ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

542K 74.1K 2.8K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)
အပိုင်း(၄၅)
အပိုင်း(၄၅.၁)

အပိုင်း(၃၄.၂)

2.2K 277 3
By Dilly_Dally20


Unicode.

မူယန်ဟာ ကျိုးယွဲ့နှင့်အတူပြန်လိုက်လာခဲ့သည်။သူ့အမှားကို ဝန်ခံဖို့လည်းပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော် အပြန်လမ်းတွင် ကျိုးယွဲ့က အမိန့်တစ်ခုကို ရလိုက်ပြီး အံ့ဩသောအမူအရာဖြင့် သူ့ကိုပြောလာခဲ့သည်။ " အခုတင်ပဲ အကြီးအကဲချီဖုန်းက ငါတို့သွားစရာမလိုတော့ဘူးလို့ပြောတယ်။ လီယဲ့ ကိစ္စကို ဖြေရှင်းလို့ပြီးသွားပြီ။ "

မူယန်မှာ နားမလည်နိုင်ဖြစ်သွားပြီး သူ့ကိုရှုပ်ထွေးစွာကြည့်လိုက်သည်။ ကျို့ယွဲ့သည်လည်း နားမလည်နိုင်။သူ အစကအကြီးအကဲကြီး စစ်မေးမှာနဲ့ပတ်သက်ပြီး စိုးရိမ်နေခဲ့တာ။ အကြီးအကဲကြီးသာ ဒီကိစ္စအပေါ် အညှာမပေးဘဲ လိုက်လံဖမ်းဆီးခိုင်းပါလျှင် လီယဲ့ လွတ်မြောက်ဖို့ ခက်ခဲသွားလိမ့်မည်။ စင်ကြယ်သောနန်းတော်က သူ့ကိုအမိဖမ်းဖို့ဆုံးဖြတ်လိုက်လျှင်လည်း လွတ်မြောက်ဖို့မလွယ်ကူနိုင်။ သို့ပေမယ့် ဒီလို ကိစ္စကြီးက အခုတော့ အငွေ့ပျံသလို ပျောက်ကွယ်သွားခဲ့သည်။ ဘယ်သူမှ အရေးယူခြင်းမရှိကြတော့။

သို့သော် သူက မူယန့်ပုခုံးကို အသာပုတ်ပေးလိုက်ပြီး အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။ " ဒါက ဒီလောက်မလွယ်ကူသင့်ဘူး။ "

မိစ္ဆာကျင့်ကြံသူကိုလွှတ်ပေးလိုက်တာက ချီရန်မသေမျိုးလောကမှာ ခွင့်မလွှတ်သင့်တဲ့ ပြစ်မှုတစ်ခု ဖြစ်သည်။ အကြီးအကဲချီဖုန်းကို ဒီကိစ္စအား အရေးမယူစေဘဲ အသာတကြည်လွှတ်ပေးနိုင်အောင် ဘယ်သူလုပ်နိုင်မှာလဲ။အရှင်ရွှမ်းရန်ကြောင့်သာမဟုတ်ရင် ဒီကိစ္စကို အလွယ်တူဖြေရှင်းလို့ ပြီးသွားနိုင်မှာမဟုတ်။

အရှင်က မထင်မှတ်ထားလောက်အောင် သူ့တပည့်အပေါ် ညှာတာလွန်းသည်။ ဒီလို ပြစ်မှုကျူးလွန်ခဲ့တာတောင် ခွင့်လွှတ်ပေးခဲ့သည်။ လုံးဝမထင်မှတ်စရာကောင်းသည့်အရာပေ။

ဒါက လီယဲ့ရဲ့ကံ နဲ့လည်းဆိုင်သည်။

မူယန်က ခဏမျှ တိတ်ဆိတ်နေသည်။ သူလည်း ဘာကြောင့်လဲဆိုတာ သိချင်သည်။ ရွှမ်းရန်​၏ အမိန့်ကြောင့်သာ အကြီးအကဲချီဖုန်းက ဒီကိစ္စကိုဆက်ပြီး အရေးမယူတော့တာဖြစ်သည်။ သို့ပေမယ့် သူရွှမ်းရန်ကိုတောင်းဆိုခဲ့တုန်းက သဘောမတူခဲ့မှန်း အသိအသာပင်။ ဘာလို့ အခုမှ လီယဲ့ကိုလွှတ်ပေးချင်တာလဲ။

မူယန်က တွေးလိုက်ပြီးနောက်ပြောသည်။ " ဘာပဲဖြစ်ဖြစ် ဒီနေ့ကိစ္စအတွက် အကြီးအကဲကျိုးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်သွားနှင့်တော့မယ်။ "

ကျိုးယွဲ့က ပြုံးလိုက်ပြီး။ " ငါမင်းကိုသိပ်မကူညီခဲ့ပါဘူး။ သွားပါ။ မင်းဆရာ မင်းကိုစောင့်နေလောက်ပြီ။ "

မူယန်က ခေါင်းငြိမ့်ပြီး လှည့်ထွက်သွားခဲ့သည်။ သူ ရှန့်ရွှမ် နန်းဆောင်သို့ရောက်သော် ပင်မခန်းမဆောင်ကြီး​၏ တံခါးရွက်နှစ်ခုမှာပွင့်ဟနေသည်။ ရွှမ်းရန်က လက်ကိုနောက်ပစ်ပြီး တံခါးကိုကျောပေးကာရပ်နေလေသည်။ သူ့ကိုစောင့်နေမှန်း အသိအသာဖြစ်သည်။

မူယန်​​၏ ရင်ထဲတွင် တင်းကျပ်သွားပြီး အရှေ့သို့လျှောက်လာကာ အရိုအသေပေးလိုက်သည်။ " ဆရာ။ "

ရွှမ်းရန်ကသူ့ဘက်သို့ လှည့်လာခဲ့ပြီး ပုံမှန်အတိုင်းကြည့်ကာ ပြောလိုက်သည်။ " မင်းရဲ့အမှားကို မင်းသိလား။

မူယန်က နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မြေပြင်တွင် ဒူးထောက်လိုက်သည်။ သူ့ကျောပြင်က ဖြောင့်တန်းနေလျက်။ " ဒီကိစ္စက တပည့်ရဲ့ အမှားတစ်ခုတည်းကြောင့်ပါ။ ကျေးဇူးပြုပြီး ဆရာကျွန်တော့်ကိုအပြစ်ပေးပါ။ ဒါပေမယ့် လီယဲ့က အပြစ်ကင်းတယ်။ ကျွန်တော်သူ့ကိုလွှတ်ပေးလိုက်တာ နောင်တမရဘူး။ "

ရွှမ်းရန်က မျက်မှောင်ကြုတ်လိုက်သည်။ မူယန်က စဉ်းစားဆုံးဖြတ်နိုင်စွမ်းကင်းမဲ့နေပြီး ခံစားချက်ကို ဦးစားပေးလွန်းသည်။ အခု ကပ်ဘေးက နီးကပ်လာပြီ။ သူ ကပ်ဘေးကိုဘယ်လိုလုပ် ရင်ဆိုင်နိုင်ပါ့မလဲ။နှလုံးသားကိုဦးစားပေးတာက သူ့ကို ထိခိုက်စေမည့်အပြင် ကြီးမားတဲ့တာဝန်ကို လက်ခံဖို့ ခက်ခဲစေသည်။

ရွှမ်းရန်က အေးစက်စွာပြောလိုက်သည်။ " သူဘာကိုဖုံးကွယ်ထားလဲ မင်းသိလား။ ဘာလိုလုပ်ပြီး သူက အပြစ်ကင်းမှန်း ယုံကြည်နိုင်တာလဲ။ "

မူယန်​၏ မျက်ဝန်းများက ကြည်လင်နေပြီး တွေဝေသွားခြင်းမရှိ။ " သူကျွန်တော့်ကို မပြောပြရင်တောင် သူ့မှာ အကြောင်းပြချက်တော့ရှိရမယ်။ တကယ်လို့သူက မိစ္ဆာကျင့်ကြံသူဆိုရင်လည်း ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိဘူး။ လူကောင်းလူဆိုး ဆိုတာ သူတို့ရဲ့ နှလုံးသားကြည့်ပြီးဆုံးဖြတ်တာပါ။ ကျင့်စဉ်နည်းလမ်းနဲ့မဆိုင်ဘူး။ "

ရွှမ်းရန်​၏ အမူအရာက အနည်းငယ် နက်နဲသွားခဲ့သည်။ သူ့အတွေးတွေက အရမ်းရိုးစင်းလွန်းမှန်း ဒီကလေးမသိ။ဒါပေမယ့် တဇွတ်ထိုးစကားတွေက ဆင်ခြေတချို့ကို ပေးနေသည်။ မိစ္ဆာကျင့်ကြံသူများမှာ ပုံမှန်အားဖြင့် လူကောင်းများမဟုတ်ကြ။ သို့သော်ပြဿနာက လီယဲ့မှာ မိစ္စာကျင့်ကြံသူမဟုတ်ဘဲသူ့ရဲ့ဖြစ်တည်မှုနှင့်မွေးလာခဲ့တာသာဖြစ်သည်။ဒါဟာ သူရဲ့ ရွေးချယ်မှုမဟုတ်။ သူက မိစ္ဆာကျင့်ကြံသူများနှင့် ကွဲပြားသည်။

သူ့သွေးက အဆုံးအဖြတ်ပေးမှာမဟုတ်ဘဲ သူ့နှလုံးသားက ဆုံးဖြတ်ပေးမှာပင်။မူယန်က သူလူကောင်းဆိုတာ ယုံကြည်ခဲ့သည်။

ရွှမ်းရန်က အေးစက်စက်ပင် နှာမှုတ်လိုက်ပြီး မူယန်ကိုပြောသည်။ " မင်းအမှားကို မသိသေးရင် လှည့်စားမှုရေအိုင်ထဲမှာလေ့ကျင့်ပြီး ပြစ်ဒဏ်ခံယူရမယ်။ ဖန့်ရှန်း အဆင့်ကို မရောက်မချင်း ထွက်လာလို့ရမှာမဟုတ်ဘူး။ ကျင့်စဉ်တိုးတက်အောင် ကောင်းကောင်းလေ့ကျင့်။ ဆရာကိုစိတ်ပျက်အောင်မလုပ်နဲ့။ "

ထို့နောက် သူဟာ မူယန်ကို အဖြူရောင်ရေအိုင်ကဲ့သို့ မှော်လက်နက်တစ်ခုထဲသို့ ထည့်လိုက်ပြီး သူ့ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်သော် မှော်လက်နက်က မူယန်​၏အခန်းအတွင်းထဲသို့ ကျရောက်သွားခဲ့သည်။

' ဟမ်း။ ဖန့်ရှန်း အဆင့်ထိရောက်မှ ထွက်လာနိုင်မယ်ဆိုတော့ အရမ်းပြင်းထန်တာပဲ။ မလွန်လွန်းဘူးလား။ သူ ရာစုနှစ်တွေ ကြာတဲ့အထိ ထွက်မလာနိုင်မှာစိုးတယ်။

ဒါလည်းကောင်းတာပဲ။ သူ အချိန်အကြာကြီး လီယဲ့နားကိုကပ်လို့မရတော့ဘူး။ လီယဲ့ကို ငါ့ဆီက မလုယူနိုင်တော့ဘူးပေါ့။

ဒါနဲ့ မင်းက သဝန်တိုနေတာလား။ ဘာလို့ သူ့ကို ပိတ်လှောင်ထားတာလဲ။ ဟားဟားဟား။ ကြောင်သူတော်ပဲ မင်း! '

ရွှမ်းရန်:" ကမ္ဘာပေါ်မှာတော်ဝင်မိစ္ဆာသွေးပေါ်လာခဲ့တာက ယဲ့လျှိုရင် ချီရန်မသေမျိုးလောက ကိုဖျက်ဆီးဖို့ ပြင်ဆင်ထားပြီးပြီဆိုတဲ့ လက္ခဏာပဲ။ ကပ်ဘေးက မလွဲမသွေဖြစ်လာတော့မယ်။ ပြီးတော့ သူက ကပ်ဘေးရဲ့သော့ချက်လည်းဖြစ်တယ်။ငါ့တပည့်အနေနဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက်ကြောင့် ဂိုဏ်းစည်းကမ်းကို မဆင်မခြင် ချိုးဖောက်လိုက်တာကို အပြစ်မပေးသင့်ဘူးလား။

တခြားအရာတွေကြောင့် အာရုံမထွေပြားသင့်ဘူး။ သူ့ရဲ့ တာဝန်က အမြန်ဆုံးတိုးတက်အောင်ကျင့်ကြံဖို့ပဲ။ အခုလို စိတ်အခြေအနေမျိုးနဲ့ဆို ကပ်ဆိုးရောက်လာရင် အသုံးချခံရမှာ ငါစိုးရိမ်တယ်။သူကောင်းဖို့အတွက်ငါဒီလိုလုပ်တာ။ "

သူ​၏အတွင်းစိတ်ရှိမကောင်းဆိုးဝါးမှာ အထင်သေးစွာလှောင်ထေ့လေသည်။

' မင်းမှာအမြဲ ဆင်ခြေတွေနဲ့ပြည့်နေတယ်။ မင်းနောင်တရမယ့်အချိန်ကို ငါစောင့်နေမယ်။ ငါနဲ့အလောင်းအစားလုပ်ထားတယ်ဆိုတာ မမေ့နဲ့။ '

ရွှမ်းရန်က အမှုမထားသလို လှောင်ရယ်လိုက်သည်။ " စိတ်မပူပါနဲ့။ ငါမမေ့ဘူး။ "

သူက စကားခဏရပ်လိုက်ပြီးသူ့မျက်ဝန်းများကအေးစက်သွားခဲ့သည်။ ထို့နောက် ဖြည်းညှင်းစွာပြောလာခဲ့သည်။ " တကယ်လို့ သူမိစ္ဆာဖြစ်သွားရင် ငါ့လက်နဲ့ကိုယ်တိုင် သူ့အသက်ကိုနှုတ်ယူမယ်။ "

..................

လင်းကျစ်ရန်ဟာ မူယန်နှင့်လမ်းခွဲပြီးနောက် စုန့်ကျိုးမြို့သို့ မရပ်မနားခရီးနှင်လာခဲ့ပါတော့သည်။

သူက ပျံလည်းမပျံနိုင်သလို ဘာမှော်လက်နက်မှလည်း မသုံးနိုင်ပေမယ့်လို့ ကံကောင်းထောက်မစွာဖြင့် မူယန်ပေးခဲ့သော ငွေစများရှိသောကြောင့် မြင်းလှည်းတစ်စီးငှားယူနိုင်ခဲ့သည်။ စုန်ကျိုးမြို့သို့ အတတ်နိုင်ဆုံးမြန်မြန်ရောက်ဖို့ လမ်းခရီးတွင် လုံးဝမနားခဲ့။ အိပ်ငိုက်လာလျှင် တစ်ရေးလောက်မှိန်းလိုက်ပြီး ဗိုက်ဆာလာလျှင်အစာခြောက်များကိုသာ စားခဲ့ရသည်။

[လင်းကျစ်ရန်: ဝူးဝူး။ ငါ အရမ်းငိုက်နေပြီ။ ခဏလောက် အိပ်ဦးမယ်။ နည်းနည်းလောက်ကြာရင် ငါ့ကို နှိုးပေးနော် system။ ]

[System: အိပ်ချင်ရင် နည်းနည်းကြာကြာ အိပ်လိုက်လေ။ ဘာလို့အပင်ပန်းခံနေတာလဲ။ ]

[လင်းကျစ်ရန်:QAQ]

သူဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲနေပါ့မလဲ။ နောက်လာမယ့်ဇာတ်ကွက်က အရမ်းကြေကွဲစရာကောင်းသည်။

လီယဲ့ဟာ သူ့ပုံစံအမှန်ကို ထုတ်ပြပြီး လူတွေကိုကယ်တင်ခဲ့ပေမယ့် ပြစ်တင်ရှုတ်ချခံရကာ ကွပ်မျက်ခံရလုနီးပါးဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် မူယန့် အကူအညီဖြင့် လွတ်မြောက်လာခဲ့ပြီးစုန့်ကျိုးမြို့သို့ ပြန်ရောက်လာချိန်တွင်တော့ သူ့အမေရက်ရက်စက်စက် အသတ်ဖြတ်ခံရတာကို မြင်တွေ့လိုက်ရသည်။

အဲ့ဒီအချိန်မှာပဲ ဒီကောင်လေးဟာ မိစ္ဆာဖြစ်လာခဲ့သည်။

လင်းကျစ်ရန်က ဒီအကြောင်းကိုတွေးရင်း တွေဝေနေမိသည်။

တကယ်လို့သူ ဇာတ်ကြောင်းအတိုင်း တစ်ဆင့်ချင်းသွားလျှင် မူရာကျူး သေတာကိုမြင်ရပြီး ယဲ့လျှိုရင်က သူ့ကိုလာခေါ်လိမ့်မည်။

တကယ်လို့ သူသာ မူရာကျူး မတော်တဆမဖြစ်ခင်ရောက်သွားခဲ့လျှင် မူရာကျူးကိုကယ်တင်နိုင်ပေမယ့် ဇာတ်ကြောင်းအပေါ်တွင် သက်ရောက်မှုရှိလိမ့်မည်။

သူ့အမေ အသတ်ခံရတဲ့အချက်က လီယဲ့ဘဝတွင် အကြီးမားဆုံး အပြောင်းအလဲတစ်ခုပင်ဖြစ်သည်။

လင်းကျစ်ရန်ဟာ အချိန်အတော်ကြာ ရုန်းကန်နေပြီးမှ နောက်ဆုံးတွင် အတတ်နိုင်ဆုံး အမြန်ပြန်ဖို့ဆုံးဖြတ်လိုက်သည်။သူ မူရာကျူးနှင့် အချိန်အကြာကြီး အတူမနေခဲ့ရပေမယ့် သူမသေမှာသိရက်နှင့် ဇာတ်ကြောင်းအတိုင်းမလိုက်နိုင်။

ဒီသားအမိ အရမ်း သနားစရာကောင်းသည်။ ပြီးတော့ ဒါက game တစ်ခုဖြစ်ရာ ဖြေရှင်းနိုင်မယ့် အခြားနည်းလမ်းတစ်ခုရှိရမည်။ ဇာတ်ကြောင်းရဲ့ မူလဦးတည်ချက် ပြောင်းမသွားသရွေ့ အသေးစိတ်အချက်အလက်တွေကို ထည့်တွက်စရာမလိုဘူးမို့လား။

သူမှာကောင်းတဲ့ နည်းလမ်းတစ်ခုရှိသည်။

ဒီဇာတ်ကွက်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က လီယဲ့ကို လူတွေရဲ့ အကျည်းတန်တဲ့မျက်နှာကို မြင်စေရန်ဖြစ်သည်။မူရာကျူးရဲ့ သေဆုံးမှုက သူ့ကို စိတ်ရူးပေါက်သွားစေပြီး တစ်ခုတည်းသော မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်သလို လောကကြီး​၏ အမှောင်အခြမ်းနှင့် မတရားမှုတို့ကိုသာမြင်လာစေခဲ့ပြီး ယဲ့လျှိုရင် သိမ်းသွင်းတာကို ခံလိုက်ရဖို့ဖြစ်သည်။

သူ ဇာတ်ကြောင်းကို လုံးဝပြောင်းပစ်လိုက်လို့တော့မရ။ သို့ပေမယ့် သက်ရောက်မှု တူညီအောင် ပြင်ဆင်လို့ရသည်။

သူ မူရာကျူးကို အချိန်မှီရုံလေးကယ်တင်လိုက်မည်။ မူရာကျူး အနည်းငယ်ခံစားလိုက်ရနိုင်ပေမယ့် အသက်တော့ရှင်နိုင်မည်။ ဒါက လီယဲ့ကို လူတွေရဲ့ အကျဉ်းတန်ပြီးဆိုးယုတ်တဲ့ စိတ်ထားကို မြင်နိုင်စေသေးသည်။မူရာကျူးသေတာနှင့် မသေတာက စကားလုံးတစ်ခုသာကွာသည်။ သို့သော် ရလဒ်ကတော့ လုံးဝမတူ။

သူက ရလဒ်ကိုသာပြောင်းလဲမှာဖြစ်ပြီး ဖြစ်စဉ်တစ်ခုလုံးကို ပြောင်းလဲမှာမဟုတ်။

နောက်တစ်ဆင့်အနေဖြင့် လူတွေကို စိတ်ပျက်ချင်ယောင်ဟန်ဆောင်ဖို့လိုမည်။ အဲ့ဒိနောက်ယဲ့လျှိုရင်ရဲ့ သွေးဆောင်မှုကြားမှာ စိတ်ရှုပ်ထွေးလာခဲ့မည်။ဒါက မူလဇာတ်ကြောင်းအပေါ်သက်ရောက်စေမှာမဟုတ်။

ဟုတ်တယ်!ဒီအတိုင်း လုပ်ရမယ်!

[လင်းကျစ်ရန်: ငါ နာရီဝက်လောက် အိပ်လိုက်ဦးမယ်။ မင်းငါ့ကိုနှိုးဖို့ မမေ့နဲ့။ ]

[systemက ရှားရှားပါးပါး အကြံတစ်ခုပေးသည်: တကယ်ဆို မူရာကျူးရဲ့ သေရေးရှင်ရေးအပေါ်သိပ်မတွေးသင့်ဘူး။သူမက NPCပဲ။ သေဖို့ ကံပါလာပြီးသား။]

[လင်းကျစ်ရန်က ဗလုံးဗထွေးပြန်ပြောသည်:ဒါ ကgameပဲ။ ဘာ ကံလဲ။ ]

[System:...] ထားပါ။ ဒီကစားသမားက သူလုပ်ချင်တာလုပ်နေကျပဲကို။

ဒီလိုနှင့် လင်းကျစ်ရန်တစ်ယောက် စုန့်ကျိုးမြို့သို့ လဝက်အတွင်းရောက်အောင် အမြန်ဆုံးပြန်လာခဲ့သည်။

စုန့်ကျိုးမြို့နားသို့ရောက်သော် သူခရီးရပ်လိုက်သည်။ ဇာတ်ကွက်က အခုထိမစသေးတော့ ကောင်းကောင်းအိပ်ပြီး တိုက်ပွဲအတွက်အားမွေးရန်တွေးလိုက်သည်။ အခုထိ သူ့စွမ်းရည်ကို ကန့်သတ်ခံထားရသည်။ ဒီလိုအခြေအနေမှာ လူတစ်ယောက်ကို ကယ်တင်ဖို့က မလွယ်ကူ။ မူရာကျူးကို ကယ်နိုင်ရင်ကယ်နိုင်၊ မကယ်နိုင်ရင် သူလည်း သူမနှင့်အတူ သေအောင် ရိုက်သတ်ခံရလိမ့်မည်။

လင်းကျစ်ရန်ဟာ စိတ်ရှည်ရှည်နဲ့ နှစ်ရက်လောက်စောင့်နေလိုက်သည်။ ညအခါတွင် လမင်းက ကောင်းကင်ပေါ်တွင် ထိန်ထိန်ညီးနေသည်။ ထိုစဉ် ရုတ်တရက် စုန့်ကျိုးမြို့ထဲမှ အသံတစ်ခုကို သူကြားလိုက်ရသည်။

💜💜💜💜💜

Zawgyi.

မူယန္ဟာ က်ိဳးယြဲ႕ႏွင့္အတူျပန္လိုက္လာခဲ့သည္။သူ႔အမွားကို ဝန္ခံဖို႔လည္းျပင္ဆင္ထားၿပီးသားျဖစ္သည္။ သို႔ေသာ္ အျပန္လမ္းတြင္ က်ိဳးယြဲ႕က အမိန႔္တစ္ခုကို ရလိုက္ၿပီး အံ့ဩေသာအမူအရာျဖင့္ သူ႔ကိုေျပာလာခဲ့သည္။ " အခုတင္ပဲ အႀကီးအကဲခ်ီဖုန္းက ငါတို႔သြားစရာမလိုေတာ့ဘူးလို႔ေျပာတယ္။ လီယဲ့ ကိစၥကို ေျဖရွင္းလို႔ၿပီးသြားၿပီ။ "

မူယန္မွာ နားမလည္နိုင္ျဖစ္သြားၿပီး သူ႔ကိုရွုပ္ေထြးစြာၾကည့္လိုက္သည္။ က်ိဳ႕ယြဲ႕သည္လည္း နားမလည္နိုင္။သူ အစကအႀကီးအကဲႀကီး စစ္ေမးမွာနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနခဲ့တာ။ အႀကီးအကဲႀကီးသာ ဒီကိစၥအေပၚ အညႇာမေပးဘဲ လိုက္လံဖမ္းဆီးခိုင္းပါလၽွင္ လီယဲ့ လြတ္ေျမာက္ဖို႔ ခက္ခဲသြားလိမ့္မည္။ စင္ၾကယ္ေသာနန္းေတာ္က သူ႔ကိုအမိဖမ္းဖို႔ဆုံးျဖတ္လိုက္လၽွင္လည္း လြတ္ေျမာက္ဖို႔မလြယ္ကူနိုင္။ သို႔ေပမယ့္ ဒီလို ကိစၥႀကီးက အခုေတာ့ အေငြ႕ပ်ံသလို ေပ်ာက္ကြယ္သြားခဲ့သည္။ ဘယ္သူမွ အေရးယူျခင္းမရွိၾကေတာ့။

သို႔ေသာ္ သူက မူယန႔္ပုခုံးကို အသာပုတ္ေပးလိုက္ၿပီး အဓိပၸါယ္ပါပါ ေျပာလိုက္သည္။ " ဒါက ဒီေလာက္မလြယ္ကူသင့္ဘူး။ "

မိစၧာက်င့္ႀကံသူကိုလႊတ္ေပးလိုက္တာက ခ်ီရန္မေသမ်ိဳးေလာကမွာ ခြင့္မလႊတ္သင့္တဲ့ ျပစ္မွုတစ္ခု ျဖစ္သည္။ အႀကီးအကဲခ်ီဖုန္းကို ဒီကိစၥအား အေရးမယူေစဘဲ အသာတၾကည္လႊတ္ေပးနိုင္ေအာင္ ဘယ္သူလုပ္နိုင္မွာလဲ။အရွင္ရႊမ္းရန္ေၾကာင့္သာမဟုတ္ရင္ ဒီကိစၥကို အလြယ္တူေျဖရွင္းလို႔ ၿပီးသြားနိုင္မွာမဟုတ္။

အရွင္က မထင္မွတ္ထားေလာက္ေအာင္ သူ႔တပည့္အေပၚ ညႇာတာလြန္းသည္။ ဒီလို ျပစ္မွုက်ဴးလြန္ခဲ့တာေတာင္ ခြင့္လႊတ္ေပးခဲ့သည္။ လုံးဝမထင္မွတ္စရာေကာင္းသည့္အရာေပ။

ဒါက လီယဲ့ရဲ့ကံ နဲ႔လည္းဆိုင္သည္။

မူယန္က ခဏမၽွ တိတ္ဆိတ္ေနသည္။ သူလည္း ဘာေၾကာင့္လဲဆိုတာ သိခ်င္သည္။ ရႊမ္းရန္​၏ အမိန႔္ေၾကာင့္သာ အႀကီးအကဲခ်ီဖုန္းက ဒီကိစၥကိုဆက္ၿပီး အေရးမယူေတာ့တာျဖစ္သည္။ သို႔ေပမယ့္ သူရႊမ္းရန္ကိုေတာင္းဆိုခဲ့တုန္းက သေဘာမတူခဲ့မွန္း အသိအသာပင္။ ဘာလို႔ အခုမွ လီယဲ့ကိုလႊတ္ေပးခ်င္တာလဲ။

မူယန္က ေတြးလိုက္ၿပီးေနာက္ေျပာသည္။ " ဘာပဲျဖစ္ျဖစ္ ဒီေန႔ကိစၥအတြက္ အႀကီးအကဲက်ိဳးကို ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္သြားႏွင့္ေတာ့မယ္။ "

က်ိဳးယြဲ႕က ျပဳံးလိုက္ၿပီး။ " ငါမင္းကိုသိပ္မကူညီခဲ့ပါဘူး။ သြားပါ။ မင္းဆရာ မင္းကိုေစာင့္ေနေလာက္ၿပီ။ "

မူယန္က ေခါင္းၿငိမ့္ၿပီး လွည့္ထြက္သြားခဲ့သည္။ သူ ရွန႔္ရႊမ္ နန္းေဆာင္သို႔ေရာက္ေသာ္ ပင္မခန္းမေဆာင္ႀကီး​၏ တံခါးရြက္ႏွစ္ခုမွာပြင့္ဟေနသည္။ ရႊမ္းရန္က လက္ကိုေနာက္ပစ္ၿပီး တံခါးကိုေက်ာေပးကာရပ္ေနေလသည္။ သူ႔ကိုေစာင့္ေနမွန္း အသိအသာျဖစ္သည္။

မူယန္​​၏ ရင္ထဲတြင္ တင္းက်ပ္သြားၿပီး အေရွ႕သို႔ေလၽွာက္လာကာ အရိုအေသေပးလိုက္သည္။ " ဆရာ။ "

ရႊမ္းရန္ကသူ႔ဘက္သို႔ လွည့္လာခဲ့ၿပီး ပုံမွန္အတိုင္းၾကည့္ကာ ေျပာလိုက္သည္။ " မင္းရဲ့အမွားကို မင္းသိလား။

မူယန္က ႏွုတ္ခမ္းကို ဖိကိုက္လိုက္ၿပီး ေျမျပင္တြင္ ဒူးေထာက္လိုက္သည္။ သူ႔ေက်ာျပင္က ေျဖာင့္တန္းေနလ်က္။ " ဒီကိစၥက တပည့္ရဲ့ အမွားတစ္ခုတည္းေၾကာင့္ပါ။ ေက်းဇူးျပဳၿပီး ဆရာကၽြန္ေတာ့္ကိုအျပစ္ေပးပါ။ ဒါေပမယ့္ လီယဲ့က အျပစ္ကင္းတယ္။ ကၽြန္ေတာ္သူ႔ကိုလႊတ္ေပးလိုက္တာ ေနာင္တမရဘူး။ "

ရႊမ္းရန္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။ မူယန္က စဥ္းစားဆုံးျဖတ္နိုင္စြမ္းကင္းမဲ့ေနၿပီး ခံစားခ်က္ကို ဦးစားေပးလြန္းသည္။ အခု ကပ္ေဘးက နီးကပ္လာၿပီ။ သူ ကပ္ေဘးကိုဘယ္လိုလုပ္ ရင္ဆိုင္နိုင္ပါ့မလဲ။ႏွလုံးသားကိုဦးစားေပးတာက သူ႔ကို ထိခိုက္ေစမည့္အျပင္ ႀကီးမားတဲ့တာဝန္ကို လက္ခံဖို႔ ခက္ခဲေစသည္။

ရႊမ္းရန္က ေအးစက္စြာေျပာလိုက္သည္။ " သူဘာကိုဖုံးကြယ္ထားလဲ မင္းသိလား။ ဘာလိုလုပ္ၿပီး သူက အျပစ္ကင္းမွန္း ယုံၾကည္နိုင္တာလဲ။ "

မူယန္​၏ မ်က္ဝန္းမ်ားက ၾကည္လင္ေနၿပီး ေတြေဝသြားျခင္းမရွိ။ " သူကၽြန္ေတာ့္ကို မေျပာျပရင္ေတာင္ သူ႔မွာ အေၾကာင္းျပခ်က္ေတာ့ရွိရမယ္။ တကယ္လို႔သူက မိစၧာက်င့္ႀကံသူဆိုရင္လည္း ခြင့္မလႊတ္နိုင္စရာ အေၾကာင္းမရွိဘူး။ လူေကာင္းလူဆိုး ဆိုတာ သူတို႔ရဲ့ ႏွလုံးသားၾကည့္ၿပီးဆုံးျဖတ္တာပါ။ က်င့္စဥ္နည္းလမ္းနဲ႔မဆိုင္ဘူး။ "

ရႊမ္းရန္​၏ အမူအရာက အနည္းငယ္ နက္နဲသြားခဲ့သည္။ သူ႔အေတြးေတြက အရမ္းရိုးစင္းလြန္းမွန္း ဒီကေလးမသိ။ဒါေပမယ့္ တဇြတ္ထိုးစကားေတြက ဆင္ေျခတခ်ိဳ႕ကို ေပးေနသည္။ မိစၧာက်င့္ႀကံသူမ်ားမွာ ပုံမွန္အားျဖင့္ လူေကာင္းမ်ားမဟုတ္ၾက။ သို႔ေသာ္ျပႆနာက လီယဲ့မွာ မိစၥာက်င့္ႀကံသူမဟုတ္ဘဲသူ႔ရဲ့ျဖစ္တည္မွုႏွင့္ေမြးလာခဲ့တာသာျဖစ္သည္။ဒါဟာ သူရဲ့ ေရြးခ်ယ္မွုမဟုတ္။ သူက မိစၧာက်င့္ႀကံသူမ်ားႏွင့္ ကြဲျပားသည္။

သူ႔ေသြးက အဆုံးအျဖတ္ေပးမွာမဟုတ္ဘဲ သူ႔ႏွလုံးသားက ဆုံးျဖတ္ေပးမွာပင္။မူယန္က သူလူေကာင္းဆိုတာ ယုံၾကည္ခဲ့သည္။

ရႊမ္းရန္က ေအးစက္စက္ပင္ ႏွာမွုတ္လိုက္ၿပီး မူယန္ကိုေျပာသည္။ " မင္းအမွားကို မသိေသးရင္ လွည့္စားမွုေရအိုင္ထဲမွာေလ့က်င့္ၿပီး ျပစ္ဒဏ္ခံယူရမယ္။ ဖန႔္ရွန္း အဆင့္ကို မေရာက္မခ်င္း ထြက္လာလို႔ရမွာမဟုတ္ဘူး။ က်င့္စဥ္တိုးတက္ေအာင္ ေကာင္းေကာင္းေလ့က်င့္။ ဆရာကိုစိတ္ပ်က္ေအာင္မလုပ္နဲ႔။ "

ထို႔ေနာက္ သူဟာ မူယန္ကို အျဖဴေရာင္ေရအိုင္ကဲ့သို႔ ေမွာ္လက္နက္တစ္ခုထဲသို႔ ထည့္လိုက္ၿပီး သူ႔ဝတ္႐ုံလက္ကို ေဝွ႕ယမ္းလိုက္ေသာ္ ေမွာ္လက္နက္က မူယန္​၏အခန္းအတြင္းထဲသို႔ က်ေရာက္သြားခဲ့သည္။

' ဟမ္း။ ဖန႔္ရွန္း အဆင့္ထိေရာက္မွ ထြက္လာနိုင္မယ္ဆိုေတာ့ အရမ္းျပင္းထန္တာပဲ။ မလြန္လြန္းဘူးလား။ သူ ရာစုႏွစ္ေတြ ၾကာတဲ့အထိ ထြက္မလာနိုင္မွာစိုးတယ္။

ဒါလည္းေကာင္းတာပဲ။ သူ အခ်ိန္အၾကာႀကီး လီယဲ့နားကိုကပ္လို႔မရေတာ့ဘူး။ လီယဲ့ကို ငါ့ဆီက မလုယူနိုင္ေတာ့ဘူးေပါ့။

ဒါနဲ႔ မင္းက သဝန္တိုေနတာလား။ ဘာလို႔ သူ႔ကို ပိတ္ေလွာင္ထားတာလဲ။ ဟားဟားဟား။ ေၾကာင္သူေတာ္ပဲ မင္း! '

ရႊမ္းရန္:" ကမၻာေပၚမွာေတာ္ဝင္မိစၧာေသြးေပၚလာခဲ့တာက ယဲ့လၽွိုရင္ ခ်ီရန္မေသမ်ိဳးေလာက ကိုဖ်က္ဆီးဖို႔ ျပင္ဆင္ထားၿပီးၿပီဆိုတဲ့ လကၡဏာပဲ။ ကပ္ေဘးက မလြဲမေသြျဖစ္လာေတာ့မယ္။ ၿပီးေတာ့ သူက ကပ္ေဘးရဲ့ေသာ့ခ်က္လည္းျဖစ္တယ္။ငါ့တပည့္အေနနဲ႔ မိစၧာက်င့္ႀကံသူ တစ္ေယာက္ေၾကာင့္ ဂိုဏ္းစည္းကမ္းကို မဆင္မျခင္ ခ်ိဳးေဖာက္လိုက္တာကို အျပစ္မေပးသင့္ဘူးလား။

တျခားအရာေတြေၾကာင့္ အာ႐ုံမေထြျပားသင့္ဘူး။ သူ႔ရဲ့ တာဝန္က အျမန္ဆုံးတိုးတက္ေအာင္က်င့္ႀကံဖို႔ပဲ။ အခုလို စိတ္အေျခအေနမ်ိဳးနဲ႔ဆို ကပ္ဆိုးေရာက္လာရင္ အသုံးခ်ခံရမွာ ငါစိုးရိမ္တယ္။သူေကာင္းဖို႔အတြက္ငါဒီလိုလုပ္တာ။ "

သူ​၏အတြင္းစိတ္ရွိမေကာင္းဆိုးဝါးမွာ အထင္ေသးစြာေလွာင္ေထ့ေလသည္။

' မင္းမွာအျမဲ ဆင္ေျခေတြနဲ႔ျပည့္ေနတယ္။ မင္းေနာင္တရမယ့္အခ်ိန္ကို ငါေစာင့္ေနမယ္။ ငါနဲ႔အေလာင္းအစားလုပ္ထားတယ္ဆိုတာ မေမ့နဲ႔။ '

ရႊမ္းရန္က အမွုမထားသလို ေလွာင္ရယ္လိုက္သည္။ " စိတ္မပူပါနဲ႔။ ငါမေမ့ဘူး။ "

သူက စကားခဏရပ္လိုက္ၿပီးသူ႔မ်က္ဝန္းမ်ားကေအးစက္သြားခဲ့သည္။ ထို႔ေနာက္ ျဖည္းညႇင္းစြာေျပာလာခဲ့သည္။ " တကယ္လို႔ သူမိစၧာျဖစ္သြားရင္ ငါ့လက္နဲ႔ကိုယ္တိုင္ သူ႔အသက္ကိုႏွုတ္ယူမယ္။ "

..................

လင္းက်စ္ရန္ဟာ မူယန္ႏွင့္လမ္းခြဲၿပီးေနာက္ စုန႔္က်ိဳးၿမိဳ႕သို႔ မရပ္မနားခရီးႏွင္လာခဲ့ပါေတာ့သည္။

သူက ပ်ံလည္းမပ်ံနိုင္သလို ဘာေမွာ္လက္နက္မွလည္း မသုံးနိုင္ေပမယ့္လို႔ ကံေကာင္းေထာက္မစြာျဖင့္ မူယန္ေပးခဲ့ေသာ ေငြစမ်ားရွိေသာေၾကာင့္ ျမင္းလွည္းတစ္စီးငွားယူနိုင္ခဲ့သည္။ စုန္က်ိဳးၿမိဳ႕သို႔ အတတ္နိုင္ဆုံးျမန္ျမန္ေရာက္ဖို႔ လမ္းခရီးတြင္ လုံးဝမနားခဲ့။ အိပ္ငိုက္လာလၽွင္ တစ္ေရးေလာက္မွိန္းလိုက္ၿပီး ဗိုက္ဆာလာလၽွင္အစာေျခာက္မ်ားကိုသာ စားခဲ့ရသည္။

[လင္းက်စ္ရန္: ဝူးဝူး။ ငါ အရမ္းငိုက္ေနၿပီ။ ခဏေလာက္ အိပ္ဦးမယ္။ နည္းနည္းေလာက္ၾကာရင္ ငါ့ကို ႏွိုးေပးေနာ္ system။ ]

[System: အိပ္ခ်င္ရင္ နည္းနည္းၾကာၾကာ အိပ္လိုက္ေလ။ ဘာလို႔အပင္ပန္းခံေနတာလဲ။ ]

[လင္းက်စ္ရန္:QAQ]

သူဘယ္လိုလုပ္ စိတ္မလွုပ္ရွားဘဲေနပါ့မလဲ။ ေနာက္လာမယ့္ဇာတ္ကြက္က အရမ္းေၾကကြဲစရာေကာင္းသည္။

လီယဲ့ဟာ သူ႔ပုံစံအမွန္ကို ထုတ္ျပၿပီး လူေတြကိုကယ္တင္ခဲ့ေပမယ့္ ျပစ္တင္ရွုတ္ခ်ခံရကာ ကြပ္မ်က္ခံရလုနီးပါးျဖစ္သြားခဲ့သည္။ ေနာက္ဆုံးတြင္ မူယန႔္ အကူအညီျဖင့္ လြတ္ေျမာက္လာခဲ့ၿပီးစုန႔္က်ိဳးၿမိဳ႕သို႔ ျပန္ေရာက္လာခ်ိန္တြင္ေတာ့ သူ႔အေမရက္ရက္စက္စက္ အသတ္ျဖတ္ခံရတာကို ျမင္ေတြ႕လိုက္ရသည္။

အဲ့ဒီအခ်ိန္မွာပဲ ဒီေကာင္ေလးဟာ မိစၧာျဖစ္လာခဲ့သည္။

လင္းက်စ္ရန္က ဒီအေၾကာင္းကိုေတြးရင္း ေတြေဝေနမိသည္။

တကယ္လို႔သူ ဇာတ္ေၾကာင္းအတိုင္း တစ္ဆင့္ခ်င္းသြားလၽွင္ မူရာက်ဴး ေသတာကိုျမင္ရၿပီး ယဲ့လၽွိုရင္က သူ႔ကိုလာေခၚလိမ့္မည္။

တကယ္လို႔ သူသာ မူရာက်ဴး မေတာ္တဆမျဖစ္ခင္ေရာက္သြားခဲ့လၽွင္ မူရာက်ဴးကိုကယ္တင္နိုင္ေပမယ့္ ဇာတ္ေၾကာင္းအေပၚတြင္ သက္ေရာက္မွုရွိလိမ့္မည္။

သူ႔အေမ အသတ္ခံရတဲ့အခ်က္က လီယဲ့ဘဝတြင္ အႀကီးမားဆုံး အေျပာင္းအလဲတစ္ခုပင္ျဖစ္သည္။

လင္းက်စ္ရန္ဟာ အခ်ိန္အေတာ္ၾကာ ႐ုန္းကန္ေနၿပီးမွ ေနာက္ဆုံးတြင္ အတတ္နိုင္ဆုံး အျမန္ျပန္ဖို႔ဆုံးျဖတ္လိုက္သည္။သူ မူရာက်ဴးႏွင့္ အခ်ိန္အၾကာႀကီး အတူမေနခဲ့ရေပမယ့္ သူမေသမွာသိရက္ႏွင့္ ဇာတ္ေၾကာင္းအတိုင္းမလိုက္နိုင္။

ဒီသားအမိ အရမ္း သနားစရာေကာင္းသည္။ ၿပီးေတာ့ ဒါက game တစ္ခုျဖစ္ရာ ေျဖရွင္းနိုင္မယ့္ အျခားနည္းလမ္းတစ္ခုရွိရမည္။ ဇာတ္ေၾကာင္းရဲ့ မူလဦးတည္ခ်က္ ေျပာင္းမသြားသေရြ႕ အေသးစိတ္အခ်က္အလက္ေတြကို ထည့္တြက္စရာမလိုဘူးမို႔လား။

သူမွာေကာင္းတဲ့ နည္းလမ္းတစ္ခုရွိသည္။

ဒီဇာတ္ကြက္ရဲ့ တစ္ခုတည္းေသာ ရည္ရြယ္ခ်က္က လီယဲ့ကို လူေတြရဲ့ အက်ည္းတန္တဲ့မ်က္ႏွာကို ျမင္ေစရန္ျဖစ္သည္။မူရာက်ဴးရဲ့ ေသဆုံးမွုက သူ႔ကို စိတ္႐ူးေပါက္သြားေစၿပီး တစ္ခုတည္းေသာ ေမၽွာ္လင့္ခ်က္ကို ဖ်က္ဆီးလိုက္သလို ေလာကႀကီး​၏ အေမွာင္အျခမ္းႏွင့္ မတရားမွုတို႔ကိုသာျမင္လာေစခဲ့ၿပီး ယဲ့လၽွိုရင္ သိမ္းသြင္းတာကို ခံလိုက္ရဖို႔ျဖစ္သည္။

သူ ဇာတ္ေၾကာင္းကို လုံးဝေျပာင္းပစ္လိုက္လို႔ေတာ့မရ။ သို႔ေပမယ့္ သက္ေရာက္မွု တူညီေအာင္ ျပင္ဆင္လို႔ရသည္။

သူ မူရာက်ဴးကို အခ်ိန္မွီ႐ုံေလးကယ္တင္လိုက္မည္။ မူရာက်ဴး အနည္းငယ္ခံစားလိုက္ရနိုင္ေပမယ့္ အသက္ေတာ့ရွင္နိုင္မည္။ ဒါက လီယဲ့ကို လူေတြရဲ့ အက်ဥ္းတန္ၿပီးဆိုးယုတ္တဲ့ စိတ္ထားကို ျမင္နိုင္ေစေသးသည္။မူရာက်ဴးေသတာႏွင့္ မေသတာက စကားလုံးတစ္ခုသာကြာသည္။ သို႔ေသာ္ ရလဒ္ကေတာ့ လုံးဝမတူ။

သူက ရလဒ္ကိုသာေျပာင္းလဲမွာျဖစ္ၿပီး ျဖစ္စဥ္တစ္ခုလုံးကို ေျပာင္းလဲမွာမဟုတ္။

ေနာက္တစ္ဆင့္အေနျဖင့္ လူေတြကို စိတ္ပ်က္ခ်င္ေယာင္ဟန္ေဆာင္ဖို႔လိုမည္။ အဲ့ဒိေနာက္ယဲ့လၽွိုရင္ရဲ့ ေသြးေဆာင္မွုၾကားမွာ စိတ္ရွုပ္ေထြးလာခဲ့မည္။ဒါက မူလဇာတ္ေၾကာင္းအေပၚသက္ေရာက္ေစမွာမဟုတ္။

ဟုတ္တယ္!ဒီအတိုင္း လုပ္ရမယ္!

[လင္းက်စ္ရန္: ငါ နာရီဝက္ေလာက္ အိပ္လိုက္ဦးမယ္။ မင္းငါ့ကိုႏွိုးဖို႔ မေမ့နဲ႔။ ]

[systemက ရွားရွားပါးပါး အႀကံတစ္ခုေပးသည္: တကယ္ဆို မူရာက်ဴးရဲ့ ေသေရးရွင္ေရးအေပၚသိပ္မေတြးသင့္ဘူး။သူမက NPCပဲ။ ေသဖို႔ ကံပါလာၿပီးသား။]

[လင္းက်စ္ရန္က ဗလုံးဗေထြးျပန္ေျပာသည္:ဒါ ကgameပဲ။ ဘာ ကံလဲ။ ]

[System:...] ထားပါ။ ဒီကစားသမားက သူလုပ္ခ်င္တာလုပ္ေနက်ပဲကို။

ဒီလိုႏွင့္ လင္းက်စ္ရန္တစ္ေယာက္ စုန႔္က်ိဳးၿမိဳ႕သို႔ လဝက္အတြင္းေရာက္ေအာင္ အျမန္ဆုံးျပန္လာခဲ့သည္။

စုန႔္က်ိဳးၿမိဳ႕နားသို႔ေရာက္ေသာ္ သူခရီးရပ္လိုက္သည္။ ဇာတ္ကြက္က အခုထိမစေသးေတာ့ ေကာင္းေကာင္းအိပ္ၿပီး တိုက္ပြဲအတြက္အားေမြးရန္ေတြးလိုက္သည္။ အခုထိ သူ႔စြမ္းရည္ကို ကန႔္သတ္ခံထားရသည္။ ဒီလိုအေျခအေနမွာ လူတစ္ေယာက္ကို ကယ္တင္ဖို႔က မလြယ္ကူ။ မူရာက်ဴးကို ကယ္နိုင္ရင္ကယ္နိုင္၊ မကယ္နိုင္ရင္ သူလည္း သူမႏွင့္အတူ ေသေအာင္ ရိုက္သတ္ခံရလိမ့္မည္။

လင္းက်စ္ရန္ဟာ စိတ္ရွည္ရွည္နဲ႔ ႏွစ္ရက္ေလာက္ေစာင့္ေနလိုက္သည္။ ညအခါတြင္ လမင္းက ေကာင္းကင္ေပၚတြင္ ထိန္ထိန္ညီးေနသည္။ ထိုစဥ္ ႐ုတ္တရက္ စုန႔္က်ိဳးၿမိဳ႕ထဲမွ အသံတစ္ခုကို သူၾကားလိုက္ရသည္။

💜💜💜💜💜

Continue Reading

You'll Also Like

782K 43.4K 101
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
154K 4.9K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...
1.9M 117K 74
စစ္မွန္ေသာ ခ်စ္ျခင္းတရားကိုသာ လိုခ်င္မိပါ၏။