အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

212K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

189

2.5K 543 13
By Melinoe_Megami

Unicode

ဤကား အနုနည်းဖြင့် အကျဉ်းချထားခြင်းပင်။

သို့သော် ‘တရားမဝင် ပိတ်လှောင်ထားခြင်း’ ဟူသည့် ဆိုးယုတ်သော သဘောသဘာဝကို ဖုံးကွယ်ထား၍မရသည်မှာ နှမြောစရာကောင်းလှသည်။

ပြီးခဲ့သောလကို ပြန်ကြည့်ကြပါစို့၊ ခြူးမုယွင်သည် အတန်ငယ် မိန်းမောနေသလို ခံစားခဲ့ရသည်။ နူးညံ့ပျော့ပျောင်းသည့် တိမ်တိုက်ကြီးထဲ နစ်ဝင်နေသလို သူနှင့်ထိတွေ့သမျှ အရာအားလုံးဟာ နူးညံ့ပျော့ပျောင်း၍ သက်သောင့်သက်သာရှိလှ၏။ ထို့အပြင် ကျွင်းမော့ကလည်း သူ့အပေါ် အလွန်ကောင်းသည်။ အပျင်းကြီးလာသည်အထိ အလိုလိုက်ထားသည်။ လုံးဝလိမ်ညာခြင်းမရှိ၊ ရိုးသားဖြူစင်နေသည့်အပြင် သူ၏ ပုံတူပန်းချီကားသည်လည်း ဖြည်းဖြည်းချင်း မီးလင်းလာပြီး ယခုဆိုလျှင် ထောင့်စွန်းလေး တစ်ခုသာ မီးလင်းရန် ကျန်တော့သည်။ သို့ဖြစ်ရာ ခြူးမုယွင်တစ်ယောက် ကျွင်းမော့အပေါ် သတိမထားခဲ့ပေ။

တကယ့်တော့ ကျွင်းမော့က မူလကျွင်းမော့ မဟုတ်တော့ရုံသာ။ (အရင်လို ဖြူစင်တဲ့ကလေးလေး မဟုတ်တော့ပါ။)

အတော်ကြာ နေရောင်ခံပြီးနောက် ခြူးမုယွင်မှာ နေရခက်လာခဲ့၏။ သူ၏ခန္ဓာကိုယ်က အတော်လေး အားနည်းနေသဖြင့် ရုတ်တရက် နေရောင်ပြင်းပြင်းအောက် ရောက်ရှိသွားသောအခါ အသားကို အပ်ဖြင့်ဆွနေသလို တဆစ်ဆစ် နာကျင်လာခဲ့သည်။

ခြူးမုယွင်လည်း အခန်းထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။ အခန်းထဲရောက်သည်နှင့် ပျင်းရိငြီးငွေ့ခြင်းများ တဖန်ပြန်လည် အုံကြွလာခဲ့သည်။ အိစက်ညက်ညောသော အိပ်ရာပေါ်သို့ ပြန်သွားကာ လှဲအိပ်လိုက်ပြ များမကြာမီ အိပ်ပျော်သွားတော့သည်။

ယင်းဖြစ်ရပ်သည် ပုံမှန်မဟုတ်မှန်း သိသာနေ၏။

သာမာန်အတိုင်း ကိုယ်ခံအားနည်းခြင်းက ဤသို့မဟုတ်ပေ။

သာမာန်လူများထက် စိတ်ဓာတ်မာကျောသော ခြူးမုယွင်ကို အသာထား။ သာမာန်လူတစ်ယောက်ဆိုလျှင်ပင် အခန်းထဲ တစ်လလောက် အောင်းနေရုံဖြင့် ဤမျှအားနည်းသွားမည်မဟုတ်ပေ။

ခန့်မှန်းမိသလောက် ကျွင်းမော့ တစ်ခုခုလုပ်ထားတာ ဖြစ်ရမည်။ ခြူးမုယွင်ခမျာ မိန်းမောနေသည့်ကြားမှ သက်ပြင်းချလိုက်မိသည်။

အန္တိမဆေးကျမ်းကို ‘လှည့်ဖျားလိမ်လည်ခြင်း’ ဆေးကျမ်းလို့သာ နာမည်ပြောင်းလိုက်ပါတော့..!

ကျွင်းမော့ရဲ့ ပင်ကိုပါရမီနဲ့ ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ ဒီဆေးကျမ်း… နှစ်ခုပေါင်းလိုက်လို့ကတော့ သူ မကြာခင် ကောင်းကင်ဘုံရောက်သွားမှာတောင် ကြောက်မိပါရဲ့..!

ခြူးမုယွင်က အလျင်မလိုခဲ့ပေ။ ယဲ့သမ့်သမ့်လေးလည်း ယခုတလော ဗိုက်သိပ်မဆာပေ။ အစားအသောက်နည်းခြင်းက ဖွံ့ဖြိုးကြီးထွားမှု လျော့ကျလာခြင်းကို ရည်ညွှန်းနေသည်။ ထို့အပြင် ယဲ့သမ့်သမ့်လေးသည် ရှို့လော်နယ်မြေမှ လုံးဝကွဲထွက်သွားခြင်း မရှိသေးရာ လစဥ်လတိုင်း ခြူးမုယွင်နှင့် ရှို့လော်နယ်မြေ ပေါင်းစည်းရာမှ ထွက်ပေါ်လာသော စွမ်းအင်များသည် သူ အသက်ရှင်ရန် အလုံအလောက် ထောက်ပံ့ပေးနိုင်သည်။

အပြင်လောကမှာ ဖြစ်ပျက်နေသမျှကတော့…

ပုံရိပ်ယောင်နန်းတော်တွင် ဇာတ်ရှုပ်ခဲ့ပြီးနောက် ရှန်ရွှိန်ယန်းနှင့် ရှဲ့ချင်းလန်တို့သည့် ‘လင်းမု’ အား ယောင်မိစ္ဆာနယ်မြေအတွင်း မြေလှန်ရှာကြတော့သည်။ သို့ဖြစ်ရာ သူ့အတွက် အချိန်ရသေးသည်။

ရှန်ရွှိန်ယန်း၏အာရုံက ‘အသက်တံခါး’ဘက် လှည့်မသွားသရွှေ့ ခြူးမုယွင်အတွက် အကွက်ရွှေ့ရန် အချိန်ရသေးသည့် သဘောပင်။

ကျွင်းမော့၏ လက်ရှိအခြေအနေက သိပ်မဟန်ပေ။ ခြူးမုယွင်သာ ဆက်ပြီးနာခံနေလျှင် ကျွင်းမော့က သူ့ကို တစ်သက်လုံး လှောင်ပိတ်ထားလိမ့်မည်။ သို့သော် ဆန့်ကျင်လိုက်ပြန်လျှင်လည်း… တစ်ခုခုလုပ်ပစ်လိုက်မှာ စိုးရသည်။

ထို့ကြောင့် ဖြည်းဖြည်းချင်းသာ အချိန်ယူရတော့မည်။

ခြူးမုယွင်တစ်ယောက် စိတ်အေးလက်အေး အိပ်ပျော်နေခဲ့၏။ ဘယ်တုန်းကမှ အခုလို စိတ်ချလက်ချ အိပ်မပျော်ခဲ့ဖူးပေ။

သူ နိုးလာသောအခါ ကျွင်းမော့၏ အနမ်းဖွဖွလေးက စောင့်ကြိုနေခဲ့သည်။

နှုတ်ခမ်းပါးများကြားမှ နူးညံ့သိမ်မွေ့သော အထိအတွေ့ကို ခံစားရင်း ခြူးမုယွင်က လက်မြှောက်ကာ ကျွင်းမော့၏ လည်ပင်းကို ပျင်းရိပျင်းတွဲ သိုင်းဖက်လိုက်သည်။ ပြီးနောက် ခန္ဓာကိုယ်ကို ပင့်လိုက်၏။

ကျွင်းမော့က ခြူးမုယွင်၏ခါးကို ပွေ့ဖက်လိုက်ပြီး မသိစိတ်ခံစားချက်ကြောင့် အကြမ်းပတမ်း နမ်းရှိုက်လာတော့သည်။ ထိုအနမ်းထဲတွင် နူးညံ့သိမ်မွေ့မှုဟူ၍ လုံးဝမရှိတော့ပေ။ ခြူးမုယွင်၏ ခံတွင်းထဲသို့ ကျူးကျော်လိုက်ပြီးနောက် ခေါင်းစောင်းကာ ငုံထွေးစုပ်ယူရင်း အနမ်းကို ပိုမိုနက်ရှိုင်းစေလိုက်သည်။ သူ့ရင်ခွင်ထဲရှိ အမျိုးသားထံမှ ညည်းသံယဲ့ယဲ့ ထွက်အံကျလာခဲ့လေသည်။

ခြူးမုယွင်က လျော့တိလျော့ရဲ ဝတ်ရုံရှည်ကိုသာ ဝတ်ဆင်ထားသည်။ အိစက်ချောမွေ့သော အနက်စွေးစွေး ဝတ်ရုံရှည်သည် ညလင်းပုလဲအောက် အလင်းပြန်နေပြီး ဖြူဖျော့ဖျော့အသားအရေနှင့် လိုက်ဖက်ညီစွာ ထင်မှတ်မထားအောင် ဆွဲဆောင်မှုရှိနေတော့သည်။

ကျွင်းမော့ သူ့ကို နမ်းလာသောအခါ ခြူးမုယွင်က ဟန်လုပ်မနေဘဲ အလိုက်သင့် လှုပ်ရှားလိုက်၏။ ခြူးမုယွင်ဘက်မှ လက်ဦးမှုယူပြီး ကိုယ့်ကိုယ်ကို တည်ခင်းဧည့်ခံလိုက်သောအခါ ကျွင်းမော့တစ်ယောက် ရင်ခုန်သွားရသည်။

တစ်လလုံးလုံး စိတ်ကြိုက်ခြယ်လှယ်ပြီးသည့်တိုင် ကျွင်းမော့ခမျာ သူ၏စိတ်ဆန္ဒများကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူ ဘာလုပ်နေလဲ၊ သူ သိသည်။ စိတ်တည်ငြိမ်ပြီး ဆင်ခြင်တုံတရား အပြည့်ရှိသည်။ မကောင်းမှန်း သိနေသည့်တိုင်၊ မှားယွင်းနေမှန်း သိနေသည့်တိုင်၊ သူ မရပ်တန့်နိုင်ခဲ့။ သူကိုယ်တိုင်က မရပ်တန့်လိုခဲ့ပေ။

အရာအားလုံး အထင်လွဲခဲ့တာဆိုလျှင်ပင်…

‘အားမု’က သူ့ကို မေတ္တာစစ်မေတ္တာမှန်ဖြင့် ချစ်မြတ်နိုးသည်ဆိုလျှင်ပင်…

ထိုအကြောင်းပြချက်များက သူ၏ ယိုယွင်းပျက်စီးနေပြီဖြစ်သော အတွင်းအင်္ဂါ (မကောင်းသည့် စိတ်ရိုင်းများ)ကို မကုစားနိုင်တော့ပေ။

ပျက်စီးယိုယွင်းနေသည့် အရာများသည် ပိုင်းဖြတ်မရအောင်၊ စွန့်ပစ်ဖယ်ထုတ်၍မရအောင်၊ တဖြည်းဖြည်း စုပုံလာခဲ့သလို အနက်ရှိုင်းဆုံးနေရာတွင် စွဲမြဲတည်ရှိလာခဲ့၏။ ကျွင်းမော့မှာ သူ့အတွင်းပိုင်းမှ အမှောင်ထုကြီးကို ထိုင်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ အတတ်နိုင်ဆုံးကြိုးစား၍ စိတ်ဆန္ဒပြေပျောက်အောင် ဖြည့်ဆည်းနေတော့သည်။

အချစ်ဆိုတာ ဘာလဲ..?

လူနှစ်ယောက် အတူတူနေပြီး မခွဲနိုင်မခွာရက် ပူးကပ်နေကြမယ်။ နေ့တိုင်း တခြားလူတွေဆီ မတွေးမရောက်ဘဲ တစ်ယောက်အကြောင်း တစ်ယောက်တွေးမယ်၊ နေ့ရက်တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ သက်သောင့်သက်သာ ဖြတ်သန်းကြမယ်။ ဒါတွေက ချစ်သူတိုင်း လိုချင်တောင့်တနေတဲ့ စိတ်ကူးအိပ်မက်မဟုတ်လား..?

ထို့ကြောင့် ကျွင်းမော့က ယခုလို လုပ်နေခြင်းပင်။

အပေါ်ယံကြည့်လျှင်… အမှားမရှိသယောင် ထင်ရပေသည်။

ကျွင်းမော့သည် သူ့အောက်မှအမျိုးသား၏ သန့်ရှင်းစင်ကြယ်သော ကျောပြင်ကို မက်မက်မောမော နမ်းစုပ်နေခဲ့လေသည်။ ဆေးအရှိန်ကြောင့် ဖြစ်နိုင်၏၊ ခြူးမုယွင်၏ ခန္ဓာကိုယ်သည် ယခင်ထက် ပိုမိုပိန်ပါးလာပြီး ယခင်လို ကြံခိုင်သန်မာသည့် အရှိန်အဝါမျိုး မရှိတော့ပေ။ သို့သော် တစ်မျိုးတစ်မည် ကြည့်ကောင်းနေပြန်သည်။ အသားအရေက တဖျတ်ဖျတ်လက်နေသော ရေခဲကျောက်စိမ်းနှယ် နူးညံ့လှပပြီး သူအိပ်ရာနိုးလာသောအခါ ရောင်နီပျိုးစ တိမ်တိုက်များနှယ် အနီသွေးခြယ်နေတော့သည်။ အဖြူရောင်အသားအရေထက်မှ အနီလွှာပါးပါးလေးသည် တစ်ဖက်လူအား ပြောမပြတတ်အောင် စိတ်အားထက်သန်လာစေပြီး လက်ထဲဖျစ်ညှစ်ချင်လာအောင် စေစားနေတော့သည်။

ကျွင်းမော့သည် ပုံမှန်အားဖြင့် အရှေ့ဘက်မှ တိုးဝင်ရသည်ကို သဘာကျ၏။ အကြောင်းမှာ ခြူးမုယွင်၏ မျက်နှာ၊ မျက်ဝန်းနက်နက်ထဲမှ နက်ရှိုင်းစွာသော ချစ်ခြင်းတရားများ၊ နှုတ်ခမ်းထောင့်မှ အပြုံးနုနုလေးနှင့် သူ့အား အလိုက်လိုက် အကြိုက်ဆောင်နေပုံများကို မြင်ချင်သောကြောင့်ပင်။

သို့သော် ယနေ့တော့ အနောက်ဘက်မှ တိုးဝင်ချင်နေမိသည်။

အကြောင်းမှာ နောက်ကျောလှလှလေးသည် သာယာစိတ်အဟုန်ကြောင့် ဆွဲဆောင်မှုရှိစွာ အားကုန်ဆွဲထားသော လေးတစ်စင်းနှယ် ကော့တက်နေလေ၏။ နည်းနည်းလေး ထပ်မံအားစိုက်လိုက်ရုံဖြင့် လွတ်ထွက်သွားတော့မယောင်။ အနှီဆွဲဆောင်မှုရှိလွန်းသော အနေအထားက ကျွင်းမော့အား ထူးထူးခြားခြား စိတ်ကျေနပ်မှုပေးနေခဲ့သည်။

ဘာကြောင့်မှန်းမသိ၊ ဤအနေအထားက ထပ်ခါထပ်ခါ လိုချင်တပ်မက်လာအောင် စေစားနေပြီး မည်သို့လှုပ်ရှားနေပါစေ၊ လုံးဝ မလုံလောက်သေးပေ။

ယခုတော့ ခြူးမုယွင်ခမျာ ကိုယ်ခံအားနည်းလွန်းသဖြင့် အပြင်းအထန် လေ့ကျင့်ခန်းလုပ်ပြီးနောက် အိပ်မောကျသွားပြန်သည်။

ကျွင်းမော့က ခြူးမုယွင်ကို ဂရုတစိုက် သန့်ရှင်းရေးလုပ်ပေးသည်။ ပြီးနောက် အထူးနည်းလမ်းတစ်ခုဖြင့် တစ်ကိုယ်လုံး သက်သောင့်သက်သာရှိအောင် နှိပ်နယ်ပေးလေသည်။ တစ်ချိန်တည်းမှာပင် အတော်ကြာ အိပ်ရာပေါ်မှ မဆင်းခဲ့ရသဖြင့် တောင့်တင်းနေသော ခြေထောက်ကြွက်သားများကိုလည်း ဖြေလျော့ပေးခဲ့သည်။

နောက်တစ်ရက် ခြူးမုယွင် နိုးလာသောအခါ ကျွင်းမော့နှင့် ပြင်ဆင်ပေးထားသော အစားအသောက်များကို အရင်ဆုံး လိုက်ရှာလိုက်သည်။ ပြီးနောက် တုန့်ဆိုင်းခြင်းအလျင်းမရှိ၊ ယူလာပေးသမျှကို ပျော်ပျော်ပါးပါး စားသောက်တော့သည်။

စားသောက်နေရင်း ခြူးမုယွင်က တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့်.. “မနေ့က ယူလာပေးတဲ့ သစ်သီးတွေရော..?”

ကျွင်းမော့က ပြန်ဖြေသည်။ : “စားချင်လို့လား..?”

ခြူးမုယွင် : “အဲ့အသီးက ချိုတယ်လေ.. အရသာရှိတယ်..” သူက ကျွင်းမော့ကို ပြုံးပြလိုက်သည်။

ကျွင်းမော့မှာ ခြူးမုယွင်၏ ကော့ညွတ်နေသော နှုတ်ခမ်းထောင့်လေးကို မနမ်းဘဲမနေနိုင်တော့ပေ။

“‘အားမု’ ကြိုက်ရင် ကျွန်တော် သွားရှာခဲ့ပေးမယ်..”

ခြူးမုယွင်က သူ့ကို ပြန်နမ်းလိုက်ရင်း.. “အလုပ်ရှုပ်မခံနဲ့.. မင်းယူလာပေးတာမှန်သမျှ ကိုယ်ကြိုက်တယ်..”

ကျွင်းမော့၏ အသက်မဲ့နေသော မျက်ဝန်းထဲတွင် နူးညံ့ခြင်းတစ်စွန်းတစ်စ စွန်းထင်းလာသည်။

“အလုပ်မရှုပ်ပါဘူး.. ခနလောက် နားနေဦးနော်.. ကျွန်တော် ခဏနေ ပြန်လာခဲ့မယ်..”

ခြူးမုယွင်က ကျွင်းမော့ကို ထွက်မသွားစေလိုပေ။ အနမ်းကြောင့် သွေးများပွက်ပွက်ဆူလာပြီး တစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်သွားကာ ထုတ်မပြောအပ်သော နေရာက ကြောက်လက်သည်းဖြင့် ကုတ်ခြစ်နေသလို နေရခက်လာတော့သည်။

“အားမော့…”

ကျွင်းမော့က လက်ဆန့်လိုက်ကာ အနှီလျှို့ဝှက်အပ်သော နေရာကို ထိတွေ့လာသောအခါ ခြူးမုယွင်ထံမှ ညည်းသံယဲ့ယဲ့ ပေါ်ထွက်လာ၏။ သူက ခေါင်းကို အသာငုံ့ထားပြီး ဆံနွယ်ရှည်များသည် ပခုံးထက်မှ ဖြာကျနေရကား လည်တိုင်ဖြူဖြူလေး ပေါ်လွင်နေကာ ခူးဆွတ်ရန် အသင့်စောင့်ဆိုင်းနေသော ပန်းတစ်ပွင့်နှယ် နူးညံ့လှပ၍ စွဲမက်ဖွယ်ကောင်းလှသည်။

ကျွင်းမော့က လည်တိုင်ကျော့ကျော့ကို နမ်းရှိုက်ရင်း အကောင်းဆုံးအတွေ့အကြုံတစ်ခု ပေးအပ်လာတော့သည်။

ခြူးမုယွင် ပြန်နိုးလာချိန်ဝယ် သူ၏အိပ်ရာဘေးတွင် အခွံပါးပြီးအရည်ရွှမ်းသော သစ်သီးများ အသင့်ရောက်နေချေပြီ။

ကျွင်းမော့က အခွံနွှာလိုက်ပြီး ခြူးမုယွင်ကို ပြောလာသည်။ : “စားတော့မလား..?”

ခြူးမုယွင်က သိသိသာသာကို ပျော်ရွှင်သွားဟန်ဖြင့်.. “စားမယ်..”

နှစ်လုံးခန့်စားပြီးနောက် ခြူးမုယွင် ရပ်လိုက်သည်။ ထိုအခါ ကျွင်းမော့က မေးလာသည်။

“စားကောင်းရဲ့လားဟင်..?”

ခြူးမုယွင်က မိန်းမောနေဟန်ဖြင့် ကျွင်းမော့ကိုမှီကာ ခပ်တိုးတိုးလေး ပြောလာသည်။

“အားမော့.. မင်းနဲ့အတူရှိနေနိုင်တာ ငါအရမ်းပျော်တာပဲ..”

ကျွင်းမော့၏ခန္ဓာကိုယ်က သိသိသာသာကို တောင့်ခဲသွားလေသည်။

ခြူးမုယွင်က လက်ဆန့်ကာ ကျွင်းမော့၏လက်ကို ဆုပ်ကိုင်လိုက်ရင်း လက်ချောင်းလေးများ သွယ်ယှက်လိုက်၏။ နှုတ်ခမ်းထောင့်မှ အပြုံးတွင် စစ်မှန်သော ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေလေပြီး.. “ဒီအတိုင်းပဲ ဆက်နေလို့ရရင် အရမ်းကောင်းမှာပဲ..”

ကျွင်းမော့၏လက်က ဆတ်ခနဲ တင်းကျပ်သွားခဲ့သည်။

…………………………………………

TN : ကျွင်းမော့က ပျင်းရိခြင်းအရှင်သခင်မို့ပဲ။ အကွက်စုံတယ်နော် ဟီး

Click ကြပါနော်။

…………………………………………

Zawgyi

ဤကား အႏုနည္းျဖင့္ အက်ဥ္းခ်ထားျခင္းပင္။

သို႔ေသာ္ ‘တရားမဝင္ ပိတ္ေလွာင္ထားျခင္း’ ဟူသည့္ ဆိုးယုတ္ေသာ သေဘာသဘာဝကို ဖုံးကြယ္ထား၍မရသည္မွာ ႏွေျမာစရာေကာင္းလွသည္။

ၿပီးခဲ့ေသာလကို ျပန္ၾကည့္ၾကပါစို႔၊ ျခဴးမုယြင္သည္ အတန္ငယ္ မိန္းေမာေနသလို ခံစားခဲ့ရသည္။ ႏူးညံ့ေပ်ာ့ေပ်ာင္းသည့္ တိမ္တိုက္ႀကီးထဲ နစ္ဝင္ေနသလို သူႏွင့္ထိေတြ႕သမွ် အရာအားလုံးဟာ ႏူးညံ့ေပ်ာ့ေပ်ာင္း၍ သက္ေသာင့္သက္သာရွိလွ၏။ ထို႔အျပင္ ကြၽင္းေမာ့ကလည္း သူ႔အေပၚ အလြန္ေကာင္းသည္။ အပ်င္းႀကီးလာသည္အထိ အလိုလိုက္ထားသည္။ လုံးဝလိမ္ညာျခင္းမရွိ၊ ႐ိုးသားျဖဴစင္ေနသည့္အျပင္ သူ၏ ပုံတူပန္းခ်ီကားသည္လည္း ျဖည္းျဖည္းခ်င္း မီးလင္းလာၿပီး ယခုဆိုလွ်င္ ေထာင့္စြန္းေလး တစ္ခုသာ မီးလင္းရန္ က်န္ေတာ့သည္။ သို႔ျဖစ္ရာ ျခဴးမုယြင္တစ္ေယာက္ ကြၽင္းေမာ့အေပၚ သတိမထားခဲ့ေပ။

တကယ့္ေတာ့ ကြၽင္းေမာ့က မူလကြၽင္းေမာ့ မဟုတ္ေတာ့႐ုံသာ။ (အရင္လို ျဖဴစင္တဲ့ကေလးေလး မဟုတ္ေတာ့ပါ။)

အေတာ္ၾကာ ေနေရာင္ခံၿပီးေနာက္ ျခဴးမုယြင္မွာ ေနရခက္လာခဲ့၏။ သူ၏ခႏၶာကိုယ္က အေတာ္ေလး အားနည္းေနသျဖင့္ ႐ုတ္တရက္ ေနေရာင္ျပင္းျပင္းေအာက္ ေရာက္ရွိသြားေသာအခါ အသားကို အပ္ျဖင့္ဆြေနသလို တဆစ္ဆစ္ နာက်င္လာခဲ့သည္။

ျခဴးမုယြင္လည္း အခန္းထဲသို႔ ျပန္ဝင္လာခဲ့လိုက္သည္။ အခန္းထဲေရာက္သည္ႏွင့္ ပ်င္းရိၿငီးေငြ႕ျခင္းမ်ား တဖန္ျပန္လည္ အုံႂကြလာခဲ့သည္။ အိစက္ညက္ေညာေသာ အိပ္ရာေပၚသို႔ ျပန္သြားကာ လွဲအိပ္လိုက္ျပ မ်ားမၾကာမီ အိပ္ေပ်ာ္သြားေတာ့သည္။

ယင္းျဖစ္ရပ္သည္ ပုံမွန္မဟုတ္မွန္း သိသာေန၏။

သာမာန္အတိုင္း ကိုယ္ခံအားနည္းျခင္းက ဤသို႔မဟုတ္ေပ။

သာမာန္လူမ်ားထက္ စိတ္ဓာတ္မာေက်ာေသာ ျခဴးမုယြင္ကို အသာထား။ သာမာန္လူတစ္ေယာက္ဆိုလွ်င္ပင္ အခန္းထဲ တစ္လေလာက္ ေအာင္းေန႐ုံျဖင့္ ဤမွ်အားနည္းသြားမည္မဟုတ္ေပ။

ခန႔္မွန္းမိသေလာက္ ကြၽင္းေမာ့ တစ္ခုခုလုပ္ထားတာ ျဖစ္ရမည္။ ျခဴးမုယြင္ခမ်ာ မိန္းေမာေနသည့္ၾကားမွ သက္ျပင္းခ်လိုက္မိသည္။

အႏၲိမေဆးက်မ္းကို ‘လွည့္ဖ်ားလိမ္လည္ျခင္း’ ေဆးက်မ္းလို႔သာ နာမည္ေျပာင္းလိုက္ပါေတာ့..!

ကြၽင္းေမာ့ရဲ႕ ပင္ကိုပါရမီနဲ႔ ေကာင္းကင္ဘုံကိုေတာင္ အံတုႏိုင္တဲ့ ဒီေဆးက်မ္း… ႏွစ္ခုေပါင္းလိုက္လို႔ကေတာ့ သူ မၾကာခင္ ေကာင္းကင္ဘုံေရာက္သြားမွာေတာင္ ေၾကာက္မိပါရဲ႕..!

ျခဴးမုယြင္က အလ်င္မလိုခဲ့ေပ။ ယဲ့သမ့္သမ့္ေလးလည္း ယခုတေလာ ဗိုက္သိပ္မဆာေပ။ အစားအေသာက္နည္းျခင္းက ဖြံ႕ၿဖိဳးႀကီးထြားမႈ ေလ်ာ့က်လာျခင္းကို ရည္ၫႊန္းေနသည္။ ထို႔အျပင္ ယဲ့သမ့္သမ့္ေလးသည္ ရႈိ႕ေလာ္နယ္ေျမမွ လုံးဝကြဲထြက္သြားျခင္း မရွိေသးရာ လစဥ္လတိုင္း ျခဴးမုယြင္ႏွင့္ ရႈိ႕ေလာ္နယ္ေျမ ေပါင္းစည္းရာမွ ထြက္ေပၚလာေသာ စြမ္းအင္မ်ားသည္ သူ အသက္ရွင္ရန္ အလုံအေလာက္ ေထာက္ပံ့ေပးႏိုင္သည္။

အျပင္ေလာကမွာ ျဖစ္ပ်က္ေနသမွ်ကေတာ့…

ပုံရိပ္ေယာင္နန္းေတာ္တြင္ ဇာတ္ရႈပ္ခဲ့ၿပီးေနာက္ ရွန္႐ႊိန္ယန္းႏွင့္ ရွဲ႕ခ်င္းလန္တို႔သည့္ ‘လင္းမု’ အား ေယာင္မိစာၦနယ္ေျမအတြင္း ေျမလွန္ရွာၾကေတာ့သည္။ သို႔ျဖစ္ရာ သူ႔အတြက္ အခ်ိန္ရေသးသည္။

ရွန္႐ႊိန္ယန္း၏အာ႐ုံက ‘အသက္တံခါး’ဘက္ လွည့္မသြားသေ႐ႊ႕ ျခဴးမုယြင္အတြက္ အကြက္ေ႐ႊ႕ရန္ အခ်ိန္ရေသးသည့္ သေဘာပင္။

ကြၽင္းေမာ့၏ လက္ရွိအေျခအေနက သိပ္မဟန္ေပ။ ျခဴးမုယြင္သာ ဆက္ၿပီးနာခံေနလွ်င္ ကြၽင္းေမာ့က သူ႔ကို တစ္သက္လုံး ေလွာင္ပိတ္ထားလိမ့္မည္။ သို႔ေသာ္ ဆန႔္က်င္လိုက္ျပန္လွ်င္လည္း… တစ္ခုခုလုပ္ပစ္လိုက္မွာ စိုးရသည္။

ထို႔ေၾကာင့္ ျဖည္းျဖည္းခ်င္းသာ အခ်ိန္ယူရေတာ့မည္။

ျခဴးမုယြင္တစ္ေယာက္ စိတ္ေအးလက္ေအး အိပ္ေပ်ာ္ေနခဲ့၏။ ဘယ္တုန္းကမွ အခုလို စိတ္ခ်လက္ခ် အိပ္မေပ်ာ္ခဲ့ဖူးေပ။

သူ ႏိုးလာေသာအခါ ကြၽင္းေမာ့၏ အနမ္းဖြဖြေလးက ေစာင့္ႀကိဳေနခဲ့သည္။

ႏႈတ္ခမ္းပါးမ်ားၾကားမွ ႏူးညံ့သိမ္ေမြ႕ေသာ အထိအေတြ႕ကို ခံစားရင္း ျခဴးမုယြင္က လက္ေျမႇာက္ကာ ကြၽင္းေမာ့၏ လည္ပင္းကို ပ်င္းရိပ်င္းတြဲ သိုင္းဖက္လိုက္သည္။ ၿပီးေနာက္ ခႏၶာကိုယ္ကို ပင့္လိုက္၏။

ကြၽင္းေမာ့က ျခဴးမုယြင္၏ခါးကို ေပြ႕ဖက္လိုက္ၿပီး မသိစိတ္ခံစားခ်က္ေၾကာင့္ အၾကမ္းပတမ္း နမ္းရႈိက္လာေတာ့သည္။ ထိုအနမ္းထဲတြင္ ႏူးညံ့သိမ္ေမြ႕မႈဟူ၍ လုံးဝမရွိေတာ့ေပ။ ျခဴးမုယြင္၏ ခံတြင္းထဲသို႔ က်ဴးေက်ာ္လိုက္ၿပီးေနာက္ ေခါင္းေစာင္းကာ ငုံေထြးစုပ္ယူရင္း အနမ္းကို ပိုမိုနက္ရႈိင္းေစလိုက္သည္။ သူ႔ရင္ခြင္ထဲရွိ အမ်ိဳးသားထံမွ ညည္းသံယဲ့ယဲ့ ထြက္အံက်လာခဲ့ေလသည္။

ျခဴးမုယြင္က ေလ်ာ့တိေလ်ာ့ရဲ ဝတ္႐ုံရွည္ကိုသာ ဝတ္ဆင္ထားသည္။ အိစက္ေခ်ာေမြ႕ေသာ အနက္ေစြးေစြး ဝတ္႐ုံရွည္သည္ ညလင္းပုလဲေအာက္ အလင္းျပန္ေနၿပီး ျဖဴေဖ်ာ့ေဖ်ာ့အသားအေရႏွင့္ လိုက္ဖက္ညီစြာ ထင္မွတ္မထားေအာင္ ဆြဲေဆာင္မႈရွိေနေတာ့သည္။

ကြၽင္းေမာ့ သူ႔ကို နမ္းလာေသာအခါ ျခဴးမုယြင္က ဟန္လုပ္မေနဘဲ အလိုက္သင့္ လႈပ္ရွားလိုက္၏။ ျခဴးမုယြင္ဘက္မွ လက္ဦးမႈယူၿပီး ကိုယ့္ကိုယ္ကို တည္ခင္းဧည့္ခံလိုက္ေသာအခါ ကြၽင္းေမာ့တစ္ေယာက္ ရင္ခုန္သြားရသည္။

တစ္လလုံးလုံး စိတ္ႀကိဳက္ျခယ္လွယ္ၿပီးသည့္တိုင္ ကြၽင္းေမာ့ခမ်ာ သူ၏စိတ္ဆႏၵမ်ားကို မထိန္းခ်ဳပ္ႏိုင္ခဲ့ေပ။ သူ ဘာလုပ္ေနလဲ၊ သူ သိသည္။ စိတ္တည္ၿငိမ္ၿပီး ဆင္ျခင္တုံတရား အျပည့္ရွိသည္။ မေကာင္းမွန္း သိေနသည့္တိုင္၊ မွားယြင္းေနမွန္း သိေနသည့္တိုင္၊ သူ မရပ္တန႔္ႏိုင္ခဲ့။ သူကိုယ္တိုင္က မရပ္တန႔္လိုခဲ့ေပ။

အရာအားလုံး အထင္လြဲခဲ့တာဆိုလွ်င္ပင္…

‘အားမု’က သူ႔ကို ေမတၱာစစ္ေမတၱာမွန္ျဖင့္ ခ်စ္ျမတ္ႏိုးသည္ဆိုလွ်င္ပင္…

ထိုအေၾကာင္းျပခ်က္မ်ားက သူ၏ ယိုယြင္းပ်က္စီးေနၿပီျဖစ္ေသာ အတြင္းအဂၤါ (မေကာင္းသည့္ စိတ္႐ိုင္းမ်ား)ကို မကုစားႏိုင္ေတာ့ေပ။

ပ်က္စီးယိုယြင္းေနသည့္ အရာမ်ားသည္ ပိုင္းျဖတ္မရေအာင္၊ စြန႔္ပစ္ဖယ္ထုတ္၍မရေအာင္၊ တျဖည္းျဖည္း စုပုံလာခဲ့သလို အနက္ရႈိင္းဆုံးေနရာတြင္ စြဲၿမဲတည္ရွိလာခဲ့၏။ ကြၽင္းေမာ့မွာ သူ႔အတြင္းပိုင္းမွ အေမွာင္ထုႀကီးကို ထိုင္ၾကည့္ေန႐ုံသာ တတ္ႏိုင္ခဲ့သည္။ အတတ္ႏိုင္ဆုံးႀကိဳးစား၍ စိတ္ဆႏၵေျပေပ်ာက္ေအာင္ ျဖည့္ဆည္းေနေတာ့သည္။

အခ်စ္ဆိုတာ ဘာလဲ..?

လူႏွစ္ေယာက္ အတူတူေနၿပီး မခြဲႏိုင္မခြာရက္ ပူးကပ္ေနၾကမယ္။ ေန႔တိုင္း တျခားလူေတြဆီ မေတြးမေရာက္ဘဲ တစ္ေယာက္အေၾကာင္း တစ္ေယာက္ေတြးမယ္၊ ေန႔ရက္တိုင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ သက္ေသာင့္သက္သာ ျဖတ္သန္းၾကမယ္။ ဒါေတြက ခ်စ္သူတိုင္း လိုခ်င္ေတာင့္တေနတဲ့ စိတ္ကူးအိပ္မက္မဟုတ္လား..?

ထို႔ေၾကာင့္ ကြၽင္းေမာ့က ယခုလို လုပ္ေနျခင္းပင္။

အေပၚယံၾကည့္လွ်င္… အမွားမရွိသေယာင္ ထင္ရေပသည္။

ကြၽင္းေမာ့သည္ သူ႔ေအာက္မွအမ်ိဳးသား၏ သန႔္ရွင္းစင္ၾကယ္ေသာ ေက်ာျပင္ကို မက္မက္ေမာေမာ နမ္းစုပ္ေနခဲ့ေလသည္။ ေဆးအရွိန္ေၾကာင့္ ျဖစ္ႏိုင္၏၊ ျခဴးမုယြင္၏ ခႏၶာကိုယ္သည္ ယခင္ထက္ ပိုမိုပိန္ပါးလာၿပီး ယခင္လို ႀကံခိုင္သန္မာသည့္ အရွိန္အဝါမ်ိဳး မရွိေတာ့ေပ။ သို႔ေသာ္ တစ္မ်ိဳးတစ္မည္ ၾကည့္ေကာင္းေနျပန္သည္။ အသားအေရက တဖ်တ္ဖ်တ္လက္ေနေသာ ေရခဲေက်ာက္စိမ္းႏွယ္ ႏူးညံ့လွပၿပီး သူအိပ္ရာႏိုးလာေသာအခါ ေရာင္နီပ်ိဳးစ တိမ္တိုက္မ်ားႏွယ္ အနီေသြးျခယ္ေနေတာ့သည္။ အျဖဴေရာင္အသားအေရထက္မွ အနီလႊာပါးပါးေလးသည္ တစ္ဖက္လူအား ေျပာမျပတတ္ေအာင္ စိတ္အားထက္သန္လာေစၿပီး လက္ထဲဖ်စ္ညႇစ္ခ်င္လာေအာင္ ေစစားေနေတာ့သည္။

ကြၽင္းေမာ့သည္ ပုံမွန္အားျဖင့္ အေရွ႕ဘက္မွ တိုးဝင္ရသည္ကို သဘာက်၏။ အေၾကာင္းမွာ ျခဴးမုယြင္၏ မ်က္ႏွာ၊ မ်က္ဝန္းနက္နက္ထဲမွ နက္ရႈိင္းစြာေသာ ခ်စ္ျခင္းတရားမ်ား၊ ႏႈတ္ခမ္းေထာင့္မွ အၿပဳံးႏုႏုေလးႏွင့္ သူ႔အား အလိုက္လိုက္ အႀကိဳက္ေဆာင္ေနပုံမ်ားကို ျမင္ခ်င္ေသာေၾကာင့္ပင္။

သို႔ေသာ္ ယေန႔ေတာ့ အေနာက္ဘက္မွ တိုးဝင္ခ်င္ေနမိသည္။

အေၾကာင္းမွာ ေနာက္ေက်ာလွလွေလးသည္ သာယာစိတ္အဟုန္ေၾကာင့္ ဆြဲေဆာင္မႈရွိစြာ အားကုန္ဆြဲထားေသာ ေလးတစ္စင္းႏွယ္ ေကာ့တက္ေနေလ၏။ နည္းနည္းေလး ထပ္မံအားစိုက္လိုက္႐ုံျဖင့္ လြတ္ထြက္သြားေတာ့မေယာင္။ အႏွီဆြဲေဆာင္မႈရွိလြန္းေသာ အေနအထားက ကြၽင္းေမာ့အား ထူးထူးျခားျခား စိတ္ေက်နပ္မႈေပးေနခဲ့သည္။

ဘာေၾကာင့္မွန္းမသိ၊ ဤအေနအထားက ထပ္ခါထပ္ခါ လိုခ်င္တပ္မက္လာေအာင္ ေစစားေနၿပီး မည္သို႔လႈပ္ရွားေနပါေစ၊ လုံးဝ မလုံေလာက္ေသးေပ။

ယခုေတာ့ ျခဴးမုယြင္ခမ်ာ ကိုယ္ခံအားနည္းလြန္းသျဖင့္ အျပင္းအထန္ ေလ့က်င့္ခန္းလုပ္ၿပီးေနာက္ အိပ္ေမာက်သြားျပန္သည္။

ကြၽင္းေမာ့က ျခဴးမုယြင္ကို ဂ႐ုတစိုက္ သန႔္ရွင္းေရးလုပ္ေပးသည္။ ၿပီးေနာက္ အထူးနည္းလမ္းတစ္ခုျဖင့္ တစ္ကိုယ္လုံး သက္ေသာင့္သက္သာရွိေအာင္ ႏွိပ္နယ္ေပးေလသည္။ တစ္ခ်ိန္တည္းမွာပင္ အေတာ္ၾကာ အိပ္ရာေပၚမွ မဆင္းခဲ့ရသျဖင့္ ေတာင့္တင္းေနေသာ ေျခေထာက္ႂကြက္သားမ်ားကိုလည္း ေျဖေလ်ာ့ေပးခဲ့သည္။

ေနာက္တစ္ရက္ ျခဴးမုယြင္ ႏိုးလာေသာအခါ ကြၽင္းေမာ့ႏွင့္ ျပင္ဆင္ေပးထားေသာ အစားအေသာက္မ်ားကို အရင္ဆုံး လိုက္ရွာလိုက္သည္။ ၿပီးေနာက္ တုန႔္ဆိုင္းျခင္းအလ်င္းမရွိ၊ ယူလာေပးသမွ်ကို ေပ်ာ္ေပ်ာ္ပါးပါး စားေသာက္ေတာ့သည္။

စားေသာက္ေနရင္း ျခဴးမုယြင္က တစ္စုံတစ္ရာကို သတိရသြားဟန္ျဖင့္.. “မေန႔က ယူလာေပးတဲ့ သစ္သီးေတြေရာ..?”

ကြၽင္းေမာ့က ျပန္ေျဖသည္။ : “စားခ်င္လို႔လား..?”

ျခဴးမုယြင္ : “အဲ့အသီးက ခ်ိဳတယ္ေလ.. အရသာရွိတယ္..” သူက ကြၽင္းေမာ့ကို ၿပဳံးျပလိုက္သည္။

ကြၽင္းေမာ့မွာ ျခဴးမုယြင္၏ ေကာ့ၫြတ္ေနေသာ ႏႈတ္ခမ္းေထာင့္ေလးကို မနမ္းဘဲမေနႏိုင္ေတာ့ေပ။

“‘အားမု’ ႀကိဳက္ရင္ ကြၽန္ေတာ္ သြားရွာခဲ့ေပးမယ္..”

ျခဴးမုယြင္က သူ႔ကို ျပန္နမ္းလိုက္ရင္း.. “အလုပ္ရႈပ္မခံနဲ႔.. မင္းယူလာေပးတာမွန္သမွ် ကိုယ္ႀကိဳက္တယ္..”

ကြၽင္းေမာ့၏ အသက္မဲ့ေနေသာ မ်က္ဝန္းထဲတြင္ ႏူးညံ့ျခင္းတစ္စြန္းတစ္စ စြန္းထင္းလာသည္။

“အလုပ္မရႈပ္ပါဘူး.. ခနေလာက္ နားေနဦးေနာ္.. ကြၽန္ေတာ္ ခဏေန ျပန္လာခဲ့မယ္..”

ျခဴးမုယြင္က ကြၽင္းေမာ့ကို ထြက္မသြားေစလိုေပ။ အနမ္းေၾကာင့္ ေသြးမ်ားပြက္ပြက္ဆူလာၿပီး တစ္ကိုယ္လုံး ရွိန္းခနဲ ျဖစ္သြားကာ ထုတ္မေျပာအပ္ေသာ ေနရာက ေၾကာက္လက္သည္းျဖင့္ ကုတ္ျခစ္ေနသလို ေနရခက္လာေတာ့သည္။

“အားေမာ့…”

ကြၽင္းေမာ့က လက္ဆန႔္လိုက္ကာ အႏွီလွ်ိဳ႕ဝွက္အပ္ေသာ ေနရာကို ထိေတြ႕လာေသာအခါ ျခဴးမုယြင္ထံမွ ညည္းသံယဲ့ယဲ့ ေပၚထြက္လာ၏။ သူက ေခါင္းကို အသာငုံ႔ထားၿပီး ဆံႏြယ္ရွည္မ်ားသည္ ပခုံးထက္မွ ျဖာက်ေနရကား လည္တိုင္ျဖဴျဖဴေလး ေပၚလြင္ေနကာ ခူးဆြတ္ရန္ အသင့္ေစာင့္ဆိုင္းေနေသာ ပန္းတစ္ပြင့္ႏွယ္ ႏူးညံ့လွပ၍ စြဲမက္ဖြယ္ေကာင္းလွသည္။

ကြၽင္းေမာ့က လည္တိုင္ေက်ာ့ေက်ာ့ကို နမ္းရႈိက္ရင္း အေကာင္းဆုံးအေတြ႕အႀကဳံတစ္ခု ေပးအပ္လာေတာ့သည္။

ျခဴးမုယြင္ ျပန္ႏိုးလာခ်ိန္ဝယ္ သူ၏အိပ္ရာေဘးတြင္ အခြံပါးၿပီးအရည္႐ႊမ္းေသာ သစ္သီးမ်ား အသင့္ေရာက္ေနေခ်ၿပီ။

ကြၽင္းေမာ့က အခြံႏႊာလိုက္ၿပီး ျခဴးမုယြင္ကို ေျပာလာသည္။ : “စားေတာ့မလား..?”

ျခဴးမုယြင္က သိသိသာသာကို ေပ်ာ္႐ႊင္သြားဟန္ျဖင့္.. “စားမယ္..”

ႏွစ္လုံးခန႔္စားၿပီးေနာက္ ျခဴးမုယြင္ ရပ္လိုက္သည္။ ထိုအခါ ကြၽင္းေမာ့က ေမးလာသည္။

“စားေကာင္းရဲ႕လားဟင္..?”

ျခဴးမုယြင္က မိန္းေမာေနဟန္ျဖင့္ ကြၽင္းေမာ့ကိုမွီကာ ခပ္တိုးတိုးေလး ေျပာလာသည္။

“အားေမာ့.. မင္းနဲ႔အတူရွိေနႏိုင္တာ ငါအရမ္းေပ်ာ္တာပဲ..”

ကြၽင္းေမာ့၏ခႏၶာကိုယ္က သိသိသာသာကို ေတာင့္ခဲသြားေလသည္။

ျခဴးမုယြင္က လက္ဆန႔္ကာ ကြၽင္းေမာ့၏လက္ကို ဆုပ္ကိုင္လိုက္ရင္း လက္ေခ်ာင္းေလးမ်ား သြယ္ယွက္လိုက္၏။ ႏႈတ္ခမ္းေထာင့္မွ အၿပဳံးတြင္ စစ္မွန္ေသာ ေပ်ာ္႐ႊင္မႈတို႔ျဖင့္ ျပည့္ႏွက္ေနေလၿပီး.. “ဒီအတိုင္းပဲ ဆက္ေနလို႔ရရင္ အရမ္းေကာင္းမွာပဲ..”

ကြၽင္းေမာ့၏လက္က ဆတ္ခနဲ တင္းက်ပ္သြားခဲ့သည္။

…………………………………………

TN : ကြၽင္းေမာ့က ပ်င္းရိျခင္းအရွင္သခင္မို႔ပဲ။ အကြက္စုံတယ္ေနာ္ ဟီး

Click ၾကပါေနာ္။

…………………………………………

Continue Reading

You'll Also Like

449K 55K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
20.3K 2.3K 12
Title : I hate protagonists [ငါဇာတ်လိုက်တွေကိုမုန်းတယ်] **************** လင်းဇီယွမ် ဟာ ဒရမ်မာအမျိုးမျိုးချိုးလျက် အမျိုးသားဇာတ်လိုက်တွေ၏ အသုံးတော်ခံ...
276K 22.2K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
3.2K 192 8
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Su Jingxian 苏景闲 •This Story Is Not Mine. •We're Just Translation. •All Credit To Origi...