ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

542K 74.1K 2.8K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)
အပိုင်း(၄၅)
အပိုင်း(၄၅.၁)

အပိုင်း(၃၄.၁)

2.2K 275 2
By Dilly_Dally20



မူယန်ဟာ ခန်းမဆောင်ရှေ့တွင် တစ်နာရီခန့်ဒူးထောက်နေခဲ့သော်လည်း အထဲမှမည်သည့်အသံမှထွက်မလာခဲ့။

သူ့မျက်နှာက ဖြူဖျော့နေပြီး လက်သီးကိုတင်းနေအောင်ဆုပ်လိုက်သည်။

ဘာလို့ ဘယ်သူမှ လင်းကျစ်ရန်အပြစ်ကင်းကြောင်း မယုံကြည်ကြတာလဲ။

ဒါလား တရားမျှတစွာ ဆောင်ရွက်တယ်ဆိုတာ။

ဘယ်လိုတောင် မတရားတာလဲ။

မူယန်ဟာ ဖြည်းညှင်းစွာမတ်တပ်ရပ်လိုက်သည်။ ပြတ်သားမှုတို့က သူ့မျက်ဝန်းထဲတွင် ထင်ဟပ်လာခဲ့လျက်။ ဘယ်လိုပဲဖြစ်ဖြစ် လင်းကျစ်ရန်သေမှာကို သူကြည့်မနေနိုင်။

လက်ထဲတွင် တိချန်ဓါးကိုဆုပ်ကိုင်ထားပြီး သူဟာ ရေခဲအကျဉ်းထောင်သို့ ထပ်မံ၍လာခဲ့လိုက်သည်။

အကျဉ်းထောင်ကိုစောင့်နေသည့် တပည့်မှာလည်း မူယန်က လင်းကျစ်ရန်ဆီထပ်ပြီးလာတွေ့တာကိုမြင်သော် မတတ်နိုင်စွာဖြင့်ဆိုသည်။ " ညီလေးမူ။ ထပ်ပြီးလာမတွေ့ပါနဲ့တော့။ တကယ်လို့ တစ်ယောက်ယောက် တွေ့သွားရင် ကောလဟာလသတင်းတွေပျံ့သွားလိမ့်မယ်။ "

သူတို့နှစ်ယောက်လုံးက ပေါင့်ကျန်းတောင်မှတပည့်များဖြစ်ကြသည်။ မူယန်နှင့် ကျိုးယွဲ့​ကြားက ဆက်ဆံရေးကြောင့်သာ မူယန်ကောင်းဖို့အတွက် စိတ်ရှည်ရှည်နှင့် စကားတချို့ပြောပေးခြင်းပင်။

မူယန်က ပြုံးလိုက်ပြီးတည်ငြိမ်စွာပြောသည်။ " ဂိုဏ်းတူအစ်ကိုတို့ နားလည်မှုလွဲနေပါပြီ။ ကျွန်တော့်ဆရာက လီယဲ့ကို ကိုယ်တိုင်စစ်မေးချင်လို့ ကျွန်တော်သူ့ကိုလာခေါ်တာပါ။ "

တပည့်နှစ်ဦးမှာ အံ့ဩသွားခဲ့ကြသည်။ မူယန်​၏ ဆရာက အရှင်ရွှမ်းရန်ပင်။ အရှင်က ဘာလို့ ဒီလို အသေးအမွှားကိစ္စအပေါ်အာရုံစိုက်မှာလဲ။

မူယန်ကဆိုသည်။ " ဂိုဏ်းတူအစ်ကိုတို့ ကျွန်တော့်ကို မယုံဘူးလား။ "

တပည့် နှစ်ဦးက အံ့ဩနေစဲဖြစ်သည်။

မူယန်က ဖြည်းညှင်းစွာဆက်ပြောလာခဲ့သည်။ " ဆရာက ကျွန်တော်လီယဲ့ကို ခေါ်လာမှာကို စောင့်နေတယ်။ "

တပည့်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့က မူယန့်စကားကို တော်တော်လေး မယုံကြည်ကြ။ ဒါပေမယ့် မူယန်က အရှင့်ရဲ့ ဂုဏ်ယူရတဲ့တပည့်တစ်ဦးဖြစ်သောကြောင့် အရှင့်ရဲ့ အမိန့်ကိုအတုလုပ်စရာမလိုပေ။ ပြီးတော့ တကယ်ပဲ လိမ်ညာနေခဲ့လျှင်လည်း မူယန်ကတောင်းဆိုလို့သာဖြစ်ပြီး သူတို့ဘာမှမသိကြောင်းဆင်ခြေပေးလို့ရသည်။

သို့သော် သူတို့ ငြင်းဆန်လိုက်လို့ အရှင့်ရဲ့အမိန့် အမှန်သာဖြစ်နေပါလျှင် အကျိုးဆက်ကို ခံစားနိုင်မည်မဟုတ်ပေ။

သူတို့ဟာ တွေဝေနေပြီးမှ ဘေးသို့ကပ်ကာလမ်းဖယ်ပေးလိုက်ကြသည်။ " ညီလေးမူ။ ဝင်သွားပါ။ "

မူယန်က လက်နှစ်ဖက်ကို ပူးကပ်ကာ အရိုအသေပေးလိုက်သည်။ " ဂိုဏ်းတူအစ်ကိုနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်။ "

သူဟာရေခဲအကျဉ်းထောင်​၏ အတွင်းပိုင်းထဲသို့လျှောက်ဝင်လာကာလင်းကျစ်ရန်ဆီသို့ရောက်လာခဲ့သည်။

လင်းကျစ်ရန်က မေ့မျောနေခဲ့ပြီး ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေလေသည်။ မူယန်​၏ မျက်နှာက စိုးရိမ်မှုတို့ဖြင့်ပြည့်နှက်နေပြီးချက်ချင်း ဓါးကိုဝှေ့ယမ်းကာ သံကြိုးများကိုဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် လင်းကျစ်ရန်ကို ရင်ခွင်ထဲတွင် ထည့်ကာ ထွေးပွေ့ထားလိုက်ရင်း လက်ကောက်ဝတ်မှတစ်ဆင့် ဝိညာဉ်စွမ်းအားများကို လွှဲပြောင်းပေးလေသည်။

လင်းကျစ်ရန်ဟာ မူးဝေနေသည်။ နွေးထွေးသောစီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသလိုခံစားလိုက်ရပြီး ရိုးတွင်းခြင်ဆီထဲရှိ အအေးဓါတ်များကို လွင့်စင်သွားစေသည်။ သူမျက်လုံးဖွင့်လိုက်သော် မူယန်​၏မျက်နှာကို မြင်တွေ့လိုက်ရ​၏။

လင်းကျစ်ရန်ဟာ ပါးစပ်ကို ခက်ခဲစွာဖွင့်လိုက်ပြီး အက်ကွဲသောအသံဖြင့်ဆိုသည်။ " မင်းရောက်လာတာလား။ "

မူယန်​၏မျက်ဝန်းများက အနည်းငယ် နီမြန်းနေလျက်။ " ငါမင်းကို ဒီက ထုတ်ပေးမယ်။ "

လင်းကျစ်ရန်က ခေါင်းခါသည်။ " ငါ့အတွက် မိုက်မဲတဲ့အရာတွေမလုပ်နဲ့။ မတန်ပါဘူး။ "

မူယန်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားလျက် သူ့မျက်ဝန်းများက ခိုင်မာပြတ်သားနေသည်။ " မင်းဒီမှာသေသွားမှာကို ငါရပ်ကြည့်မနေနိုင်ဘူး။ ငါ့အတွက်စိတ်မပူပါနဲ့။ငါကအရှင့်ရဲ့တပည့်ပဲ။ မိစ္ဆာကျင့်ကြံသူတစ်ယောက်ကိုလွှတ်ပေးလိုက်တာ​က ငါအတွက် ပြဿနာသိပ်မရှိပါဘူး။ အဲ့ဒီအကြီးအကဲတွေက ငါ့ကိုအပြစ်ပေးနိုင်တဲ့အနေအထားမရှိဘူး။ "

လင်းကျစ်ရန်က စိုးရိမ်နေစဲ။ " ဒါပေမယ့်... "

" ထပ်မပြောနဲ့တော့။ ငါဆုံးဖြတ်ပြီးပြီ။ "

လင်းကျစ်ရန်က ဒါကိုကြားသော် တိတ်ဆိတ်သွားပြီးစကားမဆိုတော့။ သူထပ်ပြီးလည်း မငြင်းဆန်နိုင်တော့ပေ။ အကယ်၍လီယဲ့က မူယန်အတွက် အသက်စွန့်ဖို့ဆန္ဒရှိလျှင်တောင် မူယန်က လီယဲ့သေမှာကို ကြည့်နေနိုင်မှာမဟုတ်။ ဒါက သူတို့နှစ်ဦးကြားရှိခိုင်မာတဲ့ညီအစ်ကိုသံယောဇဉ်ပင်ဖြစ်သည်။

ဒီအချိန်မှာ သူဆက်ပြီးငြင်းဆန်နေလိုက်ပါလျှင် မူယန်ကိုအခက်တွေ့သွားစေရုံသာမကဘဲ အနည်းငယ် သူတော်ကောင်းယောင်ဆောင်သလိုဖြစ်သွားလိမ့်မည်။

ပြီးတော့ ဒါက နောက်ထပ်ဆက်ဖြစ်မယ့်ဇာတ်ကွက်တစ်ခုလည်းဖြစ်သည်။ မူယန်ကသူ့ကိုကယ်တင်မည်။ အဲ့ဒိနောက် သူစုန့်ကျိုးမြို့ကို ပြန်ရောက်တဲ့အခါ သူ့အဖေ မိစ္ဆာဘုရင်ယဲ့လျှိုရင်နှင့်တွေ့မည်။

ဒါ့အပြင် သူက ဒုတိယဇာတ်လိုက်ပင်။ ဘယ်လိုလုပ်ပြီး ဒီတိုင်းသေလိုက်နိုင်မှာလဲ။

မူယန်က သူ့ပုခုံးကို ဆုပ်ကိုင်ထားပြီး ခပ်တိုးတိုးမေးလေသည်။ " မင်းလမ်းလျှောက်နိုင်ရဲ့လား။ "

လင်းကျစ်ရန်က ခေါင်းငြိမ့်ပြလိုက်သည်။ အနည်းငယ်ခက်ခဲပေမယ့် မူယန်လွှဲပြောင်းပေးသော ဝိညာဉ်စွမ်းအားများက သူ့ရဲ့ခွန်အားတချို့ကိုပြန်ရစေခဲ့သည်။

မူယန်က ဆက်ပြောလာသည်။ " ငါ့နောက်က ကပ်ပြီးလိုက်လာခဲ့။ "

သူက လင်းကျစ်ရန်ကို အနောက်မှာထားပြီးခေါ်လာကာ တည်ငြိမ်သောအမူအရာဖြင့်ထွက်လာခဲ့သည်။

အကျဉ်းထောင်ကိုစောင့်နေသော တပည့်များက ဘာမှမပြောဘဲ မူယန် လင်းကျစ်ရန်အား ခေါ်သွားတာကို ခွင့်ပြုပေးကြသည်။

လမ်းကြောင်းက တော်တော်လေးချောမွေ့သည်။ တပည့်တချို့နှင့် ရံဖန်ရံခါတွေ့သော်လည်း ဘယ်သူမှ အနှောက်အယှက်မပေးကြသလိုမစပ်စုကြပေ။ တပည့်တိုင်းက မူယန်ကို မသိကြသလို မူယန်ကိုသိသည့် တပည့်များမှာလည်း သူ့အနေအထားကြောင့် ဒီလုပ်ဆောင်ချက်အပေါ်မေးမြန်းကြခြင်းမရှိသောကြောင့် သူတို့ရဲ့ ခရီးလမ်းက မထင်မှတ်ထားစွာပင် ဖြောင့်ဖြူးနေလေသည်....။

မူယန်က ရှန့်ရွှမ်နန်းဆောင်သို့မသွားဘဲ လင်းကျစ်ရန်အား အပြင်သို့ ခေါ်ထုတ်သွားကာ မကြာခင်မှာပင် စင်ကြယ်သောနန်းတော်မှထွက်လာခဲ့ကြသည်။

စင်ကြယ်သောနန်းတော်မှ ထွက်လာခဲ့သည်နှင့် တပြိုင်နက် မူယန်ဟာအမြန်ဆုံးလွတ်မြှောက်ဖို့အတွက် ဓါးပျံနှင့် အရှိန်ပြင်းပြင်းနှင့် ပျံသန်းလာခဲ့သည်။

စင်ကြယ်သောနန်းတော်နှင့် ဝေးကွာသော မြို့ငယ်တစ်ခုသို့ရောက်သော် လင်းကျစ်ရန်ကိုချပေးလိုက်ပြီး သူပြင်ဆင်လာခဲ့တဲ့ ငွေထုတ်ကိုပေးလိုက်သည်။ " မင်း ဒီက ထွက်သွားပြီး ပုန်းနေ။သူတို့ ရှာမတွေ့စေနဲ့။ ငါမင်းကိုလာရှာတဲ့အချိန်အထိစောင့်ပါ။ "

ထိုစဉ် ဒါဇင်ထက်မကသော အလင်းတန်းများက မြေပြင်ပေါ်သို့ကျဆင်းလာခဲ့ပြီး သူတို့နှစ်ယောက်ကို ဝိုင်းထားလိုက်ကြလေသည်။

ကျိုးယွဲ့က တပည့်အုပ်စုနှင့်အတူ သူတို့ကို လိုက်ဖမ်းခဲ့သည်ပင်။ သူက ရှုပ်ထွေးသောအမူအရာဖြင့် သူတို့နှစ်ဦးကိုကြည့်လိုက်ကာ ခဏမျှ တုန့်ဆိုင်းနေပြီးမှဆိုသည်။

" မင်းဒီလို မလုပ်သင့်ဘူး။ "

မူယန်​၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့ ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့။

သူက ပြတ်သားသောအမူအရာဖြင့်လင်းကျစ်ရန်ကို သူ့အနောက်သို့ပို့လိုက်သည်။

ကျိုးယွဲ့က ဝတ်ရုံလက်နှစ်ဖက်ကို ခါလိုက်ကာ မတတ်နိုင်စွာဖြင့်သက်ပြင်းချလိုက်သည်။ " အကြီးအကဲကြီးက လီယဲ့ကို စစ်မေးဖို့ အခေါ်လွှတ်လိုက်ပေမယ့် မင်းက အရင်ဆုံးခေါ်ထုတ်သွားတယ်ဆိုတာ သိလိုက်ရတယ်။ အရှင်က အဲ့လို အမိန့်မျိုးမပေးခဲ့ဘူး။ ဟုတ်တယ်မလား။ဒါပေမယ့် မင်းလီယဲ့ကို ငါဆီလွှဲပေးလိုက်ရင် ဒီကိစ္စအပေါ်ဘယ်သူမှ အခက်တွေ့အောင်မလုပ်ဘူးဆိုတာ အာမခံတယ်။ "

မူယန်​၏ မျက်နှာက ဆီးနှင်းကဲ့သို့အေးစက်နေကာ ဓါးကို ရေပြင်ညီအတိုင်း အရှေ့သို့ချိန်ရွယ်ထားလိုက်ပြီးဆို​၏။ " ကျွန်တောိသူ့ကို ခေါ်သွားခွင့်ပြုမှာမဟုတ်ဘူး။ "

ကျိုးယွဲ့က စိတ်ပျက်စွာပြုံးလိုက်ပြီး သူ​၏ဘေးကျပ်နံကျပ်အခြေအနေကို ပြလိုက်သည်။

သူက လင်းကျစ်ရန်နှင့် မူယန်ကိုကြည့်လိုက်ရင်းမျက်လုံးများက ကျုံ့ဝင်သွားကာ ဒေါသတကြီးပုံစံဖြင့် ချဲ့ကားပြီးပြောလိုက်သည်။ " မင်းက ဒီလိုမိုက်မဲနေမှတော့ မညှာတာလို့ အပြစ်မတင်နဲ့။ မင်း ငါ့ကိုနိုင်အောင်မတိုက်နိုင်သရွေ့ ငါ ဒီနေ့လီယဲ့ကို သေချာပေါက်ပြန်ခေါ်သွားမယ်။ "

မူယန်က မှင်တက်သွားခဲ့သည်။

ကျိုးယွဲ့က အော်လိုက်သည်။ " သူတို့ကိုဖမ်းကြစမ်း! "

တပည့်များက သူတိုနှစ်ဦးအားချက်ချင်းဝိုင်းရံလာကြသည်။

မူယန်​၏မျက်လုံးများကကျုံ့ဝင်သွားခဲ့သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး တိချန်ဓါးမှာအလင်းတန်းတစ်ခုလို ကျိုးယွဲ့ဆီသို့ဦးတည်သွားခဲ့သည်။ ကျိုးယွဲ့​၏ အမူအရာက အလွန်အမင်းပျက်ယွင်းသွားခဲ့ပြီး ဘေးသို့တိမ်းရှောင်လိုက်သည့်တိုင်မလွတ်ကင်းနိုင်ခဲ့။ ဓါးသွားက သူ့ပုခုံးသို့ထိုးဖောက်သွားခဲ့ပြီး သွေးများပန်းထွက်လာခဲ့သည်။

ကျိုးယွဲ့မှာချဲ့ကားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ " အာာာား ! "

တပည့်များမှာလည်း စိတ်ပူသွားကြပြီးနောက်သို့ လှည့်ကြည့်လိုက်သော် ပုခုံးတွင်သွေးများရွှဲနစ်နေသောကျိုးယွဲ့ကိုတွေ့လိုက်ရသည်။ တပည့် အတော်များများက စိုးရိမ်စွာပြေးလာခဲ့ကြပြီးကျန်တပည့်အချို့မှာ မူယန်နှင့် လင်းကျစ်ရန်နောက်ကို လိုက်သင့်လား တွေဝေနေကြသည်။

မူယန်က ကျိုးယွဲ့ကို အပြစ်ရှိသလိုကြည့်လိုက်ပြီး လင်းကျစ်ရန်ကို ခေါ်ကာဓါးပျံဖြင့် အဝေးသို့ပျံထွက်သွားလေတော့သည်။

အချိန်အတော်ကြာပျံသန်းခဲ့ပြီး စင်ကြယ်သောနန်းတော်ကတပည့်တွေလိုက်မလာနိုင်တော့ပြီမှန်းသေချာမှ လင်းကျစ်ရန်ကို ဂရုတစိုက် အောက်ချပေးလိုက်သည်။

မူယန်က ဆို​၏။ " မြန်မြန်သွားတော့။ "

လင်းကျစ်ရန်က ခဏလောက်နှုတ်ဆိတ်နေသည်။ ထို့နောက် သူ့ကို တည်ငြိမ်စွာတစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန်ထွက်သွားတော့သည်။

ထိုအခါမှမူယန့်မျက်နှာပေါ်တွင် စိတ်သက်သာသွားသည့်အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။

နာရီဝက်ကြာပြီးသော်။

မူယန်ဟာ နန်းတော်သို့မပြန်ခင် ကျိုးယွဲ့ဆီသို့ရောက်လာခဲ့သည်။ ကျိုးယွဲ့က တင်ပျဉ်ခွေထိုင်နေလျက်  ဒဏ်ရာက သွေးတိတ်သွားခဲ့ပြီဖြစ်ပြီး သူ့ကို ချိနဲ့စွာကြည့်လိုက်သည်။

ကျိုးယွဲ့က သူ့ကို အလွယ်တကူလွှတ်ပေးလိုက်မှန်းမူယန်သိသည်။ ဒါကြောင့် ကျိုးယွဲ့ကို တစ်ဦးတည်း ပြစ်ဒဏ်မခံယူခိုင်းနိုင်သောကြောင့် သူတတ်နိုင်သမျှအလျင်အမြန်ပြန်လာခဲ့ခြင်းပင်။

မူယန်က တည်ငြိမ်စွာပြောလိုက်သည်။ " လီယဲ့ လွတ်မြောက်သွားပါပြီ။ ပြစ်ဒဏ်ခံယူဖို့ ကျွန်တော်အကြီးအကဲနဲ့အတူပြန်လိုက်ခဲ့ပါ့မယ်။ "

ကျိုးယွဲ့က သက်ပြင်းချလိုက်သည်။ " ကောင်းပြီ။ "

.....................

မိုင်ထောင်ချီမြင့်သော စင်ကြယ်သောနန်းတော်​တွင်။ ရွှမ်းရန်ဟာ ဒါတွေအားလုံးကိုမြင်နေရသည်။

သူက ဒီကိစ္စမှာဝင်မပါခဲ့ပေမယ့် မူယန် လင်းကျစ်ရန်ကို လွှတ်ပေးလိုက်တာကိုမူ ခွင့်ပြုပေးခဲ့သည်။

' ဒီ ကလိမ်ကကျစ်ကောင်စုတ်လေးက အရေးကြုံရင် အကြံတော့ထုတ်တတ်သားပဲ။ သူက ငါထင်ထားတာလောက် အာရုံနောက်ဖို့မကောင်းဘူး။ ဒီလို အရေးကြီးတဲ့အခြေအနေမှာ သူကတော်တော်အသုံးဝင်တယ်....

မင်းက အဲ့ဒီကောင်စုတ်လေးရဲ့ တစ်ဝက်တောင်မမှီဘူး။ မင်းလွှတ်ပေးလိုက်ရင် အဲ့ကောင်စုတ်လေး ဒီလောက်ခက်ခဲစရာမလိုဘူး။ဘာလို့ တိတ်တဆိတ် စောင့်ကြည့်နေတာလဲ။ကျေးဇူးတင်ခံရမယ့် အခွင့်ရေးကောင်းတစ်ခုကို လက်လွှတ်လိုက်တာက ဖြုန်းတီးရာကျတယ်။ '

ရွှမ်းရန်က ပေါ့ပါးစွာဆိုသည်။ " မင်း မူယန်ကို မသတ်ချင်တော့ဘူးလား။ "

' သူကကောင်းတယ်လို့ငါတွေးမိတယ်။ ဒါ ငါသူ့ကို သတ်ချင်တာနဲ့ ဘာဆိုင်လို့လဲ။ '

ရွှမ်းရန်: " ဟွန်း! "

သူဟာ ဒီမကောင်းဆိုးဝါးကို အရေးလုပ်ဖို့ပျင်းသောကြောင့် အကြီးအကဲချီဖုန်းဆီသို့လာခဲ့လိုက်သည်။

အကြီးအကဲချီက ခန်းဆောင်ထဲတွင်ရပ်နေလေသည်။ သူ အစက လီယဲ့ကို စစ်မေးဖို့ ရည်ရွယ်ထားခဲ့တာပင်။ သို့သော် မူယန်​က အမိန့်အတုနဲ့ကယ်တင်သွားလိမ့်မယ်လို့ဘယ်သူထင်ထားခဲ့ပါ့မလဲ။ သူဟာ စိတ်ပူစွာဖြင့် ကျိုးယွဲ့ကိုခေါ်ကာစည်းကမ်းကြပ်မတ်ရေးနန်းဆောင်က တပည့်များနှင့်အတူ လိုက်ဖမ်းစေခဲ့သည်။ အခုချိန်တွင်တော့ မျက်မှောင်ကြုတ်လျက်စောင့်ဆိုင်းနေသည်။

ဘာပဲဖြစ်ဖြစ်မူယန်က အရှင့်တပည့်ပင်။ဒီလို စည်းကမ်းဖောက်ပြီးပြစ်မှုကျူးလွန်ခဲ့ပေမယ့် သူ့မှာအပြစ်ပေးပိုင်ခွင့်မရှိ။ သူအရှင့်ကို သွားတွေ့ရမည်...

အကြီးအကဲချီဖုန်းဟာ မျက်မှောင်ကြုတ်ထားရင်း ဒီကိစ္စကိုဘယ်လိုရှင်းပြသင့်လဲ တွေးနေမိသည်။

ထိုစဉ်သူ့မျက်လုံးများက ပြူးကျယ်သွားလေသည်။ အဖြူရောင်ဝတ်ရုံဝတ်ထားသည့် ဆံပင်အမဲရောင်နှင့် အမျိုးသားတစ်ဦးက သူ့ရှေ့တွင်ပေါ်လာတာကို မြင်လိုက်ရသည်။

အကြီးအကဲချီဖုန်းဟာ ဒူးများပျော့ခွေသွားသလိုခံစားလိုက်ရပြီး ဒူးထောက် လိုက်သည်။ " အ..အရှင် "

အရှင် ဒီအကြောင်းကို သိသွားခဲ့ပြီလား။ ချီဖုန်းဟာ ချွေးစေးများပျံလာခဲ့ပြီး တုန်ရီနေသည်။ သူဘာလုပ်သင့်လဲမသိပေ။ ဒီသေးနုတ်တဲ့ မိစ္ဆာကျင့်ကြံသူလေးက အရှင့်ကို သတိထားမိစေလောက်တဲ့အထိ ဖြစ်သွားလိမ့်မယ်လို့သူမတွေးမိခဲ့ပေ။ ဒါသူ့ရဲ့ပေါ့ဆမှုကြောင့်လို့ ယူဆနိုင်မလား....

မထင်မှတ်ထားစွာပင်၊ ရွှမ်းရန်က သူ့ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး ပြောလာခဲ့သည်။ " လီယဲ့ကိစ္စအတွက် စိတ်မပူနဲ့တော့။ "

ချီဖုန်းဟာ တခဏ အံ့ဩသွားခဲ့ပြီးမှ ပြန်ဖြေလိုက်သည်။ " ဟုတ်ကဲ့ပါအရှင် "

သူက ခဏလောက် ခေါင်းငုံ့နေခဲ့ပြီး ထိုအချိန်အတွင်းမှာပင် ရွှမ်းရန်က ပျောက်ကွယ်သွားခဲ့သည်။

💜💜💜💜💜

Zawgyi.

မူယန္ဟာ ခန္းမေဆာင္ေရွ႕တြင္ တစ္နာရီခန႔္ဒူးေထာက္ေနခဲ့ေသာ္လည္း အထဲမွမည္သည့္အသံမွထြက္မလာခဲ့။

သူ႔မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး လက္သီးကိုတင္းေနေအာင္ဆုပ္လိုက္သည္။

ဘာလို႔ ဘယ္သူမွ လင္းက်စ္ရန္အျပစ္ကင္းေၾကာင္း မယုံၾကည္ၾကတာလဲ။

ဒါလား တရားမၽွတစြာ ေဆာင္ရြက္တယ္ဆိုတာ။

ဘယ္လိုေတာင္ မတရားတာလဲ။

မူယန္ဟာ ျဖည္းညႇင္းစြာမတ္တပ္ရပ္လိုက္သည္။ ျပတ္သားမွုတို႔က သူ႔မ်က္ဝန္းထဲတြင္ ထင္ဟပ္လာခဲ့လ်က္။ ဘယ္လိုပဲျဖစ္ျဖစ္ လင္းက်စ္ရန္ေသမွာကို သူၾကည့္မေနနိုင္။

လက္ထဲတြင္ တိခ်န္ဓါးကိုဆုပ္ကိုင္ထားၿပီး သူဟာ ေရခဲအက်ဥ္းေထာင္သို႔ ထပ္မံ၍လာခဲ့လိုက္သည္။

အက်ဥ္းေထာင္ကိုေစာင့္ေနသည့္ တပည့္မွာလည္း မူယန္က လင္းက်စ္ရန္ဆီထပ္ၿပီးလာေတြ႕တာကိုျမင္ေသာ္ မတတ္နိုင္စြာျဖင့္ဆိုသည္။ " ညီေလးမူ။ ထပ္ၿပီးလာမေတြ႕ပါနဲ႔ေတာ့။ တကယ္လို႔ တစ္ေယာက္ေယာက္ ေတြ႕သြားရင္ ေကာလဟာလသတင္းေတြပ်ံ႕သြားလိမ့္မယ္။ "

သူတို႔ႏွစ္ေယာက္လုံးက ေပါင့္က်န္းေတာင္မွတပည့္မ်ားျဖစ္ၾကသည္။ မူယန္ႏွင့္ က်ိဳးယြဲ႕​ၾကားက ဆက္ဆံေရးေၾကာင့္သာ မူယန္ေကာင္းဖို႔အတြက္ စိတ္ရွည္ရွည္ႏွင့္ စကားတခ်ိဳ႕ေျပာေပးျခင္းပင္။

မူယန္က ျပဳံးလိုက္ၿပီးတည္ၿငိမ္စြာေျပာသည္။ " ဂိုဏ္းတူအစ္ကိုတို႔ နားလည္မွုလြဲေနပါၿပီ။ ကၽြန္ေတာ့္ဆရာက လီယဲ့ကို ကိုယ္တိုင္စစ္ေမးခ်င္လို႔ ကၽြန္ေတာ္သူ႔ကိုလာေခၚတာပါ။ "

တပည့္ႏွစ္ဦးမွာ အံ့ဩသြားခဲ့ၾကသည္။ မူယန္​၏ ဆရာက အရွင္ရႊမ္းရန္ပင္။ အရွင္က ဘာလို႔ ဒီလို အေသးအမႊားကိစၥအေပၚအာ႐ုံစိုက္မွာလဲ။

မူယန္ကဆိုသည္။ " ဂိုဏ္းတူအစ္ကိုတို႔ ကၽြန္ေတာ့္ကို မယုံဘူးလား။ "

တပည့္ ႏွစ္ဦးက အံ့ဩေနစဲျဖစ္သည္။

မူယန္က ျဖည္းညႇင္းစြာဆက္ေျပာလာခဲ့သည္။ " ဆရာက ကၽြန္ေတာ္လီယဲ့ကို ေခၚလာမွာကို ေစာင့္ေနတယ္။ "

တပည့္ႏွစ္ဦးက တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကသည္။ သူတို႔က မူယန႔္စကားကို ေတာ္ေတာ္ေလး မယုံၾကည္ၾက။ ဒါေပမယ့္ မူယန္က အရွင့္ရဲ့ ဂုဏ္ယူရတဲ့တပည့္တစ္ဦးျဖစ္ေသာေၾကာင့္ အရွင့္ရဲ့ အမိန႔္ကိုအတုလုပ္စရာမလိုေပ။ ၿပီးေတာ့ တကယ္ပဲ လိမ္ညာေနခဲ့လၽွင္လည္း မူယန္ကေတာင္းဆိုလို႔သာျဖစ္ၿပီး သူတို႔ဘာမွမသိေၾကာင္းဆင္ေျခေပးလို႔ရသည္။

သို႔ေသာ္ သူတို႔ ျငင္းဆန္လိုက္လို႔ အရွင့္ရဲ့အမိန႔္ အမွန္သာျဖစ္ေနပါလၽွင္ အက်ိဳးဆက္ကို ခံစားနိုင္မည္မဟုတ္ေပ။

သူတို႔ဟာ ေတြေဝေနၿပီးမွ ေဘးသို႔ကပ္ကာလမ္းဖယ္ေပးလိုက္ၾကသည္။ " ညီေလးမူ။ ဝင္သြားပါ။ "

မူယန္က လက္ႏွစ္ဖက္ကို ပူးကပ္ကာ အရိုအေသေပးလိုက္သည္။ " ဂိုဏ္းတူအစ္ကိုႏွစ္ေယာက္ကို ေက်းဇူးတင္ပါတယ္။ "

သူဟာေရခဲအက်ဥ္းေထာင္​၏ အတြင္းပိုင္းထဲသို႔ေလၽွာက္ဝင္လာကာလင္းက်စ္ရန္ဆီသို႔ေရာက္လာခဲ့သည္။

လင္းက်စ္ရန္က ေမ့ေမ်ာေနခဲ့ၿပီး ၾကမ္းျပင္ေပၚတြင္ အိပ္ေပ်ာ္ေနေလသည္။ မူယန္​၏ မ်က္ႏွာက စိုးရိမ္မွုတို႔ျဖင့္ျပည့္ႏွက္ေနၿပီးခ်က္ခ်င္း ဓါးကိုေဝွ႕ယမ္းကာ သံႀကိဳးမ်ားကိုျဖတ္ေတာက္ပစ္လိုက္သည္။ ထို႔ေနာက္ လင္းက်စ္ရန္ကို ရင္ခြင္ထဲတြင္ ထည့္ကာ ေထြးေပြ႕ထားလိုက္ရင္း လက္ေကာက္ဝတ္မွတစ္ဆင့္ ဝိညာဥ္စြမ္းအားမ်ားကို လႊဲေျပာင္းေပးေလသည္။

လင္းက်စ္ရန္ဟာ မူးေဝေနသည္။ ေႏြးေထြးေသာစီးေၾကာင္းတစ္ခုက သူ႔ခႏၶာကိုယ္ထဲသို႔ ဝင္ေရာက္လာသလိုခံစားလိုက္ရၿပီး ရိုးတြင္းျခင္ဆီထဲရွိ အေအးဓါတ္မ်ားကို လြင့္စင္သြားေစသည္။ သူမ်က္လုံးဖြင့္လိုက္ေသာ္ မူယန္​၏မ်က္ႏွာကို ျမင္ေတြ႕လိုက္ရ​၏။

လင္းက်စ္ရန္ဟာ ပါးစပ္ကို ခက္ခဲစြာဖြင့္လိုက္ၿပီး အက္ကြဲေသာအသံျဖင့္ဆိုသည္။ " မင္းေရာက္လာတာလား။ "

မူယန္​၏မ်က္ဝန္းမ်ားက အနည္းငယ္ နီျမန္းေနလ်က္။ " ငါမင္းကို ဒီက ထုတ္ေပးမယ္။ "

လင္းက်စ္ရန္က ေခါင္းခါသည္။ " ငါ့အတြက္ မိုက္မဲတဲ့အရာေတြမလုပ္နဲ႔။ မတန္ပါဘူး။ "

မူယန္က ႏွုတ္ခမ္းကိုတင္းတင္းေစ့ထားလ်က္ သူ႔မ်က္ဝန္းမ်ားက ခိုင္မာျပတ္သားေနသည္။ " မင္းဒီမွာေသသြားမွာကို ငါရပ္ၾကည့္မေနနိုင္ဘူး။ ငါ့အတြက္စိတ္မပူပါနဲ႔။ငါကအရွင့္ရဲ့တပည့္ပဲ။ မိစၧာက်င့္ႀကံသူတစ္ေယာက္ကိုလႊတ္ေပးလိုက္တာ​က ငါအတြက္ ျပႆနာသိပ္မရွိပါဘူး။ အဲ့ဒီအႀကီးအကဲေတြက ငါ့ကိုအျပစ္ေပးနိုင္တဲ့အေနအထားမရွိဘူး။ "

လင္းက်စ္ရန္က စိုးရိမ္ေနစဲ။ " ဒါေပမယ့္... "

" ထပ္မေျပာနဲ႔ေတာ့။ ငါဆုံးျဖတ္ၿပီးၿပီ။ "

လင္းက်စ္ရန္က ဒါကိုၾကားေသာ္ တိတ္ဆိတ္သြားၿပီးစကားမဆိုေတာ့။ သူထပ္ၿပီးလည္း မျငင္းဆန္နိုင္ေတာ့ေပ။ အကယ္၍လီယဲ့က မူယန္အတြက္ အသက္စြန႔္ဖို႔ဆႏၵရွိလၽွင္ေတာင္ မူယန္က လီယဲ့ေသမွာကို ၾကည့္ေနနိုင္မွာမဟုတ္။ ဒါက သူတို႔ႏွစ္ဦးၾကားရွိခိုင္မာတဲ့ညီအစ္ကိုသံေယာဇဥ္ပင္ျဖစ္သည္။

ဒီအခ်ိန္မွာ သူဆက္ၿပီးျငင္းဆန္ေနလိုက္ပါလၽွင္ မူယန္ကိုအခက္ေတြ႕သြားေစ႐ုံသာမကဘဲ အနည္းငယ္ သူေတာ္ေကာင္းေယာင္ေဆာင္သလိုျဖစ္သြားလိမ့္မည္။

ၿပီးေတာ့ ဒါက ေနာက္ထပ္ဆက္ျဖစ္မယ့္ဇာတ္ကြက္တစ္ခုလည္းျဖစ္သည္။ မူယန္ကသူ႔ကိုကယ္တင္မည္။ အဲ့ဒိေနာက္ သူစုန႔္က်ိဳးၿမိဳ႕ကို ျပန္ေရာက္တဲ့အခါ သူ႔အေဖ မိစၧာဘုရင္ယဲ့လၽွိုရင္ႏွင့္ေတြ႕မည္။

ဒါ့အျပင္ သူက ဒုတိယဇာတ္လိုက္ပင္။ ဘယ္လိုလုပ္ၿပီး ဒီတိုင္းေသလိုက္နိုင္မွာလဲ။

မူယန္က သူ႔ပုခုံးကို ဆုပ္ကိုင္ထားၿပီး ခပ္တိုးတိုးေမးေလသည္။ " မင္းလမ္းေလၽွာက္နိုင္ရဲ့လား။ "

လင္းက်စ္ရန္က ေခါင္းၿငိမ့္ျပလိုက္သည္။ အနည္းငယ္ခက္ခဲေပမယ့္ မူယန္လႊဲေျပာင္းေပးေသာ ဝိညာဥ္စြမ္းအားမ်ားက သူ႔ရဲ့ခြန္အားတခ်ိဳ႕ကိုျပန္ရေစခဲ့သည္။

မူယန္က ဆက္ေျပာလာသည္။ " ငါ့ေနာက္က ကပ္ၿပီးလိုက္လာခဲ့။ "

သူက လင္းက်စ္ရန္ကို အေနာက္မွာထားၿပီးေခၚလာကာ တည္ၿငိမ္ေသာအမူအရာျဖင့္ထြက္လာခဲ့သည္။

အက်ဥ္းေထာင္ကိုေစာင့္ေနေသာ တပည့္မ်ားက ဘာမွမေျပာဘဲ မူယန္ လင္းက်စ္ရန္အား ေခၚသြားတာကို ခြင့္ျပဳေပးၾကသည္။

လမ္းေၾကာင္းက ေတာ္ေတာ္ေလးေခ်ာေမြ႕သည္။ တပည့္တခ်ိဳ႕ႏွင့္ ရံဖန္ရံခါေတြ႕ေသာ္လည္း ဘယ္သူမွ အေႏွာက္အယွက္မေပးၾကသလိုမစပ္စုၾကေပ။ တပည့္တိုင္းက မူယန္ကို မသိၾကသလို မူယန္ကိုသိသည့္ တပည့္မ်ားမွာလည္း သူ႔အေနအထားေၾကာင့္ ဒီလုပ္ေဆာင္ခ်က္အေပၚေမးျမန္းၾကျခင္းမရွိေသာေၾကာင့္ သူတို႔ရဲ့ ခရီးလမ္းက မထင္မွတ္ထားစြာပင္ ေျဖာင့္ျဖဴးေနေလသည္....။

မူယန္က ရွန႔္ရႊမ္နန္းေဆာင္သို႔မသြားဘဲ လင္းက်စ္ရန္အား အျပင္သို႔ ေခၚထုတ္သြားကာ မၾကာခင္မွာပင္ စင္ၾကယ္ေသာနန္းေတာ္မွထြက္လာခဲ့ၾကသည္။

စင္ၾကယ္ေသာနန္းေတာ္မွ ထြက္လာခဲ့သည္ႏွင့္ တၿပိဳင္နက္ မူယန္ဟာအျမန္ဆုံးလြတ္ေျမႇာက္ဖို႔အတြက္ ဓါးပ်ံႏွင့္ အရွိန္ျပင္းျပင္းႏွင့္ ပ်ံသန္းလာခဲ့သည္။

စင္ၾကယ္ေသာနန္းေတာ္ႏွင့္ ေဝးကြာေသာ ၿမိဳ႕ငယ္တစ္ခုသို႔ေရာက္ေသာ္ လင္းက်စ္ရန္ကိုခ်ေပးလိုက္ၿပီး သူျပင္ဆင္လာခဲ့တဲ့ ေငြထုတ္ကိုေပးလိုက္သည္။ " မင္း ဒီက ထြက္သြားၿပီး ပုန္းေန။သူတို႔ ရွာမေတြ႕ေစနဲ႔။ ငါမင္းကိုလာရွာတဲ့အခ်ိန္အထိေစာင့္ပါ။ "

ထိုစဥ္ ဒါဇင္ထက္မကေသာ အလင္းတန္းမ်ားက ေျမျပင္ေပၚသို႔က်ဆင္းလာခဲ့ၿပီး သူတို႔ႏွစ္ေယာက္ကို ဝိုင္းထားလိုက္ၾကေလသည္။

က်ိဳးယြဲ႕က တပည့္အုပ္စုႏွင့္အတူ သူတို႔ကို လိုက္ဖမ္းခဲ့သည္ပင္။ သူက ရွုပ္ေထြးေသာအမူအရာျဖင့္ သူတို႔ႏွစ္ဦးကိုၾကည့္လိုက္ကာ ခဏမၽွ တုန႔္ဆိုင္းေနၿပီးမွဆိုသည္။

" မင္းဒီလို မလုပ္သင့္ဘူး။ "

မူယန္​၏ အမူအရာက သိသိသာသာ ေျပာင္းလဲသြားခဲ့သည္။ သူတို႔ ဒီေလာက္ျမန္ျမန္ေရာက္လာလိမ့္မယ္လို႔ မထင္ထားခဲ့။

သူက ျပတ္သားေသာအမူအရာျဖင့္လင္းက်စ္ရန္ကို သူ႔အေနာက္သို႔ပို႔လိုက္သည္။

က်ိဳးယြဲ႕က ဝတ္႐ုံလက္ႏွစ္ဖက္ကို ခါလိုက္ကာ မတတ္နိုင္စြာျဖင့္သက္ျပင္းခ်လိုက္သည္။ " အႀကီးအကဲႀကီးက လီယဲ့ကို စစ္ေမးဖို႔ အေခၚလႊတ္လိုက္ေပမယ့္ မင္းက အရင္ဆုံးေခၚထုတ္သြားတယ္ဆိုတာ သိလိုက္ရတယ္။ အရွင္က အဲ့လို အမိန႔္မ်ိဳးမေပးခဲ့ဘူး။ ဟုတ္တယ္မလား။ဒါေပမယ့္ မင္းလီယဲ့ကို ငါဆီလႊဲေပးလိုက္ရင္ ဒီကိစၥအေပၚဘယ္သူမွ အခက္ေတြ႕ေအာင္မလုပ္ဘူးဆိုတာ အာမခံတယ္။ "

မူယန္​၏ မ်က္ႏွာက ဆီးႏွင္းကဲ့သို႔ေအးစက္ေနကာ ဓါးကို ေရျပင္ညီအတိုင္း အေရွ႕သို႔ခ်ိန္ရြယ္ထားလိုက္ၿပီးဆို​၏။ " ကၽြန္ေတာိသူ႔ကို ေခၚသြားခြင့္ျပဳမွာမဟုတ္ဘူး။ "

က်ိဳးယြဲ႕က စိတ္ပ်က္စြာျပဳံးလိုက္ၿပီး သူ​၏ေဘးက်ပ္နံက်ပ္အေျခအေနကို ျပလိုက္သည္။

သူက လင္းက်စ္ရန္ႏွင့္ မူယန္ကိုၾကည့္လိုက္ရင္းမ်က္လုံးမ်ားက က်ဳံ႕ဝင္သြားကာ ေဒါသတႀကီးပုံစံျဖင့္ ခ်ဲ့ကားၿပီးေျပာလိုက္သည္။ " မင္းက ဒီလိုမိုက္မဲေနမွေတာ့ မညႇာတာလို႔ အျပစ္မတင္နဲ႔။ မင္း ငါ့ကိုနိုင္ေအာင္မတိုက္နိုင္သေရြ႕ ငါ ဒီေန႔လီယဲ့ကို ေသခ်ာေပါက္ျပန္ေခၚသြားမယ္။ "

မူယန္က မွင္တက္သြားခဲ့သည္။

က်ိဳးယြဲ႕က ေအာ္လိုက္သည္။ " သူတို႔ကိုဖမ္းၾကစမ္း! "

တပည့္မ်ားက သူတိုႏွစ္ဦးအားခ်က္ခ်င္းဝိုင္းရံလာၾကသည္။

မူယန္​၏မ်က္လုံးမ်ားကက်ဳံ႕ဝင္သြားခဲ့သည္။ သူက လက္ကို ေဝွ႕ယမ္းလိုက္ၿပီး တိခ်န္ဓါးမွာအလင္းတန္းတစ္ခုလို က်ိဳးယြဲ႕ဆီသို႔ဦးတည္သြားခဲ့သည္။ က်ိဳးယြဲ႕​၏ အမူအရာက အလြန္အမင္းပ်က္ယြင္းသြားခဲ့ၿပီး ေဘးသို႔တိမ္းေရွာင္လိုက္သည့္တိုင္မလြတ္ကင္းနိုင္ခဲ့။ ဓါးသြားက သူ႔ပုခုံးသို႔ထိုးေဖာက္သြားခဲ့ၿပီး ေသြးမ်ားပန္းထြက္လာခဲ့သည္။

က်ိဳးယြဲ႕မွာခ်ဲ့ကားၿပီး အသံက်ယ္က်ယ္ျဖင့္ ေအာ္ဟစ္လိုက္သည္။ " အာာာား ! "

တပည့္မ်ားမွာလည္း စိတ္ပူသြားၾကၿပီးေနာက္သို႔ လွည့္ၾကည့္လိုက္ေသာ္ ပုခုံးတြင္ေသြးမ်ားရႊဲနစ္ေနေသာက်ိဳးယြဲ႕ကိုေတြ႕လိုက္ရသည္။ တပည့္ အေတာ္မ်ားမ်ားက စိုးရိမ္စြာေျပးလာခဲ့ၾကၿပီးက်န္တပည့္အခ်ိဳ႕မွာ မူယန္ႏွင့္ လင္းက်စ္ရန္ေနာက္ကို လိုက္သင့္လား ေတြေဝေနၾကသည္။

မူယန္က က်ိဳးယြဲ႕ကို အျပစ္ရွိသလိုၾကည့္လိုက္ၿပီး လင္းက်စ္ရန္ကို ေခၚကာဓါးပ်ံျဖင့္ အေဝးသို႔ပ်ံထြက္သြားေလေတာ့သည္။

အခ်ိန္အေတာ္ၾကာပ်ံသန္းခဲ့ၿပီး စင္ၾကယ္ေသာနန္းေတာ္ကတပည့္ေတြလိုက္မလာနိုင္ေတာ့ၿပီမွန္းေသခ်ာမွ လင္းက်စ္ရန္ကို ဂ႐ုတစိုက္ ေအာက္ခ်ေပးလိုက္သည္။

မူယန္က ဆို​၏။ " ျမန္ျမန္သြားေတာ့။ "

လင္းက်စ္ရန္က ခဏေလာက္ႏွုတ္ဆိတ္ေနသည္။ ထို႔ေနာက္ သူ႔ကို တည္ၿငိမ္စြာတစ္ခ်က္ၾကည့္လိုက္ၿပီး အလ်င္အျမန္ထြက္သြားေတာ့သည္။

ထိုအခါမွမူယန႔္မ်က္ႏွာေပၚတြင္ စိတ္သက္သာသြားသည့္အျပဳံးတစ္ပြင့္ေပၚလာခဲ့သည္။

နာရီဝက္ၾကာၿပီးေသာ္။

မူယန္ဟာ နန္းေတာ္သို႔မျပန္ခင္ က်ိဳးယြဲ႕ဆီသို႔ေရာက္လာခဲ့သည္။ က်ိဳးယြဲ႕က တင္ပ်ဥ္ေခြထိုင္ေနလ်က္  ဒဏ္ရာက ေသြးတိတ္သြားခဲ့ၿပီျဖစ္ၿပီး သူ႔ကို ခ်ိနဲ႔စြာၾကည့္လိုက္သည္။

က်ိဳးယြဲ႕က သူ႔ကို အလြယ္တကူလႊတ္ေပးလိုက္မွန္းမူယန္သိသည္။ ဒါေၾကာင့္ က်ိဳးယြဲ႕ကို တစ္ဦးတည္း ျပစ္ဒဏ္မခံယူခိုင္းနိုင္ေသာေၾကာင့္ သူတတ္နိုင္သမၽွအလ်င္အျမန္ျပန္လာခဲ့ျခင္းပင္။

မူယန္က တည္ၿငိမ္စြာေျပာလိုက္သည္။ " လီယဲ့ လြတ္ေျမာက္သြားပါၿပီ။ ျပစ္ဒဏ္ခံယူဖို႔ ကၽြန္ေတာ္အႀကီးအကဲနဲ႔အတူျပန္လိုက္ခဲ့ပါ့မယ္။ "

က်ိဳးယြဲ႕က သက္ျပင္းခ်လိုက္သည္။ " ေကာင္းၿပီ။ "

.....................

မိုင္ေထာင္ခ်ီျမင့္ေသာ စင္ၾကယ္ေသာနန္းေတာ္​တြင္။ ရႊမ္းရန္ဟာ ဒါေတြအားလုံးကိုျမင္ေနရသည္။

သူက ဒီကိစၥမွာဝင္မပါခဲ့ေပမယ့္ မူယန္ လင္းက်စ္ရန္ကို လႊတ္ေပးလိုက္တာကိုမူ ခြင့္ျပဳေပးခဲ့သည္။

' ဒီ ကလိမ္ကက်စ္ေကာင္စုတ္ေလးက အေရးၾကဳံရင္ အႀကံေတာ့ထုတ္တတ္သားပဲ။ သူက ငါထင္ထားတာေလာက္ အာ႐ုံေနာက္ဖို႔မေကာင္းဘူး။ ဒီလို အေရးႀကီးတဲ့အေျခအေနမွာ သူကေတာ္ေတာ္အသုံးဝင္တယ္....

မင္းက အဲ့ဒီေကာင္စုတ္ေလးရဲ့ တစ္ဝက္ေတာင္မမွီဘူး။ မင္းလႊတ္ေပးလိုက္ရင္ အဲ့ေကာင္စုတ္ေလး ဒီေလာက္ခက္ခဲစရာမလိုဘူး။ဘာလို႔ တိတ္တဆိတ္ ေစာင့္ၾကည့္ေနတာလဲ။ေက်းဇူးတင္ခံရမယ့္ အခြင့္ေရးေကာင္းတစ္ခုကို လက္လႊတ္လိုက္တာက ျဖဳန္းတီးရာက်တယ္။ '

ရႊမ္းရန္က ေပါ့ပါးစြာဆိုသည္။ " မင္း မူယန္ကို မသတ္ခ်င္ေတာ့ဘူးလား။ "

' သူကေကာင္းတယ္လို႔ငါေတြးမိတယ္။ ဒါ ငါသူ႔ကို သတ္ခ်င္တာနဲ႔ ဘာဆိုင္လို႔လဲ။ '

ရႊမ္းရန္: " ဟြန္း! "

သူဟာ ဒီမေကာင္းဆိုးဝါးကို အေရးလုပ္ဖို႔ပ်င္းေသာေၾကာင့္ အႀကီးအကဲခ်ီဖုန္းဆီသို႔လာခဲ့လိုက္သည္။

အႀကီးအကဲခ်ီက ခန္းေဆာင္ထဲတြင္ရပ္ေနေလသည္။ သူ အစက လီယဲ့ကို စစ္ေမးဖို႔ ရည္ရြယ္ထားခဲ့တာပင္။ သို႔ေသာ္ မူယန္​က အမိန႔္အတုနဲ႔ကယ္တင္သြားလိမ့္မယ္လို႔ဘယ္သူထင္ထားခဲ့ပါ့မလဲ။ သူဟာ စိတ္ပူစြာျဖင့္ က်ိဳးယြဲ႕ကိုေခၚကာစည္းကမ္းၾကပ္မတ္ေရးနန္းေဆာင္က တပည့္မ်ားႏွင့္အတူ လိုက္ဖမ္းေစခဲ့သည္။ အခုခ်ိန္တြင္ေတာ့ မ်က္ေမွာင္ၾကဳတ္လ်က္ေစာင့္ဆိုင္းေနသည္။

ဘာပဲျဖစ္ျဖစ္မူယန္က အရွင့္တပည့္ပင္။ဒီလို စည္းကမ္းေဖာက္ၿပီးျပစ္မွုက်ဴးလြန္ခဲ့ေပမယ့္ သူ႔မွာအျပစ္ေပးပိုင္ခြင့္မရွိ။ သူအရွင့္ကို သြားေတြ႕ရမည္...

အႀကီးအကဲခ်ီဖုန္းဟာ မ်က္ေမွာင္ၾကဳတ္ထားရင္း ဒီကိစၥကိုဘယ္လိုရွင္းျပသင့္လဲ ေတြးေနမိသည္။

ထိုစဥ္သူ႔မ်က္လုံးမ်ားက ျပဴးက်ယ္သြားေလသည္။ အျဖဴေရာင္ဝတ္႐ုံဝတ္ထားသည့္ ဆံပင္အမဲေရာင္ႏွင့္ အမ်ိဳးသားတစ္ဦးက သူ႔ေရွ႕တြင္ေပၚလာတာကို ျမင္လိုက္ရသည္။

အႀကီးအကဲခ်ီဖုန္းဟာ ဒူးမ်ားေပ်ာ့ေခြသြားသလိုခံစားလိုက္ရၿပီး ဒူးေထာက္ လိုက္သည္။ " အ..အရွင္ "

အရွင္ ဒီအေၾကာင္းကို သိသြားခဲ့ၿပီလား။ ခ်ီဖုန္းဟာ ေခၽြးေစးမ်ားပ်ံလာခဲ့ၿပီး တုန္ရီေနသည္။ သူဘာလုပ္သင့္လဲမသိေပ။ ဒီေသးႏုတ္တဲ့ မိစၧာက်င့္ႀကံသူေလးက အရွင့္ကို သတိထားမိေစေလာက္တဲ့အထိ ျဖစ္သြားလိမ့္မယ္လို႔သူမေတြးမိခဲ့ေပ။ ဒါသူ႔ရဲ့ေပါ့ဆမွုေၾကာင့္လို႔ ယူဆနိုင္မလား....

မထင္မွတ္ထားစြာပင္၊ ရႊမ္းရန္က သူ႔ကို တစ္ခ်က္ငုံ႔ၾကည့္လိုက္ၿပီး ေျပာလာခဲ့သည္။ " လီယဲ့ကိစၥအတြက္ စိတ္မပူနဲ႔ေတာ့။ "

ခ်ီဖုန္းဟာ တခဏ အံ့ဩသြားခဲ့ၿပီးမွ ျပန္ေျဖလိုက္သည္။ " ဟုတ္ကဲ့ပါအရွင္ "

သူက ခဏေလာက္ ေခါင္းငုံ႔ေနခဲ့ၿပီး ထိုအခ်ိန္အတြင္းမွာပင္ ရႊမ္းရန္က ေပ်ာက္ကြယ္သြားခဲ့သည္။

💜💜💜💜💜

Continue Reading

You'll Also Like

1.8M 300K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
155K 4.9K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...
692K 42.1K 46
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.