အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

235K 44.6K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

194

2.5K 501 30
By Melinoe_Megami

Unicode

ယဲ့ကျန့်ဟန်..!

ထိုအမျိုးသားကိုကြည့်ရင်း ခြူးမုယွင်၏ မျက်ဝန်းအိမ်ထဲတွင် အံ့ဩရိပ်များ ဖြတ်သန်းသွား၏။ ဖြစ်စဉ်တစ်ခုလုံးကို ချက်ချင်း ပြန်တွေးကာ မိနစ်တိုင်း၊ စက္ကန့်တိုင်းပါမကျန် ပြန်လည်ဆန်းစစ်၍ အမှားလုပ်မိသည့် နေရာကို ကြိုးစားရှာဖွေလိုက်သည်။

သို့သော် မည်သည့်နေရာမျှ အမှားအယွင်းမရှိ။

သူကိုယ်တိုင် ယဲ့ကျန့်ဟန်၏ စိတ်ဝိဉာဉ်အပိုင်းအစကို ကြိုတင်ဖယ်ထုတ်ထားပြီးသားဖြစ်ရာ မူလခန္ဓာကိုယ်နှင့် ဆက်နွယ်မှုမရှိဘဲ ပေါင်းစည်းနိုင်မည်မဟုတ်ပေ။

သို့သော် သူ၏အရှေ့မှ အမျိုးသားဟာ တကယ့်ကို ယဲ့ကျန့်ဟန်ဖြစ်နေသည်။

ဘယ်နေရာမှာ မှားယွင်းသွားတာလဲ..?

လက်ရှိအချိန်မှာတော့ သူလည်း နားမလည်သေးပေ။ ထို့ကြောင့် ဖြစ်ပျက်သမျှကို စောင့်ကြည့်ရန်သာ တတ်နိုင်တော့သည်။

တစ်ခဏမျှ အံ့အားသင့်ပြီးနောက် ခြူးမုယွင်၏ မျက်ဝန်းနက်နက်များသည် ပြန်လည်တည်ငြိမ်သွားပြီး စိတ်အေးလက်အေး ဟန်ပန်အမူအရာမျိုး ပြန်ဖြစ်သွား၏။

ယဲ့ကျန့်ဟန်မှာ ထိုမြင်ကွင်းကို စောင့်ကြည့်ရင်း ရင်ခုန်မြန်လာသလို ခံစားလိုက်ရသည်။ ထိုအမျိုးသား၏ မျက်နှာလေးသည် တကယ့်ကို ညှို့ဓာတ်ပြင်းကာ ဆွဲဆောင်နိုင်လွန်းပေသည်။

နောက်ဆုံးတော့ သူ ထိုအမျိုးသားကို ထိတွေ့နိုင်ခဲ့သည်။ ရေခဲကျောက်သဖွယ် ဖြူဆွတ်သော အသားအရေသည် သူထင်ထားသလို ချောမွေ့သော်ငြား အရမ်းမနူးညံ့ပေ။ ထိရှလွယ်သယောင် ထင်မှတ်ရသော်ငြား တကယ်တမ်းတွင် အားအင်အပြည့်ဖြင့်။ အားနည်းပျော့ညံ့သော အသွင်အပြင်အောက် ဖုံးကွယ်တည်ရှိနေသော စိတ်ဝိဉာဉ်၏ စွမ်းအားများပင်။

ယဲ့ကျန့်ဟန်သည် ဘာမှမရှင်းပြဘဲ သူ၏ လက်ချောင်းများဖြင့် ခြူးမုယွင်၏ ခန္ဓာကိုယ်ကို တစ်လက်မချင်း၊ ဖြည်းဖြည်းချင်း၊ တတိတိဖြင့် ဖျစ်ညှစ်ပွတ်သပ်နေလေ၏။

ဤကား စစ်တုရင်ကစားပွဲကဲ့သို့ပင်၊ ဖိအားများသော အခြေအနေမျိုးတွင် အရင်ဆုံး လှုပ်ရှားမိသူက သူ၏အတွေးကို ထုတ်ဖော်လျက်သား ဖြစ်သွားရလိမ့်မည်။ ကိုယ့်ဘက်က အရင်မလှုပ်ရှားဘဲ အားပြိုင်မှုကို ဆက်ထိန်းထားနိုင်သရွေ့ တစ်ဖက်လူ၏ စိတ်ကို အပြင်းအထန် လှုံ့ဆော်နိုင်လိမ့်မည်။ ဆွဲဆန့်ခံလိုက်ရသော သံချောင်းတစ်ချောင်းနှယ်၊ ကျိုးပျက်မသွားဘဲ ၎င်း၏ ချွန်ထက်မှုဖြင့် တစ်ဖက်လူကို တိုက်ခိုက်နိုင်စွမ်းသည်။

အတိအလင်း ရန်စခံနေရသည့်တိုင် ခြူးမုယွင်၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှမရှိ။ သူက ယဲ့ကျန့်ဟန်ကို တည်တည်ငြိမ်ငြိမ် မော့ကြည့်နေပြီး ရေခဲတောင်ထိပ်မှ နှင်းပွင့်များနှယ် တစ်ဖက်လူ၏စိတ်ကို အေးခဲသွား‌စေလောက်သည့် လေသံမျိုးဖြင့် အေးတိအေးစက် ပြောလိုက်သည်။ “ဒါက ခင်ဗျားရဲ့ ကျေးဇူးဆပ်နည်းလား..?”

ပြီးနောက် ခပ်သောသော ရယ်လေသည်။ သူ၏ နှုတ်ခမ်းထောင့်ဝယ် ထေ့ငေါ့လှောင်ပြောင်လိုဟန်အပြည့်…

ခြူးမုယွင် သူ့ကို ရန်စနေမှန်း ယဲ့ကျန့်ဟန် သိလိုက်သည်။ အရိုးရှင်းဆုံးနှင့် သက်ရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုပင်။ လူသားများသည် ခံစားချက်ကို ထိပါးလိုက်သည်နှင့် သူတို့၏ အားနည်းချက်ကို မထိန်းချုပ်နိုင်အောင် ဖော်ပြလာတတ်သည်။ မည်သူမျှ ခြွင်းချက်မရှိ။

ယဲ့ကျန့်ဟန်အနေဖြင့် ဤသို့ ရှင်းရှင်းလင်းလင်း နားလည်နေသောကြောင့် ထိုအကွက်ကို ရှောင်ရှားလိုက်သင့်သည်။ သို့သော် သူ မလုပ်ချင်ခဲ့ပေ။ အနှီအမူအရာနှင့် စကားလုံးများ သူ၏ရင်ဘတ်ကို ထိမှန်သွားချိန်တွင် ယဲ့ကျန့်ဟန်၏ နှလုံးအိမ်ထဲမှ လျှို့ဝှက်အပ်သော စိတ်ဆန္ဒပြင်းပြင်းများ ကြွတက်လာရ၏။

ဤအမျိုးသားသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင်လည်ခဲ့ဖူးသူလို၊ သူ၏အောက်တွင် လဲလျောင်းပြီး စော်ကား အနိုင်ကျင့်ခံနေရသည့်တိုင် သူ့အား အေးတိအေးစက် မော့ကြည့်ရင်း မောက်မာထောင်လွှားစွာဖြင့် အထင်အမြင်သေးနေဆဲ။

သူ၏ စိတ်ကူးမှန်သမျှ၊ လုပ်ဆောင်ချက်မှန်သမျှ ဖောက်ထွင်းမြင်နေပြီး သူ့အား အလိုလိုက် အကြိုက်ဆောင်ကာ လုပ်ဆောင်ခွင့် ပေးထားသလို ပြုမူနေလေသည်။

အကြံကြီးသော ဝံပုလွေတစ်ကောင် ဖြစ်လာမည်ဆိုလျှင်ပင် ခွင့်ပြုပေးထားသယောင်…

ယဲ့ကျန့်ဟန်သည် ရုတ်တရက် ခေါင်းငုံ့ကာ ခြူးမုယွင်အား အကြမ်းပတမ်း နမ်းရှိုက်လိုက်တော့သည်။

သူ၏ နှုတ်ခမ်းများသည် ပူလောင်နေသော်ငြား ခြူးမုယွင်၏ နှုတ်ခမ်းနှစ်လွှာကတော့ အေးစက်နေလေ၏။ နေမကောင်းသောကြောင့် ဖြစ်နိုင်သည်။ နှုတ်ခမ်းသားများသည် စက္ကူဖြူတစ်စနှယ် သွေးရောင်ပျောက်နေပြီး အားနည်းလွန်းရကား အကြမ်းပတမ်း ကိုက်ခဲမှုဒဏ်ကို ခံနိုင်ရည်မရှိခဲ့ပေ။ ဒဏ်ရာပေါ် ဒဏ်ရာဆင့်လို့ ကိုက်ရာခဲရာများဖြင့် ပြည့်နှက်နေတော့သည်။

တကယ်တော့ ယဲ့ကျန့်ဟန်သည် ခြူးမုယွင်၏ ဖရိုဖရဲပုံစံလေးကို မြင်တွေ့လိုခြင်းသာ။ အကျင့်သိက္ခာ ပျက်ပြားလေ၊ များများ ညစ်ညမ်းလေ၊ ပို၍ကောင်းလေပင်။ ထိုသို့သော အတွေးမျိုးသည် အလွန့်အလွန် ဥပါဒါန်ပြင်းထန်လှပေ၏။ အကြောင်းမှာ ထိုအရာကို မပိုင်ဆိုင်နိုင်သောကြောင့်၊ အနိုင်မရသောကြောင့်ပင်။ အစမှအဆုံးတိုင် လျစ်လျူရှုတတ်သော ထိုနှလုံးသားနှင့် နီးစပ်ခွင့်မရခဲ့သောကြောင့်  အမုန်းဖြစ်စေကာမူ အနည်းဆုံးတော့ တစ်ဖက်လူ၏ မျက်လုံးထဲ ရှိနေချင်မိသည်။

ထိုအတွေးမျိုးက ယဲ့ကျန့်ဟန်နှင့် မသက်ဆိုင်သလို ယဲ့ကျန့်ဟန်ကိုယ်တိုင်ကလည်း ခြူးမုယွင်အပေါ် အရူးအမူး မစွဲလမ်းသင့်မှန်း ရှင်းရှင်းလင်းလင်း သိနေသည်။ သို့သော် သူ မရပ်တန့်နိုင်ခဲ့ပေ။

မီးပုံထဲ ဝင်တိုးသော ပိုးဖလံငယ်သဖွယ်၊ မီး၏အပူရှိန်ကြောင့် ပျံသန်းနေသည်ကို ရပ်တန့်သွားမည်မဟုတ်၊ မှန်းမျှော်အပ်သော အလင်းရောင်၊ အနွေးဓာတ်တို့ကို ခံစားရသဖြင့် ပို၍ပင် လောဘတကြီး တိုးဝင်မိချေဦးမည်။

ယဲ့ကျန့်ဟန်၏ အနမ်းသည် မနူးညံ့သော်ငြား မယုံကြည်နိုင်လောက်အောင် ကျွမ်းကျင်မှုရှိလှ၏။ ခြူးမုယွင်၏ မျက်ဝန်းအစုံသည် ကြည်လင်နေသော်ငြား နှုတ်ခမ်းများမှာမူ ရဲရဲစိုလျက်၊ ခပ်ကြမ်းကြမ်း ပွတ်သပ်မှုကြောင့် ပါးပြင်နှစ်ဖက်က အနီသွေးခြယ်နေတော့သည်။ အနည်းငယ် မောဟိုက်နေဟန်ဖြင့် ပြန်လည်တွန်းလှန်နေသော ပုံစံလေးသည် ကျိုးပဲ့လွယ်သယောင် ထင်မှတ်ရသော်လည်း အသွေးထဲအသားထဲမှ ခွန်အားများဖြင့် အချုပ်အနှောင်မှန်သမျှကို ရုန်းဖြတ်လျက်၊ တစ်ကိုယ်လုံးကို လွှမ်းခြုံထားခဲ့သည်။

ယဲ့ကျန့်ဟန်၏ နှုတ်ခမ်းထောင့်များ အသာကော့တက်သွားသည်။

“မင်းလုပ်နေပုံက ယောက်ျားတွေရဲ့ အနိုင်လိုချင်စိတ်ကိုပဲ လှုံ့ဆော်မိလိမ့်မယ်..”

ခြူးမုယွင်က ဘာမှမတုံ့ပြန်ခဲ့ပေ။

သူ သတိရှိနေမှဖြစ်မည်။ အိပ်ပျော်သွားသည်နှင့် အလွန်အရေးကြီးသည့် ကိစ္စများ လက်လွတ်ရလိမ့်မည်။ ထိုအခါ သူ့အတွက် အခွင့်အရေး ဆုံးရှုံးသွားလိမ့်မည်။

ယဲ့ကျန့်ဟန်နှင့် ရင်ဆိုင်နေချိန်တွင် ကိုယ်ဟန်အမူအရာအရ အားနည်းပြ၍ရသော်လည်း တကယ် အားနည်းနေ၍မဖြစ်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသားဟာ ရက်စက်ဆာလောင်နေသော မျက်ဝန်းများဖြင့် သားကောင်၏ အားနည်းချက်ကို မမှိတ်မသုန် စောင့်ကြည့်နေတတ်သော ဝံပုလွေတစ်ကောင် ဖြစ်သောကြောင့်ပင်။ သူ့လက်ထဲ ကျရောက်သွားသည်နှင့် တစ်ခါတည်း အမှောက်သိပ်ခံရလိမ့်မည်။

ခြူးမုယွင် ဘာမှမပြောသောအခါ ယဲ့ကျန့်ဟန်သည်လည်း စကားလုံးများဖြင့် ရန်မစတော့ပေ။ ထိုအစား တစ်စထက်တစ်စ ပိုမိုကြမ်းတမ်းစွာ နမ်းရှိုက်လာခဲ့၏။ ခြူးမုယွင်အပေါ် အခွင့်အရေးယူနေမှန်း အသိသာချည်းပင်။

ခြူးမုယွင်ခမျာ အသက်ရှူရန် မနည်းကြိုးစားလိုက်ရပြီး အားယူကာ ပြန်ပြောခဲ့သည်။

“ဒီလိုမျိုးတွေလုပ်နေလည်း ကျုပ် ဂရုမစိုက်ဘူး..”

ခြူးမုယွင် ဘာကိုရည်ညွှန်းမှန်း သူတို့နှစ်ယောက်လုံး နားလည်သည်။

ရုပ်ပိုင်းဆိုင်ရာ စော်ကားအရှက်ခွဲခံရခြင်းက ခြူးမုယွင်အတွက် ဘာမှမဟုတ်။ ဤသို့ မထိတထိ ကျီစယ်နေသည်ကို အသာထား၊ ယဲ့ကျန့်ဟန်ဘက်မှ အတင်းအဓမ္မ အနိုင်ကျင့်လာလျှင်ပင် ခြူးမုယွင်က အဖက်လုပ်မည်မဟုတ်ပေ။

ယဲ့ကျန့်ဟန်က ခပ်ယောင်ယောင် ပြုံးလိုက်ရင်း သူ၏လှုပ်ရှားမှုများသည် ပို၍ပင် ညစ်ညမ်းလာခဲ့၏။

“ဒါပေမဲ့ ကိုယ် ဂရုစိုက်တယ်လေ..”

ခြူးမုယွင် မျက်မှောင်ကြုတ်လိုက်သည်။

ယဲ့ကျန့်ဟန်က ခြူးမုယွင်၏ ဖြူဥနေသော နားသန်သီးလေးကို ပွတ်သပ်ရင်း ကလူ၏သို့မြူ၏သို့ ပြောလာသည်။

“တစ်ချိန်လုံး မင်းအကြောင်းပဲ တွေးနေမိတာ..”

ဩရှရှအသံက ရင်ဖိုစိတ်လှုပ်ရှားဖွယ်… သူကိုယ်တိုင်ပင် သတိမထားမိသော ချစ်ခြင်းတရားများ ပါဝင်နေလေ၏။ အချစ်ဦးကို ရူးရူးမူးမူး စွဲလမ်းနေပြီး ချစ်ရသူကို အသည်းအသန် မြည်းစမ်းချင်နေသော လူပျိုပေါက်လေးကဲ့သို့ ဖြစ်နေတော့သည်။

ခြူးမုယွင်၏ရင်ထဲ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

“Zero.. ‘အစားကြူးခြင်း’ရဲ့ ပုံတူပန်းချီကား အခြေအနေ..???”

Zero : “အ… အ… အ… အများကြီး လင်းလာပြီ..!”

ခြူးမုယွင် ကြောင်အ,သွားသည်။

ယဲ့ကျန့်ဟန်သည် အမြတ်တနိုး တန်ဖိုးထားအပ်သော နတ်ဘုရားလေးအား နမ်းရှိုက်နေသကဲ့သို့ ခြူးမုယွင်အား တစ်လက်မ,မကျန် သိမ်မွေ့နူးညံ့စွာ အနမ်းခြွေနေတော့သည်။ ပြီးနောက် အလေးဂရုပြုစွာ မေးလာသည်။

“မင်းရဲ့နာမည်လေး ပြောပြလို့မရဘူးလား..?"

ခြူးမုယွင်ခမျာ နေရာတချို့ ကျူးကျော်ခံလိုက်ရသဖြင့် ပင့်သက်ရှိုက်လိုက်မိ၏။ စကားပြောရန် နေနေသာသာ အသံတစ်သံပင် မထွက်နိုင်ခဲ့ချေ။

ယဲ့ကျန့်ဟန်သည် မယုံကြည်နိုင်လောက်အောင် စိတ်ရှည်နေဟန်ဖြင့် ခြူးမုယွင်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးရင်း.. “လင်းမု.. ရှန်ယွင်.. ဒါတွေအားလုံး နာမည်အတုတွေချည်းပဲ..” သူ၏ နှလုံးအိမ်ထဲတွင် ဖော်ပြ၍မရသော စိတ်ကျေနပ်ခြင်းများ ပြည့်လျှံလာပြီး သူ၏အသံလည်း ပိုမိုနူးညံ့လာခဲ့သည်။ “မင်းက တကယ်တမ်း ဘယ်သူများလဲ..?”

ခြူးမုယွင်က အောက်နှုတ်ခမ်းကိုက်ကာ အသံတိတ် တောင့်ခံထား၏။

ယဲ့ကျန့်ဟန်က ထပ်မေးပြန်သည်။ : “မင်းတကယ်လိုချင်တာ ဘာလဲ..?”

ကံဆိုးစွာဖြင့် ခြူးမုယွင်က အဖြေတစ်ခုပင် ပြန်မပေးခဲ့ချေ။

ထိုနေ့ညက ညတာရှည်ခဲ့သည်။ ခြူးမုယွင်သည် အဆုံးထိ မတောင့်ခံနိုင်ခဲ့သော်လည်း ယောက်ျားတစ်ယောက်၏ ရူးသွပ်မှုကို နှိုးဆွနိုင်သော ညည်းသံခပ်အုပ်အုပ်လေးမှအပ၊ ယဲ့ကျန့်ဟန်အား ဘာမှမပြောခဲ့သလို သူမေးသမျှ မေးခွန်းတိုင်းကိုလည်း လုံးဝပြန်မဖြေခဲ့ပေ။

မနက်မိုးသောက်ချိန်အထိ ခြူးမုယွင် သတိရှိနေဆဲ… တကယ့်ကို ခက်ခဲခဲ့သည်။

သို့သော် တန်သည်။

တစ်ညလုံး သူ့ကို မှောက်လိုက်လှန်လိုက် လုပ်သွားသော အမျိုးသားကား ပျောက်ကွယ်သွားချေ၏။ သူ၏နေရာတွင် ဆံနွယ်နက်နက် အသားဖြူဖြူဖြင့် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာရှိသော ကလေးငယ်တစ်ယောက် ပေါ်လာပြီး မတန်တဆ ကြီးမားသော အဝတ်ပုံကြီးကြား သေးသေးကွေးကွေးလေး အိပ်ပျော်နေလေသည်။ ကြွေရုပ်လေးသဖွယ် ချစ်စရာကောင်းသော ကလေးငယ်လေးပင်။

လက်စသတ်တော့ ဒီလိုကိုး..!

ခြူးမုယွင်၏စိတ်ထဲ ကောက်ချက်ချလိုက်သည်။ ပြီးနောက် အိပ်ရာပေါ်လှဲကာ ကောင်ငယ်လေး၏ အနက်ရောင်ဆံနွယ်ရှည်များကို ဆော့ကစားနေလိုက်သည်။

အချိန်တစ်ခု လွန်မြောက်သောအခါ အိပ်ပျော်နေသော ကလေးငယ်သည် ရုတ်ချည်း မျက်လုံးပွင့်လာ၏။ သူ၏ မျက်ဝန်းများက ဇဝေဇဝါဖြစ်နေသလို။ ပြီးနောက် ဖန်သားသဖွယ် ကြည်လင်တောက်ပသော မျက်ဝန်းအိမ်ထဲတွင် အမျက်ဒေါသများ စိုးမိုးလာပြီး အိပ်ရာပေါ်မှ ထထိုင်ကာ ခြူးမုယွင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လာခဲ့သည်။

ခြူးမုယွင်က သူ့ကို ပြုံးပြလိုက်သည်။ ထိုအပြုံးက သိပ်မပီပြင်သော်ငြား နူးညံ့သိမ်မွေ့လှ၏။

“ငါ မင်းကို နာကျင်ခံစားရအောင် လုပ်ခဲ့မိတယ်..”

ထိုသို့ပြောပြီးနောက် သူ၏မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားပြီး အက်ကွဲနေသော အသံက နားထောင်သူကိုပင် စိတ်မချမ်းမြေ့စေသည်။

ကောင်လေးလည်း သူ့အတွက် အမှန်တကယ် စိတ်ပူသွားပြီး..

“ခင်ဗျား ဘာဖြစ်နေတာလဲ..?”

“အာ..” စကားပြောနိုင်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သဖြင့် ကိုယ့်ကိုယ်ကို အံ့ဩတကြီး ပြန်ငုံ့ကြည့်မိလိုက်သည်။

သူ လူဖြစ်သွားတာပဲဟ..!

………………………………………….

TN : ဒီ arc က နောက် ၁၀ ပိုင်းကျော်ကျော်ဆို ပြီးပါပြီနော်။ ဟဲဟဲ

Click ပေးကြပါဦး 💜

………………………………………….

Zawgyi

ယဲ့က်န႔္ဟန္..!

ထိုအမ်ိဳးသားကိုၾကည့္ရင္း ျခဴးမုယြင္၏ မ်က္ဝန္းအိမ္ထဲတြင္ အံ့ဩရိပ္မ်ား ျဖတ္သန္းသြား၏။ ျဖစ္စဥ္တစ္ခုလုံးကို ခ်က္ခ်င္း ျပန္ေတြးကာ မိနစ္တိုင္း၊ စကၠန႔္တိုင္းပါမက်န္ ျပန္လည္ဆန္းစစ္၍ အမွားလုပ္မိသည့္ ေနရာကို ႀကိဳးစားရွာေဖြလိုက္သည္။

သို႔ေသာ္ မည္သည့္ေနရာမွ် အမွားအယြင္းမရွိ။

သူကိုယ္တိုင္ ယဲ့က်န႔္ဟန္၏ စိတ္ဝိဉာဥ္အပိုင္းအစကို ႀကိဳတင္ဖယ္ထုတ္ထားၿပီးသားျဖစ္ရာ မူလခႏၶာကိုယ္ႏွင့္ ဆက္ႏြယ္မႈမရွိဘဲ ေပါင္းစည္းႏိုင္မည္မဟုတ္ေပ။

သို႔ေသာ္ သူ၏အေရွ႕မွ အမ်ိဳးသားဟာ တကယ့္ကို ယဲ့က်န႔္ဟန္ျဖစ္ေနသည္။

ဘယ္ေနရာမွာ မွားယြင္းသြားတာလဲ..?

လက္ရွိအခ်ိန္မွာေတာ့ သူလည္း နားမလည္ေသးေပ။ ထို႔ေၾကာင့္ ျဖစ္ပ်က္သမွ်ကို ေစာင့္ၾကည့္ရန္သာ တတ္ႏိုင္ေတာ့သည္။

တစ္ခဏမွ် အံ့အားသင့္ၿပီးေနာက္ ျခဴးမုယြင္၏ မ်က္ဝန္းနက္နက္မ်ားသည္ ျပန္လည္တည္ၿငိမ္သြားၿပီး စိတ္ေအးလက္ေအး ဟန္ပန္အမူအရာမ်ိဳး ျပန္ျဖစ္သြား၏။

ယဲ့က်န႔္ဟန္မွာ ထိုျမင္ကြင္းကို ေစာင့္ၾကည့္ရင္း ရင္ခုန္ျမန္လာသလို ခံစားလိုက္ရသည္။ ထိုအမ်ိဳးသား၏ မ်က္ႏွာေလးသည္ တကယ့္ကို ညႇိဳ႕ဓာတ္ျပင္းကာ ဆြဲေဆာင္ႏိုင္လြန္းေပသည္။

ေနာက္ဆုံးေတာ့ သူ ထိုအမ်ိဳးသားကို ထိေတြ႕ႏိုင္ခဲ့သည္။ ေရခဲေက်ာက္သဖြယ္ ျဖဴဆြတ္ေသာ အသားအေရသည္ သူထင္ထားသလို ေခ်ာေမြ႕ေသာ္ျငား အရမ္းမႏူးညံ့ေပ။ ထိရွလြယ္သေယာင္ ထင္မွတ္ရေသာ္ျငား တကယ္တမ္းတြင္ အားအင္အျပည့္ျဖင့္။ အားနည္းေပ်ာ့ညံ့ေသာ အသြင္အျပင္ေအာက္ ဖုံးကြယ္တည္ရွိေနေသာ စိတ္ဝိဉာဥ္၏ စြမ္းအားမ်ားပင္။

ယဲ့က်န႔္ဟန္သည္ ဘာမွမရွင္းျပဘဲ သူ၏ လက္ေခ်ာင္းမ်ားျဖင့္ ျခဴးမုယြင္၏ ခႏၶာကိုယ္ကို တစ္လက္မခ်င္း၊ ျဖည္းျဖည္းခ်င္း၊ တတိတိျဖင့္ ဖ်စ္ညႇစ္ပြတ္သပ္ေနေလ၏။

ဤကား စစ္တုရင္ကစားပြဲကဲ့သို႔ပင္၊ ဖိအားမ်ားေသာ အေျခအေနမ်ိဳးတြင္ အရင္ဆုံး လႈပ္ရွားမိသူက သူ၏အေတြးကို ထုတ္ေဖာ္လ်က္သား ျဖစ္သြားရလိမ့္မည္။ ကိုယ့္ဘက္က အရင္မလႈပ္ရွားဘဲ အားၿပိဳင္မႈကို ဆက္ထိန္းထားႏိုင္သေ႐ြ႕ တစ္ဖက္လူ၏ စိတ္ကို အျပင္းအထန္ လႈံ႕ေဆာ္ႏိုင္လိမ့္မည္။ ဆြဲဆန႔္ခံလိုက္ရေသာ သံေခ်ာင္းတစ္ေခ်ာင္းႏွယ္၊ က်ိဳးပ်က္မသြားဘဲ ၎၏ ခြၽန္ထက္မႈျဖင့္ တစ္ဖက္လူကို တိုက္ခိုက္ႏိုင္စြမ္းသည္။

အတိအလင္း ရန္စခံေနရသည့္တိုင္ ျခဴးမုယြင္၏ မ်က္ႏွာေပၚတြင္ မည္သည့္ခံစားခ်က္မွ်မရွိ။ သူက ယဲ့က်န႔္ဟန္ကို တည္တည္ၿငိမ္ၿငိမ္ ေမာ့ၾကည့္ေနၿပီး ေရခဲေတာင္ထိပ္မွ ႏွင္းပြင့္မ်ားႏွယ္ တစ္ဖက္လူ၏စိတ္ကို ေအးခဲသြား‌ေစေလာက္သည့္ ေလသံမ်ိဳးျဖင့္ ေအးတိေအးစက္ ေျပာလိုက္သည္။ “ဒါက ခင္ဗ်ားရဲ႕ ေက်းဇူးဆပ္နည္းလား..?”

ၿပီးေနာက္ ခပ္ေသာေသာ ရယ္ေလသည္။ သူ၏ ႏႈတ္ခမ္းေထာင့္ဝယ္ ေထ့ေငါ့ေလွာင္ေျပာင္လိုဟန္အျပည့္…

ျခဴးမုယြင္ သူ႔ကို ရန္စေနမွန္း ယဲ့က်န႔္ဟန္ သိလိုက္သည္။ အ႐ိုးရွင္းဆုံးႏွင့္ သက္ေရာက္မႈအရွိဆုံး နည္းလမ္းတစ္ခုပင္။ လူသားမ်ားသည္ ခံစားခ်က္ကို ထိပါးလိုက္သည္ႏွင့္ သူတို႔၏ အားနည္းခ်က္ကို မထိန္းခ်ဳပ္ႏိုင္ေအာင္ ေဖာ္ျပလာတတ္သည္။ မည္သူမွ် ႁခြင္းခ်က္မရွိ။

ယဲ့က်န႔္ဟန္အေနျဖင့္ ဤသို႔ ရွင္းရွင္းလင္းလင္း နားလည္ေနေသာေၾကာင့္ ထိုအကြက္ကို ေရွာင္ရွားလိုက္သင့္သည္။ သို႔ေသာ္ သူ မလုပ္ခ်င္ခဲ့ေပ။ အႏွီအမူအရာႏွင့္ စကားလုံးမ်ား သူ၏ရင္ဘတ္ကို ထိမွန္သြားခ်ိန္တြင္ ယဲ့က်န႔္ဟန္၏ ႏွလုံးအိမ္ထဲမွ လွ်ိဳ႕ဝွက္အပ္ေသာ စိတ္ဆႏၵျပင္းျပင္းမ်ား ႂကြတက္လာရ၏။

ဤအမ်ိဳးသားသည္ ႏွစ္ေပါင္းမေရမတြက္ႏိုင္ေအာင္ က်င္လည္ခဲ့ဖူးသူလို၊ သူ၏ေအာက္တြင္ လဲေလ်ာင္းၿပီး ေစာ္ကား အႏိုင္က်င့္ခံေနရသည့္တိုင္ သူ႔အား ေအးတိေအးစက္ ေမာ့ၾကည့္ရင္း ေမာက္မာေထာင္လႊားစြာျဖင့္ အထင္အျမင္ေသးေနဆဲ။

သူ၏ စိတ္ကူးမွန္သမွ်၊ လုပ္ေဆာင္ခ်က္မွန္သမွ် ေဖာက္ထြင္းျမင္ေနၿပီး သူ႔အား အလိုလိုက္ အႀကိဳက္ေဆာင္ကာ လုပ္ေဆာင္ခြင့္ ေပးထားသလို ျပဳမူေနေလသည္။

အႀကံႀကီးေသာ ဝံပုေလြတစ္ေကာင္ ျဖစ္လာမည္ဆိုလွ်င္ပင္ ခြင့္ျပဳေပးထားသေယာင္…

ယဲ့က်န႔္ဟန္သည္ ႐ုတ္တရက္ ေခါင္းငုံ႔ကာ ျခဴးမုယြင္အား အၾကမ္းပတမ္း နမ္းရႈိက္လိုက္ေတာ့သည္။

သူ၏ ႏႈတ္ခမ္းမ်ားသည္ ပူေလာင္ေနေသာ္ျငား ျခဴးမုယြင္၏ ႏႈတ္ခမ္းႏွစ္လႊာကေတာ့ ေအးစက္ေနေလ၏။ ေနမေကာင္းေသာေၾကာင့္ ျဖစ္ႏိုင္သည္။ ႏႈတ္ခမ္းသားမ်ားသည္ စကၠဴျဖဴတစ္စႏွယ္ ေသြးေရာင္ေပ်ာက္ေနၿပီး အားနည္းလြန္းရကား အၾကမ္းပတမ္း ကိုက္ခဲမႈဒဏ္ကို ခံႏိုင္ရည္မရွိခဲ့ေပ။ ဒဏ္ရာေပၚ ဒဏ္ရာဆင့္လို႔ ကိုက္ရာခဲရာမ်ားျဖင့္ ျပည့္ႏွက္ေနေတာ့သည္။

တကယ္ေတာ့ ယဲ့က်န႔္ဟန္သည္ ျခဴးမုယြင္၏ ဖ႐ိုဖရဲပုံစံေလးကို ျမင္ေတြ႕လိုျခင္းသာ။ အက်င့္သိကၡာ ပ်က္ျပားေလ၊ မ်ားမ်ား ညစ္ညမ္းေလ၊ ပို၍ေကာင္းေလပင္။ ထိုသို႔ေသာ အေတြးမ်ိဳးသည္ အလြန႔္အလြန္ ဥပါဒါန္ျပင္းထန္လွေပ၏။ အေၾကာင္းမွာ ထိုအရာကို မပိုင္ဆိုင္ႏိုင္ေသာေၾကာင့္၊ အႏိုင္မရေသာေၾကာင့္ပင္။ အစမွအဆုံးတိုင္ လ်စ္လ်ဴရႈတတ္ေသာ ထိုႏွလုံးသားႏွင့္ နီးစပ္ခြင့္မရခဲ့ေသာေၾကာင့္  အမုန္းျဖစ္ေစကာမူ အနည္းဆုံးေတာ့ တစ္ဖက္လူ၏ မ်က္လုံးထဲ ရွိေနခ်င္မိသည္။

ထိုအေတြးမ်ိဳးက ယဲ့က်န႔္ဟန္ႏွင့္ မသက္ဆိုင္သလို ယဲ့က်န႔္ဟန္ကိုယ္တိုင္ကလည္း ျခဴးမုယြင္အေပၚ အ႐ူးအမူး မစြဲလမ္းသင့္မွန္း ရွင္းရွင္းလင္းလင္း သိေနသည္။ သို႔ေသာ္ သူ မရပ္တန႔္ႏိုင္ခဲ့ေပ။

မီးပုံထဲ ဝင္တိုးေသာ ပိုးဖလံငယ္သဖြယ္၊ မီး၏အပူရွိန္ေၾကာင့္ ပ်ံသန္းေနသည္ကို ရပ္တန႔္သြားမည္မဟုတ္၊ မွန္းေမွ်ာ္အပ္ေသာ အလင္းေရာင္၊ အေႏြးဓာတ္တို႔ကို ခံစားရသျဖင့္ ပို၍ပင္ ေလာဘတႀကီး တိုးဝင္မိေခ်ဦးမည္။

ယဲ့က်န႔္ဟန္၏ အနမ္းသည္ မႏူးညံ့ေသာ္ျငား မယုံၾကည္ႏိုင္ေလာက္ေအာင္ ကြၽမ္းက်င္မႈရွိလွ၏။ ျခဴးမုယြင္၏ မ်က္ဝန္းအစုံသည္ ၾကည္လင္ေနေသာ္ျငား ႏႈတ္ခမ္းမ်ားမွာမူ ရဲရဲစိုလ်က္၊ ခပ္ၾကမ္းၾကမ္း ပြတ္သပ္မႈေၾကာင့္ ပါးျပင္ႏွစ္ဖက္က အနီေသြးျခယ္ေနေတာ့သည္။ အနည္းငယ္ ေမာဟိုက္ေနဟန္ျဖင့္ ျပန္လည္တြန္းလွန္ေနေသာ ပုံစံေလးသည္ က်ိဳးပဲ့လြယ္သေယာင္ ထင္မွတ္ရေသာ္လည္း အေသြးထဲအသားထဲမွ ခြန္အားမ်ားျဖင့္ အခ်ဳပ္အေႏွာင္မွန္သမွ်ကို ႐ုန္းျဖတ္လ်က္၊ တစ္ကိုယ္လုံးကို လႊမ္းၿခဳံထားခဲ့သည္။

ယဲ့က်န႔္ဟန္၏ ႏႈတ္ခမ္းေထာင့္မ်ား အသာေကာ့တက္သြားသည္။

“မင္းလုပ္ေနပုံက ေယာက္်ားေတြရဲ႕ အႏိုင္လိုခ်င္စိတ္ကိုပဲ လႈံ႕ေဆာ္မိလိမ့္မယ္..”

ျခဴးမုယြင္က ဘာမွမတုံ႔ျပန္ခဲ့ေပ။

သူ သတိရွိေနမွျဖစ္မည္။ အိပ္ေပ်ာ္သြားသည္ႏွင့္ အလြန္အေရးႀကီးသည့္ ကိစၥမ်ား လက္လြတ္ရလိမ့္မည္။ ထိုအခါ သူ႔အတြက္ အခြင့္အေရး ဆုံးရႈံးသြားလိမ့္မည္။

ယဲ့က်န႔္ဟန္ႏွင့္ ရင္ဆိုင္ေနခ်ိန္တြင္ ကိုယ္ဟန္အမူအရာအရ အားနည္းျပ၍ရေသာ္လည္း တကယ္ အားနည္းေန၍မျဖစ္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုအမ်ိဳးသားဟာ ရက္စက္ဆာေလာင္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သားေကာင္၏ အားနည္းခ်က္ကို မမွိတ္မသုန္ ေစာင့္ၾကည့္ေနတတ္ေသာ ဝံပုေလြတစ္ေကာင္ ျဖစ္ေသာေၾကာင့္ပင္။ သူ႔လက္ထဲ က်ေရာက္သြားသည္ႏွင့္ တစ္ခါတည္း အေမွာက္သိပ္ခံရလိမ့္မည္။

ျခဴးမုယြင္ ဘာမွမေျပာေသာအခါ ယဲ့က်န႔္ဟန္သည္လည္း စကားလုံးမ်ားျဖင့္ ရန္မစေတာ့ေပ။ ထိုအစား တစ္စထက္တစ္စ ပိုမိုၾကမ္းတမ္းစြာ နမ္းရႈိက္လာခဲ့၏။ ျခဴးမုယြင္အေပၚ အခြင့္အေရးယူေနမွန္း အသိသာခ်ည္းပင္။

ျခဴးမုယြင္ခမ်ာ အသက္ရႉရန္ မနည္းႀကိဳးစားလိုက္ရၿပီး အားယူကာ ျပန္ေျပာခဲ့သည္။

“ဒီလိုမ်ိဳးေတြလုပ္ေနလည္း က်ဳပ္ ဂ႐ုမစိုက္ဘူး..”

ျခဴးမုယြင္ ဘာကိုရည္ၫႊန္းမွန္း သူတို႔ႏွစ္ေယာက္လုံး နားလည္သည္။

႐ုပ္ပိုင္းဆိုင္ရာ ေစာ္ကားအရွက္ခြဲခံရျခင္းက ျခဴးမုယြင္အတြက္ ဘာမွမဟုတ္။ ဤသို႔ မထိတထိ က်ီစယ္ေနသည္ကို အသာထား၊ ယဲ့က်န႔္ဟန္ဘက္မွ အတင္းအဓမၼ အႏိုင္က်င့္လာလွ်င္ပင္ ျခဴးမုယြင္က အဖက္လုပ္မည္မဟုတ္ေပ။

ယဲ့က်န႔္ဟန္က ခပ္ေယာင္ေယာင္ ၿပဳံးလိုက္ရင္း သူ၏လႈပ္ရွားမႈမ်ားသည္ ပို၍ပင္ ညစ္ညမ္းလာခဲ့၏။

“ဒါေပမဲ့ ကိုယ္ ဂ႐ုစိုက္တယ္ေလ..”

ျခဴးမုယြင္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ယဲ့က်န႔္ဟန္က ျခဴးမုယြင္၏ ျဖဴဥေနေသာ နားသန္သီးေလးကို ပြတ္သပ္ရင္း ကလူ၏သို႔ျမဴ၏သို႔ ေျပာလာသည္။

“တစ္ခ်ိန္လုံး မင္းအေၾကာင္းပဲ ေတြးေနမိတာ..”

ဩရွရွအသံက ရင္ဖိုစိတ္လႈပ္ရွားဖြယ္… သူကိုယ္တိုင္ပင္ သတိမထားမိေသာ ခ်စ္ျခင္းတရားမ်ား ပါဝင္ေနေလ၏။ အခ်စ္ဦးကို ႐ူး႐ူးမူးမူး စြဲလမ္းေနၿပီး ခ်စ္ရသူကို အသည္းအသန္ ျမည္းစမ္းခ်င္ေနေသာ လူပ်ိဳေပါက္ေလးကဲ့သို႔ ျဖစ္ေနေတာ့သည္။

ျခဴးမုယြင္၏ရင္ထဲ အနည္းငယ္ လႈပ္ရွားသြားခဲ့သည္။

“Zero.. ‘အစားၾကဴးျခင္း’ရဲ႕ ပုံတူပန္းခ်ီကား အေျခအေန..???”

Zero : “အ… အ… အ… အမ်ားႀကီး လင္းလာၿပီ..!”

ျခဴးမုယြင္ ေၾကာင္အ,သြားသည္။

ယဲ့က်န႔္ဟန္သည္ အျမတ္တႏိုး တန္ဖိုးထားအပ္ေသာ နတ္ဘုရားေလးအား နမ္းရႈိက္ေနသကဲ့သို႔ ျခဴးမုယြင္အား တစ္လက္မ,မက်န္ သိမ္ေမြ႕ႏူးညံ့စြာ အနမ္းေႁခြေနေတာ့သည္။ ၿပီးေနာက္ အေလးဂ႐ုျပဳစြာ ေမးလာသည္။

“မင္းရဲ႕နာမည္ေလး ေျပာျပလို႔မရဘူးလား..?"

ျခဴးမုယြင္ခမ်ာ ေနရာတခ်ိဳ႕ က်ဴးေက်ာ္ခံလိုက္ရသျဖင့္ ပင့္သက္ရႈိက္လိုက္မိ၏။ စကားေျပာရန္ ေနေနသာသာ အသံတစ္သံပင္ မထြက္ႏိုင္ခဲ့ေခ်။

ယဲ့က်န႔္ဟန္သည္ မယုံၾကည္ႏိုင္ေလာက္ေအာင္ စိတ္ရွည္ေနဟန္ျဖင့္ ျခဴးမုယြင္ကို ျဖည္းျဖည္းခ်င္း ပြတ္သပ္ေပးရင္း.. “လင္းမု.. ရွန္ယြင္.. ဒါေတြအားလုံး နာမည္အတုေတြခ်ည္းပဲ..” သူ၏ ႏွလုံးအိမ္ထဲတြင္ ေဖာ္ျပ၍မရေသာ စိတ္ေက်နပ္ျခင္းမ်ား ျပည့္လွ်ံလာၿပီး သူ၏အသံလည္း ပိုမိုႏူးညံ့လာခဲ့သည္။ “မင္းက တကယ္တမ္း ဘယ္သူမ်ားလဲ..?”

ျခဴးမုယြင္က ေအာက္ႏႈတ္ခမ္းကိုက္ကာ အသံတိတ္ ေတာင့္ခံထား၏။

ယဲ့က်န႔္ဟန္က ထပ္ေမးျပန္သည္။ : “မင္းတကယ္လိုခ်င္တာ ဘာလဲ..?”

ကံဆိုးစြာျဖင့္ ျခဴးမုယြင္က အေျဖတစ္ခုပင္ ျပန္မေပးခဲ့ေခ်။

ထိုေန႔ညက ညတာရွည္ခဲ့သည္။ ျခဴးမုယြင္သည္ အဆုံးထိ မေတာင့္ခံႏိုင္ခဲ့ေသာ္လည္း ေယာက္်ားတစ္ေယာက္၏ ႐ူးသြပ္မႈကို ႏႈိးဆြႏိုင္ေသာ ညည္းသံခပ္အုပ္အုပ္ေလးမွအပ၊ ယဲ့က်န႔္ဟန္အား ဘာမွမေျပာခဲ့သလို သူေမးသမွ် ေမးခြန္းတိုင္းကိုလည္း လုံးဝျပန္မေျဖခဲ့ေပ။

မနက္မိုးေသာက္ခ်ိန္အထိ ျခဴးမုယြင္ သတိရွိေနဆဲ… တကယ့္ကို ခက္ခဲခဲ့သည္။

သို႔ေသာ္ တန္သည္။

တစ္ညလုံး သူ႔ကို ေမွာက္လိုက္လွန္လိုက္ လုပ္သြားေသာ အမ်ိဳးသားကား ေပ်ာက္ကြယ္သြားေခ်၏။ သူ၏ေနရာတြင္ ဆံႏြယ္နက္နက္ အသားျဖဴျဖဴျဖင့္ ခုနစ္ႏွစ္၊ ရွစ္ႏွစ္ခန႔္သာရွိေသာ ကေလးငယ္တစ္ေယာက္ ေပၚလာၿပီး မတန္တဆ ႀကီးမားေသာ အဝတ္ပုံႀကီးၾကား ေသးေသးေကြးေကြးေလး အိပ္ေပ်ာ္ေနေလသည္။ ေႂကြ႐ုပ္ေလးသဖြယ္ ခ်စ္စရာေကာင္းေသာ ကေလးငယ္ေလးပင္။

လက္စသတ္ေတာ့ ဒီလိုကိုး..!

ျခဴးမုယြင္၏စိတ္ထဲ ေကာက္ခ်က္ခ်လိုက္သည္။ ၿပီးေနာက္ အိပ္ရာေပၚလွဲကာ ေကာင္ငယ္ေလး၏ အနက္ေရာင္ဆံႏြယ္ရွည္မ်ားကို ေဆာ့ကစားေနလိုက္သည္။

အခ်ိန္တစ္ခု လြန္ေျမာက္ေသာအခါ အိပ္ေပ်ာ္ေနေသာ ကေလးငယ္သည္ ႐ုတ္ခ်ည္း မ်က္လုံးပြင့္လာ၏။ သူ၏ မ်က္ဝန္းမ်ားက ဇေဝဇဝါျဖစ္ေနသလို။ ၿပီးေနာက္ ဖန္သားသဖြယ္ ၾကည္လင္ေတာက္ပေသာ မ်က္ဝန္းအိမ္ထဲတြင္ အမ်က္ေဒါသမ်ား စိုးမိုးလာၿပီး အိပ္ရာေပၚမွ ထထိုင္ကာ ျခဴးမုယြင္ကို စိန္းစိန္းဝါးဝါး စိုက္ၾကည့္လာခဲ့သည္။

ျခဴးမုယြင္က သူ႔ကို ၿပဳံးျပလိုက္သည္။ ထိုအၿပဳံးက သိပ္မပီျပင္ေသာ္ျငား ႏူးညံ့သိမ္ေမြ႕လွ၏။

“ငါ မင္းကို နာက်င္ခံစားရေအာင္ လုပ္ခဲ့မိတယ္..”

ထိုသို႔ေျပာၿပီးေနာက္ သူ၏မ်က္ႏွာတစ္ျပင္လုံး ျဖဴေဖ်ာ့သြားၿပီး အက္ကြဲေနေသာ အသံက နားေထာင္သူကိုပင္ စိတ္မခ်မ္းေျမ့ေစသည္။

ေကာင္ေလးလည္း သူ႔အတြက္ အမွန္တကယ္ စိတ္ပူသြားၿပီး..

“ခင္ဗ်ား ဘာျဖစ္ေနတာလဲ..?”

“အာ..” စကားေျပာႏိုင္ေၾကာင္း ႐ုတ္တရက္ သတိျပဳမိလိုက္သျဖင့္ ကိုယ့္ကိုယ္ကို အံ့ဩတႀကီး ျပန္ငုံ႔ၾကည့္မိလိုက္သည္။

သူ လူျဖစ္သြားတာပဲဟ..!

………………………………………….

TN : ဒီ arc က ေနာက္ ၁၀ ပိုင္းေက်ာ္ေက်ာ္ဆို ၿပီးပါၿပီေနာ္။ ဟဲဟဲ

Click ေပးၾကပါဦး 💜

………………………………………….

Continue Reading

You'll Also Like

36.7K 3.6K 89
Two young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိ...
64.7K 9.6K 42
Associated Names 田园日常[重生] Author(s) Li Song Ru 李松儒 Status in COO 170 Chapters + 5 extras
55K 9.6K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...
545K 74.3K 103
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...