Unicode
"Beakhyun ကိုယ်နဲ့ ကာလာတဲ့လူက ကိုယ့်သူငယ်ချင်း
Do Kyungsoo"
Chanyeol ပြောပြီး Kyungsooဆီ အမြန်ပြန်ပြေးသွားလိုက်သည်။ဘာလို့ beakhyunကို သွားရှင်းပြမိမှန်းလဲမသိပေ။Beakhyun တစ်မျိုးထင်သွားလေမလားဆိုတဲ့
စိတ်နဲ့ ပြောလိုက်မိတာ .......
အားးးးးPark Chanyeol ရူးနေပြီလား...
ဘယ်တုန်းက လူတစ်ယောက်ကို ကိစ္စမရှိဘဲ စကားပြောတတ်သွားတာလဲ........
"Chanyeol ခုနက ကောင်လေးက ဘယ်သူလဲ"
kyungsoo သူ့လက်မာင်းကို လှုပ်ကာ မေးတော့မှ အတွေးနယ်က လွတ်မြောက်လာသည်။
"အာ...ငါဒီကို စစရောက်တုန်းက ကူညီပေးတဲ့တစ်ယောက်
သူ့နာမည်က Byun Beakhyunတဲ့ Kaiရဲ့ သူငယ်ချင်းလေ"
"အော်.... မင်းနဲ့အတော်လေးရင်းနှီးတဲ့ပုံဘဲ"
"အမ် "
"ဟုတ်တယ်လေ ငါက သူငယ်ချင်းပါဆိုပြီးတောင် သွားရှင်းပြတာဆိုတော့"
Kyungsooရဲ့ အမှုစစ်မျက်လုံးကို Chanyeol ရအောင် ရှောင်လိုက်သည်။Kyungsooက ဆရာဝန်ဆိုပင်မယ့်
အမှုစစ်တစ်ယောက်လိုဘဲ.....Kyungsooကိုဘာမှ လိမ်လို့မရ....လျှို့ဝှက်ထားရင်တောင် မရရအောင် မေးတတ်သည်။
"မဟုတ်ပါဘူး ဒီအတိုင်း ဟို....ဟို အာ.....kyungsooမင်းရေညှိ ကြိုက်တယ်မလား ....ဒီက ရေညှိက လက်ဆတ်တယ် လာ....."
Kyungsooလက်ကိုဆွဲကာ ရေညှိတွေ လှန်းနေတဲ့ဆီ ခေါ်သွားလိုက်သည်။Kyungsooကတောပ ရေညှိတွေမြင်ပြီး မျက်လုံးက အသဲပုံတွေ ပေါ်လာသည်။
ဟူးးးးးKyungsoo ဆက်မေးမယ့် မေးခွန်းတွေအတွက် အဖြေ သူ့မှာမရှိပေ။ဘာလို့ဆိုတာတော့ သူလဲမသိပေ.....
Byun Beakhyun ဆိုတဲ့ လူနဲ့ သူနဲ့တွေ့တာ ရက်ပိုင်းလောက်သာရှိသေးပင်မယ့် သူ့စိတ်ကတော့ နှစ်ပေါင်းများစွာ အနားမှာရှိနေဖူးတဲ့လူလို ရင်းနှီးနေသည်။လူစိမ်းနဲ့ဆိုစိတ်ကသိ ကအောက် ဖြစ်တတ်တဲ့ စိတ်က Byun Beakhyunနဲ့ဆို ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိ။
"yarrr Park Chanyeol ငါခေါ်နေတာ ကြားလား နားရွက်ကကြီးပြီး နားကျလေးရသလား"
Kyungsooရဲ့ အော်သံကြောင့် သူ့ခမျာ နားအမြန်ပိတ်ရသည်။မဟုတ်ရင် နားထဲက သွေးပါထွက်လာမယ့်ကိန်းရှိတ
ယ်။
~~~~~~~~~~~~~~~~~~~~~
Park Chanyeolဆိူတဲ့လူဆီက အိမ်ကိုအခေါ်ခံထားရလို့ beakhyun ပါးစပ်စိမရ။တခြားအိမ်တွေကလဲ ၅လည်ခေါ်ပင်မယ့် ခံစားချက်ခြင်းမတူပေ။အခုက ကျောက်ပုစွန် ချက်နေတာကို ကြည့်နေရတဲ့ ခံစားချက်မျိုးယ....ဆိုးလ်က လာတဲ့လူမို့ များလား..........
Beakhyunရဲ့ ပျော်ရွင်နေတဲ့ စိတ်ကလေးကို ဖျက်စီးတဲ့လူကတော့ Kaiပါပဲ.......Park Chanyeolဆိုတဲ့လူက kaiကိုပါ မနက်ဖြန် သူ့အိမ်ခေါ်ထားတာတဲ့လေ။
ဒီက ကြွားမလို့ကို တကယ်ပါဘဲ.........
မနက်အစောကြီး Kaiရဲ့ တတ်ကြွမှုကြောင့် သူများအိမ်ကို အရှက်မရှိ ၆နာရီထိုးကြီး ရောက်သွားသည်။
အိမ်ရှင်ဖြစ်တဲ့ Park Chanyeolဆိုတဲ့လူနဲ့ သူ့သူငယ်ချင်းကတော့ အိပ်မှုန်စုတ်ဖွားဖြစ်နေသည်။
အလိူမကျတဲ့ မျက်နှာနဲ့ Park Chanyeolရဲ့ သူငယ်ချင်းကြောင့် Baekhyun သွားဖြီးပြလိုက်သည်။အောက်ကတော့ Kaiရဲ့ ခြေထောက်ကိုတတ်နင်းထားလိုက်သည်။
ဒါပင်မယ့် Kaiတို့ကတော့ မမှု.....အိပ်ရာတွေပါ ဝိုင်းသိမ်းပေးရင်း Do Kyungsooဆိုတဲ့ လူနောက် တကောက်ကောက် လျှောက်လိုက်နေသည်။
"Beakhyun ရော့ အေးနေတယ်မလား ကော်ဖီလေး သောက်လိုက် မင်းတို့ကအစောကြီးလာတော့ အိမ်မှာ ဘာမှ မပြင်ထားရဘူး"
Park Chanyeolပေးတဲ့ ကော်ဖီကို ယူလိုက်သည်။
"ငါတို့အမှားပါ အစောကြီး လာမိ........"
စကားပြောရင်း မော့ကြည့်လိုက်မိတာကို Beakhyunနောင်တရချင်သွားသည်။
သေပြီဟေ့.....မျက်နှာသစ်ပြီးကာစမို့ ရေစက်တွေ တင်ကျန်နေတဲ့ မျက်နှာချောချောနဲ့ အရှေ့ဆံပင်က ရေစိုနေပြီး ရေစက်လေးတွေက တွဲခိုနေတယ်......
ပါးရိုး နှစ်ဖက်က ထင်းနေပြီး နားရွက်ကားကားတို့က အမြင်ကပ်လောက်အောင် လိုက်ဖက်နေပြန်သည်။
"Beakhyun အဆင်ပြေရဲ့လား"
"ဟမ် အင်းးး ပြေပါတယ်"
Beakhyun အသက်ပါ ရူလို့ မဝချင်သလို ဖြစ်လာသည်။
ဘာလို့ စောက်ရမ်းချောနေရတာလဲ......ဘာလို့ အကြာကြီး ကြည့်မိပြန်ပြီလဲကွာ.......ငါကျ ဘာလို့ သူ့လို မေးရိုးမရှိဘဲ ပါးဖောင်းဖောင်းဘဲ ရှိနေရတာလဲ....
မျက်နှာတွေနီရဲကာခေါင်းငုံ့သွားတံ Beakhyunကြောင့် Chanyeolစိတ်ပူသွားသည်။ နေမကောင်းများဖြစ်နေတာလားဆိုတဲ့ စိတ်ကြောင့် လက်က Beakhyun နဖူးပေါ် ရောက်သွားသည်။
ဝိုင်းစက်သော မျက်လုံးစိုစိုတို့ဖြင့် အံသြကာ မော့ကြည့်လာတဲ့ Beakhyunကြောင့် Chanyeolလက် ပြန်ရုတ်လိုက်မိသည်။ဒီ ပါပီ မျက်လုံးကို သူခံနိုင်ရည်မရှိပါ....
"မျက်နှာ နီနေလို့ အဲ့ဒါ...ကိုယ်ပူနေလားလို့ စမ်းကြည့်လိုက်တာ"
"အာ...."
"Chanyeol မင်းတိုင်ပင်စရာရှိတာ မြန်မြန်ပြော ငါ ဒီကောင့်ကို ကန်ချင်နေပြီ"
Kyungsooအသံကြောင့် လှည့်ကြည့်လိုက်တော့ Kaiက လိုက်စနေသည် ထင်ပါရဲ့.......
"တစ်ကယ်တော့ ငါအကူညီတောင်းစရာလေးရှိလို့ .....ဒီနေရာမှာ ငါသိတဲ့လူဆိုလို့ စဉ်းစားကြည့်လိုက်ရင် မင်းတို့ဘဲရှိလို့.......အကူညီတောင်းရလောက်တဲ့အထိ မရင်းနှီးပင်မယ့်လို့ပေါ့"
"ရပါတယ် ငါတို့က ရွာခံတွေလေ ကူညီရမှာပေါ့ မင်းသာပြောကြည့်.......ကူညီလို့ရတာဆို ကူညီမယ်"
ChanyeolအပြောကိုKaiက ထောက်ခံပေးသည်။
"အွန်း....ငါက ဆရာဝန်တစ်ယောက်ပါ........ဒီရွာမှာက ဆေးရုံဆေးခန်းကလဲ ဝေးပြီး ဆေးဆိုင်ဆိုတာလဲ မရှိဘူး......
အဲ့ဒါကြောင့် ငါဒီနေရာလေးမှာ ဆေးခန်းလေး ဖွင့်ချင်လို့"
Beakhyun မှင်သပ်သွားမိသည်။သူလူဆိုးလို့ ထင်နေတဲ့ လူက ဆရာဝန်တစ်ယောက်တဲ့လား.......ဆရာဝန်ဂျူတီဂုတ်နဲ့ ပြေးမြင်ကြည့်တော့လဲ လိုက်ဖက်နေပြန်ရော.....
"မင်းက ဧည့်သည်လေ "
Kaiရဲ့ စကားကြောင့် Beakhyunအကြည့်တို့ Chanyeolဆီ ရောက်သွားသလို အကြည့်ချင်းဆုံသွားသည်။
"ငါက ဒီမှာ တသက်လုံးလဲ နေဖြစ်သွားနိုင်တယ် .....မသေချာမရေရာပင်မယ့် အချိန်တစ်ခုအကြာထိ ငါဒီရွာမှာ နေဖြစ်မှာ.....အဲ့ဒါကြောင့် ငါရှိနေတူန်းလေး ငါလဲ ဝမ်းရေးအဆင်ပြေအောင် မင်းတိူ့ရွာအတွက် ကျန်းမာရေးလဲ အဆင်ပြေအောင်လို့လေ"
"ဒီလိုဆိုရင်တော့ ငါတို့က ကူညီမှာပေါ့ ငါတိုရွာ ဆေးရုံဆေးခန်းဝေးတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် ခက်ခဲတယ်ကွ........ပင်လယ်နဲ့နီးတော့ ကလေးတွေ ဝမ်းပျက်တာတွေ ဖြစ်ကြတာ ....လူကြီးတွေကျ လူကြီးရောဂါဖြစ်ရန်လဲ မြို့ပေါ်ထိ သွားပြီး ဆေးခန်းပြရတာ မလွယ်ဘူး .....
ဒီလို ကိစ္စကောင်းကို ငါတို့က ကူညီမှာပေါ့ နော် Beakhyun....."
"အင်းးးး ဒါသတင်းကောင်းတစ်ခုလိုပါဘဲ ........ငါတို့ကူညီပါ့မယ်....ငါတို့ရွာလေးရဲ့ ကျန်းမာရေးကို မင်းလက်ထဲ အပ်ပါတယ်"
Beakhyunရဲ့ မျက်လုံးအရ ပျော်ရွင်နေသလို ဝမ်းနည်းမှုတွေလဲ ရှိနေသည်။
"ဒါနဲ့ Kyungsooကရော ဆရာဝန်လား"
Kaiက စပ်စုပြန်သည်။
"အင်းးး Kyungsooရဲ့ ဆရာဝန်ဘဲ"
"ဒါဆို ဒီမှာနေမှာလား"
Kaiရဲ့ မျက်လုံးတို့က အရောင်တောက်နေသယောင်
"မနေဘူ မင်းလို မျက်ခွက်ပြောင်တဲ့ ကောင်ရှိနေလို့မနေဘူး"
Kaiရဲ့ မျက်နှာမဲ့သွားပြီး ငြိမ်ကျသွားသည်။Beakhyunရယ်လိုက်မိသည်။Kaiတို့ ပြန်အချေခံနေရပြီ။
"ကျန်တဲ့ကိစ္စကို အစီအစဉ်ချပြီး ပြန်ပြောမယ်နော်"
"အွန်း ဒါဆိူ ပြန်ခွင့်ပြုပါအုံး "
ခြံရှေ့ထိ လိုက်ပို့တဲ့ Chanyeolတို့ကို Beakhyunနှုတ်ဆက်ပြီး ခြံပြင်ထွက်တော့ တုန်တတ်သွားသည်။ဆောင်းတွင်းလဲဖြစ် ပင်လယ်နဲ့လဲ နီးတာမို့ မနက်ပိုင်းဆို လေတိုက်လွန်းပြီး အေးလွန်းသည်။
"Beakhyun ခနလေး"
Chanyeolက ပြောပြီး အိမ်ထဲ ပြန်ဝင်သွားသည်။
အနွေးထည်အကြီးကြီးနဲ့ ပြန်ထွက်လာပြီး သူ့ကို ခြုံပေးသည်။
"အေးတယ် ဒါလေးဝတ်သွား ......ခုနတောင် အအေးမိချင်သလို ဖြစ်နေတာမလား"
Chanyeolရဲ့ အနွေးထည် ထူထူက Beakhyunပေါ် ခြုံလိုက်တော့ beakhyun အနွေးထည်ထဲ မြှပ်သွားသည်။
ခန္ဓာကိုယ်လဲ နွေးသွားသလို နှလုံးသားလေးလဲ နွေးသွားသည်။
"အွန်း နောက်နေ့ ပြန်လာပေးမယ်နော်...."
Beakhyunရဲ့ အိမ်ပြန်လမ်းတို့ဟာ နွေးထွေးလွန်းနေသည်။ဘေးက Kaiကတော့ ပွစ်ပွစိပြောပြီး အအေးဒဏ်ကြာင့် မေးရိုက်ကာ ပါလာသည်။
"ငါလဲ လူပါ ငါလဲ အေးတတ်ပါတယ်.....အားကျပါတယ် Beakhyunရယ် ငါမရနိုင်တဲ့ ဘဝတွေ"
Kaiကိုလဲ ရန်ပြန်မတွေ့နိုင်ပေ။Park Chanyeolရေ မင်း ဒီလိုသာ ဆက်လုပ်နေရင် ငါတော့ မင်းဆီမှာ အကြီးအကျ နစ်မြှပ်တော့မယ် ထင်တယ်........
~~~~~~~~~~~~~~~~~~~
Updateလေးတွေ ပြန်လာပြီမို့ ဖတ်ပေးကြပါအုံးဗျ့
ဇာတ်လမ်းလေးက အရမ်းငြိမ့်နေလားဟင်
လိုအပ်တာရှိရင် ပြောပါနော်
ထောက်ပြပေးရင် ဒီက မြူရီသွယ် ကျေးဇူးတင်မိမှာပါ....
_____________________________________
Zawgyi
Do Kyungsoo"
"အမ် "
ယ်။
~~~~~~~~~~~~~~~~~~~~~
"ဟမ် အင်းးး ပြေပါတယ်"
"အာ...."
"မင်းက ဧည့်သည်လေ "
"ငါက ဒီမှာ တသက်လုံးလဲ နေဖြစ်သွားနိုင်တယ် .....မသေချာမရေရာပင်မယ့် အချိန်တစ်ခုအကြာထိ ငါဒီရွာမှာ နေဖြစ်မှာ.....အဲ့ဒါကြောင့် ငါရှိနေတူန်းလေး ငါလဲ ဝမ်းရေးအဆင်ပြေအောင် မင်းတို့ရွာအတွက် ကျန်းမာရေးလဲ အဆင်ပြေအောင်လို့လေ"
Kaiက စပ်စုပြန်သည်။
"ဒါဆို ဒီမှာနေမှာလား"
"အွန်း ဒါဆို ပြန်ခွင့်ပြုပါအုံး "
"Beakhyun ခနလေး"
~~~~~~~~~~~~~~~~~~~