ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

بواسطة Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... المزيد

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၃၂.၂)

1.8K 247 2
بواسطة Dilly_Dally20




Unicode.

ဒီတောကျတဲ့ မြို့လေးက မကြွယ်ဝပေမယ့် လှပသော တောင်တန်းများနှင့် မြစ်ချောင်းများရှိသည်။ တောင်တန်းနှင့် လွင်ပြင်များကို ဖြတ်သန်းသွားလာရသည့်ခံစားချက်မှာ  သစ်လွင်လန်းဆန်းလှသည်။ လင်းကျစ်ရန်က လမ်းလျှောက်နေရင်း systemကို စောဒကတက်လိုက်​၏။

[ လင်းကျစ်ရန်: ဒီလိုအရေးကြီးတဲ့ဇာတ်ဝင်ခန်းမှာ မင်း ဘာလို့ငါ့ကို မိစ္ဆာတပ်မှုးပုန်းနေတဲ့နေရာ ပြောမပြတာလဲ။ ]

[ System: ဒီgame မှာ ကစားသမားတွေကိုယ်တိုင်ဖြေရှင်းရမယ့် ပဟေဠိတွေပါတယ်။ တကယ်လို့ အဖြေအားလုံးကို ပြောပြလိုက်ရင် ဘယ်လိုလုပ် စိတ်ဝင်စားစရာ ကောင်းတော့မှာလဲ။ ]

[လင်းကျစ်ရန်: .... ] မင်းပြောတာက အကျိုးအကြောင်းညီညွတ်နေတော့လည်း..ငါဘာမှ ပြန်မပြောနိုင်တော့ဘူးပေါ့။

လင်းကျစ်ရန်မှာ သက်သာတဲ့နည်းလမ်းကို ရှာမရတဲ့အဆုံး မူယန်နှင့်အတူ သဲလွန်စရှာဖွေဖို့သာဆုံးဖြတ်လိုက်ပါတော့သည်။မူယန်နှင့် လင်းကျစ်ရန်မှာ လယ်သမားတစ်ဦး​၏ အိမ်သို့ရောက်လာခဲ့ကြသည်။ အိမ်ပိုင်ရှင်လယ်သမားက သူတို့ကို တလေးတစားကြိုဆိုရင်း စိတ်မကောင်းဖြစ်နေသော အမူအရာဖြင့်ဆို​၏။ " ကျွန်တော့်ရဲ့ ဆယ်နှစ်သမီးလေးပျောက်သွားခဲ့တယ်။ အိမ်မှာတစ်ကောင်တည်းရှိတဲ့ နွားလည်း မနေ့ကမှအသတ်ခံလိုက်ရတယ်။ "

မူယန်က ပြန်မေးသည်။ " အဲ့ဒီအဖြစ်အပျက်တွေ ဖြစ်တုန်းက အသံတစ်ခုခုကြားမိလိုက်လား။ "

လယ်သမားက ခေါင်းခါသည်။ " ကျွန်တော့်သမီးလေးပျောက်တဲ့နေ့က ကျွန်တော် လယ်ထဲဆင်းနေခဲ့တာ။ အိမ်ပြန်ရောက်တော့သူမကိုမတွေ့တော့ဘူး။ ကလေးသဘာဝအရ အပြင်ထွက်ပြီးဆော့နေတာလို့ထင်ခဲ့ပေမယ့် အချိန်အတော်ကြာ လိုက်ရှာပြီတဲ့အထိမတွေ့ဘူး။ နောက်တော့ ကျွန်တော့်လိုမျိုး တစ်ခြားလူတွေရဲ့ကလေးတွေလည်းပျောက်နေမှန်း သိလိုက်ရတယ်။ဒါက သေချာပေါက် မကောင်းဆိုးဝါးတွေရဲ့လက်ချက်ပဲဖြစ်ရမယ်။ သေသွားတဲ့ နွား အတွက်တော့ မနေ့ညကစူးစူးဝါးဝါးအော်သံ ကြားခဲ့ရတယ်။ဒါမယ့် ကျွန်တော်ရောက်သွားတော့ နွားကသေနေပြီ။ "

မူယန်ကဆို​၏။ " ဒါဆို ကျွန်တော်တို့ကို လိုက်ပြပေးလို့ ရမလား။ "

သူတို့နှစ်ဦးမှာ လယ်သမားအိမ်​၏ နောက်ဖေးသို့ ရောက်လာကြပြီး သွေးအလိမ်းလိမ်းဖြစ်နေသော ကြမ်းပြင်ပေါ်ရှိနွားသေတစ်ကောင်ကိုတွေ့လိုက်ရသည်။ လှီးဖြတ်ခံထားရကာ သွေးထွက်လွန်ပြီးသေဆုံးသွားခဲ့ပုံရသည်။ဖောက်ထုတ်ခံလိုက်ရသောနွားမျက်လုံးကလွဲ၍ ကျန်အင်္ဂါများရှိနေသေးသည်။

မူယန်က မျက်မှောင်ကြုတ်လိုက်ပြီး လက်ထိပ်နှစ်ဖက်ကို ပူးကပ်လိုက်သည်။ ငွေရောင် အလင်းတန်းတစ်ခုက သူ​၏ သူငယ်အိမ်ထဲတွင်ဖြတ်ပြေးသွားခဲ့ပြီး အချိန်အတော်ကြာပြီးနောက် သူကခေါင်းခါလိုက်သည်။ " မိစ္ဆာအငွေ့အသက်ကို ရှာမတွေ့ဘူး။ "

လင်းကျစ်ရန်က အံ့ဩသွားခဲ့ပြီး နွားသေကိုသေချာကြည့်လိုက်သည်။ ဒီအဆင့်က သာမန်လူတစ်ယောက်တောင် ဒီလိုမျိုးလုပ်နိုင်သေးတာ။ ဘယ်လိုလုပ် မကောင်းဆိုးဝါးရဲ့လက်ချက်မှန်း သက်သေပြပေးနိုင်မှာလဲ။ ဒါပေမယ့် မိစ္ဆာတွေမလုပ်ရင် ဘယ်သူလုပ်မှာလဲ။

မူယန်က ခဏလောက်တွေးနေပြီးမှပြောလာခဲ့သည်။ " တကယ်လို့ ဒီလိုဖြစ်ရပ်မျိုး ထပ်ပြီးကြုံတွေ့လာခဲ့ရင် ရွာသူကြီးအိမ်ကိုလာခဲ့ပါ။ "

လယ်သမားက သူတို့ကိုအားကိုးတကြီးဖြင့်ကျေးဇူးတင်စကားဆိုပြီး  လိုက်ပို့ပေးလေသည်။ မူယန်နှင့်လင်းကျစ်ရန်မှာ ရွာသူကြီးအိမ်သို့သာ လှည့်ပြန်ခဲ့လိုက်ကြသည်။ တစ်ခြားတပည့်များလည်း အသီးသီးပြန်ရောက်နေကြပြီဖြစ်သည်။

မြို့ငယ်လေးတွင် ကလေးငယ် ဆယ့်သုံးယောက်နှင့် ခြံမွေးတိရိစ္ဆာန်အတော်များများ သေဆုံးခဲ့သော်လည်း ဘယ်သူမှမိစ္ဆာအငွေ့အသက်ကို အာရုံမခံမိကြ။ မိစ္ဆာကျင့်ကြံသူတွေလုပ်သွားတာနဲ့တောင်မတူပေ။ လင်းကျစ်ရန်က မျက်မှောင်ကြုတ်ပြီးတွေးလိုက်သည်။ ဒီဇာတ်ကွက်က မိစ္ဆာတပ်မှူးရုတ်တရက်ပေါ်လာပြီး စင်ကြယ်သောနန်းတော်ကတပည့်တွေ ထိတ်လန့်ကြောက်ရွံ့သွားဖို့အတွက်ရည်ရွယ်ပြီးထည့်ထားခြင်းသာ။ကျန်တဲ့ အကြောင်းအရာတွေအားလုံးက ဖြစ်သလိုမသဲမကွဲသာဖြစ်တာမို့ မိစ္ဆာတပ်မှူးပေါ်လာတဲ့အချိန်အထိ စောင့်နေရမည်။ စောင့်နေဖို့သာ သူတတ်နိုင်သည်။သူမနေ့ညကကြောက်လန့်နေခဲ့သောကြောင့် မူယန်ဟာ ဒီညသူ့အခန်းမှာလာအိပ်ဖို့ပြောလာသည်။ လင်းကျစ်ရန်က ဒါကိုသင့်တော်တယ်လို့မထင်။

မူယန်ကမူ မပြောင်းမလဲပင်ပြောလာခဲ့သည်။ " ဒီနေရာက တစ်ခုခုမှားနေတယ်လို့ငါခံစားရတယ်။ ငါတို့အတူတူနေတာက ပိုပြီး လုံခြုံလိမ့်မယ်။ "

လင်းကျစ်ရန်က တွေးလိုက်သည်။ ဒါက မသင့်တော်ပေမယ့် အကျိုးအကြောင်းညီညွတ်သည်။ သူ သရဲကြောက်တတ်တာကို ထည့်မတွက်ရင်တောင်မှ....

လင်းကျစ်ရန်က ခဏလောက်တွေးပြီးနောက်ပြန်ဖြေလိုက်သည်။ " ဒါဆို ဒီည ငါကင်းစောင့်မယ်။ "

မူယန်ကပြုံးလိုက်ပြီး။ " ကောင်းပြီ။ "

အိပ်ရာပေါ်မှာအိပ်ဖို့မလိုသောကြောင့် လင်းကျစ်ရန်လည်း စိတ်အေးသွားခဲ့သည်။ သူက မူယန်ကို အရင်ဆုံးအိပ်ခိုင်းလိုက်ပြီး လက်ဖြင့်မေးကိုထောက်ကာခုံပေါ်တွင် ထိုင်နေလိုက်သည်။ အချိန်ကုန်လွန်လာခဲ့တာနှင့်အမျှ သူငိုက်မျည်းလာခဲ့သည်။ ဒီသေမျိုးခန္ဓာကိုယ်မှာ ပင်ပန်းမခံနိုင်သောကြောင့် ခဏကြာသော် သူ မှိန်းခနဲအိပ်ပျော်သွားမိသည်။ သူ့ခန္ဓာကိုယ်ကစောင်းသွားပြီးခုံပေါ်မှပြုတ်ကျခါနီးတွင် အိပ်ပျော်နေပြီလို့ထင်ရတဲ့ မူယန်ဟာ အိပ်ရာပေါ်မှာချက်ချင်းခုန်ဆင်းလာခဲ့သည်။ သူက လင်းကျစ်ရန်ကို အလင်အမြန်ထိန်းလိုက်ကာ ပွေ့ချီလိုက်ပြီး အိပ်ရာပေါ်တွင်ချထားပေးလိုက်သည်။

မူယန်ဟာ လင်းကျစ်ရန်ကိုကြည့်ရင်းပြုံးလိုက်မိသည်။သူတကယ် အိပ်မပျော်ခဲ့လို့သာပေါ့။

..................

​နောက်နေ့နံနက်တွင် လင်းကျစ်ရန်နိုးလာခဲ့သော် သူအိပ်ရာပေါ်ရောက်နေမှန်းသိလိုက်ရပေမယ့် ဘယ်လိုဖြစ်ပြီး အိပ်ရာပေါ်ရောက်သွားလဲဆိုတာတော့ မမှတ်မိသောကြောင့် systemကိုမေးကြည့်လိုက်သည်။

[ လင်းကျစ်ရန်: မနေ့ညက ငါ ဘယ်အချိန်လောက်အိပ်ပျော်သွားခဲ့တာလဲ။ ]

[System: ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ။ ]

[ လင်းကျစ်ရန်: ဘာလို့မသိတာလဲ။ မင်းကငါ့ရဲ့ အကူsystem မဟုတ်ဘူးလား]

[ System: ကျွန်တော်က လူကြီးမင်းခေါ်တဲ့အချိန်ပဲရှိနေပေးနိုင်မှာ။ များသောအားဖြင့် အဝေးမှာရောက်တာ။ လူကြီးမင်းကို 24နာရီလုံးစောင့်ရှောက်ပေးနေတယ်လို့ ထင်နေတာလား။ ကစားသမားတွေ စိတ်အားထက်သန်စွာနဲ့တောင်းဆိုမှုတွေလုပ်မှ ကျွန်တော်က အကြံပေးတဲ့ဝန်ဆောင်မှုကို ပေးနိုင်တာလေ။ ]

[လင်းကျစ်ရန်: ....]

ထားလိုက်ပါတော့။ မသိရလည်းကိစ္စမရှိပါဘူး။ မူယန်ကလွဲပြီး ကျန်တဲ့လူမဖြစ်နိုင်ဘူးပဲ။ မူယန်က သူ့ကို အိပ်ရာပေါ် တင်ပေးခဲ့တာနေမှာ။

အဲ... သူက ကင်းစောင့်ပေးမယ်လို့ပြောခဲ့ပေမယ့် မူယန်ကပဲ သူ့ကိုပြန်ပြီးစောင့်ရှောက်ပေးသွားခဲ့သည်။ လင်းကျစ်ရန်ဟာ မျက်နှာပူသွားရသည်။ သူအပြင်သို့ထွက်လာခဲ့သော် ရွာသူကြီးအိမ်က ကလေးမလေးကို ထပ်တွေ့လိုက်ရပြန်​၏။ ကလေးမလေးက မြေပြင်ပေါ်တွင် ရွံ့များဖြင့်ကစားနေပြီး လင်းကျစ်ရန်ကို စူပုတ်ပုတ်မျက်နှာပေးဖြင့်ကြည့်လိုက်သည်။ ထို့နောက်တခစ်ခစ်ရယ်တော့သည်။ " တစ်အိမ်လုံးမှာ ရှင်က နောက်ဆုံးမှအိပ်ရာထတဲ့လူပဲ။ အဲ့လောက်အပျင်းမကြီးလို့ မရဘူးလား။ "

လင်းကျစ်ရန်က ဂရုမစိုက်သလို ပြန်ပြောလာခဲ့သည်။ " ဒါက မင်းနဲ့ဘာဆိုင်လို့လဲ။ "

ကလေးမလေးက ချက်ချင်းပြန်ပြောသည်။ " ရှင်က အရမ်းအပျင်းကြီးနေလို့ ဘယ်နေရာမှ အသုံးမဝင်နေတာ ဖြစ်မယ်။ ကျန်တဲ့လူတွေကလည်းရှင့်ကို အဖက်မလုပ်ချင်ကြဘူး။ "

လင်းကျစ်ရန်က ရယ်လိုက်ပြီး မှုန်ကုပ်ကုပ် ကြည့်လိုက်သည်။ " အေး..ငါဘယ်လိုပဲအသုံးမကျနေပါစေ မင်းကိုတော့ ရိုက်နိုင်သေးတာပဲ။ "

ကလေးမလေးရဲ့ အကြည့်က ချက်ချင်းမဲမှောင်လာပြီး သူ့ကိုအေးစက်စက်စိုက်ကြည့်လာခဲ့သည်။ လင်းကျစ်ရန်လည်း ဒီကလေးကိုအဖက်လုပ်ဖို့ ပျင်းလွန်းသောကြောင့် မူယန်ကိုရှာဖို့သာထွက်လာခဲ့သည်။ ထင်တဲ့အတိုင်းပင် မူယန်က အဝေးရောက်မနေဘဲ အိမ်အပြင်ဘက်တွင် ရွာသူကြီးနှင့်စကားပြောနေလေသည်။

ရွာသူကြီး​၏ မျက်နှာက စိုးရိမ်နေပုံရသည်။
" ကျုပ် လူငယ်လေးကို ပြောစရာရှိတယ်။ "

မူယန်ကပြုံးလိုက်ပြီး။ " ဘာကိစ္စလဲ။ "

ရွာသူကြီးက ခဏလောက် တုံ့ဆိုင်းနေပြီးမှဆို​၏။ " ဒီဘက်ကိုလိုက်ခဲ့ပေးပါ။ "

ရွာသူကြီးက မူယန်ကို အိမ်နောက်ဖေးသို့ခေါ်သွားခဲ့ရာ လင်းကျစ်ရန်ဟာ သူတို့နောက်မှ တိတ်တိတ်လေးလိုက်လာခဲ့သည်။ ရွာသူကြီး​၏ အိမ်နောက်ဖေးတွင် ကြက်ခြံတစ်ခုရှိသည်။ သို့သော် အခုတွင်မူ ကြက်များအားလုံး သေဆုံးနေပြီး အတွင်းအင်္ဂါများနှင့်သွေးများက နေရာအနှံ့ပျံ့ကျဲနေသည်။ လင်းကျစ်ရန်ကအကြည့်လွှဲလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သော် သူ့ဘေးနားတွင် ရုပ်မပေါ်သည့်အသေကောင်များနှင့်ဖုံးနေသော နွားမျက်လုံးများကိုတွေ့လိုက်ရလေသည်။

မူယန်​၏ အမူအရာက လေးနက်နေသည်။ ရွာသူကြီး​၏မျက်နှာက ပို၍ဖြူဖြော့လာခဲ့ကာ ကတုန်ကယင် ပြောလာလေသည်။ " ဒီမနက်နိုးလာတော့ ကျုပ်သမီးလေးအတွက် ကြက်စွပ်ပြုတ်လုပ်ပေးဖို့ ကြက်တစ်ကောင်လောက် သတ်မလို့လာခဲ့တာ။ ဒါပေမယ့် ဒါတွေကိုမြင်လိုက်ရတာပဲ။ "

မူယန်က မျက်မှောင်ကြုတ်ပြီး အရှေ့သို့လျှောက်လာကာ ဒူးထောက်ထိုင်ချပြီး စစ်ဆေးကြည့်လိုက်ပေမယ့် မည်သည့် မိစ္ဆာအငွေ့အသက်ကိုမှ ရှာမတွေ့နိုင်။ သူက ခေါင်းလှည့်ကြည့်လိုက်သော် ရွာသူကြီး​၏ ဝတ်ရုံအောက်စသို့ အကြည့်ရောက်သွားခဲ့သည်။ ဝတ်ရုံအောက်စတွင် သွေးစွန်းရာ တစ်ခုကိုတွေ့လိုက်ရပြီး မကြာသေးမီက စွန်းထင်းခဲ့ပုံရသည်။

မူယန်က ဖြည်းဖြည်းချင်း ထလာခဲ့ကာ သူ့မျက်ဝန်းတွေက အေးစက်နေသည့်တိုင် ပေါ့ပေါ့ပါးပါး ဆိုလာခဲ့သည်။ "  ခင်ဗျား ကြက်ကိုသတ်ခဲ့ပြီးပြီ မို့လား။ စွပ်ပြုပ်လုပ်ဖို့ယူသွားလို့ ရပြီလေ။ "

ရွာသူကြီးက နားမလည်သောဟန်ဖြင့်။ " ထာဝရရှင်သန်သူလေး ဘာကိုပြောချင်တာလဲ မသိဘူး။ "

လျှပ်တစ်ပြတ်အတွင်းမှာပင် မူယန်​၏ ချွန်ထက်သောဓါးဖျားက ရွာသူကြီး​၏ရင်ဘက်ကို ထိုးဖောက်သွားခဲ့သည်။ သို့သော် လူသားခန္ဓာကိုယ်ကို ထိုးဖောက်ရသလို ခံစားချက်မျိုးမဟုတ်ဘဲ သစ်မာသားတစ်ခုကို ဓါးဖြင့်ထိုးလိုက်ရသလိုမျိုး အနည်းငယ် ခက်ခဲပြီး သွေးမထွက်ပေ။ ရွာသူကြီးက ထိတ်လန့်ပြီး အံ့ဩသွားကာ သူ့မျက်နှာက ရှုံ့တွလာခဲ့သည်။ သူ့မျက်လုံးတွေက ပြူးကျယ်လာပြီး မူယန်ကို စိုက်ကြည့်ကာ ရင်ခေါင်းသံဖြင့်ပြောလာခဲ့​၏။ " ထာဝရရှင်သန်သူလေး။ ဒါ...ဘာသဘောလဲ။ "

မူယန်ဟာ အနည်းငယ်မှင်တက်သွားပြီး စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကိုခံစားလိုက်မိစဉ် ရွာသူကြီးမှာ သူ့ဆီသို့ကမူးရှူးထိုး ပြေးဝင်လာခဲ့ပါတော့သည်။ မူယန်က ဓါးဖြင့်အဝေးကို တွန်းထုတ်လိုက်ရာ ရွာသူကြီးဆိုသူမှာ ခြေလက်များကွေးကောက်ပြီး မြေပြင်သို့ပြုတ်ကျသွားကာ ဦးခေါင်းမှာ ရွဲ့စောင်းသွားခဲ့သော်လည်း မူယန်နောက်သို့ လိုက်ရန် ရုန်းကန်နေစဲဖြစ်ပြီး အော်ဟစ်နေလေသည်။ " ထာဝရရှင်သန်သူလေးက ဘာလို့ ကျုပ်ကိုသတ်တာလဲ။ "

ဒါကိုမြင်တော့ လင်းကျစ်ရန်​၏မျက်နှာမှာဖြူဖျော့သွားတော့သည်။မူယန်ကပြေးလာပြီး သူ့လက်ကို ဆွဲကာ အော်ပြောလိုက်သည်။ " သွားကြစို့! "

သူတို့နှစ်ဦးမှာ ရွာသူကြီးအိမ်မှပြေးထွက်လာခဲ့ကြသည်။ သူတို့ လမ်းမပေါ်ရောက်သော် တပည့်တစ်ယောက်က မိန်းကလေးတစ်ဦးနှင့် စကားပြောနေတာကိုတွေ့လိုက်ရသည်။ ထိုသူကလည်း ပြေးထွက်လာသော သူတို့နှစ်ယောက်နှင့် နောက်မှလိုက်လာသော ခြေလက်များကောက်ကွေးပြီးဇာတ်ကျိုးနေသည့် ရွာသူကြီးကိုမြင်သော် လန့်ဖြန့်သွားလေသည်။ ရွာသူကြီးက မိစ္ဆာကျင့်ကြံသူလား....

ထိုတပည့်ဟာ အလွန်ထိတ်လန့်ပြီး စူးစမ်းချင်နေသောကြောင့် သူနှင့်စကားပြောနေသောမိန်းကလေး​၏မျက်နှာက ထူးဆန်းစွာပြောင်းလဲသွားတာကို သတိမပြုမိ။ ရုတ်တရက်ဆိုသလိုပင် လက်ချောင်းများက သူ​၏ ရင်အုံကိုထိုးဖောက်သွားပြီး သူ့နှလုံးသားကို ဆွဲနှုတ်ပစ်လိုက်လေသည်။ အစောပိုင်းက ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးမှာ အခုလို ကြမ်းတမ်းသွားလိမ့်မယ်လို့ သူမထင်ထားခဲ့။ သူဟာ မသေခင်အချိန်အတွင်းမှာပင် ဒီအဖြစ်အပျက်ကို မယုံကြည်နိုင်ခဲ့ပေ။

ဒါကိုမြင်လိုက်ရတော့ မူယန်​၏ မျက်နှာမှာဖြူဖျော့သွားခဲ့သည်။ ဒီမိန်းကလေးက ပြဿနာရှိနေလိမ့်မယ်လို့ သူမတွေးမိခဲ့။ ဒါဆို ဒီမြို့မှာ ပုံမှန်မဟုတ်တဲ့ လူတွေ ဘယ်လောက်တောင်ရှိနေလိမ့်မလဲ။

မူယန်ဟာ ချက်ချင်းပင် ကျယ်လောင်ပြီး ပြတ်သားသောအသံဖြင့် အော်ဟစ်ပြောလိုက်သည်။ သူ့အသံက တစ်မြို့လုံးကိုပဲ့တင်ထပ်သွားခဲ့​၏။

" အားလုံး ကိုယ့်အနားမှာရှိတဲ့ မြို့ခံလူတွေကိုသတိထားကြပါ! မြို့ဝင်ဂိတ်ကိုသွားပြီး လူစုကြ! "

မူယန်ဟာ တစ်လမ်းလုံး လင်းကျစ်ရန်​၏လက်ကိုဆွဲပြီး ပြေးလာခဲ့သည်။ သူတို့ကိုလိုက်ဖမ်းနေသော ရွာသူကြီးကိုမြင်သော် မြို့ခံလူအားလုံးမှာလည်း အလားတူ ပြေးလိုက်လာကြတော့သည်။ မထင်မှတ်ထားဘဲ သူတို့မနေ့က ရောက်ခဲ့တဲ့ လယ်သမားအိမ်က လူတောင်ပါနေသေးသည်။

လင်းကျစ်ရန်​၏ အဝတ်အစားမှာ ချွေးစေးများဖြင့်ရွှဲနစ်နေတော့သည်။ ဒီမြို့ငယ်လေးရှိလူအားလုံးက ပြဿနာရှိနေတာပင်။

သောက်ကျိုးနည်း ဇာတ်ညွှန်း!

မိစ္ဆာတပ်မှူးတစ်ယောက်ပဲရှိနေလိမ့်မယ်လို့ သူထင်ထားခဲ့တာ!

မမျှော်လင့်ဘဲ မြို့ခံလူများက ရုန်းရင်းဆန်ခတ်ဖြစ်လာခဲ့သောကြောင့် တပည့်များမှာ ပြင်ဆင်ချိန်မရလိုက်ပေ။ မူယန်က အချိန်မှီသတိပေးခဲ့သည့်တိုင် စူးစူးဝါးဝါးအော်ဟစ်သံများက တစ်နေရာပြီး တစ်နေရာမှ ရံဖန်ရံခါ ထွက်ပေါ်လာခဲ့သည်။

လင်းကျစ်ရန်ဟာ စင်ကြယ်သောနန်းတော်မှ တပည့်တစ်ယောက်ကို မြို့ခံလူအုပ်ကဝါးမျိုလိုက်တာကိုမြင်လိုက်ရပြီး ထိုကျင့်ကြံသူမှာ ဘာမှ မတုန့်ပြန်ရသေးခင်မှာပင် တစ်စစီ စုတ်ဖြဲခံလိုက်ရလေသည်။ စင်ကြယ်သောနန်းတော်မှ တပည့်များမှာ အသေအပျောက်များလာခဲ့သော် သူတို့​၏ဓါးများဖြင့်ပျံသန်းရန်ပြင်လိုက်ကြသည်။ သို့သော် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်သည်နှင့် တားမြစ်ထားသောစည်းတစ်ခုနှင့် ဆုံတွေ့လိုက်ရပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျကုန်တော့သည်။ တချို့မှာမလွတ်မြောက်နိုင်တော့ဘဲ မြို့ခံလူများရဲ့ဝိုင်းရံခြင်းကိုခံလိုက်သည်။ မူယန်ဟာ လက်တစ်ဖက်နှင့် လင်းကျစ်ရန်ကိုဆုပ်ကိုင်ထားပြီးကျန်လက်တစ်ဖက်က တိချန်ဓါးကိုဝှေ့ရမ်းလိုက်ကာ တပည့်များကိုဝိုင်းတားသည့် မြို့ခံလူများကို ဟန့်တားပြီး အားလုံးအတူတူထွက်ပြေးလို့ရအောင် ခုခံပေးလိုက်လေ​၏။

တိချန်ဓါးက အလွန်အစွမ်းထက်သည်။ နောက်သို့လွင့်သွားသောမြို့ခံလူများမှာ ခြေလက်များ ပြတ်ကုန်ကြသော်လည်း သေမှာကိုလုံးဝမကြောက်ကြဘဲ ရုန်းကန်ပြီးသူတို့ဆီသို့ တွားသွားလာကြရာ သူတို့အားဝိုင်းရံလာသည့်လူများကပို၍များပြားလာခဲ့သည်။ ထူထပ်သောလူအုပ်ကြီးက ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာပင်။

လင်းကျစ်ရန်က မကြောက်ပေ။

သူက ရုတ်တရက် စိတ်တည်ငြိမ်သွားခဲ့သည်။

သူက သရဲပဲ ကြောက်တာပင်။ဒါပေမယ့် ဒါတွေက မိစ္ဆာတပ်မှူးရဲ့ ရုပ်သေးတွေဆိုတာ အသိအသာဖြစ်သည်။ မိစ္ဆာတပ်မှူးထွက်လာမယ့်အချိန်ကို စောင့်နေဖို့သာလိုသည်။ ဒီသခင်လေး ဘယ်လောက်စွမ်းလဲ မင်းသိစေရမယ်!

သူတို့ဟာ မြို့ပြင်သို့ပြေးလာခဲ့ပေမယ့် မြို့ပြင်တွင်လည်း မြို့ခံလူများက စောင့်နေကြပြီး များမကြာမီတွင် သူတို့ဟာ မြို့ခံလူများ​၏ဝိုင်းရံခြင်းကိုခံလိုက်ရတော့သည်...ထိုလူတွေ တိုက်ခိုက်တော့မယ်လို့သူထင်ခဲ့သော်လည်း မြို့ခံလူများမှာ မလှုပ်ရှားကြဘဲဘေးသို့ အလျင်အမြန် ကပ်ကာ ဇာတ်ကျိုးနေသော ရွာသူကြီးနှင့် သူ့လက်မောင်းပေါ်ရှိ ကလေးမလေးကို လမ်းဖယ်ပေးလိုက်ကြလေသည်။

လင်းကျစ်ရန်​၏မျက်နှာက မဲမှောင်သွားခဲ့သည်။ ဒီအမြင်ကပ်စရာကောင်းတဲ့ ကလေးက ဘာလို့ဒီမှာရှိနေတာလဲလို့ သူတွေးခဲ့တာ။ တကယ်ပဲ ဒီကလေးက ပြဿနာရှိနေတာပဲ။

ကလေးမလေးဟာ ရွာသူကြီး​၏ လက်မောင်းပေါ်မှခုန်ဆင်းကာ မြေပြင်ပေါ်တွင် လေးဘက်ထောက်ရပ်လိုက်ပြီး သူတို့ကြည့်ရင်း မြွေတစ်ကောင်လို လျှာသပ်ကာ မှုန်မှိုင်းသော အမူအရာဖြင့် ပြုံးလိုက်သည်။

" စင်ကြယ်သောနန်းတော်ရဲ့ အဖိုးတန်တပည့်တွေကဘယ်လိုအရသာ ရှိမလဲ သိချင်မိသား။ဒီက ကလေးတွေထက် အများကြီးပိုကောင်း နေမလား။ "

မူယန်က သူမကို အနီးကပ် စိုက်ကြည့်လိုက်သည်။ သူ့အမူအရာက အလွန်တည်ကြည်နေ​၏။ သူဟာ စင်ကြယ်သောနန်းတော်တွင်ရှိနေခဲ့စဉ်က ရှေးဟောင်းစာပေများစွာကို ဖတ်ဖူးခဲ့သည်။ ဒီမြို့ခံလူတွေဟာ မိစ္ဆာလောက က ပြုလုပ်ထားတဲ့ ရုပ်သေးတွေပင် ဖြစ်သည်။ သက်ရှိလူသားများကို လက်ခံကောင်အဖြစ်အသုံးပြုကာ မိစ္ဆာသစ်ပင်များကို စိုက်ပျိုးပြီး ထိုသစ်သားများဖြင့် ရုပ်သေးများပြုလုပ်သည်။သူတို့တွင် မိစ္ဆာစွမ်းအင်ရှိမနေခြင်းမှာ မိစ္ဆာသစ်သားဖြင့်ပြုလုပ်ထားသော ခန္ဓာကိုယ်အခွံလွတ်များသာ ဖြစ်နေသောကြောင့်ပင်။ မိစ္ဆာလည်း မဟုတ်လူသားလည်းမဟုတ်ဘဲ သက်မဲ့ပစ္စည်းများလို့သာ သတ်မှတ်ရမည်။ မိစ္ဆာသစ်ပင်​၏ပိုင်ရှင်က သာ သူတို့ကိုထိန်းချုပ်နိုင်သည်။

မိစ္ဆာသစ်သားဖြင့် ရုပ်သေးမြောက်မြားစွာကို ပြုလုပ်ပြီးထိန်းချုပ်နေသူမှာ သာမန်မိစ္ဆာကျင့်ကြံသူတော့မဟုတ်ရ။ ဒီကလေးမလေး​၏ အသွင်အပြင်ကိုကြည့်လျှင် မိစ္ဆာလောကရှိ မျိုးနွယ်စုတစ်ခုကမှန်းသိသာသည်။ ကလေးမလေးက တစ်ခစ်ခစ်ရယ်လိုက်သည်။ သူမဟာ စင်ကြယ်သောနန်းတော်က တပည့်တွေကိုစားမယ်လို့သာပြောနေပေမယ့် သူမရဲ့စူးရဲနေသောမျက်လုံးတွေက မူယန့်ခန္ဓာကိုယ်ပေါ်တွင်သာရှိနေခဲ့သည်။

လင်းကျစ်ရန်က မျက်မှောင်ကြုတ်ပြီးတွေးလိုက်သည်။ ဇာတ်ညွှန်းထဲတွင် ရှင်းလင်းစွာရေးမထားပေမယ့် ဒီအခန်းက မူယန်အတွက် ထောင်ချောက်တစ်ခု ဖြစ်သည်။ မူယန်က ရွှမ်းရန်ရဲ့တပည့်ဆိုတာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ဒါဖြင့် မိစ္ဆာလောက က ဘာလို့ အရဲစွန့်ပြီးမူယန်ကို ထောင်ချောက်ဆင်ရဲတာလဲ။ ရွှမ်းရန်နဲ့ ယဲ့လျှိုရင်ကြားက ရန်ငြှိုးက ကြီးမားလွန်းလို့ သူ့တပည့်ကိုတောင်အလွတ်မပေးနိုင်တာလား။ သူတို့သာ မူယန်ကို တကယ် သတ်ပစ်လိုက်ရင် ရွှမ်းရန်ရဲ့ဒေါသက်ို ခံစားရလိမ့်မယ်...

တပည့်တစ်ယောက်မှာ ဖြူဖြော့နေသည်။ သူဟာ ဒဏ်ရာရထားပြိီးသားဖြစ်ပြီး သူ့လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို တဇွတ်ထိုး ချေမွပစ်လိုက်သည်။ ဒီကျောက်စိမ်းအဆောင်ကသူဂိုဏ်းကိုအကူအညီတောင်းနေကျပစ္စည်းဖြစ်သည်။ ကလေးမလေးကဒါကိုမြင်တော့ သူမ​၏မျက်နှာမှာချက်ချင်းပြောင်းလဲသွားခဲ့ပြီး အော်ဟစ်လိုက်သည်။ " သတ်ပစ်! "

မြို့ခံလူများက သူတို့ဆီသို့ ဝိုင်းအုံလာကြပြန်သည်။ တပည့်များက ပြန်လည်တိုက်ခိုက်သည့်တိုင် ထိုလူများမှာ နာကျင်မှုကို မခံစားရသလို သေမှာလည်းမကြောက်ကြဘဲ စက်စုပ်ရွံရှာဖွယ်ကောင်းစွာ အရှေ့သို့တိုးဝင်လာကြသည်။ မူယန်တစ်ဦးတည်းသာ စွမ်းအားမြင့်ပြီး လွယ်ကူစွာခုခံနိုင်သည့်တိုင် လင်းကျစ်ရန်နှင့် အခြားတပည့်များကို ကာကွယ်ပေးနေရသောကြောင့် သူလည်း တဖြည်းဖြည်း အားနည်းလာခဲ့သည်.... ကလေးမလေးက လူအုပ်ကြားထဲမှ လျှောက်လာခဲ့ပြီး တပည့်များကို တစ်ယောက်ပြီးတစ်ယောက်စုတ်ဖြဲပစ်လေသည်။

အားလုံးက မျှော်လင့်ချက်မဲ့နေကြချေပြီ။ မူယန်​၏မျက်နှာတွင် သွေးများပေကျံနေပြီး သူ့လက်ထဲရှိတိချန်ဓါးမှ ဆူညံသံများထွက်ပေါ်နေသည်။ ဒါက ရွှမ်းရန်ရဲ့ နတ်လက်နက်ဖြစ်ပေမယ့် လပိုင်းလောက်သာလေ့ကျင့်ရသေးသောကြောင့် သူဟာ တိချန်ဓါးရဲ့ စွမ်းအားကို အပြည့်အဝအသုံးမပြုနိုင်သေးပေ။

ကလေးမလေး​၏ ပစ်မှတ်က မူယန်ဖြစ်သည်။ သူမက တခြားတပည့်များကို ဂရုမစိုက်တော့ဘဲ အနက်ရောင်စပျစ်နွယ်ကိုဝှေ့ယမ်းကာ မူယန်​၏ဓါးကို ရစ်ပတ်လိုက်ပြီး အံကြိတ်ကာ အရှေ့သို့ အလျင်အမြန်တွားသွားလာခဲ့သည်။

လင်းကျစ်ရန်ဟာ သူထပ်ပြီးစောင့်မနေသင့်တော့မှန်းသိလိုက်ရသဖြင့် တွေဝေခြင်းမရှိဘဲ အရှေ့သို့ပြေးလာကာ လက်တစ်ဖက်နှင့် ကလေးမလေး​၏ဦခေါင်းကိုကိုင်ပြီး သူ့ဇာတ်ကောင်​၏တစ်ခုတည်းသောကျွမ်းကျင်မှုကိုအသုံးချလိုက်လျက်: ကိုက်လိုက်သည်။

သူဟာ ကလေးမလေး​၏လက်မောင်းကို ကိုက်ပစ်လိုက်သည်။

ကလေးမလေးက သူ့ကိုအထင်သေးသလိုကြည့်လိုက်ပြီး အာရုံနောက်အောင်လုပ်သည့် လူသားကို ရိုက်သတ်ရန် ပြင်လိုက်သည်။ သို့သော် သူမ​၏ စွမ်းအားများကို ရုတ်တရက်မထိန်းချုပ်နိုင်တော့ဘဲ သူမ ခန္ဓာကိုယ်ပေါ်ရှိအရေပြားက အိုမင်းရင့်ရော်လာသည်။ သူမ​၏ မူလ ရုပ်သွင်က ဖြည်းဖြည်းချင်း ပေါ်လာခဲ့ပြီး ရှည်လျားချွန်ထက်သောအမြှီး၊ ချွန်ထက်သော လက်သည်းခြေသည်းများနှင့် ဒေါင်လိုက်ကျဉ်းမြောင်းသော သူငယ်အိမ်များနှင့်မျက်ဝန်းတစ်စုံ ထွက်ပေါ်လာခဲ့သည်။

သူမက စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး လင်းကျစ်ရန်ကို အံ့ဩထိတ်လန့်စွာကြည့်လိုက်သည်။ရုတ်တရက်ပင် သူမဟာ သူမ​၏လက်မောင်းကို ပြတ်သားစွာ စုတ်ဖြဲပစ်လိုက်ပြီး အနောက်သို့ ဆယ်မီတာမျှ ခုန်လိုက်ကာ စူးရဲစွာအော်လိုက်သည်။

" နင် ဘယ်သူလဲ! "

သွေးများပေကျံနေသည့်လင်းကျစ်ရန်​၏ မျက်ဝန်းများက မဲမှောင်နေပြီး သူမကို ခံစားချက်မဲ့စွာကြည့်နေလေသည်။ မြို့ခံလူအားလုံးမှာချက်ချင်း ရပ်တန့်သွားခဲ့ကြသည်။ကျဉ်းထဲကျပ်ထဲရောက်နေသည့် တပည့်များမှာလည်း မှင်တက်သွားကြပြီး လင်းကျစ်ရန်နှင့် မိစ္ဆာမကို မသင်္ကာသောမျက်လုံးများဖြင့် ကြည့်ကုန်ကြသည်။

မိစ္ဆာမဟာ သူမ​၏ အမြှီးကို ဒေါသတကြီးခါရမ်းလိုက်ရာ သူမ ကိုယ်ပေါ်ရှိ လူအရေခွံက အောက်သို့ ပြုတ်ကျသွားခဲ့သည်။ သူမက လင်းကျစ်ရန်ကိုတစ်ချက်ကြည့်လိုက်ကာ လှည့်ထွက်သွားပြီး လေပေါ်ပျံတက်သွားခဲ့လေသည်။ သူမထွက်သွားခဲ့တာနှင့် မြို့ခံလူများမှာ အရုပ်ကြိုးပျက်ဖြစ်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက်လဲကျသွားကာ လှုပ်ရှားမှုမရှိတော့ပေ။

လင်းကျစ်ရန်ဟာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက လက်ဖြင့် နှုတ်ခမ်းပေါ်ရှိသွေးများကို ပွတ်သုတ်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သော် ထင်တဲ့အတိုင်းပင် တပည့်များက သူ့ကိုကြောက်ရွံ့စွာကြည့်နေကြသည်။ သို့သော် သူဂရုမစိုက်။ မေ့မျောမသွားခင် သူတွေးလိုက်တာက: လောင်ဇီတော့ နတ်မိမယ်လေးအတွက် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီ....မူရန်ထက် ပိုပြီးရွံစရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကိုတောင် သူအနိုင်ယူ နိုင်ခဲ့သည်။

(TN/ မူရန်က အရှေ့အပိုင်းတွေတုန်းက ပါခဲ့တဲ့ အမြှောက်စာ)

💙💚💙💚💙💚

Zawgyi.

ဒီေတာက်တဲ့ ၿမိဳ႕ေလးက မႂကြယ္ဝေပမယ့္ လွပေသာ ေတာင္တန္းမ်ားႏွင့္ ျမစ္ေခ်ာင္းမ်ားရွိသည္။ ေတာင္တန္းႏွင့္ လြင္ျပင္မ်ားကို ျဖတ္သန္းသြားလာရသည့္ခံစားခ်က္မွာ  သစ္လြင္လန္းဆန္းလွသည္။ လင္းက်စ္ရန္က လမ္းေလၽွာက္ေနရင္း systemကို ေစာဒကတက္လိုက္​၏။

[ လင္းက်စ္ရန္: ဒီလိုအေရးႀကီးတဲ့ဇာတ္ဝင္ခန္းမွာ မင္း ဘာလို႔ငါ့ကို မိစၧာတပ္မွုးပုန္းေနတဲ့ေနရာ ေျပာမျပတာလဲ။ ]

[ System: ဒီgame မွာ ကစားသမားေတြကိုယ္တိုင္ေျဖရွင္းရမယ့္ ပေဟဠိေတြပါတယ္။ တကယ္လို႔ အေျဖအားလုံးကို ေျပာျပလိုက္ရင္ ဘယ္လိုလုပ္ စိတ္ဝင္စားစရာ ေကာင္းေတာ့မွာလဲ။ ]

[လင္းက်စ္ရန္: .... ] မင္းေျပာတာက အက်ိဳးအေၾကာင္းညီညြတ္ေနေတာ့လည္း..ငါဘာမွ ျပန္မေျပာနိုင္ေတာ့ဘူးေပါ့။

လင္းက်စ္ရန္မွာ သက္သာတဲ့နည္းလမ္းကို ရွာမရတဲ့အဆုံး မူယန္ႏွင့္အတူ သဲလြန္စရွာေဖြဖို႔သာဆုံးျဖတ္လိုက္ပါေတာ့သည္။မူယန္ႏွင့္ လင္းက်စ္ရန္မွာ လယ္သမားတစ္ဦး​၏ အိမ္သို႔ေရာက္လာခဲ့ၾကသည္။ အိမ္ပိုင္ရွင္လယ္သမားက သူတို႔ကို တေလးတစားႀကိဳဆိုရင္း စိတ္မေကာင္းျဖစ္ေနေသာ အမူအရာျဖင့္ဆို​၏။ " ကၽြန္ေတာ့္ရဲ့ ဆယ္ႏွစ္သမီးေလးေပ်ာက္သြားခဲ့တယ္။ အိမ္မွာတစ္ေကာင္တည္းရွိတဲ့ ႏြားလည္း မေန႔ကမွအသတ္ခံလိုက္ရတယ္။ "

မူယန္က ျပန္ေမးသည္။ " အဲ့ဒီအျဖစ္အပ်က္ေတြ ျဖစ္တုန္းက အသံတစ္ခုခုၾကားမိလိုက္လား။ "

လယ္သမားက ေခါင္းခါသည္။ " ကၽြန္ေတာ့္သမီးေလးေပ်ာက္တဲ့ေန႔က ကၽြန္ေတာ္ လယ္ထဲဆင္းေနခဲ့တာ။ အိမ္ျပန္ေရာက္ေတာ့သူမကိုမေတြ႕ေတာ့ဘူး။ ကေလးသဘာဝအရ အျပင္ထြက္ၿပီးေဆာ့ေနတာလို႔ထင္ခဲ့ေပမယ့္ အခ်ိန္အေတာ္ၾကာ လိုက္ရွာၿပီတဲ့အထိမေတြ႕ဘူး။ ေနာက္ေတာ့ ကၽြန္ေတာ့္လိုမ်ိဳး တစ္ျခားလူေတြရဲ့ကေလးေတြလည္းေပ်ာက္ေနမွန္း သိလိုက္ရတယ္။ဒါက ေသခ်ာေပါက္ မေကာင္းဆိုးဝါးေတြရဲ့လက္ခ်က္ပဲျဖစ္ရမယ္။ ေသသြားတဲ့ ႏြား အတြက္ေတာ့ မေန႔ညကစူးစူးဝါးဝါးေအာ္သံ ၾကားခဲ့ရတယ္။ဒါမယ့္ ကၽြန္ေတာ္ေရာက္သြားေတာ့ ႏြားကေသေနၿပီ။ "

မူယန္ကဆို​၏။ " ဒါဆို ကၽြန္ေတာ္တို႔ကို လိုက္ျပေပးလို႔ ရမလား။ "

သူတို႔ႏွစ္ဦးမွာ လယ္သမားအိမ္​၏ ေနာက္ေဖးသို႔ ေရာက္လာၾကၿပီး ေသြးအလိမ္းလိမ္းျဖစ္ေနေသာ ၾကမ္းျပင္ေပၚရွိႏြားေသတစ္ေကာင္ကိုေတြ႕လိုက္ရသည္။ လွီးျဖတ္ခံထားရကာ ေသြးထြက္လြန္ၿပီးေသဆုံးသြားခဲ့ပုံရသည္။ေဖာက္ထုတ္ခံလိုက္ရေသာႏြားမ်က္လုံးကလြဲ၍ က်န္အဂၤါမ်ားရွိေနေသးသည္။

မူယန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး လက္ထိပ္ႏွစ္ဖက္ကို ပူးကပ္လိုက္သည္။ ေငြေရာင္ အလင္းတန္းတစ္ခုက သူ​၏ သူငယ္အိမ္ထဲတြင္ျဖတ္ေျပးသြားခဲ့ၿပီး အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူကေခါင္းခါလိုက္သည္။ " မိစၧာအေငြ႕အသက္ကို ရွာမေတြ႕ဘူး။ "

လင္းက်စ္ရန္က အံ့ဩသြားခဲ့ၿပီး ႏြားေသကိုေသခ်ာၾကည့္လိုက္သည္။ ဒီအဆင့္က သာမန္လူတစ္ေယာက္ေတာင္ ဒီလိုမ်ိဳးလုပ္နိုင္ေသးတာ။ ဘယ္လိုလုပ္ မေကာင္းဆိုးဝါးရဲ့လက္ခ်က္မွန္း သက္ေသျပေပးနိုင္မွာလဲ။ ဒါေပမယ့္ မိစၧာေတြမလုပ္ရင္ ဘယ္သူလုပ္မွာလဲ။

မူယန္က ခဏေလာက္ေတြးေနၿပီးမွေျပာလာခဲ့သည္။ " တကယ္လို႔ ဒီလိုျဖစ္ရပ္မ်ိဳး ထပ္ၿပီးၾကဳံေတြ႕လာခဲ့ရင္ ရြာသူႀကီးအိမ္ကိုလာခဲ့ပါ။ "

လယ္သမားက သူတို႔ကိုအားကိုးတႀကီးျဖင့္ေက်းဇူးတင္စကားဆိုၿပီး  လိုက္ပို႔ေပးေလသည္။ မူယန္ႏွင့္လင္းက်စ္ရန္မွာ ရြာသူႀကီးအိမ္သို႔သာ လွည့္ျပန္ခဲ့လိုက္ၾကသည္။ တစ္ျခားတပည့္မ်ားလည္း အသီးသီးျပန္ေရာက္ေနၾကၿပီျဖစ္သည္။

ၿမိဳ႕ငယ္ေလးတြင္ ကေလးငယ္ ဆယ့္သုံးေယာက္ႏွင့္ ၿခံေမြးတိရိစၧာန္အေတာ္မ်ားမ်ား ေသဆုံးခဲ့ေသာ္လည္း ဘယ္သူမွမိစၧာအေငြ႕အသက္ကို အာ႐ုံမခံမိၾက။ မိစၧာက်င့္ႀကံသူေတြလုပ္သြားတာနဲ႔ေတာင္မတူေပ။ လင္းက်စ္ရန္က မ်က္ေမွာင္ၾကဳတ္ၿပီးေတြးလိုက္သည္။ ဒီဇာတ္ကြက္က မိစၧာတပ္မွူး႐ုတ္တရက္ေပၚလာၿပီး စင္ၾကယ္ေသာနန္းေတာ္ကတပည့္ေတြ ထိတ္လန႔္ေၾကာက္ရြံ႕သြားဖို႔အတြက္ရည္ရြယ္ၿပီးထည့္ထားျခင္းသာ။က်န္တဲ့ အေၾကာင္းအရာေတြအားလုံးက ျဖစ္သလိုမသဲမကြဲသာျဖစ္တာမို႔ မိစၧာတပ္မွူးေပၚလာတဲ့အခ်ိန္အထိ ေစာင့္ေနရမည္။ ေစာင့္ေနဖို႔သာ သူတတ္နိုင္သည္။သူမေန႔ညကေၾကာက္လန႔္ေနခဲ့ေသာေၾကာင့္ မူယန္ဟာ ဒီညသူ႔အခန္းမွာလာအိပ္ဖို႔ေျပာလာသည္။ လင္းက်စ္ရန္က ဒါကိုသင့္ေတာ္တယ္လို႔မထင္။

မူယန္ကမူ မေျပာင္းမလဲပင္ေျပာလာခဲ့သည္။ " ဒီေနရာက တစ္ခုခုမွားေနတယ္လို႔ငါခံစားရတယ္။ ငါတို႔အတူတူေနတာက ပိုၿပီး လုံျခဳံလိမ့္မယ္။ "

လင္းက်စ္ရန္က ေတြးလိုက္သည္။ ဒါက မသင့္ေတာ္ေပမယ့္ အက်ိဳးအေၾကာင္းညီညြတ္သည္။ သူ သရဲေၾကာက္တတ္တာကို ထည့္မတြက္ရင္ေတာင္မွ....

လင္းက်စ္ရန္က ခဏေလာက္ေတြးၿပီးေနာက္ျပန္ေျဖလိုက္သည္။ " ဒါဆို ဒီည ငါကင္းေစာင့္မယ္။ "

မူယန္ကျပဳံးလိုက္ၿပီး။ " ေကာင္းၿပီ။ "

အိပ္ရာေပၚမွာအိပ္ဖို႔မလိုေသာေၾကာင့္ လင္းက်စ္ရန္လည္း စိတ္ေအးသြားခဲ့သည္။ သူက မူယန္ကို အရင္ဆုံးအိပ္ခိုင္းလိုက္ၿပီး လက္ျဖင့္ေမးကိုေထာက္ကာခုံေပၚတြင္ ထိုင္ေနလိုက္သည္။ အခ်ိန္ကုန္လြန္လာခဲ့တာႏွင့္အမၽွ သူငိုက္မ်ည္းလာခဲ့သည္။ ဒီေသမ်ိဳးခႏၶာကိုယ္မွာ ပင္ပန္းမခံနိုင္ေသာေၾကာင့္ ခဏၾကာေသာ္ သူ မွိန္းခနဲအိပ္ေပ်ာ္သြားမိသည္။ သူ႔ခႏၶာကိုယ္ကေစာင္းသြားၿပီးခုံေပၚမွျပဳတ္က်ခါနီးတြင္ အိပ္ေပ်ာ္ေနၿပီလို႔ထင္ရတဲ့ မူယန္ဟာ အိပ္ရာေပၚမွာခ်က္ခ်င္းခုန္ဆင္းလာခဲ့သည္။ သူက လင္းက်စ္ရန္ကို အလင္အျမန္ထိန္းလိုက္ကာ ေပြ႕ခ်ီလိုက္ၿပီး အိပ္ရာေပၚတြင္ခ်ထားေပးလိုက္သည္။

မူယန္ဟာ လင္းက်စ္ရန္ကိုၾကည့္ရင္းျပဳံးလိုက္မိသည္။သူတကယ္ အိပ္မေပ်ာ္ခဲ့လို႔သာေပါ့။

..................

​ေနာက္ေန႔နံနက္တြင္ လင္းက်စ္ရန္နိုးလာခဲ့ေသာ္ သူအိပ္ရာေပၚေရာက္ေနမွန္းသိလိုက္ရေပမယ့္ ဘယ္လိုျဖစ္ၿပီး အိပ္ရာေပၚေရာက္သြားလဲဆိုတာေတာ့ မမွတ္မိေသာေၾကာင့္ systemကိုေမးၾကည့္လိုက္သည္။

[ လင္းက်စ္ရန္: မေန႔ညက ငါ ဘယ္အခ်ိန္ေလာက္အိပ္ေပ်ာ္သြားခဲ့တာလဲ။ ]

[System: ကၽြန္ေတာ္ ဘယ္လိုလုပ္သိမွာလဲ။ ]

[ လင္းက်စ္ရန္: ဘာလို႔မသိတာလဲ။ မင္းကငါ့ရဲ့ အကူsystem မဟုတ္ဘူးလား]

[ System: ကၽြန္ေတာ္က လူႀကီးမင္းေခၚတဲ့အခ်ိန္ပဲရွိေနေပးနိုင္မွာ။ မ်ားေသာအားျဖင့္ အေဝးမွာေရာက္တာ။ လူႀကီးမင္းကို 24နာရီလုံးေစာင့္ေရွာက္ေပးေနတယ္လို႔ ထင္ေနတာလား။ ကစားသမားေတြ စိတ္အားထက္သန္စြာနဲ႔ေတာင္းဆိုမွုေတြလုပ္မွ ကၽြန္ေတာ္က အႀကံေပးတဲ့ဝန္ေဆာင္မွုကို ေပးနိုင္တာေလ။ ]

[လင္းက်စ္ရန္: ....]

ထားလိုက္ပါေတာ့။ မသိရလည္းကိစၥမရွိပါဘူး။ မူယန္ကလြဲၿပီး က်န္တဲ့လူမျဖစ္နိုင္ဘူးပဲ။ မူယန္က သူ႔ကို အိပ္ရာေပၚ တင္ေပးခဲ့တာေနမွာ။

အဲ... သူက ကင္းေစာင့္ေပးမယ္လို႔ေျပာခဲ့ေပမယ့္ မူယန္ကပဲ သူ႔ကိုျပန္ၿပီးေစာင့္ေရွာက္ေပးသြားခဲ့သည္။ လင္းက်စ္ရန္ဟာ မ်က္ႏွာပူသြားရသည္။ သူအျပင္သို႔ထြက္လာခဲ့ေသာ္ ရြာသူႀကီးအိမ္က ကေလးမေလးကို ထပ္ေတြ႕လိုက္ရျပန္​၏။ ကေလးမေလးက ေျမျပင္ေပၚတြင္ ရြံ႕မ်ားျဖင့္ကစားေနၿပီး လင္းက်စ္ရန္ကို စူပုတ္ပုတ္မ်က္ႏွာေပးျဖင့္ၾကည့္လိုက္သည္။ ထို႔ေနာက္တခစ္ခစ္ရယ္ေတာ့သည္။ " တစ္အိမ္လုံးမွာ ရွင္က ေနာက္ဆုံးမွအိပ္ရာထတဲ့လူပဲ။ အဲ့ေလာက္အပ်င္းမႀကီးလို႔ မရဘူးလား။ "

လင္းက်စ္ရန္က ဂ႐ုမစိုက္သလို ျပန္ေျပာလာခဲ့သည္။ " ဒါက မင္းနဲ႔ဘာဆိုင္လို႔လဲ။ "

ကေလးမေလးက ခ်က္ခ်င္းျပန္ေျပာသည္။ " ရွင္က အရမ္းအပ်င္းႀကီးေနလို႔ ဘယ္ေနရာမွ အသုံးမဝင္ေနတာ ျဖစ္မယ္။ က်န္တဲ့လူေတြကလည္းရွင့္ကို အဖက္မလုပ္ခ်င္ၾကဘူး။ "

လင္းက်စ္ရန္က ရယ္လိုက္ၿပီး မွုန္ကုပ္ကုပ္ ၾကည့္လိုက္သည္။ " ေအး..ငါဘယ္လိုပဲအသုံးမက်ေနပါေစ မင္းကိုေတာ့ ရိုက္နိုင္ေသးတာပဲ။ "

ကေလးမေလးရဲ့ အၾကည့္က ခ်က္ခ်င္းမဲေမွာင္လာၿပီး သူ႔ကိုေအးစက္စက္စိုက္ၾကည့္လာခဲ့သည္။ လင္းက်စ္ရန္လည္း ဒီကေလးကိုအဖက္လုပ္ဖို႔ ပ်င္းလြန္းေသာေၾကာင့္ မူယန္ကိုရွာဖို႔သာထြက္လာခဲ့သည္။ ထင္တဲ့အတိုင္းပင္ မူယန္က အေဝးေရာက္မေနဘဲ အိမ္အျပင္ဘက္တြင္ ရြာသူႀကီးႏွင့္စကားေျပာေနေလသည္။

ရြာသူႀကီး​၏ မ်က္ႏွာက စိုးရိမ္ေနပုံရသည္။
" က်ဳပ္ လူငယ္ေလးကို ေျပာစရာရွိတယ္။ "

မူယန္ကျပဳံးလိုက္ၿပီး။ " ဘာကိစၥလဲ။ "

ရြာသူႀကီးက ခဏေလာက္ တုံ႔ဆိုင္းေနၿပီးမွဆို​၏။ " ဒီဘက္ကိုလိုက္ခဲ့ေပးပါ။ "

ရြာသူႀကီးက မူယန္ကို အိမ္ေနာက္ေဖးသို႔ေခၚသြားခဲ့ရာ လင္းက်စ္ရန္ဟာ သူတို႔ေနာက္မွ တိတ္တိတ္ေလးလိုက္လာခဲ့သည္။ ရြာသူႀကီး​၏ အိမ္ေနာက္ေဖးတြင္ ၾကက္ၿခံတစ္ခုရွိသည္။ သို႔ေသာ္ အခုတြင္မူ ၾကက္မ်ားအားလုံး ေသဆုံးေနၿပီး အတြင္းအဂၤါမ်ားႏွင့္ေသြးမ်ားက ေနရာအႏွံ့ပ်ံ႕က်ဲေနသည္။ လင္းက်စ္ရန္ကအၾကည့္လႊဲလိုက္ၿပီး ပတ္ပတ္လည္ကို ၾကည့္လိုက္ေသာ္ သူ႔ေဘးနားတြင္ ႐ုပ္မေပၚသည့္အေသေကာင္မ်ားႏွင့္ဖုံးေနေသာ ႏြားမ်က္လုံးမ်ားကိုေတြ႕လိုက္ရေလသည္။

မူယန္​၏ အမူအရာက ေလးနက္ေနသည္။ ရြာသူႀကီး​၏မ်က္ႏွာက ပို၍ျဖဴေျဖာ့လာခဲ့ကာ ကတုန္ကယင္ ေျပာလာေလသည္။ " ဒီမနက္နိုးလာေတာ့ က်ဳပ္သမီးေလးအတြက္ ၾကက္စြပ္ျပဳတ္လုပ္ေပးဖို႔ ၾကက္တစ္ေကာင္ေလာက္ သတ္မလို႔လာခဲ့တာ။ ဒါေပမယ့္ ဒါေတြကိုျမင္လိုက္ရတာပဲ။ "

မူယန္က မ်က္ေမွာင္ၾကဳတ္ၿပီး အေရွ႕သို႔ေလၽွာက္လာကာ ဒူးေထာက္ထိုင္ခ်ၿပီး စစ္ေဆးၾကည့္လိုက္ေပမယ့္ မည္သည့္ မိစၧာအေငြ႕အသက္ကိုမွ ရွာမေတြ႕နိုင္။ သူက ေခါင္းလွည့္ၾကည့္လိုက္ေသာ္ ရြာသူႀကီး​၏ ဝတ္႐ုံေအာက္စသို႔ အၾကည့္ေရာက္သြားခဲ့သည္။ ဝတ္႐ုံေအာက္စတြင္ ေသြးစြန္းရာ တစ္ခုကိုေတြ႕လိုက္ရၿပီး မၾကာေသးမီက စြန္းထင္းခဲ့ပုံရသည္။

မူယန္က ျဖည္းျဖည္းခ်င္း ထလာခဲ့ကာ သူ႔မ်က္ဝန္းေတြက ေအးစက္ေနသည့္တိုင္ ေပါ့ေပါ့ပါးပါး ဆိုလာခဲ့သည္။ "  ခင္ဗ်ား ၾကက္ကိုသတ္ခဲ့ၿပီးၿပီ မို႔လား။ စြပ္ျပဳပ္လုပ္ဖို႔ယူသြားလို႔ ရၿပီေလ။ "

ရြာသူႀကီးက နားမလည္ေသာဟန္ျဖင့္။ " ထာဝရရွင္သန္သူေလး ဘာကိုေျပာခ်င္တာလဲ မသိဘူး။ "

လၽွပ္တစ္ျပတ္အတြင္းမွာပင္ မူယန္​၏ ခၽြန္ထက္ေသာဓါးဖ်ားက ရြာသူႀကီး​၏ရင္ဘက္ကို ထိုးေဖာက္သြားခဲ့သည္။ သို႔ေသာ္ လူသားခႏၶာကိုယ္ကို ထိုးေဖာက္ရသလို ခံစားခ်က္မ်ိဳးမဟုတ္ဘဲ သစ္မာသားတစ္ခုကို ဓါးျဖင့္ထိုးလိုက္ရသလိုမ်ိဳး အနည္းငယ္ ခက္ခဲၿပီး ေသြးမထြက္ေပ။ ရြာသူႀကီးက ထိတ္လန႔္ၿပီး အံ့ဩသြားကာ သူ႔မ်က္ႏွာက ရွုံ႔တြလာခဲ့သည္။ သူ႔မ်က္လုံးေတြက ျပဴးက်ယ္လာၿပီး မူယန္ကို စိုက္ၾကည့္ကာ ရင္ေခါင္းသံျဖင့္ေျပာလာခဲ့​၏။ " ထာဝရရွင္သန္သူေလး။ ဒါ...ဘာသေဘာလဲ။ "

မူယန္ဟာ အနည္းငယ္မွင္တက္သြားၿပီး စိတ္ထဲတြင္ မေကာင္းေသာ အေငြ႕အသက္ကိုခံစားလိုက္မိစဥ္ ရြာသူႀကီးမွာ သူ႔ဆီသို႔ကမူးရွူးထိုး ေျပးဝင္လာခဲ့ပါေတာ့သည္။ မူယန္က ဓါးျဖင့္အေဝးကို တြန္းထုတ္လိုက္ရာ ရြာသူႀကီးဆိုသူမွာ ေျခလက္မ်ားေကြးေကာက္ၿပီး ေျမျပင္သို႔ျပဳတ္က်သြားကာ ဦးေခါင္းမွာ ရြဲ႕ေစာင္းသြားခဲ့ေသာ္လည္း မူယန္ေနာက္သို႔ လိုက္ရန္ ႐ုန္းကန္ေနစဲျဖစ္ၿပီး ေအာ္ဟစ္ေနေလသည္။ " ထာဝရရွင္သန္သူေလးက ဘာလို႔ က်ဳပ္ကိုသတ္တာလဲ။ "

ဒါကိုျမင္ေတာ့ လင္းက်စ္ရန္​၏မ်က္ႏွာမွာျဖဴေဖ်ာ့သြားေတာ့သည္။မူယန္ကေျပးလာၿပီး သူ႔လက္ကို ဆြဲကာ ေအာ္ေျပာလိုက္သည္။ " သြားၾကစို႔! "

သူတို႔ႏွစ္ဦးမွာ ရြာသူႀကီးအိမ္မွေျပးထြက္လာခဲ့ၾကသည္။ သူတို႔ လမ္းမေပၚေရာက္ေသာ္ တပည့္တစ္ေယာက္က မိန္းကေလးတစ္ဦးႏွင့္ စကားေျပာေနတာကိုေတြ႕လိုက္ရသည္။ ထိုသူကလည္း ေျပးထြက္လာေသာ သူတို႔ႏွစ္ေယာက္ႏွင့္ ေနာက္မွလိုက္လာေသာ ေျခလက္မ်ားေကာက္ေကြးၿပီးဇာတ္က်ိဳးေနသည့္ ရြာသူႀကီးကိုျမင္ေသာ္ လန႔္ျဖန႔္သြားေလသည္။ ရြာသူႀကီးက မိစၧာက်င့္ႀကံသူလား....

ထိုတပည့္ဟာ အလြန္ထိတ္လန႔္ၿပီး စူးစမ္းခ်င္ေနေသာေၾကာင့္ သူႏွင့္စကားေျပာေနေသာမိန္းကေလး​၏မ်က္ႏွာက ထူးဆန္းစြာေျပာင္းလဲသြားတာကို သတိမျပဳမိ။ ႐ုတ္တရက္ဆိုသလိုပင္ လက္ေခ်ာင္းမ်ားက သူ​၏ ရင္အုံကိုထိုးေဖာက္သြားၿပီး သူ႔ႏွလုံးသားကို ဆြဲႏွုတ္ပစ္လိုက္ေလသည္။ အေစာပိုင္းက ယဥ္ေက်းသိမ္ေမြ႕တဲ့ မိန္းကေလးမွာ အခုလို ၾကမ္းတမ္းသြားလိမ့္မယ္လို႔ သူမထင္ထားခဲ့။ သူဟာ မေသခင္အခ်ိန္အတြင္းမွာပင္ ဒီအျဖစ္အပ်က္ကို မယုံၾကည္နိုင္ခဲ့ေပ။

ဒါကိုျမင္လိုက္ရေတာ့ မူယန္​၏ မ်က္ႏွာမွာျဖဴေဖ်ာ့သြားခဲ့သည္။ ဒီမိန္းကေလးက ျပႆနာရွိေနလိမ့္မယ္လို႔ သူမေတြးမိခဲ့။ ဒါဆို ဒီၿမိဳ႕မွာ ပုံမွန္မဟုတ္တဲ့ လူေတြ ဘယ္ေလာက္ေတာင္ရွိေနလိမ့္မလဲ။

မူယန္ဟာ ခ်က္ခ်င္းပင္ က်ယ္ေလာင္ၿပီး ျပတ္သားေသာအသံျဖင့္ ေအာ္ဟစ္ေျပာလိုက္သည္။ သူ႔အသံက တစ္ၿမိဳ႕လုံးကိုပဲ့တင္ထပ္သြားခဲ့​၏။

" အားလုံး ကိုယ့္အနားမွာရွိတဲ့ ၿမိဳ႕ခံလူေတြကိုသတိထားၾကပါ! ၿမိဳ႕ဝင္ဂိတ္ကိုသြားၿပီး လူစုၾက! "

မူယန္ဟာ တစ္လမ္းလုံး လင္းက်စ္ရန္​၏လက္ကိုဆြဲၿပီး ေျပးလာခဲ့သည္။ သူတို႔ကိုလိုက္ဖမ္းေနေသာ ရြာသူႀကီးကိုျမင္ေသာ္ ၿမိဳ႕ခံလူအားလုံးမွာလည္း အလားတူ ေျပးလိုက္လာၾကေတာ့သည္။ မထင္မွတ္ထားဘဲ သူတို႔မေန႔က ေရာက္ခဲ့တဲ့ လယ္သမားအိမ္က လူေတာင္ပါေနေသးသည္။

လင္းက်စ္ရန္​၏ အဝတ္အစားမွာ ေခၽြးေစးမ်ားျဖင့္ရႊဲနစ္ေနေတာ့သည္။ ဒီၿမိဳ႕ငယ္ေလးရွိလူအားလုံးက ျပႆနာရွိေနတာပင္။

ေသာက္က်ိဳးနည္း ဇာတ္ညႊန္း!

မိစၧာတပ္မွူးတစ္ေယာက္ပဲရွိေနလိမ့္မယ္လို႔ သူထင္ထားခဲ့တာ!

မေမၽွာ္လင့္ဘဲ ၿမိဳ႕ခံလူမ်ားက ႐ုန္းရင္းဆန္ခတ္ျဖစ္လာခဲ့ေသာေၾကာင့္ တပည့္မ်ားမွာ ျပင္ဆင္ခ်ိန္မရလိုက္ေပ။ မူယန္က အခ်ိန္မွီသတိေပးခဲ့သည့္တိုင္ စူးစူးဝါးဝါးေအာ္ဟစ္သံမ်ားက တစ္ေနရာၿပီး တစ္ေနရာမွ ရံဖန္ရံခါ ထြက္ေပၚလာခဲ့သည္။

လင္းက်စ္ရန္ဟာ စင္ၾကယ္ေသာနန္းေတာ္မွ တပည့္တစ္ေယာက္ကို ၿမိဳ႕ခံလူအုပ္ကဝါးမ်ိဳလိုက္တာကိုျမင္လိုက္ရၿပီး ထိုက်င့္ႀကံသူမွာ ဘာမွ မတုန႔္ျပန္ရေသးခင္မွာပင္ တစ္စစီ စုတ္ျဖဲခံလိုက္ရေလသည္။ စင္ၾကယ္ေသာနန္းေတာ္မွ တပည့္မ်ားမွာ အေသအေပ်ာက္မ်ားလာခဲ့ေသာ္ သူတို႔​၏ဓါးမ်ားျဖင့္ပ်ံသန္းရန္ျပင္လိုက္ၾကသည္။ သို႔ေသာ္ ေကာင္းကင္ေပၚသို႔ ပ်ံတက္လိုက္သည္ႏွင့္ တားျမစ္ထားေသာစည္းတစ္ခုႏွင့္ ဆုံေတြ႕လိုက္ရၿပီး ေျမျပင္ေပၚသို႔ အရွိန္ျပင္းစြာ ျပဳတ္က်ကုန္ေတာ့သည္။ တခ်ိဳ႕မွာမလြတ္ေျမာက္နိုင္ေတာ့ဘဲ ၿမိဳ႕ခံလူမ်ားရဲ့ဝိုင္းရံျခင္းကိုခံလိုက္သည္။ မူယန္ဟာ လက္တစ္ဖက္ႏွင့္ လင္းက်စ္ရန္ကိုဆုပ္ကိုင္ထားၿပီးက်န္လက္တစ္ဖက္က တိခ်န္ဓါးကိုေဝွ႕ရမ္းလိုက္ကာ တပည့္မ်ားကိုဝိုင္းတားသည့္ ၿမိဳ႕ခံလူမ်ားကို ဟန႔္တားၿပီး အားလုံးအတူတူထြက္ေျပးလို႔ရေအာင္ ခုခံေပးလိုက္ေလ​၏။

တိခ်န္ဓါးက အလြန္အစြမ္းထက္သည္။ ေနာက္သို႔လြင့္သြားေသာၿမိဳ႕ခံလူမ်ားမွာ ေျခလက္မ်ား ျပတ္ကုန္ၾကေသာ္လည္း ေသမွာကိုလုံးဝမေၾကာက္ၾကဘဲ ႐ုန္းကန္ၿပီးသူတို႔ဆီသို႔ တြားသြားလာၾကရာ သူတို႔အားဝိုင္းရံလာသည့္လူမ်ားကပို၍မ်ားျပားလာခဲ့သည္။ ထူထပ္ေသာလူအုပ္ႀကီးက ေၾကာက္ရြံ႕ထိတ္လန႔္ဖြယ္ရာပင္။

လင္းက်စ္ရန္က မေၾကာက္ေပ။

သူက ႐ုတ္တရက္ စိတ္တည္ၿငိမ္သြားခဲ့သည္။

သူက သရဲပဲ ေၾကာက္တာပင္။ဒါေပမယ့္ ဒါေတြက မိစၧာတပ္မွူးရဲ့ ႐ုပ္ေသးေတြဆိုတာ အသိအသာျဖစ္သည္။ မိစၧာတပ္မွူးထြက္လာမယ့္အခ်ိန္ကို ေစာင့္ေနဖို႔သာလိုသည္။ ဒီသခင္ေလး ဘယ္ေလာက္စြမ္းလဲ မင္းသိေစရမယ္!

သူတို႔ဟာ ၿမိဳ႕ျပင္သို႔ေျပးလာခဲ့ေပမယ့္ ၿမိဳ႕ျပင္တြင္လည္း ၿမိဳ႕ခံလူမ်ားက ေစာင့္ေနၾကၿပီး မ်ားမၾကာမီတြင္ သူတို႔ဟာ ၿမိဳ႕ခံလူမ်ား​၏ဝိုင္းရံျခင္းကိုခံလိုက္ရေတာ့သည္...ထိုလူေတြ တိုက္ခိုက္ေတာ့မယ္လို႔သူထင္ခဲ့ေသာ္လည္း ၿမိဳ႕ခံလူမ်ားမွာ မလွုပ္ရွားၾကဘဲေဘးသို႔ အလ်င္အျမန္ ကပ္ကာ ဇာတ္က်ိဳးေနေသာ ရြာသူႀကီးႏွင့္ သူ႔လက္ေမာင္းေပၚရွိ ကေလးမေလးကို လမ္းဖယ္ေပးလိုက္ၾကေလသည္။

လင္းက်စ္ရန္​၏မ်က္ႏွာက မဲေမွာင္သြားခဲ့သည္။ ဒီအျမင္ကပ္စရာေကာင္းတဲ့ ကေလးက ဘာလို႔ဒီမွာရွိေနတာလဲလို႔ သူေတြးခဲ့တာ။ တကယ္ပဲ ဒီကေလးက ျပႆနာရွိေနတာပဲ။

ကေလးမေလးဟာ ရြာသူႀကီး​၏ လက္ေမာင္းေပၚမွခုန္ဆင္းကာ ေျမျပင္ေပၚတြင္ ေလးဘက္ေထာက္ရပ္လိုက္ၿပီး သူတို႔ၾကည့္ရင္း ေႁမြတစ္ေကာင္လို လၽွာသပ္ကာ မွုန္မွိုင္းေသာ အမူအရာျဖင့္ ျပဳံးလိုက္သည္။

" စင္ၾကယ္ေသာနန္းေတာ္ရဲ့ အဖိုးတန္တပည့္ေတြကဘယ္လိုအရသာ ရွိမလဲ သိခ်င္မိသား။ဒီက ကေလးေတြထက္ အမ်ားႀကီးပိုေကာင္း ေနမလား။ "

မူယန္က သူမကို အနီးကပ္ စိုက္ၾကည့္လိုက္သည္။ သူ႔အမူအရာက အလြန္တည္ၾကည္ေန​၏။ သူဟာ စင္ၾကယ္ေသာနန္းေတာ္တြင္ရွိေနခဲ့စဥ္က ေရွးေဟာင္းစာေပမ်ားစြာကို ဖတ္ဖူးခဲ့သည္။ ဒီၿမိဳ႕ခံလူေတြဟာ မိစၧာေလာက က ျပဳလုပ္ထားတဲ့ ႐ုပ္ေသးေတြပင္ ျဖစ္သည္။ သက္ရွိလူသားမ်ားကို လက္ခံေကာင္အျဖစ္အသုံးျပဳကာ မိစၧာသစ္ပင္မ်ားကို စိုက္ပ်ိဳးၿပီး ထိုသစ္သားမ်ားျဖင့္ ႐ုပ္ေသးမ်ားျပဳလုပ္သည္။သူတို႔တြင္ မိစၧာစြမ္းအင္ရွိမေနျခင္းမွာ မိစၧာသစ္သားျဖင့္ျပဳလုပ္ထားေသာ ခႏၶာကိုယ္အခြံလြတ္မ်ားသာ ျဖစ္ေနေသာေၾကာင့္ပင္။ မိစၧာလည္း မဟုတ္လူသားလည္းမဟုတ္ဘဲ သက္မဲ့ပစၥည္းမ်ားလို႔သာ သတ္မွတ္ရမည္။ မိစၧာသစ္ပင္​၏ပိုင္ရွင္က သာ သူတို႔ကိုထိန္းခ်ဳပ္နိုင္သည္။

မိစၧာသစ္သားျဖင့္ ႐ုပ္ေသးေျမာက္ျမားစြာကို ျပဳလုပ္ၿပီးထိန္းခ်ဳပ္ေနသူမွာ သာမန္မိစၧာက်င့္ႀကံသူေတာ့မဟုတ္ရ။ ဒီကေလးမေလး​၏ အသြင္အျပင္ကိုၾကည့္လၽွင္ မိစၧာေလာကရွိ မ်ိဳးႏြယ္စုတစ္ခုကမွန္းသိသာသည္။ ကေလးမေလးက တစ္ခစ္ခစ္ရယ္လိုက္သည္။ သူမဟာ စင္ၾကယ္ေသာနန္းေတာ္က တပည့္ေတြကိုစားမယ္လို႔သာေျပာေနေပမယ့္ သူမရဲ့စူးရဲေနေသာမ်က္လုံးေတြက မူယန႔္ခႏၶာကိုယ္ေပၚတြင္သာရွိေနခဲ့သည္။

လင္းက်စ္ရန္က မ်က္ေမွာင္ၾကဳတ္ၿပီးေတြးလိုက္သည္။ ဇာတ္ညႊန္းထဲတြင္ ရွင္းလင္းစြာေရးမထားေပမယ့္ ဒီအခန္းက မူယန္အတြက္ ေထာင္ေခ်ာက္တစ္ခု ျဖစ္သည္။ မူယန္က ရႊမ္းရန္ရဲ့တပည့္ဆိုတာ လၽွို႔ဝွက္ခ်က္တစ္ခုမဟုတ္ေပ။ ဒါျဖင့္ မိစၧာေလာက က ဘာလို႔ အရဲစြန႔္ၿပီးမူယန္ကို ေထာင္ေခ်ာက္ဆင္ရဲတာလဲ။ ရႊမ္းရန္နဲ႔ ယဲ့လၽွိုရင္ၾကားက ရန္ျငႇိုးက ႀကီးမားလြန္းလို႔ သူ႔တပည့္ကိုေတာင္အလြတ္မေပးနိုင္တာလား။ သူတို႔သာ မူယန္ကို တကယ္ သတ္ပစ္လိုက္ရင္ ရႊမ္းရန္ရဲ့ေဒါသက္ို ခံစားရလိမ့္မယ္...

တပည့္တစ္ေယာက္မွာ ျဖဴေျဖာ့ေနသည္။ သူဟာ ဒဏ္ရာရထားၿပိီးသားျဖစ္ၿပီး သူ႔လက္ထဲရွိ ေက်ာက္စိမ္းအေဆာင္ကို တဇြတ္ထိုး ေခ်မြပစ္လိုက္သည္။ ဒီေက်ာက္စိမ္းအေဆာင္ကသူဂိုဏ္းကိုအကူအညီေတာင္းေနက်ပစၥည္းျဖစ္သည္။ ကေလးမေလးကဒါကိုျမင္ေတာ့ သူမ​၏မ်က္ႏွာမွာခ်က္ခ်င္းေျပာင္းလဲသြားခဲ့ၿပီး ေအာ္ဟစ္လိုက္သည္။ " သတ္ပစ္! "

ၿမိဳ႕ခံလူမ်ားက သူတို႔ဆီသို႔ ဝိုင္းအုံလာၾကျပန္သည္။ တပည့္မ်ားက ျပန္လည္တိုက္ခိုက္သည့္တိုင္ ထိုလူမ်ားမွာ နာက်င္မွုကို မခံစားရသလို ေသမွာလည္းမေၾကာက္ၾကဘဲ စက္စုပ္ရြံရွာဖြယ္ေကာင္းစြာ အေရွ႕သို႔တိုးဝင္လာၾကသည္။ မူယန္တစ္ဦးတည္းသာ စြမ္းအားျမင့္ၿပီး လြယ္ကူစြာခုခံနိုင္သည့္တိုင္ လင္းက်စ္ရန္ႏွင့္ အျခားတပည့္မ်ားကို ကာကြယ္ေပးေနရေသာေၾကာင့္ သူလည္း တျဖည္းျဖည္း အားနည္းလာခဲ့သည္.... ကေလးမေလးက လူအုပ္ၾကားထဲမွ ေလၽွာက္လာခဲ့ၿပီး တပည့္မ်ားကို တစ္ေယာက္ၿပီးတစ္ေယာက္စုတ္ျဖဲပစ္ေလသည္။

အားလုံးက ေမၽွာ္လင့္ခ်က္မဲ့ေနၾကေခ်ၿပီ။ မူယန္​၏မ်က္ႏွာတြင္ ေသြးမ်ားေပက်ံေနၿပီး သူ႔လက္ထဲရွိတိခ်န္ဓါးမွ ဆူညံသံမ်ားထြက္ေပၚေနသည္။ ဒါက ရႊမ္းရန္ရဲ့ နတ္လက္နက္ျဖစ္ေပမယ့္ လပိုင္းေလာက္သာေလ့က်င့္ရေသးေသာေၾကာင့္ သူဟာ တိခ်န္ဓါးရဲ့ စြမ္းအားကို အျပည့္အဝအသုံးမျပဳနိုင္ေသးေပ။

ကေလးမေလး​၏ ပစ္မွတ္က မူယန္ျဖစ္သည္။ သူမက တျခားတပည့္မ်ားကို ဂ႐ုမစိုက္ေတာ့ဘဲ အနက္ေရာင္စပ်စ္ႏြယ္ကိုေဝွ႕ယမ္းကာ မူယန္​၏ဓါးကို ရစ္ပတ္လိုက္ၿပီး အံႀကိတ္ကာ အေရွ႕သို႔ အလ်င္အျမန္တြားသြားလာခဲ့သည္။

လင္းက်စ္ရန္ဟာ သူထပ္ၿပီးေစာင့္မေနသင့္ေတာ့မွန္းသိလိုက္ရသျဖင့္ ေတြေဝျခင္းမရွိဘဲ အေရွ႕သို႔ေျပးလာကာ လက္တစ္ဖက္ႏွင့္ ကေလးမေလး​၏ဦေခါင္းကိုကိုင္ၿပီး သူ႔ဇာတ္ေကာင္​၏တစ္ခုတည္းေသာကၽြမ္းက်င္မွုကိုအသုံးခ်လိုက္လ်က္: ကိုက္လိုက္သည္။

သူဟာ ကေလးမေလး​၏လက္ေမာင္းကို ကိုက္ပစ္လိုက္သည္။

ကေလးမေလးက သူ႔ကိုအထင္ေသးသလိုၾကည့္လိုက္ၿပီး အာ႐ုံေနာက္ေအာင္လုပ္သည့္ လူသားကို ရိုက္သတ္ရန္ ျပင္လိုက္သည္။ သို႔ေသာ္ သူမ​၏ စြမ္းအားမ်ားကို ႐ုတ္တရက္မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ သူမ ခႏၶာကိုယ္ေပၚရွိအေရျပားက အိုမင္းရင့္ေရာ္လာသည္။ သူမ​၏ မူလ ႐ုပ္သြင္က ျဖည္းျဖည္းခ်င္း ေပၚလာခဲ့ၿပီး ရွည္လ်ားခၽြန္ထက္ေသာအျမႇီး၊ ခၽြန္ထက္ေသာ လက္သည္းေျခသည္းမ်ားႏွင့္ ေဒါင္လိုက္က်ဥ္းေျမာင္းေသာ သူငယ္အိမ္မ်ားႏွင့္မ်က္ဝန္းတစ္စုံ ထြက္ေပၚလာခဲ့သည္။

သူမက စူးစူးဝါးဝါးေအာ္ဟစ္လိုက္ၿပီး လင္းက်စ္ရန္ကို အံ့ဩထိတ္လန႔္စြာၾကည့္လိုက္သည္။႐ုတ္တရက္ပင္ သူမဟာ သူမ​၏လက္ေမာင္းကို ျပတ္သားစြာ စုတ္ျဖဲပစ္လိုက္ၿပီး အေနာက္သို႔ ဆယ္မီတာမၽွ ခုန္လိုက္ကာ စူးရဲစြာေအာ္လိုက္သည္။

" နင္ ဘယ္သူလဲ! "

ေသြးမ်ားေပက်ံေနသည့္လင္းက်စ္ရန္​၏ မ်က္ဝန္းမ်ားက မဲေမွာင္ေနၿပီး သူမကို ခံစားခ်က္မဲ့စြာၾကည့္ေနေလသည္။ ၿမိဳ႕ခံလူအားလုံးမွာခ်က္ခ်င္း ရပ္တန႔္သြားခဲ့ၾကသည္။က်ဥ္းထဲက်ပ္ထဲေရာက္ေနသည့္ တပည့္မ်ားမွာလည္း မွင္တက္သြားၾကၿပီး လင္းက်စ္ရန္ႏွင့္ မိစၧာမကို မသကၤာေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ကုန္ၾကသည္။

မိစၧာမဟာ သူမ​၏ အျမႇီးကို ေဒါသတႀကီးခါရမ္းလိုက္ရာ သူမ ကိုယ္ေပၚရွိ လူအေရခြံက ေအာက္သို႔ ျပဳတ္က်သြားခဲ့သည္။ သူမက လင္းက်စ္ရန္ကိုတစ္ခ်က္ၾကည့္လိုက္ကာ လွည့္ထြက္သြားၿပီး ေလေပၚပ်ံတက္သြားခဲ့ေလသည္။ သူမထြက္သြားခဲ့တာႏွင့္ ၿမိဳ႕ခံလူမ်ားမွာ အ႐ုပ္ႀကိဳးပ်က္ျဖစ္သြားၾကၿပီး တစ္ေယာက္ၿပီးတစ္ေယာက္လဲက်သြားကာ လွုပ္ရွားမွုမရွိေတာ့ေပ။

လင္းက်စ္ရန္ဟာ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္သည္။ သူက လက္ျဖင့္ ႏွုတ္ခမ္းေပၚရွိေသြးမ်ားကို ပြတ္သုတ္လိုက္ၿပီး ေခါင္းလွည့္ၾကည့္လိုက္ေသာ္ ထင္တဲ့အတိုင္းပင္ တပည့္မ်ားက သူ႔ကိုေၾကာက္ရြံ႕စြာၾကည့္ေနၾကသည္။ သို႔ေသာ္ သူဂ႐ုမစိုက္။ ေမ့ေမ်ာမသြားခင္ သူေတြးလိုက္တာက: ေလာင္ဇီေတာ့ နတ္မိမယ္ေလးအတြက္ ရဲရဲဝင့္ဝင့္ တိုက္ပြဲဝင္နိုင္ခဲ့ၿပီ....မူရန္ထက္ ပိုၿပီးရြံစရာေကာင္းတဲ့ မေကာင္းဆိုးဝါးတစ္ေကာင္ကိုေတာင္ သူအနိုင္ယူ နိုင္ခဲ့သည္။

(TN/ မူရန္က အေရွ႕အပိုင္းေတြတုန္းက ပါခဲ့တဲ့ အေျမႇာက္စာ)

💙💚💙💚💙💚

واصل القراءة

ستعجبك أيضاً

384K 27.1K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
MY Crush Is My Step-Father بواسطة V V Kit

الخيال (فانتازيا)

791K 31.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
650K 71.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
744K 57K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင္းကိုသိပ္မုန္းတယ္ေမာင္" "ေမာင္မင္းကိုရေအာင္ျပန္ကယ္မယ္ ေမာင့္လူဆိုး...