အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

191

2.4K 507 7
By Melinoe_Megami

Unicode

ကျွင်းမော့.. မင်းနဲ့ငါက ဘာများကွာခြားသွားလို့လဲ..?

***

တကယ့်ကို လုံးဝမကွာခြားဘူးပဲ..!

ကျွင်းမော့က ခပ်လှောင်လှောင် ပြုံးလိုက်သည်။

ခြူးမုယွင်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့သည်။ အိပ်မက်ပင်မမက်ဘဲ အိပ်စက်နိုင်ခြင်းက ခန္ဓာကိုယ်အတွက် အမှန်ပင် ကောင်းမွန်ပေ၏။ ကျွင်းမော့၏ ဆေးအရှိန်ကြောင့်မဟုတ်ဘဲ သည်အတိုင်း အိပ်ပျော်ခဲ့တာကြောင့် ပို၍ပင် ကောင်းသေးသည်။

ခြူးမုယွင်မှာ လမ်းလျှောက်နိုင်ရန် အတော်လေး ကြိုးစားလိုက်ရသည်။ အစပိုင်းတွင် အတော်ခက်ခဲခဲ့ပြီး တစ်နာရီ၏ လေးပုံတစ်ပုံခန့် လမ်းလျှောက်ပြီးနောက် တစ်ကိုယ်လုံး စပ်ဖျင်းဖျင်း ဖြစ်လာကာ ချွေးစေးများဖြင့် ရွှဲနင့်လာရသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျင့်သားရလာခဲ့သည်။

ကျွင်းမော့က ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့သည်။ သူ၏မျက်ဝန်းထဲတွင် ပျော်ရွှင်ခြင်း၊ စိတ်မကောင်းဖြစ်ခြင်း စသည့် မည်သည့်ခံစားချက်မျှမရှိ။ သူ၏ခံစားချက်ကို ခန့်မှန်းကြည့်ရန် မလွယ်ကူပေ။

တစ်နေ့မှာတော့ ခြူးမုယွင်က ပြောလာသည်။ : “အပြင်ထွက်ပြီး လမ်းလျှောက်ချင်တယ်.. နေရောင်အောက်မှာဆို နေကောင်းတာ ပိုမြန်မယ်ထင်တယ်..”

ကျွင်းမော့က ပြန်ဖြေသည်။ : “ကောင်းပါပြီ..”

သူက ခြူးမုယွင်ကို အပြင်ခေါ်ထုတ်လာပေးသည်။

အချိန်ကာလများစွာ လွန်မြောက်လာ၏။ သုံးလကြာပြီးနောက် အပြင်လောက၏ ရာသီဥတုပင် ပြောင်းလဲသွားခဲ့ချေပြီ။ နွေရာသီနှောင်းပိုင်းကာလမှ ဆောင်းဦးကာလသို့ပင် ကူးပြောင်းသွားခဲ့ပြီ။ အေးစက်စက် လေညင်းသွဲ့သွဲ့က အရိုးကွဲမတတ် အအေးဓာတ်ကို သယ်ဆောင်လာခဲ့သည်။

ကျွင်းမော့က ခြူးမုယွင်ကို နှင်းကာခြုံထည် ခြုံပေးသည်။

ခြူးမုယွင်၏စိတ်ထဲတွင် သံသယတချို့ ကျန်ရစ်နေဆဲ။ : “အပြင်မှာ ဘာလို့ဒီလောက်အေးနေရတာလဲ..?”

ကျွင်းမော့ : “‘အားမု’ရဲ့ ခန္ဓာကိုယ်က အားနည်းနေလို့ပါ..”

ခြူးမုယွင်က ပြုံးလိုက်သည်။ နောက်ဆုံးတော့ ခြေထောက်မြှောက်ကာ ခြေလှမ်းစတင်လိုက်သည်။

ရှေ့ရှုရာတွင် ဆိတ်ငြိမ်စွာသော ဝါးတောအုပ်တစ်ခု ရှိနေ၏။ မြင်ကွင်းတစ်ခုလုံး စိမ်းစိုနေပြီး သစ်ရွက်များမှာ လေနှင့်အတူ ယိမ်းနွဲ့လျက်။ ဝါးပင်များသည် ခါးမတ်ရင်ကော့ကာ တန်းစီရပ်၍ အမိန့်ကို စောင့်ဆိုင်းနေသော စစ်သည်တော်များနှယ် ဆိတ်ငြိမ်သော်ငြား ဤသန့်စင်သော ကုန်းမြေကြီးကို မြဲမြံကြံ့ခိုင်စွာ ကာကွယ်ပေးနေကြလေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ခြူးမုယွင်က ပျော်ရွှင်သွားဟန်ဖြင့်..

“ဒီနေရာလေးက အရမ်းသာယာတာပဲ..”

ကျွင်းမော့ : “နည်းနည်းတော့ အအေးပိုတယ်..”

မိုးထိလုမတတ် ဝါးပင်များသည် နေကိုကွယ်ထားပြီး အအေးဓာတ်ကို ပိုမိုသိပ်သည်းစေ၏။ ခြူးမုယွင်က နေပူစာလှုံရန် ရည်ရွယ်ချက်ဖြင့် ထွက်လာခဲ့ခြင်းပင်၊ သို့သော် လက်ရှိအခြေအနေအရ မဖြစ်နိုင်တော့ပေ။ ရာသီဥတုကလည်း သိပ်ပြီး ကောင်းမွန်ပုံမရချေ။ ကောင်းကင်ယံထက်တွင် တိမ်ထုမည်းမည်းများ မရှိပါသော်လည်း ညို့မှိုင်းနေလေပြီး လေထုက စိုစွတ်နေသည်။ မကြာခင် မုန်တိုင်းလာတော့မယ်မှန်း သိသာနေတော့သည်။

လေပြင်းတိုက်လာသဖြင့် ခြူးမုယွင်၏ ခန္ဓာကိုယ်က မသိမသာလေး တုန်ယင်သွားသည်။

ကျွင်းမော့က ချက်ချင်းပင် သတိပြုမိသွားပြီး.. : “ရာသီဥတုကောင်းမှ  ထ​ပ်လာကြမယ်လေ..”

ခြူးမုယွင်က ပြန်ပြောသည်။ : “ကောင်းပြီ..”

အိမ်ပြန်ရန် နောက်လှည့်ရုံသာ ရှိသေးသည်၊ မြေပြင်ပေါ်မှ ညှိုးလျော်နေသော သစ်ရွက်ဝါများကို မြင်လိုက်ရသည့်အခိုက် မျက်နှာအမူအရာ ပြောင်းသွား၏။

ဝါးပင်များသည် အမြဲတမ်း စိမ်းစိုနေပြီး ဥတုလေးရာသီ၏ သက်ရောက်မှုမရှိ။ သို့သော် ခြုံပုတ်များနှင့် မြက်ပင်ငယ်များကတော့ ရာသီအလိုက် ပြောင်းလဲတတ်ပြီး ဆောင်ဦးရာသီတွင် အရောင်စပြောင်းလေ့သည်။ ယခု ရွက်ဟောင်းကြွေနေသည်ကို ကြည့်လျှင် ဆောင်းဦးရာသီကို ကျော်လွန်၍ ဆောင်းရာသီ ဝင်လာပြီဖြစ်ကြောင်း သိနိုင်ပေသည်။

(TN : သူတို့ဆီမှာ နွေဦး၊ နွေရာသီ၊ ဆောင်းဦး၊ ဆောင်းရာသီဆိုပြီး ဥတုလေးလီရှိပါတယ်။ တစ်ရာသီကို သုံးလစီပေါ့။)

သို့သော် လဝက်အတွင်း နွေရာသီမှ ဆောင်းရာသီအကူးအပြောင်းကာလသို့ အဘယ်သို့ ကူးပြောင်းနိုင်မည်နည်း။

ခြူးမုယွင်သည် မျက်နှာအမူအရာ ပြောင်းလဲသွားသော်လည်း ဘာမှထုတ်မပြောခဲ့ပေ။

အခန်းထဲသို့ ပြန်ရောက်သည်နှင့် အနွေးဓာတ်က ဆီးကြိုနေလေသည်။ ပျင်းရိငြီးငွေ့ခြင်းများ မထိန်းနိုင်အောင် ကြွတက်လာပြီး ဤနွေးထွေးငြိမ့်ညောင်းသော နေရာမှာသာ နေလိုတော့သည်။ ဘယ်မှမသွားချင်တော့ပေ။

ကျွင်းမော့က သူ့ကို အပေါ်ထပ်ချွတ်ပေးပြီး အပြင်ထွက်သွားသည်။ ပြီးနောက် စွပ်ပြုတ်ပူပူလေး တစ်ပန်းကန် ယူလာခဲ့ပေးသည်။

“နွေးသွားအောင် သောက်လိုက်နော်..”

ခြူးမုယွင်လည်း တစ်ငုံသောက်လိုက်သည်။ ထိုအခါ လည်ချောင်းတစ်လျှောက် အစာအိမ်အထိ အပူဓာတ်များ စီးဆင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာခဲ့၏။ သူက ပြုံးကာ ပြောလိုက်သည်။

“ဒီရက်တွေမှာ မင်းကို ပင်ပန်းစေပြီ..”

ကျွင်းမော့က လက်မြှောက်ကာ ခြူးမုယွင်၏ နှုတ်ခမ်းကို အသာသုတ်ပေးသည်။ ပြီးနောက် ခပ်တိုးတိုး ဆိုသည်။

“ခက်ခဲတဲ့အလုပ် မဟုတ်ပါဘူး.. မပင်ပန်းဘူး..”

ထိုစကားလုံးထဲတွင် ချစ်ခြင်းတရားများ စိမ့်ဝင်နေ၏။ ခြူးမုယွင်၏ နှုတ်ခမ်းထောင့်များ ကော့တက်လာကာ မျက်ဝန်းထဲတွင် အချစ်ရိပ်များ ပြည့်လျှံနေတော့သည်။

တစ်နေ့တစ်ခြား သက်သာလာသောအခါ ခြူးမုယွင်တစ်ယောက် ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်တော့ပေ။ လူဆိုသည်ကား အငြိမ်ထိုင်မနေတတ်သည့် အမျိုးအစား မဟုတ်ပါလား။

ကျွင်းမော့က သူ့ကို အချိန်တိုင်း စောင့်ကြပ်နေလေပြီး အနားမှ မခွာသလောက်ပေ။ အားလပ်ချိန်များတွင် နှစ်ယောက်သား စကားပြောလိုက်၊ လမ်းလျှောက်ထွက်လိုက်၊ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကာ ဟာသဇာတ်လမ်းများ ဖတ်ရှုလိုက်ဖြင့်၊ စိတ်ကြွလာလျှင် အိပ်ရာထက်တွင် အချစ်ပွဲလေး ဆင်နွှဲတတ်ကြသေးသည်။ အားလပ်ချိန်များသော်လည်း စိတ်ဝင်စားဖွယ် ကိစ္စများဖြင့် ဘယ်သောအခါမှ မပျင်းရပေ။

သို့သော် စိတ်ထိုင်းမှိုင်းစေသည့် ဆေးအရှိန် ပျက်ပြယ်သွားပြီးနောက် ခြူးမုယွင်မှာ အရာရာကို လျစ်လျူမရှုနိုင်တော့ပေ။ ကျွင်းမော့၏ သည်းခံနိုင်စွမ်းကို ဖြည်းဖြည်းချင်း အကဲစမ်းရင်း တစ်နေ့မှာတော့ ရုတ်တရက် သတိရသွားဟန်ဖြင့် ကျွင်းမော့ကို မေးလိုက်သည်။

“‘ကောင်းကင်ကပ်ဘေး’ ခန္ဓာကိုယ်ကို ဖြေရှင်းနိုင်တဲ့ဆေးညွှန်းလေ.. အဲ့တာ တွေ့မိသေးလား..?”

ကျွင်းမော့ အနည်းငယ် ထိတ်ပျာသွားသည်။

ခြူးမုယွင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် မတ်တပ်ထရပ်ကာ..

“ဒီရက်တွေမှာ ကိုယ် တကယ်ကြီး စိတ်လွတ်နေတာပဲ.. ဒီလောက် အရေးကြီးတဲ့ပစ္စည်းကို ဘယ်လိုလုပ် မေ့နေတာပါလိမ့်..? ဆေးစာရွက် ဘယ်မှာလဲ..? ကိုယ့်ကို ယူလာပြပါဦး.. ပါဝင်ပစ္စည်းတွေက ရှာရခက်လား..? ဘယ်လိုနည်းနဲ့ ဆေးသန့်စင်ရမှာတဲ့လဲ..? အတူတူလုပ်ကြည့်ကြရအောင်.. အချိန်မဆွဲဘဲ မြန်မြန် ဆေးဖော်မှဖြစ်မယ်..”

သူက ကျွင်းမော့အတွက် စိုးရိမ်ပူပန်နေချိန်တွင် ကျွင်းမော့၏ မျက်ဝန်းအစုံက ​မှောင်မိုက်နေခဲ့၏။ နှလုံးအိမ်မှ ခါးသီးခြင်းများသည် သွေးကြောတစ်လျှောက် ပျံနှံ့လာကာ လျာဖျားထိပ်လေးပင် ခါးသက်လာရသည်။

ခြူးမုယွင်က ကျွင်းမော့ကို ငေးစိုက်ကြည့်ကာ.. : “အားမော့..?”

ကျွင်းမော့လည်း အသိစိတ်ပြန်ကပ်သွားပြီး.. : “ကျွန်တော် ဖတ်ကြည့်ပြီးပြီ.. သိပ်မခက်ပါဘူး.. ‘အားမု’ နေပြန်ကောင်းမှ လိုအပ်တဲ့ ပစ္စည်းတွေ သွားရှာကြတာပေါ့..”

ခြူးမုယွင်က ဆိုသည်။ : “အခု နေကောင်းနေပါပြီ.. ကိုယ်က အဲ့လောက် ပျော့ညံ့စရာလား..? ဒီလောက် ရက်အများကြီး အနားယူပြီးပြီကို.. ဒီအတိုင်း ဆက်ခွေနေရင် မှိုတက်လာမှာ‌တောင် ကြောက်ရတယ်..”

ကျွင်းမော့ : “အလျင်လိုစရာ မလိုပါဘူး..”

ခြူးမုယွင် : “မင်း မသိပါဘူး.. ကိုယ် မင်းကိုကျွေးခဲ့တဲ့ ဆေးလုံးက အရည်အသွေး သိပ်မကောင်းဘူး.. အဲ့တာကြောင့် အများဆုံး နှစ်ဝက်လောက်ပဲ အသုံးတည့်မှာ.. အခုတောင် သုံး၊ လေးလလောက် ရှိနေပြီဆိုတော့ အဲ့ဆေးလုံးကိုပဲ အချိန်အကြာကြီး မှီခိုနေလို့မရတော့ဘူးလေ..?”

ခြူးမုယွင် ထိုသို့ပြောလိုက်သောအခါ ကျွင်းမော့တစ်ယောက် သိသိသာသာကို အသံတိတ်သွား၏။

ခြူးမုယွင်က ဆက်ပြောလိုက်သည်။ : “ရှဲ့ချင်းလန်ရဲ့ လှည့်ကွက်ထဲ ကိုယ် ရောက်သွားတာလည်း အဲ့တုန်းက စိတ်အရမ်းလောနေလို့ပဲ.. ဆေးညွှန်းသာ တကယ်ရှိနေရင် တစ်ခါတည်းနဲ့ အပြီးသတ် ဖြေရှင်းနိုင်မှာလေ.. ‘ငွေရောင်ကံကြမ္မာ’ ဆေးလုံးက ဖွဲ့စည်းဖို့မလွယ်ဘူး.. ပြီးတော့ အစွမ်းသက်ရောက်မှု မရှိတော့မှာ ကိုယ် ကြောက်တယ်..”

ထိုသို့ပြောနေရင်း သူ၏မျက်ဝန်းထဲဝယ် မခံမရပ်နိုင်ခြင်းများ ထင်ထင်ရှားရှား ဖြစ်တည်လာခဲ့၏။ ဤရက်များတွင် စိတ်အေးလက်အေးဖြင့် သက်သောင့်သက်သာ နေထိုင်ခဲ့ပြီး ပျင်းရိနေမိသည်အထိ။ သူ အားထုတ်ကြိုးပမ်းခဲ့သမျှ ကိစ္စအားလုံးကို အဘယ်ကြောင့် မေ့ပျောက်နေမိမှန်း သူကိုယ်တိုင်ပင် နားမလည်နိုင်တော့ချေ။

“ဆေးညွှန်းယူခဲ့.. အဲ့တာမှ ကိုယ်ကြည့်လို့ရမှာ.. ရှားပါးဆေးညွှန်းအတွက် ပါဝင်ပစ္စည်းတွေက ကျိန်းသေပေါက် ရှာရခက်မှာပဲ.. ဆေးသန့်စင်တဲ့နည်းလမ်း အတော်လေး ခက်ခဲလိမ့်မယ်.. ခပ်မြန်မြန်မစရင် နောက်ကျသွားလိမ့်မယ်..”

အခုတောင် နောက်ကျနေပြီလေ။

ကျွင်းမော့၏ မျက်ဝန်းအိမ်ထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။ ‘ငွေရောင်ကံကြမ္မာဆေးလုံး’ က နှစ်ဝက်ခန့်သာ သက်ရောက်မှုရှိသည်ဆိုလျှင် ရက်အနည်းငယ်သာ အချိန်ကျန်တော့သည်။ 'အားမု'က နှစ်လ၊ သုံးလခန့် အချိန်ရသေးသည် ထင်နေသော်လည်း တကယ်တမ်းတွင် သူတို့ ဤတောအုပ်ထဲ ရောက်ရှိနေသည်မှာ သုံးလမက ကြာမြင့်ခဲ့ချေပြီ။ ထို့ကြောင့် ရက်အနည်းငယ်အတွင်း သူ လိမ်ထားသမျှ အကုန်ပေါ်ကုန်လိမ့်မည်။

ကျွင်းမော့က သက်ပြင်းဖွဖွချကာ.. : “မစိုးရိပ်ပါနဲ့.. ကျွန်တော် အဲ့ဆေးကျမ်းကို အကြာကြီး လေ့လာခဲ့ပြီးပြီ.. ဒီရက်တွေထဲ ‘အားမု’ နလန်ထူလာတာကို စောင့်ရင်း ပါဝင်ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားပြီးသား.. ရက်အနည်းငယ်အတွင်း နောက်ဆုံးပါဝင်ပစ္စည်း ရောက်လာရင် ဆေးလုံးသန့်စင်လို့ရပါပြီ..”

ခြူးမုယွင်၏စိတ်ထဲ အနည်းငယ် စိတ်သက်သာရာရသွားသည်။ သို့သော် မျက်ခုံးတန်းများက မသိမသာ တွန့်ချိုးနေဆဲ။

“ပေါ့ပေါ့ဆဆမလုပ်နဲ့.. ဒဏ်ရာရထားပေမယ့် ကိုယ့်ဦးနှောက်က အကောင်းကြီး ရှိသေးတယ်.. အတူတူ လေ့လာလို့ရအောင် ဆေးညွှန်းယူလာခဲ့.. အဲ့လိုဆို ဆေးလုံးအောင်မြင်နှုန်း ပိုများနိုင်တယ်..”

ကျွင်းမော့အား အဂ္ဂိရတ်ပညာ သင်ကြားပေးခဲ့သူသည် ခြူးမုယွင်ပင်ဖြစ်ရာ ဆေးညွှန်းယူလာခိုင်းခြင်းက အကျိုးအကြောင်း သင့်လျော်သည်။ သို့သော် ကျွင်းမော့က သူ့ကို ဘယ်ပြနိုင်ပါ့မလဲ။ သူက ပြောလာသည်။

“တွေးပူမနေနဲ့တော့.. ကျွန်တော် ဆေးလုံးသန့်စင်တာ ဘယ်တုန်းက ကျရှုံးဖူးလို့လဲ..?”

ဒီစကားက…. တကယ့်ကို ငြင်းဆန်၍မရသည့် အမှန်တရားတစ်ခုပင်။

နောင်နှစ်ထောင်ပေါင်းများစွာတွင် ‘ပျင်းရိခြင်း’အရှင်သခင်အဖြစ် ကျော်ကြားလာခဲ့သည့် အဓိကအကြောင်းအရင်းကား ဆေးလုံးသန့်စင်ရာတွင် တစ်ကြိမ်တည်းဖြင့် အောင်မြင်မှုရပြီး ဒုတိယအကြိမ် ထပ်လုပ်ရသည်ဟူ၍ ဘယ်သောအခါမှ မရှိသောကြောင့်ပင်။

သူ၏ ပင်ကိုပါရမီက မနာလိုမဖြစ်နိုင်တော့သည်အထိ မြင့်မားလွန်းပေသည်။

ထိုစကားကြောင့် ခြူးမုယွင် ရယ်လိုက်သည်။ ပြီးနောက် ကျွင်းမော့အား ကျီစယ်လိုသော မျက်ဝန်းများဖြင့် မော့ကြည့်ကာ..

“မင်းက အရမ်းစွမ်းအားကြီးတာပဲ..”

မထိတထိ ကျီစယ်ဟန်လေးက ကျွင်းမော့၏ နှလုံးအိမ်ကို ရိုက်ခတ်သွား၏။ အပူလှိုင်းတစ်ခု ပေါက်ဖွားလာပြီး ဝမ်းဗိုက်အောက်ပိုင်းတွင် စုစည်းလာသည်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ခြူးမုယွင်အပေါ် ငုံ့မိုးလိုက်ကာ အကြင်သူ၏ မသိမသာ ကော့တက်နေသော နှုတ်ခမ်းထောင့်လေးကို နမ်းရှိုက်လိုက်တော့သည်။

ဒီလူသားရဲ့ အရာရာတိုင်းက သူ့ကို ဆွဲဆောင်နိုင်နေတော့တာပဲ..!

အနှီဆွဲညှို့နိုင်လွန်းသော ပုံစံလေးကို မြင်ချင်မိသော်လည်း မြင်တွေ့ရမှာ ကြောက်နေမိပြန်သည်။

အဘယ်ကြောင့်ဆိုသော်… သူ ထိုအမျိုးသားကို အပိုင်သိမ်းထား၍ မရနိုင်သောကြောင့်ပင်။

ပေါ့ပေါ့ပါးပါး ကျီစယ်မှုလေးက လေထုအခြေအနေကို ပြောင်းလဲသွားစေသည်။ ခြူးမုယွင်က ကျွင်းမော့ကို အစွမ်းကုန် အလိုလိုက်ပေးပြီး စိတ်ကြိုက်ကြမ်းတမ်းခွင့် ပေးထားလိုက်သည်။ အဆုံးမှာတော့ သူ တောင့်မခံနိုင်တော့ဘဲ အသံတိုးတိုးလေးဖြင့် ထပ်တလဲလဲ တောင်းပန်နေခဲ့ရ၏။ သို့သော် သူ၏ တောင်းပန်သံက ကျွင်းမော့ကို ပိုမိုတက်ကြွလာအောင် စေစားနေသလို ပို၍ပင် အရိုင်းဆန်လာစေခဲ့သည်။

ထိုဖြစ်ရပ်ပြီးနောက် ခြူးမုယွင်မှာ နုံးချည့်သွားသော်ငြား သတိလက်လွတ် အိပ်မပျော်တော့ပေ။ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း နလန်ပြန်ထူလာသည်။

ကျွင်းမော့က သူ့ကို ပွေ့ဖက်ထားလေသည်။ နဖူးထက်သို့ အနမ်းဖွဖွခြွေရင်း နူးညံ့နွေးထွေးစွာ ပြောလာသည်။

“အားမု.. ကျွန်တော် အမှားတစ်ခုခုလုပ်ခဲ့ရင်… အရမ်းဆိုးဝါးတဲ့ အမှားတစ်ခုခုလုပ်ခဲ့ရင်… ကျွန်တော့်ကို ခွင့်လွှတ်ပေးမှာလားဟင်..?”

သူတို့နှစ်ဦး စတွေ့ခါစကလည်း ကျွင်းမော့ သူ့ကို ပြောခဲ့ဖူးသည်။ : ‘ကျွန်တော် ခင်ဗျားအပေါ် အပြစ်တွေအများကြီး လုပ်ခဲ့ဖူးသလို ခံစားနေရတယ်..!’

ထိုအကြောင်း ပြန်တွေးမိသည်နောက် ခြူးမုယွင်သည် ကျွင်းမော့၏ရင်ထဲ စိတ်မချနိုင်ဖြစ်နေသည်ဟု ထင်မြင်သွားပြီး ကူကယ်ရာမဲ့စွာ ချော့မော့လိုက်သည်။

“မင်းဘာပဲလုပ်လုပ်၊ ကိုယ် စိတ်မဆိုးပါဘူး..”

……………………………………………..

TN : Click ပေးကြပါဦးနော်။

……………………………………………..

Zawgyi

ကြၽင္းေမာ့.. မင္းနဲ႔ငါက ဘာမ်ားကြာျခားသြားလို႔လဲ..?

***

တကယ့္ကို လုံးဝမကြာျခားဘူးပဲ..!

ကြၽင္းေမာ့က ခပ္ေလွာင္ေလွာင္ ၿပဳံးလိုက္သည္။

ျခဴးမုယြင္တစ္ေယာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ႏိုင္ခဲ့သည္။ အိပ္မက္ပင္မမက္ဘဲ အိပ္စက္ႏိုင္ျခင္းက ခႏၶာကိုယ္အတြက္ အမွန္ပင္ ေကာင္းမြန္ေပ၏။ ကြၽင္းေမာ့၏ ေဆးအရွိန္ေၾကာင့္မဟုတ္ဘဲ သည္အတိုင္း အိပ္ေပ်ာ္ခဲ့တာေၾကာင့္ ပို၍ပင္ ေကာင္းေသးသည္။

ျခဴးမုယြင္မွာ လမ္းေလွ်ာက္ႏိုင္ရန္ အေတာ္ေလး ႀကိဳးစားလိုက္ရသည္။ အစပိုင္းတြင္ အေတာ္ခက္ခဲခဲ့ၿပီး တစ္နာရီ၏ ေလးပုံတစ္ပုံခန႔္ လမ္းေလွ်ာက္ၿပီးေနာက္ တစ္ကိုယ္လုံး စပ္ဖ်င္းဖ်င္း ျဖစ္လာကာ ေခြၽးေစးမ်ားျဖင့္ ႐ႊဲနင့္လာရသည္။ သို႔ေသာ္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် က်င့္သားရလာခဲ့သည္။

ကြၽင္းေမာ့က ကူကယ္ရာမဲ့စြာ ေစာင့္ၾကည့္ေနခဲ့သည္။ သူ၏မ်က္ဝန္းထဲတြင္ ေပ်ာ္႐ႊင္ျခင္း၊ စိတ္မေကာင္းျဖစ္ျခင္း စသည့္ မည္သည့္ခံစားခ်က္မွ်မရွိ။ သူ၏ခံစားခ်က္ကို ခန႔္မွန္းၾကည့္ရန္ မလြယ္ကူေပ။

တစ္ေန႔မွာေတာ့ ျခဴးမုယြင္က ေျပာလာသည္။ : “အျပင္ထြက္ၿပီး လမ္းေလွ်ာက္ခ်င္တယ္.. ေနေရာင္ေအာက္မွာဆို ေနေကာင္းတာ ပိုျမန္မယ္ထင္တယ္..”

ကြၽင္းေမာ့က ျပန္ေျဖသည္။ : “ေကာင္းပါၿပီ..”

သူက ျခဴးမုယြင္ကို အျပင္ေခၚထုတ္လာေပးသည္။

အခ်ိန္ကာလမ်ားစြာ လြန္ေျမာက္လာ၏။ သုံးလၾကာၿပီးေနာက္ အျပင္ေလာက၏ ရာသီဥတုပင္ ေျပာင္းလဲသြားခဲ့ေခ်ၿပီ။ ေႏြရာသီေႏွာင္းပိုင္းကာလမွ ေဆာင္းဦးကာလသို႔ပင္ ကူးေျပာင္းသြားခဲ့ၿပီ။ ေအးစက္စက္ ေလညင္းသြဲ႕သြဲ႕က အ႐ိုးကြဲမတတ္ အေအးဓာတ္ကို သယ္ေဆာင္လာခဲ့သည္။

ကြၽင္းေမာ့က ျခဴးမုယြင္ကို ႏွင္းကာၿခဳံထည္ ၿခဳံေပးသည္။

ျခဴးမုယြင္၏စိတ္ထဲတြင္ သံသယတခ်ိဳ႕ က်န္ရစ္ေနဆဲ။ : “အျပင္မွာ ဘာလို႔ဒီေလာက္ေအးေနရတာလဲ..?”

ကြၽင္းေမာ့ : “‘အားမု’ရဲ႕ ခႏၶာကိုယ္က အားနည္းေနလို႔ပါ..”

ျခဴးမုယြင္က ၿပဳံးလိုက္သည္။ ေနာက္ဆုံးေတာ့ ေျခေထာက္ေျမႇာက္ကာ ေျခလွမ္းစတင္လိုက္သည္။

ေရွ႕ရႈရာတြင္ ဆိတ္ၿငိမ္စြာေသာ ဝါးေတာအုပ္တစ္ခု ရွိေန၏။ ျမင္ကြင္းတစ္ခုလုံး စိမ္းစိုေနၿပီး သစ္႐ြက္မ်ားမွာ ေလႏွင့္အတူ ယိမ္းႏြဲ႕လ်က္။ ဝါးပင္မ်ားသည္ ခါးမတ္ရင္ေကာ့ကာ တန္းစီရပ္၍ အမိန႔္ကို ေစာင့္ဆိုင္းေနေသာ စစ္သည္ေတာ္မ်ားႏွယ္ ဆိတ္ၿငိမ္ေသာ္ျငား ဤသန႔္စင္ေသာ ကုန္းေျမႀကီးကို ၿမဲၿမံႀကံ့ခိုင္စြာ ကာကြယ္ေပးေနၾကေလသည္။

ထိုျမင္ကြင္းကို ျမင္ေသာအခါ ျခဴးမုယြင္က ေပ်ာ္႐ႊင္သြားဟန္ျဖင့္..

“ဒီေနရာေလးက အရမ္းသာယာတာပဲ..”

ကြၽင္းေမာ့ : “နည္းနည္းေတာ့ အေအးပိုတယ္..”

မိုးထိလုမတတ္ ဝါးပင္မ်ားသည္ ေနကိုကြယ္ထားၿပီး အေအးဓာတ္ကို ပိုမိုသိပ္သည္းေစ၏။ ျခဴးမုယြင္က ေနပူစာလႈံရန္ ရည္႐ြယ္ခ်က္ျဖင့္ ထြက္လာခဲ့ျခင္းပင္၊ သို႔ေသာ္ လက္ရွိအေျခအေနအရ မျဖစ္ႏိုင္ေတာ့ေပ။ ရာသီဥတုကလည္း သိပ္ၿပီး ေကာင္းမြန္ပုံမရေခ်။ ေကာင္းကင္ယံထက္တြင္ တိမ္ထုမည္းမည္းမ်ား မရွိပါေသာ္လည္း ညိဳ႕မႈိင္းေနေလၿပီး ေလထုက စိုစြတ္ေနသည္။ မၾကာခင္ မုန္တိုင္းလာေတာ့မယ္မွန္း သိသာေနေတာ့သည္။

ေလျပင္းတိုက္လာသျဖင့္ ျခဴးမုယြင္၏ ခႏၶာကိုယ္က မသိမသာေလး တုန္ယင္သြားသည္။

ကြၽင္းေမာ့က ခ်က္ခ်င္းပင္ သတိျပဳမိသြားၿပီး.. : “ရာသီဥတုေကာင္းမွ  ထ​ပ္လာၾကမယ္ေလ..”

ျခဴးမုယြင္က ျပန္ေျပာသည္။ : “ေကာင္းၿပီ..”

အိမ္ျပန္ရန္ ေနာက္လွည့္႐ုံသာ ရွိေသးသည္၊ ေျမျပင္ေပၚမွ ညႇိဳးေလ်ာ္ေနေသာ သစ္႐ြက္ဝါမ်ားကို ျမင္လိုက္ရသည့္အခိုက္ မ်က္ႏွာအမူအရာ ေျပာင္းသြား၏။

ဝါးပင္မ်ားသည္ အၿမဲတမ္း စိမ္းစိုေနၿပီး ဥတုေလးရာသီ၏ သက္ေရာက္မႈမရွိ။ သို႔ေသာ္ ၿခဳံပုတ္မ်ားႏွင့္ ျမက္ပင္ငယ္မ်ားကေတာ့ ရာသီအလိုက္ ေျပာင္းလဲတတ္ၿပီး ေဆာင္ဦးရာသီတြင္ အေရာင္စေျပာင္းေလ့သည္။ ယခု ႐ြက္ေဟာင္းေႂကြေနသည္ကို ၾကည့္လွ်င္ ေဆာင္းဦးရာသီကို ေက်ာ္လြန္၍ ေဆာင္းရာသီ ဝင္လာၿပီျဖစ္ေၾကာင္း သိႏိုင္ေပသည္။

(TN : သူတို႔ဆီမွာ ေႏြဦး၊ ေႏြရာသီ၊ ေဆာင္းဦး၊ ေဆာင္းရာသီဆိုၿပီး ဥတုေလးလီရွိပါတယ္။ တစ္ရာသီကို သုံးလစီေပါ့။)

သို႔ေသာ္ လဝက္အတြင္း ေႏြရာသီမွ ေဆာင္းရာသီအကူးအေျပာင္းကာလသို႔ အဘယ္သို႔ ကူးေျပာင္းႏိုင္မည္နည္း။

ျခဴးမုယြင္သည္ မ်က္ႏွာအမူအရာ ေျပာင္းလဲသြားေသာ္လည္း ဘာမွထုတ္မေျပာခဲ့ေပ။

အခန္းထဲသို႔ ျပန္ေရာက္သည္ႏွင့္ အေႏြးဓာတ္က ဆီးႀကိဳေနေလသည္။ ပ်င္းရိၿငီးေငြ႕ျခင္းမ်ား မထိန္းႏိုင္ေအာင္ ႂကြတက္လာၿပီး ဤေႏြးေထြးၿငိမ့္ေညာင္းေသာ ေနရာမွာသာ ေနလိုေတာ့သည္။ ဘယ္မွမသြားခ်င္ေတာ့ေပ။

ကြၽင္းေမာ့က သူ႔ကို အေပၚထပ္ခြၽတ္ေပးၿပီး အျပင္ထြက္သြားသည္။ ၿပီးေနာက္ စြပ္ျပဳတ္ပူပူေလး တစ္ပန္းကန္ ယူလာခဲ့ေပးသည္။

“ေႏြးသြားေအာင္ ေသာက္လိုက္ေနာ္..”

ျခဴးမုယြင္လည္း တစ္ငုံေသာက္လိုက္သည္။ ထိုအခါ လည္ေခ်ာင္းတစ္ေလွ်ာက္ အစာအိမ္အထိ အပူဓာတ္မ်ား စီးဆင္းသြားၿပီး ခႏၶာကိုယ္တစ္ခုလုံး ေႏြးေထြးလာခဲ့၏။ သူက ၿပဳံးကာ ေျပာလိုက္သည္။

“ဒီရက္ေတြမွာ မင္းကို ပင္ပန္းေစၿပီ..”

ကြၽင္းေမာ့က လက္ေျမႇာက္ကာ ျခဴးမုယြင္၏ ႏႈတ္ခမ္းကို အသာသုတ္ေပးသည္။ ၿပီးေနာက္ ခပ္တိုးတိုး ဆိုသည္။

“ခက္ခဲတဲ့အလုပ္ မဟုတ္ပါဘူး.. မပင္ပန္းဘူး..”

ထိုစကားလုံးထဲတြင္ ခ်စ္ျခင္းတရားမ်ား စိမ့္ဝင္ေန၏။ ျခဴးမုယြင္၏ ႏႈတ္ခမ္းေထာင့္မ်ား ေကာ့တက္လာကာ မ်က္ဝန္းထဲတြင္ အခ်စ္ရိပ္မ်ား ျပည့္လွ်ံေနေတာ့သည္။

တစ္ေန႔တစ္ျခား သက္သာလာေသာအခါ ျခဴးမုယြင္တစ္ေယာက္ ဘာမွမလုပ္ဘဲ ထိုင္မေနႏိုင္ေတာ့ေပ။ လူဆိုသည္ကား အၿငိမ္ထိုင္မေနတတ္သည့္ အမ်ိဳးအစား မဟုတ္ပါလား။

ကြၽင္းေမာ့က သူ႔ကို အခ်ိန္တိုင္း ေစာင့္ၾကပ္ေနေလၿပီး အနားမွ မခြာသေလာက္ေပ။ အားလပ္ခ်ိန္မ်ားတြင္ ႏွစ္ေယာက္သား စကားေျပာလိုက္၊ လမ္းေလွ်ာက္ထြက္လိုက္၊ တစ္ဦးကိုတစ္ဦး ေပြ႕ဖက္ကာ ဟာသဇာတ္လမ္းမ်ား ဖတ္ရႈလိုက္ျဖင့္၊ စိတ္ႂကြလာလွ်င္ အိပ္ရာထက္တြင္ အခ်စ္ပြဲေလး ဆင္ႏႊဲတတ္ၾကေသးသည္။ အားလပ္ခ်ိန္မ်ားေသာ္လည္း စိတ္ဝင္စားဖြယ္ ကိစၥမ်ားျဖင့္ ဘယ္ေသာအခါမွ မပ်င္းရေပ။

သို႔ေသာ္ စိတ္ထိုင္းမႈိင္းေစသည့္ ေဆးအရွိန္ ပ်က္ျပယ္သြားၿပီးေနာက္ ျခဴးမုယြင္မွာ အရာရာကို လ်စ္လ်ဴမရႈႏိုင္ေတာ့ေပ။ ကြၽင္းေမာ့၏ သည္းခံႏိုင္စြမ္းကို ျဖည္းျဖည္းခ်င္း အကဲစမ္းရင္း တစ္ေန႔မွာေတာ့ ႐ုတ္တရက္ သတိရသြားဟန္ျဖင့္ ကြၽင္းေမာ့ကို ေမးလိုက္သည္။

“‘ေကာင္းကင္ကပ္ေဘး’ ခႏၶာကိုယ္ကို ေျဖရွင္းႏိုင္တဲ့ေဆးၫႊန္းေလ.. အဲ့တာ ေတြ႕မိေသးလား..?”

ကြၽင္းေမာ့ အနည္းငယ္ ထိတ္ပ်ာသြားသည္။

ျခဴးမုယြင္က စိတ္ရႈပ္ေထြးေနဟန္ျဖင့္ မတ္တပ္ထရပ္ကာ..

“ဒီရက္ေတြမွာ ကိုယ္ တကယ္ႀကီး စိတ္လြတ္ေနတာပဲ.. ဒီေလာက္ အေရးႀကီးတဲ့ပစၥည္းကို ဘယ္လိုလုပ္ ေမ့ေနတာပါလိမ့္..? ေဆးစာ႐ြက္ ဘယ္မွာလဲ..? ကိုယ့္ကို ယူလာျပပါဦး.. ပါဝင္ပစၥည္းေတြက ရွာရခက္လား..? ဘယ္လိုနည္းနဲ႔ ေဆးသန႔္စင္ရမွာတဲ့လဲ..? အတူတူလုပ္ၾကည့္ၾကရေအာင္.. အခ်ိန္မဆြဲဘဲ ျမန္ျမန္ ေဆးေဖာ္မွျဖစ္မယ္..”

သူက ကြၽင္းေမာ့အတြက္ စိုးရိမ္ပူပန္ေနခ်ိန္တြင္ ကြၽင္းေမာ့၏ မ်က္ဝန္းအစုံက ​ေမွာင္မိုက္ေနခဲ့၏။ ႏွလုံးအိမ္မွ ခါးသီးျခင္းမ်ားသည္ ေသြးေၾကာတစ္ေလွ်ာက္ ပ်ံႏွံ႔လာကာ လ်ာဖ်ားထိပ္ေလးပင္ ခါးသက္လာရသည္။

ျခဴးမုယြင္က ကြၽင္းေမာ့ကို ေငးစိုက္ၾကည့္ကာ.. : “အားေမာ့..?”

ကြၽင္းေမာ့လည္း အသိစိတ္ျပန္ကပ္သြားၿပီး.. : “ကြၽန္ေတာ္ ဖတ္ၾကည့္ၿပီးၿပီ.. သိပ္မခက္ပါဘူး.. ‘အားမု’ ေနျပန္ေကာင္းမွ လိုအပ္တဲ့ ပစၥည္းေတြ သြားရွာၾကတာေပါ့..”

ျခဴးမုယြင္က ဆိုသည္။ : “အခု ေနေကာင္းေနပါၿပီ.. ကိုယ္က အဲ့ေလာက္ ေပ်ာ့ညံ့စရာလား..? ဒီေလာက္ ရက္အမ်ားႀကီး အနားယူၿပီးၿပီကို.. ဒီအတိုင္း ဆက္ေခြေနရင္ မႈိတက္လာမွာ‌ေတာင္ ေၾကာက္ရတယ္..”

ကြၽင္းေမာ့ : “အလ်င္လိုစရာ မလိုပါဘူး..”

ျခဴးမုယြင္ : “မင္း မသိပါဘူး.. ကိုယ္ မင္းကိုေကြၽးခဲ့တဲ့ ေဆးလုံးက အရည္အေသြး သိပ္မေကာင္းဘူး.. အဲ့တာေၾကာင့္ အမ်ားဆုံး ႏွစ္ဝက္ေလာက္ပဲ အသုံးတည့္မွာ.. အခုေတာင္ သုံး၊ ေလးလေလာက္ ရွိေနၿပီဆိုေတာ့ အဲ့ေဆးလုံးကိုပဲ အခ်ိန္အၾကာႀကီး မွီခိုေနလို႔မရေတာ့ဘူးေလ..?”

ျခဴးမုယြင္ ထိုသို႔ေျပာလိုက္ေသာအခါ ကြၽင္းေမာ့တစ္ေယာက္ သိသိသာသာကို အသံတိတ္သြား၏။

ျခဴးမုယြင္က ဆက္ေျပာလိုက္သည္။ : “ရွဲ႕ခ်င္းလန္ရဲ႕ လွည့္ကြက္ထဲ ကိုယ္ ေရာက္သြားတာလည္း အဲ့တုန္းက စိတ္အရမ္းေလာေနလို႔ပဲ.. ေဆးၫႊန္းသာ တကယ္ရွိေနရင္ တစ္ခါတည္းနဲ႔ အၿပီးသတ္ ေျဖရွင္းႏိုင္မွာေလ.. ‘ေငြေရာင္ကံၾကမၼာ’ ေဆးလုံးက ဖြဲ႕စည္းဖို႔မလြယ္ဘူး.. ၿပီးေတာ့ အစြမ္းသက္ေရာက္မႈ မရွိေတာ့မွာ ကိုယ္ ေၾကာက္တယ္..”

ထိုသို႔ေျပာေနရင္း သူ၏မ်က္ဝန္းထဲဝယ္ မခံမရပ္ႏိုင္ျခင္းမ်ား ထင္ထင္ရွားရွား ျဖစ္တည္လာခဲ့၏။ ဤရက္မ်ားတြင္ စိတ္ေအးလက္ေအးျဖင့္ သက္ေသာင့္သက္သာ ေနထိုင္ခဲ့ၿပီး ပ်င္းရိေနမိသည္အထိ။ သူ အားထုတ္ႀကိဳးပမ္းခဲ့သမွ် ကိစၥအားလုံးကို အဘယ္ေၾကာင့္ ေမ့ေပ်ာက္ေနမိမွန္း သူကိုယ္တိုင္ပင္ နားမလည္ႏိုင္ေတာ့ေခ်။

“ေဆးၫႊန္းယူခဲ့.. အဲ့တာမွ ကိုယ္ၾကည့္လို႔ရမွာ.. ရွားပါးေဆးၫႊန္းအတြက္ ပါဝင္ပစၥည္းေတြက က်ိန္းေသေပါက္ ရွာရခက္မွာပဲ.. ေဆးသန႔္စင္တဲ့နည္းလမ္း အေတာ္ေလး ခက္ခဲလိမ့္မယ္.. ခပ္ျမန္ျမန္မစရင္ ေနာက္က်သြားလိမ့္မယ္..”

အခုေတာင္ ေနာက္က်ေနၿပီေလ။

ကြၽင္းေမာ့၏ မ်က္ဝန္းအိမ္ထဲတြင္ အရိပ္အေယာင္တစ္ခု ျဖတ္ေျပးသြားေလ၏။ ‘ေငြေရာင္ကံၾကမၼာေဆးလုံး’ က ႏွစ္ဝက္ခန႔္သာ သက္ေရာက္မႈရွိသည္ဆိုလွ်င္ ရက္အနည္းငယ္သာ အခ်ိန္က်န္ေတာ့သည္။ 'အားမု'က ႏွစ္လ၊ သုံးလခန႔္ အခ်ိန္ရေသးသည္ ထင္ေနေသာ္လည္း တကယ္တမ္းတြင္ သူတို႔ ဤေတာအုပ္ထဲ ေရာက္ရွိေနသည္မွာ သုံးလမက ၾကာျမင့္ခဲ့ေခ်ၿပီ။ ထို႔ေၾကာင့္ ရက္အနည္းငယ္အတြင္း သူ လိမ္ထားသမွ် အကုန္ေပၚကုန္လိမ့္မည္။

ကြၽင္းေမာ့က သက္ျပင္းဖြဖြခ်ကာ.. : “မစိုးရိပ္ပါနဲ႔.. ကြၽန္ေတာ္ အဲ့ေဆးက်မ္းကို အၾကာႀကီး ေလ့လာခဲ့ၿပီးၿပီ.. ဒီရက္ေတြထဲ ‘အားမု’ နလန္ထူလာတာကို ေစာင့္ရင္း ပါဝင္ပစၥည္းေတြ ႀကိဳတင္ျပင္ဆင္ထားၿပီးသား.. ရက္အနည္းငယ္အတြင္း ေနာက္ဆုံးပါဝင္ပစၥည္း ေရာက္လာရင္ ေဆးလုံးသန႔္စင္လို႔ရပါၿပီ..”

ျခဴးမုယြင္၏စိတ္ထဲ အနည္းငယ္ စိတ္သက္သာရာရသြားသည္။ သို႔ေသာ္ မ်က္ခုံးတန္းမ်ားက မသိမသာ တြန႔္ခ်ိဳးေနဆဲ။

“ေပါ့ေပါ့ဆဆမလုပ္နဲ႔.. ဒဏ္ရာရထားေပမယ့္ ကိုယ့္ဦးေႏွာက္က အေကာင္းႀကီး ရွိေသးတယ္.. အတူတူ ေလ့လာလို႔ရေအာင္ ေဆးၫႊန္းယူလာခဲ့.. အဲ့လိုဆို ေဆးလုံးေအာင္ျမင္ႏႈန္း ပိုမ်ားႏိုင္တယ္..”

ကြၽင္းေမာ့အား အဂၢိရတ္ပညာ သင္ၾကားေပးခဲ့သူသည္ ျခဴးမုယြင္ပင္ျဖစ္ရာ ေဆးၫႊန္းယူလာခိုင္းျခင္းက အက်ိဳးအေၾကာင္း သင့္ေလ်ာ္သည္။ သို႔ေသာ္ ကြၽင္းေမာ့က သူ႔ကို ဘယ္ျပႏိုင္ပါ့မလဲ။ သူက ေျပာလာသည္။

“ေတြးပူမေနနဲ႔ေတာ့.. ကြၽန္ေတာ္ ေဆးလုံးသန႔္စင္တာ ဘယ္တုန္းက က်ရႈံးဖူးလို႔လဲ..?”

ဒီစကားက…. တကယ့္ကို ျငင္းဆန္၍မရသည့္ အမွန္တရားတစ္ခုပင္။

ေနာင္ႏွစ္ေထာင္ေပါင္းမ်ားစြာတြင္ ‘ပ်င္းရိျခင္း’အရွင္သခင္အျဖစ္ ေက်ာ္ၾကားလာခဲ့သည့္ အဓိကအေၾကာင္းအရင္းကား ေဆးလုံးသန႔္စင္ရာတြင္ တစ္ႀကိမ္တည္းျဖင့္ ေအာင္ျမင္မႈရၿပီး ဒုတိယအႀကိမ္ ထပ္လုပ္ရသည္ဟူ၍ ဘယ္ေသာအခါမွ မရွိေသာေၾကာင့္ပင္။

သူ၏ ပင္ကိုပါရမီက မနာလိုမျဖစ္ႏိုင္ေတာ့သည္အထိ ျမင့္မားလြန္းေပသည္။

ထိုစကားေၾကာင့္ ျခဴးမုယြင္ ရယ္လိုက္သည္။ ၿပီးေနာက္ ကြၽင္းေမာ့အား က်ီစယ္လိုေသာ မ်က္ဝန္းမ်ားျဖင့္ ေမာ့ၾကည့္ကာ..

“မင္းက အရမ္းစြမ္းအားႀကီးတာပဲ..”

မထိတထိ က်ီစယ္ဟန္ေလးက ကြၽင္းေမာ့၏ ႏွလုံးအိမ္ကို ႐ိုက္ခတ္သြား၏။ အပူလႈိင္းတစ္ခု ေပါက္ဖြားလာၿပီး ဝမ္းဗိုက္ေအာက္ပိုင္းတြင္ စုစည္းလာသည္။ သူ႔ကိုယ္သူ မထိန္းႏိုင္ေတာ့ဘဲ ျခဴးမုယြင္အေပၚ ငုံ႔မိုးလိုက္ကာ အၾကင္သူ၏ မသိမသာ ေကာ့တက္ေနေသာ ႏႈတ္ခမ္းေထာင့္ေလးကို နမ္းရႈိက္လိုက္ေတာ့သည္။

ဒီလူသားရဲ႕ အရာရာတိုင္းက သူ႔ကို ဆြဲေဆာင္ႏိုင္ေနေတာ့တာပဲ..!

အႏွီဆြဲညႇိဳ႕ႏိုင္လြန္းေသာ ပုံစံေလးကို ျမင္ခ်င္မိေသာ္လည္း ျမင္ေတြ႕ရမွာ ေၾကာက္ေနမိျပန္သည္။

အဘယ္ေၾကာင့္ဆိုေသာ္… သူ ထိုအမ်ိဳးသားကို အပိုင္သိမ္းထား၍ မရႏိုင္ေသာေၾကာင့္ပင္။

ေပါ့ေပါ့ပါးပါး က်ီစယ္မႈေလးက ေလထုအေျခအေနကို ေျပာင္းလဲသြားေစသည္။ ျခဴးမုယြင္က ကြၽင္းေမာ့ကို အစြမ္းကုန္ အလိုလိုက္ေပးၿပီး စိတ္ႀကိဳက္ၾကမ္းတမ္းခြင့္ ေပးထားလိုက္သည္။ အဆုံးမွာေတာ့ သူ ေတာင့္မခံႏိုင္ေတာ့ဘဲ အသံတိုးတိုးေလးျဖင့္ ထပ္တလဲလဲ ေတာင္းပန္ေနခဲ့ရ၏။ သို႔ေသာ္ သူ၏ ေတာင္းပန္သံက ကြၽင္းေမာ့ကို ပိုမိုတက္ႂကြလာေအာင္ ေစစားေနသလို ပို၍ပင္ အ႐ိုင္းဆန္လာေစခဲ့သည္။

ထိုျဖစ္ရပ္ၿပီးေနာက္ ျခဴးမုယြင္မွာ ႏုံးခ်ည့္သြားေသာ္ျငား သတိလက္လြတ္ အိပ္မေပ်ာ္ေတာ့ေပ။ သူ၏ ခႏၶာကိုယ္က တျဖည္းျဖည္း နလန္ျပန္ထူလာသည္။

ကြၽင္းေမာ့က သူ႔ကို ေပြ႕ဖက္ထားေလသည္။ နဖူးထက္သို႔ အနမ္းဖြဖြေႁခြရင္း ႏူးညံ့ေႏြးေထြးစြာ ေျပာလာသည္။

“အားမု.. ကြၽန္ေတာ္ အမွားတစ္ခုခုလုပ္ခဲ့ရင္… အရမ္းဆိုးဝါးတဲ့ အမွားတစ္ခုခုလုပ္ခဲ့ရင္… ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးမွာလားဟင္..?”

သူတို႔ႏွစ္ဦး စေတြ႕ခါစကလည္း ကြၽင္းေမာ့ သူ႔ကို ေျပာခဲ့ဖူးသည္။ : ‘ကြၽန္ေတာ္ ခင္ဗ်ားအေပၚ အျပစ္ေတြအမ်ားႀကီး လုပ္ခဲ့ဖူးသလို ခံစားေနရတယ္..!’

ထိုအေၾကာင္း ျပန္ေတြးမိသည္ေနာက္ ျခဴးမုယြင္သည္ ကြၽင္းေမာ့၏ရင္ထဲ စိတ္မခ်ႏိုင္ျဖစ္ေနသည္ဟု ထင္ျမင္သြားၿပီး ကူကယ္ရာမဲ့စြာ ေခ်ာ့ေမာ့လိုက္သည္။

“မင္းဘာပဲလုပ္လုပ္၊ ကိုယ္ စိတ္မဆိုးပါဘူး..”

……………………………………………..

TN : Click ေပးၾကပါဦးေနာ္။

……………………………………………..

Continue Reading

You'll Also Like

125K 23.5K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်
2.7M 75.1K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
3.3K 192 8
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Su Jingxian 苏景闲 •This Story Is Not Mine. •We're Just Translation. •All Credit To Origi...
52.7K 9.3K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...