အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

198

2.2K 492 29
By Melinoe_Megami

Unicode

ခြူးမုယွင်က သက်ပြင်းချကာ ဆက်ပြောသည်။

“သူသာဆိုရင် ရှောင်ဟန်ကို ကိုယ့်ထက်ပိုပြီး ဂရုစိုက်ပေးနိုင်မှာ..”

ဤကား ကျွင်းမော့၏ စိတ်ဆန္ဒကို မသိမသာ မီးမောင်းထိုးပြလိုက်ခြင်းပင်။

လင်းဟန်သည် အတော်လေး တည်ငြိမ်အေးချမ်း၏။ ကလေးငယ်လေး ဖြစ်သော်ငြား ဆူဆူညံညံ မလုပ်တတ်သလို ဤရက်များတွင် ကိုယ်ပျောက်လူသားသဖွယ် နေထိုင်ပြီး သူတို့နှစ်ဦး၏ နေစဉ်ဘဝထဲ လုံးဝအနှောင့်အယှက်မပြုပေ။

သို့သော် မည်သို့ပင် အရိပ်အခြေနားလည်ပါစေ၊ လူသားတစ်ယောက် ဖြစ်နေဆဲ။ သူ့ကိုမြင်တိုင်း ကျွင်းမော့၏ စိတ်ထဲတွင် ဘဝင်မကျသလို ခံစားနေရလေသည်။ ဘာကြောင့်ရယ်ဟူ၍ တိတိကျကျ မပြောတတ်သော်လည်း ယင်းကား လျစ်လျူရှု၍ မရသော အလိုလိုသိစိတ်တစ်မျိုးပင်။

သို့သော် ထိုကောင်လေးက ‘အားမု’၏ ဆွေမျိုးဖြစ်နေရာ ထွက်သွားခိုင်းရန်လည်း မဖြစ်နိုင်ပေ။

ထို့အပြင် သူတို့နှစ်ဦး စတွေ့စဉ်က ‘အားမု’ ပြောခဲ့သည့် စကားတစ်ခွန်းကို ကျွင်းမော့ မှတ်မိနေသေးသည်။ : ‘ငါ့မှာ ဆွေမျိုးမရှိဘူး.. တာဝန်ယူရမည့်အရာလည်းမရှိဘူး.. အနှောင်အဖွဲ့လည်း မရှိတော့ဘူး.. ဒီလောကကြီးမှာ ငါ စိတ်ပူပေးရမယ့်အရာမျိုး လုံးဝမရှိတော့ဘူး.. အဲ့တာကြောင့် ငါသေသွားလည်း ကိစ္စမရှိဘူး..’ ဟူ၍။

ထိုအချိန်က ‘အားမု’၏ညီလေး ဆုံးပြီးရုံသာ ရှိသေးလောက်သည်။ ထို့ကြောင့် အသက်ရှင်မည်မရှင်မည် မသိရသေးသော ကလေးငယ်လေးနှင့် ဘဝကို အဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းရင်း သူနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုသို့တွေးမိသည်နောက် ကျွင်းမော့မှာ ဆက်မတွေးရဲတော့ပေ။

သေချာတာပေါ့၊ ခြူးမုယွင်က ထိုအကြောင်း စပြောလာသည်။ : “အဲ့တုန်းက ကိစ္စတချို့ ဖြစ်ပျက်ခဲ့တာ.. ကိုယ်နဲ့ ရင်းနှီးတဲ့လူအားလုံး တစ်ယောက်မှ မကျန်ရစ်တော့ဘူး.. မင်းနဲ့တွေ့တော့ ကိုယ်တို့နှစ်ယောက်ရဲ့ဘဝက သိပ်ပြီးတူတယ်လို့ ခံစားလိုက်ရတယ်.. ကိုယ်လည်း အထီးကျန်နေတာဆိုတော့ မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပေးချင်ခဲ့တယ်.. အနည်းဆုံးတော့ ဒါက ကောင်းတဲ့ကိစ္စပဲလေ..”

သို့နှင့် သူက ကျွင်းမော့အား လက်ကမ်းကူကာ ‘ကောင်းကင်ကပ်ဘေး’ ခန္ဓကိုယ်ဟူသော ချောက်နက်ကြီးထဲမှ ဆွဲတင်ပေးခဲ့သည်။ သို့ဖြစ်ရာ ကျွင်းမော့အနေဖြင့် ‘လင်းမု’၏ သွေးရင်းဆွေမျိုးအတွက် ‘ဝိဉာဉ်ပြန်ခေါ်ဆေးလုံး’ ကူညီသန့်စင်ပေးရမည့် ကိစ္စကို အဘယ်သို့ သဘောမတူဘဲ နေနိုင်မည်နည်း။

ခြူးမုယွင်က ထပ်ပြောလာသည်။ : “တကယ်တော့ အဲ့ဆေးလုံးက အလုပ်ဖြစ်မဖြစ် မသေချာဘူး.. ဒီအတိုင်း ကိုယ် ကြိုးစားကြည့်ချင်လို့ပါ..”

“အလုပ်ဖြစ်မှာပါ..” ကျွင်းမော့က သူ့ကို နှစ်သိမ့်ပေးသည်။ “ဆေးလုံးသန့်စင်ဖို့က သိပ်မခက်ခဲဘူး.. ဒါပေမဲ့ လေးဆယ့်ကိုးရက်တိတိ အချိန်ပေးရလိမ့်မယ်.. နည်းနည်းတော့ ကြာတယ်..”

ခြူးမုယွင်က ကျွင်းမော့ကို ဝမ်းသာအားရ မော့ကြည့်လိုက်၏။

ကျွင်းမော့က ပြုံးကာ : “အားမု.. ခင်ဗျားကို ကူညီနိုင်တဲ့အတွက် ကျွန်တော် အရမ်းပျော်တယ်..”

အတိတ်ကဆိုလျှင် သူသည် လူအများအတွက် ဘေးကပ်ဆိုးများသာ ဆောင်ကြဉ်းလာတတ်၏။ အဆုံးမရှိသော ဘဝကို အဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းလာရင်း ယခုတော့ လူအများကို ဘေးမဖြစ်စေတော့ပေ။ ထို့အပြင် တခြားလူအတွက် အကူအညီပင် ဖြစ်လာခဲ့ချေပြီ။

ဤသို့ဖြင့် ‘ဝိဉာဉ်ပြန်ခေါ်ဆေးလုံး’ ကိစ္စကို ဖြေရှင်းနိုင်ခဲ့လေသည်။ ခြူးမုယွင်မှာ ချီစွမ်းအား ပြန်မပြည့်သေးသော်လည်း ခန္ဓာကိုယ်ကတော့ သာမာန်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် ဖြူဖတ်ဖြူလျော်နှင့် ပိန်ပါးနေဆဲ။

ရက်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ရင်း လိုအပ်သည့် ဆေးအမယ်အားလုံး ရှာတွေ့သည်နှင့် ကျွင်းမော့က ဆေးလုံးကို စတင်သန့်စင်ပေးလိမ့်မည်။

လေးဆယ့်ကိုးရက်သည် သိပ်မကြာသော်လည်း ပျားရည်စမ်းထွက်နေသလို ချစ်ကြည်နူးတစ်တီတူးနေသော စုံတွဲအတွက်တော့ ခက်ခဲလှ၏။

ထို့ကြောင့် ပြင်ဆင်နေသည့် ရက်များတွင် ခြူးမုယွင်သည် သူကိုယ်တိုင် အစပြု၍ ကျွင်းမော့ကို တွယ်ကပ်တော့သည်။ သူ၏ ခန္ဓာကိုယ်က မခံနိုင်တော့လျှင်ပင် ကျွင်းမော့အနား တွယ်ကပ်နေဆဲ။

ကျွင်းမော့မှာ ခြူးမုယွင် အဆင်မပြေမည်စိုး၍ တုံ့ဆိုင်းနေလေ၏။ သူက ခြူးမုယွင်ကို အနားယူစေချင်သည်။ သို့သော် အကြင်သူ၏ ရန်စမှုကိုတော့ လုံးဝတောင့်မခံနိုင်ပါချေ။ သွယ်လျပြေပြစ်သော ခြေထောက်နှစ်ဖက်က သူ၏ခါးကို ဖက်တွယ်လာတိုင်း သွေးဆူလွယ်သော လူငယ်လေးမှာ အရူးအမူး ဖြစ်သွားရသည်ချည်း။

ခြူးမုယွင်က ကိုယ့်ကိုယ်ကို နှိပ်စက်နေခြင်းပင်။ နောက်ဆုံး သူ သတိလစ်သွားတော့မှ နှစ်ယောက်သား ချစ်တင်းနှောတာ ရပ်တော့သည်။

ကျွင်းမော့က ခြူးမုယွင်ကို ရေပူစမ်းထဲ ခေါ်ဆောင်သွားပြီး ပင်ပန်းနွမ်းနယ်နေသော ကြွက်သားများကို ဖြေလျော့ပေးသည်။ ခြူးမုယွင်က မူးဝေမိန်းမောစွာ ပြန်နိုးလာသည်။ ကျွင်းမော့ခမျာ အစောပိုင်းက မပြီးလိုက်ရပေ။ ထိုအခိုက် သူ၏အောက်ပိုင်းတွင် တစ်စုံတစ်ရာ ဖိကပ်လာသလို ခံစားလိုက်ရ၏။

ပြီးနောက် နောက်ထပ် နောက်ထပ်သော အထိအတွေ့များ ဆက်တိုက်ရောက်လာခဲ့သည်။ ထိုကိစ္စပြီးနောက် ခြူးမုယွင်၏ နှုတ်ခမ်းပါးများသည် ပုံမှန်မဟုတ်အောင် နီရဲနေပြီး အစောပိုင်းက အရမ်းနက်သွားသဖြင့် အပြင်းအထန် ချောင်းဆိုးတော့သည်။ သူ၏အသံက အတော်လေး အက်ကွဲနေလေသည်။

ကျွင်းမော့က ခြူးမုယွင်အား ပွေ့ဖက်ကာ အတော်လေး စိုးရိမ်ပူပန်နေပြီး : “ခင်ဗျား အနားယူသင့်ပြီ..”

ခြူးမုယွင်က အသာချောင်းဆိုးရင်း ပြန်ပြောသည်။ : “ကိုယ် အဆင်ပြေပါတယ်..”

ပုံမှန်အခြေအနေဆိုရင် ‘အားမု’ အဆင်ပြေတာပေါ့.. ဒါပေမဲ့….

ကျွင်းမော့၏မျက်ဝန်းများ မှောင်မိုက်လာသည်။

ထိုအခါမှ ခြူးမုယွင်လည်း သူ၏စကားကြောင့် ကျွင်းမော့ စိတ်မသက်မသာဖြစ်သွားမှန်း သတိထားမိသွား၏။ သူ့ကိုယ်သူ မကျေမနပ်ဖြစ်မိရင်း တစ်စုံတစ်ရာကို တွေးမိလိုက်သဖြင့် ရုတ်တရက် ကျွင်းမော့ဘက်လှည့်ကာ လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

“အားမော့..”

ကျွင်းမော့က သူ့ကို ငေးကြည့်လာသည်။

ခြူးမုယွင်က နှုတ်ခမ်းများကွေးကာ ပြုံးလိုက်ရင်း နူးနူးညံ့ညံ့လေး ပြောခဲ့သည်။ : “ဒီတစ်ခေါက် ဆေးလုံးသန့်စင်ပြီးရင် ကိုယ်တို့…..”

ထိုသို့ပြောရင်း ဆက်ပြောရန် ရှက်ရွံ့နေသလို ပါးပြင်နှစ်ဖက်က နီရဲလာခဲ့၏။ သူ၏ ပုံစံလေးကြောင့် ကျွင်းမော့မှာ အသည်းယားသွားပြီး ယခုလေးတင် ငြိမ်သက်သွားသော ‘ထိုအရာ’လည်း ပြန်လည်ခေါင်းထောင်လာခဲ့သည်။

ခြူးမုယွင်သည် သူရဲဘောကြောင်သူမဟုတ်။ အနည်းငယ် ပြောရခက်နေသော်ငြား နောက်ဆုံးတော့ ပြောလာခဲ့သည်။

“……….လက်ထပ်ကြရအောင်..!”

ထိုစကားကြားလိုက်ချိန်ဝယ် ကျွင်းမော့တစ်ယောက် ကျောက်ရုပ်ဖြစ်သွား၏။

ခြူးမုယွင်က ပွင့်ပွင့်လင်းလင်း ဆက်ပြောလာသည်။ တောက်ပသော မျက်ဝန်းနက်နက်များဟာ ပင်လယ်ကြီးသဖွယ် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်လျက်…

“အခမ်းအနားတွေဘာတွေ လုပ်ဖို့မလိုပါဘူး.. ဒီအတိုင်း ကိုယ့်ရဲ့ဆန္ဒလေးပါ.. ကိုယ့်ဘဝရဲ့ နောက်ဆုံးအချိန်အထိ တစ်ယောက်တည်းနဲ့ မခွဲအတူ လက်တွဲသွားချင်တယ်..”

ကျွင်းမော့ခမျာ အသိစိတ်ပြန်မကပ်နိုင်အောင် ဖြစ်နေဆဲ။

ခြူးမုယွင်က သူ့ကိုစောင့်ကာ ထပ်မေးလိုက်သည်။ : “မင်းရော ဘယ်လိုထင်လဲ..?”

ကျွင်းမော့က သူ့အား ပွေ့ချီကာ အကြမ်းပတမ်း နမ်းရှိုက်လာတော့၏။ နှလုံးသားထဲမှ တိုးထွက်လာသော စိတ်လှုပ်ရှားမှုများကား စာဖွဲ့၍မရနိုင်အောင်ပေ။ ‘ကောင်းတယ်၊ အရမ်းကောင်းတယ်…’ စကားလုံး တစ်လုံးနှစ်လုံးမှ အစပြု၍ ထောင်သောင်းချီ ရေးသားလျှင်ပင် လုံလောက်မည်မဟုတ်။

အနည်းငယ်ပင် စိုးထိတ်လာမိပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတော့သည်။ အဘယ်ကြောင့်ဆိုသော်…

‘အားမု’က အရမ်းကောင်းတယ်၊ အရမ်းအရမ်းကောင်းတယ်၊ သူဘာလို့… ဒီလောက်ကံကောင်းရတာလဲ..?!!!

နောက်တစ်ရက်၊ ခြူးမုယွင် အိပ်ရာပေါ်မှ မထနိုင်တော့ချေ။

သို့သော် တန်သည်။

Zero လေးက အာရုံငါးပါးပိတ်ထားရာမှ ပြန်ဖွင့်လိုက်ပြီး.. : “ရေး…! ‘ပျင်းရိခြင်း’အရှင်အတွက် Mission အောင်အောင်မြင်မြင် ပြီးသွားပါပြီ..”

ကျွင်းမော့နှင့် ခြူးမုယွင်တို့ ချစ်တင်းနှောနေစဉ် Zero လေးမှာ အာရုံငါးပါးပိတ်ထားသဖြင့် ကျွင်းမော့၏ ပြန်ဖြေစကားကို မကြားလိုက်ရပေ။ ထို့ကြောင့် သူ့ခမျာ အတော်လေး စိုးရိမ်နေခဲ့ရသေးသည်။ သို့သော် သူ၏ Host က အဘယ်သို့ အမှားလုပ်ပါမည်နည်း။ ညတာရှည်လျားခဲ့ပြီး ကျွင်းမော့က တစ်ညလုံး မရေမတွက်နိုင်အောင် လက်ထပ်ကတိပေးခဲ့လေသည်။

ဟေး.. ဒီအတိုင်းပြီးသွားရင် တစ်စုံတစ်ယောက် စိတ်ဓာတ်ကျသွားမှာပေါ့။ Zero လေးက ကျွင်းမော့ကို အရမ်းသဘောကျတာလေ။ နတ်သားလေးကနေ မကောင်းဆိုးဝါးကြီး ဖြစ်လာပြီဆိုပေမယ့် Zero လေးအတွက်တော့ နတ်သားလေးက နတ်သားလေးပါပဲ..!

ပြီးနောက် ကျွင်းမော့က တံခါးပိတ်ကာ ဆေးလုံးသန့်စင်တော့သည်။ ထိုအခါမှ ခြူးမုယွင်လည်း သူ၏ခန္ဓာကိုယ်ကို စတင်ဂရုစိုက်နိုင်တော့သည်။

ယဲ့ကျန့်ဟန်သည် အရာအားလုံးကို သိနေဟန်တူ၏။ ညအချိန် ယဲ့ရှောင်ဟန် အိပ်မောကျသွားသည်နှင့် သူက ခန္ဓာကိုယ်ကို အပိုင်စီးကာ နိုးထလာလေသည်။

ခြူးမုယွင်က မအိပ်သေးဘဲ ခုတင်ပေါ် လဲလျောင်းကာ စာဖတ်နေသည်။ သူ၏အခန်းထဲ ယဲ့ကျန့်ဟန် ဝင်လာချိန်တွင် မော့ပင်မကြည့်ခဲ့။

ယဲ့ကျန့်ဟန် : “အဲလောက်ထိ လျစ်လျူမရှုပါနဲ့လားကွာ..”

ခြူးမုယွင်က စာအုပ်ကို ဆောင့်ပိတ်လိုက်ကာ သူ့ကို မော့ကြည့်လိုက်သည်။ : “ငါ့ရဲ့ သဘောတူညီချက်ထဲမှာ မင်းနဲ့အတူအိပ်ဖို့ မပါဘူးနော်..”

ယဲ့ကျန့်ဟန် : “သဘောတူညီချက်ထဲမှာ ကိုယ့်ရဲ့မှတ်ဉာဏ်တွေကို ရှင်းထုတ်ပစ်ဖို့လည်း မပါဘူးလေ..”

ခြူးမုယွင်က မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။

ယဲ့ကျန့်ဟန်က ခုတင်ဘေးနား လျှောက်သွားကာ ခြူးမုယွင်ကို ငုံ့မိုးကြည့်လိုက်သည်။

သူ ဘယ်လိုလုပ်ရမလဲ..? ဒီလူသားလေးက သူ့အတွက် အရမ်းနှစ်လိုဖွယ်ကောင်းလွန်းနေတယ်။ မျက်နှာလေးနဲ့တင် သူ့ကို သွေးပွက်ပွက်ဆူလာအောင် စေစားနိုင်တယ်။ သော့ခတ်ပြီး သိမ်းထားချင်တဲ့ ကျွင်းမော့ရဲ့ ခံစားချက်တွေကို သူ လုံးဝနားလည်သွားပြီ။ သူ့ကို အဝတ်ဝတ်ခွင့်မပေးဘဲ အိပ်ရာထဲ ကြိုးချည်ထားတာ အကောင်းဆုံးပဲ။ အဲတာဆို နေ့တိုင်း သူလာမှာကိုပဲ စောင့်နေရတော့မှာ။ သူ့တစ်ယောက်တည်းကိုပဲ မြင်နိုင်တော့မှာ။ သူ့ရဲ့နှလုံးသားကိုပါ ရနိုင်ရင် အကောင်းဆုံး….

တော်တော့.. မျှော်လင့်ချက်တွေ အရမ်းကြီးလွန်းသွားပြီ။ ဒီလူသားလေးရဲ့ နှလုံးသားက ဘယ်မှာလဲ..? နှလုံးသားရော ရှိပါရဲ့လား..?

ကျွင်းမော့က လက်မြှောက်ကာ ခြူးမုယွင်၏ ညဝတ်အင်္ကျီကို ဆွဲတင်လိုက်သည်။ ပြီးနောက် ဆွဲညှို့နိုင်လွန်းသော ညှပ်ရိုးသွယ်သွယ်များကို နမ်းရှိုက်ရင်း အသာလျက်လိုက်၏။

ခြူးမုယွင်၏ မျက်ဝန်းအိမ်ထဲတွင် မနှစ်မြို့ခြင်းများ ဖုံးကွယ်မရအောင် ပေါ်ထွက်လာသည်။ သူက မငြင်းဆန်သလို မတုံ့ပြန်ခဲ့ချေ။

ယဲ့ကျန့်ဟန်က ထိုအခြင်းအရာကို သတိပြုမိခဲ့သည်။ သို့သော် လွန်စွာစိတ်ရှည်သည်းခံနိုင်ဆဲ။ သူက လက်လှမ်းကာ စိတ်ကြွလွယ်သော နေရာလေးများကို ထိတွေ့ပေးရင်း ခြူးမုယွင်ကို တစိုက်မတ်မတ် ငေးကြည့်နေခဲ့၏။

“အဲလောက်ထိ ဘက်မလိုက်ပါနဲ့ကွာ.. ပြောရရင် ကိုယ်က မင်းကို ကျွင်းမော့ထက် အရင်သိခဲ့တာလေ.. ပြီးတော့ အများကြီး ကူညီပေးခဲ့သေးတယ်.. အဲ့ကလေးကိုတောင် ကြိုးစားပမ်းစား ချော့မော့နေပြီးတော့ ကိုယ့်ကိုကျ ဘာလို့ ဂရုမစိုက်ရတာလဲ..?”

ခြူးမုယွင်၏ ခန္ဓာကိုယ်လေး မသိမသာ တုန်ယင်သွားသည်။ သို့သော် အောက်နှုတ်ခမ်းကိုက်ကာ တစ်ဖက်လူ ဖြစ်စေချင်သည့်အတိုင်း လိုက်မလုပ်မိရန် ငြင်းဆန်နေခဲ့လေသည်။

ယဲ့ကျန့်ဟန်၏ လေသံတိုးတိုးက ဤသို့သော ညချမ်းအချိန်ဝယ် သနားချင့်စဖွယ်အတိ။

“မင်းသာ ချော့ပြောမယ်ဆိုရင် ကိုယ် မင်းကို ကမ္ဘာအဆုံးထိ ချစ်မြတ်နိုးပေးမှာပါ..”

……………………………………………….

TN : ခုဆို Mission က နှစ်ယောက်ပဲကျန်တော့တယ်နော်။ ယဲ့ကျန့်ဟန်နဲ့ ရန်ချန်း(မနာလိုခြင်း)။ ယဲ့ကျန့်ဟန်က သိပ်မကြာတော့ပါဘူး ဟဲဟဲ

Click ပေးကြပါဦးနော်။

……………………………………………….

Zawgyi

ျခဴးမုယြင္က သက္ျပင္းခ်ကာ ဆက္ေျပာသည္။

“သူသာဆိုရင္ ေရွာင္ဟန္ကို ကိုယ့္ထက္ပိုၿပီး ဂ႐ုစိုက္ေပးႏိုင္မွာ..”

ဤကား ကြၽင္းေမာ့၏ စိတ္ဆႏၵကို မသိမသာ မီးေမာင္းထိုးျပလိုက္ျခင္းပင္။

လင္းဟန္သည္ အေတာ္ေလး တည္ၿငိမ္ေအးခ်မ္း၏။ ကေလးငယ္ေလး ျဖစ္ေသာ္ျငား ဆူဆူညံညံ မလုပ္တတ္သလို ဤရက္မ်ားတြင္ ကိုယ္ေပ်ာက္လူသားသဖြယ္ ေနထိုင္ၿပီး သူတို႔ႏွစ္ဦး၏ ေနစဥ္ဘဝထဲ လုံးဝအေႏွာင့္အယွက္မျပဳေပ။

သို႔ေသာ္ မည္သို႔ပင္ အရိပ္အေျခနားလည္ပါေစ၊ လူသားတစ္ေယာက္ ျဖစ္ေနဆဲ။ သူ႔ကိုျမင္တိုင္း ကြၽင္းေမာ့၏ စိတ္ထဲတြင္ ဘဝင္မက်သလို ခံစားေနရေလသည္။ ဘာေၾကာင့္ရယ္ဟူ၍ တိတိက်က် မေျပာတတ္ေသာ္လည္း ယင္းကား လ်စ္လ်ဴရႈ၍ မရေသာ အလိုလိုသိစိတ္တစ္မ်ိဳးပင္။

သို႔ေသာ္ ထိုေကာင္ေလးက ‘အားမု’၏ ေဆြမ်ိဳးျဖစ္ေနရာ ထြက္သြားခိုင္းရန္လည္း မျဖစ္ႏိုင္ေပ။

ထို႔အျပင္ သူတို႔ႏွစ္ဦး စေတြ႕စဥ္က ‘အားမု’ ေျပာခဲ့သည့္ စကားတစ္ခြန္းကို ကြၽင္းေမာ့ မွတ္မိေနေသးသည္။ : ‘ငါ့မွာ ေဆြမ်ိဳးမရွိဘူး.. တာဝန္ယူရမည့္အရာလည္းမရွိဘူး.. အေႏွာင္အဖြဲ႕လည္း မရွိေတာ့ဘူး.. ဒီေလာကႀကီးမွာ ငါ စိတ္ပူေပးရမယ့္အရာမ်ိဳး လုံးဝမရွိေတာ့ဘူး.. အဲ့တာေၾကာင့္ ငါေသသြားလည္း ကိစၥမရွိဘူး..’ ဟူ၍။

ထိုအခ်ိန္က ‘အားမု’၏ညီေလး ဆုံးၿပီး႐ုံသာ ရွိေသးေလာက္သည္။ ထို႔ေၾကာင့္ အသက္ရွင္မည္မရွင္မည္ မသိရေသးေသာ ကေလးငယ္ေလးႏွင့္ ဘဝကို အဓိပၸါယ္မဲ့စြာ ျဖတ္သန္းရင္း သူႏွင့္ ေတြ႕ဆုံခဲ့ျခင္း ျဖစ္ႏိုင္သည္။

ထိုသို႔ေတြးမိသည္ေနာက္ ကြၽင္းေမာ့မွာ ဆက္မေတြးရဲေတာ့ေပ။

ေသခ်ာတာေပါ့၊ ျခဴးမုယြင္က ထိုအေၾကာင္း စေျပာလာသည္။ : “အဲ့တုန္းက ကိစၥတခ်ိဳ႕ ျဖစ္ပ်က္ခဲ့တာ.. ကိုယ္နဲ႔ ရင္းႏွီးတဲ့လူအားလုံး တစ္ေယာက္မွ မက်န္ရစ္ေတာ့ဘူး.. မင္းနဲ႔ေတြ႕ေတာ့ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ဘဝက သိပ္ၿပီးတူတယ္လို႔ ခံစားလိုက္ရတယ္.. ကိုယ္လည္း အထီးက်န္ေနတာဆိုေတာ့ မင္းရဲ႕ကံၾကမၼာကို ေျပာင္းလဲေပးခ်င္ခဲ့တယ္.. အနည္းဆုံးေတာ့ ဒါက ေကာင္းတဲ့ကိစၥပဲေလ..”

သို႔ႏွင့္ သူက ကြၽင္းေမာ့အား လက္ကမ္းကူကာ ‘ေကာင္းကင္ကပ္ေဘး’ ခႏၶကိုယ္ဟူေသာ ေခ်ာက္နက္ႀကီးထဲမွ ဆြဲတင္ေပးခဲ့သည္။ သို႔ျဖစ္ရာ ကြၽင္းေမာ့အေနျဖင့္ ‘လင္းမု’၏ ေသြးရင္းေဆြမ်ိဳးအတြက္ ‘ဝိဉာဥ္ျပန္ေခၚေဆးလုံး’ ကူညီသန႔္စင္ေပးရမည့္ ကိစၥကို အဘယ္သို႔ သေဘာမတူဘဲ ေနႏိုင္မည္နည္း။

ျခဴးမုယြင္က ထပ္ေျပာလာသည္။ : “တကယ္ေတာ့ အဲ့ေဆးလုံးက အလုပ္ျဖစ္မျဖစ္ မေသခ်ာဘူး.. ဒီအတိုင္း ကိုယ္ ႀကိဳးစားၾကည့္ခ်င္လို႔ပါ..”

“အလုပ္ျဖစ္မွာပါ..” ကြၽင္းေမာ့က သူ႔ကို ႏွစ္သိမ့္ေပးသည္။ “ေဆးလုံးသန႔္စင္ဖို႔က သိပ္မခက္ခဲဘူး.. ဒါေပမဲ့ ေလးဆယ့္ကိုးရက္တိတိ အခ်ိန္ေပးရလိမ့္မယ္.. နည္းနည္းေတာ့ ၾကာတယ္..”

ျခဴးမုယြင္က ကြၽင္းေမာ့ကို ဝမ္းသာအားရ ေမာ့ၾကည့္လိုက္၏။

ကြၽင္းေမာ့က ၿပဳံးကာ : “အားမု.. ခင္ဗ်ားကို ကူညီႏိုင္တဲ့အတြက္ ကြၽန္ေတာ္ အရမ္းေပ်ာ္တယ္..”

အတိတ္ကဆိုလွ်င္ သူသည္ လူအမ်ားအတြက္ ေဘးကပ္ဆိုးမ်ားသာ ေဆာင္ၾကဥ္းလာတတ္၏။ အဆုံးမရွိေသာ ဘဝကို အဓိပၸါယ္မဲ့စြာ ျဖတ္သန္းလာရင္း ယခုေတာ့ လူအမ်ားကို ေဘးမျဖစ္ေစေတာ့ေပ။ ထို႔အျပင္ တျခားလူအတြက္ အကူအညီပင္ ျဖစ္လာခဲ့ေခ်ၿပီ။

ဤသို႔ျဖင့္ ‘ဝိဉာဥ္ျပန္ေခၚေဆးလုံး’ ကိစၥကို ေျဖရွင္းႏိုင္ခဲ့ေလသည္။ ျခဴးမုယြင္မွာ ခ်ီစြမ္းအား ျပန္မျပည့္ေသးေသာ္လည္း ခႏၶာကိုယ္ကေတာ့ သာမာန္အေျခအေနသို႔ ျပန္ေရာက္လာခဲ့သည္။ သို႔ေသာ္ ျဖဴဖတ္ျဖဴေလ်ာ္ႏွင့္ ပိန္ပါးေနဆဲ။

ရက္ေပါင္းမ်ားစြာ ႀကိဳတင္ျပင္ဆင္ရင္း လိုအပ္သည့္ ေဆးအမယ္အားလုံး ရွာေတြ႕သည္ႏွင့္ ကြၽင္းေမာ့က ေဆးလုံးကို စတင္သန႔္စင္ေပးလိမ့္မည္။

ေလးဆယ့္ကိုးရက္သည္ သိပ္မၾကာေသာ္လည္း ပ်ားရည္စမ္းထြက္ေနသလို ခ်စ္ၾကည္ႏူးတစ္တီတူးေနေသာ စုံတြဲအတြက္ေတာ့ ခက္ခဲလွ၏။

ထို႔ေၾကာင့္ ျပင္ဆင္ေနသည့္ ရက္မ်ားတြင္ ျခဴးမုယြင္သည္ သူကိုယ္တိုင္ အစျပဳ၍ ကြၽင္းေမာ့ကို တြယ္ကပ္ေတာ့သည္။ သူ၏ ခႏၶာကိုယ္က မခံႏိုင္ေတာ့လွ်င္ပင္ ကြၽင္းေမာ့အနား တြယ္ကပ္ေနဆဲ။

ကြၽင္းေမာ့မွာ ျခဴးမုယြင္ အဆင္မေျပမည္စိုး၍ တုံ႔ဆိုင္းေနေလ၏။ သူက ျခဴးမုယြင္ကို အနားယူေစခ်င္သည္။ သို႔ေသာ္ အၾကင္သူ၏ ရန္စမႈကိုေတာ့ လုံးဝေတာင့္မခံႏိုင္ပါေခ်။ သြယ္လ်ေျပျပစ္ေသာ ေျခေထာက္ႏွစ္ဖက္က သူ၏ခါးကို ဖက္တြယ္လာတိုင္း ေသြးဆူလြယ္ေသာ လူငယ္ေလးမွာ အ႐ူးအမူး ျဖစ္သြားရသည္ခ်ည္း။

ျခဴးမုယြင္က ကိုယ့္ကိုယ္ကို ႏွိပ္စက္ေနျခင္းပင္။ ေနာက္ဆုံး သူ သတိလစ္သြားေတာ့မွ ႏွစ္ေယာက္သား ခ်စ္တင္းေႏွာတာ ရပ္ေတာ့သည္။

ကြၽင္းေမာ့က ျခဴးမုယြင္ကို ေရပူစမ္းထဲ ေခၚေဆာင္သြားၿပီး ပင္ပန္းႏြမ္းနယ္ေနေသာ ႂကြက္သားမ်ားကို ေျဖေလ်ာ့ေပးသည္။ ျခဴးမုယြင္က မူးေဝမိန္းေမာစြာ ျပန္ႏိုးလာသည္။ ကြၽင္းေမာ့ခမ်ာ အေစာပိုင္းက မၿပီးလိုက္ရေပ။ ထိုအခိုက္ သူ၏ေအာက္ပိုင္းတြင္ တစ္စုံတစ္ရာ ဖိကပ္လာသလို ခံစားလိုက္ရ၏။

ၿပီးေနာက္ ေနာက္ထပ္ ေနာက္ထပ္ေသာ အထိအေတြ႕မ်ား ဆက္တိုက္ေရာက္လာခဲ့သည္။ ထိုကိစၥၿပီးေနာက္ ျခဴးမုယြင္၏ ႏႈတ္ခမ္းပါးမ်ားသည္ ပုံမွန္မဟုတ္ေအာင္ နီရဲေနၿပီး အေစာပိုင္းက အရမ္းနက္သြားသျဖင့္ အျပင္းအထန္ ေခ်ာင္းဆိုးေတာ့သည္။ သူ၏အသံက အေတာ္ေလး အက္ကြဲေနေလသည္။

ကြၽင္းေမာ့က ျခဴးမုယြင္အား ေပြ႕ဖက္ကာ အေတာ္ေလး စိုးရိမ္ပူပန္ေနၿပီး : “ခင္ဗ်ား အနားယူသင့္ၿပီ..”

ျခဴးမုယြင္က အသာေခ်ာင္းဆိုးရင္း ျပန္ေျပာသည္။ : “ကိုယ္ အဆင္ေျပပါတယ္..”

ပုံမွန္အေျခအေနဆိုရင္ ‘အားမု’ အဆင္ေျပတာေပါ့.. ဒါေပမဲ့….

ကြၽင္းေမာ့၏မ်က္ဝန္းမ်ား ေမွာင္မိုက္လာသည္။

ထိုအခါမွ ျခဴးမုယြင္လည္း သူ၏စကားေၾကာင့္ ကြၽင္းေမာ့ စိတ္မသက္မသာျဖစ္သြားမွန္း သတိထားမိသြား၏။ သူ႔ကိုယ္သူ မေက်မနပ္ျဖစ္မိရင္း တစ္စုံတစ္ရာကို ေတြးမိလိုက္သျဖင့္ ႐ုတ္တရက္ ကြၽင္းေမာ့ဘက္လွည့္ကာ ေလးေလးနက္နက္ စိုက္ၾကည့္လိုက္သည္။

“အားေမာ့..”

ကြၽင္းေမာ့က သူ႔ကို ေငးၾကည့္လာသည္။

ျခဴးမုယြင္က ႏႈတ္ခမ္းမ်ားေကြးကာ ၿပဳံးလိုက္ရင္း ႏူးႏူးညံ့ညံ့ေလး ေျပာခဲ့သည္။ : “ဒီတစ္ေခါက္ ေဆးလုံးသန႔္စင္ၿပီးရင္ ကိုယ္တို႔…..”

ထိုသို႔ေျပာရင္း ဆက္ေျပာရန္ ရွက္႐ြံ႕ေနသလို ပါးျပင္ႏွစ္ဖက္က နီရဲလာခဲ့၏။ သူ၏ ပုံစံေလးေၾကာင့္ ကြၽင္းေမာ့မွာ အသည္းယားသြားၿပီး ယခုေလးတင္ ၿငိမ္သက္သြားေသာ ‘ထိုအရာ’လည္း ျပန္လည္ေခါင္းေထာင္လာခဲ့သည္။

ျခဴးမုယြင္သည္ သူရဲေဘာေၾကာင္သူမဟုတ္။ အနည္းငယ္ ေျပာရခက္ေနေသာ္ျငား ေနာက္ဆုံးေတာ့ ေျပာလာခဲ့သည္။

“……….လက္ထပ္ၾကရေအာင္..!”

ထိုစကားၾကားလိုက္ခ်ိန္ဝယ္ ကြၽင္းေမာ့တစ္ေယာက္ ေက်ာက္႐ုပ္ျဖစ္သြား၏။

ျခဴးမုယြင္က ပြင့္ပြင့္လင္းလင္း ဆက္ေျပာလာသည္။ ေတာက္ပေသာ မ်က္ဝန္းနက္နက္မ်ားဟာ ပင္လယ္ႀကီးသဖြယ္ ခ်စ္ျခင္းေမတၱာတို႔ျဖင့္ ျပည့္ႏွက္လ်က္…

“အခမ္းအနားေတြဘာေတြ လုပ္ဖို႔မလိုပါဘူး.. ဒီအတိုင္း ကိုယ့္ရဲ႕ဆႏၵေလးပါ.. ကိုယ့္ဘဝရဲ႕ ေနာက္ဆုံးအခ်ိန္အထိ တစ္ေယာက္တည္းနဲ႔ မခြဲအတူ လက္တြဲသြားခ်င္တယ္..”

ကြၽင္းေမာ့ခမ်ာ အသိစိတ္ျပန္မကပ္ႏိုင္ေအာင္ ျဖစ္ေနဆဲ။

ျခဴးမုယြင္က သူ႔ကိုေစာင့္ကာ ထပ္ေမးလိုက္သည္။ : “မင္းေရာ ဘယ္လိုထင္လဲ..?”

ကြၽင္းေမာ့က သူ႔အား ေပြ႕ခ်ီကာ အၾကမ္းပတမ္း နမ္းရႈိက္လာေတာ့၏။ ႏွလုံးသားထဲမွ တိုးထြက္လာေသာ စိတ္လႈပ္ရွားမႈမ်ားကား စာဖြဲ႕၍မရႏိုင္ေအာင္ေပ။ ‘ေကာင္းတယ္၊ အရမ္းေကာင္းတယ္…’ စကားလုံး တစ္လုံးႏွစ္လုံးမွ အစျပဳ၍ ေထာင္ေသာင္းခ်ီ ေရးသားလွ်င္ပင္ လုံေလာက္မည္မဟုတ္။

အနည္းငယ္ပင္ စိုးထိတ္လာမိၿပီး ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္ေနေတာ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္…

‘အားမု’က အရမ္းေကာင္းတယ္၊ အရမ္းအရမ္းေကာင္းတယ္၊ သူဘာလို႔… ဒီေလာက္ကံေကာင္းရတာလဲ..?!!!

ေနာက္တစ္ရက္၊ ျခဴးမုယြင္ အိပ္ရာေပၚမွ မထႏိုင္ေတာ့ေခ်။

သို႔ေသာ္ တန္သည္။

Zero ေလးက အာ႐ုံငါးပါးပိတ္ထားရာမွ ျပန္ဖြင့္လိုက္ၿပီး.. : “ေရး…! ‘ပ်င္းရိျခင္း’အရွင္အတြက္ Mission ေအာင္ေအာင္ျမင္ျမင္ ၿပီးသြားပါၿပီ..”

ကြၽင္းေမာ့ႏွင့္ ျခဴးမုယြင္တို႔ ခ်စ္တင္းေႏွာေနစဥ္ Zero ေလးမွာ အာ႐ုံငါးပါးပိတ္ထားသျဖင့္ ကြၽင္းေမာ့၏ ျပန္ေျဖစကားကို မၾကားလိုက္ရေပ။ ထို႔ေၾကာင့္ သူ႔ခမ်ာ အေတာ္ေလး စိုးရိမ္ေနခဲ့ရေသးသည္။ သို႔ေသာ္ သူ၏ Host က အဘယ္သို႔ အမွားလုပ္ပါမည္နည္း။ ညတာရွည္လ်ားခဲ့ၿပီး ကြၽင္းေမာ့က တစ္ညလုံး မေရမတြက္ႏိုင္ေအာင္ လက္ထပ္ကတိေပးခဲ့ေလသည္။

ေဟး.. ဒီအတိုင္းၿပီးသြားရင္ တစ္စုံတစ္ေယာက္ စိတ္ဓာတ္က်သြားမွာေပါ့။ Zero ေလးက ကြၽင္းေမာ့ကို အရမ္းသေဘာက်တာေလ။ နတ္သားေလးကေန မေကာင္းဆိုးဝါးႀကီး ျဖစ္လာၿပီဆိုေပမယ့္ Zero ေလးအတြက္ေတာ့ နတ္သားေလးက နတ္သားေလးပါပဲ..!

ၿပီးေနာက္ ကြၽင္းေမာ့က တံခါးပိတ္ကာ ေဆးလုံးသန႔္စင္ေတာ့သည္။ ထိုအခါမွ ျခဴးမုယြင္လည္း သူ၏ခႏၶာကိုယ္ကို စတင္ဂ႐ုစိုက္ႏိုင္ေတာ့သည္။

ယဲ့က်န႔္ဟန္သည္ အရာအားလုံးကို သိေနဟန္တူ၏။ ညအခ်ိန္ ယဲ့ေရွာင္ဟန္ အိပ္ေမာက်သြားသည္ႏွင့္ သူက ခႏၶာကိုယ္ကို အပိုင္စီးကာ ႏိုးထလာေလသည္။

ျခဴးမုယြင္က မအိပ္ေသးဘဲ ခုတင္ေပၚ လဲေလ်ာင္းကာ စာဖတ္ေနသည္။ သူ၏အခန္းထဲ ယဲ့က်န႔္ဟန္ ဝင္လာခ်ိန္တြင္ ေမာ့ပင္မၾကည့္ခဲ့။

ယဲ့က်န႔္ဟန္ : “အဲေလာက္ထိ လ်စ္လ်ဴမရႈပါနဲ႔လားကြာ..”

ျခဴးမုယြင္က စာအုပ္ကို ေဆာင့္ပိတ္လိုက္ကာ သူ႔ကို ေမာ့ၾကည့္လိုက္သည္။ : “ငါ့ရဲ႕ သေဘာတူညီခ်က္ထဲမွာ မင္းနဲ႔အတူအိပ္ဖို႔ မပါဘူးေနာ္..”

ယဲ့က်န႔္ဟန္ : “သေဘာတူညီခ်က္ထဲမွာ ကိုယ့္ရဲ႕မွတ္ဉာဏ္ေတြကို ရွင္းထုတ္ပစ္ဖို႔လည္း မပါဘူးေလ..”

ျခဴးမုယြင္က မသိမသာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ယဲ့က်န႔္ဟန္က ခုတင္ေဘးနား ေလွ်ာက္သြားကာ ျခဴးမုယြင္ကို ငုံ႔မိုးၾကည့္လိုက္သည္။

သူ ဘယ္လိုလုပ္ရမလဲ..? ဒီလူသားေလးက သူ႔အတြက္ အရမ္းႏွစ္လိုဖြယ္ေကာင္းလြန္းေနတယ္။ မ်က္ႏွာေလးနဲ႔တင္ သူ႔ကို ေသြးပြက္ပြက္ဆူလာေအာင္ ေစစားႏိုင္တယ္။ ေသာ့ခတ္ၿပီး သိမ္းထားခ်င္တဲ့ ကြၽင္းေမာ့ရဲ႕ ခံစားခ်က္ေတြကို သူ လုံးဝနားလည္သြားၿပီ။ သူ႔ကို အဝတ္ဝတ္ခြင့္မေပးဘဲ အိပ္ရာထဲ ႀကိဳးခ်ည္ထားတာ အေကာင္းဆုံးပဲ။ အဲတာဆို ေန႔တိုင္း သူလာမွာကိုပဲ ေစာင့္ေနရေတာ့မွာ။ သူ႔တစ္ေယာက္တည္းကိုပဲ ျမင္ႏိုင္ေတာ့မွာ။ သူ႔ရဲ႕ႏွလုံးသားကိုပါ ရႏိုင္ရင္ အေကာင္းဆုံး….

ေတာ္ေတာ့.. ေမွ်ာ္လင့္ခ်က္ေတြ အရမ္းႀကီးလြန္းသြားၿပီ။ ဒီလူသားေလးရဲ႕ ႏွလုံးသားက ဘယ္မွာလဲ..? ႏွလုံးသားေရာ ရွိပါရဲ႕လား..?

ကြၽင္းေမာ့က လက္ေျမႇာက္ကာ ျခဴးမုယြင္၏ ညဝတ္အက်ႌကို ဆြဲတင္လိုက္သည္။ ၿပီးေနာက္ ဆြဲညႇိဳ႕ႏိုင္လြန္းေသာ ညႇပ္႐ိုးသြယ္သြယ္မ်ားကို နမ္းရႈိက္ရင္း အသာလ်က္လိုက္၏။

ျခဴးမုယြင္၏ မ်က္ဝန္းအိမ္ထဲတြင္ မႏွစ္ၿမိဳ႕ျခင္းမ်ား ဖုံးကြယ္မရေအာင္ ေပၚထြက္လာသည္။ သူက မျငင္းဆန္သလို မတုံ႔ျပန္ခဲ့ေခ်။

ယဲ့က်န႔္ဟန္က ထိုအျခင္းအရာကို သတိျပဳမိခဲ့သည္။ သို႔ေသာ္ လြန္စြာစိတ္ရွည္သည္းခံႏိုင္ဆဲ။ သူက လက္လွမ္းကာ စိတ္ႂကြလြယ္ေသာ ေနရာေလးမ်ားကို ထိေတြ႕ေပးရင္း ျခဴးမုယြင္ကို တစိုက္မတ္မတ္ ေငးၾကည့္ေနခဲ့၏။

“အဲေလာက္ထိ ဘက္မလိုက္ပါနဲ႔ကြာ.. ေျပာရရင္ ကိုယ္က မင္းကို ကြၽင္းေမာ့ထက္ အရင္သိခဲ့တာေလ.. ၿပီးေတာ့ အမ်ားႀကီး ကူညီေပးခဲ့ေသးတယ္.. အဲ့ကေလးကိုေတာင္ ႀကိဳးစားပမ္းစား ေခ်ာ့ေမာ့ေနၿပီးေတာ့ ကိုယ့္ကိုက် ဘာလို႔ ဂ႐ုမစိုက္ရတာလဲ..?”

ျခဴးမုယြင္၏ ခႏၶာကိုယ္ေလး မသိမသာ တုန္ယင္သြားသည္။ သို႔ေသာ္ ေအာက္ႏႈတ္ခမ္းကိုက္ကာ တစ္ဖက္လူ ျဖစ္ေစခ်င္သည့္အတိုင္း လိုက္မလုပ္မိရန္ ျငင္းဆန္ေနခဲ့ေလသည္။

ယဲ့က်န႔္ဟန္၏ ေလသံတိုးတိုးက ဤသို႔ေသာ ညခ်မ္းအခ်ိန္ဝယ္ သနားခ်င့္စဖြယ္အတိ။

“မင္းသာ ေခ်ာ့ေျပာမယ္ဆိုရင္ ကိုယ္ မင္းကို ကမာၻအဆုံးထိ ခ်စ္ျမတ္ႏိုးေပးမွာပါ..”

……………………………………………….

TN : ခုဆို Mission က ႏွစ္ေယာက္ပဲက်န္ေတာ့တယ္ေနာ္။ ယဲ့က်န္႔ဟန္နဲ႔ ရန္ခ်န္း(မနာလိုျခင္း)။ ယဲ့က်န္႔ဟန္က သိပ္မၾကာေတာ့ပါဘူး ဟဲဟဲ

Click ေပးၾကပါဦးေနာ္။

……………………………………………….

Continue Reading

You'll Also Like

161K 26.5K 29
Delicious Food Got Me Famous Across the Galaxy (Myanmar Translation) - Complete Credit to Original Author - 我靠美食火遍银河系 by 瓦伦丁 English Translation - Ex...
58.1K 8.7K 26
Title - ကမ္ဘာပျက်ကပ်သို့ပြန်လည်ကူးပြောင်းလာသည့် အရှင်သခင်။ The second title - ကမ္ဘာပျက်ကပ်ကာလက ကုန်တိုက်။ ******************** #ငါ့နောက်ကို အမြဲတမ်းလ...
687K 97.5K 119
《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှော...
136K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။