Unicode
Chanyeolရဲ့ အနွေးထည်ကို ပိုက်ရင်း တစ်ယောက်တည်း ပြုံးနေမိသည်။အိမ်ပြန်ရောက်ကတည်းက လျှော်ဖို့ လုပ်ပင်မယ့် ဒီနေ့ တစ်နေ့လုံး ဝတ်ထားချင်တဲ့စိတ်က အနိူင်ရသွားသည်။
ညနေခင်း ပင်လယ်ဘက်မှ လေတဖြူးဖြူး တိုက်ခတ်နေတာလေးက ဒီအနွေးထည်လေးဝတ်ထားမှ နွေးထွေးနေသယောင်........
Park Chanyeolဆိုတဲ့ လူကဘဲ ညို့အားကြီးလွန်းတာလား.......သူကဘဲ တမင် အညို့ခံနေတာလား.....
ဟူးးးး ဒီခံစားချက်ကြီးက .....တွေ့တာ ဘယ်လောက်မှ မရှိတဲ့လူအပေါ် ဒီလောက်ထိ ခံစားချက် ပြင်းထန်စရာလိုလို့လား.......
"Beakလေး အအေးမိမယ်လေ အိမ်ထဲဝင်တော့ ထမင်းစားဖို့ လာဝိုင်းကူအုံး"
အဖွားရဲ့ ခေါ်သံကြောင့် beakhyunအိမ်ထဲ ဝင်လာလိုက်သည်။
အိမ်ထဲဝင်တော့ စားပွဲဝိုင်း သေးသေးလေးမှာ ဟင်းပွဲတွေက အပြည့်....ပြီးတော့ စားပွဲခင်း အသစ်.....အရေးကြီးဆုံးက တစ်နေ့ကမှ ဖမ်းဖိလာတဲ့ သူ့ရဲ့ ကျောက်ပုစွန်
"အဖွား.....ပြောတော့ ကျောက်ပုစွန်က အရေးကြီးတဲ့နေ့မှ စားမယ်ဆို "
"အေးလေ ဒီနေ့က အရေးကြီးတဲ့ နေ့ဘဲဟာ.....သွား နောက်ဖေးမှာ ဂင်ချီဟင်း ရည်လေး သွားယူခဲ့"
Beakhyun နားမလည်တဲ့ ကိစ္စကို ဆက်မမေးတော့ဘဲ ဟင်းရည်သာ သွားယူလိုက်သည်။ဒီနေ့က ဘာအရေးကြီးတဲ့နေ့မို့လဲ......ဘာဘဲဖြစ်ဖြစ် ကျောက်ပုစွန်စားရဖို့က အဓိက ဟီး.......
"ရပြီ အဖွား.....စားကြစို့ အ့...."
ထမင်းခူးဖို့ လုပ်နေတဲ့ Beakhyunလက်ကလေး ဖြတ်ရိုက်ခံလိုက်ရသည်။
"ခဏနေအုံး အရေးကြီးတဲ့ လူမလာသေးဘူး"
"ဟမ်....အရေးကြီးတဲ့လူ ဘယ်သူလဲ အဖွား.....ဧည့်သည်ဖိတ်ထားတာလား......ကျနော့်လဲ ဘာမှမပြောဘူး"
"တိုးတိုးနေစမ်းပါ beakhyunရယ် အဖွားကြီးက ငါပါ....နင်က ငါ့ထက် စကားများလွန်းတယ် ....အသံထပ်ထွက်လာရင် ဒီမှာတွေ့လား ဒီဇွန်းနဲ့ နင့်ကို ခေါက်မယ်"
Beakhyunလဲ အဖွားကို မျက်စောင်းထိုးကာ ပါးစပ်လေးကို ပိတ်ထားလိုက်သည်။ဘယ်သူကို ဖိတ်ထားတာလဲ........
မဟုတ်မှ........
"အဖွားးးးးအဖွားးးးး"
အိမ်ရှေ့က အသံကြောင့် Beakhyunရဲ့ မဟုတ်မှလွဲရော ဆိုတဲ့ အတွေးလေးက မှန်သွားသည်။Park Chanyeolကို ဖိတ်ထားတာဘဲ....
"ဟယ် လူချောလေး လာပြီ Beakhyun ထလေ သွားကြိုလိုက်လေ"
Beakhyun လဲ နှုတ်ခမ်းဆူကာ Chanyeolကို တံခါးသွားဖွင့်ပေးလိုက်သည်။ဘယ့်နှယ့် မြေးဖြစ်သူ စာစချင်တယ်ဆိုတုန်းကကျ အရေးကြီးတဲ့နေ့ဖို့ ဘာညာနဲ့ Chanyeolအတွက်ကျ ချက်ပေးတယ်......
ဘယ်မှာလဲ ငါ့အတွက် တရားမျှတမှု.....ဖမ်းလာတာ ငါပါ
"ဒီအနွေးထည်ကြိုက်လို့လား ဒါဆို ယူလိုက် နော် အပိုင်ပေးမယ်"
Chanyeolစကားကြောင့် Beakhyunထွက်ပြေးသွားချင်သည်။Beakhyunရယ် ဘယ်လိုတောင် ဖြစ်ရတာလဲ မနက်ကတည်းက သူများအနွေးထည်ကို အခုထိ ဝတ်ထားရလား....
"မဟုတ် ...မဟုတ်ပါဘူး.....နွေး လို့ "
"အွန်း ယူလိုက်လေ ဒီဘက်က အရမ်းအေးတယ်မဟုတ်လား.....ကိုယ့်မှာ အနွေးထည်တွေ ရှိသေးတယ်"
မယူဘူးလို့ဘဲ ပြောလိုက်ရမလား ယူမယ်ဘဲ ပြောလိုက်ရမလား Beakhyunဒွိဟဖြစ်နေသည်။Chanyeolကတော့ အိမ်ထဲပင် ဝင်သွားပြီ......
အိမ်ထဲ ရောက်တော့ Chanyeolကို ထမင်းတွေ ခူးထည့်ပေးနေတဲ့ အဖွားကို သူမျက်စောင်းထိုးလိုက်သည်။
"လူချောလေး စားနော် အားမနာနဲ့ ကိုယ့်အိမ်ကိုယ့်ယာလို့
သဘောထား"
"ဟုတ် ကျေးဇူးတင်ပါတယ် အဖွား.......မစားမှာတော့စိတ်မပူနဲ့.....နေ့တိုင်း ခေါက်ဆွဲပြုတ်နဲ့ နှစ်ပါးသွားနေရတော့ ဒါမျိုးလေးတွေ လွမ်းနေတာ"
"သနားလိုက်တာ .....နေ့တိုင်း လာစား ဒီအဖွားကြီးက အမြဲချက်ထားတယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့ အဖွား.....ဟင်းတွေက အများကြီးဘဲ .....ဘယ်ဟာစစားရမှန်းတောင်မသိဘူး"
မြေးအရင်းလေးက ဘေးထွက်လို့ ထိုင်နေရသည်။
အမြဲ ခေါက်ဆွဲပြုတ်ဘဲ စားနေရတယ်ဆိုတော့လဲ သနားပါတယ်။
"ဒါလေးလဲ စား ......"
အဖွားထည့်ပေးတာ Chanyeolရဲ့ ထမင်းပန်းကန်ထဲ ဟင်းက ပြည့်နေသည်။Beakhyunစိတ်မရှည်တော့တာကြောင့် တူကို ဝုန်းကနဲ ချလိုက်သည်။
ခွက်.......
ဝုန်းကနဲ တူကို ချလိုက်တဲ့ အကျိုးကျေးဇူးက ခေါင်းပေါ် အဖွားရဲ့ လက်ကျရောက်လာတာပါပဲ....
"ထမင်းစားနေတာကို ဝုန်းဒိုင်း လုပ်စရာလား ငြိမ်ငြိမ်စား"
"အဖွား သားက အဖွားမြေးအရင်နော် Chanyeolက အဖွားမြေးမဟုတ်ဘူး"
"သိတယ်လေ အဲ့တာဘာဖြစ်လဲ"
"သားကျ ဟင်းမထည့်ပေးဘဲ Chanyeolကို ဟင်းတွေ ထည့်ပေးနေတယ်"
Beakhyunအပြောကို ထရယ်တဲ့ Chanyeolကြောင့် ဘီလူးမျက်စောင်းက Chanyeolဆီ ရောက်သွားသည်။
"အဲ့ဒါသာကြည့်တော့ လူချောလေးရေ......အသက်သာ မငယ်တော့တာ ကလေးက ဆန်တုန်း.....ဘာမဟုတ်တာကို သဝန်က တိုသေးတာ"
"အဖွားနော် ဘယ်မှာ ကလေးဆန်လို့လဲ"
"ကြည့် အဲ့ဒါကဘဲ ကလေးဆန်နေတာ ရော့ ထည့်ကျွေးမယ် ဟုတ်ပြီလား တကယ်တည်း မထည့်တတ်တာလဲ မဟုတ်ဘဲနဲ့"
အဖွားဟင်းထည့်ပေးမှ မျက်နှာလေး ဝင်းသွားကာ ထမင်းစားတဲ့ Beakhyunကြောင့် Chanyeolပြုံးလိုက်သည်။
တကယ်ကလေးဆန်တဲ့ ပါပီပေါက်လေးဘဲ......
Chanyeol ကြက်ဥလိပ်ကို ယူပြီး Beakhyunပန်းကန်ထဲ တည့်ပေးလိုက်တော့ မျက်လုံးလေး မော့လာသည်။
Chanyeolလဲ မသိချင်ယောင်ဆောင်ကာ ဆက်စားနေလိုက်သည်။
Beakhyunတို့ မြေးအဖွားကို သူသိပ်သဘောကျတယ်။ဒါကမှ မိသားစုဘဲ.......ပျော်ရွင်စရာနဲ့ လုံခြုံမှုကို ပေးနိုင်တာမှ မိသားစုအစစ်ဘဲ......ဒီလို ထမင်း လက်စုံစားရတာ သူသိပ်ကြိုက်သည်။Parkအိမ်တော်မှာဆို ဟင်းတွေက ဒီထက် များကြီး ဈေးကြီးတာတွေဘဲ ဆိုပင်မယ့် ထမင်းဝိုင်းနဲ့မတူပေ။
ဒီလို ရိုးရှင်းပြီး မိသားစုဆန်တဲ့ ထမင်းဝိုင်းလေး သူအမြဲလိုချင်ခဲ့တာ......
"Kyungsooရော ဘာလို့မခေါ်လာတာလဲ"
"Kyungsooက ဒီနေ့ဘဲ အရေးကြီးကိစ္စကြောင့် ပြန်သွားတယ်"
"အော်"
အရှေ့ကွက်ပျစ်လေးမှာ ထိုင်ရင်း ပြောစရာ ပျောက်ရှသွားပြန်သည်။
"Beak...."
Beakhyunမဟုတ်ဘဲ Beakဆိုတဲ့ အသုံးအနှုန်းကြောင့် Beakhyunခန္ဓာကိုယ်လေး မတ်သွားသည်။Chanyeolကို လှည့်ကြည့်လိုက်တော့ ကောင်းကင်ကို မော့ကြည့်နေသည်။
"အင်းးးး"
"Beak....ငါတို့အများကြီး ရင်းနှီးကြရင် ကောင်းမလား....
ငါမင်းနဲ့ ရင်းနှီးချင်တယ်"
ကောင်းကင်ကို မော့ကြဟ့်ရင်းကနေ သူ့ဘက်ကို မျက်နှာလှည့်ပြီး ပြောလာတဲ့ Chanyeolကြောင့် Beakhyun တံထွေးမြိုချလိုက်သည်။
"မရဘူးလား....ငါမင်းကို Beakကို ခေါ်ချင်တယ်.....ပြီးတော့ မင်းKaiနဲ့ ရင်းနှီးသလို ငါနဲ့လဲ ရင်းရင်းနှီးနှီး နေစေချင်တယ်"
"အင်းးးးရပါတယ် ငါတို့ ရင်းရင်းနှီးနှီးနေကြတာပေါ့"
"အွန်.....ဒါဆို ငါ့ကို Chanyeolလို့ ခေါ်မယ့်အစား Yeolလို့ခေါ်"
"ဟင်"
"Yeolလို့ ခေါ်လို့......"
"အင်းးးး Yeo.....Yeol"
Chanyeolသွားပေါ်အောင် လစ်ကနဲ ပြုံးလိုက်သည်။
"အွန်းးးး ဒါဆို ငါပြန်တော့ Beak.... အဖွားရေ ကျွန်တော်ပြန်ပြီ"
ပြန်ထူးသံမကြားပုံမရ အဖွားအိပ်နေပြီဘဲ ဖြစ်မှာ......
"အဖွား အိပ်နေလောက်ပြီ "
"အာ.....ဒါဆို ပြန်ပြီနော် Beak"
"အွန်း bye bye"
"ဒါနဲ့ မနက်ဖြန် မင်းစက်လှေထွက်ရင် ငါလိုက်လို့ရမလား ....ငါဒီအနားက ဘယ်ကိုမှ မရောက်ဖူးသေးလို့လေ"
"အွန်း ရတယ်လေ လိုက်ခဲ့ ငါမနက်ဝင်ခေါ်မယ်"
"ok bye"
Chanyeol အိမ်ပြန်လမ်း တစ်လျှောက် အကြောင်းရင်းမရှိ ရယ်နေမိသည်။Kyungsooမင်းပြောသလို ငါ့စိတ်ထဲ ရှိတဲ့အတိုင်း နေကြည့်ရမလား......
Beak.......ငါမင်းဆီ တဖြေးဖြေးတိုးဝင်လာခဲ့မယ်...
Beakက အဲ့နေရာမှာဘဲ ငြိမ်ငြိမ်လေး နေနေပေး....
_____________________________________
ဘယ်လိုနေလဲဗျ့
ကျနော်တို့ အဆင်မပြေဘူး
Chanbeak momentတွေရပြီး
လောင်ကျွမ့်းပါကျနေလို့
________________~~~~~~~~1__________
Zawgyi
Chanyeolရဲ႕ အေႏြးထည္ကို ပိုက္ရင္း တစ္ေယာက္တည္း ၿပံဳးေနမိသည္။အိမ္ျပန္ေရာက္ကတည္းက ေလ်ွာ္ဖို႔ လုပ္ပင္မယ့္ ဒီေန႔ တစ္ေန႔လံုး ဝတ္ထားခ်င္တဲ့စိတ္က အနိူင္ရသြားသည္။
ညေနခင္း ပင္လယ္ဘက္မွ ေလတျဖဴးျဖဴး တိုက္ခတ္ေနတာေလးက ဒီအေႏြးထည္ေလးဝတ္ထားမွ ေႏြးေထြးေနသေယာင္........
Park Chanyeolဆိုတဲ့ လူကဘဲ ညိဳ႕အားႀကီးလြန္းတာလား.......သူကဘဲ တမင္ အညိဳ႕ခံေနတာလား.....
ဟူးးးး ဒီခံစားခ်က္ႀကီးက .....ေတြ႕တာ ဘယ္ေလာက္မွ မရွိတဲ့လူအေပၚ ဒီေလာက္ထိ ခံစားခ်က္ ျပင္းထန္စရာလိုလို႔လား.......
"Beakေလး အေအးမိမယ္ေလ အိမ္ထဲဝင္ေတာ့ ထမင္းစားဖို႔ လာဝိုင္းကူအံုး"
အဖြားရဲ႕ ေခၚသံေၾကာင့္ beakhyunအိမ္ထဲ ဝင္လာလိုက္သည္။
အိမ္ထဲဝင္ေတာ့ စားပြဲဝိုင္း ေသးေသးေလးမွာ ဟင္းပြဲေတြက အျပည့္....ၿပီးေတာ့ စားပြဲခင္း အသစ္.....အေရးႀကီးဆံုးက တစ္ေန႔ကမွ ဖမ္းဖိလာတဲ့ သူ႔ရဲ႕ ေက်ာက္ပုစြန္
"အဖြား.....ေျပာေတာ့ ေက်ာက္ပုစြန္က အေရးၿကီးတဲ့ေန႔မွ စားမယ္ဆို "
"ေအးေလ ဒီေန႔က အေရးႀကီးတဲ့ ေန႔ဘဲဟာ.....သြား ေနာက္ေဖးမွာ ဂင္ခ်ီဟင္း ရည္ေလး သြားယူခဲ့"
Beakhyun နားမလည္တဲ့ ကိစၥကို ဆက္မေမးေတာ့ဘဲ ဟင္းရည္သာ သြားယူလိုက္သည္။ဒီေန႔က ဘာအေရးႀကီးတဲ့ေန႔မို႔လဲ......ဘာဘဲျဖစ္ျဖစ္ ေက်ာက္ပုစြန္စားရဖို႔က အဓိက ဟီး.......
"ရၿပီ အဖြား.....စားၾကစို႔ အ့...."
ထမင္းခူးဖို႔ လုပ္ေနတဲ့ Beakhyunလက္ကေလး ျဖတ္ရုိက္ခံလိုက္ရသည္။
"ခဏေနအံုး အေရးႀကီးတဲ့ လူမလာေသးဘူး"
"ဟမ္....အေရးႀကီးတဲ့လူ ဘယ္သူလဲ အဖြား.....ဧည့္သည္ဖိတ္ထားတာလား......က်ေနာ့္လဲ ဘာမွမေျပာဘူး"
"တိုးတိုးေနစမ္းပါ beakhyunရယ္ အဖြားႀကီးက ငါပါ....နင္က ငါ့ထက္ စကားမ်ားလြန္းတယ္ ....အသံထပ္ထြက္လာရင္ ဒီမွာေတြ႕လား ဒီဇြန္းနဲ႔ နင့္ကို ေခါက္မယ္"
Beakhyunလဲ အဖြားကို မ်က္ေစာင္းထိုးကာ ပါးစပ္ေလးကို ပိတ္ထားလိုက္သည္။ဘယ္သူကို ဖိတ္ထားတာလဲ........
မဟုတ္မွ........
"အဖြားးးးးအဖြားးးးး"
အိမ္ေရွ႕က အသံေၾကာင့္ Beakhyunရဲ႕ မဟုတ္မွလြဲေရာ ဆိုတဲ့ အေတြးေလးက မွန္သြားသည္။Park Chanyeolကို ဖိတ္ထားတာဘဲ....
"ဟယ္ လူေခ်ာေလး လာၿပီ Beakhyun ထေလ သြားႀကိဳလိုက္ေလ"
Beakhyun လဲ နႈတ္ခမ္းဆူကာ Chanyeolကို တံခါးသြားဖြင့္ေပးလိုက္သည္။ဘယ့္နွယ့္ ေျမးျဖစ္သူ စာစခ်င္တယ္ဆိုတုန္းကက် အေရးႀကီးတဲ့ေန႔ဖိ့ု ဘာညာနဲ႔ Chanyeolအတြက္က် ခ်က္ေပးတယ္......
ဘယ္မွာလဲ ငါ့အတြက္ တရားမ်ွတမႈ.....ဖမ္းလာတာ ငါပါ
"ဒီအေႏြးထည္ႀကိဳက္လို႔လား ဒါဆို ယူလိုက္ ေနာ္ အပိုင္ေပးမယ္"
Chanyeolစကားေၾကာင့္ Beakhyunထြက္ေျပးသြားခ်င္သည္။Beakhyunရယ္ ဘယ္လိုေတာင္ ျဖစ္ရတာလဲ မနက္ကတည္းက သူမ်ားအေႏြးထည္ကို အခုထိ ဝတ္ထားရလား....
"မဟုတ္ ...မဟုတ္ပါဘူး.....ေႏြး လို႔ "
"အြန္း ယူလိုက္ေလ ဒီဘက္က အရမ္းေအးတယ္မဟုတ္လား.....ကိုယ့္မွာ အေႏြးထည္ေတြ ရွိေသးတယ္"
မယူဘူးလို႔ဘဲ ေျပာလိုက္ရမလား ယူမယ္ဘဲ ေျပာလိုက္ရမလား Beakhyunဒြိဟျဖစ္ေနသည္။Chanyeolကေတာ့ အိမ္ထဲပင္ ဝင္သြားၿပီ......
အိမ္ထဲ ေရာက္ေတာ့ Chanyeolကို ထမင္းေတြ ခူးထည့္ေပးေနတဲ့ အဖြားကို သူမ်က္ေစာင္းထိုးလိုက္သည္။
"လူေခ်ာေလး စားေနာ္ အားမနာနဲ႔ ကိုယ့္အိမ္ကိုယ့္ယာလို႔
သေဘာထား"
"ဟုတ္ ေက်းဇူးတင္ပါတယ္ အဖြား.......မစားမွာေတာ့စိတ္မပူနဲ႔.....ေန႔တိုင္း ေခါက္ဆြဲျပဳတ္နဲ႔ နွစ္ပါးသြားေနရေတာ့ ဒါမ်ိဳးေလးေတြ လြမ္းေနတာ"
"သနားလိုက္တာ .....ေန႔တိုင္း လာစား ဒီအဖြားႀကီးက အၿမဲခ်က္ထားတယ္ ဟုတ္ၿပီလား"
"ဟုတ္ကဲ့ အဖြား.....ဟင္းေတြက အမ်ားႀကီးဘဲ .....ဘယ္ဟာစစားရမွန္းေတာင္မသိဘူး"
ေျမးအရင္းေလးက ေဘးထြက္လို႔ ထိုင္ေနရသည္။
အၿမဲ ေခါက္ဆြဲျပဳတ္ဘဲ စားေနရတယ္ဆိုေတာ့လဲ သနားပါတယ္။
"ဒါေလးလဲ စား ......"
အဖြားထည့္ေပးတာ Chanyeolရဲ႕ ထမင္းပန္းကန္ထဲ ဟင္းက ျပည့္ေနသည္။Beakhyunစိတ္မရွည္ေတာ့တာေၾကာင့္ တူကို ဝုန္းကနဲ ခ်လိုက္သည္။
ခြက္.......
ဝုန္းကနဲ တူကို ခ်လိုက္တဲ့ အက်ိဳးေက်းဇူးက ေခါင္းေပၚ အဖြားရဲ႕ လက္က်ေရာက္လာတာပါပဲ....
"ထမင္းစားေနတာကို ဝုန္းဒိုင္း လုပ္စရာလား ၿငိမ္ၿငိမ္စား"
"အဖြား သားက အဖြားေျမးအရင္ေနာ္ Chanyeolက အဖြားေျမးမဟုတ္ဘူး"
"သိတယ္ေလ အဲ့တာဘာျဖစ္လဲ"
"သားက် ဟင္းမထည့္ေပးဘဲ Chanyeolကို ဟင္းေတြ ထည့္ေပးေနတယ္"
Beakhyunအေျပာကို ထရယ္တဲ့ Chanyeolေၾကာင့္ ဘီလူးမ်က္ေစာင္းက Chanyeolဆီ ေရာက္သြားသည္။
"အဲ့ဒါသာၾကည့္ေတာ့ လူေခ်ာေလးေရ......အသက္သာ မငယ္ေတာ့တာ ကေလးက ဆန္တုန္း.....ဘာမဟုတ္တာကို သဝန္က တိုေသးတာ"
"အဖြားေနာ္ ဘယ္မွာ ကေလးဆန္လို႔လဲ"
"ၾကည့္ အဲ့ဒါကဘဲ ကေလးဆန္ေနတာ ေရာ႕ ထည့္ေကြၽးမယ္ ဟုတ္ၿပီလား တကယ္တည္း မထည့္တတ္တာလဲ မဟုတ္ဘဲနဲ႔"
အဖြားဟင္းထည့္ေပးမွ မ်က္နွာေလး ဝင္းသြားကာ ထမင္းစားတဲ့ Beakhyunေၾကာင့္ Chanyeolၿပံဳးလိုက္သည္။
တကယ္ကေလးဆန္တဲ့ ပါပီေပါက္ေလးဘဲ......
Chanyeol ၾကက္ဥလိပ္ကို ယူၿပီး Beakhyunပန္းကန္ထဲ တည့္ေပးလိုက္ေတာ့ မ်က္လံုးေလး ေမာ့လာသည္။
Chanyeolလဲ မသိခ်င္ေယာင္ေဆာင္ကာ ဆက္စားေနလိုက္သည္။
Beakhyunတို႔ ေျမးအဖြားကို သူသိပ္သေဘာက်တယ္။ဒါကမွ မိသားစုဘဲ.......ေပ်ာ္႐ြင္စရာနဲ႔ လံုၿခံဳမႈကို ေပးနိုင္တာမွ မိသားစုအစစ္ဘဲ......ဒီလို ထမင္း လက္စံုစားရတာ သူသိပ္ႀကိဳက္သည္။Parkအိမ္ေတာ္မွာဆို ဟင္းေတြက ဒီထက္ မ်ားႀကီး ေစ်းႀကီးတာေတြဘဲ ဆိုပင္မယ့္ ထမင္းဝိုင္းနဲ႔မတူေပ။
ဒီလို ရုိးရွင္းၿပီး မိသားစုဆန္တဲ့ ထမင္းဝိုင္းေလး သူအၿမဲလိုခ်င္ခဲ့တာ......
"Kyungsooေရာ ဘာလို႔မေခၚလာတာလဲ"
"Kyungsooက ဒီေန႔ဘဲ အေရးႀကီးကိစၥေၾကာင့္ ျပန္သြားတယ္"
"ေအာ္"
အေရွ႕ကြက္ပ်စ္ေလးမွာ ထိုင္ရင္း ေျပာစရာ ေပ်ာက္ရွသြားျပန္သည္။
"Beak...."
Beakhyunမဟုတ္ဘဲ Beakဆိုတဲ့ အသံုးအနႈန္းေၾကာင့္ Beakhyunခနၶာကိုယ္ေလး မတ္သြားသည္။Chanyeolကို လွည့္ၾကည့္လိုက္ေတာ့ ေကာင္းကင္ကို ေမာ့ၾကည့္ေနသည္။
"အင္းးးး"
"Beak....ငါတို႔အမ်ားႀကီး ရင္းနွီးၾကရင္ ေကာင္းမလား....
ငါမင္းနဲ႔ ရင္းနွီးခ်င္တယ္"
ေကာင္းကင္ကို ေမာ့ၾကဟ့္ရင္းကေန သူ႔ဘက္ကို မ်က္နွာလွည့္ၿပီး ေျပာလာတဲ့ Chanyeolေၾကာင့္ Beakhyun တံေထြးၿမိဳခ်လိုက္သည္။
"မရဘူးလား....ငါမင္းကို Beakကို ေခၚခ်င္တယ္.....ၿပီးေတာ့ မင္းKaiနဲ႔ ရင္းနွီးသလို ငါနဲ႔လဲ ရင္းရင္းနွီးနွီး ေနေစခ်င္တယ္"
"အင္းးးးရပါတယ္ ငါတို႔ ရင္းရင္းနွီးနွီးေနၾကတာေပါ့"
"အြန္.....ဒါဆို ငါ့ကို Chanyeolလို႔ ေခၚမယ့္အစား Yeolလို႔ေခၚ"
"ဟင္"
"Yeolလို႔ ေခၚလို႔......"
"အင္းးးး Yeo.....Yeol"
Chanyeolသြားေပၚေအာင္ လစ္ကနဲ ၿပံဳးလိုက္သည္။
"အြန္းးးး ဒါဆို ငါျပန္ေတာ့ Beak.... အဖြားေရ ကြၽန္ေတာ္ျပန္ၿပီ"
ျပန္ထူးသံမၾကားပံုမရ အဖြားအိပ္ေနၿပီဘဲ ျဖစ္မွာ......
"အဖြား အိပ္ေနေလာက္ၿပီ "
"အာ.....ဒါဆို ျပန္ၿပီေနာ္ Beak"
"အြန္း bye bye"
"ဒါနဲ႔ မနက္ျဖန္ မင္းစက္ေလွထြက္ရင္ ငါလိုက္လို႔ရမလား ....ငါဒီအနားက ဘယ္ကိုမွ မေရာက္ဖူးေသးလို႔ေလ"
"အြန္း ရတယ္ေလ လိုက္ခဲ့ ငါမနက္ဝင္ေခၚမယ္"
"ok bye"
Chanyeol အိမ္ျပန္လမ္း တစ္ေလ်ွာက္ အေၾကာင္းရင္းမရွိ ရယ္ေနမိသည္။Kyungsooမင္းေျပာသလို ငါ့စိတ္ထဲ ရွိတဲ့အတိုင္း ေနၾကည့္ရမလား......
Beak.......ငါမင္းဆီ တေျဖးေျဖးတိုးဝင္လာခဲ့မယ္...
Beakက အဲ့ေနရာမွာဘဲ ၿငိမ္ၿငိမ္ေလး ေနေနေပး....
_____________________________________
ဘယ္လိုေနလဲဗ်႕
က်ေနာ္တို႔ အဆင္မေျပဘူး
Chanbeak momentေတြရၿပီး
ေလာင္ကြၽမ္း့ပါက်ေနလို႔