ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

Galing kay Dilly_Dally20

483K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... Higit pa

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၃၅.၂)

2.1K 281 1
Galing kay Dilly_Dally20



Unicode.

မိုင်ထောင်ချီအဝေးတွင်ရှိနေသောရွှမ်းရန်က ရေကန့်လန့်ကာကိုကြည့်ရင်း နှုတ်ခမ်းထောင့်များကိုကွေးညွှတ်ကာ ပြုံးလိုက်သည်။ " မင်းရှုံးတော့မယ် "

' ရှုံးတယ်လို့ပြောဖို့အရမ်းစောသေးတယ်၊ လီယဲ့က ယဲ့လျှိုရင်နဲ့လိုက်သွားဖို့ပဲသဘောတူလိုက်တာ၊ အဲ့ဒီ အဘိုးကြီး ယဲ့လျှိုရင်က ဘယ်လောက်တောင်ဉာဏ်များလဲ မင်းသိတယ်မို့လား၊ လီယဲ့ကိုလည်း သူတစ်နည်းနည်းနဲ့ လှည့်ဖျားထားတာပဲဖြစ်ရမယ်..ဒါပေမယ့် လီယဲ့က မိစ္ဆာလမ်းစဉ်ကိုကျင့်ရင်တောင် အပြစ်မဲ့လူတွေကို မသတ်သရွေ့သူ့ကို မကောင်းတဲ့လူအဖြစ်သတ်မှတ်လို့မရဘူးလေ..ဟုတ်တယ်မို့လား '

ရွှမ်းရန်က တိုးတိတ်စွာလှောင်ရယ်လိုက်သော်လည်း သူ့မျက်ဝန်းများက ရယ်သွမ်းရိပ်တို့လွှမ်းမနေခဲ့။ " ဟုတ်ပါတယ်..ဒါပေမယ့် လီယဲ့က ဒီလိုအရာတွေကို ကြုံတွေ့ခံစားပြီး ယဲ့လျှိုရင်လှည့်ဖျားတဲ့နောက် ပါသွားပြီးတဲ့နောက် သူ့ရဲ့စိတ်က အရင်လိုဖြူစင်နိုင်ပါတော့မလား "

လူသားတွေရဲ့သဘာဝက အားနည်းပြီးပျော့ညံ့သည်။ ဖျက်စီးပစ်ဖို့လွယ်ကူသည်၊ သူတို့ရင်ထဲက လိုအင်ဆန္ဒကပဲ သူတို့ကိုလမ်းမှားဆီရောက်သွားစေသည်။

ဒါကြောင့်မို့ပဲ သူဟာ လူသားတွေမှာရှိတဲ့စိတ်ခံစားချက်အားလုံးကိုစွန့်လွှတ်ထားခဲ့ခြင်းဖြစ်​၏။ ဒါဆို ဘယ်အရာမှ သူ့စိတ်ကိုတုန်လှုပ်အောင်မလုပ်နိုင်တော့ပါပေ။

လိုအင်ဆန္ဒဟာ ပျက်စီးခြင်းရဲ့ လမ်းစဖြစ်သည်။

' ဒါပေါ့၊ ငါသူ့ကိုယုံတယ်၊ ဒါနဲ့ မင်းက ဘာလို့ ဒီလောက် ခံစားချက်မဲ့နေတာလဲ၊ ဘာလို့ ငါ့ကိုဖယ်ထုတ်ပစ်ချင်တာလဲ၊ ငါကမင်းရင်ထဲက လိုအင်ဆန္ဒတစ်ခုပဲ၊ ဒါကိုမင်းက ဝန်မခံချင်ဘူး '

ရွှမ်းရန်က စကားပြန်မဆိုဘဲ ဝတ်ရုံလက်ကိုဝှေ့ကာ မူရာကျူးကို အပြင်သို့ထုတ်ပေးလိုက်သည်။ မူရာကျူးဟာ အခုအခြေအနေပေါ်တွင် လွန်စွာရှုပ်ထွေးပြီး ရွှမ်းရန်ကို တစ်ချက်ကြည့်ကာ ရွှမ်းရန်ရဲ့ အနေအထားက မရိုရှင်းမှန်းတော့ သူမသိနေသည်။ကြည့်ရတာ ဒါက စင်ကြယ်သော နန်းတော်ရဲ့ အရှင်သခင်ဖြစ်ပုံရသည်။မူရာကျူးဟာ ဒူးထောက်ပြီးရွှမ်းရန်ကိုအရိုအသေပေးကာ တုန်ရီခြင်းမရှိဘဲ လေးစားသောအသံဖြင့် ဆို​၏။ " ကျွန်တော်မျိုးမရဲ့ အသက်ကိုကယ်တင်ပေးတဲ့အတွက် အရှင်သခင်ကို ကျေးဇူးတင်ပါတယ် "

ရွှမ်းရန်က တည်ငြိမ်စွာပြန်ပြောလိုက်သည်။ " မင်း အခု စုန့်ကျိုးမြို့မှာနေလို့မရတော့ဘူး၊ ငါမင်းကို အမှတ်အသားတစ်ခု ပေးလိုက်မယ်၊ စင်ကြယ်သောနန်းတော်ဆီသွားပါ၊ အဲ့နေရာက မင်းကိုကာကွယ်ပေးနိုင်လိမ့်မယ် "

အဲ့ဒိနောက် မှာ သူဟာ မူရာကျူးရဲ့ နှဖူးဆီသို့ အလင်းတန်း တစ်ခုနှင့်ချိန်ရွယ်လိုက်ပြီး အလင်းတန်းက သူမရဲ့ နှဖူးထဲသို့ထိုးဖောက်သွားခဲ့သည်။

မူရာကျူးက ထပ်မံ၍ အရိုအသေပေးလိုက်ပြန်သည်။ " ကျေးဇူးတင်ပါတယ် အရှင် "

သူမ ခေါင်းပြန်မော့လိုက်တော့ ရွှမ်းရန်မှာပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

..................

လင်းကျစ်ရန်ဟာ ယဲ့လျှို
ရင်နောက်သို့ လိုက်လာခဲ့သည်။

လမ်းလျှောက်နေစဉ်၊ သူဟာ လီယဲ့ရဲ့ ဇာတ်ကောင်စရိုက်ကို နက်နက်နဲနဲ တွေးတောနေခဲ့သည်။ သူရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်လျှင် ကျရာဇာတ်ရုပ်ကို ကောင်းစွာနားလည်ပြီး ပီပြင်စွာ သရုပ်ဆောင်နိုင်ဖို့လိုသည်ပင်။

အရင်ဆုံး မူလဇာတ်ညွှန်းအရဆို လီယဲ့ဟာ ယဲ့လျှိုရင် ပေါ်လာတဲ့အချိန်မှာ အငြှိုးအတေးတွေနဲ့ ပြည့်နှက်နေပြီးဖြစ်​၏။ သူ ယဲ့လျှိုရင်နောက်ကို လိုက်ခဲ့တာက သူ့အမေအတွက်လက်စားချေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းကြောင့်သာ။ မူရာကျူးရဲ့ သေဆုံးမှုက သူ့ရင်ထဲက အမုန်းတရားတွေကို ဂိတ်ဆုံးအထိမြှင့်တင်ပေးလိုက်သလိုမျိုးပင်ဖြစ်သည်။ ပိုပြီးသန်မာလာဖို့အတွက် သူဟာ ဘာမဆိုလုပ်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာခဲ့လေသည်။

ဒါပေမယ့် ဇာတ်ညွှန်းထဲကအတိုင်းမဟုတ်ဘဲ အခြားနောက်တစ်မျိုးလည်းစဉ်းစားနိုင်သေးသည်။ လီယဲ့ဟာ သိတတ်စအရွယ်ကတည်းက လူအများရဲ့ အနှိမ်ခံ အနိုင်ခံဖြစ်ခဲ့ပြီး သူ့အဖေရဲ့ ကာကွယ်ပေးမှုကိုလိုချင်ခဲ့သည်ပင်၊ ဒါပေမယ့် တကယ့်လက်တွေ့ သူ့အဖေ ရောက်လာခဲ့တဲ့ အခါမှာတော့ အရင်ကလိုချင်ခဲ့ဖူးတဲ့ ကာကွယ်ပေးမှုတွေ၊ ဂရုစိုက်ပေးမှုတွေကို မလိုအပ်တော့။ သူက ဖြောင်းဖြလို့မရအောင် ခေါင်းမာသူဖြစ်သည်။ သူ့အဖေနောက်ကိုလိုက်တာက ပိုပြီး သန်မာဖို့ဆိုတဲ့ အကြောင်းပြချက်ကြောင့်ဖြစ်နိုင်သည်။

ပိုပြီး သန်မာတဲ့ လူတစ်ယောက်ဖြစ်ဖို့ လီယဲ့ဟာ ယဲ့လျှိုရင်နောက်သို့ လိုက်ခဲ့ခြင်းသာဖြစ်သည်။ဒါပေမယ့် အခုတော့ မူရာကျူးကိုကယ်တင်ဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခု ထပ်ပေါ်လာခဲ့သည်။ယဲ့လျှိုရင် ရဲ့ ဖြောင်းဖြမှုက အကျိုးအကြောင်း ဆီလျော်သည့်တိုင် ကောင်းသောစိတ်နဲ့တော့ မဖြစ်နိုင်။ ဘာပဲ ဖြစ်ဖြစ် ဇနီးနဲ့သားကို ပစ်ထားခဲ့ကတည်းက သူဟာ ကောင်းတဲ့လူတစ်ယောက်မဟုတ်၊ လီယဲ့ရဲ့ ခွင့်လွှတ်မှုကို မရနိုင်ပေ။

အဖေနဲ့ သားကြားမှာ တင်းမာမှုတော့ ဆက်ရှိနေလိမ့်ဦးမည်။ ဒါပေမယ့် ယဲ့လျှိုရင်ကလည်း လီယဲ့ရဲ့ခွင့်လွှတ်မှုကိုမလိုချင်မှန်း လင်းကျစ်ရန်သိပါသည်။ ယဲ့လျှိုရင်ဟာ လီယဲ့ကို စိတ်ရင်းနဲ့ မဆက်ဆံခဲ့သလို အဖေတစ်ယောက်အနေဖြင့်လည်း တာဝန်ယူမှုမရှိခဲ့၊ အစမှ အဆုံးအထိ အသုံးချဖို့ အတွက်သာ ရည်ရွယ်ထားခဲ့ပြီး သူ့ပါးစပ်က ထွက်သမျှစကားတိုင်းက အလိမ်အညာတွေသာဖြစ်သည်။

ယဲ့လျှိုရင်နဲ့ မူရာကျူးတို့ ဘယ်လို ဇာတ်လမ်းတွေ ပွေလီခဲ့ပြီး သားတစ်ယောက်ရလာခဲ့လဲတော့လင်းကျစ်ရန်မသိ၊ ဒါက ဇာတ်ညွှန်းထဲမှာလည်းရေးမထား၊ ဘယ်လိုဖြစ်နေပါစေ လီယဲ့ကို ဒီလောက်နှစ်တွေ အကြာကြီး မျက်ကွယ်ပြုထားနိုင်ကတည်းက အဲ့ဒါက လှပတဲ့ အချစ်ဇာတ်လမ်းတစ်ခုတော့ မဖြစ်နိုင်။ တကယ်တော့ လီယဲ့ရဲ့ မွေးဖွားလာမှုက အစကတည်းက အပယ်ခံဖြစ်ဖို့ သက်သက်နှင့်။

လင်းကျစ်ရန်ဟာ သက်ပြင်းသာ ချလိုက်မိပါသည်။

ယဲ့လျှိုရင်က နယ်လှည့်သွားလာနေသော ကုန်သည်ယောင်ဆောင်ကာ လင်းကျစ်ရန်ကိုခေါ်ပြီး အရှေ့ဘက်သို့ဦးတည်လာခဲ့ရာ တစ်လကြာပြီးနောက်မှာတော့ မိုင်ထောင်ချီခရီးပေါက်ခဲ့ပြီး စူးဝမ်မြို့သို့ရောက်လာခဲ့ကြတော့သည်။

စူးဝမ်မြို့မှာ စုန့်ကျိုးမြို့နှင့်လွန်စွာဝေးလံလှသော်လည်း စင်ကြယ်သောနန်းတော်နှင့် အတော်လေး နီးစပ်ပြီး ကြွယ်ဝလှသောမြို့တစ်မြို့ပင်။ စူးဝမ်မြို့စားမှာလည်း ဟန်မျိုးရိုး ရှိသော ချောမောသည့် လူခန့်တစ်ယောက်ပင်ဖြစ်ပြီး စူးဝမ်မြို့တွင် ဟန်မိသားစုများမှာ အလွန်ထင်ပေါ်ကြော်ကြားပြီး ဩဇာညောင်းလှသည်ပင်။

ယဲ့လျှိုရင်ဟာ လင်းကျစ်ရန်ကို ဟန်မိသားစု အိမ်တော်ဆီသို့သာ တိုက်ရိုက်ခေါ်လာခဲ့သည်။ ဟန်မိသားစု အိမ်တော်ကြီးမှာလည်း လွန်စွာကျယ်ပြောလှပြီး ခမ်းနားထည်ဝါလှသည့်အလျောက် အိမ်စေများက ကသောင်းကနင်း သိုက်သိုက်မြိုက်မြိုက်။ လင်းကျစ်ရန်လည်း သဘောကျမိသွားသည်။ ဒီအဖိုးကြီးက လူကောင်းမဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုတော့ ကောင်းကောင်းနေတတ်သေးသည်။ သူ့နောက်ကို လိုက်ရင် သူလည်းကောင်းကောင်း နေနိုင်လိမ့်မည်ထင်​၏။

ဒါပေမယ့် သူ့အမြင်အရဆို ဒီဟန်မိသားစုက ယဲ့လျှိုရင်နှင့် တိတ်တဆိတ်ပတ်သတ်မှုတော့ ရှိနေလိမ့်မည်။

လင်းကျစ်ရန်ဟာ တစ်နေကုန် ယဲ့လျှိုရင် ရဲ့ သင်ကြားပေးမှူအောက်မှာ ကြိုးစားပမ်းစား လေ့ကျင့်နေရုံကလွဲရင် လုပ်စရာအလုပ်မရှိပေ။ ဘာပဲ ဖြစ်ဖြစ် မြန်မြန် သန်မာလာတာလည်း ကောင်းတဲ့ အရာပါပဲ။ ဒါမှ သူ မူယန်နဲ့ရွှမ်းရန်အတွက် တိုက်ခိုက်ပေးနိုင်မှာ။

တကယ်လို့ သူသာ အားနည်းနေရင် တစ်ဖက်လူက လက်ချောင်းလေး တစ်ချောင်းလှုပ်လိုက်တာနဲ့ သူသေသွားနိုင်သည်။ ဒီ ဒုတိယဇာတ်လိုက်နေရာက တော်တော်အရေးပါတာမို့ အနည်းဆုံးတော့ သူ လက်ချောင်းနှစ်ချောင်း လှုပ်စာလောက်တော့ သည်းခံနိုင်ဦးမှ ဖြစ်မည်။

အရမ်းခက်တာပဲ!

ဒီလိုကျင့်ကြံရေး လောကမှာ ဒုတိယဇာတ်လိုက်ဖြစ်ရတာ တကယ်ကို မလွယ်ကူတဲ့ဘဝပါ!

သူကြိုးစားပန်းစားလေ့ကျင့်ရရုံသာမက အမျိုးသားဇာတ်လိုက်ရဲ့ အထုအထောင်းကိုပါ ခံရပြီး နောက်ဆုံးကျေကျေနပ်နပ်ကြီးအသေခံပေးရဦးမှာတဲ့လေ!

လင်းကျစ်ရန်ဟာ မညီးညူဘဲ မနေနိုင်။ လီယဲ့ နဲ့ယှဉ်ရင် လုကျန်းဘဝက အများကြီး ပိုသက်သာ သလားလို့။ လုကျန်းက ချစ်သူနဲ့ အလုပ်အကိုင်ကိုပဲ ဆုံးရှုံးလိုက်ရတာ၊ လီယဲ့ကျတော့ သူ့ဘဝရော အရာအားလုံး ရေစုန်မြောရမှာ! ကံကောင်းထောက်မစွာနဲ့ ဒီ ကမ္ဘာက ဇာတ်လိုက်shouက နတ်မိမယ်လေးဖြစ်နေလို့သာပေါ့!

လင်းကျစ်ရန်သာ သက်ပြင်းချလိုက်ပြန်​၏။ သူ သူ့ရဲ့ နတ်မိမယ်လေးကို ကာကွယ်ပေးဖို့ ကြိုးစားရမည်။ ယဲ့လျှိုရင်ရဲ့ သင်ကြားမှုအောက်မှာ လင်းကျစ်ရန်ဟာ လျင်မြန်စွာပင် တိုးတက်လာခဲ့သည်။

[လင်းကျစ်ရန်: ဒီတိုးတက်နှုန်းက မြန်ပေမယ့် ငါ ဘယ်ချိန်မှ ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်မှာလဲ! ]

[System: ... ကစားသမား စိတ်ရှည်ရှည်ထားပါဦး ]

[လင်းကျစ်ရန်: ဆယ်ရက်တောင်ရှိပြီနော်!]

ဒါက ဂိမ်းတစ်ခုပင်ဖြစ်တာမို့ နှစ်တွေရာချီ အမှန်တကယ် ကျင့်ကြံဖို့ သူလုံးဝ စိတ်ကူးမရှိ၊ အမြန်ဆုံး အဆင့်တက်ဖို့လိုသည်။ (၃) မိနစ်စာလောက်တောင် စိတ်ရှည်ရှည်နဲ့ မလေ့ကျင့်နိုင်တဲ့ သူ့လို လူအတွက် ဆယ်ရက်ဆိုတာ အရမ်းများလွန်းနေပြီမို့လား?

ဒီနေ့တွင်လည်း လင်းကျစ်ရန်တစ်ယောက် အခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်နေခဲ့သည်။ စိတ်ကိုမနည်းဆွဲဆန့်ထားရပြီး အိပ်မပျော်သွားဖို့ ထိန်းထားရသည်မှ အတော်ပင်ခက်လှချေ​၏။

ထိုစဉ် တံခါးဆီမှ အသံတစ်စ ထွက်ပေါ်လာခဲ့သည်။

လင်းကျစ်ရန်လည်း ချက်ချင်းသတိပြုမိလိုက်ပြီး နိုးကြားလာခဲ့သည်။

ယဲ့လျှိုရင်ဟာ တံခါးကိုတွန်းဖွင့်ပြီး အထဲသို့ ဝင်လာခဲ့ရင်း သူ့အရှေ့ရှိ မျက်လုံးကိုမှိတ်ထားလျက် ကြိုးစားပမ်းစားလေ့ကျင့်နေသော လူငယ်လေးကို ကြည့်လိုက်သည်။ အစာစားချိန်မှလွဲလို့ လီယဲ့ဟာ ဒီအခန်းထဲတွင်သာ ပိတ်နေပြီး ဘယ်သူနဲ့မှ အဆက်အဆံမလုပ်၊ တိုးတက်မှုက မြန်ဆန်ပြီး သူ့ခြေရာကိုမှီသည့်တိုင် အနည်းငယ်တော့ လိုအပ်နေသေး​၏။

ယဲ့လျှိုရင်ဟာ လင်းကျစ်ရန်ရဲ့ရှေ့တွင်ရပ်ကာ ညင်သာစွာခေါ်လိုက်သည်။ " ယဲ့အာ "

လင်းကျစ်ရန်ဟာ မျက်လုံးကိုဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ထိုသူကိုအေးစက်စွာ ကြည့်လိုက်ရင်း ခွန်းတုန့်မပြန်ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

ယဲ့လျှိုရင်ဟာ လင်းကျစ်ရန်ရဲ့ အမူအရာအပေါ်စိတ်ဆိုးခြင်းမရှိ။ ဒီကလေးက သူနဲ့ ရှိတဲ့ အချိန်တိုင်း မပျော်မရွှင် ဖြစ်နေတတ်သည်ပင်။ သူ ကြိုးစားပမ်းစား လေ့ကျင့်နေရခြင်းမှာလည်း သူ့အမေကို ကယ်တင်ဖို့သာဖြစ်သည်။ ဘာအတွက်ကြောင့်ပဲ ဖြစ်ဖြစ် သူက အသုံးတော့ဝင်သေးသည်။

သူဟာ ညာလက်ကိုဖြန့်လိုက်ပြီး အနီရောင် ပုတီးစေ့ တစ်လုံးကို ထုတ်လိုက်လျက် ပြုံးလိုက်လေသည်။ " မင်းအတွက် "

လင်းကျစ်ရန်ဟာ ပုတီးစေ့ကို တစ်ချက်ကြည့်လျက် မေးလိုက်သည်။ " ဒါက ဘာလဲ "

ယဲ့လျှိုရင်ရဲ့ မျက်ဝန်းတွေက ကြင်နာနေပြီး ညင်သာစွာပြောလာခဲ့သည်။ " ဒါက နတ်သွေးပုလဲ၊ ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်က စွမ်းအင်အရင်းအမြစ်တွေကို စုဆောင်းထားတာ၊ ဒါကို သုံးလိုက်ရင် နှစ်ပေါင်းရာချီ ကျင့်ကြံမှု နဲ့ ညီမျှလိမ့်မယ် "

လင်းကျစ်ရန်ဟာ စိတ်လှုပ်ရှားနေပါတော့သည်။ ဒါမျိုး အလွယ်လမ်းကို သူသိပ်ကြိုက်တာပေါ့ ! ဆိုပေမယ့် မျက်နှာပေါ်တွင် သင်္ကာမကင်းဖြစ်နေသော အမူအရာကို ထိန်းထားလိုက်ပြီး ချက်ချင်းမယူလိုက်။

ယဲ့လျှိုရင်က သက်ပြင်းချသည်။ " မင်းအခုထိ အဖေ့ကို မယုံကြည်နိုင်သေးဘူးလား၊ အဖေ မင်းကို အန္တရာယ်မပေးပါဘူး၊ မင်းအမေကို ကယ်ချင်တယ်ဆိုရင် အခု မင်းရဲ့ အနေအထားက အရမ်းအားနည်း နေသေးတယ် "

မူရာကျူးက လီယဲ့ရဲ့ အားနည်းချက်ဖြစ်သည်။ ဒီစကားကိုကြားတော့ လင်းကျစ်ရန်ရဲ့ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး သွေးပုလဲကို ယူကာ ခက်ထန်စွာဆို​၏။ " ကျွန်တော် သေချာပေါက် သန်မာလာမှာပါ "

ယဲ့လျှိုရင်က ပြုံးလျက် လီယဲ့ရဲ့ ခေါင်းကိုပွတ်လိုက်ပြီး " မင်းလုပ်နိုင်မယ်လို့ ငါယုံတယ် " ထိုနောက် သူဟာလှည့်ထွက်သွားတော့သည်။

လင်းကျစ်ရန်ဟာ တံခါးပြန်ပိတ်လိုက်တဲ့အထိ သူ့အမူအရာကို တည်ငြိမ်အောင်ထားလိုက်ပြီးနောက်မှ ပုလဲလုံးကို သိချင်စိတ်ပြင်းစွာကြည့်လိုက်လေသည်။

ဒါက ကျင့်စဉ်အောင်မြင်သွားဖို့ အဓိက သော့ချက်ဖြစ်နိုင်သည်။ ဇာတ်ညွှန်းထဲတွင် ယဲ့လျှိုရင်က လီယဲ့ကို စွမ်းအားမြင့်တဲ့ ပုလဲ တစ်လုံးပေးသည်ဟု ဆိုထားသည်။ အဲ့ဒိပုလဲက စွမ်းအင်တွေကို ရသွားပြီးနောက်မှာ လီယဲ့က ညတွင်းချင်း ဘဝပြောင်းသွားခဲ့သည်။ဒါပေမယ့် ပုလဲ ကို ဘယ်လိုသုံးရမလဲဆိုတဲ့ နည်းလမ်းကိုတော့ မဆိုထားပေ။ ဒါက ယဲ့လျှိုရင်ယူလာတဲ့ ပစ္စည်းဆိုတော့ ကောင်းတဲ့ အရာမဟုတ်တာသေချာသလောက်ရှိသည်၊ မဟုတ်မှ အညှိုးအတေး စွမ်းအင်တွေနဲ့ ပစ္စည်းမျိုးဖြစ်နေမှဖြင့်! တော်စမ်း!

ဒါတွေက သူ့ ရဲ့ခန့်မှန်းမှုသက်သက်ပဲ။ဒီပုလဲကိုကြည့်ရတာ ကြည်လင်တောက်ပပြီး သန့်ရှင်းတဲ့ပုံပေါ်ပါသည်။ သူအရင်က လူသွေးတောင် စုပ်ခဲ့ဖူးတာပဲ။ ဒီလောက်ကောင်းတဲ့ အလွယ်လမ်း ကို လိုက်ဖို့ ဘာမှ စိတ်ကြောင့်ကြနေစရာမလိုဘူး။ ဘာပဲ ဖြစ်ဖြစ်ဒါက ဂိမ်းပဲမို့လား။

လင်းကျစ်ရန်ဟာ သွေးပုလဲကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း မျက်လုံးကိုမှိတ်လိုက်သော် ပုလဲထဲတွင် ကိန်းဝပ်နေသော သမုဒ္ဒရာတစ်စင်းစာ မကသည့် စွမ်းအင် အရင်းအမြစ်များကို ခံစားလိုက်ရသည်။ လင်းကျစ်ရန်ဟာ မှင်တက်သွားမိသည့်တိုင် သတိကြီးစွာထားပြီး စွမ်းအင်များကို ဖြည်းဖြည်းချင်းစုပ်ယူကာ သန့်စင်လိုက်သည်။အစပိုင်းတွင်တော့ သူဟာ အနည်းငယ်သာ စုပ်ယူနိုင်ပေမယ့် နောက်ပိုင်းမှာတော့ မြန်သထက် မြန်ဆန်လာကာ စွမ်းအင်များက သူ့ကိုယ်ထဲသို့ဒလဟော ဝင်ရောက်လာခဲ့သည်။

လင်းကျစ်ရန်ဟာ သုံးရက်သုံးည မရပ်မနား ကျင့်ကြံပြီးသော် သူ့ခန္ဓာကိုယ်ဟာလည်း စွမ်းအင်ပမာဏကို လက်ခံနိုင်သည့်အတိုင်းအတာထက်ကျော်လွန်သွားခဲ့တော့ရာ ခန္ဓာကိုယ် တစ်ခုလုံး မခံမရပ်နိုင်အောင် နာကျင်လာပြီး အရိုးများ တစ်စစီကွဲထွက်တော့မလို ခံစားလာခဲ့ရသည်။ ကံကောင်းစွာနဲ့ပဲ နာကျင်မှုပမာဏကို ကစားသမားတွေ သည်းခံနိုင်တဲ့ အတိုင်းအတာထိလျော့ချ လို့ရတဲ့ ဝန်ဆောင်မှုရှိနေလို့သာ။ တကယ့် အမှန်တကယ် ခံစားရမယ့် နာကျင်မှုမျိုးသာဆို တွေးကြည့်ရုံနှင့်ပင် ရူးသွားနိုင်သည်။

သူ့ရဲ့ အရေပြားက ကွဲအက်ပြီးနောက် ပြန်ပြီး ပေါင်းစပ်သွားသည်၊ အရိုးများက ကျိုးကြေပြီးနောက် ပြန်ဆက်သွားသည်၊ သူခန္ဓာကိုယ်တစ်ခုလုံးမှာ အနီရောင်အလင်းတန်းတို့ ဖြာထွက်လာလျက် သွေးရောင်တို့ဖုံးလွှမ်းနေသော လူတစ်ယောက်လို...နောက်ဆုံးတော့ အံကြိတ်ထားတဲ့ကြားက အသံပြုနိုင်ခဲ့ပါပြီ။

အရာအားလုံး အဆုံးသတ်တော့မည် ထင်​၏။

❤️❤️❤️❤️❤️

Zawgyi.

မိုင္ေထာင္ခ်ီအေဝးတြင္ရွိေနေသာရႊမ္းရန္က ေရကန႔္လန႔္ကာကိုၾကည့္ရင္း ႏွုတ္ခမ္းေထာင့္မ်ားကိုေကြးညႊတ္ကာ ျပဳံးလိုက္သည္။ " မင္းရွုံးေတာ့မယ္ "

' ရွုံးတယ္လို႔ေျပာဖို႔အရမ္းေစာေသးတယ္၊ လီယဲ့က ယဲ့လၽွိုရင္နဲ႔လိုက္သြားဖို႔ပဲသေဘာတူလိုက္တာ၊ အဲ့ဒီ အဘိုးႀကီး ယဲ့လၽွိုရင္က ဘယ္ေလာက္ေတာင္ဉာဏ္မ်ားလဲ မင္းသိတယ္မို႔လား၊ လီယဲ့ကိုလည္း သူတစ္နည္းနည္းနဲ႔ လွည့္ဖ်ားထားတာပဲျဖစ္ရမယ္..ဒါေပမယ့္ လီယဲ့က မိစၧာလမ္းစဥ္ကိုက်င့္ရင္ေတာင္ အျပစ္မဲ့လူေတြကို မသတ္သေရြ႕သူ႔ကို မေကာင္းတဲ့လူအျဖစ္သတ္မွတ္လို႔မရဘူးေလ..ဟုတ္တယ္မို႔လား '

ရႊမ္းရန္က တိုးတိတ္စြာေလွာင္ရယ္လိုက္ေသာ္လည္း သူ႔မ်က္ဝန္းမ်ားက ရယ္သြမ္းရိပ္တို႔လႊမ္းမေနခဲ့။ " ဟုတ္ပါတယ္..ဒါေပမယ့္ လီယဲ့က ဒီလိုအရာေတြကို ၾကဳံေတြ႕ခံစားၿပီး ယဲ့လၽွိုရင္လွည့္ဖ်ားတဲ့ေနာက္ ပါသြားၿပီးတဲ့ေနာက္ သူ႔ရဲ့စိတ္က အရင္လိုျဖဴစင္နိုင္ပါေတာ့မလား "

လူသားေတြရဲ့သဘာဝက အားနည္းၿပီးေပ်ာ့ညံ့သည္။ ဖ်က္စီးပစ္ဖို႔လြယ္ကူသည္၊ သူတို႔ရင္ထဲက လိုအင္ဆႏၵကပဲ သူတို႔ကိုလမ္းမွားဆီေရာက္သြားေစသည္။

ဒါေၾကာင့္မို႔ပဲ သူဟာ လူသားေတြမွာရွိတဲ့စိတ္ခံစားခ်က္အားလုံးကိုစြန႔္လႊတ္ထားခဲ့ျခင္းျဖစ္​၏။ ဒါဆို ဘယ္အရာမွ သူ႔စိတ္ကိုတုန္လွုပ္ေအာင္မလုပ္နိုင္ေတာ့ပါေပ။

လိုအင္ဆႏၵဟာ ပ်က္စီးျခင္းရဲ့ လမ္းစျဖစ္သည္။

' ဒါေပါ့၊ ငါသူ႔ကိုယုံတယ္၊ ဒါနဲ႔ မင္းက ဘာလို႔ ဒီေလာက္ ခံစားခ်က္မဲ့ေနတာလဲ၊ ဘာလို႔ ငါ့ကိုဖယ္ထုတ္ပစ္ခ်င္တာလဲ၊ ငါကမင္းရင္ထဲက လိုအင္ဆႏၵတစ္ခုပဲ၊ ဒါကိုမင္းက ဝန္မခံခ်င္ဘူး '

ရႊမ္းရန္က စကားျပန္မဆိုဘဲ ဝတ္႐ုံလက္ကိုေဝွ႕ကာ မူရာက်ဴးကို အျပင္သို႔ထုတ္ေပးလိုက္သည္။ မူရာက်ဴးဟာ အခုအေျခအေနေပၚတြင္ လြန္စြာရွုပ္ေထြးၿပီး ရႊမ္းရန္ကို တစ္ခ်က္ၾကည့္ကာ ရႊမ္းရန္ရဲ့ အေနအထားက မရိုရွင္းမွန္းေတာ့ သူမသိေနသည္။ၾကည့္ရတာ ဒါက စင္ၾကယ္ေသာ နန္းေတာ္ရဲ့ အရွင္သခင္ျဖစ္ပုံရသည္။မူရာက်ဴးဟာ ဒူးေထာက္ၿပီးရႊမ္းရန္ကိုအရိုအေသေပးကာ တုန္ရီျခင္းမရွိဘဲ ေလးစားေသာအသံျဖင့္ ဆို​၏။ " ကၽြန္ေတာ္မ်ိဳးမရဲ့ အသက္ကိုကယ္တင္ေပးတဲ့အတြက္ အရွင္သခင္ကို ေက်းဇူးတင္ပါတယ္ "

ရႊမ္းရန္က တည္ၿငိမ္စြာျပန္ေျပာလိုက္သည္။ " မင္း အခု စုန႔္က်ိဳးၿမိဳ႕မွာေနလို႔မရေတာ့ဘူး၊ ငါမင္းကို အမွတ္အသားတစ္ခု ေပးလိုက္မယ္၊ စင္ၾကယ္ေသာနန္းေတာ္ဆီသြားပါ၊ အဲ့ေနရာက မင္းကိုကာကြယ္ေပးနိုင္လိမ့္မယ္ "

အဲ့ဒိေနာက္ မွာ သူဟာ မူရာက်ဴးရဲ့ ႏွဖူးဆီသို႔ အလင္းတန္း တစ္ခုႏွင့္ခ်ိန္ရြယ္လိုက္ၿပီး အလင္းတန္းက သူမရဲ့ ႏွဖူးထဲသို႔ထိုးေဖာက္သြားခဲ့သည္။

မူရာက်ဴးက ထပ္မံ၍ အရိုအေသေပးလိုက္ျပန္သည္။ " ေက်းဇူးတင္ပါတယ္ အရွင္ "

သူမ ေခါင္းျပန္ေမာ့လိုက္ေတာ့ ရႊမ္းရန္မွာေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္သည္။

..................

လင္းက်စ္ရန္ဟာ ယဲ့လၽွို
ရင္ေနာက္သို႔ လိုက္လာခဲ့သည္။

လမ္းေလၽွာက္ေနစဥ္၊ သူဟာ လီယဲ့ရဲ့ ဇာတ္ေကာင္စရိုက္ကို နက္နက္နဲနဲ ေတြးေတာေနခဲ့သည္။ သူ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ခ်င္လၽွင္ က်ရာဇာတ္႐ုပ္ကို ေကာင္းစြာနားလည္ၿပီး ပီျပင္စြာ သ႐ုပ္ေဆာင္နိုင္ဖို႔လိုသည္ပင္။

အရင္ဆုံး မူလဇာတ္ညႊန္းအရဆို လီယဲ့ဟာ ယဲ့လၽွိုရင္ ေပၚလာတဲ့အခ်ိန္မွာ အျငႇိုးအေတးေတြနဲ႔ ျပည့္ႏွက္ေနၿပီးျဖစ္​၏။ သူ ယဲ့လၽွိုရင္ေနာက္ကို လိုက္ခဲ့တာက သူ႔အေမအတြက္လက္စားေခ်ဖို႔ ဆိုတဲ့ ရည္ရြယ္ခ်က္တစ္ခုတည္းေၾကာင့္သာ။ မူရာက်ဴးရဲ့ ေသဆုံးမွုက သူ႔ရင္ထဲက အမုန္းတရားေတြကို ဂိတ္ဆုံးအထိျမႇင့္တင္ေပးလိုက္သလိုမ်ိဳးပင္ျဖစ္သည္။ ပိုၿပီးသန္မာလာဖို႔အတြက္ သူဟာ ဘာမဆိုလုပ္နိုင္တဲ့ လူတစ္ေယာက္ျဖစ္လာခဲ့ေလသည္။

ဒါေပမယ့္ ဇာတ္ညႊန္းထဲကအတိုင္းမဟုတ္ဘဲ အျခားေနာက္တစ္မ်ိဳးလည္းစဥ္းစားနိုင္ေသးသည္။ လီယဲ့ဟာ သိတတ္စအရြယ္ကတည္းက လူအမ်ားရဲ့ အႏွိမ္ခံ အနိုင္ခံျဖစ္ခဲ့ၿပီး သူ႔အေဖရဲ့ ကာကြယ္ေပးမွုကိုလိုခ်င္ခဲ့သည္ပင္၊ ဒါေပမယ့္ တကယ့္လက္ေတြ႕ သူ႔အေဖ ေရာက္လာခဲ့တဲ့ အခါမွာေတာ့ အရင္ကလိုခ်င္ခဲ့ဖူးတဲ့ ကာကြယ္ေပးမွုေတြ၊ ဂ႐ုစိုက္ေပးမွုေတြကို မလိုအပ္ေတာ့။ သူက ေျဖာင္းျဖလို႔မရေအာင္ ေခါင္းမာသူျဖစ္သည္။ သူ႔အေဖေနာက္ကိုလိုက္တာက ပိုၿပီး သန္မာဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေၾကာင့္ျဖစ္နိုင္သည္။

ပိုၿပီး သန္မာတဲ့ လူတစ္ေယာက္ျဖစ္ဖို႔ လီယဲ့ဟာ ယဲ့လၽွိုရင္ေနာက္သို႔ လိုက္ခဲ့ျခင္းသာျဖစ္သည္။ဒါေပမယ့္ အခုေတာ့ မူရာက်ဴးကိုကယ္တင္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခု ထပ္ေပၚလာခဲ့သည္။ယဲ့လၽွိုရင္ ရဲ့ ေျဖာင္းျဖမွုက အက်ိဳးအေၾကာင္း ဆီေလ်ာ္သည့္တိုင္ ေကာင္းေသာစိတ္နဲ႔ေတာ့ မျဖစ္နိုင္။ ဘာပဲ ျဖစ္ျဖစ္ ဇနီးနဲ႔သားကို ပစ္ထားခဲ့ကတည္းက သူဟာ ေကာင္းတဲ့လူတစ္ေယာက္မဟုတ္၊ လီယဲ့ရဲ့ ခြင့္လႊတ္မွုကို မရနိုင္ေပ။

အေဖနဲ႔ သားၾကားမွာ တင္းမာမွုေတာ့ ဆက္ရွိေနလိမ့္ဦးမည္။ ဒါေပမယ့္ ယဲ့လၽွိုရင္ကလည္း လီယဲ့ရဲ့ခြင့္လႊတ္မွုကိုမလိုခ်င္မွန္း လင္းက်စ္ရန္သိပါသည္။ ယဲ့လၽွိုရင္ဟာ လီယဲ့ကို စိတ္ရင္းနဲ႔ မဆက္ဆံခဲ့သလို အေဖတစ္ေယာက္အေနျဖင့္လည္း တာဝန္ယူမွုမရွိခဲ့၊ အစမွ အဆုံးအထိ အသုံးခ်ဖို႔ အတြက္သာ ရည္ရြယ္ထားခဲ့ၿပီး သူ႔ပါးစပ္က ထြက္သမၽွစကားတိုင္းက အလိမ္အညာေတြသာျဖစ္သည္။

ယဲ့လၽွိုရင္နဲ႔ မူရာက်ဴးတို႔ ဘယ္လို ဇာတ္လမ္းေတြ ေပြလီခဲ့ၿပီး သားတစ္ေယာက္ရလာခဲ့လဲေတာ့လင္းက်စ္ရန္မသိ၊ ဒါက ဇာတ္ညႊန္းထဲမွာလည္းေရးမထား၊ ဘယ္လိုျဖစ္ေနပါေစ လီယဲ့ကို ဒီေလာက္ႏွစ္ေတြ အၾကာႀကီး မ်က္ကြယ္ျပဳထားနိုင္ကတည္းက အဲ့ဒါက လွပတဲ့ အခ်စ္ဇာတ္လမ္းတစ္ခုေတာ့ မျဖစ္နိုင္။ တကယ္ေတာ့ လီယဲ့ရဲ့ ေမြးဖြားလာမွုက အစကတည္းက အပယ္ခံျဖစ္ဖို႔ သက္သက္ႏွင့္။

လင္းက်စ္ရန္ဟာ သက္ျပင္းသာ ခ်လိုက္မိပါသည္။

ယဲ့လၽွိုရင္က နယ္လွည့္သြားလာေနေသာ ကုန္သည္ေယာင္ေဆာင္ကာ လင္းက်စ္ရန္ကိုေခၚၿပီး အေရွ႕ဘက္သို႔ဦးတည္လာခဲ့ရာ တစ္လၾကာၿပီးေနာက္မွာေတာ့ မိုင္ေထာင္ခ်ီခရီးေပါက္ခဲ့ၿပီး စူးဝမ္ၿမိဳ႕သို႔ေရာက္လာခဲ့ၾကေတာ့သည္။

စူးဝမ္ၿမိဳ႕မွာ စုန႔္က်ိဳးၿမိဳ႕ႏွင့္လြန္စြာေဝးလံလွေသာ္လည္း စင္ၾကယ္ေသာနန္းေတာ္ႏွင့္ အေတာ္ေလး နီးစပ္ၿပီး ႂကြယ္ဝလွေသာၿမိဳ႕တစ္ၿမိဳ႕ပင္။ စူးဝမ္ၿမိဳ႕စားမွာလည္း ဟန္မ်ိဳးရိုး ရွိေသာ ေခ်ာေမာသည့္ လူခန႔္တစ္ေယာက္ပင္ျဖစ္ၿပီး စူးဝမ္ၿမိဳ႕တြင္ ဟန္မိသားစုမ်ားမွာ အလြန္ထင္ေပၚေၾကာ္ၾကားၿပီး ဩဇာေညာင္းလွသည္ပင္။

ယဲ့လၽွိုရင္ဟာ လင္းက်စ္ရန္ကို ဟန္မိသားစု အိမ္ေတာ္ဆီသို႔သာ တိုက္ရိုက္ေခၚလာခဲ့သည္။ ဟန္မိသားစု အိမ္ေတာ္ႀကီးမွာလည္း လြန္စြာက်ယ္ေျပာလွၿပီး ခမ္းနားထည္ဝါလွသည့္အေလ်ာက္ အိမ္ေစမ်ားက ကေသာင္းကနင္း သိုက္သိုက္ၿမိဳက္ၿမိဳက္။ လင္းက်စ္ရန္လည္း သေဘာက်မိသြားသည္။ ဒီအဖိုးႀကီးက လူေကာင္းမဟုတ္ေပမယ့္ ကိုယ့္ကိုယ္ကိုေတာ့ ေကာင္းေကာင္းေနတတ္ေသးသည္။ သူ႔ေနာက္ကို လိုက္ရင္ သူလည္းေကာင္းေကာင္း ေနနိုင္လိမ့္မည္ထင္​၏။

ဒါေပမယ့္ သူ႔အျမင္အရဆို ဒီဟန္မိသားစုက ယဲ့လၽွိုရင္ႏွင့္ တိတ္တဆိတ္ပတ္သတ္မွုေတာ့ ရွိေနလိမ့္မည္။

လင္းက်စ္ရန္ဟာ တစ္ေနကုန္ ယဲ့လၽွိုရင္ ရဲ့ သင္ၾကားေပးမွူေအာက္မွာ ႀကိဳးစားပမ္းစား ေလ့က်င့္ေန႐ုံကလြဲရင္ လုပ္စရာအလုပ္မရွိေပ။ ဘာပဲ ျဖစ္ျဖစ္ ျမန္ျမန္ သန္မာလာတာလည္း ေကာင္းတဲ့ အရာပါပဲ။ ဒါမွ သူ မူယန္နဲ႔ရႊမ္းရန္အတြက္ တိုက္ခိုက္ေပးနိုင္မွာ။

တကယ္လို႔ သူသာ အားနည္းေနရင္ တစ္ဖက္လူက လက္ေခ်ာင္းေလး တစ္ေခ်ာင္းလွုပ္လိုက္တာနဲ႔ သူေသသြားနိုင္သည္။ ဒီ ဒုတိယဇာတ္လိုက္ေနရာက ေတာ္ေတာ္အေရးပါတာမို႔ အနည္းဆုံးေတာ့ သူ လက္ေခ်ာင္းႏွစ္ေခ်ာင္း လွုပ္စာေလာက္ေတာ့ သည္းခံနိုင္ဦးမွ ျဖစ္မည္။

အရမ္းခက္တာပဲ!

ဒီလိုက်င့္ႀကံေရး ေလာကမွာ ဒုတိယဇာတ္လိုက္ျဖစ္ရတာ တကယ္ကို မလြယ္ကူတဲ့ဘဝပါ!

သူႀကိဳးစားပန္းစားေလ့က်င့္ရ႐ုံသာမက အမ်ိဳးသားဇာတ္လိုက္ရဲ့ အထုအေထာင္းကိုပါ ခံရၿပီး ေနာက္ဆုံးေက်ေက်နပ္နပ္ႀကီးအေသခံေပးရဦးမွာတဲ့ေလ!

လင္းက်စ္ရန္ဟာ မညီးညဴဘဲ မေနနိုင္။ လီယဲ့ နဲ႔ယွဥ္ရင္ လုက်န္းဘဝက အမ်ားႀကီး ပိုသက္သာ သလားလို႔။ လုက်န္းက ခ်စ္သူနဲ႔ အလုပ္အကိုင္ကိုပဲ ဆုံးရွုံးလိုက္ရတာ၊ လီယဲ့က်ေတာ့ သူ႔ဘဝေရာ အရာအားလုံး ေရစုန္ေျမာရမွာ! ကံေကာင္းေထာက္မစြာနဲ႔ ဒီ ကမၻာက ဇာတ္လိုက္shouက နတ္မိမယ္ေလးျဖစ္ေနလို႔သာေပါ့!

လင္းက်စ္ရန္သာ သက္ျပင္းခ်လိုက္ျပန္​၏။ သူ သူ႔ရဲ့ နတ္မိမယ္ေလးကို ကာကြယ္ေပးဖို႔ ႀကိဳးစားရမည္။ ယဲ့လၽွိုရင္ရဲ့ သင္ၾကားမွုေအာက္မွာ လင္းက်စ္ရန္ဟာ လ်င္ျမန္စြာပင္ တိုးတက္လာခဲ့သည္။

[လင္းက်စ္ရန္: ဒီတိုးတက္ႏွုန္းက ျမန္ေပမယ့္ ငါ ဘယ္ခ်ိန္မွ ၿပိဳင္ဘက္ကင္းတစ္ေယာက္ျဖစ္မွာလဲ! ]

[System: ... ကစားသမား စိတ္ရွည္ရွည္ထားပါဦး ]

[လင္းက်စ္ရန္: ဆယ္ရက္ေတာင္ရွိၿပီေနာ္!]

ဒါက ဂိမ္းတစ္ခုပင္ျဖစ္တာမို႔ ႏွစ္ေတြရာခ်ီ အမွန္တကယ္ က်င့္ႀကံဖို႔ သူလုံးဝ စိတ္ကူးမရွိ၊ အျမန္ဆုံး အဆင့္တက္ဖို႔လိုသည္။ (၃) မိနစ္စာေလာက္ေတာင္ စိတ္ရွည္ရွည္နဲ႔ မေလ့က်င့္နိုင္တဲ့ သူ႔လို လူအတြက္ ဆယ္ရက္ဆိုတာ အရမ္းမ်ားလြန္းေနၿပီမို႔လား?

ဒီေန႔တြင္လည္း လင္းက်စ္ရန္တစ္ေယာက္ အခန္းထဲတြင္ တင္ပ်ဥ္ေခြထိုင္ကာ ေလ့က်င့္ေနခဲ့သည္။ စိတ္ကိုမနည္းဆြဲဆန႔္ထားရၿပီး အိပ္မေပ်ာ္သြားဖို႔ ထိန္းထားရသည္မွ အေတာ္ပင္ခက္လွေခ်​၏။

ထိုစဥ္ တံခါးဆီမွ အသံတစ္စ ထြက္ေပၚလာခဲ့သည္။

လင္းက်စ္ရန္လည္း ခ်က္ခ်င္းသတိျပဳမိလိုက္ၿပီး နိုးၾကားလာခဲ့သည္။

ယဲ့လၽွိုရင္ဟာ တံခါးကိုတြန္းဖြင့္ၿပီး အထဲသို႔ ဝင္လာခဲ့ရင္း သူ႔အေရွ႕ရွိ မ်က္လုံးကိုမွိတ္ထားလ်က္ ႀကိဳးစားပမ္းစားေလ့က်င့္ေနေသာ လူငယ္ေလးကို ၾကည့္လိုက္သည္။ အစာစားခ်ိန္မွလြဲလို႔ လီယဲ့ဟာ ဒီအခန္းထဲတြင္သာ ပိတ္ေနၿပီး ဘယ္သူနဲ႔မွ အဆက္အဆံမလုပ္၊ တိုးတက္မွုက ျမန္ဆန္ၿပီး သူ႔ေျခရာကိုမွီသည့္တိုင္ အနည္းငယ္ေတာ့ လိုအပ္ေနေသး​၏။

ယဲ့လၽွိုရင္ဟာ လင္းက်စ္ရန္ရဲ့ေရွ႕တြင္ရပ္ကာ ညင္သာစြာေခၚလိုက္သည္။ " ယဲ့အာ "

လင္းက်စ္ရန္ဟာ မ်က္လုံးကိုျဖည္းညႇင္းစြာ ဖြင့္လိုက္ၿပီး ထိုသူကိုေအးစက္စြာ ၾကည့္လိုက္ရင္း ခြန္းတုန႔္မျပန္ဘဲ ႏွုတ္ခမ္းကို တင္းတင္းေစ့လိုက္သည္။

ယဲ့လၽွိုရင္ဟာ လင္းက်စ္ရန္ရဲ့ အမူအရာအေပၚစိတ္ဆိုးျခင္းမရွိ။ ဒီကေလးက သူနဲ႔ ရွိတဲ့ အခ်ိန္တိုင္း မေပ်ာ္မရႊင္ ျဖစ္ေနတတ္သည္ပင္။ သူ ႀကိဳးစားပမ္းစား ေလ့က်င့္ေနရျခင္းမွာလည္း သူ႔အေမကို ကယ္တင္ဖို႔သာျဖစ္သည္။ ဘာအတြက္ေၾကာင့္ပဲ ျဖစ္ျဖစ္ သူက အသုံးေတာ့ဝင္ေသးသည္။

သူဟာ ညာလက္ကိုျဖန႔္လိုက္ၿပီး အနီေရာင္ ပုတီးေစ့ တစ္လုံးကို ထုတ္လိုက္လ်က္ ျပဳံးလိုက္ေလသည္။ " မင္းအတြက္ "

လင္းက်စ္ရန္ဟာ ပုတီးေစ့ကို တစ္ခ်က္ၾကည့္လ်က္ ေမးလိုက္သည္။ " ဒါက ဘာလဲ "

ယဲ့လၽွိုရင္ရဲ့ မ်က္ဝန္းေတြက ၾကင္နာေနၿပီး ညင္သာစြာေျပာလာခဲ့သည္။ " ဒါက နတ္ေသြးပုလဲ၊ ေကာင္းကင္နဲ႔ ကမၻာေျမေပၚက စြမ္းအင္အရင္းအျမစ္ေတြကို စုေဆာင္းထားတာ၊ ဒါကို သုံးလိုက္ရင္ ႏွစ္ေပါင္းရာခ်ီ က်င့္ႀကံမွု နဲ႔ ညီမၽွလိမ့္မယ္ "

လင္းက်စ္ရန္ဟာ စိတ္လွုပ္ရွားေနပါေတာ့သည္။ ဒါမ်ိဳး အလြယ္လမ္းကို သူသိပ္ႀကိဳက္တာေပါ့ ! ဆိုေပမယ့္ မ်က္ႏွာေပၚတြင္ သကၤာမကင္းျဖစ္ေနေသာ အမူအရာကို ထိန္းထားလိုက္ၿပီး ခ်က္ခ်င္းမယူလိုက္။

ယဲ့လၽွိုရင္က သက္ျပင္းခ်သည္။ " မင္းအခုထိ အေဖ့ကို မယုံၾကည္နိုင္ေသးဘူးလား၊ အေဖ မင္းကို အႏၲရာယ္မေပးပါဘူး၊ မင္းအေမကို ကယ္ခ်င္တယ္ဆိုရင္ အခု မင္းရဲ့ အေနအထားက အရမ္းအားနည္း ေနေသးတယ္ "

မူရာက်ဴးက လီယဲ့ရဲ့ အားနည္းခ်က္ျဖစ္သည္။ ဒီစကားကိုၾကားေတာ့ လင္းက်စ္ရန္ရဲ့ အမူအရာက ခ်က္ခ်င္းေျပာင္းလဲသြားၿပီး ေသြးပုလဲကို ယူကာ ခက္ထန္စြာဆို​၏။ " ကၽြန္ေတာ္ ေသခ်ာေပါက္ သန္မာလာမွာပါ "

ယဲ့လၽွိုရင္က ျပဳံးလ်က္ လီယဲ့ရဲ့ ေခါင္းကိုပြတ္လိုက္ၿပီး " မင္းလုပ္နိုင္မယ္လို႔ ငါယုံတယ္ " ထိုေနာက္ သူဟာလွည့္ထြက္သြားေတာ့သည္။

လင္းက်စ္ရန္ဟာ တံခါးျပန္ပိတ္လိုက္တဲ့အထိ သူ႔အမူအရာကို တည္ၿငိမ္ေအာင္ထားလိုက္ၿပီးေနာက္မွ ပုလဲလုံးကို သိခ်င္စိတ္ျပင္းစြာၾကည့္လိုက္ေလသည္။

ဒါက က်င့္စဥ္ေအာင္ျမင္သြားဖို႔ အဓိက ေသာ့ခ်က္ျဖစ္နိုင္သည္။ ဇာတ္ညႊန္းထဲတြင္ ယဲ့လၽွိုရင္က လီယဲ့ကို စြမ္းအားျမင့္တဲ့ ပုလဲ တစ္လုံးေပးသည္ဟု ဆိုထားသည္။ အဲ့ဒိပုလဲက စြမ္းအင္ေတြကို ရသြားၿပီးေနာက္မွာ လီယဲ့က ညတြင္းခ်င္း ဘဝေျပာင္းသြားခဲ့သည္။ဒါေပမယ့္ ပုလဲ ကို ဘယ္လိုသုံးရမလဲဆိုတဲ့ နည္းလမ္းကိုေတာ့ မဆိုထားေပ။ ဒါက ယဲ့လၽွိုရင္ယူလာတဲ့ ပစၥည္းဆိုေတာ့ ေကာင္းတဲ့ အရာမဟုတ္တာေသခ်ာသေလာက္ရွိသည္၊ မဟုတ္မွ အညႇိုးအေတး စြမ္းအင္ေတြနဲ႔ ပစၥည္းမ်ိဳးျဖစ္ေနမွျဖင့္! ေတာ္စမ္း!

ဒါေတြက သူ႔ ရဲ့ခန႔္မွန္းမွုသက္သက္ပဲ။ဒီပုလဲကိုၾကည့္ရတာ ၾကည္လင္ေတာက္ပၿပီး သန႔္ရွင္းတဲ့ပုံေပၚပါသည္။ သူအရင္က လူေသြးေတာင္ စုပ္ခဲ့ဖူးတာပဲ။ ဒီေလာက္ေကာင္းတဲ့ အလြယ္လမ္း ကို လိုက္ဖို႔ ဘာမွ စိတ္ေၾကာင့္ၾကေနစရာမလိုဘူး။ ဘာပဲ ျဖစ္ျဖစ္ဒါက ဂိမ္းပဲမို႔လား။

လင္းက်စ္ရန္ဟာ ေသြးပုလဲကို တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္ရင္း မ်က္လုံးကိုမွိတ္လိုက္ေသာ္ ပုလဲထဲတြင္ ကိန္းဝပ္ေနေသာ သမုဒၵရာတစ္စင္းစာ မကသည့္ စြမ္းအင္ အရင္းအျမစ္မ်ားကို ခံစားလိုက္ရသည္။ လင္းက်စ္ရန္ဟာ မွင္တက္သြားမိသည့္တိုင္ သတိႀကီးစြာထားၿပီး စြမ္းအင္မ်ားကို ျဖည္းျဖည္းခ်င္းစုပ္ယူကာ သန႔္စင္လိုက္သည္။အစပိုင္းတြင္ေတာ့ သူဟာ အနည္းငယ္သာ စုပ္ယူနိုင္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ျမန္သထက္ ျမန္ဆန္လာကာ စြမ္းအင္မ်ားက သူ႔ကိုယ္ထဲသို႔ဒလေဟာ ဝင္ေရာက္လာခဲ့သည္။

လင္းက်စ္ရန္ဟာ သုံးရက္သုံးည မရပ္မနား က်င့္ႀကံၿပီးေသာ္ သူ႔ခႏၶာကိုယ္ဟာလည္း စြမ္းအင္ပမာဏကို လက္ခံနိုင္သည့္အတိုင္းအတာထက္ေက်ာ္လြန္သြားခဲ့ေတာ့ရာ ခႏၶာကိုယ္ တစ္ခုလုံး မခံမရပ္နိုင္ေအာင္ နာက်င္လာၿပီး အရိုးမ်ား တစ္စစီကြဲထြက္ေတာ့မလို ခံစားလာခဲ့ရသည္။ ကံေကာင္းစြာနဲ႔ပဲ နာက်င္မွုပမာဏကို ကစားသမားေတြ သည္းခံနိုင္တဲ့ အတိုင္းအတာထိေလ်ာ့ခ် လို႔ရတဲ့ ဝန္ေဆာင္မွုရွိေနလို႔သာ။ တကယ့္ အမွန္တကယ္ ခံစားရမယ့္ နာက်င္မွုမ်ိဳးသာဆို ေတြးၾကည့္႐ုံႏွင့္ပင္ ႐ူးသြားနိုင္သည္။

သူ႔ရဲ့ အေရျပားက ကြဲအက္ၿပီးေနာက္ ျပန္ၿပီး ေပါင္းစပ္သြားသည္၊ အရိုးမ်ားက က်ိဳးေၾကၿပီးေနာက္ ျပန္ဆက္သြားသည္၊ သူခႏၶာကိုယ္တစ္ခုလုံးမွာ အနီေရာင္အလင္းတန္းတို႔ ျဖာထြက္လာလ်က္ ေသြးေရာင္တို႔ဖုံးလႊမ္းေနေသာ လူတစ္ေယာက္လို...ေနာက္ဆုံးေတာ့ အံႀကိတ္ထားတဲ့ၾကားက အသံျပဳနိုင္ခဲ့ပါၿပီ။

အရာအားလုံး အဆုံးသတ္ေတာ့မည္ ထင္​၏။

❤️❤️❤️❤️❤️

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

785K 31.4K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
646K 71.5K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
1.6M 203K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။