အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

197

2.3K 476 49
By Melinoe_Megami

Unicode

“အားမော့.. ဒါတွေအားလုံး ကိုယ့်အမှားပါ.. ကောက်ကျစ်စဉ်းလဲတဲ့လူရဲ့ လှည့်ကွက်ထဲ ကျသွားတဲ့အထိ ကိုယ် တုံးအ,ခဲ့တာ.. ကိုယ့်ကြောင့် မင်း အတွင်းစိတ်မိစ္ဆာရဲ့ ခြယ်လှယ်မှုကို ခံနေရတာ..”

“အားမော့.. မင်းရဲ့သွေးစက်နဲ့ ‘နှလုံးသား သော့ခတ်ခြင်း’ ဆေးလုံး ဖန်တီးပြီး ကိုယ့်ကိုပေး.. ကိုယ် အဲ့ဆေးလုံးကို သောက်ပြမယ်.. ဟုတ်ပြီလား..?”

***

ထိုသို့ပြောလိုက်ချိန်ဝယ် ခြူးမုယွင်အတွက် စိတ်အပူဆုံးသူကား Zero လေးပင် ဖြစ်၏။

Zero : “အကုန်ပေါ်ကုန်လိမ့်မယ် ကြီးမြတ်လှတဲ့ Host ရေ… သတိထားပါ..!!!”

Host ရဲ့နှလုံးသားကြီး ဘုန်းခနဲ ပေါက်ကွဲသွားတာနဲ့ ကျွင်းမော့က တစ်ကမ္ဘာလုံးကို မြေလှန်ပစ်လိမ့်မယ်..!

ခြူးမုယွင် : “……………”

Zero လေးခမျာ တကယ်ကို ကြောက်ရွံ့နေရှာတော့သည်။

ခြူးမုယွင်က သက်ပြင်းချကာ : “စိတ်အေးအေးထား.. စိတ်အေးအေးထား..”

ထို့ကြောင့်လည်း ဤလောကမှာ ‘သားအကြောင်း အဖေ့ထက် ဘယ်သူမှပိုမသိနိုင်ဘူး’ ဆိုသည့်စကားမျိုး ပေါ်ထွက်လာရတာပေါ့။ ခြူးမုယွင်က အဘယ်သို့ လက်လွတ်စပယ် ပြောဆိုပါမည်နည်း။ သူ၏ နောက်ဆုံးစကားလုံးဖြစ်သော ‘နှလုံးသား သော့ခတ်ခြင်း’ ဆေးလုံးက ကျွင်းမော့၏ ရွံ့အိုင်သဖွယ် ရှုပ်ထွေးနောက်ကျိနေသော စိတ်နှလုံးကို အမှန်ပင် အလင်းဆောင်နိုင်ခဲ့သည်။

ထိုနည်းတူ ခြူးမုယွင် ပြောခဲ့သော ‘ဒါတွေအားလုံး ကိုယ့်အမှားပါ’ ဟူသော စကားကလည်း ကျွင်းမော့၏ အတွင်းစိတ်ရိုင်းကို လှုပ်ရှားသွားစေခဲ့လေသည်။

ထိုစကား၏ အဓိပ္ပါယ်ကား ကျွင်းမော့လုပ်ခဲ့သမျှကို ပြစ်တင်ပြောဆိုနေမည်မဟုတ်ဘဲ ထိုအစား ကျွင်းမော့အတွက်ပင် ဆင်ခြေ၊ အကြောင်းပြချက် ရှာပေးကာ စိတ်နှလုံးညစ်နွမ်းမှုကို ကူညီဖယ်ရှားပေးလိုက်ခြင်းပင်။

ခွင့်လွှတ်ပေးရန် တောင်းခံနေစရာ မလိုတော့သည်အထိ ခြူးမုယွင်က ကျွင်းမော့ကို ကာကွယ်ပေးလိုက်ခြင်းပင်။

ခြူးမုယွင်၏ မျက်ဝန်းအိမ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးလျက်။ စိုးရိမ်ပူပန်သလို ဒေါသထွက်နေသော်ငြား အကြောက်တရားနှင့် စိတ်ပျက်နာကျည်းခြင်း ဟူ၍ တစ်စွန်းတစ်စပင် မရှိပါချေ။

သို့သော် ကျွင်းမော့လုပ်ခဲ့သမျှကလည်း တကယ့်ကို ကျောချမ်းဖွယ်ရာအတိ။

ခြူးမုယွင်က ကျွင်းမော့အနား တိုးသွားကာ ပွေ့ဖက်လိုက်သည်။ ပြီးနောက် သက်ပြင်းဖွဖွချကာ.. : “အားမော့.. မကြောက်နဲ့နော်.. ဘာကိစ္စပဲရှိရှိ ကိုယ် မင်းအနားက ထွက်မသွားပါဘူး..”

ထိုစကားကြောင့် ကျွင်းမော့ခမျာ ကျောက်ရုပ်ဖြစ်သွားရပြန်၏။

လွန်ခဲ့သောရက်ပိုင်းခန့်က သူတို့နှစ်ဦး ဝါးတောအုပ်ဘက် လမ်းလျှောက်ထွက်စဉ်..

ကျွင်းမော့သည် ‘လင်းမု’အား ‘ကျွန်တော် အမှားတစ်ခုခုလုပ်ခဲ့မိရင် ဘာလုပ်မှာလဲ..’ ဟူ၍ မေးခဲ့ဖူးသည်။ ‘အားမု’ကလည်း ကျွင်းမော့ဘာလုပ်လုပ် သူ စိတ်မဆိုးပါဟူ၍ ပြန်ဖြေခဲ့ဖူးသည်။

ယခုတော့ ‘လင်းမု’က သူ၏ကတိအတိုင်း အမှန်ပင် ဖြည့်ဆည်းပေးနေပြီး ကျွင်းမော့အား အပြစ်မတင်ခဲ့ပေ။

အဆုံးမှာတော့ ကျွင်းမော့ လှုပ်ရှားလာခဲ့လေသည်။ ခေါင်းငုံကာ ခြူးမုယွင်၏ ဖြူဖျော့ဖျော့ နှုတ်ခမ်းအစုံကို ကပျာကယာ နမ်းရှိုက်လာတော့သည်။

ခံစားချက်များစွာ ရောယှက်ပါဝင်နေသော အနမ်းတစ်ခု… မွန်းကျပ်ခြင်းများ၊ သိမ်းပိုက်စိုးမိုးလိုစိတ်များနှင့် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်၊ အတိုင်းအဆမဲ့သော လေးနက်ခြင်းများ၊ စိတ်ဝိဉာဉ်အထိ နက်ရှိုင်းစွာသော ချစ်ခြင်းတရားများ ပြည့်လျှံနေပြီး နှုတ်ခမ်းနှင့် လျှာဖျားတို့ သွယ်ယှက်နေရုံဖြင့် အနှီခံစားချက်များကို ပြည့်ပြည့်စုံစုံ ဖော်ပြရန် မစွမ်းသာခဲ့ချေ။ ကျွင်းမော့က ခြူးမုယွင်ကို မင်းသမီးသဖွယ် ပွေ့ချီကာ အိမ်ပြန်လာပြီး အိပ်ခန်းထဲ တန်းသွားလိုက်သည်။ ပြီးနောက် အဝတ်ချွတ်ပြီးပြီးချင်း ကနဦးပြင်ဆင်မှုပင် မလုပ်တော့ဘဲ ခြူးမုယွင်၏ကိုယ်ထဲ တိုးဝင်လိုက်တော့သည်။

သက်သောင့်သက်သာမရှိသဖြင့် ခြူးမုယွင်မှာ နာကျင်သွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။ သို့သော် ကျွင်းမော့အား တားဆီးရန် တွ့န်ဆုတ်နေလေပြီး အဆုံးမှာတော့ ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။

“အားမော့.. ကိုယ် ဒီမှာရှိတယ်.. ထွက်မသွားဘူး.. အားမော့… ဖြည်းဖြည်း.. နည်းနည်းလောက် အရှိန်လျော့ပေးပါ..”

နောက်တော့ ဘာမှမပြောနိုင်တော့ဘဲ ညည်းသံများသာ ထွက်ပေါ်လာတော့သည်။

အားလုံးပြီးဆုံးချိန်ဝယ် ခြူးမုယွင်ခမျာ ကျွင်းမော့၏ရင်ခွင်ထဲ အိပ်မောကျသွားခဲ့သည်။ ကျွင်းမော့လည်း တည်ငြိမ်သွားချေပြီ။ ခြူးမုယွင်အား ဂရုတစိုက်ပွေ့ချီကာ သန့်ရှင်းရေးလုပ်ပေးပြီး အိပ်ရာထဲ ပြန်ခေါ်လာခဲ့ပေးသည်။

ခြူးမုယွင်တစ်ယောက် မူးဝေမိန်းမောစွာ ပြန်နိုးလာခဲ့သည်။ နာကျင်မှုကြောင့်ထင့်၊ သူ၏ မျက်နှာတစ်ပြင်လုံး ဖြူဆုတ်သွား၏။ သို့သော် ချစ်ခြင်းတရားတို့ ပြည့်လျှံနေသော ကျွင်းမော့၏ မျက်ဝန်းအစုံကို မြင်လိုက်ချိန်တွင် မဖုံးကွယ်နိုင်အောင် ပြုံးပျော်သွားလေသည်။

ကျွင်းမော့၏စိတ်ထဲ အနည်းငယ် လှုပ်ရှားသွားရပြီး နောက်ဆုံးတော့ သူ၏အမှားကို ဝန်ခံလာတော့သည်။

“အားမု.. ကျွန်တော် တောင်းပန်ပါတယ်..”

ခြူးမုယွင်က ကျွင်းမော့ကို ဆွဲလှဲကာ နဖူးထက်သို့ အနမ်းခြွေလိုက်သည်။ သူ၏အသံက အစောပိုင်းကကိစ္စကြောင့် အနည်းငယ် အက်ကွဲနေလေပြီး တစ်မျိုးတစ်မည် ဆွဲဆောင်မှုရှိနေသည်။ : “မတောင်းပန်ပါနဲ့.. မင်းနေရာမှာ ကိုယ်ဆိုရင်လည်း…. အဲ့လို လုပ်မိမှာပဲ..”

"အားမော့.. မစိုးရိမ်နဲ့တော့နော်.. ဒီကမ္ဘာပေါ်မှာ ကိုယ့်ထက် မင်းကိုပိုချစ်တဲ့လူ မရှိနိုင်တော့ဘူး.. မင်းကိုယ်တိုင်ထက်တောင် ကိုယ် မင်းကို ပိုချစ်တယ်..”

“ပြင်ပ,ပယောဂ မပါရင်တောင် ကိုယ်က မင်းမရှိဘဲမနေနိုင်ဘူး.. မင်းမရှိဘဲ အသက်ဆက်မရှင်နိုင်ဘူး.. ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က အသက်ဆက်မရှင်ချင်တော့လို့ပဲ..”

(TN : ပြင်ပ,ပယောဂဆိုတာ ဆေးခပ်တာဘာညာကို ပြောတာပါ။)

ထိုစကားလုံးသည် ကျွင်းမော့အား မျှော်လင့်ချက်ပေးကာ မကောင်းမှုသံသရာမှ ဆွဲထုတ်ပေးနိုင်ခဲ့၏။ သူနှင့်ရှဲ့ချင်းလန်က ကွာခြားသည်။ သူတို့နှစ်ဦးက လုံးဝကွာခြားသည်။ ထပ်တူညီသော ရွံရှာစက်ဆုပ်ဖွယ်ကိစ္စများ လုပ်ခဲ့သည့်တိုင် ‘အားမု’က သူ့ကို အစမှအဆုံးထိ ချစ်မြတ်နိုးပေးပြီး သူ့အား ခွင့်လွှတ်ပေးခဲ့သည်။

ကျွင်းမော့၏ နှလုံးအိမ်ထဲတွင် ပျော်ရွှင်မှုများ လှိုက်တက်လာခဲ့ပြီး ခြူးမုယွင်အား ပွေ့ဖက်လိုက်၏။ ဤအခိုက်အတန့်လေးကို အချိန်ရပ်တန့်ထားချင်တော့သည်။ သို့မှသာ သူတို့နှစ်ဦးကြား တတိယလူ မဝင်နိုင်ဘဲ ထာဝစဉ် အတူနေသွားနိုင်လိမ့်မည်။

ခြူးမုယွင်၏ ပင်ပင်ပန်းပန်း ကျားကုတ်ကျားခဲ ကြိုးစားခဲ့သမျှ နောက်ဆုံးတော့ အရာထင်ခဲ့လေပြီ။

ကျွင်းမော့ စိတ်တည်ငြိမ်သွားပြီး ရူးကြောင်ကြောင် အတွေးများကို လက်လျော့လိုက်သည်။

ထို့အပြင် ခြူးမုယွင်လည်း လက်ဆောင်ကြီးတစ်ခု ရလိုက်လေသည်။

Zero လေး : “လက်ထပ်ခွင့်တောင်းဖို့ပဲ ကျန်တော့တယ်..”

-ကျွင်းမော့ရဲ့ ပုံတူပန်းချီတစ်ခုလုံး မီးလင်းသွားပြီ။

ခြူးမုယွင်တစ်ယောက် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။

ဒါပေါ့၊ ဘယ်သူမှ ‘နှလုံးသား သော့ခတ်ခြင်း’ ဆေးအကြောင်း ထပ်မပြောကြတော့ပေ။ ကျွင်းမော့သည် ခြူးမုယွင်အား ဆေးစားခွင့်ပြုလိမ့်မည်မဟုတ်၊ အကြောင်းမှာ သူ့အတွက် အနှီ ‘ယုံကြည်ခြင်း’ နှင့် ‘စိတ်လုံခြုံမှု’ ဟူသော ခံစားချက်များကို ရှာဖွေရန် မဖြစ်နိုင်တော့သလို သူကိုယ်တိုင်ကလည်း ရှာဖွေချင်စိတ် မရှိတော့သောကြောင့်ပင်။ သူ့ကို ခွင့်လွှတ်နေသရွေ့၊ သူ့အနားမှ ထွက်မသွားသရွေ့၊ ဤအရိပ်အမြုံလေးထဲ အတူနေပေးသရွေ့၊ စိတ်ကျေနပ်နေလိမ့်မည်။ ယုံကြည်မှုအကြောင်း ထပ်မပြောလိုတော့ပေ။

ဤစိတ်အခြေအနေသည်လည်း ပုံမှန်မဟုတ်သေးသော်ငြား ခြူးမုယွင်သည် ပြောင်းလဲပေးရန် ရည်ရွယ်ချက်မရှိ။ အဘယ်ကြောင့်ဆိုသော် ‘နှလုံးသား သော့ခတ်ခြင်း’ဆေးကို သူ တကယ်မသောက်နိုင်၍ပင်။

ခြူးမုယွင်၏ ဘဝတစ်လျှောက်လုံး ထိုဆေးလုံးကို သောက်သုံးခွင့်ရလိမ့်မည်မဟုတ်။ သို့သော် တကယ်တမ်း ဆေးသောက်ခဲ့ရလျှင် အမှန်တရားကို စောစောစီးစီး သိသွားချေလိမ့်မည်။

ဥပမာအားဖြင့် သူ သေဆုံးမည်မဟုတ်ပေ။

ခြူးမုယွင်က လက်ထပ်ခွင့်တောင်းရန် အလျင်မလိုခဲ့ပေ။ နှစ်ယောက်သား ‘ရင်ထဲမှအစိုင်အခဲများ’ကို ဖြေရှင်းပြီးရုံသာရှိသေးရာ ချိုမြိန်နေသင့်သည့် အချိန်လေး မဟုတ်ပါလား။

ကျွင်းမော့ သူ့ကိုကျွေးခဲ့သောဆေးက ဖြေဆေးမလိုအပ်ပေ။ ဆေးကျွေးတာ ရပ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်လည်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာလိမ့်မည်။ ထို့ကြောင့် နှစ်ယောက်လုံး ထိုကိစ္စကို ပြန်အစမဖော်ကြတော့ပေ။

နောက်တစ်ရက်၊ ခြူးမုယွင်က ကျွင်းမော့ကို ယဲ့သမ့်သမ့်လေးနှင့် မိတ်ဆက်ပေးခဲ့သည်။

“သူ့နာမည်က လင်းဟန်လေ.. ငါ့ညီလေးရဲ့သား..”

ကျွင်းမော့က သံသယမဝင်ဘဲ ခေါင်းညိတ်ပြကာ ပြန်လည်နှုတ်ဆက်လာသည်။

ယဲ့ရှောင်ဟန် (ယဲ့ကျန့်ဟန် အငယ်လေး) သည် လူကောင်းသူကောင်းလေးပင်။ ညဘက်ရောက်တိုင်း ခြူးမုယွင်အပေါ် မဖွယ်မရာ လုပ်ခဲ့မိသည့်အတွက် အမြဲတမ်း လိပ်ပြာမလုံသလို ခံစားနေရရှာ၏။ ခြူးမုယွင်နှင့် ကျွင်းမော့တို့ ချစ်ကျွမ်းဝင်နေမှန်းလည်း သူ သိသည်။ တစ်ချိန်လုံး မြင်တွေ့နေရသဖြင့် ရှင်းရှင်းလင်းလင်း သိနေသည်။ သို့ဖြစ်ရာ ကျွင်းမော့ရှေ့ရောက်တိုင်း အတန်ငယ် နေရခက်နေတော့သည်။

ကျွင်းမော့ကလည်း လူမှုဆက်ဆံရေးကောင်းသူ မဟုတ်သောကြောင့် နှစ်ယောက်သား စကားသိပ်မပြောကြပေ။

သို့သော် ခြူးမုယွင်က ယဲ့သမ့်သမ့်လေးကိုလည်း ကျွင်းမော့နည်းတူ သာတူညီမျှ ဂရုစိုက်ပေးခဲ့သည်။ မည်သို့ဆိုစေ သူ၏တူအရင်းပင် မဟုတ်ပါလား။

ဤသို့ဖြင့် ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီးနောက် လူတိုင်း စိတ်အခြေအနေကောင်းလာ၏။ ခြူးမုယွင်လည်း စိတ်ကြည်လင်လာခဲ့သည်။ သို့နှင့် အားလပ်သည့်တစ်ရက် ခြူးမုယွင်က မေးလိုက်သည်။

“အားမော့.. ကိုယ့်ကို အန္တိမဆေးကျမ်းပြလို့ရမလား..?”

ကျွင်းမော့တွင် ဆေးကျမ်းဝှက်ထားရန် ရည်ရွယ်ချက်မရှိသောကြောင့် ခြူးမုယွင် မေးလိုက်သည်နှင့် ချက်ချင်း သွားယူပေးသည်။

အမှန်အတိုင်းဆိုရလျှင် ဆေးကျမ်းရပြီးနောက် ခြူးမုယွင်မှာ အတော်လေး စိတ်ဖိစီးသွားရ၏။ အနှီဆေးကျမ်းက တကယ့်ကို ကောင်းမွန်လွန်းနေသည်။ ဆေးစာအုပ်ထဲမှ တုနှိုင်းမဲ့ဆေးညွှန်းများကို ပြန်တွေးမိသောအခါ…

ဒီဆေးကျမ်းကို မီးရှို့ပစ်လိုက်သင့်တာ..!

သို့သော် မီးရှို့ပစ်လည်း အသုံးမဝင်တော့ပြီ။ ကျွင်းမော့တွင် ဓာတ်ပုံမှတ်ဉာဏ်ရှိနေသဖြင့် စာအုပ်ထဲမှ ဆေးညွှန်းအားလုံး မှတ်မိလောက်ချေပြီ။

တကယ်တော့ အန္တိမဆေးကျမ်းသာ တခြားလူလက်ထဲ ရောက်သွားခဲ့လျှင် အမှိုက်ဖြစ်သွားလိမ့်မည်။ ဆေးညွှန်းများကို မြင်နေသည့်တိုင် လက်တွေ့ပြုလုပ်ရန်ကား စိတ်ကူးယဉ်အိပ်မက်သာ ဖြစ်နေလိမ့်မည်။

ခြူးမုယွင်မှာ တိတ်တခိုး သက်ပြင်းချလိုက်မိ၏။ သို့သော် ‘ကောင်းကင်ကပ်ဘေး’ခန္ဓာကိုယ်ကို ဖယ်ရှားနိုင်သော ဆေးညွှန်းစာမျက်နှာကို အရင်လှန်လိုက်သည်။ ပြီးနောက် သေသေချာချာ ဖတ်ရှုကြည့်ပြီး ကျွင်းမော့ကို မေးခွန်းတချို့ မေးကြည့်လိုက်သေးသည်။ နှစ်ယောက်သား ဆွေးနွေးတိုင်ပင်ကြည့်ပြီးနောက် ပြဿနာကြီးမဟုတ်သလို ခံစားလိုက်ရလေသည်။

ခြူးမုယွင်က နောက်တစ်မျက်နှာ လှန်လိုက်သည်။ ထိုအခါ ကျွင်းမော့ သူ့အပေါ် အသုံးပြုခဲ့သော ဆေးညွှန်းကို မြင်လိုက်ရလေသည်။ ခြူးမုယွင်က ထိုဆေးညွှန်းကို ဆက်မကြည့်ဘဲ နောက်တစ်မျက်နှာ လှန်လိုက်၏။ အဆုံးမှာတော့ ထိုကိစ္စများဟာ အမှတ်တရကောင်းမဟုတ်ခဲ့ပေ။

နောက်တစ်မျက်နှာ ထပ်လှန်ပြီးချိန်တွင် ခြူးမုယွင် ရုတ်တရက် ရပ်သွားသည်။ ထိုစာမျက်နှာကား ‘ဝိဉာဉ်ပြန်ခေါ်ဆေးလုံး’ မည်၏။

ကျွင်းမော့၏ အကြည့်လည်း အနှီစာမျက်နှာပေါ်သို့ ကျရောက်လာသည်။

ခြူးမုယွင်က တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ပြောလာခဲ့သည်။ : “အားမော့.. တစ်ခုလောက် အကူအညီတောင်းလို့ရမလား..?”

ကျွင်းမော့က ပြန်မေးသည်။ : “ကျွန်တော့်ကို ဒီဆေးလုံး သန့်စင်ပေးစေချင်လို့လား..?”

ခြူးမုယွင်က မျက်လွှာအသာချကာ ပြန်ဖြေသည်။ : “ဟုတ်တယ်..”

ကျွင်းမော့ : “ဘယ်သူ့အတွက်လဲ..?”

ခြူးမုယွင် : “ရှောင်ဟန့်အဖေ.. ကိုယ့်ညီလေးအတွက်..”

ထိုစကားကြောင့် ကျွင်းမော့ မအံ့ဩခဲ့ပေ။

ခြူးမုယွင်က ဖြည်းဖြည်းချင်း ထပ်ပြောခဲ့သည်။ : “ရှောင်ဟန်က အရမ်းငယ်သေးတယ်.. သူ့အမေက သူငယ်ငယ်လေးထဲက ဆုံးသွားတာလေ.. သူ့အဖေသာ အသက်ရှင်နိုင်မယ်ဆိုရင်……..”

…………………………………………………….

TN : ယဲ့သမ့်သမ့် = လင်းဟန် = ယဲ့ရှောင်ဟန်

‘လင်းဟန်’ က ‘လင်းမု'ရဲ့ မျိုးရိုးနာမည် ‘လင်း'၊ ယဲ့ကျန့်ဟန်ရဲ့ နောက်ဆုံးစာလုံး ‘ဟန်' ကို ယူထားတာပါ။

ပြီးတော့ ဒီအပိုင်းမှာ တစ်ခုခုပါနေတယ်နော်။ သတိထားမိကြရဲ့လားမသိ။

Click ပေးကြပါဦး။

…………………………………………………….

Zawgyi

“အားေမာ့.. ဒါေတြအားလုံး ကိုယ့္အမွားပါ.. ေကာက္က်စ္စဥ္းလဲတဲ့လူရဲ႕ လွည့္ကြက္ထဲ က်သြားတဲ့အထိ ကိုယ္ တုံးအ,ခဲ့တာ.. ကိုယ့္ေၾကာင့္ မင္း အတြင္းစိတ္မိစာၦရဲ႕ ျခယ္လွယ္မႈကို ခံေနရတာ..”

“အားေမာ့.. မင္းရဲ႕ေသြးစက္နဲ႔ ‘ႏွလုံးသား ေသာ့ခတ္ျခင္း’ ေဆးလုံး ဖန္တီးၿပီး ကိုယ့္ကိုေပး.. ကိုယ္ အဲ့ေဆးလုံးကို ေသာက္ျပမယ္.. ဟုတ္ၿပီလား..?”

***

ထိုသို႔ေျပာလိုက္ခ်ိန္ဝယ္ ျခဴးမုယြင္အတြက္ စိတ္အပူဆုံးသူကား Zero ေလးပင္ ျဖစ္၏။

Zero : “အကုန္ေပၚကုန္လိမ့္မယ္ ႀကီးျမတ္လွတဲ့ Host ေရ… သတိထားပါ..!!!”

Host ရဲ႕ႏွလုံးသားႀကီး ဘုန္းခနဲ ေပါက္ကြဲသြားတာနဲ႔ ကြၽင္းေမာ့က တစ္ကမာၻလုံးကို ေျမလွန္ပစ္လိမ့္မယ္..!

ျခဴးမုယြင္ : “……………”

Zero ေလးခမ်ာ တကယ္ကို ေၾကာက္႐ြံ႕ေနရွာေတာ့သည္။

ျခဴးမုယြင္က သက္ျပင္းခ်ကာ : “စိတ္ေအးေအးထား.. စိတ္ေအးေအးထား..”

ထို႔ေၾကာင့္လည္း ဤေလာကမွာ ‘သားအေၾကာင္း အေဖ့ထက္ ဘယ္သူမွပိုမသိႏိုင္ဘူး’ ဆိုသည့္စကားမ်ိဳး ေပၚထြက္လာရတာေပါ့။ ျခဴးမုယြင္က အဘယ္သို႔ လက္လြတ္စပယ္ ေျပာဆိုပါမည္နည္း။ သူ၏ ေနာက္ဆုံးစကားလုံးျဖစ္ေသာ ‘ႏွလုံးသား ေသာ့ခတ္ျခင္း’ ေဆးလုံးက ကြၽင္းေမာ့၏ ႐ြံ႕အိုင္သဖြယ္ ရႈပ္ေထြးေနာက္က်ိေနေသာ စိတ္ႏွလုံးကို အမွန္ပင္ အလင္းေဆာင္ႏိုင္ခဲ့သည္။

ထိုနည္းတူ ျခဴးမုယြင္ ေျပာခဲ့ေသာ ‘ဒါေတြအားလုံး ကိုယ့္အမွားပါ’ ဟူေသာ စကားကလည္း ကြၽင္းေမာ့၏ အတြင္းစိတ္႐ိုင္းကို လႈပ္ရွားသြားေစခဲ့ေလသည္။

ထိုစကား၏ အဓိပၸါယ္ကား ကြၽင္းေမာ့လုပ္ခဲ့သမွ်ကို ျပစ္တင္ေျပာဆိုေနမည္မဟုတ္ဘဲ ထိုအစား ကြၽင္းေမာ့အတြက္ပင္ ဆင္ေျခ၊ အေၾကာင္းျပခ်က္ ရွာေပးကာ စိတ္ႏွလုံးညစ္ႏြမ္းမႈကို ကူညီဖယ္ရွားေပးလိုက္ျခင္းပင္။

ခြင့္လႊတ္ေပးရန္ ေတာင္းခံေနစရာ မလိုေတာ့သည္အထိ ျခဴးမုယြင္က ကြၽင္းေမာ့ကို ကာကြယ္ေပးလိုက္ျခင္းပင္။

ျခဴးမုယြင္၏ မ်က္ဝန္းအိမ္ထဲတြင္ ခံစားခ်က္မ်ား ရႈပ္ေထြးလ်က္။ စိုးရိမ္ပူပန္သလို ေဒါသထြက္ေနေသာ္ျငား အေၾကာက္တရားႏွင့္ စိတ္ပ်က္နာက်ည္းျခင္း ဟူ၍ တစ္စြန္းတစ္စပင္ မရွိပါေခ်။

သို႔ေသာ္ ကြၽင္းေမာ့လုပ္ခဲ့သမွ်ကလည္း တကယ့္ကို ေက်ာခ်မ္းဖြယ္ရာအတိ။

ျခဴးမုယြင္က ကြၽင္းေမာ့အနား တိုးသြားကာ ေပြ႕ဖက္လိုက္သည္။ ၿပီးေနာက္ သက္ျပင္းဖြဖြခ်ကာ.. : “အားေမာ့.. မေၾကာက္နဲ႔ေနာ္.. ဘာကိစၥပဲရွိရွိ ကိုယ္ မင္းအနားက ထြက္မသြားပါဘူး..”

ထိုစကားေၾကာင့္ ကြၽင္းေမာ့ခမ်ာ ေက်ာက္႐ုပ္ျဖစ္သြားရျပန္၏။

လြန္ခဲ့ေသာရက္ပိုင္းခန႔္က သူတို႔ႏွစ္ဦး ဝါးေတာအုပ္ဘက္ လမ္းေလွ်ာက္ထြက္စဥ္..

ကြၽင္းေမာ့သည္ ‘လင္းမု’အား ‘ကြၽန္ေတာ္ အမွားတစ္ခုခုလုပ္ခဲ့မိရင္ ဘာလုပ္မွာလဲ..’ ဟူ၍ ေမးခဲ့ဖူးသည္။ ‘အားမု’ကလည္း ကြၽင္းေမာ့ဘာလုပ္လုပ္ သူ စိတ္မဆိုးပါဟူ၍ ျပန္ေျဖခဲ့ဖူးသည္။

ယခုေတာ့ ‘လင္းမု’က သူ၏ကတိအတိုင္း အမွန္ပင္ ျဖည့္ဆည္းေပးေနၿပီး ကြၽင္းေမာ့အား အျပစ္မတင္ခဲ့ေပ။

အဆုံးမွာေတာ့ ကြၽင္းေမာ့ လႈပ္ရွားလာခဲ့ေလသည္။ ေခါင္းငုံကာ ျခဴးမုယြင္၏ ျဖဴေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းအစုံကို ကပ်ာကယာ နမ္းရႈိက္လာေတာ့သည္။

ခံစားခ်က္မ်ားစြာ ေရာယွက္ပါဝင္ေနေသာ အနမ္းတစ္ခု… မြန္းက်ပ္ျခင္းမ်ား၊ သိမ္းပိုက္စိုးမိုးလိုစိတ္မ်ားႏွင့္ ကိုယ့္ကိုယ္ကို အျပစ္တင္စိတ္၊ အတိုင္းအဆမဲ့ေသာ ေလးနက္ျခင္းမ်ား၊ စိတ္ဝိဉာဥ္အထိ နက္ရႈိင္းစြာေသာ ခ်စ္ျခင္းတရားမ်ား ျပည့္လွ်ံေနၿပီး ႏႈတ္ခမ္းႏွင့္ လွ်ာဖ်ားတို႔ သြယ္ယွက္ေန႐ုံျဖင့္ အႏွီခံစားခ်က္မ်ားကို ျပည့္ျပည့္စုံစုံ ေဖာ္ျပရန္ မစြမ္းသာခဲ့ေခ်။ ကြၽင္းေမာ့က ျခဴးမုယြင္ကို မင္းသမီးသဖြယ္ ေပြ႕ခ်ီကာ အိမ္ျပန္လာၿပီး အိပ္ခန္းထဲ တန္းသြားလိုက္သည္။ ၿပီးေနာက္ အဝတ္ခြၽတ္ၿပီးၿပီးခ်င္း ကနဦးျပင္ဆင္မႈပင္ မလုပ္ေတာ့ဘဲ ျခဴးမုယြင္၏ကိုယ္ထဲ တိုးဝင္လိုက္ေတာ့သည္။

သက္ေသာင့္သက္သာမရွိသျဖင့္ ျခဴးမုယြင္မွာ နာက်င္သြားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။ သို႔ေသာ္ ကြၽင္းေမာ့အား တားဆီးရန္ တြ႕န္ဆုတ္ေနေလၿပီး အဆုံးမွာေတာ့ ပင့္သက္ရႈိက္ကာ ေျပာလိုက္သည္။

“အားေမာ့.. ကိုယ္ ဒီမွာရွိတယ္.. ထြက္မသြားဘူး.. အားေမာ့… ျဖည္းျဖည္း.. နည္းနည္းေလာက္ အရွိန္ေလ်ာ့ေပးပါ..”

ေနာက္ေတာ့ ဘာမွမေျပာႏိုင္ေတာ့ဘဲ ညည္းသံမ်ားသာ ထြက္ေပၚလာေတာ့သည္။

အားလုံးၿပီးဆုံးခ်ိန္ဝယ္ ျခဴးမုယြင္ခမ်ာ ကြၽင္းေမာ့၏ရင္ခြင္ထဲ အိပ္ေမာက်သြားခဲ့သည္။ ကြၽင္းေမာ့လည္း တည္ၿငိမ္သြားေခ်ၿပီ။ ျခဴးမုယြင္အား ဂ႐ုတစိုက္ေပြ႕ခ်ီကာ သန႔္ရွင္းေရးလုပ္ေပးၿပီး အိပ္ရာထဲ ျပန္ေခၚလာခဲ့ေပးသည္။

ျခဴးမုယြင္တစ္ေယာက္ မူးေဝမိန္းေမာစြာ ျပန္ႏိုးလာခဲ့သည္။ နာက်င္မႈေၾကာင့္ထင့္၊ သူ၏ မ်က္ႏွာတစ္ျပင္လုံး ျဖဴဆုတ္သြား၏။ သို႔ေသာ္ ခ်စ္ျခင္းတရားတို႔ ျပည့္လွ်ံေနေသာ ကြၽင္းေမာ့၏ မ်က္ဝန္းအစုံကို ျမင္လိုက္ခ်ိန္တြင္ မဖုံးကြယ္ႏိုင္ေအာင္ ၿပဳံးေပ်ာ္သြားေလသည္။

ကြၽင္းေမာ့၏စိတ္ထဲ အနည္းငယ္ လႈပ္ရွားသြားရၿပီး ေနာက္ဆုံးေတာ့ သူ၏အမွားကို ဝန္ခံလာေတာ့သည္။

“အားမု.. ကြၽန္ေတာ္ ေတာင္းပန္ပါတယ္..”

ျခဴးမုယြင္က ကြၽင္းေမာ့ကို ဆြဲလွဲကာ နဖူးထက္သို႔ အနမ္းေႁခြလိုက္သည္။ သူ၏အသံက အေစာပိုင္းကကိစၥေၾကာင့္ အနည္းငယ္ အက္ကြဲေနေလၿပီး တစ္မ်ိဳးတစ္မည္ ဆြဲေဆာင္မႈရွိေနသည္။ : “မေတာင္းပန္ပါနဲ႔.. မင္းေနရာမွာ ကိုယ္ဆိုရင္လည္း…. အဲ့လို လုပ္မိမွာပဲ..”

"အားေမာ့.. မစိုးရိမ္နဲ႔ေတာ့ေနာ္.. ဒီကမာၻေပၚမွာ ကိုယ့္ထက္ မင္းကိုပိုခ်စ္တဲ့လူ မရွိႏိုင္ေတာ့ဘူး.. မင္းကိုယ္တိုင္ထက္ေတာင္ ကိုယ္ မင္းကို ပိုခ်စ္တယ္..”

“ျပင္ပ,ပေယာဂ မပါရင္ေတာင္ ကိုယ္က မင္းမရွိဘဲမေနႏိုင္ဘူး.. မင္းမရွိဘဲ အသက္ဆက္မရွင္ႏိုင္ဘူး.. ဘာလို႔လဲဆိုေတာ့ ကိုယ္ကိုယ္တိုင္က အသက္ဆက္မရွင္ခ်င္ေတာ့လို႔ပဲ..”

(TN : ျပင္ပ,ပေယာဂဆိုတာ ေဆးခပ္တာဘာညာကို ေျပာတာပါ။)

ထိုစကားလုံးသည္ ကြၽင္းေမာ့အား ေမွ်ာ္လင့္ခ်က္ေပးကာ မေကာင္းမႈသံသရာမွ ဆြဲထုတ္ေပးႏိုင္ခဲ့၏။ သူႏွင့္ရွဲ႕ခ်င္းလန္က ကြာျခားသည္။ သူတို႔ႏွစ္ဦးက လုံးဝကြာျခားသည္။ ထပ္တူညီေသာ ႐ြံရွာစက္ဆုပ္ဖြယ္ကိစၥမ်ား လုပ္ခဲ့သည့္တိုင္ ‘အားမု’က သူ႔ကို အစမွအဆုံးထိ ခ်စ္ျမတ္ႏိုးေပးၿပီး သူ႔အား ခြင့္လႊတ္ေပးခဲ့သည္။

ကြၽင္းေမာ့၏ ႏွလုံးအိမ္ထဲတြင္ ေပ်ာ္႐ႊင္မႈမ်ား လႈိက္တက္လာခဲ့ၿပီး ျခဴးမုယြင္အား ေပြ႕ဖက္လိုက္၏။ ဤအခိုက္အတန႔္ေလးကို အခ်ိန္ရပ္တန႔္ထားခ်င္ေတာ့သည္။ သို႔မွသာ သူတို႔ႏွစ္ဦးၾကား တတိယလူ မဝင္ႏိုင္ဘဲ ထာဝစဥ္ အတူေနသြားႏိုင္လိမ့္မည္။

ျခဴးမုယြင္၏ ပင္ပင္ပန္းပန္း က်ားကုတ္က်ားခဲ ႀကိဳးစားခဲ့သမွ် ေနာက္ဆုံးေတာ့ အရာထင္ခဲ့ေလၿပီ။

ကြၽင္းေမာ့ စိတ္တည္ၿငိမ္သြားၿပီး ႐ူးေၾကာင္ေၾကာင္ အေတြးမ်ားကို လက္ေလ်ာ့လိုက္သည္။

ထို႔အျပင္ ျခဴးမုယြင္လည္း လက္ေဆာင္ႀကီးတစ္ခု ရလိုက္ေလသည္။

Zero ေလး : “လက္ထပ္ခြင့္ေတာင္းဖို႔ပဲ က်န္ေတာ့တယ္..”

-ကြၽင္းေမာ့ရဲ႕ ပုံတူပန္းခ်ီတစ္ခုလုံး မီးလင္းသြားၿပီ။

ျခဴးမုယြင္တစ္ေယာက္ စိတ္ေအးသြားၿပီး သက္ျပင္းခ်လိုက္သည္။

ဒါေပါ့၊ ဘယ္သူမွ ‘ႏွလုံးသား ေသာ့ခတ္ျခင္း’ ေဆးအေၾကာင္း ထပ္မေျပာၾကေတာ့ေပ။ ကြၽင္းေမာ့သည္ ျခဴးမုယြင္အား ေဆးစားခြင့္ျပဳလိမ့္မည္မဟုတ္၊ အေၾကာင္းမွာ သူ႔အတြက္ အႏွီ ‘ယုံၾကည္ျခင္း’ ႏွင့္ ‘စိတ္လုံၿခဳံမႈ’ ဟူေသာ ခံစားခ်က္မ်ားကို ရွာေဖြရန္ မျဖစ္ႏိုင္ေတာ့သလို သူကိုယ္တိုင္ကလည္း ရွာေဖြခ်င္စိတ္ မရွိေတာ့ေသာေၾကာင့္ပင္။ သူ႔ကို ခြင့္လႊတ္ေနသေ႐ြ႕၊ သူ႔အနားမွ ထြက္မသြားသေ႐ြ႕၊ ဤအရိပ္အၿမဳံေလးထဲ အတူေနေပးသေ႐ြ႕၊ စိတ္ေက်နပ္ေနလိမ့္မည္။ ယုံၾကည္မႈအေၾကာင္း ထပ္မေျပာလိုေတာ့ေပ။

ဤစိတ္အေျခအေနသည္လည္း ပုံမွန္မဟုတ္ေသးေသာ္ျငား ျခဴးမုယြင္သည္ ေျပာင္းလဲေပးရန္ ရည္႐ြယ္ခ်က္မရွိ။ အဘယ္ေၾကာင့္ဆိုေသာ္ ‘ႏွလုံးသား ေသာ့ခတ္ျခင္း’ေဆးကို သူ တကယ္မေသာက္ႏိုင္၍ပင္။

ျခဴးမုယြင္၏ ဘဝတစ္ေလွ်ာက္လုံး ထိုေဆးလုံးကို ေသာက္သုံးခြင့္ရလိမ့္မည္မဟုတ္။ သို႔ေသာ္ တကယ္တမ္း ေဆးေသာက္ခဲ့ရလွ်င္ အမွန္တရားကို ေစာေစာစီးစီး သိသြားေခ်လိမ့္မည္။

ဥပမာအားျဖင့္ သူ ေသဆုံးမည္မဟုတ္ေပ။

ျခဴးမုယြင္က လက္ထပ္ခြင့္ေတာင္းရန္ အလ်င္မလိုခဲ့ေပ။ ႏွစ္ေယာက္သား ‘ရင္ထဲမွအစိုင္အခဲမ်ား’ကို ေျဖရွင္းၿပီး႐ုံသာရွိေသးရာ ခ်ိဳၿမိန္ေနသင့္သည့္ အခ်ိန္ေလး မဟုတ္ပါလား။

ကြၽင္းေမာ့ သူ႔ကိုေကြၽးခဲ့ေသာေဆးက ေျဖေဆးမလိုအပ္ေပ။ ေဆးေကြၽးတာ ရပ္လိုက္သည္ႏွင့္ သူ၏ခႏၶာကိုယ္လည္း ျဖည္းျဖည္းခ်င္း ျပန္ေကာင္းလာလိမ့္မည္။ ထို႔ေၾကာင့္ ႏွစ္ေယာက္လုံး ထိုကိစၥကို ျပန္အစမေဖာ္ၾကေတာ့ေပ။

ေနာက္တစ္ရက္၊ ျခဴးမုယြင္က ကြၽင္းေမာ့ကို ယဲ့သမ့္သမ့္ေလးႏွင့္ မိတ္ဆက္ေပးခဲ့သည္။

“သူ႔နာမည္က လင္းဟန္ေလ.. ငါ့ညီေလးရဲ႕သား..”

ကြၽင္းေမာ့က သံသယမဝင္ဘဲ ေခါင္းညိတ္ျပကာ ျပန္လည္ႏႈတ္ဆက္လာသည္။

ယဲ့ေရွာင္ဟန္ (ယဲ့က်န႔္ဟန္ အငယ္ေလး) သည္ လူေကာင္းသူေကာင္းေလးပင္။ ညဘက္ေရာက္တိုင္း ျခဴးမုယြင္အေပၚ မဖြယ္မရာ လုပ္ခဲ့မိသည့္အတြက္ အၿမဲတမ္း လိပ္ျပာမလုံသလို ခံစားေနရရွာ၏။ ျခဴးမုယြင္ႏွင့္ ကြၽင္းေမာ့တို႔ ခ်စ္ကြၽမ္းဝင္ေနမွန္းလည္း သူ သိသည္။ တစ္ခ်ိန္လုံး ျမင္ေတြ႕ေနရသျဖင့္ ရွင္းရွင္းလင္းလင္း သိေနသည္။ သို႔ျဖစ္ရာ ကြၽင္းေမာ့ေရွ႕ေရာက္တိုင္း အတန္ငယ္ ေနရခက္ေနေတာ့သည္။

ကြၽင္းေမာ့ကလည္း လူမႈဆက္ဆံေရးေကာင္းသူ မဟုတ္ေသာေၾကာင့္ ႏွစ္ေယာက္သား စကားသိပ္မေျပာၾကေပ။

သို႔ေသာ္ ျခဴးမုယြင္က ယဲ့သမ့္သမ့္ေလးကိုလည္း ကြၽင္းေမာ့နည္းတူ သာတူညီမွ် ဂ႐ုစိုက္ေပးခဲ့သည္။ မည္သို႔ဆိုေစ သူ၏တူအရင္းပင္ မဟုတ္ပါလား။

ဤသို႔ျဖင့္ ရက္အနည္းငယ္ ၾကာျမင့္ခဲ့ၿပီးေနာက္ လူတိုင္း စိတ္အေျခအေနေကာင္းလာ၏။ ျခဴးမုယြင္လည္း စိတ္ၾကည္လင္လာခဲ့သည္။ သို႔ႏွင့္ အားလပ္သည့္တစ္ရက္ ျခဴးမုယြင္က ေမးလိုက္သည္။

“အားေမာ့.. ကိုယ့္ကို အႏၲိမေဆးက်မ္းျပလို႔ရမလား..?”

ကြၽင္းေမာ့တြင္ ေဆးက်မ္းဝွက္ထားရန္ ရည္႐ြယ္ခ်က္မရွိေသာေၾကာင့္ ျခဴးမုယြင္ ေမးလိုက္သည္ႏွင့္ ခ်က္ခ်င္း သြားယူေပးသည္။

အမွန္အတိုင္းဆိုရလွ်င္ ေဆးက်မ္းရၿပီးေနာက္ ျခဴးမုယြင္မွာ အေတာ္ေလး စိတ္ဖိစီးသြားရ၏။ အႏွီေဆးက်မ္းက တကယ့္ကို ေကာင္းမြန္လြန္းေနသည္။ ေဆးစာအုပ္ထဲမွ တုႏႈိင္းမဲ့ေဆးၫႊန္းမ်ားကို ျပန္ေတြးမိေသာအခါ…

ဒီေဆးက်မ္းကို မီးရႈိ႕ပစ္လိုက္သင့္တာ..!

သို႔ေသာ္ မီးရႈိ႕ပစ္လည္း အသုံးမဝင္ေတာ့ၿပီ။ ကြၽင္းေမာ့တြင္ ဓာတ္ပုံမွတ္ဉာဏ္ရွိေနသျဖင့္ စာအုပ္ထဲမွ ေဆးၫႊန္းအားလုံး မွတ္မိေလာက္ေခ်ၿပီ။

တကယ္ေတာ့ အႏၲိမေဆးက်မ္းသာ တျခားလူလက္ထဲ ေရာက္သြားခဲ့လွ်င္ အမႈိက္ျဖစ္သြားလိမ့္မည္။ ေဆးၫႊန္းမ်ားကို ျမင္ေနသည့္တိုင္ လက္ေတြ႕ျပဳလုပ္ရန္ကား စိတ္ကူးယဥ္အိပ္မက္သာ ျဖစ္ေနလိမ့္မည္။

ျခဴးမုယြင္မွာ တိတ္တခိုး သက္ျပင္းခ်လိုက္မိ၏။ သို႔ေသာ္ ‘ေကာင္းကင္ကပ္ေဘး’ခႏၶာကိုယ္ကို ဖယ္ရွားႏိုင္ေသာ ေဆးၫႊန္းစာမ်က္ႏွာကို အရင္လွန္လိုက္သည္။ ၿပီးေနာက္ ေသေသခ်ာခ်ာ ဖတ္ရႈၾကည့္ၿပီး ကြၽင္းေမာ့ကို ေမးခြန္းတခ်ိဳ႕ ေမးၾကည့္လိုက္ေသးသည္။ ႏွစ္ေယာက္သား ေဆြးေႏြးတိုင္ပင္ၾကည့္ၿပီးေနာက္ ျပႆနာႀကီးမဟုတ္သလို ခံစားလိုက္ရေလသည္။

ျခဴးမုယြင္က ေနာက္တစ္မ်က္ႏွာ လွန္လိုက္သည္။ ထိုအခါ ကြၽင္းေမာ့ သူ႔အေပၚ အသုံးျပဳခဲ့ေသာ ေဆးၫႊန္းကို ျမင္လိုက္ရေလသည္။ ျခဴးမုယြင္က ထိုေဆးၫႊန္းကို ဆက္မၾကည့္ဘဲ ေနာက္တစ္မ်က္ႏွာ လွန္လိုက္၏။ အဆုံးမွာေတာ့ ထိုကိစၥမ်ားဟာ အမွတ္တရေကာင္းမဟုတ္ခဲ့ေပ။

ေနာက္တစ္မ်က္ႏွာ ထပ္လွန္ၿပီးခ်ိန္တြင္ ျခဴးမုယြင္ ႐ုတ္တရက္ ရပ္သြားသည္။ ထိုစာမ်က္ႏွာကား ‘ဝိဉာဥ္ျပန္ေခၚေဆးလုံး’ မည္၏။

ကြၽင္းေမာ့၏ အၾကည့္လည္း အႏွီစာမ်က္ႏွာေပၚသို႔ က်ေရာက္လာသည္။

ျခဴးမုယြင္က တစ္ခဏတုံ႔ဆိုင္းေနၿပီးေနာက္ ေျပာလာခဲ့သည္။ : “အားေမာ့.. တစ္ခုေလာက္ အကူအညီေတာင္းလို႔ရမလား..?”

ကြၽင္းေမာ့က ျပန္ေမးသည္။ : “ကြၽန္ေတာ့္ကို ဒီေဆးလုံး သန႔္စင္ေပးေစခ်င္လို႔လား..?”

ျခဴးမုယြင္က မ်က္လႊာအသာခ်ကာ ျပန္ေျဖသည္။ : “ဟုတ္တယ္..”

ကြၽင္းေမာ့ : “ဘယ္သူ႔အတြက္လဲ..?”

ျခဴးမုယြင္ : “ေရွာင္ဟန႔္အေဖ.. ကိုယ့္ညီေလးအတြက္..”

ထိုစကားေၾကာင့္ ကြၽင္းေမာ့ မအံ့ဩခဲ့ေပ။

ျခဴးမုယြင္က ျဖည္းျဖည္းခ်င္း ထပ္ေျပာခဲ့သည္။ : “ေရွာင္ဟန္က အရမ္းငယ္ေသးတယ္.. သူ႔အေမက သူငယ္ငယ္ေလးထဲက ဆုံးသြားတာေလ.. သူ႔အေဖသာ အသက္ရွင္ႏိုင္မယ္ဆိုရင္……..”

…………………………………………………….

TN : ယဲ့သမ့္သမ့္ = လင္းဟန္ = ယဲ့ေရွာင္ဟန္

‘လင္းဟန္’ က ‘လင္းမု'ရဲ႕ မ်ိဳး႐ိုးနာမည္ ‘လင္း'၊ ယဲ့က်န္႔ဟန္ရဲ႕ ေနာက္ဆုံးစာလုံး ‘ဟန္' ကို ယူထားတာပါ။

ၿပီးေတာ့ ဒီအပိုင္းမွာ တစ္ခုခုပါေနတယ္ေနာ္။ သတိထားမိၾကရဲ႕လားမသိ။

Click ေပးၾကပါဦး။

…………………………………………………….

Continue Reading

You'll Also Like

291K 22.9K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
687K 97.5K 119
《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှော...
239K 36.1K 56
mm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translato...
131K 9.1K 87
ယုံကြည်ရတဲ့သူနဲ့မိသားစုဝင်တွေဆီကလှည့်စားတာ ခံလိုက်ရတဲ့Radenမိသားစုရဲ့အမွေဆက်ခံသူ... Systemတစ်ခုဆီကယ်တင်ခံရပြီးလက်စားချေခွင့်ကို ရသွားသောအခါ....? ^မြှ...