ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၃၅.၁)

2K 257 2
By Dilly_Dally20



Unicode.

ဘာလို့ ရွှမ်းရန်က ဒီမှာပေါ်လာတာလဲ?

လင်းကျစ်ရန်ဟာ မှင်တက်သွားခဲ့ပြီး သက်ပြင်းချကာ လူအုပ်ကြားထဲသို့ ပြန်၍လျှိုဝင်သွားကာ ပုန်းကွယ်နေလိုက်သည်။ ဘယ်သူမှ သူ့ကို သတိမပြုမိကြ။

ရွှမ်းရန် ဘာလို့ ဒီကိုရောက်လာခဲ့တာလဲ လင်းကျစ်ရန်မသိပေမယ့် မူရာကျူးက သူနဲ့လုံးဝ မဆိုင်တဲ့လူတစ်ယောက်ပင်၊ ရွှမ်းရန်က မာနကြီးပြီး တခြားလူများအပေါ် အမှုထားခြင်း မရှိသော်လည်း သူက ဒီကမ္ဘာရဲ့ ဇာတ်လိုက် အမျိုးသားဖြစ်ပြီး အပြစ်မဲ့ လူများကို စိတ်ရှိသလို သတ်ဖြတ်နေတဲ့ ယဲ့လျှိုရင် နဲ့တော့ ကွာခြားသည်။

လင်းကျစ်ရန်က ရွှမ်းရန်ရဲ့ကိုယ်ကျင့်တရားကိုအရမ်းယုံကြည်သည်။ မူရာကျူးကို လင်းကျစ်ရန်ဝင်ပြီးကယ်တာထက် ရွှမ်းရန်ကယ်တင်တာက အများကြီးပိုပြီးအဆင်ပြေသည်။

လင်းကျစ်ရန်ဟာ စိတ်ရှုပ်ထွေးနေမိသည်၊ သူစိတ်ပူတာက မူရာကျူးအတွက်မဟုတ်တော့ဘဲ ရွှမ်းရန်က ဘာလို့ဒီနေရာကိုရောက်လာခဲ့တာလဲဆိုတာပင်၊ ဒါက မူရာကျူးကိုကယ်တင်ဖို့ အကူအညီရပေမယ့်လို့ ကြီးမားတဲ့ ဇာတ်လမ်းသွေဖယ်မှုကြီးဖြစ်နေသည်ပင်။

ဒါက ကောင်းတာလား ဆိုးတာလား..လင်းကျစ်ရန် တစ်ခဏအတွင်းမဝေခွဲနိုင်ပေ။

လေပေါ်တွင် ရပ်နေသည့် ရွှမ်းရန်​ရဲ့အဖြူရောင်ဝတ်ရုံမှာ လေအဝေ့တွင်ဝေ့ဝဲနေကာ သူက မြေပြင်ပေါ်ရှိလူများကိုအမှုမထားသလိုကြည့်လိုက်သည်။

' ဒီမနှစ်မြို့စရာလူတွေကိုအကုန်သတ်ပစ်စမ်း! ဒီလူတွေက လီယဲ့အမေကိုသတ်ဖို့ကြိုးစားရဲတယ်၊ လီယဲ့သာသိရင် ဘယ်လောက်တောင် ဝမ်းနည်းလိမ့်မလဲ '

' မင်းကာကွယ်ပေးနေတဲ့လူတွေကိုကြည့်စမ်းပါဦး၊ မိစ္ဆာတွေနဲ့ဘာများကွာနေသေးလို့လဲ '

ရွှမ်းရန်က မျက်မှောင်ကြုတ်လိုက်သည်။ သူဟာ လင်းကျစ်ရန်နောက်ကို လိုက်လာခဲ့ပေမယ့် ဒီလိုမြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့တော့မမျှော်လင့်မိခဲ့ပါ... ဒါကိုမြင်တော့ အတွင်းစိတ်ရှိမကောင်းဆိုးဝါးမှာ ထကြွလာပြီး လင်းကျစ်ရန်ရဲ့ အမေကို ကယ်တင်ကာ တစ်ခြားလူများကို သတ်ပစ်ရန် လှုံ့ဆော်လာခဲ့သည်။

တကယ်တော့ အတွင်းစိတ်ရှိမကောင်းဆိုးဝါးရဲ့ လှုံ့ဆော်မှုမပါရင်တောင် သူမကို ကယ်တင်ဖို့ရွှမ်းရန်ဆုံးဖြတ်ပြီးသားပါ၊ ဒါပေမယ့် အတွင်းစိတ်ရှိမကောင်းဆိုးဝါးရဲ့နောက်ထပ်သွေးထိုးစကားကိုတော့ နားယောင်လို့မဖြစ်၊ မြေပြင်ပေါ်ရှိလူများမှာလည်း သူကို လွန်စွာကြောက်ရွံ့တုန်လှုပ်သောအကြည့်များကိုယ်စီနှင့်ကြည့်နေကြသည်။

ရွှမ်းရန်က အကြည့်ကို ရုတ်သိမ်းလိုက်ပြီး လက်ကိုဝေ့ယမ်းကာ မူရာကျူးအားအဝေးသို့ခေါ်ထုတ်လိုက်သည်။ ထို့နောက် သူ့ရဲ့ ပုံရိပ်များ ချက်ချင်းချင်းမှုန်ဝါးလာပြီး ရောင်ပြန်အလင်းတန်းတစ်ခုလို ပျောက်ကွယ်သွားခဲ့သည်။

မူယွမ်းယွီမှာလည်း ကြောက်ရွံ့စိတ်ကြောင့် ဒူးနှစ်ဘက်က တုန်ရီနေသည်။ ရွှမ်းရန်ပျောက်ကွယ်သွားတော့မှ သူဟာမြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်တော့သည်။ သူ့ရဲ့တစ်သက်နဲ့တစ်ကိုယ် ဒီလိုဖြစ်ရပ်မျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးဘူး၊ အဲ့ဒီလူရဲ့ အကြည့်တစ်ချက်လေးကပင် တောင်ကြီးတစ်လုံးဖိထားခံရသလိုမျိုး ဖိအားကြီးကိုပေးနိုင်ပါသည်။ပြီးတော့ အဲ့ဒီမျက်လုံးတွေက လူသားတစ်ယောက်မဖြစ်နိုင်၊ နတ်ဘုရားတစ်ပါးရဲ့အရှိန်အဝါအပြည့်နှင့်ပင်...

သူတို့အားလုံးဟာ ရွှမ်းရန်ရဲ့အနေအထားအမှန်ကို မသိကြသည့်တိုင် ဘယ်သူကမှ ထိုသူ့ရှေ့တွင် ခေါင်းမမော့ဝံ့ရဲကြဘဲ မြေပြင်ပေါ်တွင် ဝပ်တွားပေးခဲ့ကြလေသည်။

အချိန်အတော်ကြာပြီးနောက်၊ ရွှမ်းရန်ပြန်ပေါ်မလာတော့တာသေချာပြီဆိုမှ မူယွမ်းယွီဟာ သူ့ ဇနီးသည်ကို ဂရုတစိုက် ဖေးမလိုက်ပြီး ထိတ်လန့်သွားခဲ့သည်။ ထိုအမျိုးသမီး​ရဲ့ အရိုးများမှာ ကျိုးကြေနေပြီး ဒွါရ(၇)ပေါက်မှလည်းသွေးများယိုစီးနေလေပြီ၊ သူမက အသက်ရှုနေသေးသည့်တိုင် ရှင်လျက်သေနေသောသူကဲ့သို့ မသန်မစွမ်းဖြစ်သွားမှာ အသေအချာပင်ဖြစ်သည်။

မူယွမ်းယွီမှာ သနားဂရုနာစိတ်မဖြစ်မိတော့၊ သူမ အပြစ်နဲ့ သူမလို့သာခံယူလိုက်တော့လေသည်။သူမသာ တနေကုန်ပြဿနာရှာမနေခဲ့လျှင် ဒီလိုအခြေအနေမျိုးရောက်လာစရာအကြောင်းမရှိ၊ မူယွမ်းယွီဟာ သူ့ဇနီးအား လက်အောက်ငယ်သားဆီ မနှစ်မြို့စွာကမ်းပေးလိုက်ပြီး သူရဲ့နောက်လိုက်များနှင့် အလျင်အမြန်ပင် ထိုနေရာမှ ထွက်ခွာသွားလေသည်။

ကျန်ရစ်ခဲ့သော မြို့ခံလူအုပ်မှာလည်း ချွေးစေးများပျံနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ဟာတစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြသည်။ ခုနက ပေါ်လာခဲ့တာက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ ကြောက်ခမန်းလိလိ စွမ်းအားမြင့်လွန်းပါလား ၊ ထိုသူက စင်ကြယ်သောနန်းတော်က နတ်ဘုရားတစ်ပါးများဖြစ်လေမလား?

ဒါပေမယ့် သူက ဘာလို့မူရာကျူးကို ကယ်တင်သွားခဲ့တာလဲ။

ဒါဆို..လီယဲ့က မိစ္ဆာကျင့်ကြံသူဆိုတာ ကောလဟာလ သက်သက်ပဲလား။

မိုင်ထောင်ချီ မြင့်သော​ကောင်းကင်ပြင်တွင်ရပ်နေခဲ့သောရွှမ်းရန်ရဲ့ မျက်ဝန်းများက ဝပ်စင်းနေလျက်အမူအရာက ဖျော့တော့နေသည်။

' မင်းဘာလို့ အဲ့ဒီလူတွေကို မသတ်ပစ်တာလဲ..မနှစ်မြို့စရာလူတွေ! စိတ်အနှောင့်အယှက်ပေးလိုက်တာ '

ရွှမ်းရန်ရဲ့အသံက အေးစက်နေလျက်၊ ' ငါ အဲ့ဒီ အမျိုးသမီးကို အသုံးမဝင်တဲ့လူဖြစ်အောင်လုပ်ခဲ့ပြီးပြီပဲ၊ မင်းကဘာတွေမကျေနပ်နိုင်သေးတာလဲ၊ တကယ်လို့ အဲ့မှာရှိတဲ့ လူတွေကိုသာ သတ်ပစ်လိုက်ရင် ငါက မိစ္ဆာတစ်ကောင်နဲ့ ဘာများကွာတော့မလဲ '

အတွင်းစိတ်ရှိမကောင်းဆိုးဝါးမှာ ရွှမ်းရန်က သူစေ့ဆော်တဲ့အတိုင်းလုပ်မှာမဟုတ်ဘူးလို့ သိနေပါလျက်၊ ဒီစကားတစ်မျိုးတည်းကိုပဲ ခုတုံးလုပ်ပြီးဆင်ခြေပေးနေတာကိုတော့ မကျေနပ်။

' အော်..သူတော်ကောင်းယောင်ဆောင်တတ်လိုက်တာ '

ရွှမ်းရန်ရဲ့ အမူအရာက အေးတိအေးစက်ပင်၊ သူဟာ မကောင်းဆိုးဝါးကို အဖက်မလုပ်ချင်တော့သောကြောင့် ဝတ်ရုံလက်ကိုဝှေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။

..................

လင်းကျစ်ရန်လည်း ရွှမ်းရန်သူ့ကိုရှာတွေ့သွားမှာကို ကြောက်သောကြောင့် အလျင်အမြန်ပင် အဝေးသို့ထွက်ပြေးလာခဲ့သည်။ အခုသူက မိစ္ဆာကျင့်ကြံသူအဖြစ်သတ်မှတ်ခံထားရပြီးသား၊ ရွှမ်းရန်သူ့ကိုလုံးဝရှာတွေ့သွားလို့မဖြစ်။

သူအခုလောလောဆယ် ပုန်းနေပြီး သူ့အဖေလာရှာတဲ့အချိန်ကို စောင့်နေရုံသာတတ်နိုင်သည်။

သူ့အဖေက လူကောင်းတော့မဟုတ်၊ သူ့နဲ့သူ့အမေကို သူ့ရဲ့ မဟာအကြံအစည်အတွက် အသုံးချဖို့သက်သက်ပဲ ရည်ရွယ်ထားခဲ့တယ်ဆိုပေမယ့်၊ အနည်းဆုံးတာ့ သူက သူ့ကို မသတ်ပစ်ဘဲ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။

လီယဲ့က တကယ်တော့ သနားစရာကောင်းသည်။ ယဲ့လျှိုရင်က သူ့ကိုမချစ်ဘဲ အသုံးချစရာလက်နက်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။ မူရာကျူးတစ်ယောက်သာ သူ့ကို မိခင်မေတ္တာအပြည့်နှင့်ချစ်သည်။ သို့သော် သူမဟာသူ့ရှေ့မှောက်မှာတင် ရက်ရက်စက်စက်သေဆုံးခဲ့ရသည်။

ဒါပေမယ့် အခု သူမ မသေဘူး။ ဒါကပြောင်းလဲသွားခဲ့ပြီ။

ဒါပေမယ့် ရွှမ်းရန်ဘာလို့ရောက်လာခဲ့တာလဲဆိုတာတော့ လင်းကျစ်ရန်လုံးဝ နားမလည်နိုင်၊ ဒီ တစ်လျှောက်လုံး ဇာတ်ကြောင်းက သူ့ဟာနဲ့သာချောမွေ့နေတယ်လို့ သူတွေးဆထားခဲ့တာပါ၊ ဘာလို့ ရုတ်တရက်ပြောင်းလဲသွားရတာလဲ။

[လင်းကျစ်ရန်က တွေတွေဝေဝေနှင့်: ငါ ဒီတလော အမှားမလုပ်မိဘူးထင်တယ်၊ ဇာတ်ကြောင်းအတိုင်းသွားခဲ့တယ်မို့လား]

[System: အင်း]

လင်းကျစ်ရန်ဟာ နည်းနည်း စိတ်အေးသွားခဲ့သည်။ ကြည့်ရတာ ဒါသူ့အမှားတော့ မဖြစ်နိုင်။

ဒီကမ္ဘာက ပြီးခဲ့တဲ့ ကမ္ဘာထက်ပိုပြီး အမှတ်ကောင်းကောင်းရလောက်မည်၊ ဒါပေမယ့် ရှေ့ဆက်ပြီးဘယ်လိုပြောင်းလဲသွားမလဲ သူ မသိနိုင်သောကြောင့် သိပ်တော့မသေချာသေး။

လင်းကျစ်ရန်တစ်ယောက် လမ်းကြိုလမ်းကြားတစ်ခုထဲတွင် တိတ်တဆိတ်လျှောက်လာနေစဉ်မှာပင် ရုတ်တရတ် ထွက်ပေါ်လာသော လက်တစ်စုံရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရပြီး အခန်းတစ်ခုထဲသို့ပါ ဆွဲသွင်းခံလိုက်ရလေသည်။ သူ့ပါးစပ်ကိုလည်း ပိတ်ဆို့ခံထားရသောကြောင့် အသံလည်းထွက်မရ။

လင်းကျစ်ရန်ဟာ ထိတ်လန့်သွားတော့သည်၊ ဒီလိုခြောက်ခြားစရာဇာတ်ကွက်က ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ!

[လင်းကျစ်ရန်: သူကဘယ်သူလဲ!]

[systemက ဝတ်ကျေတမ်းကျေသာဖြေသည်: ဇာတ်ကြောင်းအတိုင်းသွားနေတာ]

[လင်းကျစ်ရန်: ဘာကြီး?]

သူ့အနောက်ရှိထိုသူက လင်းကျစ်ရန်ရဲ့ဇာတ်ပိုးကို လက်ချောင်းထိပ်နှင့်ဖိလိုက်သော် လင်းကျစ်ရန်လည်း သူအသံထွက်လို့မရသလို လှုပ်ရှားလို့လည်းမရတော့မှန်း သိလိုက်သည်။

ထိုလူက သူရဲ့ အားနည်းနေတဲ့ခန္ဓာကိုယ်ကိုဖေးမပြီး ကုလားထိုင်ပေါ်တွင် ထိုင်စေလျက် သူ့အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။အခန်းထဲတွင် ဖယောင်းတိုင်ဆီမှ မီးအလင်းရောင် ဖျော့ဖျော့သာရှိပေမယ့် တစ်ဖက်လူရဲ့ ရုပ်သွင်ကိုတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်​၏။

ထိုသူက အချိုးအစားပြေပြစ်ကျနပြီး ချောမောသောအမျိုးသားတစ်ယောက်၊ အနက်ရောင်ဝတ်ရုံကို ဝတ်ထားကာ သူ့မျက်နှာက နေမကောင်းသလိုမျိုး အနည်းငယ်ဖြူဖြော့နေလျက် အားနည်းနေပုံလည်းရသည်၊ သူ့ရဲ့မျက်ဝန်းနက်တွေကတော့ လင်းကျစ်ရန်ကို ဂရုဏာသက်သောအကြည့်နှင့် နင့်နင့်နဲနဲကိုစိုက်ကြည်နေလေသည်။

လင်းကျစ်ရန်လည်း သိချင်စိတ်ပြင်းစွာနှင့်ထိုလူကိုသာ စိုက်ကြည့်နေလိုက်သည်။

ထိုလူက ကြင်နာသောအသံဖြင့် ညင်သာစွာပြောလာသည်က၊ " ငါက မင်းရဲ့အဖေ "

လင်းကျစ်ရန်: fuckkkkkkk! ဘာ warningမှမပေးဘဲ ဒီဇာတ်ကွက်က ဘယ်လိုလုပ်ရောက်လာတာတုန်း! ဒါက မိစ္ဆာဘုရင်ကြီး...

ဒီကမ္ဘာမှာအရက်စက်ဆုံးဗီလိန်၊ လူတွေရဲ့အသားကိုစား၊ ကလေးငယ်တွေနဲ့ ယစ်ပူဇော်ပသခံတဲ့ အဲ့ဒီမကောင်းဆိုးဝါးတွေထက် အဆ(၁၀,၀၀၀)လောက် ပိုပြီးကြောက်ဖို့ကောင်းတယ်၊ ဒီလူက!

ထိုလူက လက်ကိုဝှေ့ယမ်းလိုက်ကာ အခန်းကိုလင်းချင်းသွားစေလိုက်ပြီးနောက် လင်းကျစ်ရန်ကို အကြောဖွင့်ပေးလိုက်သည်။ လင်းကျစ်ရန်ဟာ သူလှုပ်ရှားလို့မရနိုင်သေးပေမယ့် စကားတော့ပြောလို့ရနိုင်မှန်းသိလိုက်သည်။

သူဟာထိုလူကို ဝံပုလွေတစ်ကောင်ကဲ့သို့ စူးရဲစွာစိုက်ကြည့်လိုက်ပြီးအေးစက်စွာပြောလိုက်သည်။ " မဖြစ်နိုင်တာ! ကျွန်တော့်မှာ အဖေမရှိဘူး "

ထိုလူရဲ့ အမူအရာက အနည်းငယ်နာကျင်သွားပုံရသော်လည်း သူ့မျက်လုံးများက ကြင်နာနေကာ ဖြည်းဖြည်းချင်းပြောလာခဲ့သည်၊ " ငါ သိပါတယ်၊ ငါမင်းနဲ့ မင်းအမေကိုပစ်ထားခဲ့လို့ မင်းငါ့ကိုအပြစ်တင်နေမယ်ဆိုတာ၊ ဒါပေမယ့် ငါ့မှာ အဲ့လိုမဖြစ်မနေလုပ်ရမယ့် အခြေအနေတွေရှိတယ် "

သူက စကားကို ခဏရပ်လိုက်ပြီးနောက် အချိန်တစ်ခုထိ တိတ်ဆိတ်နေသည်။ ထို့နောက် ရုတ်တရက်လက်ကိုမြှောက်လိုက်သော် အမဲရောင် စွမ်းအင်အငွေ့များက သူ့လက်ဖဝါးပေါ်တွင်ပေါ်လာခဲ့သည်။ သူကဖြည်းဖြည်းချင်းပြောလာခဲ့​၏။ " ငါက မိစ္ဆာကျင့်ကြံသူ၊ စင်ကြယ်သောနန်းတော်က လူတွေက ငါ့ကိုလိုက်ဖမ်းနေခဲ့တာ "

လင်းကျစ်ရန်လည်း မျက်နှာသေနှင့် ထိုလူရဲ့ ပေါက်ပန်းလေးဆယ်စကားတွေကို အမူအရာမဲ့စွာနားထောင်နေလိုက်ပါသည်။

ထိုလူက လေးနက်စွာပြောလာခဲ့​၏။ " ငါက လူကောင်းမဟုတ်ဘူးလို့ မင်းထင်ချင်ထင်မှာပေါ့၊ ဒါကရှင်းပြဖို့ခက်တယ်၊ ဒါပေမယ့် မိစ္ဆာအကျင့်ကို ကျင့်တယ်ဆိုတာနဲ့ပဲ တောက်ဓမ္မကျင့်ကြံတဲ့လူအိုတွေက ငါတို့ကို သုတ်သင်ချင်တယ်၊ တကွဲတပြားစီ ထွက်ပြေးရအောင်တွန်းအားပေးတယ်၊ ငါ မင်းအမေနဲ့ မခွဲချင်ပေမယ့်လည်း သူမအနားမှာ ငါရှိနေရင် သူမကိုနာကျင်စေမိလိမ့်မယ်၊ ဒါကြောင့် ငါထွက်သွားခဲ့တာ၊ ဒါပေမယ့် ငါမထင်ထားတာက သူတို့က မင်းကိုလည်းအလွတ်မပေးဘူး၊ မင်းမှာမိစ္ဆာသွေးရှိနေရုံနဲ့ မင်းတို့သားအမိကိုသတ်ပစ်ဖို့ကြိုးစားကြတယ်၊ ဒါက ငါကိုစိတ်ပူသွားစေတာပဲ "

လင်းကျစ်ရန်ရဲ့အခုထိမယုံကြည်ပေးနိုင်သောအမူအရာကြောင့် ထိုလူရဲ့ဖြူဖြော့သောမျက်နှာပေါ်တွင် စိတ်မကောင်းဖြစ်တဲ့အပြုံးတစ်ခုပေါ်လာလျက်၊ " မင်းငါ့ကို အပြစ်တာ ငါလက်ခံပါတယ်၊ ဒီကာလတွေမှာ ငါမင်းတို့ဘေးနားမှာရှိမနေပေးနိုင်ပေမယ့် မင်းတို့သားအမိကိုပစ်မထားခဲ့ပါဘူး၊ ငါ့ရဲ့နောက်လိုက်တွေကမင်းကိုအမြဲစောင့်ကြည့်နေခဲ့တာ၊ဒါကြောင့်မို့ပဲ မင်းကို စင်ကြယ်သောနန်းတော်ကလိုက်ဖမ်းနေတယ်ဆိုတဲ့သတင်းကိုကြားကြားချင်း ငါချက်ချင်းလာခဲ့တယ်၊ မင်းတို့သားအမိကိုကယ်တင်ချင်ခဲ့တယ်၊ ဒါပေမယ့် စင်ကြယ်သောနန်းတော်ရဲ့အရှင်သခင်က လက်ဦးသွားခဲ့တာ၊ မင်းအမေကို သူခေါ်သွားတာကလည်း သေချာပေါက် မင်းကိုအကျပ်ကိုင်ဖို့ပဲ..."

လင်းကျစ်ရန်က စကားမဆိုဘဲ တိတ်တဆိတ်တွေးလိုက်သည်။ ' အဖိုးကြီး..ခင်ဗျားက ထင်ထားတဲ့အတိုင်း အလိမ်အညာတွေနဲ့ပြည့်နေပြီး ကြောက်စရာကောင်းတာပဲ "

ရွှမ်းရန်နဲ့ မိစ္ဆာလမ်းစဉ်က လုံးဝဆန့်ကျင်ဘက်တွေဆိုပေမယ့် အနည်းဆုံးတော့ သူကဒီကောက်ကျစ်တဲ့ မိစ္ဆာကြီးထက် ညှာတာတတ်ပါသေးသည်။မြင့်မြတ်တဲ့နတ်ဘုရားတစ်ပါးက ဘယ်လိုလုပ်ပြီးများ မိစ္ဆာကျင်ကြံသူကောင်လေးတစ်ယောက်ကို ခြိမ်းခြောက်ဖို့ အားနည်းတဲ့အမျိုးသမီးတစ်ယောက်ကိုအသုံးချမှာလဲ၊ သူ မူရာကျူးကို ကယ်တင်ခဲ့တာကလည်း တိုက်ဆိုင်မှုတစ်ခုပဲဖြစ်လောက်မှာပါ၊ ဒါပေမယ့် ဒီမိစ္ဆာကတော့ မူရာကျူးကို လုံးဝကယ်တင်မှာမဟုတ်၊ ဘာလို့ဆို မူလဇာတ်ကြောင်းမှာကတည်းက မူရာကျူးသေဆုံးပြီး လီယဲ့သွေးရူးသွေးတန်းဖြစ်နေတဲ့အချိန်ကျမှပဲ ဒီလူရောက်လာခဲ့တာ။

ဘာလိုဆို ခင်ဗျားက လူသားတွေကိုနာကြည်းမုန်းတီးပြီး လက်စားချေဖို့ ခင်ဗျားအကူအညီကိုလိုအပ်နေတဲ့ ကလေးတစ်ယောက်ကိုပဲ လိုချင်တာလေ။ မူရာကျူးရဲ့ သေရေးရှင်ရေးအပေါ် ခင်ဗျားဘယ်တုန်းကမှစိတ်မဝင်စားခဲ့ပါဘူး။

ဒီလူရဲ့စကားတွေက မှားယွင်းနေမှန်းလင်းကျစ်ရန်သိထားပေမယ့် သင်္ကာမကင်းဖြစ်နေတဲ့ အမူအရာကိုပြောင်းလိုက်သည်။

သူ့မျက်ဝန်းတွေက အေးစက်ခက်ထန်လျက်သားဖြစ်နေပြီး ဖြည်းညှင်းစွာပြောလာခဲ့သည်။ " အဲ့ဒါက စင်ကြယ်သောနန်းတော်ရဲ့ အရှင်ရွှမ်းရန်ပဲ၊ ကျွန်တော်မြင်ဖူးတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ အရှင် ရွှမ်းရန်ကို ကျွန်တော့်အတွက်နဲ့ဒီနေရာအထိရောက်လာစေဖို့ အစွမ်းအစမရှိပါဘူး၊ ခင်ဗျားပြောတာကိုဘယ်လိုယုံကြည့်ရမှာလဲ။ "

လင်းကျစ်ရန်က ထပ်ပြီးမေးလိုက်သည်။ " ဒါဆိုခင်ဗျားက ဘယ်သူလဲ၊ အရှင် က ခင်ဗျားအတွက် ဒီဟာတွေအကုန်လုပ်ရအောင် ခင်ဗျားက ဘယ်သူမို့လဲ "

ထိုလူက သက်ပြင်းချပြီး ညင်သာစွာဆိုသည်။ " အဖြစ်အပျက်တွေအများကြီးကို စကားနည်းနည်းနဲ့ ရှင်းပြရမှာခက်တယ်၊ မင်းငါနဲ့အရင်လိုက်ခဲ့၊ ပြီးမှ ဖြည်းဖြည်းချင်းအတိတ်အကြောင်းကို ငါပြောပြမယ်။ "

လင်းကျစ်ရန်က ခေါင်းမှာစွာဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက်သာဖြစ်သည်။

ထိုလူရဲ့မျက်ဝန်းတွေက ခါးသက်နေလျက်၊ " ငါ သိပါတယ်၊ မင်းငါ့ကို နှစ်တွေအကြာကြီးမုန်းတီးပြစ်တင်နေခဲ့မှာပဲ၊ ဒါပေမယ့် ငါမင်းကိုပစ်မထားခဲ့နိုင်ဘူး၊ မင်းရဲ့ သရုပ်မှန်ကပေါ်သွားခဲ့ပြီ၊ ဒါက အန္တရာယ်အရမ်းများတယ်၊ မင်းဒီမှာဆက်နေရင် သိပ်မကြာခင်သူတို့မင်းကိုဖမ်းမိသွားလိမ့်မယ်၊ သူတို့မင်းကိုရှာတွေ့သွားရင် မင်းရော ရာကျူးရော သေလိမ့်မယ်၊ဒါပေမယ့် ငါတို့ကို စင်ကြယ်သောနန်းတော်က မဖမ်းမိသရွေ့တော့ သူတို့က ငါတို့ကို အကျပ်ကိုင်ဖို့ ရာကျူးကို အသက်ရှင်ခွင့်ပေးထားမှာပဲ... ပြီးတော့ " ထိုသူရဲ့မျက်ဝန်းတွေက မှင်ကဲ့သို့မဲနက်လာကာ၊ " မင်းသူမကို မကယ်ချင်ဘူးလား "

တချိန်လုံးစိတ်ဝင်စားမှုပျောက်နေတဲ့လင်းကျစ်ရန်ရဲ့ အမူအရာမှာ ဒီစကားလုံးတွေကိုကြားတော့ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး စိုးရိမ်သောအမူအရာနှင်အလျင်အမြန်မေးလိုက်သည်။ " သူမကို ကယ်လို့ရတယ်ပေါ့ "

ထိုလူက ပြုံးလိုက်သည်။ " ငါတို့သားအဖပေါင်းလိုက်ရင် ၊ငါတို့အတွက် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘူး "

လင်းကျစ်ရန်က သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ၊ တစ်လုံးချင်း ပြောလိုက်သည်။ " ကောင်းပြီ၊ ကျွန်တော် ခင်ဗျားနဲ့လိုက်ခဲ့မယ် "

....

💚💚💚💚💚

Zawgyi.

ဘာလို႔ ရႊမ္းရန္က ဒီမွာေပၚလာတာလဲ?

လင္းက်စ္ရန္ဟာ မွင္တက္သြားခဲ့ၿပီး သက္ျပင္းခ်ကာ လူအုပ္ၾကားထဲသို႔ ျပန္၍လၽွိုဝင္သြားကာ ပုန္းကြယ္ေနလိုက္သည္။ ဘယ္သူမွ သူ႔ကို သတိမျပဳမိၾက။

ရႊမ္းရန္ ဘာလို႔ ဒီကိုေရာက္လာခဲ့တာလဲ လင္းက်စ္ရန္မသိေပမယ့္ မူရာက်ဴးက သူနဲ႔လုံးဝ မဆိုင္တဲ့လူတစ္ေယာက္ပင္၊ ရႊမ္းရန္က မာနႀကီးၿပီး တျခားလူမ်ားအေပၚ အမွုထားျခင္း မရွိေသာ္လည္း သူက ဒီကမၻာရဲ့ ဇာတ္လိုက္ အမ်ိဳးသားျဖစ္ၿပီး အျပစ္မဲ့ လူမ်ားကို စိတ္ရွိသလို သတ္ျဖတ္ေနတဲ့ ယဲ့လၽွိုရင္ နဲ႔ေတာ့ ကြာျခားသည္။

လင္းက်စ္ရန္က ရႊမ္းရန္ရဲ့ကိုယ္က်င့္တရားကိုအရမ္းယုံၾကည္သည္။ မူရာက်ဴးကို လင္းက်စ္ရန္ဝင္ၿပီးကယ္တာထက္ ရႊမ္းရန္ကယ္တင္တာက အမ်ားႀကီးပိုၿပီးအဆင္ေျပသည္။

လင္းက်စ္ရန္ဟာ စိတ္ရွုပ္ေထြးေနမိသည္၊ သူစိတ္ပူတာက မူရာက်ဴးအတြက္မဟုတ္ေတာ့ဘဲ ရႊမ္းရန္က ဘာလို႔ဒီေနရာကိုေရာက္လာခဲ့တာလဲဆိုတာပင္၊ ဒါက မူရာက်ဴးကိုကယ္တင္ဖို႔ အကူအညီရေပမယ့္လို႔ ႀကီးမားတဲ့ ဇာတ္လမ္းေသြဖယ္မွုႀကီးျဖစ္ေနသည္ပင္။

ဒါက ေကာင္းတာလား ဆိုးတာလား..လင္းက်စ္ရန္ တစ္ခဏအတြင္းမေဝခြဲနိုင္ေပ။

ေလေပၚတြင္ ရပ္ေနသည့္ ရႊမ္းရန္​ရဲ့အျဖဴေရာင္ဝတ္႐ုံမွာ ေလအေဝ့တြင္ေဝ့ဝဲေနကာ သူက ေျမျပင္ေပၚရွိလူမ်ားကိုအမွုမထားသလိုၾကည့္လိုက္သည္။

' ဒီမႏွစ္ၿမိဳ႕စရာလူေတြကိုအကုန္သတ္ပစ္စမ္း! ဒီလူေတြက လီယဲ့အေမကိုသတ္ဖို႔ႀကိဳးစားရဲတယ္၊ လီယဲ့သာသိရင္ ဘယ္ေလာက္ေတာင္ ဝမ္းနည္းလိမ့္မလဲ '

' မင္းကာကြယ္ေပးေနတဲ့လူေတြကိုၾကည့္စမ္းပါဦး၊ မိစၧာေတြနဲ႔ဘာမ်ားကြာေနေသးလို႔လဲ '

ရႊမ္းရန္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူဟာ လင္းက်စ္ရန္ေနာက္ကို လိုက္လာခဲ့ေပမယ့္ ဒီလိုျမင္ကြင္းမ်ိဳးကို ျမင္ရလိမ့္မယ္လို႔ေတာ့မေမၽွာ္လင့္မိခဲ့ပါ... ဒါကိုျမင္ေတာ့ အတြင္းစိတ္ရွိမေကာင္းဆိုးဝါးမွာ ထႂကြလာၿပီး လင္းက်စ္ရန္ရဲ့ အေမကို ကယ္တင္ကာ တစ္ျခားလူမ်ားကို သတ္ပစ္ရန္ လွုံ႔ေဆာ္လာခဲ့သည္။

တကယ္ေတာ့ အတြင္းစိတ္ရွိမေကာင္းဆိုးဝါးရဲ့ လွုံ႔ေဆာ္မွုမပါရင္ေတာင္ သူမကို ကယ္တင္ဖို႔ရႊမ္းရန္ဆုံးျဖတ္ၿပီးသားပါ၊ ဒါေပမယ့္ အတြင္းစိတ္ရွိမေကာင္းဆိုးဝါးရဲ့ေနာက္ထပ္ေသြးထိုးစကားကိုေတာ့ နားေယာင္လို႔မျဖစ္၊ ေျမျပင္ေပၚရွိလူမ်ားမွာလည္း သူကို လြန္စြာေၾကာက္ရြံ႕တုန္လွုပ္ေသာအၾကည့္မ်ားကိုယ္စီႏွင့္ၾကည့္ေနၾကသည္။

ရႊမ္းရန္က အၾကည့္ကို ႐ုတ္သိမ္းလိုက္ၿပီး လက္ကိုေဝ့ယမ္းကာ မူရာက်ဴးအားအေဝးသို႔ေခၚထုတ္လိုက္သည္။ ထို႔ေနာက္ သူ႔ရဲ့ ပုံရိပ္မ်ား ခ်က္ခ်င္းခ်င္းမွုန္ဝါးလာၿပီး ေရာင္ျပန္အလင္းတန္းတစ္ခုလို ေပ်ာက္ကြယ္သြားခဲ့သည္။

မူယြမ္းယြီမွာလည္း ေၾကာက္ရြံ႕စိတ္ေၾကာင့္ ဒူးႏွစ္ဘက္က တုန္ရီေနသည္။ ရႊမ္းရန္ေပ်ာက္ကြယ္သြားေတာ့မွ သူဟာေျမျပင္ေပၚသို႔ ဒူးေထာက္ခ်လိုက္ေတာ့သည္။ သူ႔ရဲ့တစ္သက္နဲ႔တစ္ကိုယ္ ဒီလိုျဖစ္ရပ္မ်ိဳးကို တစ္ခါမွ မၾကဳံေတြ႕ခဲ့ရဖူးဘူး၊ အဲ့ဒီလူရဲ့ အၾကည့္တစ္ခ်က္ေလးကပင္ ေတာင္ႀကီးတစ္လုံးဖိထားခံရသလိုမ်ိဳး ဖိအားႀကီးကိုေပးနိုင္ပါသည္။ၿပီးေတာ့ အဲ့ဒီမ်က္လုံးေတြက လူသားတစ္ေယာက္မျဖစ္နိုင္၊ နတ္ဘုရားတစ္ပါးရဲ့အရွိန္အဝါအျပည့္ႏွင့္ပင္...

သူတို႔အားလုံးဟာ ရႊမ္းရန္ရဲ့အေနအထားအမွန္ကို မသိၾကသည့္တိုင္ ဘယ္သူကမွ ထိုသူ႔ေရွ႕တြင္ ေခါင္းမေမာ့ဝံ့ရဲၾကဘဲ ေျမျပင္ေပၚတြင္ ဝပ္တြားေပးခဲ့ၾကေလသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္၊ ရႊမ္းရန္ျပန္ေပၚမလာေတာ့တာေသခ်ာၿပီဆိုမွ မူယြမ္းယြီဟာ သူ႔ ဇနီးသည္ကို ဂ႐ုတစိုက္ ေဖးမလိုက္ၿပီး ထိတ္လန႔္သြားခဲ့သည္။ ထိုအမ်ိဳးသမီး​ရဲ့ အရိုးမ်ားမွာ က်ိဳးေၾကေနၿပီး ဒြါရ(၇)ေပါက္မွလည္းေသြးမ်ားယိုစီးေနေလၿပီ၊ သူမက အသက္ရွုေနေသးသည့္တိုင္ ရွင္လ်က္ေသေနေသာသူကဲ့သို႔ မသန္မစြမ္းျဖစ္သြားမွာ အေသအခ်ာပင္ျဖစ္သည္။

မူယြမ္းယြီမွာ သနားဂ႐ုနာစိတ္မျဖစ္မိေတာ့၊ သူမ အျပစ္နဲ႔ သူမလို႔သာခံယူလိုက္ေတာ့ေလသည္။သူမသာ တေနကုန္ျပႆနာရွာမေနခဲ့လၽွင္ ဒီလိုအေျခအေနမ်ိဳးေရာက္လာစရာအေၾကာင္းမရွိ၊ မူယြမ္းယြီဟာ သူ႔ဇနီးအား လက္ေအာက္ငယ္သားဆီ မႏွစ္ၿမိဳ႕စြာကမ္းေပးလိုက္ၿပီး သူရဲ့ေနာက္လိုက္မ်ားႏွင့္ အလ်င္အျမန္ပင္ ထိုေနရာမွ ထြက္ခြာသြားေလသည္။

က်န္ရစ္ခဲ့ေသာ ၿမိဳ႕ခံလူအုပ္မွာလည္း ေခၽြးေစးမ်ားပ်ံေနၾကသည္။ တစ္ခ်ိန္တည္းမွာပင္ သူတို႔ဟာတစ္ေယာက္ကိုတစ္ေယာက္ၾကည့္မိလိုက္ၾကသည္။ ခုနက ေပၚလာခဲ့တာက ဘယ္လိုပုဂၢိဳလ္မ်ိဳးလဲ၊ ေၾကာက္ခမန္းလိလိ စြမ္းအားျမင့္လြန္းပါလား ၊ ထိုသူက စင္ၾကယ္ေသာနန္းေတာ္က နတ္ဘုရားတစ္ပါးမ်ားျဖစ္ေလမလား?

ဒါေပမယ့္ သူက ဘာလို႔မူရာက်ဴးကို ကယ္တင္သြားခဲ့တာလဲ။

ဒါဆို..လီယဲ့က မိစၧာက်င့္ႀကံသူဆိုတာ ေကာလဟာလ သက္သက္ပဲလား။

မိုင္ေထာင္ခ်ီ ျမင့္ေသာ​ေကာင္းကင္ျပင္တြင္ရပ္ေနခဲ့ေသာရႊမ္းရန္ရဲ့ မ်က္ဝန္းမ်ားက ဝပ္စင္းေနလ်က္အမူအရာက ေဖ်ာ့ေတာ့ေနသည္။

' မင္းဘာလို႔ အဲ့ဒီလူေတြကို မသတ္ပစ္တာလဲ..မႏွစ္ၿမိဳ႕စရာလူေတြ! စိတ္အေႏွာင့္အယွက္ေပးလိုက္တာ '

ရႊမ္းရန္ရဲ့အသံက ေအးစက္ေနလ်က္၊ ' ငါ အဲ့ဒီ အမ်ိဳးသမီးကို အသုံးမဝင္တဲ့လူျဖစ္ေအာင္လုပ္ခဲ့ၿပီးၿပီပဲ၊ မင္းကဘာေတြမေက်နပ္နိုင္ေသးတာလဲ၊ တကယ္လို႔ အဲ့မွာရွိတဲ့ လူေတြကိုသာ သတ္ပစ္လိုက္ရင္ ငါက မိစၧာတစ္ေကာင္နဲ႔ ဘာမ်ားကြာေတာ့မလဲ '

အတြင္းစိတ္ရွိမေကာင္းဆိုးဝါးမွာ ရႊမ္းရန္က သူေစ့ေဆာ္တဲ့အတိုင္းလုပ္မွာမဟုတ္ဘူးလို႔ သိေနပါလ်က္၊ ဒီစကားတစ္မ်ိဳးတည္းကိုပဲ ခုတုံးလုပ္ၿပီးဆင္ေျခေပးေနတာကိုေတာ့ မေက်နပ္။

' ေအာ္..သူေတာ္ေကာင္းေယာင္ေဆာင္တတ္လိုက္တာ '

ရႊမ္းရန္ရဲ့ အမူအရာက ေအးတိေအးစက္ပင္၊ သူဟာ မေကာင္းဆိုးဝါးကို အဖက္မလုပ္ခ်င္ေတာ့ေသာေၾကာင့္ ဝတ္႐ုံလက္ကိုေဝွ႕ယမ္းကာ လွည့္ထြက္သြားေတာ့သည္။

..................

လင္းက်စ္ရန္လည္း ရႊမ္းရန္သူ႔ကိုရွာေတြ႕သြားမွာကို ေၾကာက္ေသာေၾကာင့္ အလ်င္အျမန္ပင္ အေဝးသို႔ထြက္ေျပးလာခဲ့သည္။ အခုသူက မိစၧာက်င့္ႀကံသူအျဖစ္သတ္မွတ္ခံထားရၿပီးသား၊ ရႊမ္းရန္သူ႔ကိုလုံးဝရွာေတြ႕သြားလို႔မျဖစ္။

သူအခုေလာေလာဆယ္ ပုန္းေနၿပီး သူ႔အေဖလာရွာတဲ့အခ်ိန္ကို ေစာင့္ေန႐ုံသာတတ္နိုင္သည္။

သူ႔အေဖက လူေကာင္းေတာ့မဟုတ္၊ သူ႔နဲ႔သူ႔အေမကို သူ႔ရဲ့ မဟာအႀကံအစည္အတြက္ အသုံးခ်ဖို႔သက္သက္ပဲ ရည္ရြယ္ထားခဲ့တယ္ဆိုေပမယ့္၊ အနည္းဆုံးတာ့ သူက သူ႔ကို မသတ္ပစ္ဘဲ ကာကြယ္ေပးလိမ့္မည္ ျဖစ္သည္။

လီယဲ့က တကယ္ေတာ့ သနားစရာေကာင္းသည္။ ယဲ့လၽွိုရင္က သူ႔ကိုမခ်စ္ဘဲ အသုံးခ်စရာလက္နက္အျဖစ္သာ သတ္မွတ္ထားခဲ့သည္။ မူရာက်ဴးတစ္ေယာက္သာ သူ႔ကို မိခင္ေမတၱာအျပည့္ႏွင့္ခ်စ္သည္။ သို႔ေသာ္ သူမဟာသူ႔ေရွ႕ေမွာက္မွာတင္ ရက္ရက္စက္စက္ေသဆုံးခဲ့ရသည္။

ဒါေပမယ့္ အခု သူမ မေသဘူး။ ဒါကေျပာင္းလဲသြားခဲ့ၿပီ။

ဒါေပမယ့္ ရႊမ္းရန္ဘာလို႔ေရာက္လာခဲ့တာလဲဆိုတာေတာ့ လင္းက်စ္ရန္လုံးဝ နားမလည္နိုင္၊ ဒီ တစ္ေလၽွာက္လုံး ဇာတ္ေၾကာင္းက သူ႔ဟာနဲ႔သာေခ်ာေမြ႕ေနတယ္လို႔ သူေတြးဆထားခဲ့တာပါ၊ ဘာလို႔ ႐ုတ္တရက္ေျပာင္းလဲသြားရတာလဲ။

[လင္းက်စ္ရန္က ေတြေတြေဝေဝႏွင့္: ငါ ဒီတေလာ အမွားမလုပ္မိဘူးထင္တယ္၊ ဇာတ္ေၾကာင္းအတိုင္းသြားခဲ့တယ္မို႔လား]

[System: အင္း]

လင္းက်စ္ရန္ဟာ နည္းနည္း စိတ္ေအးသြားခဲ့သည္။ ၾကည့္ရတာ ဒါသူ႔အမွားေတာ့ မျဖစ္နိုင္။

ဒီကမၻာက ၿပီးခဲ့တဲ့ ကမၻာထက္ပိုၿပီး အမွတ္ေကာင္းေကာင္းရေလာက္မည္၊ ဒါေပမယ့္ ေရွ႕ဆက္ၿပီးဘယ္လိုေျပာင္းလဲသြားမလဲ သူ မသိနိုင္ေသာေၾကာင့္ သိပ္ေတာ့မေသခ်ာေသး။

လင္းက်စ္ရန္တစ္ေယာက္ လမ္းႀကိဳလမ္းၾကားတစ္ခုထဲတြင္ တိတ္တဆိတ္ေလၽွာက္လာေနစဥ္မွာပင္ ႐ုတ္တရတ္ ထြက္ေပၚလာေသာ လက္တစ္စုံရဲ့ဆြဲေခၚျခင္းကိုခံလိုက္ရၿပီး အခန္းတစ္ခုထဲသို႔ပါ ဆြဲသြင္းခံလိုက္ရေလသည္။ သူ႔ပါးစပ္ကိုလည္း ပိတ္ဆို႔ခံထားရေသာေၾကာင့္ အသံလည္းထြက္မရ။

လင္းက်စ္ရန္ဟာ ထိတ္လန႔္သြားေတာ့သည္၊ ဒီလိုေျခာက္ျခားစရာဇာတ္ကြက္က ဘယ္လိုျဖစ္လို႔ ေရာက္လာတာလဲ!

[လင္းက်စ္ရန္: သူကဘယ္သူလဲ!]

[systemက ဝတ္ေက်တမ္းေက်သာေျဖသည္: ဇာတ္ေၾကာင္းအတိုင္းသြားေနတာ]

[လင္းက်စ္ရန္: ဘာႀကီး?]

သူ႔အေနာက္ရွိထိုသူက လင္းက်စ္ရန္ရဲ့ဇာတ္ပိုးကို လက္ေခ်ာင္းထိပ္ႏွင့္ဖိလိုက္ေသာ္ လင္းက်စ္ရန္လည္း သူအသံထြက္လို႔မရသလို လွုပ္ရွားလို႔လည္းမရေတာ့မွန္း သိလိုက္သည္။

ထိုလူက သူရဲ့ အားနည္းေနတဲ့ခႏၶာကိုယ္ကိုေဖးမၿပီး ကုလားထိုင္ေပၚတြင္ ထိုင္ေစလ်က္ သူ႔အေရွ႕တြင္ မတ္တပ္ရပ္လိုက္သည္။အခန္းထဲတြင္ ဖေယာင္းတိုင္ဆီမွ မီးအလင္းေရာင္ ေဖ်ာ့ေဖ်ာ့သာရွိေပမယ့္ တစ္ဖက္လူရဲ့ ႐ုပ္သြင္ကိုေတာ့ ရွင္းရွင္းလင္းလင္းျမင္နိုင္​၏။

ထိုသူက အခ်ိဳးအစားေျပျပစ္က်နၿပီး ေခ်ာေမာေသာအမ်ိဳးသားတစ္ေယာက္၊ အနက္ေရာင္ဝတ္႐ုံကို ဝတ္ထားကာ သူ႔မ်က္ႏွာက ေနမေကာင္းသလိုမ်ိဳး အနည္းငယ္ျဖဴေျဖာ့ေနလ်က္ အားနည္းေနပုံလည္းရသည္၊ သူ႔ရဲ့မ်က္ဝန္းနက္ေတြကေတာ့ လင္းက်စ္ရန္ကို ဂ႐ုဏာသက္ေသာအၾကည့္ႏွင့္ နင့္နင့္နဲနဲကိုစိုက္ၾကည္ေနေလသည္။

လင္းက်စ္ရန္လည္း သိခ်င္စိတ္ျပင္းစြာႏွင့္ထိုလူကိုသာ စိုက္ၾကည့္ေနလိုက္သည္။

ထိုလူက ၾကင္နာေသာအသံျဖင့္ ညင္သာစြာေျပာလာသည္က၊ " ငါက မင္းရဲ့အေဖ "

လင္းက်စ္ရန္: fuckkkkkkk! ဘာ warningမွမေပးဘဲ ဒီဇာတ္ကြက္က ဘယ္လိုလုပ္ေရာက္လာတာတုန္း! ဒါက မိစၧာဘုရင္ႀကီး...

ဒီကမၻာမွာအရက္စက္ဆုံးဗီလိန္၊ လူေတြရဲ့အသားကိုစား၊ ကေလးငယ္ေတြနဲ႔ ယစ္ပူေဇာ္ပသခံတဲ့ အဲ့ဒီမေကာင္းဆိုးဝါးေတြထက္ အဆ(၁၀,၀၀၀)ေလာက္ ပိုၿပီးေၾကာက္ဖို႔ေကာင္းတယ္၊ ဒီလူက!

ထိုလူက လက္ကိုေဝွ႕ယမ္းလိုက္ကာ အခန္းကိုလင္းခ်င္းသြားေစလိုက္ၿပီးေနာက္ လင္းက်စ္ရန္ကို အေၾကာဖြင့္ေပးလိုက္သည္။ လင္းက်စ္ရန္ဟာ သူလွုပ္ရွားလို႔မရနိုင္ေသးေပမယ့္ စကားေတာ့ေျပာလို႔ရနိုင္မွန္းသိလိုက္သည္။

သူဟာထိုလူကို ဝံပုေလြတစ္ေကာင္ကဲ့သို႔ စူးရဲစြာစိုက္ၾကည့္လိုက္ၿပီးေအးစက္စြာေျပာလိုက္သည္။ " မျဖစ္နိုင္တာ! ကၽြန္ေတာ့္မွာ အေဖမရွိဘူး "

ထိုလူရဲ့ အမူအရာက အနည္းငယ္နာက်င္သြားပုံရေသာ္လည္း သူ႔မ်က္လုံးမ်ားက ၾကင္နာေနကာ ျဖည္းျဖည္းခ်င္းေျပာလာခဲ့သည္၊ " ငါ သိပါတယ္၊ ငါမင္းနဲ႔ မင္းအေမကိုပစ္ထားခဲ့လို႔ မင္းငါ့ကိုအျပစ္တင္ေနမယ္ဆိုတာ၊ ဒါေပမယ့္ ငါ့မွာ အဲ့လိုမျဖစ္မေနလုပ္ရမယ့္ အေျခအေနေတြရွိတယ္ "

သူက စကားကို ခဏရပ္လိုက္ၿပီးေနာက္ အခ်ိန္တစ္ခုထိ တိတ္ဆိတ္ေနသည္။ ထို႔ေနာက္ ႐ုတ္တရက္လက္ကိုေျမႇာက္လိုက္ေသာ္ အမဲေရာင္ စြမ္းအင္အေငြ႕မ်ားက သူ႔လက္ဖဝါးေပၚတြင္ေပၚလာခဲ့သည္။ သူကျဖည္းျဖည္းခ်င္းေျပာလာခဲ့​၏။ " ငါက မိစၧာက်င့္ႀကံသူ၊ စင္ၾကယ္ေသာနန္းေတာ္က လူေတြက ငါ့ကိုလိုက္ဖမ္းေနခဲ့တာ "

လင္းက်စ္ရန္လည္း မ်က္ႏွာေသႏွင့္ ထိုလူရဲ့ ေပါက္ပန္းေလးဆယ္စကားေတြကို အမူအရာမဲ့စြာနားေထာင္ေနလိုက္ပါသည္။

ထိုလူက ေလးနက္စြာေျပာလာခဲ့​၏။ " ငါက လူေကာင္းမဟုတ္ဘူးလို႔ မင္းထင္ခ်င္ထင္မွာေပါ့၊ ဒါကရွင္းျပဖို႔ခက္တယ္၊ ဒါေပမယ့္ မိစၧာအက်င့္ကို က်င့္တယ္ဆိုတာနဲ႔ပဲ ေတာက္ဓမၼက်င့္ႀကံတဲ့လူအိုေတြက ငါတို႔ကို သုတ္သင္ခ်င္တယ္၊ တကြဲတျပားစီ ထြက္ေျပးရေအာင္တြန္းအားေပးတယ္၊ ငါ မင္းအေမနဲ႔ မခြဲခ်င္ေပမယ့္လည္း သူမအနားမွာ ငါရွိေနရင္ သူမကိုနာက်င္ေစမိလိမ့္မယ္၊ ဒါေၾကာင့္ ငါထြက္သြားခဲ့တာ၊ ဒါေပမယ့္ ငါမထင္ထားတာက သူတို႔က မင္းကိုလည္းအလြတ္မေပးဘူး၊ မင္းမွာမိစၧာေသြးရွိေန႐ုံနဲ႔ မင္းတို႔သားအမိကိုသတ္ပစ္ဖို႔ႀကိဳးစားၾကတယ္၊ ဒါက ငါကိုစိတ္ပူသြားေစတာပဲ "

လင္းက်စ္ရန္ရဲ့အခုထိမယုံၾကည္ေပးနိုင္ေသာအမူအရာေၾကာင့္ ထိုလူရဲ့ျဖဴေျဖာ့ေသာမ်က္ႏွာေပၚတြင္ စိတ္မေကာင္းျဖစ္တဲ့အျပဳံးတစ္ခုေပၚလာလ်က္၊ " မင္းငါ့ကို အျပစ္တာ ငါလက္ခံပါတယ္၊ ဒီကာလေတြမွာ ငါမင္းတို႔ေဘးနားမွာရွိမေနေပးနိုင္ေပမယ့္ မင္းတို႔သားအမိကိုပစ္မထားခဲ့ပါဘူး၊ ငါ့ရဲ့ေနာက္လိုက္ေတြကမင္းကိုအျမဲေစာင့္ၾကည့္ေနခဲ့တာ၊ဒါေၾကာင့္မို႔ပဲ မင္းကို စင္ၾကယ္ေသာနန္းေတာ္ကလိုက္ဖမ္းေနတယ္ဆိုတဲ့သတင္းကိုၾကားၾကားခ်င္း ငါခ်က္ခ်င္းလာခဲ့တယ္၊ မင္းတို႔သားအမိကိုကယ္တင္ခ်င္ခဲ့တယ္၊ ဒါေပမယ့္ စင္ၾကယ္ေသာနန္းေတာ္ရဲ့အရွင္သခင္က လက္ဦးသြားခဲ့တာ၊ မင္းအေမကို သူေခၚသြားတာကလည္း ေသခ်ာေပါက္ မင္းကိုအက်ပ္ကိုင္ဖို႔ပဲ..."

လင္းက်စ္ရန္က စကားမဆိုဘဲ တိတ္တဆိတ္ေတြးလိုက္သည္။ ' အဖိုးႀကီး..ခင္ဗ်ားက ထင္ထားတဲ့အတိုင္း အလိမ္အညာေတြနဲ႔ျပည့္ေနၿပီး ေၾကာက္စရာေကာင္းတာပဲ "

ရႊမ္းရန္နဲ႔ မိစၧာလမ္းစဥ္က လုံးဝဆန႔္က်င္ဘက္ေတြဆိုေပမယ့္ အနည္းဆုံးေတာ့ သူကဒီေကာက္က်စ္တဲ့ မိစၧာႀကီးထက္ ညႇာတာတတ္ပါေသးသည္။ျမင့္ျမတ္တဲ့နတ္ဘုရားတစ္ပါးက ဘယ္လိုလုပ္ၿပီးမ်ား မိစၧာက်င္ႀကံသူေကာင္ေလးတစ္ေယာက္ကို ၿခိမ္းေျခာက္ဖို႔ အားနည္းတဲ့အမ်ိဳးသမီးတစ္ေယာက္ကိုအသုံးခ်မွာလဲ၊ သူ မူရာက်ဴးကို ကယ္တင္ခဲ့တာကလည္း တိုက္ဆိုင္မွုတစ္ခုပဲျဖစ္ေလာက္မွာပါ၊ ဒါေပမယ့္ ဒီမိစၧာကေတာ့ မူရာက်ဴးကို လုံးဝကယ္တင္မွာမဟုတ္၊ ဘာလို႔ဆို မူလဇာတ္ေၾကာင္းမွာကတည္းက မူရာက်ဴးေသဆုံးၿပီး လီယဲ့ေသြး႐ူးေသြးတန္းျဖစ္ေနတဲ့အခ်ိန္က်မွပဲ ဒီလူေရာက္လာခဲ့တာ။

ဘာလိုဆို ခင္ဗ်ားက လူသားေတြကိုနာၾကည္းမုန္းတီးၿပီး လက္စားေခ်ဖို႔ ခင္ဗ်ားအကူအညီကိုလိုအပ္ေနတဲ့ ကေလးတစ္ေယာက္ကိုပဲ လိုခ်င္တာေလ။ မူရာက်ဴးရဲ့ ေသေရးရွင္ေရးအေပၚ ခင္ဗ်ားဘယ္တုန္းကမွစိတ္မဝင္စားခဲ့ပါဘူး။

ဒီလူရဲ့စကားေတြက မွားယြင္းေနမွန္းလင္းက်စ္ရန္သိထားေပမယ့္ သကၤာမကင္းျဖစ္ေနတဲ့ အမူအရာကိုေျပာင္းလိုက္သည္။

သူ႔မ်က္ဝန္းေတြက ေအးစက္ခက္ထန္လ်က္သားျဖစ္ေနၿပီး ျဖည္းညႇင္းစြာေျပာလာခဲ့သည္။ " အဲ့ဒါက စင္ၾကယ္ေသာနန္းေတာ္ရဲ့ အရွင္ရႊမ္းရန္ပဲ၊ ကၽြန္ေတာ္ျမင္ဖူးတယ္၊ ဒါေပမယ့္ ကၽြန္ေတာ့္မွာ အရွင္ ရႊမ္းရန္ကို ကၽြန္ေတာ့္အတြက္နဲ႔ဒီေနရာအထိေရာက္လာေစဖို႔ အစြမ္းအစမရွိပါဘူး၊ ခင္ဗ်ားေျပာတာကိုဘယ္လိုယုံၾကည့္ရမွာလဲ။ "

လင္းက်စ္ရန္က ထပ္ၿပီးေမးလိုက္သည္။ " ဒါဆိုခင္ဗ်ားက ဘယ္သူလဲ၊ အရွင္ က ခင္ဗ်ားအတြက္ ဒီဟာေတြအကုန္လုပ္ရေအာင္ ခင္ဗ်ားက ဘယ္သူမို႔လဲ "

ထိုလူက သက္ျပင္းခ်ၿပီး ညင္သာစြာဆိုသည္။ " အျဖစ္အပ်က္ေတြအမ်ားႀကီးကို စကားနည္းနည္းနဲ႔ ရွင္းျပရမွာခက္တယ္၊ မင္းငါနဲ႔အရင္လိုက္ခဲ့၊ ၿပီးမွ ျဖည္းျဖည္းခ်င္းအတိတ္အေၾကာင္းကို ငါေျပာျပမယ္။ "

လင္းက်စ္ရန္က ေခါင္းမွာစြာျဖင့္ ႏွုတ္ခမ္းကို တင္းတင္းေစ့ထားလ်က္သာျဖစ္သည္။

ထိုလူရဲ့မ်က္ဝန္းေတြက ခါးသက္ေနလ်က္၊ " ငါ သိပါတယ္၊ မင္းငါ့ကို ႏွစ္ေတြအၾကာႀကီးမုန္းတီးျပစ္တင္ေနခဲ့မွာပဲ၊ ဒါေပမယ့္ ငါမင္းကိုပစ္မထားခဲ့နိုင္ဘူး၊ မင္းရဲ့ သ႐ုပ္မွန္ကေပၚသြားခဲ့ၿပီ၊ ဒါက အႏၲရာယ္အရမ္းမ်ားတယ္၊ မင္းဒီမွာဆက္ေနရင္ သိပ္မၾကာခင္သူတို႔မင္းကိုဖမ္းမိသြားလိမ့္မယ္၊ သူတို႔မင္းကိုရွာေတြ႕သြားရင္ မင္းေရာ ရာက်ဴးေရာ ေသလိမ့္မယ္၊ဒါေပမယ့္ ငါတို႔ကို စင္ၾကယ္ေသာနန္းေတာ္က မဖမ္းမိသေရြ႕ေတာ့ သူတို႔က ငါတို႔ကို အက်ပ္ကိုင္ဖို႔ ရာက်ဴးကို အသက္ရွင္ခြင့္ေပးထားမွာပဲ... ၿပီးေတာ့ " ထိုသူရဲ့မ်က္ဝန္းေတြက မွင္ကဲ့သို႔မဲနက္လာကာ၊ " မင္းသူမကို မကယ္ခ်င္ဘူးလား "

တခ်ိန္လုံးစိတ္ဝင္စားမွုေပ်ာက္ေနတဲ့လင္းက်စ္ရန္ရဲ့ အမူအရာမွာ ဒီစကားလုံးေတြကိုၾကားေတာ့ လွုပ္လွုပ္ရွားရွားျဖစ္လာၿပီး စိုးရိမ္ေသာအမူအရာႏွင္အလ်င္အျမန္ေမးလိုက္သည္။ " သူမကို ကယ္လို႔ရတယ္ေပါ့ "

ထိုလူက ျပဳံးလိုက္သည္။ " ငါတို႔သားအဖေပါင္းလိုက္ရင္ ၊ငါတို႔အတြက္ မျဖစ္နိုင္တဲ့အရာဆိုတာ မရွိဘူး "

လင္းက်စ္ရန္က သူ႔ကို အခ်ိန္အေတာ္ၾကာေအာင္ စိုက္ၾကည့္ေနၿပီးမွ၊ တစ္လုံးခ်င္း ေျပာလိုက္သည္။ " ေကာင္းၿပီ၊ ကၽြန္ေတာ္ ခင္ဗ်ားနဲ႔လိုက္ခဲ့မယ္ "

....

💚💚💚💚💚

Continue Reading

You'll Also Like

133K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
141K 15.5K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
648K 71.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...