Your Majesty is annoying (Mya...

By Liz_774

678K 25.3K 826

I am not the original publisher of the story. This is just a fan translation. More

Translator letter to readers
Description
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
တောင်းပန်စာ
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း (၁၄) 🚨
အပိုင်း (၁၅) 🚨🚨
အပိုင်း (၁၆) 🚨🚨🚨
အပိုင်း (၁၇) 🚨
အပိုင်း (၁၈) 🚨
အပိုင်း (၁၉) 🚨🚨
အပိုင်း (၂၀) 🚨
အပိုင်း (၂၁) 🚨
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) 🚨
အပိုင်း (၂၆) 🚨
အပိုင်း (၂၇)🚨🚨
အပိုင်း (၂၈) 🚨
Note
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အသက်ပြည့်မှ ဖတ်ပါ ❗️❗️
အပိုင်း (၃၂) 🚨🚨
အပိုင်း (၃၃) 🚨🚨🚨
အပိုင်း (၃၄) 🚨🚨
အပိုင်း (၃၅) 🚨
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂) 🚨
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃) 🚨🚨
အပိုင်း (၅၄) 🚨
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
Note
အပိုင်း (၅၉) 🚨🚨🚨
အပိုင်း (၆၀) 🚨🚨🚨
အပိုင်း (၆၁) 🚨🚨🚨
အပိုင်း (၆၂)
Giveaway
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆) 🚨
အပိုင်း (၆၇) 🚨🚨
အပိုင်း (၆၈) 🚨🚨
အပိုင်း (၆၉)
အပိုင်း (၇၀)
အပိုင်း (၇၁)
အပိုင်း (၇၂)
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅) 🚨🚨
အပိုင်း (၇၆) 🚨🚨
အပိုင်း (၇၇) 🚨🚨🚨
Important Note
အပိုင်း (၇၈) 🚨
အပိုင်း (၇၉) 🚨🚨
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅) 🚨🚨
အပိုင်း (၈၆) 🚨🚨🚨
အပိုင်း (၈၇)
အပိုင်း (၈၉)
အပိုင်း (၉၀)
အပိုင်း (၉၁) 🚨
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
အပိုင်း (၉၆)
အပိုင်း (၉၇)
အပိုင်း (၉၈)
အပိုင်း (၉၉) 🚨
အပိုင်း (၁၀၀) 🚨
အပိုင်း (၁၀၁)
အပိုင်း (၁၀၂) 🚨🚨
အပိုင်း (၁၀၃)
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
အပိုင်း (၁၀၈)
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)🚨🚨
အပိုင်း (၁၁၁) 🚨🚨🚨
အပိုင်း (၁၁၂) 🚨🚨🚨
အပိုင်း (၁၁၃)
အပိုင်း (၁၁၄)
အပိုင်း (၁၁၅)
အပိုင်း (၁၁၆)

အပိုင်း (၈၈)

2.2K 146 2
By Liz_774

{Unicode}

"ဒါဆို စမ်းဝတ်ကြည့်ရအောင်..."

[ဒါ တွေးထားသလို အစစ်တော့ ဟုတ်တယ်မလား?]

သူမ စမ်းဝတ်ကြည့်ဖို့စကားကြားလိုက်​ရတော့ လေးလံမည်ဟု တွေးလိုက်မိသည်။ ကြီးမားတဲ့ ငုံးဥသဏ္ဍာန်ကျောက်နဲ့ သူ့ကို ဝန်းရံထားတဲ့ ရွှေသားဘောင်အပြင် စိန်တွေပါ ထည့်သွင်းထားတာမို့ အလေးချိန်က မနည်းမနောရှိနိုင်သည်။

[ဒီလောက် အလေးချိန်များနေတာ ငါတော့ ဝတ်နိုင်မယ် မထင်ဘူး]

ကျောက်မျက်ရတနာတွေကြောင့် လည်ဆွဲက လှပနေခြင်းပင်။ လက်ဆောင်ရဲ့ လေးနက်မှု အဓိပ္ပါယ်ကြောင့် မယ်ဒီရာ ဝတ်ပြီး လမ်းလျှောက်သင့်တယ်လို့တွေးကာ လိုင်လ် သူမနား တိုးသွားပြီး သူမလည်တိုင်ပေါ် ဝတ်ပေးလိုက်သည်။

"ကိုယ် မင်းကို ချိတ်တပ်ပေးမယ်"

ဒီလည်ဆွဲက သူမလည်တိုင်ပေါ်မှာ သေချာပေါက်လေးလံပြီး အေးခဲနေလေသည်။

[ဒါက လှပေမဲ့... လေးလိုက်တာ၊ စိတ်ကျဉ်းကျပ်စရာ အဝတ်အစားတွေ ဝတ်ပြီး လက်ဝတ်ရတနာအများကြီးဝတ်တာက အံ့ဩစရာ နှိပ်စက်နည်းတမျိုးပဲ]

အစေခံယူလာတဲ့ မှန်ထဲ သူမကိုယ်သူမ ကြည့်လိုက်တဲ့ မယ်ဒီရာက လိုင်လ့်ကို ကျောပေးလိုက်သည်။

"ကျေးဇူးပြုပြီး ဖြုတ်ပေးပါ"

သဘာဝကျကျစကားသံအောက်မှာ လုခ် လိုင်လ့်ကို ကြည့်လိုက်သည်။

အမှန်တကယ်တော့ ဒီကိစ္စမျိုးက အစေခံကို လုပ်ခိုင်းသည်က ပိုသဘာဝကျမည်ဖြစ်ပြီး ဧကရာဇ်တပါးကို သူမ ပြောသင့်သော စကားမျိုး မဟုတ်ပေ။

သို့သော် ဒါကပင် ပုံမှန်လိုမျိုး ဧကရာဇ်က မယ်ဒီရာ့လည်တိုင်ပေါ်က လည်ဆွဲကို ဖြုတ်ပေးလိုက်သည်။

[ဒီနှစ်ယောက်က တကယ်ပဲ အဆင်ပြေနေတာလား?]

မယ်ဒီရာက လည်ဆွဲကို မူလသေတ္တာထဲ ပြန်ထည့်လိုက်တာနဲ့ အပျိုတော်တယောက်က အနားကပ်လာကာ သေတ္တာကို သိမ်းဆည်းသွားသည်။

"နယ်စားကို ကျေးဇူးတင်တဲ့အကြောင်း ပြောပေးပါ"

"ကောင်းပါပြီ၊ ကျွန်တော်..."

လုခ် ခဏလောက်တုံ့ဆိုင်းနေပြီးတဲ့နောက် သူ့လက်မောင်းထဲကနေ လက်တဝါးစာသေတ္တာတခုကို ထုတ်ယူလာသည်။ ဒီအရာက ငွေရောင်သေတ္တာတခုပင်။ လုခ်တွေဝေနေပြီးမှ အရိုအသေပေးလိုက်ရင်း မယ်ဒီရာကို ရှင်းပြလာသည်။

"ဒါက ကျွန်တော်မျိုးကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်လာတာပါ၊ အရှင်မ သဘောကျပါ့မလား?"

မယ်ဒီရာ ပျော်ရွှင်စွာ လက်ခံယူလိုက်သည်။

"ဖွင့်ကြည့်ရမလား?"

"ဟုတ်ကဲ့၊ ဖွင့်ကြည့်ပါ"

သူမ အဖုံးကို ဖွင့်လိုက်တော့ ခရမ်းရောင် mana ကျောက်တွေနဲ့ စီခြယ်ထားတဲ့ ရင်ထိုးပေါ်ထွက်လာသည်။ ဒါက အတော်အတင့်အားကောင်းတဲ့ အစီအရင်နဲ့ စီရင်ထားတဲ့ မှော်ပစ္စည်းတခုဖြစ်မှန်း လိုင်လ် ချက်ချင်း မှတ်မိလိုက်သည်။

ခရမ်းရောင်ပစ္စည်းကို ကြည့်ရင်း မယ်ဒီရာ သဘောတကျ ပြုံးလိုက်သည်။

"အိုး၊ လှလိုက်တာ၊ အမတော့ သဘောကျသွားပြီ"

"အမတော် သဘောကျတယ်ကြားလို့ ဝမ်းသာပါတယ်၊ ဒီရင်ထိုးမှာ အမတော် ခန္ဓာကိုယ်ကို ကာကွယ်နိုင်တဲ့ အစီအရင်ပါတာမို့ မချွတ်တမ်း ဝတ်ထားပါ"

"ဒါ ဘယ်လို အလုပ်လုပ်လဲ?"

လိုင်လ့်မေးခွန်းကြောင့် လုခ် ဧကရာဇ်ဆီ လှည့်ကြည့်လိုက်သည်။

"ပိုင်ရှင်ရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး တုံ့ပြန်တယ်လို့ ကျွန်တော်မျိုး နားလည်ထားပါတယ်"

"ဝိုး..."

မယ်ဒီရာ ရင်ထိုးကို စိတ်ဝင်တစားကြည့်လိုက်သည်။ ဒီလောကထဲ မှော်ပညာရှိမှန်း သူမ သိပေမဲ့ မှော်အစွမ်းရှိတဲ့ အရာဝတ္တုကို သူမ လက်ခံရရှိတာ ပထမဆုံး အကြိမ်ဖြစ်သည်။

မယ်ဒီရာ ပျော်နေတာမြင်တော့ လိုင်လ် ပြုံးလိုက်သည်။

"ဧကရီပျော်နေတာမြင်တော့ ကိုယ်လဲ ဂုဏ်ပြုလက်ဆောင် ပေးမှထင်တယ်၊ နယ်စားက လည်ဆွဲပေးပြီး နယ်စားလေးက ရင်ထိုးပေးတော့... ကိုယ်က လက်စွပ်ပေးရမလား?"

လိုင်လ့်စကားကြောင့် မယ်ဒီရာ ပြုံးရင်း ဆိုလိုက်သည်။

"ဒါဆို လက်ကောက်ဆိုရင်ရော?"

"ဘာလို့လက်ကောက်လဲ?"

"အရှင့်ဆီက လက်ဆောင်ဆိုရင် ကျောက်အကြီးကြီးနဲ့ လက်စွပ်ဖြစ်မှာ၊ လက်စွပ်ဝတ်ပြီး အရှင့်မျက်နှာကို ကိုင်လို့ရမှာ မဟုတ်တော့ဘူး၊ ကျောက်က အရှင့်ကို ရှမိလိုက်မယ်၊ ဒါပေမဲ့ အရှင်ပေးတာကိုတော့ ကျွန်မ အမြဲ ဝတ်ထားချင်တော့၊ အဲ့ဒါကြောင့် လက်ကောက်ပဲ ပေးပါ"

"ကိုယ့်မျက်နှာကို ရှမိလဲ အကြောင်းမဟုတ်ပါဘူး"

"အရှင့်ရဲ့ ချောမောတဲ့မျက်နှာမှာ ရှရာဖြစ်မှာ ကျွန်မ မကြိုက်ပါဘူး

မယ်ဒီရာ စကားကြွယ်ကြွယ်နဲ့ ဆိုတော့ လိုင်လ် သူမပါးကို ခပ်ဖွဖွညှစ်ပြီးနောက် ဖွဖွပွတ်သပ်လိုက်သည်။

"အခုတော့ ဘယ်လို မြှောက်ပင့်ရမလဲ သိပြီပေါ့လေ၊ ကောင်းပြီ၊ ကိုယ် မင်းကို လက်စွပ်ရော လက်ကောက်ပါ ပေးမယ်၊ မင်း လက်စွပ်ကိုတော့ ဝတ်စရာ မလိုဘူး၊ ဧကရီ ကိုယ်တော့်မျက်နှာကို ထိတွေ့တာ ကိုယ်တော်လဲ သဘောကျတယ်"

မယ်ဒီရာ ခေါင်းစောင်းလိုက်ပြီး သူမမျက်နှာပေါ်က လိုင်လ့်လက်ချောင်းကို ကိုက်ဟန်ဆောင်တော့ လိုင်လ်ရယ်မောကာ မယ်ဒီရာ့ကို ပွေ့ဖက်လိုက်သည်။

ဘေးက ကြည့်နေတဲ့ လုခ်ခမျာ ပါးစပ်အဟောင်းသားပင်။ ဒါက သရုပ်ဆောင်နေတာ မဟုတ်ဘူး၊ သူတို့က တကယ့်ကို ရင်းနှီးနေတာ။ သူတို့က လက်ထပ်ပြီးသား ဇနီးမောင်နှံတွေပေမဲ့ ရင်းနှီးတဲ့ ချစ်သူတွေလို ဆက်ဆံနေတာ။

"အရှင်တို့နှစ်ယောက်... နှစ်ယောက်သား ဆက်ဆံရေးကောင်းတော့ စိတ်ချရပါပြီလေ"

လိုင်လ့်အပေါ်ထားတဲ့ သူ့ရဲ့ နာကြည်းမှုက ပျောက်ကွယ်မသွားသေးပေမဲ့ မယ်ဒီရာက လိုင်လ့်အချစ်ကို နှစ်ရှည်လများတောင့်တခဲ့တာမို့ လုခ် အနည်းဆုံးတော့ သက်ပြင်းချနိုင်သွားသည်။

ဆက်ခံသူ နယ်စားရဲ့ရှေ့မှာ သူ့ရဲ့ ပုံမှန်အပြုအမူတွေ ထွက်ပေါ်လာမှန်း လိုင်လ်သတိထားမိတော့ ချောင်းဟန့်လိုက်သည်။ သို့သော် မယ်ဒီရာ့ကို ပွေ့ဖက်ထားတဲ့ သူ့လက်တွေကိုတော့ လွှတ်မပေးချေ။

"အာ..ဟုတ်တယ်.. တကယ်တော့.."

သူမခါးပေါ်က လိုင်လ့်လက်တွေကို တွန်းဖယ်ဖို့ မယ်ဒီရာ ကြိုးစားလိုက်ပေမဲ့ ထိုအစား သူမသာ မကျေမနပ်ဖြစ်နေတဲ့ လိုင်လ့်လက်မောင်းတွေထဲ ဆွဲယူခြင်းခံလိုက်ရသည်။

မျက်နှာ နီနေလျက်ဖြင့် မယ်ဒီရာ ခပ်တိုးတိုးဆိုလိုက်သည်။

"လုခ် ကြည့်နေတယ်လေ!"

"သူက ဧကရီရဲ့ မောင်ငယ်ပဲ၊ အရေးကြီးလို့လား? ကိုယ် မင်းကို ထိတောင် မထိရသေးပဲနဲ့"

"အရှင်သာ ကျွန်မကို လူတွေရှေ့ ထိကိုင်နေရင် တလလောက် အရှင့်ကို စကားမပြောတော့ဘူး"

သူမရဲ့ သတိပေးစကားကြောင့် လိုင်လ် မဲ့လိုက်သည်။ ဒါက တကယ့်ခြိမ်းခြောက်မှုလား? ဒါပေါ့၊ ခြိမ်းခြောက်တာက အလွန်ကို ... အဆင်မပြေဖြစ်စေတယ်။

"ကိုယ် မင်းကို ဖက်ထားတာလေ၊ မထိပါဘူး"

ထို့နောက် သူမျက်လွှာချကာ မယ်ဒီရာ့ပါးကို နမ်းလိုက်သည်။ မယ်ဒီရာ သူ့ကို အံ့ဩတကြီးကြည့်လာတော့ လိုင်လ် မျက်နှာပြောင်ပြောင်ဖြင့် ပြုံးလိုက်သည်။

"မင်း ကိုယ့်ကို ဒီလိုကြည့်နေရင်.. ကိုယ် မင်းကို နမ်းချင်လာမှာ..."

မယ်ဒီရာ လိုင်လ့်ပါးစပ်ကို သူမလက်ဖြင့် ခပ်မြန်မြန်ပိတ်လိုက်သည်။ သူမလက်ကို မဖယ်တာမို့ လိုင်လ် မယ်ဒီရာ့ကို စိုက်ကြည့်လိုက်သည်။

"အဟမ်း"

လုခ် မျက်နှာပူစရာ အခြေအနေကြားထဲ လည်ချောင်းရှင်းလိုက်သည်။

လိုင်လ်က သူမလက်ကို ကိုင်ထားဆဲပင်။ သူမခါးကို ပွေ့ဖက်ထားဆဲဖြစ်တဲ့ သူ့လက်တွေကို မယ်ဒီရာ ရိုက်လိုက်တော့ မကျေနပ်တဲ့ မျက်နှာနဲ့ မလွှတ်ချင် လွှတ်ချင် လွှတ်ပေးလာသည်။

ဘာမှမဖြစ်သလိုမျိုး မယ်ဒီရာ လုခ်ကို ကြည့်လိုက်ပေမဲ့ သူမလဲ ရှက်ရွံ့နေလေသည်။

***
Note:

အမှန်တော့ တင်္နလာနေ့က တင်ရမှာ။ အဲ့နေ့က အမရဲ့ ညီမ မွေးနေ့မို့ သူ့ကို အချိန်ပေးနေလို့ နောက်ကျသွားပါတယ်။ 💙

***






{Zawgyi}

"ဒါဆို စမ္းဝတ္ၾကည့္ရေအာင္..."

[ဒါ ေတြးထားသလို အစစ္ေတာ့ ဟုတ္တယ္မလား?]

သူမ စမ္းဝတ္ၾကည့္ဖို႔စကားၾကားလိုက္​ရေတာ့ ေလးလံမည္ဟု ေတြးလိုက္မိသည္။ ႀကီးမားတဲ့ ငုံးဥသ႑ာန္ေက်ာက္နဲ႔ သူ႔ကို ဝန္းရံထားတဲ့ ေရႊသားေဘာင္အျပင္ စိန္ေတြပါ ထည့္သြင္းထားတာမို႔ အေလးခ်ိန္က မနည္းမေနာရွိနိုင္သည္။

[ဒီေလာက္ အေလးခ်ိန္မ်ားေနတာ ငါေတာ့ ဝတ္နိုင္မယ္ မထင္ဘူး]

ေက်ာက္မ်က္ရတနာေတြေၾကာင့္ လည္ဆြဲက လွပေနျခင္းပင္။ လက္ေဆာင္ရဲ့ ေလးနက္မွု အဓိပၸါယ္ေၾကာင့္ မယ္ဒီရာ ဝတ္ၿပီး လမ္းေလၽွာက္သင့္တယ္လို႔ေတြးကာ လိုင္လ္ သူမနား တိုးသြားၿပီး သူမလည္တိုင္ေပၚ ဝတ္ေပးလိုက္သည္။

"ကိုယ္ မင္းကို ခ်ိတ္တပ္ေပးမယ္"

ဒီလည္ဆြဲက သူမလည္တိုင္ေပၚမွာ ေသခ်ာေပါက္ေလးလံၿပီး ေအးခဲေနေလသည္။

[ဒါက လွေပမဲ့... ေလးလိုက္တာ၊ စိတ္က်ဥ္းက်ပ္စရာ အဝတ္အစားေတြ ဝတ္ၿပီး လက္ဝတ္ရတနာအမ်ားႀကီးဝတ္တာက အံ့ဩစရာ ႏွိပ္စက္နည္းတမ်ိဳးပဲ]

အေစခံယူလာတဲ့ မွန္ထဲ သူမကိုယ္သူမ ၾကည့္လိုက္တဲ့ မယ္ဒီရာက လိုင္လ့္ကို ေက်ာေပးလိုက္သည္။

"ေက်းဇူးျပဳၿပီး ျဖဳတ္ေပးပါ"

သဘာဝက်က်စကားသံေအာက္မွာ လုခ္ လိုင္လ့္ကို ၾကည့္လိုက္သည္။

အမွန္တကယ္ေတာ့ ဒီကိစၥမ်ိဳးက အေစခံကို လုပ္ခိုင္းသည္က ပိုသဘာဝက်မည္ျဖစ္ၿပီး ဧကရာဇ္တပါးကို သူမ ေျပာသင့္ေသာ စကားမ်ိဳး မဟုတ္ေပ။

သို႔ေသာ္ ဒါကပင္ ပုံမွန္လိုမ်ိဳး ဧကရာဇ္က မယ္ဒီရာ့လည္တိုင္ေပၚက လည္ဆြဲကို ျဖဳတ္ေပးလိုက္သည္။

[ဒီႏွစ္ေယာက္က တကယ္ပဲ အဆင္ေျပေနတာလား?]

မယ္ဒီရာက လည္ဆြဲကို မူလေသတၱာထဲ ျပန္ထည့္လိုက္တာနဲ႔ အပ်ိဳေတာ္တေယာက္က အနားကပ္လာကာ ေသတၱာကို သိမ္းဆည္းသြားသည္။

"နယ္စားကို ေက်းဇူးတင္တဲ့အေၾကာင္း ေျပာေပးပါ"

"ေကာင္းပါၿပီ၊ ကၽြန္ေတာ္..."

လုခ္ ခဏေလာက္တုံ႔ဆိုင္းေနၿပီးတဲ့ေနာက္ သူ႔လက္ေမာင္းထဲကေန လက္တဝါးစာေသတၱာတခုကို ထုတ္ယူလာသည္။ ဒီအရာက ေငြေရာင္ေသတၱာတခုပင္။ လုခ္ေတြေဝေနၿပီးမွ အရိုအေသေပးလိုက္ရင္း မယ္ဒီရာကို ရွင္းျပလာသည္။

"ဒါက ကၽြန္ေတာ္မ်ိဳးကိုယ္တိုင္ကိုယ္က် ျပင္ဆင္လာတာပါ၊ အရွင္မ သေဘာက်ပါ့မလား?"

မယ္ဒီရာ ေပ်ာ္ရႊင္စြာ လက္ခံယူလိုက္သည္။

"ဖြင့္ၾကည့္ရမလား?"

"ဟုတ္ကဲ့၊ ဖြင့္ၾကည့္ပါ"

သူမ အဖုံးကို ဖြင့္လိုက္ေတာ့ ခရမ္းေရာင္ mana ေက်ာက္ေတြနဲ႔ စီျခယ္ထားတဲ့ ရင္ထိုးေပၚထြက္လာသည္။ ဒါက အေတာ္အတင့္အားေကာင္းတဲ့ အစီအရင္နဲ႔ စီရင္ထားတဲ့ ေမွာ္ပစၥည္းတခုျဖစ္မွန္း လိုင္လ္ ခ်က္ခ်င္း မွတ္မိလိုက္သည္။

ခရမ္းေရာင္ပစၥည္းကို ၾကည့္ရင္း မယ္ဒီရာ သေဘာတက် ျပဳံးလိုက္သည္။

"အိုး၊ လွလိုက္တာ၊ အမေတာ့ သေဘာက်သြားၿပီ"

"အမေတာ္ သေဘာက်တယ္ၾကားလို႔ ဝမ္းသာပါတယ္၊ ဒီရင္ထိုးမွာ အမေတာ္ ခႏၶာကိုယ္ကို ကာကြယ္နိုင္တဲ့ အစီအရင္ပါတာမို႔ မခၽြတ္တမ္း ဝတ္ထားပါ"

"ဒါ ဘယ္လို အလုပ္လုပ္လဲ?"

လိုင္လ့္ေမးခြန္းေၾကာင့္ လုခ္ ဧကရာဇ္ဆီ လွည့္ၾကည့္လိုက္သည္။

"ပိုင္ရွင္ရဲ့ စိတ္အေျခအေနေပၚ မူတည္ၿပီး တုံ႔ျပန္တယ္လို႔ ကၽြန္ေတာ္မ်ိဳး နားလည္ထားပါတယ္"

"ဝိုး..."

မယ္ဒီရာ ရင္ထိုးကို စိတ္ဝင္တစားၾကည့္လိုက္သည္။ ဒီေလာကထဲ ေမွာ္ပညာရွိမွန္း သူမ သိေပမဲ့ ေမွာ္အစြမ္းရွိတဲ့ အရာဝတၱဳကို သူမ လက္ခံရရွိတာ ပထမဆုံး အႀကိမ္ျဖစ္သည္။

မယ္ဒီရာ ေပ်ာ္ေနတာျမင္ေတာ့ လိုင္လ္ ျပဳံးလိုက္သည္။

"ဧကရီေပ်ာ္ေနတာျမင္ေတာ့ ကိုယ္လဲ ဂုဏ္ျပဳလက္ေဆာင္ ေပးမွထင္တယ္၊ နယ္စားက လည္ဆြဲေပးၿပီး နယ္စားေလးက ရင္ထိုးေပးေတာ့... ကိုယ္က လက္စြပ္ေပးရမလား?"

လိုင္လ့္စကားေၾကာင့္ မယ္ဒီရာ ျပဳံးရင္း ဆိုလိုက္သည္။

"ဒါဆို လက္ေကာက္ဆိုရင္ေရာ?"

"ဘာလို႔လက္ေကာက္လဲ?"

"အရွင့္ဆီက လက္ေဆာင္ဆိုရင္ ေက်ာက္အႀကီးႀကီးနဲ႔ လက္စြပ္ျဖစ္မွာ၊ လက္စြပ္ဝတ္ၿပီး အရွင့္မ်က္ႏွာကို ကိုင္လို႔ရမွာ မဟုတ္ေတာ့ဘူး၊ ေက်ာက္က အရွင့္ကို ရွမိလိုက္မယ္၊ ဒါေပမဲ့ အရွင္ေပးတာကိုေတာ့ ကၽြန္မ အျမဲ ဝတ္ထားခ်င္ေတာ့၊ အဲ့ဒါေၾကာင့္ လက္ေကာက္ပဲ ေပးပါ"

"ကိုယ့္မ်က္ႏွာကို ရွမိလဲ အေၾကာင္းမဟုတ္ပါဘူး"

"အရွင့္ရဲ့ ေခ်ာေမာတဲ့မ်က္ႏွာမွာ ရွရာျဖစ္မွာ ကၽြန္မ မႀကိဳက္ပါဘူး

မယ္ဒီရာ စကားႂကြယ္ႂကြယ္နဲ႔ ဆိုေတာ့ လိုင္လ္ သူမပါးကို ခပ္ဖြဖြညႇစ္ၿပီးေနာက္ ဖြဖြပြတ္သပ္လိုက္သည္။

"အခုေတာ့ ဘယ္လို ေျမႇာက္ပင့္ရမလဲ သိၿပီေပါ့ေလ၊ ေကာင္းၿပီ၊ ကိုယ္ မင္းကို လက္စြပ္ေရာ လက္ေကာက္ပါ ေပးမယ္၊ မင္း လက္စြပ္ကိုေတာ့ ဝတ္စရာ မလိုဘူး၊ ဧကရီ ကိုယ္ေတာ့္မ်က္ႏွာကို ထိေတြ႕တာ ကိုယ္ေတာ္လဲ သေဘာက်တယ္"

မယ္ဒီရာ ေခါင္းေစာင္းလိုက္ၿပီး သူမမ်က္ႏွာေပၚက လိုင္လ့္လက္ေခ်ာင္းကို ကိုက္ဟန္ေဆာင္ေတာ့ လိုင္လ္ရယ္ေမာကာ မယ္ဒီရာ့ကို ေပြ႕ဖက္လိုက္သည္။

ေဘးက ၾကည့္ေနတဲ့ လုခ္ခမ်ာ ပါးစပ္အေဟာင္းသားပင္။ ဒါက သ႐ုပ္ေဆာင္ေနတာ မဟုတ္ဘူး၊ သူတို႔က တကယ့္ကို ရင္းႏွီးေနတာ။ သူတို႔က လက္ထပ္ၿပီးသား ဇနီးေမာင္ႏွံေတြေပမဲ့ ရင္းႏွီးတဲ့ ခ်စ္သူေတြလို ဆက္ဆံေနတာ။

"အရွင္တို႔ႏွစ္ေယာက္... ႏွစ္ေယာက္သား ဆက္ဆံေရးေကာင္းေတာ့ စိတ္ခ်ရပါၿပီေလ"

လိုင္လ့္အေပၚထားတဲ့ သူ႔ရဲ့ နာၾကည္းမွုက ေပ်ာက္ကြယ္မသြားေသးေပမဲ့ မယ္ဒီရာက လိုင္လ့္အခ်စ္ကို ႏွစ္ရွည္လမ်ားေတာင့္တခဲ့တာမို႔ လုခ္ အနည္းဆုံးေတာ့ သက္ျပင္းခ်နိုင္သြားသည္။

ဆက္ခံသူ နယ္စားရဲ့ေရွ႕မွာ သူ႔ရဲ့ ပုံမွန္အျပဳအမူေတြ ထြက္ေပၚလာမွန္း လိုင္လ္သတိထားမိေတာ့ ေခ်ာင္းဟန့္လိုက္သည္။ သို႔ေသာ္ မယ္ဒီရာ့ကို ေပြ႕ဖက္ထားတဲ့ သူ႔လက္ေတြကိုေတာ့ လႊတ္မေပးေခ်။

"အာ..ဟုတ္တယ္.. တကယ္ေတာ့.."

သူမခါးေပၚက လိုင္လ့္လက္ေတြကို တြန္းဖယ္ဖို႔ မယ္ဒီရာ ႀကိဳးစားလိုက္ေပမဲ့ ထိုအစား သူမသာ မေက်မနပ္ျဖစ္ေနတဲ့ လိုင္လ့္လက္ေမာင္းေတြထဲ ဆြဲယူျခင္းခံလိုက္ရသည္။

မ်က္ႏွာ နီေနလ်က္ျဖင့္ မယ္ဒီရာ ခပ္တိုးတိုးဆိုလိုက္သည္။

"လုခ္ ၾကည့္ေနတယ္ေလ!"

"သူက ဧကရီရဲ့ ေမာင္ငယ္ပဲ၊ အေရးႀကီးလို႔လား? ကိုယ္ မင္းကို ထိေတာင္ မထိရေသးပဲနဲ႔"

"အရွင္သာ ကၽြန္မကို လူေတြေရွ႕ ထိကိုင္ေနရင္ တလေလာက္ အရွင့္ကို စကားမေျပာေတာ့ဘူး"

သူမရဲ့ သတိေပးစကားေၾကာင့္ လိုင္လ္ မဲ့လိုက္သည္။ ဒါက တကယ့္ၿခိမ္းေျခာက္မွုလား? ဒါေပါ့၊ ၿခိမ္းေျခာက္တာက အလြန္ကို ... အဆင္မေျပျဖစ္ေစတယ္။

"ကိုယ္ မင္းကို ဖက္ထားတာေလ၊ မထိပါဘူး"

ထို႔ေနာက္ သူမ်က္လႊာခ်ကာ မယ္ဒီရာ့ပါးကို နမ္းလိုက္သည္။ မယ္ဒီရာ သူ႔ကို အံ့ဩတႀကီးၾကည့္လာေတာ့ လိုင္လ္ မ်က္ႏွာေျပာင္ေျပာင္ျဖင့္ ျပဳံးလိုက္သည္။

"မင္း ကိုယ့္ကို ဒီလိုၾကည့္ေနရင္.. ကိုယ္ မင္းကို နမ္းခ်င္လာမွာ..."

မယ္ဒီရာ လိုင္လ့္ပါးစပ္ကို သူမလက္ျဖင့္ ခပ္ျမန္ျမန္ပိတ္လိုက္သည္။ သူမလက္ကို မဖယ္တာမို႔ လိုင္လ္ မယ္ဒီရာ့ကို စိုက္ၾကည့္လိုက္သည္။

"အဟမ္း"

လုခ္ မ်က္ႏွာပူစရာ အေျခအေနၾကားထဲ လည္ေခ်ာင္းရွင္းလိုက္သည္။

လိုင္လ္က သူမလက္ကို ကိုင္ထားဆဲပင္။ သူမခါးကို ေပြ႕ဖက္ထားဆဲျဖစ္တဲ့ သူ႔လက္ေတြကို မယ္ဒီရာ ရိုက္လိုက္ေတာ့ မေက်နပ္တဲ့ မ်က္ႏွာနဲ႔ မလႊတ္ခ်င္ လႊတ္ခ်င္ လႊတ္ေပးလာသည္။

ဘာမွမျဖစ္သလိုမ်ိဳး မယ္ဒီရာ လုခ္ကို ၾကည့္လိုက္ေပမဲ့ သူမလဲ ရွက္ရြံ႕ေနေလသည္။

***
Note:

အမွန္ေတာ့ တနၤလာေန႔က တင္ရမွာ။ အဲ့ေန႔က အမရဲ့ ညီမ ေမြးေန႔မို႔ သူ႔ကို အခ်ိန္ေပးေနလို႔ ေနာက္က်သြားပါတယ္။ 💙

***

Continue Reading

You'll Also Like

297K 17K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
284K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
311K 5.5K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
424K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...