟန်တစ်ယောက် ထိုသို့တွေးလိုက်မိရင်း ဘာကြောင့်ရယ်မသိ ထိုစကားလုံးများနှင့် ရင်းနှီးကျွမ်းဝင်နေသလို ခံစားလိုက်ရ၏။ ဟုတ်သည်၊ လက်ရှိ သူ၏ တခြားဝိဉာဉ်အစိတ်အပိုင်းသည် ကလေးငယ်ကဲ့သို့ ငယ်ရွယ်နေသော်ငြား သူ၏ ငယ်ဘဝအစစ်အမှန်ကိုတော့ ရှို့လော်နယ်မြေထဲမှာသာ ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် ဘယ်ကနေဘယ်လိုများ ဤသို့ ရင်းရင်းနှီးနှီး ခံစားနေရပါသနည်း။

ယဲ့ကျန့်ဟန်မှာ တစ်ခဏလောက် ငေးကြောင်နေခဲ့သည်။ သို့သော် တကယ့်ကို တစ်ခဏလေးသာ။

သူက ပြုံးလိုက်ရင်း ခြူးမုယွင်ကို ငေးကြည့်ကာ အရွှန်းဖောက်လာသည်။ : “ဒါပေမဲ့ ကိုယ့်ရဲ့ ဝိဉာဉ်တစ်စိတ်တစ်ပိုင်းသာ မချန်ခဲ့ဘူးဆိုရင် ဒုတိယကျွင်းမော့ ဖြစ်သွားမှာတောင် ကြောက်မိတယ်.. အမ်း.. လင်းရွှမ်လည်း ဖြစ်သွားနိုင်တယ်နော်..? အို့.. ရှန်ရွှိန်ယန်းလည်း ရှိသေးတာပဲ..!”

“ဘယ်သူသိမှာလဲ..?” ယဲ့ကျန့်ဟန်က ခေါင်းယမ်းကာ ခြူးမုယွင်၏ မျက်နှာရှေ့သို့ ကိုင်းညွှတ်လိုက်ရင်း အနမ်းဖွဖွခြွေလိုက်သည်။ : “မင်းရဲ့ ကလေးချစ်တတ်တဲ့အကျင့်ကို ပြောင်းလဲပစ်မှဖြစ်မယ်.. မင်း အဲ့ကလိမ်ကကျစ်လေးတွေကို ကျွေးမွေးစောင့်ရှောက်ပြီးတိုင်း သူတို့အားလုံးက မင်းကို အိပ်ရာထဲက မထနိုင်အောင် လုပ်ချင်နေတော့တာပဲ..”

ခြူးမုယွင် : “…………”

ဖာခ့်ယူ.. အစားကြူးခြင်းရေ..! ရုတ်တရက်ကြီး ဒီအကောင်ကို လွယ်လွယ်ကူကူ ချစ်ကြိုးမသွယ်ချင်တော့ဘူး။ ဒီအမှိုက်ကောင်ကိုမှ မနှိပ်စက်ရရင် ဘယ်လိုလုပ် ပျော်စရာကောင်းတော့မှာလဲ..?!

Zero လေးက သူ့အသက်ကို စွန့်စားပြီး ဝင်ပြောလာသည်။ : “Host ရေ.. သတိဆိုတာ ပိုတယ်မရှိဘူးနော်..!”

ခြူးမုယွင် : “………..”

ဒီချစ်စရာကောင်းတဲ့ ငတုံးလေးကြောင့် မိုးလောက်မြင့်နေတဲ့ သူ့ရဲ့ ဒေါသတွေလည်း လွင့်ပြယ်သွားရပြီ..!

ထိုအခိုက် သေချင်ယောင်ဆောင်နေသော ယဲ့ကျန့်ဟန်က ရုတ်ချည်း စကားထပြောလာသည်။

“ငါပြောချင်တာ…… မင်း… တစ်ယောက်ယောက်ကို လိုက်ရှာနေတာလား..?”

………………………………………………………

TN : ဒီအပိုင်းမှာလည်း မြှုပ်ကွက်လေးတွေ နည်းနည်းပါလာတယ်နော်။

Click ပေးကြပါဦး 💜

………………………………………………………

Zawgyi

ေခ်ာ့မခိုင္းရင္ေတာင္ မင္းက အားသြန္ခြန္စိုက္ လုပ္ေပးဦးမွာပဲမဟုတ္ဘူးလား..? အမႈိက္ေကာင္..!

ဒါေပါ့။ ဆရာျခဴးက ထုတ္ေျပာမည္မဟုတ္။

ယဲ့က်န႔္ဟန္သည္ ျခဴးမုယြင္အား ေမွာက္လိုက္၊ လွန္လိုက္ လုပ္ေနရသည္ကို သေဘာေခြ႕ေနေလ၏။ စိတ္မပါေသာ္ျငား မလြန္ဆန္ႏိုင္ ျဖစ္ေနပုံေလးကို သူ ႏွစ္သက္သည္။ ေနာက္ဆုံး ရမၼက္စိတ္၏ လွည့္ဖ်ားမႈေအာက္ ႏွစ္မြန္းသြားပုံေလးကိုလည္း သေဘာက်ေနမိသည္။

သို႔တိုင္ ယဲ့က်န္႔ဟန္သည္ ျခဴးမုယြင္က ကြၽင္းေမာ့ႏွင့္ လင္း႐ႊမ္တို႔ကို မည္သို႔မည္ပုံ လွည့္စားအသုံးခ်ေနမွန္း ေကာင္းေကာင္း သိထားသည္။ ရွဲ႕ခ်င္းလန္ႏွင့္ ရွန္႐ႊိန္ယန္းတို႔ကိုလည္း အသုံးခ်ခဲ့တာ ျဖစ္ႏိုင္သည္။ သူက တစ္ေယာက္ခ်င္းစီအေပၚ ႐ူး႐ူးမူးမူး ခ်စ္ျမတ္ႏိုးေလဟန္ ျပဳမူခဲ့ေသာ္ျငား တကယ္တမ္းမွာေတာ့ သူ၏ အေသြးထဲအသားထဲထိတိုင္ ခံစားခ်က္မဲ့လွ၏။ ညႇိဳ႕ဓာတ္ျပင္းစြာေသာ စိတ္ဝိဉာဥ္မ်ိဳးရွိေသာ္လည္း မည္သူတစ္ဦးတစ္ေယာက္ကိုမွ် တြယ္ၿငိခြင့္မျပဳခဲ့ေပ။

ထိုအေၾကာင္းေတြးမိျပန္ေတာ့ ယဲ့က်န႔္ဟန္မွာ အသည္းယားလာခဲ့သည္။ သိခ်င္စိတ္လည္း ျပင္းျပလာေတာ့သည္။ ‘ဒီလူသားေလး ဘာကိုလိုခ်င္ေနတာလဲ၊ ရည္႐ြယ္ခ်က္ပန္းတိုင္က ဘာလဲ၊ ဘာအတြက္ ဒီလိုမ်ိဳးေတြလုပ္ေနတာလဲ..?’ စသည္ျဖင့္ သိခ်င္လာေတာ့သည္။

စိတ္မေကာင္းစရာကား ယဲ့က်န႔္ဟန္ခမ်ာ ယခုအခ်ိန္ထိ ျခဴးမုယြင္၏ နာမည္အမွန္ကို ေခ်ာ့မေမးႏိုင္ေသးေပ။

ျခဴးမုယြင္က သူ႔ကို မ်က္ႏွာသာေပးရန္ ျငင္းပယ္ေနေလသျဖင့္ ယဲ့က်န႔္ဟန္မွာ စကားလုံးမ်ားျဖင့္သာ မထိတထိ စေနာက္ေနရေတာ့သည္။

“ကိုယ္ ဘယ္တုန္းက မင္းရဲ႕တူေလး ျဖစ္သြားတာလဲ..?”သူ၏ကိုယ္ေပၚတြင္ အဝတ္အစားရွိေသးေသာ္လည္း ျခဴးမုယြင္ကိုေတာ့ တစ္စပင္မက်န္ေအာင္ ခြၽတ္ၿပီးေခ်ၿပီ။ “ဇိမ္ရွိရဲ႕လား.. ဦးေလး..?”

ညစ္တီးညစ္ပတ္ေျပာရင္း တစ္ေနရာကို ခပ္ၾကမ္းၾကမ္း ဖိေခ်လိုက္သျဖင့္ ျခဴးမုယြင္မွာ ေကာ့တက္သြားၿပီး တြန္းခ်ိဳးေနေသာ မ်က္ခုံးတန္းမ်ား ေျပေလ်ာ့သြားရသည္။ ေအးတိေအးစက္ မ်က္ဝန္းနက္မ်ားႏွင့္ ေပါင္းစပ္လိုက္ေသာအခါ သူ၏ ပုံစံေလးသည္ ပို၍ပင္ စြဲမက္ဖြယ္ေကာင္းေနေတာ့၏။ သို႔တိုင္ ေလသံကေတာ့ ေအးစက္ဆဲေအးစက္ၿမဲ။ “ခင္ဗ်ား လုပ္စရာရွိတာ… အာ့..” အဆုံးသတ္စကားသံက ျမင့္တက္သြားၿပီး ေဒါသထြက္ေနသည္ႏွင့္မတူဘဲ ညဳတုတုေလသံႏွင့္ပင္ ပိုတူသြားေတာ့သည္။

ယဲ့က်န႔္ဟန္က ၿပဳံးကာ.. : “ဒီလိုရမၼက္ႀကီးတဲ့ ဦးေလးတစ္ေယာက္ရထားတာ ကိုယ္ အရမ္းကံေကာင္းတာပဲေနာ္..”

ယဲ့က်န႔္ဟန္က ‘ဦးေလး’ ဟူေသာ အသုံးအႏႈန္းျဖင့္ အခ်ိန္ၾကာၾကာ ကစားေတာ့မည္မွန္း ျခဴးမုယြင္ သိလိုက္သည္။ သူ၏ မ်က္ႏွာထက္ဝယ္ ႐ြံရွာစက္ဆုပ္သလို ျပဳမူေနေသာ္လည္း စိတ္ထဲမွာေတာ့ မည္သည့္ခံစားခ်က္မွ်မရွိ။

ယဲ့က်န႔္ဟန္ သေဘာက်မွေတာ့ သူလည္း ပါဝင္ကစားေပးရမွာေပါ့။ အဆုံးသတ္ထိ ဘယ္သူေတာင့္ခံႏိုင္မလဲဆိုတာ ၾကည့္ရေသးတာေပါ့..!

ေထာင့္သုံးေထာင့္ မီးလင္းေနၿပီျဖစ္ေသာ ပုံတူပန္းခ်ီကားကို ၾကည့္လွ်င္ ဘယ္သူက ဘယ္သူ႔ကို ၿငိတြယ္ေနမွန္း သိသာေနေတာ့သည္။ သို႔ေသာ္ ျခဴးမုယြင္၏စိတ္ထဲ အနည္းငယ္ နားမလည္ႏိုင္ျဖစ္ေနဆဲ။

အစကေတာ့ ယဲ့က်န႔္ဟန္ကို ခ်စ္ႀကိဳးသြယ္ရန္ အခက္ခဲဆုံးလူဟု ထင္ထားခဲ့၏။ သို႔ေသာ္ ဘာေၾကာင့္ရယ္မသိ ထိုအမ်ိဳးသားက အလြယ္ဆုံးတစ္ေယာက္ ျဖစ္လာခဲ့သည္။ ျခဴးမုယြင္ဘက္မွ ‘႐ိုးသားျဖဴစင္’သေယာင္ သ႐ုပ္မေဆာင္ခဲ့ရသလို အခ်စ္ကစားပြဲလည္း မခင္းလိုက္ရေပ။ အႀကိမ္အနည္းငယ္ ခ်စ္တင္းေႏွာလိုက္႐ုံျဖင့္ ( ဟုတ္ပါၿပီ.. အႀကိမ္အနည္းငယ္ထက္ ပိုတာေပါ့) ယဲ့က်န႔္ဟန္၏ ပုံတူပန္းခ်ီကား မီးလင္းလာခဲ့သည္။

ဤအတိုင္းဆက္ျဖစ္ေနလွ်င္ ရက္အနည္းငယ္အတြင္း ပုံတူပန္းခ်ီတစ္ခုလုံး မီးလင္းသြားလိမ့္မည္။

‘လက္ထပ္ခြင့္’ ဟူသည္ကား အေပၚယံအေယာင္ျပသာ။ အႏွီလုပ္ငန္းစဥ္ႏွင့္ ပတ္သက္၍ ျခဴးမုယြင္ အေျဖရွာႏိုင္ခဲ့သည္။ ပုံတူပန္းခ်ီတစ္ခုလုံး မီးလင္းေအာင္ လုပ္ႏိုင္သေ႐ြ႕ ‘လက္ထပ္ကတိ’ကို ေခ်ာ့ေမာ့ၿပီး ေျပာခိုင္းလွ်င္ပင္ အက်ဳံးဝင္ေပလိမ့္မည္။

တကယ္တမ္း ဤမွ် ႐ိုးရွင္းပါမည္ေလာ။

ျခဴးမုယြင္၏စိတ္ထဲ တစ္ခုခုမွားယြင္းေနသလို တစ္ခ်ိန္လုံး ခံစားေနခဲ့ရ၏။ ရႈိ႕ေလာ္နယ္ေျမမွ ျပန္ထြက္လာၿပီးကတည္းက ယဲ့က်န႔္ဟန္သည္ ပုံမွန္မဟုတ္ေတာ့ေပ။ ျခဴးမုယြင္၏စိတ္ထဲ တစ္စုံတစ္ရာကို တြက္ဆမိေသာ္ျငား အႏွီထင္ျမင္ခ်က္က ယုတၱိမရွိျပန္ေပ။

အေျဖမရွာႏိုင္လွ်င္ ခန႔္မွန္းေနစရာမလိုေပ။ မဟုတ္လွ်င္ လမ္းမွားေရာက္သြားတတ္သည္။ ထို႔ေၾကာင့္ အမွန္ကန္ဆုံး နည္းလမ္းကား ရည္မွန္းခ်က္ပန္းတိုင္ကို ပုံေဖာ္လ်က္ စိတ္ထဲမွတ္သားကာ ေရွ႕ဆက္ေလွ်ာက္လွမ္းရန္ပင္။ ေအာင္ျမင္မႈပန္းတိုင္ကို ဆြတ္ခူးႏိုင္သေ႐ြ႕ မေမွ်ာ္လင့္ထားေသာ ျဖစ္ရပ္မ်ား ႀကဳံေတြ႕လာရလွ်င္ပင္ အရႈံးမရွိေတာ့ေခ်။

ျခဴးမုယြင္၏ ရည္မွန္းခ်က္ကား ရွင္းလင္းပါ၏။ *လက္ထပ္ခြင့္ေတာင္းကာ ခ်စ္ႀကိဳးသြယ္ရမည့္ Mission ကို ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ရန္*ပင္။ ဤမွ်ရွင္းလင္းေပသည္။

ျခဴးမုယြင္ခမ်ာ တစ္ညလုံး ယဲ့က်န႔္ဟန္ႏွင့္ တက္တက္ႂကြႂကြ ျငင္းခုန္ခဲ့ေသာ္ျငား မနက္မိုးလင္းသည္ႏွင့္ စိတ္မေကာင္း ျဖစ္ရျပန္သည္။ တျခားေၾကာင့္မဟုတ္၊ ယဲ့ေရွာင္ဟန္အတြက္ စိတ္မေကာင္းျဖစ္ေနျခင္းသာ။

ဒီကေလးက တကယ့္ကို စကၠဴျဖဴေလးအတိုင္းပဲ။ ဘယ္လိုျဖစ္ၿပီး ဝိဉာဥ္တစ္ခုတည္းမွာ ဆန႔္က်င္ဘက္ဉာဥ္ႏွစ္ခု ရွိေနရတာလဲ..?

တစ္ညလုံး သားရဲႀကီးက ဆိုး႐ြားေသာင္းက်န္းခဲ့ေသာ္လည္း မနက္ေရာက္သည္ႏွင့္ ဤေကာင္ငယ္ေလးက ကိုယ့္ကိုယ္ကို အျပစ္မကင္းသလို ခံစားေနရရွာသည္။ သူ႔ခမ်ာ ျခဴးမုယြင္ကို ျပဳစုေပးေနေသာ္ျငား မ်က္ႏွာေမာ္မၾကည့္ရဲေတာ့ေပ။

ျခဴးမုယြင္လည္း အိပ္ရာေပၚမွ တကယ့္ကို မထႏိုင္ေတာ့သျဖင့္ သူ႔အတြက္ အလုပ္ရႈပ္ေနေသာ ေကာင္ငယ္ေလးကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္ေနရသည္။

“သိပ္ၿပီးစိတ္မပူေနနဲ႔ေနာ္.. ငါ ခဏေလာက္ အနားယူလိုက္ဦးမယ္..”

အိုးပူပူကို ပဝါျဖင့္ သယ္ေဆာင္လာေသာ ေကာင္ငယ္ေလးခမ်ာ သိသိသာသာကို ေတာင့္ခဲသြားေလသည္။ ေခါင္းငုံ႔သြားသျဖင့္ သူ၏ မ်က္ဝန္းမ်ားကို ျခဴးမုယြင္ မျမင္ရေသာ္ျငား ႏႈတ္ခမ္းမ်ားမွာမူ တင္းတင္းေစ့လ်က္၊ ေခါင္းမာဟန္အျပည့္။ ဘာမွျပန္မေျပာေသာ္လည္း ေျခလွမ္းမရပ္သြားေပ။

ေျပာရမည္ဆိုလွ်င္ ယဲ့သမ့္သမ့္ေလးသည္ ငယ္႐ြယ္ေသးသလို သနားစရာေကာင္းလွ၏။ အိမ္မႈကိစၥဟူ၍ ဘာတစ္ခုမွ မလုပ္တတ္ေသးေပ။ ထို႔ေၾကာင့္ မီးေမႊးကာ ဟင္းခ်က္သည္ကပင္ သူ႔အတြက္ အေတာ္ေလး ခက္ခဲေနေတာ့သည္။

သူက ႀကိဳးစားပမ္းစားျဖင့္ မ်က္ႏွာတစ္ျပင္လုံး အိုးမည္းမ်ား ေပလူးေနသည္အထိ ဆန္ျပဳတ္တစ္အိုး ရေအာင္တည္လာေပးသည္။ သို႔တိုင္ ျခဴးမုယြင္ ျမည္းၾကည့္လိုက္ခ်ိန္ဝယ္…

အမ္း… အဲ…. အစိမ္းႀကီးပဲ ရွိ‌ေသးတယ္။ အစိမ္းလည္း စားေကာင္းပါတယ္ေလ...!

ျခဴးမုယြင္က ေကာင္ငယ္ေလးအတြက္ စိတ္မေကာင္းျဖစ္ေနၿပီး..

“အရသာရွိတယ္.. မင္းကို အလုပ္ရႈပ္ေစၿပီ..”

ယဲ့ေရွာင္ဟန္က အၾကည့္လႊဲကာ ေနာက္ဆုံးေတာ့ စကားေျပာလာသည္။ : “ကြၽန္ေတာ္ ေတာင္းပန္ပါတယ္..”

ျခဴးမုယြင္က ၿပဳံးလိုက္ရင္း : “ဘာေၾကာင့္ ေတာင္းပန္ေနတာလဲ..?”

ယဲ့ေရွာင္ဟန္က ႏႈတ္ခမ္းတင္းတင္းေစ့လ်က္ ဘာမွထပ္မေျပာေတာ့ေပ။

ျခဴးမုယြင္က သူ႔ကို ႏွစ္သိမ့္ေပးသည္။ : “အဲ့လိုျဖစ္မေနပါနဲ႔.. သူနဲ႔ငါနဲ႔က မိတ္ေဆြေဟာင္းေတြ.. ၿပီးေတာ့ သူ႔အေပၚ အေႂကြးတင္ေန‌တာ ရွိေသးတယ္.. အဲ့တာေၾကာင့္ သူ ဘာအမွားမွ မလုပ္ခဲ့ဘူး..”

သူတို႔ႏွစ္ဦးလုံး မည္သူ႔ကိုရည္ၫႊန္းေနမွန္း သိၾကသည္။

ေနာက္ဆုံးေတာ့ ေကာင္ေလး ေခါင္းေမာ့လာခဲ့သည္။ ၾကည္လဲ့ေသာ မ်က္ဝန္းမ်ားသည္ ယခုေတာ့ နီရဲေနေလၿပီး.. : “သူ ခင္မ်ားကို အတင္းအၾကပ္ ဖိအားေပးခဲ့တယ္.. ခင္ဗ်ား ဆႏၵမပါတာ ကြၽန္ေတာ္ သိတယ္.. ခင္ဗ်ား…..”

ျခဴးမုယြင္က မ်က္လႊာအသာခ်လိုက္သည္။ သူ၏ ႏႈတ္ခမ္းေထာင့္မ်ား မသိမသာ ေကာ့တက္လာၿပီး.. : “ဒီကိစၥမွာ ဆႏၵရွိတာ၊ မရွိတာဆိုၿပီး မရွိပါဘူး..”

သို႔ေသာ္ ယဲ့က်န႔္ဟန္အေသးစားေလးသည္ အလြန္အမင္း ေခါင္းမာလြန္းလွသည္။ : “သူ ခင္ဗ်ားကို ဘာလို႔ ဒီလိုမ်ိဳးေတြ အႏိုင္က်င့္ေစာ္ကားေနရတာလဲ..?!”

ျခဴးမုယြင္က ကိုယ့္ကိုယ္ကို ရယ္ေမာလိုက္ရင္း.. : “ေရွာင္ဟန္.. အဲ့လိုမေတြးပါနဲ႔.. ေနာင္တစ္ခ်ိန္ မင္း သူ႔ကို နားလည္လာလိမ့္မယ္..”

“နားမလည္ဘူး..!” ေကာင္ငယ္ေလးက မုန္းတီးမႈအျပည့္ျဖင့္.. “ကြၽန္ေတာ္ သူ႔ကို ဘယ္ေတာ့မွ နားလည္လာမွာမဟုတ္ဘူး..!”

ျခဴးမုယြင္က သက္ျပင္းခ်ကာ ထိုအေၾကာင္း ဆက္မေျပာေတာ့ေပ။ : “လူသားပုံစံ ျဖစ္သြားၿပီဆိုေတာ့ ငါ မင္းကို က်င့္ႀကံနည္းတခ်ိဳ႕ သင္ေပးမယ္ေလ.. မေကာင္းဘူးလား..?”

တကယ္ေတာ့ ယဲ့ေရွာင္ဟန္တြင္ ယဲ့က်န႔္ဟန္ ေပးထားေသာ၊ သူႏွင့္ အသင့္ေလ်ာ္ဆုံး က်င့္ႀကံနည္းတစ္ခု ရွိေနၿပီးသားပင္။ သို႔ေသာ္ ယဲ့ေရွာင္ဟန္က ‘ထိုလူယုတ္မာ’ ၏စကားကို နားေထာင္ရန္ ေခါင္းမာမာျဖင့္ ျငင္းဆန္ေနေလၿပီး ဘယ္ေသာအခါမွ မက်င့္ႀကံခဲ့ေပ။

ျခဴးမုယြင္လည္း ထိုအေၾကာင္း သိေနသျဖင့္ သူကိုယ္တိုင္ သင္ေပးပါမည္ဟု အႀကံျပဳလိုက္ျခင္း ျဖစ္၏။

ယဲ့ေရွာင္ဟန္က : “ခင္ဗ်ား ေနမေကာင္းေသးဘူးေလ.. မ်ားမ်ား အနားယူသင့္တယ္..”

ျခဴးမုယြင္ : “ဒီအတိုင္းႀကီး တစ္ခ်ိန္လုံး လွဲေနရင္ ပ်င္းစရာႀကီး.. တစ္ခုခုလုပ္ေနမွ ေနလို႔ထိုင္လို႔ေကာင္းမွာေပါ့..”

ထို႔ေၾကာင့္ ေန႔ခင္းေန႔လည္ အလုပ္လုပ္စရာ လိုက္ရွာေနျခင္းပင္။

ညေနခင္းအခ်ိန္.. ယဲ့က်န႔္ဟန္က သူ႔ကို ရယ္ရယ္ေမာေမာျဖင့္ ေျပာလာသည္။ : “ကိုယ္သာ ဝိဉာဥ္တစ္စိတ္တစ္ပိုင္း ခ်န္မထားခဲ့ဘူးဆိုရင္ မင္း ကိုယ့္ကိုလည္း ေခ်ာ့ေမာ့အလိုလိုက္မွာလား..?”

ျခဴးမုယြင္၏ ေန႔ခင္းေန႔လည္အခ်ိန္ ယဲ့ေရွာင္ဟန္အေပၚ အျပဳအမူတိုင္းသည္ လြန္စြာ သိမ္ေမြ႕ႏူးညံ့၏။ အလိုလိုက္သည္။ စိတ္ရွည္သည္းခံသည္။ ေကာင္းစြာ သင္ၾကားၫႊန္ျပေပးသည္။ သူ၏ ခႏၶာကိုယ္က အားနည္းေနသည့္တိုင္ အေျပာအဆိုႏွင့္ က်င့္ႀကံမႈက ကမာၻတစ္ခုလုံးကို လႊမ္းမိုးရန္ လုံေလာက္ေပသည္။

‘သူ’အေသးစားေလးလည္း ဒီအမ်ိဳးသားကို စြဲစြဲလမ္းလမ္းျဖစ္ေနတာ မထူးဆန္းေတာ့ပါဘူး..!

ယဲ့က်န႔္ဟန္တစ္ေယာက္ ထိုသို႔ေတြးလိုက္မိရင္း ဘာေၾကာင့္ရယ္မသိ ထိုစကားလုံးမ်ားႏွင့္ ရင္းႏွီးကြၽမ္းဝင္ေနသလို ခံစားလိုက္ရ၏။ ဟုတ္သည္၊ လက္ရွိ သူ၏ တျခားဝိဉာဥ္အစိတ္အပိုင္းသည္ ကေလးငယ္ကဲ့သို႔ ငယ္႐ြယ္ေနေသာ္ျငား သူ၏ ငယ္ဘဝအစစ္အမွန္ကိုေတာ့ ရႈိ႕ေလာ္နယ္ေျမထဲမွာသာ ကုန္ဆုံးခဲ့ရသည္။ ထို႔ေၾကာင့္ ဘယ္ကေနဘယ္လိုမ်ား ဤသို႔ ရင္းရင္းႏွီးႏွီး ခံစားေနရပါသနည္း။

ယဲ့က်န႔္ဟန္မွာ တစ္ခဏေလာက္ ေငးေၾကာင္ေနခဲ့သည္။ သို႔ေသာ္ တကယ့္ကို တစ္ခဏေလးသာ။

သူက ၿပဳံးလိုက္ရင္း ျခဴးမုယြင္ကို ေငးၾကည့္ကာ အ႐ႊန္းေဖာက္လာသည္။ : “ဒါေပမဲ့ ကိုယ့္ရဲ႕ ဝိဉာဥ္တစ္စိတ္တစ္ပိုင္းသာ မခ်န္ခဲ့ဘူးဆိုရင္ ဒုတိယကြၽင္းေမာ့ ျဖစ္သြားမွာေတာင္ ေၾကာက္မိတယ္.. အမ္း.. လင္း႐ႊမ္လည္း ျဖစ္သြားႏိုင္တယ္ေနာ္..? အို႔.. ရွန္႐ႊိန္ယန္းလည္း ရွိေသးတာပဲ..!”

“ဘယ္သူသိမွာလဲ..?” ယဲ့က်န႔္ဟန္က ေခါင္းယမ္းကာ ျခဴးမုယြင္၏ မ်က္ႏွာေရွ႕သို႔ ကိုင္းၫႊတ္လိုက္ရင္း အနမ္းဖြဖြေႁခြလိုက္သည္။ : “မင္းရဲ႕ ကေလးခ်စ္တတ္တဲ့အက်င့္ကို ေျပာင္းလဲပစ္မွျဖစ္မယ္.. မင္း အဲ့ကလိမ္ကက်စ္ေလးေတြကို ေကြၽးေမြးေစာင့္ေရွာက္ၿပီးတိုင္း သူတို႔အားလုံးက မင္းကို အိပ္ရာထဲက မထႏိုင္ေအာင္ လုပ္ခ်င္ေနေတာ့တာပဲ..”

ျခဴးမုယြင္ : “…………”

ဖာခ့္ယူ.. အစားၾကဴးျခင္းေရ..! ႐ုတ္တရက္ႀကီး ဒီအေကာင္ကို လြယ္လြယ္ကူကူ ခ်စ္ႀကိဳးမသြယ္ခ်င္ေတာ့ဘူး။ ဒီအမႈိက္ေကာင္ကိုမွ မႏွိပ္စက္ရရင္ ဘယ္လိုလုပ္ ေပ်ာ္စရာေကာင္းေတာ့မွာလဲ..?!

Zero ေလးက သူ႔အသက္ကို စြန႔္စားၿပီး ဝင္ေျပာလာသည္။ : “Host ေရ.. သတိဆိုတာ ပိုတယ္မရွိဘူးေနာ္..!”

ျခဴးမုယြင္ : “………..”

ဒီခ်စ္စရာေကာင္းတဲ့ ငတုံးေလးေၾကာင့္ မိုးေလာက္ျမင့္ေနတဲ့ သူ႔ရဲ႕ ေဒါသေတြလည္း လြင့္ျပယ္သြားရၿပီ..!

ထိုအခိုက္ ေသခ်င္ေယာင္ေဆာင္ေနေသာ ယဲ့က်န႔္ဟန္က ႐ုတ္ခ်ည္း စကားထေျပာလာသည္။

“ငါေျပာခ်င္တာ…… မင္း… တစ္ေယာက္ေယာက္ကို လိုက္ရွာေနတာလား..?”

………………………………………………………

TN : ဒီအပိုင္းမွာလည္း ျမႇဳပ္ကြက္ေလးေတြ နည္းနည္းပါလာတယ္ေနာ္။

Click ေပးၾကပါဦး 💜

………………………………………………………

המשך קריאה

You'll Also Like

7.6K 1.1K 6
Description Recently, my childhood buddy has been giving me some very ambiguous signs. Is he trying to turn me gay? Author - Jiao Hua Qing Jiu/浇花清酒 S...
291K 22.9K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
796K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
161K 26.5K 29
Delicious Food Got Me Famous Across the Galaxy (Myanmar Translation) - Complete Credit to Original Author - 我靠美食火遍银河系 by 瓦伦丁 English Translation - Ex...