ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၃၃.၁)

1.7K 232 1
By Dilly_Dally20


Unicode.

အညှီနံ့က ငယ်ထိပ်အထိ ပျံ့နှံ့လာသလို လင်းကျစ်ရန်ခံစားလိုက်ရသည်။ ဒါဟာ သွေးနံ့က ရွံရှာဖွယ်ကောင်းသောကြောင့်ဖြစ်နိုင်သလို သူ့ခန္ဓာကိုယ်က များပြားလှတဲ့ မိစ္ဆာစွမ်းအင်တွေကိုခံနိုင်ရည်မရှိသောကြောင့်လည်းဖြစ်နိုင်​၏။ နောက်ဆုံးတွင် မိစ္ဆာမလည်းထွက်သွားခဲ့ပြီဖြစ်သောကြောင့် သူဟာထိန်းမထားနိုင်တော့ဘဲ လဲကျသွားခဲ့ပါတော့သည်။

​မူယန်က လင်းကျစ်ရန်ကို အလျင်အမြန်ပွေ့ဖက်လိုက်သည်။ အစောပိုင်းက မြင်ကွင်းကြောင့် သူလည်း ထိတ်လန့်သွားခဲ့ပေမယ့် လင်းကျစ်ရန်မေ့မျောသွားတာကိုတွေ့လိုက်ရသော် သူဘာမှမတွေးနိုင်တော့ပေ။ အခြားတပည့်များကမူ ကြောင်အမ်းနေကြသည်။

တပည့်တစ်ဦးက အရှေ့သို့လျှောက်လာကာ ကြောက်လန့်ပြီး ရွံရှာနေသောအကြည့်ဖြင့် လင်းကျစ်ရန်ကိုကြည့်လိုက်လျက် ခဏအကြာမှ လေးနက်သောအသံဖြင့်စကားဆိုလာခဲ့သည်။ " ဂိုဏ်းတူအစ်ကိုမူ။ သူက မိစ္ဆာကျင့်ကြံသူ ဖြစ်နိုင်တယ်။ "

" ဟုတ်တယ်။ သူအခု သုံးလိုက်တဲ့ သွေးစုပ်တဲ့ကျင့်စဉ်က မှန်ကန်တဲ့ လမ်းစဉ်မဟုတ်တာသေချာတယ်။ " အခြားတပည့်များက ဆက်ပြောလာကြသည်။

" သူ အရင်ကမကျင့်ကြံနိုင်ချင်ယောင်ဆောင်နေခဲ့တာ။ သူရဲ့ ရည်ရွယ်ချက်အမှန်က ဘာလဲ။ "

" စွမ်းအားမြင့်တဲ့ မိစ္ဆာကိုတောင် ထွက်ပြေးသွားအောင်လုပ်နိုင်တာဆိုတော့ သူက သာမန်မိစ္ဆာကျင့်ကြံသူ မဟုတ်လောက်ဘူး။ "

" ဒါက ပိုပြီးတောင် မခန့်မှန်းနိုင်တော့ဘူး။ "

" ဂိုဏ်းတူအစ်ကိုမူ။ သူက မင်းရဲ့ ယုံကြည်မှုအပေါ်အခွင့်ကောင်းယူခဲ့ပြီး သူ့ရဲ့စွမ်းရည်တွေကိုဖုံးကွယ်ထားပြီး မင်း ဘေးမှာပုန်းအောင်းနေခဲ့တာ။ မင်းသတိထားရမယ်။ "

" ဒါဆို နန်းတော်ထဲမှာ နောက်ထပ်ပုန်းအောင်းနေတဲ့မိစ္ဆာတွေ ရှိနေဦးမလား။ "

" ဒီကိစ္စကိုအကြီးအကဲတွေဆီတင်ပြရမယ်။ အကြီးအကဲတွေ ဆုံးဖြတ်ပေးလိမ့်မယ်။ "

သူတို့ဟာ တစ်ယောက်တစ်ခွန်းစီဝင်ပြောလာခဲ့ကြပေမယ့် သူတို့ရဲ့ရည်ရွယ်ချက်ကတော့တစ်ခုတည်းပင်။ မူယန် လင်းကျစ်ရန်အား အဝေးသို့ခေါ်သွားမှာကိုတားမြစ်နေကြခြင်းဖြစ်သည်။မူယန်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်။ သူဟာ နားထောင်နေရင်း ရင်ထဲရှိဒေါသများမှာ တဖြည်းဖြည်း ပေါက်ကွဲလာခဲ့တော့သည်။

သူတို့ကိုကယ်တင်ဖို့အတွက်သာ မဟုတ်ရင် လင်းကျစ်ရန်က ဘယ်လိုလုပ်ပြီး ဒီလိုစွန့်စားပါ့မလဲ။ သူဟာ လင်းကျစ်ရန်​၏ စွမ်းရည်များကြောင့်ထိတ်လန့်သွားခဲ့တာမှန်သော်လည်း လင်းကျစ်ရန်ဟာ စုန့်ကျိုးမြို့မှ စင်ကြယ်သောနန်းတော်ဆီရောက်သည်အထိ သူ့ကို သစ္စာမဖောက်ခဲ့ဖူးပေ။ မူယန်ဟာ ဒါကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့။ လင်းကျစ်ရန်က တစ်ခါမှ မကောင်းတာမလုပ်ခဲ့ဖူးပေ။ သူဟာ လူများကိုကယ်တင်ဖို့ သူ့ပုံစံအမှန်ကို ထုတ်ဖော်မိခဲ့ရုံနှင့် ယခုတွင်အမျိုးမျိုးစွပ်စွဲခံနေရလေသည်။ ဒါက မူယန်ကိုမခံမရပ်နိုင်ဖြစ်စေသည်။ သူက ခေါင်းမော့ပြီး အေးစက်စွာပြောလာခဲ့သည်။ " ငါသူ့ကိုယုံတယ်။ သူ့ကြောင့်သာမဟုတ်ရင် ငါတို့ အားလုံး မိစ္ဆာလက်ထဲမှာသေနေပြီဆိုတာမမေ့နဲ့​။ "

မူယန့်စကားကြောင့် တပည့်များမှာ တိတ်ဆိတ်သွားခဲ့သည့်တိုင် ထပ်မံ၍ဖြောင်းဖြလာခဲ့သည်။ " မင်းဘာမှမသိဘူး ဂိုဏ်းတူအစ်ကိုမူ။ မိစ္ဆာတွေက ကောက်ကျစ်ပြီးဉာဏ်များတယ်။ သူက အစ်ကို့ရဲ့ ကြင်နာမှုကို လိုချင်လို့နေမှာ။ "

" ဟုတ်တယ် အစ်ကို။ မင်းက နန်းတော်ရဲ့ ဂုဏ်ယူရတဲ့တပည့်တစ်ယောက်ပဲ။ မင်းရဲ့ အနေအထားက အရမ်း မြင့်မြတ်တယ်။ ဒါကြောင့် ဒီမိစ္ဆာက မင်းကိုလှည့်ဖြားနေတာ။ "

" မင်းရဲ့ယုံကြည်မှုကိုရဖို့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာဖြစ်နိုင်တယ်။ သူက ဟိုမိစ္ဆာမနဲ့တစ်ဖွဲ့တည်းဖြစ်နေမလား။ "

" တခြားဂိုဏ်းတူညီအစ်ကိုတွေ ညှင်းပန်းခံရတာကိုကြည့်နေမယ့်အစား မိစ္ဆာရဲ့လက်ထဲမှာ သေလိုက်တာက ပိုကောင်းဦးမယ်။ "

" ဂိုဏ်းတူအစ်ကိုမူ။ ဒီမိစ္ဆာရဲ့ လှည့်ဖြားတာကို မခံနဲ့! "

" ဂိုဏ်းတူအစ်ကိုမူ သေချာပြန်စဉ်းစားပါ။ စိတ်ပျော့နေလို့မရဘူး! "

မူယန်​၏ မျက်နှာမှာ ပို၍အေးစက်လာခဲ့သည်။ ဒီလူတွေ​ရဲ့ သဘောထားအရ လင်းကျစ်ရန်ကို စင်ကြယ်သောနန်းတော်ဆီခေါ်သွားလျှင်လည်း ပိုဆိုးရုံသာရှိတော့သည်။ မဖြစ်ဘူး....

မူယန်​၏ သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားခဲ့ပြီး လက်ကိုမြှောက်ကာတိချန်ဓါးကို ဝှေ့ယမ်းလိုက်သည်။ သူဟာ လင်းကျစ်ရန်ကို ဒီနေရာမှ ချက်ချင်းခေါ်ထုတ်သွားချင်သည်။ တပည့်များမှာ မူယန်က လင်းကျစ်ရန်ကို ခေါ်ပြီး ထွက်သွားလိမ့်မယ်လို့ မထင်ထားခဲ့သောကြောင့် ထိန့်လန့်သွားကြပြီး အော်ဟစ်ကြလေသည်။ " ဂိုဏ်းတူအစ်ကိုမူ။ မင်းရူးသွားပြီလား။မိစ္ဆာကျင့်ကြံသူကို ဘယ်ခေါ်သွားမလို့လဲ! နန်းတော်ရဲ့ စည်းမျဉ်းအရ မိစ္ဆာကျင့်ကြံသူကို သုတ်သင်ပစ်ရမယ်! "

" အကြီးအကဲတွေ အပြစ်ပေးမှာကို မကြောက်ဘူးလား! "

မူယန်ဟာ သူတို့​၏အော်ဟစ်ဖြောင်းဖြမှုတွေကို လျစ်လျူရှုထားပြီး လင်းကျစ်ရန်ကိုသာ တင်းကျပ်စွာပွေ့ချီထားသည်။ အခုလောလောဆယ်တွင် သူအဲ့ဒါတွေကို မတွေးနိုင်။ အခု လင်းကျစ်ရန်​ရဲ့ပုံစံအမှန် ပေါ်ထွက်သွားခဲ့ပြီမို့ သူ့ကို ဘယ်နေရာခေါ်သွားသင့်လဲသာ တွေးနေမိသည်။ ထိုစဉ်မှာပင် သူ့အနောက်မှ အော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ " မူယန်! "

မူယန်​၏မျက်နှာ​က ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ သူဘာမှမတုန့်ပြန်ရသေးခင်မှာပင် သူ့ပတ်လည်တွင် ရွှေကြိုးတစ်ခု ရစ်ပတ်လာပြီး လက်မောင်းထဲရှိလင်းကျစ်ရန်ကိုဆွဲခေါ်သွားခဲ့သည်။ သူ့လက်ထဲတွင်ဘာမှမရှိတော့ပေ။

မူယန်ဟာ အနောက်သို့လှည့်ကြည့်လိုက်သော် မီးခိုးရောင်ဝတ်ရုံနှင့်ကျင့်ကြံသူတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူက စင်ကြယ်သောနန်းတော်မှ အကြီးအကဲတစ်ဦးဖြစ်သည်။ အနီးစပ်ဆုံးကတော့ အကြီးအကဲချီ။ သူဟာ ကျောက်စိမ်းအဆောင်မှ အကူအညီတောင်းမှုကို လက်ခံခဲ့ရသည်။ သူရောက်လာခဲ့သော် မူယန်ကလူတစ်ယောက်ကို ပွေ့ဖက်ထားပြီး ထွက်ပြေးချင်နေတာကိုတွေ့လိုက်ရသည်။ ထိုလူတွင်ရှိသော မိစ္ဆာစွမ်းအင်များက ပြင်းထန်လွန်းသဖြင့် အန္တရာယ်များတဲ့ မိစ္ဆာကျင့်ကြံသူဖြစ်ရမည်။

မူယန်က ဘာလို့ တဇွတ်ထိုးပြုမူနေလဲ သူမသိပေမယ့် မိစ္ဆာကျင့်ကြံသူတစ်ယောက်အားခေါ်ထုတ်သွားမှာကိုတော့ ခွင့်မပြုနိုင်။ အကြီးအကဲချီဟာ လင်းကျစ်ရန်ကို လက်တစ်ဖက်နှင့်ဆုပ်ကိုင်ထားပြီး မူယန်ကိုအေးစက်စွာကြည့်လိုက်သည်။ " မင်းကအရှင့်ရဲ့တပည့်ပဲ။ ဒီအဖိုးကြီးက မင်းကို ဆုံးမနိုင်တဲ့ အနေအထားမရှိပါဘူး။ ဒါပေမယ့် မင်းဆရာကို အရှက်ရအောင်မလုပ်ဖို့တော့ သတိပေးချင်တယ်။ "

မူယန်​၏မျက်နှာက နီမြန်းပြီး ဖြူဖြော့သွားခဲ့သည်။ သူက အကြီးအကဲချီရဲ့ ပြိုင်ဘက်မဟုတ်သလို စင်ကြယ်သောနန်း​၏ အကြီးအကဲ လက်ထဲမှ လူတစ်ယောက်ကို လုယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်။ သူ ဘာပြောပြော အသုံးဝင်မှာလည်းမဟုတ်သလို သစ္စာဖောက်အဖြစ် သတ်မှတ်ခံရနိုင်သည်။

မူယန်ဟာ သက်ပြင်းရှိုက်လိုက်ပြီး ဒီလိုအချိန်မှာ စိတ်လိုက်မာန်ပါမလုပ်ဖို့ သူ့ကိုယ်သူသတိပေးလိုက်သည်။ လောလောဆယ်တွင် အကြီးအကဲချီ လင်းကျစ်ရန်အားခေါ်သွားမှာကို ခွင့်ပြုပေးရမည်။ နောက်မှ ဖြေရှင်းဖို့နည်းလမ်းတစ်ခုရှာရမည်။ လင်းကျစ်ရန်က မကောင်းတာတစ်ခုမှမလုပ်ခဲ့ရုံသာမက သူတို့ကိုတောင် ကယ်တင်ပေးခဲ့သေးသည်။ ဒါကြောင့်မသေသင့်ပေ။

မူယန်ဟာ အံကြိတ်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ " လီယဲ့က မိစ္ဆာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို မိစ္ဆာလက်ထဲက ကယ်ရင်း ပြိုင်ဘက်ရဲ့ မိစ္ဆာစွမ်းအင်တွေကြောင့် အဆိပ်တက်သွားလို့ ပြန်ပြီး ကုသပေးချင်တာပါ။ "

အကြီးအကဲချီက သူ့စကားကို မယုံဘဲ လှောင်ရယ်လေသည်။ " တကယ်လို့သူက မိစ္ဆာကျင့်ကြံသူမဟုတ်ရင် နန်းတော်က မျှမျှတတ ကိုင်တွယ်ဖြေရှင်းပေးလိမ့်မယ်။ အပြစ်မဲ့သူကို ထိခိုက်စေမှာမဟုတ်ဘူး။ ကုသဖို့အတွက် နန်းတော်လောက်ကောင်းတဲ့နေရာ မရှိတော့ဘူး မဟုတ်လား။ "

မူယန်က နှုတ်ဆိတ်သွားခဲ့သည်။ အကြီးအကဲချီက မျက်ခုံးပင့်လိုက်ပြီး အဓိပ္ပါယ်ပါပါဆို​၏။ " ဒါပေမယ့် သူဟာ မိစ္ဆာကျင့်ကြံသူဖြစ်နေရင် စည်းကမ်းကြပ်မတ်ရေးနန်းဆောင်ဆီလွှဲပေးရမယ်။ မင်းက အရှင့်ရဲ့တပည့်ဖြစ်တဲ့အတွက် အားလုံးရဲ့စံပြဖြစ်နေရမှာ။ ခံစားချက်ကို ဦးစားပေးရင် ဒီမိစ္ဆာကျင့်ကြံသူရဲ့အသုံးချခံရလိမ့်မယ်။ "

မူယန်က အံကိုတင်းတင်းကြိတ်ပြီးပြောလိုက်သည်။ " သူက ကြမ်းကြုတ်တဲ့ မိစ္ဆာကျင့်ကြံသူမဟုတ်ဘူး။ "

အကြီးအကဲချီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောသည်။ " ပြန်သွားပြီး စစ်ဆေးကြည့်လိုက်ရင် ကွာခြားချက်ကို မင်းတွေ့လိမ့်မယ်။ "

.....................

လင်းကျစ်ရန်ဟာ မိစ္ဆာတပ်မှုး​၏သွေးများကြောင့် မူးဝေနေသည်။ သူ့ဒဏ်ရာများကပျောက်ကင်းသွားခဲ့တာ ကြာပြီဖြစ်သည်။ သူသတိပြန်ဝင်မလာခင်အထိ အချိန်မည်မျှကုန်သွားခဲ့ပြီမှန်းမသိပေ။

ဒါကဘယ်နေရာလဲ။ အရမ်းအေးတယ် ....

သူဟာ ဖြည်းညှင်းစွာ အသက်ရှူလိုက်သော် ရှုရှိုက်ရတဲ့ လေကအစ အလွန်အေးစက်နေသည်။ သူအသက်ရှုလိုက်တိုင်း ရေခဲငွေ့များက ရင်ဘက်ထဲသို့ လှိမ့်ဝင်လာသလိုခံစားရသည်။ နည်းနည်းလောက်လှုပ်ရှားလိုက်သော် သံကြိုးများမှ အသံများထွက်ပေါ်လာခဲ့သည်။

သူ့မျက်တောင်မွှေးများပေါ်တွင် နှင်းဖက်များတွဲခိုနေသောကြောင့် ခက်ခဲစွာမျက်တောင်ခတ်လိုက်ပြီးမှ အမြင်အာရုံက ရှင်းလင်းလာခဲ့သည်။ လင်းကျစ်ရန်ဟာနောက်ဆုံးတွင် ဒါကဇာတ်ညွှန်းရဲ့ဘယ်အခန်းလဲဆိုတာမှတ်မိသွားခဲ့သည်။ လီယဲ့က မိစ္ဆာစွမ်းအင်ကိုထုတ်ဖော်မိခဲ့သောကြောင့် ရေခဲအကျဉ်းထောင်တွင် အချုပ်ခံထားရသည့်အခန်းပင်။

လီယဲ့က မူယန်ကို ကယ်တင်ခဲ့သည့်အချိန်တွင် သူဟာ ဘာမှသိပ်မတွေးခဲ့။ ဖြစ်လာမယ့်အကျိုးဆက်နှင့် အသက်သေဆုံးမယ့်အရေးကိုပင် ဂရုမစိုက်ခဲ့ပေ။သူ့ပုံစံအမှန်ကို ထုတ်ဖော်ခဲ့သည့် အကျိုးဆက်က အင်မတန်ပြင်းထန်လှသည်။ လင်းကျစ်ရန်ဟာသက်ပြင်းချလိုက်သည်။ သူက ဒီဇာတ်ကွက်ကို ကြံ့ကြံ့ခံထားဖို့သာလိုတယ်လို့ သူ့ကိုယ်သူပြန်ပြောလိုက်သည်။ အခုလောက်ဆို မိစ္ဆာမမှာ သူ့အကြောင်းကို ယဲ့လျှိုရင်ဆီ တင်ပြပြီးလောက်မည်။ သူဒီက ထွက်လာပြီးနောက် မကြာမီတွင် သူ့အဖေတော်စပ်သူမှာ သူ့ကိုလာရှာလိမ့်မည်ပင်။ ထိုသို့ဆိုစေကာမူ ဒီနေရာကသူ့အတွက် အနည်းငယ်ခက်ခဲစေ​၏။

[ လင်းကျစ်ရန်က systemကို စောဒကတက်လိုက်သည်: အရမ်းအေးတယ်။ ဒီgameက လက်တွေ့ဆန်လွန်းတယ်လို့မထင်ဘူးလား။ ]

[ System: လူကြီးမင်းအခု ခံစားရတဲ့ အအေးဓါတ်က ကစားသမားတွေ ခံနိုင်တဲ့ ပမဏအတိုင်း ထိမ်းညှိထားပြီးသားဖြစ်ပါတယ်။ ရေခဲအကျဉ်းထောင်ရဲ့ တကယ့်အအေးဓါတ်က အခုထက် ဆယ်ဆလောက်ပိုတာမို့ ဇာတ်ညွှန်းအတိုင်း ဆောင်ရွက်တဲ့အခါ ဒီအချက်ကိုပါ သေချာထည့်သွင်းစဉ်းစားစေချင်ပါတယ်။ ]

[လင်းကျစ်ရန်:...]

သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မင်းပြောလိုက်မှပိုအေးလာသလိုပဲ....

လင်းကျစ်ရန်က ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ကြိုးစားကြည့်လိုက်သည်။ ထင်တဲ့အတိုင်းပင် သူ့ခြေလက်များက ထုံကျဉ်နေပြီး စိတ်သွားတိုင်းကိုယ်မပါ။ ခြေလက်နှစ်ဖက်လုံးကိုလည်း သံကြိုးများဖြင့်ချည်ထားသေးသည်။ သူ့တွင် အားလည်းမရှိသောကြောင့် လင်းကျစ်ရန် မလှုပ်ရှားတော့။ သူ တစ်ခုတည်းလုပ်နိုင်တာက အိပ်နေဖို့ပဲလို့ တွေးလိုက်တော့သည်။

သူနိုးလာတာနှင့် ဒီဇာတ်လမ်းက ပြီးသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်မို့။

💙🖤💙🖤💙🖤

Zawgyi.

အညႇီနံ႔က ငယ္ထိပ္အထိ ပ်ံ႕ႏွံ့လာသလို လင္းက်စ္ရန္ခံစားလိုက္ရသည္။ ဒါဟာ ေသြးနံ႔က ရြံရွာဖြယ္ေကာင္းေသာေၾကာင့္ျဖစ္နိုင္သလို သူ႔ခႏၶာကိုယ္က မ်ားျပားလွတဲ့ မိစၧာစြမ္းအင္ေတြကိုခံနိုင္ရည္မရွိေသာေၾကာင့္လည္းျဖစ္နိုင္​၏။ ေနာက္ဆုံးတြင္ မိစၧာမလည္းထြက္သြားခဲ့ၿပီျဖစ္ေသာေၾကာင့္ သူဟာထိန္းမထားနိုင္ေတာ့ဘဲ လဲက်သြားခဲ့ပါေတာ့သည္။

​မူယန္က လင္းက်စ္ရန္ကို အလ်င္အျမန္ေပြ႕ဖက္လိုက္သည္။ အေစာပိုင္းက ျမင္ကြင္းေၾကာင့္ သူလည္း ထိတ္လန႔္သြားခဲ့ေပမယ့္ လင္းက်စ္ရန္ေမ့ေမ်ာသြားတာကိုေတြ႕လိုက္ရေသာ္ သူဘာမွမေတြးနိုင္ေတာ့ေပ။ အျခားတပည့္မ်ားကမူ ေၾကာင္အမ္းေနၾကသည္။

တပည့္တစ္ဦးက အေရွ႕သို႔ေလၽွာက္လာကာ ေၾကာက္လန႔္ၿပီး ရြံရွာေနေသာအၾကည့္ျဖင့္ လင္းက်စ္ရန္ကိုၾကည့္လိုက္လ်က္ ခဏအၾကာမွ ေလးနက္ေသာအသံျဖင့္စကားဆိုလာခဲ့သည္။ " ဂိုဏ္းတူအစ္ကိုမူ။ သူက မိစၧာက်င့္ႀကံသူ ျဖစ္နိုင္တယ္။ "

" ဟုတ္တယ္။ သူအခု သုံးလိုက္တဲ့ ေသြးစုပ္တဲ့က်င့္စဥ္က မွန္ကန္တဲ့ လမ္းစဥ္မဟုတ္တာေသခ်ာတယ္။ " အျခားတပည့္မ်ားက ဆက္ေျပာလာၾကသည္။

" သူ အရင္ကမက်င့္ႀကံနိုင္ခ်င္ေယာင္ေဆာင္ေနခဲ့တာ။ သူရဲ့ ရည္ရြယ္ခ်က္အမွန္က ဘာလဲ။ "

" စြမ္းအားျမင့္တဲ့ မိစၧာကိုေတာင္ ထြက္ေျပးသြားေအာင္လုပ္နိုင္တာဆိုေတာ့ သူက သာမန္မိစၧာက်င့္ႀကံသူ မဟုတ္ေလာက္ဘူး။ "

" ဒါက ပိုၿပီးေတာင္ မခန႔္မွန္းနိုင္ေတာ့ဘူး။ "

" ဂိုဏ္းတူအစ္ကိုမူ။ သူက မင္းရဲ့ ယုံၾကည္မွုအေပၚအခြင့္ေကာင္းယူခဲ့ၿပီး သူ႔ရဲ့စြမ္းရည္ေတြကိုဖုံးကြယ္ထားၿပီး မင္း ေဘးမွာပုန္းေအာင္းေနခဲ့တာ။ မင္းသတိထားရမယ္။ "

" ဒါဆို နန္းေတာ္ထဲမွာ ေနာက္ထပ္ပုန္းေအာင္းေနတဲ့မိစၧာေတြ ရွိေနဦးမလား။ "

" ဒီကိစၥကိုအႀကီးအကဲေတြဆီတင္ျပရမယ္။ အႀကီးအကဲေတြ ဆုံးျဖတ္ေပးလိမ့္မယ္။ "

သူတို႔ဟာ တစ္ေယာက္တစ္ခြန္းစီဝင္ေျပာလာခဲ့ၾကေပမယ့္ သူတို႔ရဲ့ရည္ရြယ္ခ်က္ကေတာ့တစ္ခုတည္းပင္။ မူယန္ လင္းက်စ္ရန္အား အေဝးသို႔ေခၚသြားမွာကိုတားျမစ္ေနၾကျခင္းျဖစ္သည္။မူယန္က ဘာမွျပန္မေျပာဘဲ တိတ္ဆိတ္ေနသည္။ သူဟာ နားေထာင္ေနရင္း ရင္ထဲရွိေဒါသမ်ားမွာ တျဖည္းျဖည္း ေပါက္ကြဲလာခဲ့ေတာ့သည္။

သူတို႔ကိုကယ္တင္ဖို႔အတြက္သာ မဟုတ္ရင္ လင္းက်စ္ရန္က ဘယ္လိုလုပ္ၿပီး ဒီလိုစြန႔္စားပါ့မလဲ။ သူဟာ လင္းက်စ္ရန္​၏ စြမ္းရည္မ်ားေၾကာင့္ထိတ္လန႔္သြားခဲ့တာမွန္ေသာ္လည္း လင္းက်စ္ရန္ဟာ စုန႔္က်ိဳးၿမိဳ႕မွ စင္ၾကယ္ေသာနန္းေတာ္ဆီေရာက္သည္အထိ သူ႔ကို သစၥာမေဖာက္ခဲ့ဖူးေပ။ မူယန္ဟာ ဒါကို ဘယ္တုန္းကမွ သံသယမဝင္ခဲ့။ လင္းက်စ္ရန္က တစ္ခါမွ မေကာင္းတာမလုပ္ခဲ့ဖူးေပ။ သူဟာ လူမ်ားကိုကယ္တင္ဖို႔ သူ႔ပုံစံအမွန္ကို ထုတ္ေဖာ္မိခဲ့႐ုံႏွင့္ ယခုတြင္အမ်ိဳးမ်ိဳးစြပ္စြဲခံေနရေလသည္။ ဒါက မူယန္ကိုမခံမရပ္နိုင္ျဖစ္ေစသည္။ သူက ေခါင္းေမာ့ၿပီး ေအးစက္စြာေျပာလာခဲ့သည္။ " ငါသူ႔ကိုယုံတယ္။ သူ႔ေၾကာင့္သာမဟုတ္ရင္ ငါတို႔ အားလုံး မိစၧာလက္ထဲမွာေသေနၿပီဆိုတာမေမ့နဲ႔​။ "

မူယန႔္စကားေၾကာင့္ တပည့္မ်ားမွာ တိတ္ဆိတ္သြားခဲ့သည့္တိုင္ ထပ္မံ၍ေျဖာင္းျဖလာခဲ့သည္။ " မင္းဘာမွမသိဘူး ဂိုဏ္းတူအစ္ကိုမူ။ မိစၧာေတြက ေကာက္က်စ္ၿပီးဉာဏ္မ်ားတယ္။ သူက အစ္ကို႔ရဲ့ ၾကင္နာမွုကို လိုခ်င္လို႔ေနမွာ။ "

" ဟုတ္တယ္ အစ္ကို။ မင္းက နန္းေတာ္ရဲ့ ဂုဏ္ယူရတဲ့တပည့္တစ္ေယာက္ပဲ။ မင္းရဲ့ အေနအထားက အရမ္း ျမင့္ျမတ္တယ္။ ဒါေၾကာင့္ ဒီမိစၧာက မင္းကိုလွည့္ျဖားေနတာ။ "

" မင္းရဲ့ယုံၾကည္မွုကိုရဖို႔ သူ႔ကိုယ္သူ ဒဏ္ရာရေအာင္လုပ္တာျဖစ္နိုင္တယ္။ သူက ဟိုမိစၧာမနဲ႔တစ္ဖြဲ႕တည္းျဖစ္ေနမလား။ "

" တျခားဂိုဏ္းတူညီအစ္ကိုေတြ ညႇင္းပန္းခံရတာကိုၾကည့္ေနမယ့္အစား မိစၧာရဲ့လက္ထဲမွာ ေသလိုက္တာက ပိုေကာင္းဦးမယ္။ "

" ဂိုဏ္းတူအစ္ကိုမူ။ ဒီမိစၧာရဲ့ လွည့္ျဖားတာကို မခံနဲ႔! "

" ဂိုဏ္းတူအစ္ကိုမူ ေသခ်ာျပန္စဥ္းစားပါ။ စိတ္ေပ်ာ့ေနလို႔မရဘူး! "

မူယန္​၏ မ်က္ႏွာမွာ ပို၍ေအးစက္လာခဲ့သည္။ ဒီလူေတြ​ရဲ့ သေဘာထားအရ လင္းက်စ္ရန္ကို စင္ၾကယ္ေသာနန္းေတာ္ဆီေခၚသြားလၽွင္လည္း ပိုဆိုး႐ုံသာရွိေတာ့သည္။ မျဖစ္ဘူး....

မူယန္​၏ သူငယ္အိမ္မ်ားက ႐ုတ္တရက္ က်ဳံ႕သြားခဲ့ၿပီး လက္ကိုေျမႇာက္ကာတိခ်န္ဓါးကို ေဝွ႕ယမ္းလိုက္သည္။ သူဟာ လင္းက်စ္ရန္ကို ဒီေနရာမွ ခ်က္ခ်င္းေခၚထုတ္သြားခ်င္သည္။ တပည့္မ်ားမွာ မူယန္က လင္းက်စ္ရန္ကို ေခၚၿပီး ထြက္သြားလိမ့္မယ္လို႔ မထင္ထားခဲ့ေသာေၾကာင့္ ထိန႔္လန႔္သြားၾကၿပီး ေအာ္ဟစ္ၾကေလသည္။ " ဂိုဏ္းတူအစ္ကိုမူ။ မင္း႐ူးသြားၿပီလား။မိစၧာက်င့္ႀကံသူကို ဘယ္ေခၚသြားမလို႔လဲ! နန္းေတာ္ရဲ့ စည္းမ်ဥ္းအရ မိစၧာက်င့္ႀကံသူကို သုတ္သင္ပစ္ရမယ္! "

" အႀကီးအကဲေတြ အျပစ္ေပးမွာကို မေၾကာက္ဘူးလား! "

မူယန္ဟာ သူတို႔​၏ေအာ္ဟစ္ေျဖာင္းျဖမွုေတြကို လ်စ္လ်ဴရွုထားၿပီး လင္းက်စ္ရန္ကိုသာ တင္းက်ပ္စြာေပြ႕ခ်ီထားသည္။ အခုေလာေလာဆယ္တြင္ သူအဲ့ဒါေတြကို မေတြးနိုင္။ အခု လင္းက်စ္ရန္​ရဲ့ပုံစံအမွန္ ေပၚထြက္သြားခဲ့ၿပီမို႔ သူ႔ကို ဘယ္ေနရာေခၚသြားသင့္လဲသာ ေတြးေနမိသည္။ ထိုစဥ္မွာပင္ သူ႔အေနာက္မွ ေအာ္သံတစ္ခုထြက္ေပၚလာခဲ့သည္။ " မူယန္! "

မူယန္​၏မ်က္ႏွာ​က ႐ုတ္တရက္ေျပာင္းလဲသြားခဲ့သည္။ သူဘာမွမတုန႔္ျပန္ရေသးခင္မွာပင္ သူ႔ပတ္လည္တြင္ ေရႊႀကိဳးတစ္ခု ရစ္ပတ္လာၿပီး လက္ေမာင္းထဲရွိလင္းက်စ္ရန္ကိုဆြဲေခၚသြားခဲ့သည္။ သူ႔လက္ထဲတြင္ဘာမွမရွိေတာ့ေပ။

မူယန္ဟာ အေနာက္သို႔လွည့္ၾကည့္လိုက္ေသာ္ မီးခိုးေရာင္ဝတ္႐ုံႏွင့္က်င့္ႀကံသူတစ္ေယာက္ကိုေတြ႕လိုက္ရသည္။ သူက စင္ၾကယ္ေသာနန္းေတာ္မွ အႀကီးအကဲတစ္ဦးျဖစ္သည္။ အနီးစပ္ဆုံးကေတာ့ အႀကီးအကဲခ်ီ။ သူဟာ ေက်ာက္စိမ္းအေဆာင္မွ အကူအညီေတာင္းမွုကို လက္ခံခဲ့ရသည္။ သူေရာက္လာခဲ့ေသာ္ မူယန္ကလူတစ္ေယာက္ကို ေပြ႕ဖက္ထားၿပီး ထြက္ေျပးခ်င္ေနတာကိုေတြ႕လိုက္ရသည္။ ထိုလူတြင္ရွိေသာ မိစၧာစြမ္းအင္မ်ားက ျပင္းထန္လြန္းသျဖင့္ အႏၲရာယ္မ်ားတဲ့ မိစၧာက်င့္ႀကံသူျဖစ္ရမည္။

မူယန္က ဘာလို႔ တဇြတ္ထိုးျပဳမူေနလဲ သူမသိေပမယ့္ မိစၧာက်င့္ႀကံသူတစ္ေယာက္အားေခၚထုတ္သြားမွာကိုေတာ့ ခြင့္မျပဳနိုင္။ အႀကီးအကဲခ်ီဟာ လင္းက်စ္ရန္ကို လက္တစ္ဖက္ႏွင့္ဆုပ္ကိုင္ထားၿပီး မူယန္ကိုေအးစက္စြာၾကည့္လိုက္သည္။ " မင္းကအရွင့္ရဲ့တပည့္ပဲ။ ဒီအဖိုးႀကီးက မင္းကို ဆုံးမနိုင္တဲ့ အေနအထားမရွိပါဘူး။ ဒါေပမယ့္ မင္းဆရာကို အရွက္ရေအာင္မလုပ္ဖို႔ေတာ့ သတိေပးခ်င္တယ္။ "

မူယန္​၏မ်က္ႏွာက နီျမန္းၿပီး ျဖဴေျဖာ့သြားခဲ့သည္။ သူက အႀကီးအကဲခ်ီရဲ့ ၿပိဳင္ဘက္မဟုတ္သလို စင္ၾကယ္ေသာနန္း​၏ အႀကီးအကဲ လက္ထဲမွ လူတစ္ေယာက္ကို လုယူဖို႔ဆိုတာ လုံးဝမျဖစ္နိုင္။ သူ ဘာေျပာေျပာ အသုံးဝင္မွာလည္းမဟုတ္သလို သစၥာေဖာက္အျဖစ္ သတ္မွတ္ခံရနိုင္သည္။

မူယန္ဟာ သက္ျပင္းရွိုက္လိုက္ၿပီး ဒီလိုအခ်ိန္မွာ စိတ္လိုက္မာန္ပါမလုပ္ဖို႔ သူ႔ကိုယ္သူသတိေပးလိုက္သည္။ ေလာေလာဆယ္တြင္ အႀကီးအကဲခ်ီ လင္းက်စ္ရန္အားေခၚသြားမွာကို ခြင့္ျပဳေပးရမည္။ ေနာက္မွ ေျဖရွင္းဖို႔နည္းလမ္းတစ္ခုရွာရမည္။ လင္းက်စ္ရန္က မေကာင္းတာတစ္ခုမွမလုပ္ခဲ့႐ုံသာမက သူတို႔ကိုေတာင္ ကယ္တင္ေပးခဲ့ေသးသည္။ ဒါေၾကာင့္မေသသင့္ေပ။

မူယန္ဟာ အံႀကိတ္ၿပီး ျဖည္းညႇင္းစြာေျပာလိုက္သည္။ " လီယဲ့က မိစၧာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ကို မိစၧာလက္ထဲက ကယ္ရင္း ၿပိဳင္ဘက္ရဲ့ မိစၧာစြမ္းအင္ေတြေၾကာင့္ အဆိပ္တက္သြားလို႔ ျပန္ၿပီး ကုသေပးခ်င္တာပါ။ "

အႀကီးအကဲခ်ီက သူ႔စကားကို မယုံဘဲ ေလွာင္ရယ္ေလသည္။ " တကယ္လို႔သူက မိစၧာက်င့္ႀကံသူမဟုတ္ရင္ နန္းေတာ္က မၽွမၽွတတ ကိုင္တြယ္ေျဖရွင္းေပးလိမ့္မယ္။ အျပစ္မဲ့သူကို ထိခိုက္ေစမွာမဟုတ္ဘူး။ ကုသဖို႔အတြက္ နန္းေတာ္ေလာက္ေကာင္းတဲ့ေနရာ မရွိေတာ့ဘူး မဟုတ္လား။ "

မူယန္က ႏွုတ္ဆိတ္သြားခဲ့သည္။ အႀကီးအကဲခ်ီက မ်က္ခုံးပင့္လိုက္ၿပီး အဓိပၸါယ္ပါပါဆို​၏။ " ဒါေပမယ့္ သူဟာ မိစၧာက်င့္ႀကံသူျဖစ္ေနရင္ စည္းကမ္းၾကပ္မတ္ေရးနန္းေဆာင္ဆီလႊဲေပးရမယ္။ မင္းက အရွင့္ရဲ့တပည့္ျဖစ္တဲ့အတြက္ အားလုံးရဲ့စံျပျဖစ္ေနရမွာ။ ခံစားခ်က္ကို ဦးစားေပးရင္ ဒီမိစၧာက်င့္ႀကံသူရဲ့အသုံးခ်ခံရလိမ့္မယ္။ "

မူယန္က အံကိုတင္းတင္းႀကိတ္ၿပီးေျပာလိုက္သည္။ " သူက ၾကမ္းၾကဳတ္တဲ့ မိစၧာက်င့္ႀကံသူမဟုတ္ဘူး။ "

အႀကီးအကဲခ်ီက သူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေပါ့ပါးစြာေျပာသည္။ " ျပန္သြားၿပီး စစ္ေဆးၾကည့္လိုက္ရင္ ကြာျခားခ်က္ကို မင္းေတြ႕လိမ့္မယ္။ "

.....................

လင္းက်စ္ရန္ဟာ မိစၧာတပ္မွုး​၏ေသြးမ်ားေၾကာင့္ မူးေဝေနသည္။ သူ႔ဒဏ္ရာမ်ားကေပ်ာက္ကင္းသြားခဲ့တာ ၾကာၿပီျဖစ္သည္။ သူသတိျပန္ဝင္မလာခင္အထိ အခ်ိန္မည္မၽွကုန္သြားခဲ့ၿပီမွန္းမသိေပ။

ဒါကဘယ္ေနရာလဲ။ အရမ္းေအးတယ္ ....

သူဟာ ျဖည္းညႇင္းစြာ အသက္ရွူလိုက္ေသာ္ ရွုရွိုက္ရတဲ့ ေလကအစ အလြန္ေအးစက္ေနသည္။ သူအသက္ရွုလိုက္တိုင္း ေရခဲေငြ႕မ်ားက ရင္ဘက္ထဲသို႔ လွိမ့္ဝင္လာသလိုခံစားရသည္။ နည္းနည္းေလာက္လွုပ္ရွားလိုက္ေသာ္ သံႀကိဳးမ်ားမွ အသံမ်ားထြက္ေပၚလာခဲ့သည္။

သူ႔မ်က္ေတာင္ေမႊးမ်ားေပၚတြင္ ႏွင္းဖက္မ်ားတြဲခိုေနေသာေၾကာင့္ ခက္ခဲစြာမ်က္ေတာင္ခတ္လိုက္ၿပီးမွ အျမင္အာ႐ုံက ရွင္းလင္းလာခဲ့သည္။ လင္းက်စ္ရန္ဟာေနာက္ဆုံးတြင္ ဒါကဇာတ္ညႊန္းရဲ့ဘယ္အခန္းလဲဆိုတာမွတ္မိသြားခဲ့သည္။ လီယဲ့က မိစၧာစြမ္းအင္ကိုထုတ္ေဖာ္မိခဲ့ေသာေၾကာင့္ ေရခဲအက်ဥ္းေထာင္တြင္ အခ်ဳပ္ခံထားရသည့္အခန္းပင္။

လီယဲ့က မူယန္ကို ကယ္တင္ခဲ့သည့္အခ်ိန္တြင္ သူဟာ ဘာမွသိပ္မေတြးခဲ့။ ျဖစ္လာမယ့္အက်ိဳးဆက္ႏွင့္ အသက္ေသဆုံးမယ့္အေရးကိုပင္ ဂ႐ုမစိုက္ခဲ့ေပ။သူ႔ပုံစံအမွန္ကို ထုတ္ေဖာ္ခဲ့သည့္ အက်ိဳးဆက္က အင္မတန္ျပင္းထန္လွသည္။ လင္းက်စ္ရန္ဟာသက္ျပင္းခ်လိုက္သည္။ သူက ဒီဇာတ္ကြက္ကို ႀကံ့ႀကံ့ခံထားဖို႔သာလိုတယ္လို႔ သူ႔ကိုယ္သူျပန္ေျပာလိုက္သည္။ အခုေလာက္ဆို မိစၧာမမွာ သူ႔အေၾကာင္းကို ယဲ့လၽွိုရင္ဆီ တင္ျပၿပီးေလာက္မည္။ သူဒီက ထြက္လာၿပီးေနာက္ မၾကာမီတြင္ သူ႔အေဖေတာ္စပ္သူမွာ သူ႔ကိုလာရွာလိမ့္မည္ပင္။ ထိုသို႔ဆိုေစကာမူ ဒီေနရာကသူ႔အတြက္ အနည္းငယ္ခက္ခဲေစ​၏။

[ လင္းက်စ္ရန္က systemကို ေစာဒကတက္လိုက္သည္: အရမ္းေအးတယ္။ ဒီgameက လက္ေတြ႕ဆန္လြန္းတယ္လို႔မထင္ဘူးလား။ ]

[ System: လူႀကီးမင္းအခု ခံစားရတဲ့ အေအးဓါတ္က ကစားသမားေတြ ခံနိုင္တဲ့ ပမဏအတိုင္း ထိမ္းညႇိထားၿပီးသားျဖစ္ပါတယ္။ ေရခဲအက်ဥ္းေထာင္ရဲ့ တကယ့္အေအးဓါတ္က အခုထက္ ဆယ္ဆေလာက္ပိုတာမို႔ ဇာတ္ညႊန္းအတိုင္း ေဆာင္ရြက္တဲ့အခါ ဒီအခ်က္ကိုပါ ေသခ်ာထည့္သြင္းစဥ္းစားေစခ်င္ပါတယ္။ ]

[လင္းက်စ္ရန္:...]

သတိေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။ မင္းေျပာလိုက္မွပိုေအးလာသလိုပဲ....

လင္းက်စ္ရန္က ခႏၶာကိုယ္ကို လွုပ္ရွားဖို႔ႀကိဳးစားၾကည့္လိုက္သည္။ ထင္တဲ့အတိုင္းပင္ သူ႔ေျခလက္မ်ားက ထုံက်ဥ္ေနၿပီး စိတ္သြားတိုင္းကိုယ္မပါ။ ေျခလက္ႏွစ္ဖက္လုံးကိုလည္း သံႀကိဳးမ်ားျဖင့္ခ်ည္ထားေသးသည္။ သူ႔တြင္ အားလည္းမရွိေသာေၾကာင့္ လင္းက်စ္ရန္ မလွုပ္ရွားေတာ့။ သူ တစ္ခုတည္းလုပ္နိုင္တာက အိပ္ေနဖို႔ပဲလို႔ ေတြးလိုက္ေတာ့သည္။

သူနိုးလာတာႏွင့္ ဒီဇာတ္လမ္းက ၿပီးသြားတာလည္း ျဖစ္ေကာင္းျဖစ္နိုင္သည္မို႔။

💙🖤💙🖤💙🖤

Continue Reading

You'll Also Like

649K 71.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
142K 15.5K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
916K 68.5K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...