လူတိုင်းကငါ့ကိုသည်းသည်းလှုပ်န...

By TeeKo0

198K 25.5K 1.6K

MC - ရဲ့ချင်(shou)'stronguke' ရဲ့ချင်ဟာဝတ္ထုတွေများစွာပေါင်းစုံထားသည့်ကမ္ဘာကြီးတစ်ခုဆီသို့ကူးပြောင်းလာခဲ့သည်။... More

Intro
(1)'ဒုတိယမြောက်ဘဝ'
(2)'အဓိကဇာတ်လိုက်'
(3)'စာအုပ်ဆိုင်'
(4)'မြင့်မြတ်သားရဲ'
(5)'ဗီလိန်'
(6)'ခဲအို'
(7)'ဆင့်ခေါ်သူ 459 ကျောင်းတော်'
(8)'အတန်းခွဲခြင်း'
(9)'ဗီလိန်ကြီးနှင့်ပြန်လည်တွေ့ဆုံခြင်း'
(10)'စိတ်စွမ်းအားလေ့ကျင့်ရေးကွင်းပြင်'
(11)'ကျောင်းပြင်ခိုးထွက်ခြင်း'
(12)'barထဲကရန်ပွဲ'
(13)'ထွက်ပြေးခြင်း'
(14)'ဒေါသထွက်သွားသည့် ရဲ့ချင်'
(15)'ကတ်ချ်'
(16)'နောက်ထပ် အဓိကဇာတ်လိုက်'
(17)'အကြံအစည်'
(18)'ရဲ့ချင်၏မျက်နှာ'
(19)'မွေးစားအဖေ'
(20)'အတိတ်ဆိုး'
(22)'မှော်သားရဲလောက'
(23)'အပြာရောင်-ခွေး'
(24)'မီးဖီးနစ်'
(25)'ဂျီရှန်းယွမ်'
Character introduction
(26)'ကျောက်တုံးမျောက်ဝံ'
(27)'ရဲ့မိသားစု၏ စိုးရိမ်ပူပန်မှု'
(28)'မီးတောင်'
(29)'အနီရောင်ကြာပန်း'
မေးမြန်းချက်
(30)
(31)
(32)
(33)
(34)
(35)
(36)
စပွိုင်း
(37)
(38)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)

(21)'ကျောင်းသားသစ်နှစ်ယောက်'

3.7K 505 34
By TeeKo0

Unicode

ကျောင်းတတ်ခါနီးအချိန်လေးတွင် ပထမနှစ် ၏အခန်း (၂) တစ်ခန်းလုံး ဆူညံပွက်လောရိုက်နေ၏။ မိန်းကလေးတစ်ချို့က အုပ်စုဖွဲ့ပြီး အတင်းထိုင်တုတ်နေတာရှိသလို ယောက်ျားလေးတစ်ချို့၏ ဂိမ်းနှင့်ပတ်သတ်သည့် စကားတွေကိုနေရာတိုင်းလိုလိုကြားနေရသည်။

စာသင်ချိန်မဟုတ်တာကြောင့် လွီမုချီက ခုံပေါ်တွင်မှောက်အိပ်နေရင်း သူ့ရဲ့သွားလေရာမပါမဖြစ် အပြာရောင်အုပ်နားကြပ်ကိုတပ်ဆင်၍ သီချင်းနားထောင်နေလေသည်။ ထင်းယီက သူ့ခုံတွင်ခြေချိတ်ထိုင်ရင်း ဂိမ်းထိုင်ဆော့နေသည်။ ကျောင်းတတ်ချိန်မရောက်သေးတာကြောင့် ဖုန်းအသိမ်းခံရမည့်ရန်ကနေစိုးရိမ်စရာမလိုပေ။

ဆင့်ခေါ်သူကျောင်းသားတွေက သာမန်အထက်တန်းကျောင်းသားတွေလိုမျိုး ထိန်းချုပ်ခံရခြင်းမရှိတာကြောင့် ယခုလိုအားလပ်ချိန်မျိုးတွင်ဖုန်းသုံးခွင့်ရသည်က ပုံမှန်ပင်။ ဖုန်းမင်နဲ့ နန်ရှောင်မေတို့နှစ်ယောက်အကြောင်းပြောရရင် နှစ်ယောက်သားတိုးတိုး တိုးတိုးဖြင့် ဘယ်အခန်းကကောင်မလေးက ဘယ်လိုလှတာ၊ ခြေတံသွယ်သွယ်နဲ့ ဘယ်လိုမျိုးကြည့်ကောင်းတာ စသည်ဖြင့် ချောချောလှလှမိန်းကလေးတွေအကြောင်း အပြန်အလှန်ဝေငှနေကြသည်။

နားပါးလှသည့် ရဲ့ချင်ခမျာ တစ်ခန်းလုံး၏ တစ်တွတ်တွတ်အသံတွေကြောင့် နားတစ်ခုလုံးမီးခိုးတွေထွက်ချလာပြီဟုတောင်ထင်မှတ်လိုက်မိသည်။ ဘာကြောင့်ရယ်မဟုတ် နားကြပ်နားထောင်ရင်း အေးဆေးဇိမ်နဲ့နှပ်နေသည့် လွီမုချီကိုကြည့်ကာ အားကျစိတ်တောင်ဝင်မိသွားသည်။

"ရဲ့ချင်"

မျက်မှန်နှင့် စာဂျပိုးဖြစ်ဟန်ရသည့် မိန်းကလေးတစ်ယောက်ဟာ ကျောင်းသုံး iPad အဖြူကိုကိုင်လျက် ရဲ့ချင်ရှိရာဆီသို့လျှောက်လာ၏။ မိန်းကလေး၏ နာမည်မှာ ရွှယ်ကျန်း ဟုခေါ်ပြီး အခန်း (၂) ၏ထူးချွန်ကျောင်းသူတစ်ဦးအဖြစ်သတ်မှတ်နိုင်သည်။

"ရဲ့ချင်....မနေ့က ဆရာကု သင်ပေးခဲ့တဲ့ စိတ်စွမ်းအင်ကို ထိန်းသိမ်းနည်းဆိုတဲ့နေရာမှာလေ....ငါနားမလည်တာရှိလို့...."

ရဲ့ချင်က သာမန်ကျောင်းသားတစ်ယောက်လိုမျိုးစာကြိုးစားသည်။ သူ့အနေနဲ့ ကုရှီးမင်၊ လွီမုချီနဲ့ ထင်းယီတို့လောက် ထင်ရှားခြင်းမရှိသော်လည်းပဲ လေးလေးနက်နက် လိုက်နာပုံနှင့် ကြိုးစားမှုက ကျောင်းသားတွေနှင့် ဆရာအုပ်စု၏ အမြင်ကောင်းကိုရရှိသွားစေခဲ့သည်။

ရွှယ်ကျန်းက ထိပ်တန်းကျောင်းသူဖြစ်သည်မှာမှန်သော်လည်းပဲ ရဲ့ချင်၏ သာမန်မဟုတ်သည့်ဥာဏ်ရည်နှင့်မှတ်သား နားလည်နိုင်စွမ်းကိုလိုက်မမှီနိုင်ပေ။ ဒါကြောင့် သူမ နားမလည်သည့် သင်ခန်းစာတစ်ချို့ကို ရဲ့ချင်အားလာရောက်မေးမြန်းသည်မှာ ပုံမှန်လိုတောင်ဖြစ်နေပေပြီ။

အမှန်တော့ ရွှယ်ကျန်း တင်မဟုတ်ပဲ အခန်း (၂) ၏ကျောင်းသားတော်တော်များများဟာ သင်ခန်းစာတွေနဲ့ပတ်သတ်ရင် ရဲ့ချင်ဆီ လာရောက်အကူအညီတောင်းခံကြသည်။ ဆင့်ခေါ်သူတွေအတွက်သင်ခန်းစာက ပုံမှန် ကျောင်းစာတွေနှင့် နှိုင်းယှဥ်မရပေ။

မရေမတွက်နိုင်အောင်များပြားသည့် မှော်သားရဲအမျိုးအစားတွေအကြောင်း အသေးစိတ်မှတ်သားရသလို စိတ်စွမ်းအင်နဲ့ ကိုယ်ကာယ ကြံ့ခိုင်ဖို့ရန်အတွက် ပုံမှန်မဟုတ်သည့် စာတွေ့၊ ကိုယ်တွေ့ လေ့ကျင့်ခန်းတွေကိုလည်းမနားတမ်းပြုလုပ်ရသေးသည်။

ဒါ့အပြင် ဆင့်ခေါ်သူတွေအတွက် သီးသန့်ဘာသာစကားတစ်မျိုးကိုလည်း လေးလေးနက်နက်သင်ကြားရသေးသည်။ အကြောင်းအရင်းက ဆင့်ခေါ်သူဟူသည့်အမျိုးအစားမှာ တစ်ကမ္ဘာလုံးအနှံ့ ဘာသာစကားမျိုးစုံရှိသည့် လူတန်းစား တွေဖြစ်ကြသည်။ အကယ်၍ နိုင်ငံမတူ ဘာသာစကားမတူသည့် ဆင့်ခေါ်သူနှစ်ဦးသာ ထိပ်တိုက်ဆုံတွေ့ခဲ့မိကြရင် တစ်ဖက်နဲ့တစ်ဖက်အနည်းငယ်အခက်တွေ့သွားနိုင်၏။

သာမန်လူတွေအနေနဲ့ အင်္ဂလိပ်စကားကိုကမ္ဘာသုံးဘာသာစကားအဖြစ်သတ်မှတ်ထားသော်ညားလည်း ဆင့်ခေါ်သူတွေအတွက်ကတော့ သီးသန့်ဘာသာစကားတစ်မျိုး သတ်မှတ်ထားခဲ့သည်။ အဓိကအချက်မှာ သာမန်လူတွေ ဆင့်ခေါ်သူပြောသမျှစကားအလုံးစုံ နားလည်နိုင်စွမ်းမရှိစေရန်အတွက်ပင်။

တစ်ချို့သောကိစ္စတွေက ဆင့်ခေါ်သူတွေရဲ့လျှို့ဝှက်ချက်ဖြစ်နေတတ်သည့်အတွက် သာမန်လူတွေမသိနားမလည်တာပိုကောင်းသည်။

ရဲ့ချင်က စာရှင်းပြရာတွင် စိတ်ရှည်သည်။ ထိပ်တန်းကျောင်းသူကောင်းဖြစ်သူ ရွှယ်ကျန်းဟာ လေးလေးနက်နက်လိုက်နားထောင်နေရင်း သူမ ကျောရိုးတစ်လျောက်စိမ့်ကနဲဖြစ်သွားသလိုခံစားလိုက်ရသည်။ တစ်စုံတစ်ဦးက သူမကို အေးစက်စွာစိုက်ကြည့်နေသလိုမျိုးပင်။

သူမ လှည့်ကြည့်လိုက်တော့ အခန်းထဲကကျောင်းသားတွေမှာသူ့ဟာနဲ့သူ စကားပြောရင်း အလုပ်ရှုပ်နေကြတာကြောင့် သူမကိုအာရုံစိုက်ဖို့အချိန်ရှိဟန်တောင်မရပေ။ စိတ်ထင်တာပဲနေမှာပါဟူသည့်အတွေးဖြင့် ခေါင်းသာတစ်ချက်လောက်ခါယမ်းလိုက်ရင်း ရဲ့ချင်ရှင်းပြသည့် အချက်ကို ဂရုတစိုက်ပြန်နားထောင်နေလိုက်သည်။

ရွှယ်ကျန်း၏ နောက်ကျောတစ်နေရာရှိ ခုံပေါ်တွင် ဂိမ်းကစားနေသူ ထင်းယီဟာ နဂိုတတ်ကြွမှုအပြည့်ဖြင့်ဆန့်ကျင်ဘက် ခံစားချက်ကင်းမဲ့လွန်းသည့်မျက်လုံးတွေဖြင့် သူမ၏ နောက်ကျောကို စိုက်ကြည့်နေသည်။ ဒါက နဂိုတတ်ကြွပြီးပျော်ပျော်နေတတ်သည့် ထင်းယီ၏ ပုံစံနှင့် လုံးဝကွဲထွက်နေပြီး သူ့မျက်လုံးတွေကသက်ရှိအားလုံးကို အထင်သေးနှိမ့်ချနေသလိုမျိုး ပင်။ ကြည့်ရတာမည်သူ့ကိုမှမျက်လုံးထဲမထည့်ရလောက်သည်အထိ မာနကြီးမောက်မာနေပုံလည်းပေါ်သည်။

ဒါပေမယ့် အမူအရာဟာ စက္ကန့်ပိုင်းလောက်သာပေါ်ပေါက်လာတာကြောင့် ရဲ့ချင်အပါအဝင်မည်သူမှသတိမထားမိလိုက်ကြချေ။ ထင်းယီဟာ သူ့ရဲ့ အေးစက်လွန်းသည့်မျက်လုံးတွေကို ရင်းနှီးကျွမ်းဝင်စွာ ပြန်လည်ဖုံးကွယ်လိုက်ရင်း ဂိမ်းကိုသာဆက်ကစားနေလိုက်သည်။ သို့ပေမယ့် သူ့စိတ်ထဲဘယ်လောက်တောင်အလိုမကျဖြစ်နေလည်းဆိုတာ ကာရကံရှင်ကိုယ်တိုင်အပြင် မည်သူမှမသိနိုင်ပေ။

ရဲ့ချင် စာရှင်းပြနေရင်းတန်းလန်းမှာပင် ကျောင်းခေါင်းလောင်းထိုးသံထွက်ပေါ်လာသည်။ ရွှယ်ကျန်းက ရဲ့ချင်ကိုကျေးဇူးတင်စကားပြောပြီး သူမ ခုံပေါ်သွားထိုင်သည်။

ကျောင်းသားတိုင်းက စည်းစနစ်ကျစွာ ကိုယ့်နေရာကိုယ်ကမန်းကတန်းဝင်ထိုင်လိုက်ကြသည်။ အချိန်အနည်းငယ်ကြာမြင့်ပြီးနောက် အတန်းပိုင်ဆရာ ကုရှီးမင်က အခန်းထဲ ဝင်ရောက်လာသည်။ ကျောင်းသားတွေကိုနှုတ်ဆတ်လိုက်ပြီးနောက်တွင် မျက်မှန်အောက်က သူ့ရဲ့သွေးနီရောင်မျက်လုံးတွေမှာ ရဲ့ချင်ရှိရာဆီသို့မသိမသာအခြေကျသွားသည်။ ပြီးနောက် သူ မသိမသာပြုံးလိုက်သည်။

တစ်ခြားလူတွေသတိမထားမိသော်လည်းပဲ ရဲ့ချင်နှင့် ကျောင်းတတ်သံကြောင့် နိုးလာသည့် လွီမုချီက ထိုအကြည့်ကိုကောင်းကောင်းသတိထားမိ၏။ လွီမုချီရဲ့ အေးစက်လွန်းသို့မျက်ခုံးတွေမှာခပ်တင်းတင်းကြုပ်သွားရင်း လေထုထဲတွင် ကုရှီးမင် နှင့်ထိပ်တိုက်ဆုံတွေ့သွားသည်။

ကုရှီးမင်၏ အတုအယောင်အပြုံးအနောက်ရှိ မျက်လုံးတွေမှာ ရေခဲအမှတ်အောက်သို့ကျဆင်းသွားပြီး မြွေမြွေချင်းခြေမြင် ဆိုသလိုမျိုး ၎င်းငျးအဓိပ်ပါယျကိုသူတို့နှဈဦးသာနားလညျသညျ။ ကုရှီးမင်က လှောင်သလိုမျိုးခပ်ထေ့ထေ့ပြုံးလိုက်ရင်း လွီမုချီနှင့် အကြည့်လွှဲလိုက်သည်။

"ကဲ....ဆရာ့ရဲ့ကျောင်းသားလေးတွေ.....ဒီနေ့ဆရာတို့အခန်းကို ကျောင်းသားသစ်နှစ်ယောက်ရောက်လာတယ်...."

"ဝိုး!!!!"

ကျောင်းသား၊ကျောင်းသူအုပ်စုဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ အသံထွက်လာ၏။ ရဲ့ချင်က စိတ်မဝင်စားသလိုမျိုး စားပွဲပေါ်လက်ထောက်လိုက်ရင်း မေးတင်လိုက်သည်။

ကျောင်းသားသစ်နှစ်ယောက်ရောက်လာတာ ဘာစိတ်ဝင်စားစရာရှိလို့လဲ။

အခန်းထဲရှိ လူတော်တော်များများ၏ မျက်လုံးပေါင်းများစွာဖြင့်အကြည့်တွေအောက်တွင် အရပ်ခပ်ပုပုပုံပန်းသဏ္ဍာန်နှင့် အရပ်မြင့်မြင့်ပုံရိပ် မှာ အခန်းထဲဝင်ရောက်လာ၏။

ရဲ့ချင်၏ စိတ်မဝင်စားသလို ခပ်မှေးမှေးမျက်လုံးတွေမှာ အနည်းငယ်ပြူးကျယ်သွားသည်။

ကျောင်းသားသစ်နှစ်ယောက်လုံးက ယောက်ျားလေးတွေဖြစ်ကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက်သိဟန်မတူပဲ အကွာအဝေးတစ်ခုခြားလျက်မတ်တပ်ရပ်နေ၏။

အရပ်မြင့်မြင့်ဖြင့်တစ်ယောက်တွင် မီးကဲ့သို့အနီရောင်ဆံပင်နှင့်မျက်လုံးတွေပိုင်ဆိုင်ထားပြီး ပြောမပြတတ်နိုင်လောက်အောင် ချောလွန်းလှသည်။

နောက်တစ်ယောက်က ဘေးကလူထက် ခေါင်းတစ်လုံးစာလောက်အရပ်ပုသော်လည်းပဲ အညိုရောင်မျက်လုံးဝိုင်းကြီးတစ်စုံနှင့် အညိုရောင်ဆံပင်ပျော့ပျော့တွေကိုပိုင်ဆိုင်ထားသည့် ချစ်စရာကောင်ငယ်လေးတစ်ယောက်ဖြစ်သည်။

ဟုတ်တာပေါ့။ ဒီလူနှစ်ယောက်နဲ့ တောက်ပမှုက တစ်ခန်းလုံးကိုပွက်လောရိုက်ဆူညံသွားစေသော်လည်းပဲ ရဲ့ချင်၏အံ့အားသင့်မှုက ရုပ်ရည်ကြောင့်မဟုတ်ပေ။

ကျောင်းသားသစ်နှစ်ယောက်၏ ဦးခေါင်းထက်တွင် တောက်ပသည့်စာတန်းကြီးနှစ်ခုက အမြင်အာရုံကိုဖမ်းစားလွန်စွာ တည်ရှိနေ၏။

အနီရောင်ဆံပင်နှင့်အရပ်မြင့်မြင့်နှင့်ကျောင်းသား၏ ခေါင်းတည့်တည့်တွင် အဓိကဇာတ်လိုက်ဟူသည့် ရွှေရောင်တောက်ပသည့်စာတန်းကြီးက မျက်လုံးကြိမ်းလောက်စရာပင်။ အရပ်ပုပု ပိန်ပိန်ပါးပါးဖြင့် တစ်ဖက်ကျောင်းသား၏ ဦးခေါင်းထိပ်တွင်လည်း တစ်ဖက်လူလောက်ရွှေရောင်တောက်ပလွန်းသည်မဟုတ်သော်လည်းပဲ 'ဇာတ်လိုက်' (Bottom) ဆိုတာကြီးက တကယ့်ကို.....

ရဲ့ချင်ဟာ သူ့ဘေးခုံက စိတ်မဝင်စားသလိုမျက်လုံးတွေဖြင့် လွီမုချီကိုတစ်လှည့်၊ တစ်ဖက်ခုံက ပျင်းရိစွာ ဝှါးသမ်းနေသည့် ထင်းယီကိုတစ်လှည့် ကြည့်လိုက်မိသည်။

နောက်ဆုံးတော့ (Top) နှစ်ယောက်၏ သက်ဆိုင်သူ (Bottom) ကပေါ်ပေါက်လာခဲ့လေပြီ။ သူ့အနေနဲ့ ဝင်မရှုပ်မိဖို့ရန်သာလိုအပ်သည်။

ရဲ့ချင်အနေနဲ့ သက်ဆိုင်သူ (Bottom) အချိန်မရွေးပေါ်ပေါက်လာနိုင်သည်ကို ခန့်မှန်းထားပြီး ဖြစ်တာကြောင့် ထင်သလောက်အံ့အားသင့်မနေပေ။ သူ့ကိုပိုပြီး ထိတ်လန့်အံ့ဩသွားစေသည်က ဆံပင်အနီရောင်နှင့် ကျောင်းသားသစ်ကြောင့်ဖြစ်သည်။

ဒီတစ်ယောက်........။ ဒီတစ်ယောက်က သူတံတားပေါ်မှာ တွေ့ခဲ့ရတဲ့ တစ်ယောက်မဟုတ်ဘူးလား။

တစ်ဖက် ဆံပင်နီနှင့်ကျောင်းသားဟာလည်း စိတ်လှုပ်ရှားမှုကင်းမဲ့စွာ တစ်ခန်းလုံးကိုခြုံရုံကြည့်နေရင်း နောက်ဆုံးတန်းတွင်ထိုင်နေသည့် ပုလင်းဖင်လိုမျက်မှန်ပိုင်ရှင် ရဲ့ချင်နှင့်အကြည့်ချင်းဆုံသွားသည်။ ဆံပင်နီဖြင့်ကျောင်းသား၏ မီးကဲ့သို့မျက်လုံးနီနီအတွင်း၌ ထူးထူးခြားခြားအံ့အားသင့်မှုနှင့် အဓိပ်ပါယျဖောျမရသညျ့ အရိပ်အယောင်တစ်ချို့ဖြတ်ပြေးသွားသည်။

ကြည့်ရတာ ဆံပင်အနီရောင်ဖြင့် 'အဓိကဇာတ်လိုက်' ဟာ ရဲ့ချင်ကို မှတ်မိသည့်ပုံရ၏။

အညိုရောင်မျက်လုံးဝိုင်းကြီးတွေဖြင့် (Bottom) ကျောင်းသားလေးဟာ သူ့ကိုယ်သူအရင်ဆုံးမိတ်ဆက်လာသည်။

"Hello!... တွေ့ရတာဝမ်းသာပါတယ်..... ငါ့နာမည်က ဖိန်းဟွမ်ချီ ပါ....ငါ့ကို ရှောင်ချီလို့ခေါ်နိုင်ပါတယ်...."

ဖိန်းဟွမ်ချီ၏ တတ်ကြွမှုနှင့် ချစ်စရာကောင်းမှုမှာ နှစ်သက်စရာကောင်းသော်လည်းပဲ လူအများစုက ဆံပင်အနီရောင်ဖြင့်ကျောင်းသား ကိုလူချောကိုသာ ပိုပြီးအာရုံစူးစိုက်မိကြ၏။ အခန်းထဲကမိန်းကလေးအုပ်စုအတွက်တော့ စန်းအပွင့်လွန်နေသလိုပင်။

ဒါဘယ်လိုကံကောင်းမှုမျိုးလဲ။ အတန်းပိုင်ဆရာကုနဲ့ လွီမုချီ၊ ထင်းယီတို့သုံးဦးက တစ်ကျောင်းလုံးရဲ့အချောတကာ့အချောဆုံး အမျိုးသားတွေအဖြစ်နာမည်ကြီးသည်။ စီနီယာနှစ်ကအမကြီးတွေတောင် ပထမနှစ်ကျောင်းဆောင်အထိ သူတို့ကိုလာလာငမ်းကြောထသည်အထိပင်။

အခုဆိုရင် နောက်ထပ် ချောလွန်းလှပါချည်ရဲ့ဆိုသည့် အဆင်တစ်ယောက်။ အဆင်တွေအကုန်လုံး အခန်း (၂) မှာတင်စုပုံနေမှတော့ မိန်းကလေးတွေအနေနဲ့ ဒီအခန်းထဲတွင် ကျသည့် နတ်ဘုရားလိုကံကောင်းမှုကြီးကိုသာ ဆက်တိုက်အမွှန်းတင်နိုင်လေတော့သည်။

အနီရောင်ဆံပင်နှင့် ကိုလူချောက ရဲ့ချင်ဆီကအကြည့်မလွှဲသေးပဲ လေသံပြတ်ပြတ်ဖြင့်အသံထွက်လာသည်။

"စွင်းယန်"

ကုရှီးမင်က စွင်းယန်၏ မျက်လုံးအကြည့်ဦးတည်ရာကိုမြင်ပြီးနောက်တွင် သူ့ရဲ့သွေးနီရောင်မျက်ဆံတွေမှာ အတော်လေးနက်မှောင်သွားသည်။

ဒါပေမယ့် သူက ပီပြင်လွန်းလှသည့်ဟန်ဆောင်ပြုံးတစ်ခုဖြင့် ပြောသည်။

"အခန်းထဲမှာ ထိုင်ခုံလွတ်ကမရှိတော့ဘူး....ကျောင်းသား စွင်းယန်နဲ့ ကျောင်းသား ဖိန်းဟွမ်ချီ.... မင်းတို့နှစ်ယောက် ခဏစောင့်ပေးပါ...."

ကုရှီးမင်၏ မူပိုင်အပြုံးဖျော့ဖျော့လေးက ရဲ့ချင်ရှိရာဆီသို့ တိုက်ရိုက်ရောက်ရှိသွားသည်။

"ကျောင်းသား ရဲ့ချင်....ဆရာနဲ့အတူ ခုံသယ်ဖို့ လိုက်ခဲ့ပေးပါ...."

ရဲ့ချင် : "ဟုတ်...."

တစ်ခန်းလုံးက ရဲ့ချင်တစ်ယောက်တည်းရွေးခေါ်ခြင်းခံခဲ့ရသည့်အပေါ် ထူးဆန်းဟန်မပြပေ။ အကြောင်းအရင်းက ဆရာတွေနှစ်သက်ခံရသည့် ရဲ့ချင်ဟာ မကြာခဏဆိုသလို အကူအညီ သေးသေးလေးတွေ အတောင်းခံရသည်။ ဒါကသူတို့အတွက်တော့ တကယ့်ကိုပုံမှန်ပင်။

စွင်းယန် : "ဆရာ...ကျွန်တော်ဆရာ့အစား ဒီတစ်ယောက်နဲ့ ခုံလိုက်သယ်ပေးပါရစေ...."

ရဲ့ချင်အပါအဝင် တစ်ခန်းလုံးအံ့အားသင့်သွားကြသည်။ မည်သူမှ စွင်းယန် ထိုကဲ့သို့တောင်းဆိုမှုမျိုးကို ပြောထွက်လာမည်ဟုမထင်မှတ်ထားခဲ့ချေ။

ကုရှီးမင်ရဲ့ဟန်ဆောင်မျက်နှာဖုံးမှာ အနည်းငယ်ကွဲအက်သွားပြီး အခန်းတစ်ခုလုံးရုတ်ချည်းအေးစိမ့်လာသလို ခံစားလိုက်ရ၏။ လွီမုချီက သူ့ခုံပေါ်မှာထိုင်နေရင်းဖြင့်ပင် အတန်းအရှေ့တွင် အကြည့်ချင်းစစ်တိုက်နေသည့် လူနှစ်ယောက်ကို ခံစားချက်မဲ့စွာစိုက်ကြည့်နေသည်။

"ကျောင်းသားစွင်း....မင်းဒီလောက်ထိ အပင်ပန်းခံစရာမလိုပါဘူး...."

"ရပါတယ်ဆရာ....ကျွန်တော်က သာမန်ထက်နည်းနည်းလောက်ပိုပြီးသန်မာပါတယ်....ခုံအလေးကြီးတွေကိုသယ်ဖို့ ဆရာ့ကို ဒုက္ခမပေးချင်လို့ပါ...."

စွင်းယန်၏ စကားကအတော်လေးအကျိုးသင့်အကြောင်းသင့်ရှိပြီး ကျောင်းသားတော်တော်များများ၏ နားမလည်နိုင်မှုကိုဖြေရှင်းသွားသည်။ ဒါပေမယ့် ကာရကံရှင်အပြင် နောက်ထပ်လူနှစ်ယောက်စ၊ သုံးယောက်စ လောက်သာ အဓိပ်ပါယျအမှနျကို နားလည်သည်။

ဒီတစ်ယောက်က ရဲ့ချင်ကို သိပုံရသည်။

"ကျောင်းသားစွင်း.... မင်းကအရမ်းသိတတ်တဲ့ကျောင်းသားကောင်းတစ်ယောက်ပဲ...."

ကုရှီးမင်၏စကားမှာ အတော်လေးညင်သာလှပါသော်လည်းပဲ အခန်းထဲကကျောင်းသားအုပ်စုဟာ ဘာကြောင့်ရယ်မသိတစ်စုံတစ်ခုမှားယွင်းနေသလိုခံစားလိုက်ရသည်။ ရဲ့ချင်ကထိုခံစားချက်ကိုရှင်းရှင်းလင်းလင်းကြီးသိသည်။ ဒါကသတ်ဖြတ်ချင်နေသည့်ခံစားချက်နှင့်အငွေ့အသတ်ပင်ဖြစ်သည်။ မျက်လုံးကပြုံးပြနေပေမယ့်လည်း တကယ့်အတွင်းစိတ်ထဲ၌ အရှင်လတ်လတ်သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒက အလွန်အမင်းပြင်းပြလွန်းနေ၏။

စွင်းယန်ကလည်း ထိုပြင်းထန်လှသည့်သတ်ဖြတ်ချင်စိတ်ကို ခံစားမိ၍ ထင်သည်။ သရော်သည့်အပြုံးတစ်ခုဖြင့် ယဥ်ကျေးစွာပြန်ဖြေလာသည်။

"မခံယူဝံ့ပါဘူး ဆရာ.....ကျွန်တော်က လုပ််သင့်တယ်ထင်လို့ပါ....."

ကုရှီးမင်၏ မျက်နှာထက်ကအပြုံးမှာပိုပြီးတောင်ပီပြင်လာသည်။ သူ့အတွင်းစိတ်ထဲက လူသတ်ချင်သည့် ဆန္ဒမှာပိုပြီးတောင်ပြင်းထန်လာသေးသည်။

နောက်ဆုံးတော့ ရဲ့ချင်နှင့်စွင်းယန် တို့နှစ်ဦးဟာလိုအပ်သည့် ခုံတွေကို သယ်ယူဖို့ရန် ဖြစ်လာသည်။ ရဲ့ချင်က မျက်နှာသေဖြင့် ပထမနှစ်ရဲ့ကျောင်းပစ္စည်းတွေထားရာ စတိုခန်းဆီသို့ ဦးတည်ခေါ်ဆောင်လာသည်။ စွင်းယန်က ဘေးကနေ ရုပ်တည်ကြီးဖြင့် ရဲ့ချင်ကိုစောင်းကြည့်သည်။ ဒီမှန်ကြောင်ကိုကြည့်ရတာ သူ့ကိုလုံးဝမသိသလိုမျိုးပင်။

ထိုအပြုအမူက ကြီးမြတ်လှတဲ့ အရှင်သခင်ကြီးကို စိတ်အနှောင့်အယှက်ကြီးကြီးမားမားဖြစ်သွားစေသည်။

ဟမ့်....ငါကိုယ်တော်ကဘာကြောင့် ဒီလိုသာမန်သေမျိုးလေးကိုပြန်မချေနိုင်ရမှာလဲ။

အတွေးတွေနဲ့ဆန့်ကျင့်စွာပင် ပတ်ဝန်းကျင်ကအရမ်းတိတ်ဆိတ်လွန်းနေသည့်အခါတွင် နေမထိထိုင်မသာဖြစ်လာသည်သာ စွင်းယန်ကိုယ်တိုင်ပင်ဖြစ်သည်။ သူအံတင်းတင်းတစ်ချက်ကြိတ်လိုက်ရင်း ရဲ့ချင်ဘက်ကို လှည့်၍ စကားစရန်ပြင်လိုက်သည်။

"မင်း......"

သို့ပေမယ့် သူဆက်မပြောရသေးခင်မှာပဲ ရဲ့ချင်ရဲ့ပုံမှန်ခြေလှမ်းတွေမှာရပ်တန့်သွားပြီး တစ်နေရာကိုဦးတည်စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရ၏။ သူသိလိုစိတ်ဖြင့် ရဲ့ချင်၏မျက်လုံး ဦးတည်ရာကို ပြည့်လိုက်မိသည့်အခါတွင် လှေကားထစ်ပေါ်ရှိ မိန်းမလှလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

မိန်းကလေးက လွန်စွာလှပသည်။ ဖြူဖွေးဥနုတဲ့နို့နှစ်ရောင်လိုအသားအရည်၊ မျက်ရစ်နှစ်ထပ်နဲ့ ဝိုင်းစက်လှပတဲ့မျက်လုံးတွေအပြင် ခပ်ဖျော့ဖျော့ဆိုးထားသည့် နှုတ်ခမ်းနီအရောင်ဖြင့် ယောက်ျားသားတွေကို အလွယ်တကူဖမ်းစားညှို့ယူနိုင်လေသည်။ သူမ ရဲ့မျက်နှာတစ်ခြမ်းကိုသာမြင်နေရတာတောင်မှ လွန်စွာလှပကျော့ရှင်းတဲ့မိန်းမလှလေးဖြစ်ကြောင်းပြောစရာကိုမလိုတော့ပေ။

ကြီးမြတ်လှတဲ့ အရှင် စွင်းယန်က အရင်ဘဝထဲက မိန်းမလှလေးတွေကိုကြိုက်နှစ်သက်ခဲ့သည်မှာအထူးအဆန်းတော့မဟုတ်ပေ။ ဒီမိန်းကလေးက သူ့ရဲ့အလှအပစံနှုန်းကို မှီသည်မှာ မှန်သော်လည်းပဲ ဘာကြောင့်ရယ်မှန်းတော့မသိပဲ သူ့ဘေးနားက မှန်ကြောင်၏ အာရုံကိုအလွယ်တကူဆွဲယူသွားသည်ကို နားလည်သွားသောအခါတွင် သူ့စိတ်ထဲ ဘယ်လိုမှကြည့်မရတော့သလိုခံစားလိုက်ရ၏။

ဒါဘယ်လိုမိန်းကလေးတုန်း။ အတိုအပြတ်တွေဝတ်၊ ယောက်ျားတစ်ကာကို မြူစွယ်ပြီး၊ ပြီးမှကြာပန်းဖြူပုံစံနဲ့အပြစ်ကင်းချင်ယောင်ဆောင်ပြအုံးမယ်။

စဥ်းစားရင်း၊ စဥ်းစားရင်းဖြင့်ပင် စွင်းယန်ဟာ ထိုမိန်းကလေးကိုအမြင်မကြည်ရုံသာမက မုန်းတီးလာသလိုတောင်ခံစားလိုက်ရသည်။

မိန်းမတွေက ဘာများကောင်းလို့လဲ။

အကယ်၍ ကျင့်ကြံရေးလောကရှိ အရှင်စွင်းယန်၏လက်အောက်ငယ်သားတွေသာထိုစကားကိုကြားခဲ့ရင် မျက်လုံးကြီးပြူးလဲ နေရာမှာတင်ပြစ်လဲသွားလောက်သည်။

အရှင်.....အရင်တုန်းကအရှင့်လောက်မိန်းမ ပွေတာအရှင်ပဲရှိတယ်မဟုတ်ဘူးလား။ ဘယ်ကနေဘယ်လို မိန်းမမုန်းတီးရေး ဝါဒကိုကိုင်ဆွဲသွားရတာတုန်းလို့။

ဟုတ်ပြီ။ သူက မိန်းမလှလေးတွေကိုသဘောကျတာမှန်ပေမယ့် သူ့ရဲ့လူပျိုရည်ကိုတော့ ထိန်းသိမ်းထားနိုင်ပါသေးတယ်။ သူ့ရဲ့ကျင့်စဥ်က အဆမတန်ပူပြင်းပြီး ယန်ဓာတ်ကြွယ်ဝလွန်းတာကြောင့် မိန်းကလေးတွေနဲ့ ဆက်ဆံမိရင် တစ်ဖက်မိန်းကလေးကပေါက်ကွဲသွားလိမ့်မယ်။ ဒီဘဝမှာ မိန်းမလှလေးတွေနဲ့အပီအပြင်ကဲဖို့ အခွင့်အရေးရလာသော်ညားလည်း ရုတ်တရတ်ကြီး မိန်းမတွေကို မုန်းတီးလာ၏။

စွင်းယန်က သူ့ရဲ့ မီးလိုနီရဲတဲ့မျက်လုံးတွေကို မှေးကျဥ်းလိုက်ရင်း သူ့ဘေးက မှန်ကြောင်ကို စကားစ လိုက်သည်။

"ဒီမိန်းမ ကဘယ်လောက်လှလို့လဲ....သိပ်ပြီးလဲ မျက်လုံးကျွတ်ထွက်သွားတဲ့အထိ ပြူးပြဲကြည့်ပြီး ငမ်းမနေနဲ့....မျက်လုံးကြီးလည်းပြုတ်ကျသွားအုန်းမယ်...."

မိုရှန်းရှန်ကို အာရုံစိုက်စောင့်ကြည့်နေသည့် ရဲ့ချင်ဟာ နားမလည်နိုင်သည့်မျက်လုံးတွေ လှည့်ကြည့်လိုက်မိသည်။

ဒီဇာတ်လိုက်က ရူးနေတာလား။

ရဲ့ချင်ဟာ စွင်းယန်ကိုအာရုံမစိုက်တော့ပဲ မိုရှန်းရှန်းကို တစ်ဖန်ပြန်လှည့်ကြည့်လိုက်သည်။ သို့သော်လည်းပဲ မိုရှန်းရှန်းက လှေကားပေါ်တတ်သွားဟန်ရပြီး သူကြည့်သည့်နေရာတွင် မရှိတော့ပေ။

မိုရှန်းရှန်းကို သူမှတ်မိသည်။ သူမက ကျောင်းက မစ်တီးဆိုင်ထဲမှာ ထူးထူးခြားခြားတွေ့ခဲ့ရတဲ့ အမျိုးသမီးဇာတ်လိုက် *2* ဖြစ်ပြီး ထိုရွှေရောင်ဖျော့ဖျော့စာတန်းပိုင်ရှင် သူမကိုမှတ်မိဖို့ရန်မခက်ခဲပေ။

[(A/N) - မိုရှန်းရှန်းကိုမေ့သွားရင် အပိုင်း (16) ကိုသွားပြန်ကြည့်ကြပါ]

ရဲ့ချင်ကို သတိထားမိစေသည်က မိုရှန်းရှန်း၏ ဦးခေါင်းထိပ်က ရွှေရောင်ဖျော့ဖျော့စာတန်း၏ ပြောင်းလဲမှုကြောင့်ပင်ဖြစ်သည်။ အမျိုးသမီးဇာတ်လိုက် *2* ဟူသည့်စာတန်းကြီးဟာ အချိန်မရွေး မှိန်ဖျော့ ပျောက်ကွယ်သွားတော့မလိုမျိုး ပျောက်သွားလိုက်၊ ပေါ်လာလိုက်ဖြစ်နေလေသည်။

ပိုပြီးထူးဆန်းတာက မိုရှန်းရှန်း၏ မျက်လုံးတွေမှာ သာမန်လူတစ်ယောက်လိုမျိုး တောက်ပမှု လုံးဝကင်းမဲ့နေပြီး မသိရင် တစ်စုံတစ်ခုဆီက ညှို့ယူခံထားရသလိုမျိုးပင်။ သူမပုံစံက ထိန်းချုပ်ခံထားရသည့် ရုပ်သေးရုပ်လိုမျိုး တောင့်တင်းစွာလှုပ်ရှားနေလေသည်။

ခေါင်းပေါ်က အမျိုးသမီးဇာတ်လိုက် ဟူသည့်စာတန်းပျောက်ကွယ်လုနီးပါး ဖြစ်နေရခြင်းမှာ ဖြစ်နိုင်ချေတစ်ခုတည်းသာရှိသည်။ မိုရှန်းရှန်း အသက်အန္တရာယ်ရှိနေပြီ။

ရဲ့ချင်ဟာ သူ့အရှေ့မှာလူတစ်ယောက် ဒီအတိုင်းအသက်ဆုံးရှုံးသွားမှာကိုမကြည့်ရက်နိုင်ပေ။ ဒုတိယမြောက်ဘဝတွင် သူ့ကိုယ်သူအတတ်နိုင်ဆုံး လူသားဆန်သည့်ပုံစံပေါ်ပေါက်လာအောင် မနည်းပုံသွင်းထားခဲ့ရသည်။ ထိုအရာကို သူအလွယ်တကူမစွန့်ပြစ်နိုင်ချေ။

ရဲ့ချင်က တုံ့ဆိုင်းခြင်းမရှိပဲ လှေကားပေါ်ပြေးတတ်သွားသည်။ ရဲ့ချင်၏ ပြုမူပုံကို လုံးလုံးနားလည်မှုမရှိသည့် စွင်းယန်ဟာ ဘုမသိဘမသိ အနောက်ကလိုက်လာမိသည်။

"မင်းဘယ်သွားမလို့လဲ....."

ရဲ့ချင်က စွင်းယန်၏ မေးခွန်းကိုပြန်မဖြေပေ။ နောက်ဆုံး သူတို့နှစ်ယောက်လုံး ပထမနှစ်ကျောင်းဆောင်၏ အပေါ်ဆုံးထပ်ရောက်သည်အထိ ပြေးတတ်လာခဲ့ကြသည်။ ထင်ထားသည့်အတိုင်းပင် မိုရှန်းရှန်းရဲ့ ခေါင်းထိပ်က စာတန်းမှာ ပျောက်ကွယ်ဖို့ရန်တဲတဲလေးသာလိုတော့ပြီး သူမကိုယ်တိုင်က အုတ်ခုံလက်ရန်းပေါ်ကနေ ခုန်ချဖို့ ခြေထောက်တောင်မြှောက်လို့နေလေပြီ။

ထိုအခါမှသာ စွင်းယန်ဟာ ထိုမိန်းကလေးတွင်တစ်ခုခုမှားနေကြောင်းသတိထားမိလိုက်သည်။ သူမျက်မှောင်တစ်ချက်ကြုပ်လိုက်ရင်း အပေါ်ထပ်ကနေ လှမ်းမြင်နေရသည့် သစ်ပင်ကြီးတစ်ပင်ဆီကိုလှမ်းကြည့်လိုက်သည်။ သူ့ရဲ့အနီရောင်မျက်ဝန်းတွေမှာ အရှိန်အဟုန်ပြင်းပြင်းဖြင့် မီးတောက်လိုမျိုး တောက်လောင်လာပြီး သစ်ပင်ပေါ်က အမည်မသိ တစ်စုံတစ်ဦးကို ထိန်းချုပ်မှုကို လွတ်ထွက်သွားစေခဲ့သည်။ လေထုထဲတွင်မမြင်တွေ့နိုင်သည့် ရုပ်သေးရုပ် ကြိုးမျှင်တွေဟာ မီးလောင်ပြာကျသွားပြီး မိုရှန်းရှန်းကို အသိစိတ်ပြန်ဝင်သွားစေ၏။

သူမ သတိဝင်လာချိန်တွင် ခြေထောက်တစ်ဖက်က လေထဲတွင်ရှိနေပြီး လန့်ဖြန့်တုန်လှုပ်သွားကာ ခန္ဓာကိုယ်ဟန်ချက်ကိုမထိန်းချုပ်နိုင်ဖြစ်သွားလေသည်။ သူမခန္ဓာကိုယ်တစ်ခုလုံး အမြင့်ပေါ်က ပြုတ်ကျတော့မည်ဟုထင်မှတ်သွားချိန်၌ တစ်စုံတစ်ဦးက သူမလက်ကို ခိုင်မြဲစွာလာရောက်ဆုပ်ကိုင်လိုက်သည်။

ထိုသူက ရဲ့ချင်ကိုယ်တိုင်ပင်။ မိုရှန်းရှန်း၏ မျက်လုံးတွေဟာ ရဲ့ချင်ကိုမြင်တွေ့လိုက်ရချိန်၌ အနည်းငယ်ပြူးကျယ်သွားသည်။ သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် မျက်မှန်နှင့်လူငယ်၏ လက်ဖဝါးအပူချိန်ကို သူမ ခံစားနိုင်သည်။ ဒါကအရမ်းနွေးထွေးလွန်းပြီး ပြောမပြတတ်နိုင်လောက်သည့် လုံခြုံစိတ်ချမှုတစ်ရပ်ကို ရှင်းရှင်းလင်းလင်းခံစားသွားရစေသည်။ သူမရင်တစ်ခုလုံးတစ်ဒိတ်ဒိတ်ခုန်လှုပ်လာပြီး ထိုအခိုက်အတန့်တွင် ဒုတိယအကြိမ်မြောက် သူမမြင်တွေ့ခဲ့ရသည့် မျက်မှန်နှင့် ကောင်လေးကို လုံးဝကြွေဆင်းသွားခဲ့လေသည်။

ရဲ့ချင်က မိုရှန်းရှန်းကို အချိန်မှီ ဆွဲလိုက်နိုင်သော်လည်းပဲ အန္တရာယ်တစ်ခုက သူ့ဆီတည့်တည့်မတ်မတ်ဦးတည်လာသည်ကိုခံစားမိလိုက်သည်။ ၎င်းက သာမန်မျက်စိဖြင့်မမြင်နိုင်သည့် ကြိုးမျှင်တွေဖြစ်သည်။ မိုရှန်းရှန်းကိုအလျှင်အမြန်ဆွဲတင်လိုက်သည့်အခါတွင် မိန်းကလေး၏ ခန္ဓာကိုယ်မှာ လွန်စွာပေါ့ပါးသည့်ငှက်မွှေးလေးလိုမျိုး အပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။

သို့သော်လည်း သူမအပေါ်သို့ပြန်မရောက်ခင်လေးမှာပင် ထက်ရှသည့် လေတစ်သုတ်ဟာတိုက်ခတ်သွားခဲ့ပြီး မိုရှန်းရှန်း၏ ပါးပြင်ထက်ကိုပျက်ရှရာတစ်ခုကိုဖြစ်ပေါ်သွားစေကာ သွေးစက်တစ်စက်က အဆောက်အဦးအောက်ဘက်သို့ပြုတ်ကျသွားခဲ့သည်။

ကြိုးမျှင်တွေဟာ ရဲ့ချင်၏ ဦးခေါင်းကိုဖောက်ထုတ်ပြစ်ချင်နေသလိုမျိုးဦးတည်လာသည့်အခါတွင် ရှောင်ဖို့ရန် သူ့ခြေထောက်ကို လှုပ်ရှားလိုက်သည်။ သို့ပေမယ့် ထိုအခိုက်အတန့်လေးတွင် သူခြေချထားသည့် ကြမ်းပြင်ထဲကနေ အမည်မသိလက်ကြီးတစ်ဖက်ဟာ ထိုးထွက်လာပြီး ရဲ့ချင်၏ ခြေကျင်းဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ အဆောက်အဦးပေါ်မှ ပြုတ်ကျသွားစေရန် ပြုလုပ်လာခဲ့သည်။

ရဲ့ချင်ဟာ ၎င်းခြေထောက်တွေကြောင့် ပထမနှစ်အဆောက်အဦးအပေါ်ကနေ အရှိန်ပြင်းပြင်းဖြင့်ပြုတ်ကျသွားခဲ့သည်။

"မဟုတ်ဘူး!!!"

မိုရှန်းရှန်းဟာ ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီး သူမ အနောက်ရှိ စွင်းယန်၏မျက်နှာမှာ သွေးစုတ်ဖြူလျော်သွားသည်။ သူကတုံ့ဆိုင်းခြင်းတစ်စက်ကလေးမှမရှိပဲ အုတ်ခုံလက်ရန်းပေါ်သို့ပြေးတတ်ကာ အဆောက်အဦးအောက်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့်ခုန်ဆင်းသွား၏။

မိုရှန်းရှန်းဟာ ရဲ့ချင်၏ မတော်တဆ ပြုတ်ကျသွားမှုနှင့် စွင်းယန်ရဲ့ သူ့ဘာသာခုန်ချသွားသည့်ပုံရိပ်တို့ကြောင့် တုန်ရီသည့်ခြေထောက်တွေဖြင့် အလျှင်အမြန် အောက်ဘက်သို့ငုံ့ကြည့်လိုက်မိသည်။

ရဲ့ချင်ကိုယ်တိုင်လည်း စွင်းယန်က သူ့စိတ်နဲ့သူခုန်ချလာမည်ဟုမထင်မှတ်ထားခဲ့ပေ။ အမှန်တော့ သာမန်လူတစ်ယောက်ကို တစ်စစီဖြစ်သွားစေနိုင်သည့် ဒီအမြင့်က ရဲ့ချင်ကို ပွန်းရာပဲ့ရာတစ်ခုတောင်ဖြစ်သွားစေဖို့မတတ်နိုင်ပေ။ ဒါပေမယ့် သူကဒါကိုဘယ်သူ့ကိုများသွားပြောရမှာတဲ့လဲ။ သူပြောခဲ့ရင်တောင်အကုန်လုံးကရူးသွားပြီဟုသတ်မှတ်ရင်သတ်မှတ်နိုင်သည်။

ခန္ဓာကိုယ်နှစ်ခုက အရှိန်ပြင်းပြင်းဖြင့် အဆောက်အဦးအောက်သို့ ပြုတ်ကျလာသည်။ မြေပြင်နှင့်နီးကပ်လာသည့်အခါတွင်မိုရှန်းရှန်းဟာ ကြောက်လန့်တကြား မျက်လုံးစုံမှတ်ပြစ်လိုက်သည်။ ထိုအခိုက်အတန့်တွင် မြေပြင်ထက်၌ သစ်ပင်တွေ၊ သစ်ရွက်သစ်ခက်တွေ၊ မြက်ပင်တွေ ဟာတစ်ခုနဲ့တစ်ခု ပုံစံတကျ ဆက်သွယ်သွားပြီး ထူးဆန်းသော အစီအရင်မုဒ်ဝကြီးတစ်ခုကိုဖြစ်ပေါ်လာစေခဲ့သည်။ ၎င်းက တစ်ခြားကမ္ဘာသို့သွားသည့် တံခါးပေါက်တစ်ခုလိုပင်။

ထူးဆန်းသည့်မုဒ်ဝကြီးက ပြုတ်ကျလာသည့် လူနှစ်ယောက်ကို ဝါးမျိုပြီးနောက်အစအနဖော်မရအောင်ပျောက်ကွယ်သွားသည်။ မိုရှန်းရှန်းမျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူမထင်ထားသလိုမျိုး မြေပြင်တွင် သွေးစသွေးနတွေနဲ့ အသားစတွေပျံ့ကျဲမနေပဲ ရဲ့ချင်နဲ့စွင်းယန်တို့နှစ်ယောက်လုံးဟာ အစအနဖော်မရအောင် ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရ၏။

________________________________________________________________

Zawgyi

ေက်ာင္းတတ္ခါနီးအခ်ိန္ေလးတြင္ ပထမႏွစ္ ၏အခန္း (၂) တစ္ခန္းလုံး ဆူညံပြက္ေလာရိုက္ေန၏။ မိန္းကေလးတစ္ခ်ိဳ႕က အုပ္စုဖြဲ႕ၿပီး အတင္းထိုင္တုတ္ေနတာရွိသလို ေယာက္်ားေလးတစ္ခ်ိဳ႕၏ ဂိမ္းႏွင့္ပတ္သတ္သည့္ စကားေတြကိုေနရာတိုင္းလိုလိုၾကားေနရသည္။

စာသင္ခ်ိန္မဟုတ္တာေၾကာင့္ လြီမုခ်ီက ခုံေပၚတြင္ေမွာက္အိပ္ေနရင္း သူ႕ရဲ႕သြားေလရာမပါမျဖစ္ အျပာေရာင္အုပ္နားၾကပ္ကိုတပ္ဆင္၍ သီခ်င္းနားေထာင္ေနေလသည္။ ထင္းယီက သူ႕ခုံတြင္ေျခခ်ိတ္ထိုင္ရင္း ဂိမ္းထိုင္ေဆာ့ေနသည္။ ေက်ာင္းတတ္ခ်ိန္မေရာက္ေသးတာေၾကာင့္ ဖုန္းအသိမ္းခံရမည့္ရန္ကေနစိုးရိမ္စရာမလိုေပ။

ဆင့္ေခၚသူေက်ာင္းသားေတြက သာမန္အထက္တန္းေက်ာင္းသားေတြလိုမ်ိဳး ထိန္းခ်ဳပ္ခံရျခင္းမရွိတာေၾကာင့္ ယခုလိုအားလပ္ခ်ိန္မ်ိဳးတြင္ဖုန္းသုံးခြင့္ရသည္က ပုံမွန္ပင္။ ဖုန္းမင္နဲ႕ နန္ေရွာင္ေမတို႔ႏွစ္ေယာက္အေၾကာင္းေျပာရရင္ ႏွစ္ေယာက္သားတိုးတိုး တိုးတိုးျဖင့္ ဘယ္အခန္းကေကာင္မေလးက ဘယ္လိုလွတာ၊ ေျခတံသြယ္သြယ္နဲ႕ ဘယ္လိုမ်ိဳးၾကည့္ေကာင္းတာ စသည္ျဖင့္ ေခ်ာေခ်ာလွလွမိန္းကေလးေတြအေၾကာင္း အျပန္အလွန္ေဝငွေနၾကသည္။

နားပါးလွသည့္ ရဲ႕ခ်င္ခမ်ာ တစ္ခန္းလုံး၏ တစ္တြတ္တြတ္အသံေတြေၾကာင့္ နားတစ္ခုလုံးမီးခိုးေတြထြက္ခ်လာၿပီဟုေတာင္ထင္မွတ္လိုက္မိသည္။ ဘာေၾကာင့္ရယ္မဟုတ္ နားၾကပ္နားေထာင္ရင္း ေအးေဆးဇိမ္နဲ႕ႏွပ္ေနသည့္ လြီမုခ်ီကိုၾကည့္ကာ အားက်စိတ္ေတာင္ဝင္မိသြားသည္။

"ရဲ႕ခ်င္"

မ်က္မွန္ႏွင့္ စာဂ်ပိဳးျဖစ္ဟန္ရသည့္ မိန္းကေလးတစ္ေယာက္ဟာ ေက်ာင္းသုံး iPad အျဖဴကိုကိုင္လ်က္ ရဲ႕ခ်င္ရွိရာဆီသို႔ေလွ်ာက္လာ၏။ မိန္းကေလး၏ နာမည္မွာ ႐ႊယ္က်န္း ဟုေခၚၿပီး အခန္း (၂) ၏ထူးခြၽန္ေက်ာင္းသူတစ္ဦးအျဖစ္သတ္မွတ္နိုင္သည္။

"ရဲ႕ခ်င္....မေန႕က ဆရာကု သင္ေပးခဲ့တဲ့ စိတ္စြမ္းအင္ကို ထိန္းသိမ္းနည္းဆိုတဲ့ေနရာမွာေလ....ငါနားမလည္တာရွိလို႔...."

ရဲ႕ခ်င္က သာမန္ေက်ာင္းသားတစ္ေယာက္လိုမ်ိဳးစာႀကိဳးစားသည္။ သူ႕အေနနဲ႕ ကုရွီးမင္၊ လြီမုခ်ီနဲ႕ ထင္းယီတို႔ေလာက္ ထင္ရွားျခင္းမရွိေသာ္လည္းပဲ ေလးေလးနက္နက္ လိုက္နာပုံႏွင့္ ႀကိဳးစားမႈက ေက်ာင္းသားေတြႏွင့္ ဆရာအုပ္စု၏ အျမင္ေကာင္းကိုရရွိသြားေစခဲ့သည္။

႐ႊယ္က်န္းက ထိပ္တန္းေက်ာင္းသူျဖစ္သည္မွာမွန္ေသာ္လည္းပဲ ရဲ႕ခ်င္၏ သာမန္မဟုတ္သည့္ဥာဏ္ရည္ႏွင့္မွတ္သား နားလည္နိုင္စြမ္းကိုလိုက္မမွီနိုင္ေပ။ ဒါေၾကာင့္ သူမ နားမလည္သည့္ သင္ခန္းစာတစ္ခ်ိဳ႕ကို ရဲ႕ခ်င္အားလာေရာက္ေမးျမန္းသည္မွာ ပုံမွန္လိုေတာင္ျဖစ္ေနေပၿပီ။

အမွန္ေတာ့ ႐ႊယ္က်န္း တင္မဟုတ္ပဲ အခန္း (၂) ၏ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားဟာ သင္ခန္းစာေတြနဲ႕ပတ္သတ္ရင္ ရဲ႕ခ်င္ဆီ လာေရာက္အကူအညီေတာင္းခံၾကသည္။ ဆင့္ေခၚသူေတြအတြက္သင္ခန္းစာက ပုံမွန္ ေက်ာင္းစာေတြႏွင့္ ႏွိုင္းယွဥ္မရေပ။

မေရမတြက္နိုင္ေအာင္မ်ားျပားသည့္ ေမွာ္သားရဲအမ်ိဳးအစားေတြအေၾကာင္း အေသးစိတ္မွတ္သားရသလို စိတ္စြမ္းအင္နဲ႕ ကိုယ္ကာယ ႀကံ့ခိုင္ဖို႔ရန္အတြက္ ပုံမွန္မဟုတ္သည့္ စာေတြ႕၊ ကိုယ္ေတြ႕ ေလ့က်င့္ခန္းေတြကိုလည္းမနားတမ္းျပဳလုပ္ရေသးသည္။

ဒါ့အျပင္ ဆင့္ေခၚသူေတြအတြက္ သီးသန့္ဘာသာစကားတစ္မ်ိဳးကိုလည္း ေလးေလးနက္နက္သင္ၾကားရေသးသည္။ အေၾကာင္းအရင္းက ဆင့္ေခၚသူဟူသည့္အမ်ိဳးအစားမွာ တစ္ကမၻာလုံးအႏွံ႕ ဘာသာစကားမ်ိဳးစုံရွိသည့္ လူတန္းစား ေတြျဖစ္ၾကသည္။ အကယ္၍ နိုင္ငံမတူ ဘာသာစကားမတူသည့္ ဆင့္ေခၚသူႏွစ္ဦးသာ ထိပ္တိုက္ဆုံေတြ႕ခဲ့မိၾကရင္ တစ္ဖက္နဲ႕တစ္ဖက္အနည္းငယ္အခက္ေတြ႕သြားနိုင္၏။

သာမန္လူေတြအေနနဲ႕ အဂၤလိပ္စကားကိုကမၻာသုံးဘာသာစကားအျဖစ္သတ္မွတ္ထားေသာ္ညားလည္း ဆင့္ေခၚသူေတြအတြက္ကေတာ့ သီးသန့္ဘာသာစကားတစ္မ်ိဳး သတ္မွတ္ထားခဲ့သည္။ အဓိကအခ်က္မွာ သာမန္လူေတြ ဆင့္ေခၚသူေျပာသမွ်စကားအလုံးစုံ နားလည္နိုင္စြမ္းမရွိေစရန္အတြက္ပင္။

တစ္ခ်ိဳ႕ေသာကိစၥေတြက ဆင့္ေခၚသူေတြရဲ႕လွ်ို႔ဝွက္ခ်က္ျဖစ္ေနတတ္သည့္အတြက္ သာမန္လူေတြမသိနားမလည္တာပိုေကာင္းသည္။

ရဲ႕ခ်င္က စာရွင္းျပရာတြင္ စိတ္ရွည္သည္။ ထိပ္တန္းေက်ာင္းသူေကာင္းျဖစ္သူ ႐ႊယ္က်န္းဟာ ေလးေလးနက္နက္လိုက္နားေထာင္ေနရင္း သူမ ေက်ာရိုးတစ္ေလ်ာက္စိမ့္ကနဲျဖစ္သြားသလိုခံစားလိုက္ရသည္။ တစ္စုံတစ္ဦးက သူမကို ေအးစက္စြာစိုက္ၾကည့္ေနသလိုမ်ိဳးပင္။

သူမ လွည့္ၾကည့္လိုက္ေတာ့ အခန္းထဲကေက်ာင္းသားေတြမွာသူ႕ဟာနဲ႕သူ စကားေျပာရင္း အလုပ္ရႈပ္ေနၾကတာေၾကာင့္ သူမကိုအာ႐ုံစိုက္ဖို႔အခ်ိန္ရွိဟန္ေတာင္မရေပ။ စိတ္ထင္တာပဲေနမွာပါဟူသည့္အေတြးျဖင့္ ေခါင္းသာတစ္ခ်က္ေလာက္ခါယမ္းလိုက္ရင္း ရဲ႕ခ်င္ရွင္းျပသည့္ အခ်က္ကို ဂ႐ုတစိုက္ျပန္နားေထာင္ေနလိုက္သည္။

႐ႊယ္က်န္း၏ ေနာက္ေက်ာတစ္ေနရာရွိ ခုံေပၚတြင္ ဂိမ္းကစားေနသူ ထင္းယီဟာ နဂိုတတ္ႂကြမႈအျပည့္ျဖင့္ဆန့္က်င္ဘက္ ခံစားခ်က္ကင္းမဲ့လြန္းသည့္မ်က္လုံးေတြျဖင့္ သူမ၏ ေနာက္ေက်ာကို စိုက္ၾကည့္ေနသည္။ ဒါက နဂိုတတ္ႂကြၿပီးေပ်ာ္ေပ်ာ္ေနတတ္သည့္ ထင္းယီ၏ ပုံစံႏွင့္ လုံးဝကြဲထြက္ေနၿပီး သူ႕မ်က္လုံးေတြကသက္ရွိအားလုံးကို အထင္ေသးႏွိမ့္ခ်ေနသလိုမ်ိဳး ပင္။ ၾကည့္ရတာမည္သူ႕ကိုမွမ်က္လုံးထဲမထည့္ရေလာက္သည္အထိ မာနႀကီးေမာက္မာေနပုံလည္းေပၚသည္။

ဒါေပမယ့္ အမူအရာဟာ စကၠန့္ပိုင္းေလာက္သာေပၚေပါက္လာတာေၾကာင့္ ရဲ႕ခ်င္အပါအဝင္မည္သူမွသတိမထားမိလိုက္ၾကေခ်။ ထင္းယီဟာ သူ႕ရဲ႕ ေအးစက္လြန္းသည့္မ်က္လုံးေတြကို ရင္းႏွီးကြၽမ္းဝင္စြာ ျပန္လည္ဖုံးကြယ္လိုက္ရင္း ဂိမ္းကိုသာဆက္ကစားေနလိုက္သည္။ သို႔ေပမယ့္ သူ႕စိတ္ထဲဘယ္ေလာက္ေတာင္အလိုမက်ျဖစ္ေနလည္းဆိုတာ ကာရကံရွင္ကိုယ္တိုင္အျပင္ မည္သူမွမသိနိုင္ေပ။

ရဲ႕ခ်င္ စာရွင္းျပေနရင္းတန္းလန္းမွာပင္ ေက်ာင္းေခါင္းေလာင္းထိုးသံထြက္ေပၚလာသည္။ ႐ႊယ္က်န္းက ရဲ႕ခ်င္ကိုေက်းဇူးတင္စကားေျပာၿပီး သူမ ခုံေပၚသြားထိုင္သည္။

ေက်ာင္းသားတိုင္းက စည္းစနစ္က်စြာ ကိုယ့္ေနရာကိုယ္ကမန္းကတန္းဝင္ထိုင္လိုက္ၾကသည္။ အခ်ိန္အနည္းငယ္ၾကာျမင့္ၿပီးေနာက္ အတန္းပိုင္ဆရာ ကုရွီးမင္က အခန္းထဲ ဝင္ေရာက္လာသည္။ ေက်ာင္းသားေတြကိုႏႈတ္ဆတ္လိုက္ၿပီးေနာက္တြင္ မ်က္မွန္ေအာက္က သူ႕ရဲ႕ေသြးနီေရာင္မ်က္လုံးေတြမွာ ရဲ႕ခ်င္ရွိရာဆီသို႔မသိမသာအေျခက်သြားသည္။ ၿပီးေနာက္ သူ မသိမသာၿပဳံးလိုက္သည္။

တစ္ျခားလူေတြသတိမထားမိေသာ္လည္းပဲ ရဲ႕ခ်င္ႏွင့္ ေက်ာင္းတတ္သံေၾကာင့္ နိုးလာသည့္ လြီမုခ်ီက ထိုအၾကည့္ကိုေကာင္းေကာင္းသတိထားမိ၏။ လြီမုခ်ီရဲ႕ ေအးစက္လြန္းသို႔မ်က္ခုံးေတြမွာခပ္တင္းတင္းၾကဳပ္သြားရင္း ေလထုထဲတြင္ ကုရွီးမင္ ႏွင့္ထိပ္တိုက္ဆုံေတြ႕သြားသည္။

ကုရွီးမင္၏ အတုအေယာင္အၿပဳံးအေနာက္ရွိ မ်က္လုံးေတြမွာ ေရခဲအမွတ္ေအာက္သို႔က်ဆင္းသြားၿပီး ေႁမြေႁမြခ်င္းေျချမင္ ဆိုသလိုမ်ိဳး ၎င်းအဓိပ္ပါယ်ကိုသူတို့နှစ်ဦးသာနားလည်သည်။ ကုရွီးမင္က ေလွာင္သလိုမ်ိဳးခပ္ေထ့ေထ့ၿပဳံးလိုက္ရင္း လြီမုခ်ီႏွင့္ အၾကည့္လႊဲလိုက္သည္။

"ကဲ....ဆရာ့ရဲ႕ေက်ာင္းသားေလးေတြ.....ဒီေန႕ဆရာတို႔အခန္းကို ေက်ာင္းသားသစ္ႏွစ္ေယာက္ေရာက္လာတယ္...."

"ဝိုး!!!!"

ေက်ာင္းသား၊ေက်ာင္းသူအုပ္စုဟာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း စိတ္လႈပ္ရွားစြာ အသံထြက္လာ၏။ ရဲ႕ခ်င္က စိတ္မဝင္စားသလိုမ်ိဳး စားပြဲေပၚလက္ေထာက္လိုက္ရင္း ေမးတင္လိုက္သည္။

ေက်ာင္းသားသစ္ႏွစ္ေယာက္ေရာက္လာတာ ဘာစိတ္ဝင္စားစရာရွိလို႔လဲ။

အခန္းထဲရွိ လူေတာ္ေတာ္မ်ားမ်ား၏ မ်က္လုံးေပါင္းမ်ားစြာျဖင့္အၾကည့္ေတြေအာက္တြင္ အရပ္ခပ္ပုပုပုံပန္းသ႑ာန္ႏွင့္ အရပ္ျမင့္ျမင့္ပုံရိပ္ မွာ အခန္းထဲဝင္ေရာက္လာ၏။

ရဲ႕ခ်င္၏ စိတ္မဝင္စားသလို ခပ္ေမွးေမွးမ်က္လုံးေတြမွာ အနည္းငယ္ျပဴးက်ယ္သြားသည္။

ေက်ာင္းသားသစ္ႏွစ္ေယာက္လုံးက ေယာက္်ားေလးေတြျဖစ္ၾကသည္။ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္သိဟန္မတူပဲ အကြာအေဝးတစ္ခုျခားလ်က္မတ္တပ္ရပ္ေန၏။

အရပ္ျမင့္ျမင့္ျဖင့္တစ္ေယာက္တြင္ မီးကဲ့သို႔အနီေရာင္ဆံပင္ႏွင့္မ်က္လုံးေတြပိုင္ဆိုင္ထားၿပီး ေျပာမျပတတ္နိုင္ေလာက္ေအာင္ ေခ်ာလြန္းလွသည္။

ေနာက္တစ္ေယာက္က ေဘးကလူထက္ ေခါင္းတစ္လုံးစာေလာက္အရပ္ပုေသာ္လည္းပဲ အညိုေရာင္မ်က္လုံးဝိုင္းႀကီးတစ္စုံႏွင့္ အညိုေရာင္ဆံပင္ေပ်ာ့ေပ်ာ့ေတြကိုပိုင္ဆိုင္ထားသည့္ ခ်စ္စရာေကာင္ငယ္ေလးတစ္ေယာက္ျဖစ္သည္။

ဟုတ္တာေပါ့။ ဒီလူႏွစ္ေယာက္နဲ႕ ေတာက္ပမႈက တစ္ခန္းလုံးကိုပြက္ေလာရိုက္ဆူညံသြားေစေသာ္လည္းပဲ ရဲ႕ခ်င္၏အံ့အားသင့္မႈက ႐ုပ္ရည္ေၾကာင့္မဟုတ္ေပ။

ေက်ာင္းသားသစ္ႏွစ္ေယာက္၏ ဦးေခါင္းထက္တြင္ ေတာက္ပသည့္စာတန္းႀကီးႏွစ္ခုက အျမင္အာ႐ုံကိုဖမ္းစားလြန္စြာ တည္ရွိေန၏။

အနီေရာင္ဆံပင္ႏွင့္အရပ္ျမင့္ျမင့္ႏွင့္ေက်ာင္းသား၏ ေခါင္းတည့္တည့္တြင္ အဓိကဇာတ္လိုက္ဟူသည့္ ေ႐ႊေရာင္ေတာက္ပသည့္စာတန္းႀကီးက မ်က္လုံးႀကိမ္းေလာက္စရာပင္။ အရပ္ပုပု ပိန္ပိန္ပါးပါးျဖင့္ တစ္ဖက္ေက်ာင္းသား၏ ဦးေခါင္းထိပ္တြင္လည္း တစ္ဖက္လူေလာက္ေ႐ႊေရာင္ေတာက္ပလြန္းသည္မဟုတ္ေသာ္လည္းပဲ 'ဇာတ္လိုက္' (Bottom) ဆိုတာႀကီးက တကယ့္ကို.....

ရဲ႕ခ်င္ဟာ သူ႕ေဘးခုံက စိတ္မဝင္စားသလိုမ်က္လုံးေတြျဖင့္ လြီမုခ်ီကိုတစ္လွည့္၊ တစ္ဖက္ခုံက ပ်င္းရိစြာ ဝွါးသမ္းေနသည့္ ထင္းယီကိုတစ္လွည့္ ၾကည့္လိုက္မိသည္။

ေနာက္ဆုံးေတာ့ (Top) ႏွစ္ေယာက္၏ သက္ဆိုင္သူ (Bottom) ကေပၚေပါက္လာခဲ့ေလၿပီ။ သူ႕အေနနဲ႕ ဝင္မရႈပ္မိဖို႔ရန္သာလိုအပ္သည္။

ရဲ႕ခ်င္အေနနဲ႕ သက္ဆိုင္သူ (Bottom) အခ်ိန္မေ႐ြးေပၚေပါက္လာနိုင္သည္ကို ခန့္မွန္းထားၿပီး ျဖစ္တာေၾကာင့္ ထင္သေလာက္အံ့အားသင့္မေနေပ။ သူ႕ကိုပိုၿပီး ထိတ္လန့္အံ့ဩသြားေစသည္က ဆံပင္အနီေရာင္ႏွင့္ ေက်ာင္းသားသစ္ေၾကာင့္ျဖစ္သည္။

ဒီတစ္ေယာက္........။ ဒီတစ္ေယာက္က သူတံတားေပၚမွာ ေတြ႕ခဲ့ရတဲ့ တစ္ေယာက္မဟုတ္ဘူးလား။

တစ္ဖက္ ဆံပင္နီႏွင့္ေက်ာင္းသားဟာလည္း စိတ္လႈပ္ရွားမႈကင္းမဲ့စြာ တစ္ခန္းလုံးကိုၿခဳံ႐ုံၾကည့္ေနရင္း ေနာက္ဆုံးတန္းတြင္ထိုင္ေနသည့္ ပုလင္းဖင္လိုမ်က္မွန္ပိုင္ရွင္ ရဲ႕ခ်င္ႏွင့္အၾကည့္ခ်င္းဆုံသြားသည္။ ဆံပင္နီျဖင့္ေက်ာင္းသား၏ မီးကဲ့သို႔မ်က္လုံးနီနီအတြင္း၌ ထူးထူးျခားျခားအံ့အားသင့္မႈႏွင့္ အဓိပ္ပါယ်ဖော်မရသည့် အရိပ္အေယာင္တစ္ခ်ိဳ႕ျဖတ္ေျပးသြားသည္။

ၾကည့္ရတာ ဆံပင္အနီေရာင္ျဖင့္ 'အဓိကဇာတ္လိုက္' ဟာ ရဲ႕ခ်င္ကို မွတ္မိသည့္ပုံရ၏။

အညိုေရာင္မ်က္လုံးဝိုင္းႀကီးေတြျဖင့္ (Bottom) ေက်ာင္းသားေလးဟာ သူ႕ကိုယ္သူအရင္ဆုံးမိတ္ဆက္လာသည္။

"Hello!... ေတြ႕ရတာဝမ္းသာပါတယ္..... ငါ့နာမည္က ဖိန္းဟြမ္ခ်ီ ပါ....ငါ့ကို ေရွာင္ခ်ီလို႔ေခၚနိုင္ပါတယ္...."

ဖိန္းဟြမ္ခ်ီ၏ တတ္ႂကြမႈႏွင့္ ခ်စ္စရာေကာင္းမႈမွာ ႏွစ္သက္စရာေကာင္းေသာ္လည္းပဲ လူအမ်ားစုက ဆံပင္အနီေရာင္ျဖင့္ေက်ာင္းသား ကိုလူေခ်ာကိုသာ ပိုၿပီးအာ႐ုံစူးစိုက္မိၾက၏။ အခန္းထဲကမိန္းကေလးအုပ္စုအတြက္ေတာ့ စန္းအပြင့္လြန္ေနသလိုပင္။

ဒါဘယ္လိုကံေကာင္းမႈမ်ိဳးလဲ။ အတန္းပိုင္ဆရာကုနဲ႕ လြီမုခ်ီ၊ ထင္းယီတို႔သုံးဦးက တစ္ေက်ာင္းလုံးရဲ႕အေခ်ာတကာ့အေခ်ာဆုံး အမ်ိဳးသားေတြအျဖစ္နာမည္ႀကီးသည္။ စီနီယာႏွစ္ကအမႀကီးေတြေတာင္ ပထမႏွစ္ေက်ာင္းေဆာင္အထိ သူတို႔ကိုလာလာငမ္းေၾကာထသည္အထိပင္။

အခုဆိုရင္ ေနာက္ထပ္ ေခ်ာလြန္းလွပါခ်ည္ရဲ႕ဆိုသည့္ အဆင္တစ္ေယာက္။ အဆင္ေတြအကုန္လုံး အခန္း (၂) မွာတင္စုပုံေနမွေတာ့ မိန္းကေလးေတြအေနနဲ႕ ဒီအခန္းထဲတြင္ က်သည့္ နတ္ဘုရားလိုကံေကာင္းမႈႀကီးကိုသာ ဆက္တိုက္အမႊန္းတင္နိုင္ေလေတာ့သည္။

အနီေရာင္ဆံပင္ႏွင့္ ကိုလူေခ်ာက ရဲ႕ခ်င္ဆီကအၾကည့္မလႊဲေသးပဲ ေလသံျပတ္ျပတ္ျဖင့္အသံထြက္လာသည္။

"စြင္းယန္"

ကုရွီးမင္က စြင္းယန္၏ မ်က္လုံးအၾကည့္ဦးတည္ရာကိုျမင္ၿပီးေနာက္တြင္ သူ႕ရဲ႕ေသြးနီေရာင္မ်က္ဆံေတြမွာ အေတာ္ေလးနက္ေမွာင္သြားသည္။

ဒါေပမယ့္ သူက ပီျပင္လြန္းလွသည့္ဟန္ေဆာင္ၿပဳံးတစ္ခုျဖင့္ ေျပာသည္။

"အခန္းထဲမွာ ထိုင္ခုံလြတ္ကမရွိေတာ့ဘူး....ေက်ာင္းသား စြင္းယန္နဲ႕ ေက်ာင္းသား ဖိန္းဟြမ္ခ်ီ.... မင္းတို႔ႏွစ္ေယာက္ ခဏေစာင့္ေပးပါ...."

ကုရွီးမင္၏ မူပိုင္အၿပဳံးေဖ်ာ့ေဖ်ာ့ေလးက ရဲ႕ခ်င္ရွိရာဆီသို႔ တိုက္ရိုက္ေရာက္ရွိသြားသည္။

"ေက်ာင္းသား ရဲ႕ခ်င္....ဆရာနဲ႕အတူ ခုံသယ္ဖို႔ လိုက္ခဲ့ေပးပါ...."

ရဲ႕ခ်င္ : "ဟုတ္...."

တစ္ခန္းလုံးက ရဲ႕ခ်င္တစ္ေယာက္တည္းေ႐ြးေခၚျခင္းခံခဲ့ရသည့္အေပၚ ထူးဆန္းဟန္မျပေပ။ အေၾကာင္းအရင္းက ဆရာေတြႏွစ္သက္ခံရသည့္ ရဲ႕ခ်င္ဟာ မၾကာခဏဆိုသလို အကူအညီ ေသးေသးေလးေတြ အေတာင္းခံရသည္။ ဒါကသူတို႔အတြက္ေတာ့ တကယ့္ကိုပုံမွန္ပင္။

စြင္းယန္ : "ဆရာ...ကြၽန္ေတာ္ဆရာ့အစား ဒီတစ္ေယာက္နဲ႕ ခုံလိုက္သယ္ေပးပါရေစ...."

ရဲ႕ခ်င္အပါအဝင္ တစ္ခန္းလုံးအံ့အားသင့္သြားၾကသည္။ မည္သူမွ စြင္းယန္ ထိုကဲ့သို႔ေတာင္းဆိုမႈမ်ိဳးကို ေျပာထြက္လာမည္ဟုမထင္မွတ္ထားခဲ့ေခ်။

ကုရွီးမင္ရဲ႕ဟန္ေဆာင္မ်က္ႏွာဖုံးမွာ အနည္းငယ္ကြဲအက္သြားၿပီး အခန္းတစ္ခုလုံး႐ုတ္ခ်ည္းေအးစိမ့္လာသလို ခံစားလိုက္ရ၏။ လြီမုခ်ီက သူ႕ခုံေပၚမွာထိုင္ေနရင္းျဖင့္ပင္ အတန္းအေရွ႕တြင္ အၾကည့္ခ်င္းစစ္တိုက္ေနသည့္ လူႏွစ္ေယာက္ကို ခံစားခ်က္မဲ့စြာစိုက္ၾကည့္ေနသည္။

"ေက်ာင္းသားစြင္း....မင္းဒီေလာက္ထိ အပင္ပန္းခံစရာမလိုပါဘူး...."

"ရပါတယ္ဆရာ....ကြၽန္ေတာ္က သာမန္ထက္နည္းနည္းေလာက္ပိုၿပီးသန္မာပါတယ္....ခုံအေလးႀကီးေတြကိုသယ္ဖို႔ ဆရာ့ကို ဒုကၡမေပးခ်င္လို႔ပါ...."

စြင္းယန္၏ စကားကအေတာ္ေလးအက်ိဳးသင့္အေၾကာင္းသင့္ရွိၿပီး ေက်ာင္းသားေတာ္ေတာ္မ်ားမ်ား၏ နားမလည္နိုင္မႈကိုေျဖရွင္းသြားသည္။ ဒါေပမယ့္ ကာရကံရွင္အျပင္ ေနာက္ထပ္လူႏွစ္ေယာက္စ၊ သုံးေယာက္စ ေလာက္သာ အဓိပ္ပါယ်အမှန်ကို နားလည္သည္။

ဒီတစ္ေယာက္က ရဲ႕ခ်င္ကို သိပုံရသည္။

"ေက်ာင္းသားစြင္း.... မင္းကအရမ္းသိတတ္တဲ့ေက်ာင္းသားေကာင္းတစ္ေယာက္ပဲ...."

ကုရွီးမင္၏စကားမွာ အေတာ္ေလးညင္သာလွပါေသာ္လည္းပဲ အခန္းထဲကေက်ာင္းသားအုပ္စုဟာ ဘာေၾကာင့္ရယ္မသိတစ္စုံတစ္ခုမွားယြင္းေနသလိုခံစားလိုက္ရသည္။ ရဲ႕ခ်င္ကထိုခံစားခ်က္ကိုရွင္းရွင္းလင္းလင္းႀကီးသိသည္။ ဒါကသတ္ျဖတ္ခ်င္ေနသည့္ခံစားခ်က္ႏွင့္အေငြ႕အသတ္ပင္ျဖစ္သည္။ မ်က္လုံးကၿပဳံးျပေနေပမယ့္လည္း တကယ့္အတြင္းစိတ္ထဲ၌ အရွင္လတ္လတ္သတ္ျဖတ္ခ်င္သည့္ စိတ္ဆႏၵက အလြန္အမင္းျပင္းျပလြန္းေန၏။

စြင္းယန္ကလည္း ထိုျပင္းထန္လွသည့္သတ္ျဖတ္ခ်င္စိတ္ကို ခံစားမိ၍ ထင္သည္။ သေရာ္သည့္အၿပဳံးတစ္ခုျဖင့္ ယဥ္ေက်းစြာျပန္ေျဖလာသည္။

"မခံယူဝံ့ပါဘူး ဆရာ.....ကြၽန္ေတာ္က လုပ္္သင့္တယ္ထင္လို႔ပါ....."

ကုရွီးမင္၏ မ်က္ႏွာထက္ကအၿပဳံးမွာပိုၿပီးေတာင္ပီျပင္လာသည္။ သူ႕အတြင္းစိတ္ထဲက လူသတ္ခ်င္သည့္ ဆႏၵမွာပိုၿပီးေတာင္ျပင္းထန္လာေသးသည္။

ေနာက္ဆုံးေတာ့ ရဲ႕ခ်င္ႏွင့္စြင္းယန္ တို႔ႏွစ္ဦးဟာလိုအပ္သည့္ ခုံေတြကို သယ္ယူဖို႔ရန္ ျဖစ္လာသည္။ ရဲ႕ခ်င္က မ်က္ႏွာေသျဖင့္ ပထမႏွစ္ရဲ႕ေက်ာင္းပစၥည္းေတြထားရာ စတိုခန္းဆီသို႔ ဦးတည္ေခၚေဆာင္လာသည္။ စြင္းယန္က ေဘးကေန ႐ုပ္တည္ႀကီးျဖင့္ ရဲ႕ခ်င္ကိုေစာင္းၾကည့္သည္။ ဒီမွန္ေၾကာင္ကိုၾကည့္ရတာ သူ႕ကိုလုံးဝမသိသလိုမ်ိဳးပင္။

ထိုအျပဳအမူက ႀကီးျမတ္လွတဲ့ အရွင္သခင္ႀကီးကို စိတ္အႏွောင့္အယွက္ႀကီးႀကီးမားမားျဖစ္သြားေစသည္။

ဟမ့္....ငါကိုယ္ေတာ္ကဘာေၾကာင့္ ဒီလိုသာမန္ေသမ်ိဳးေလးကိုျပန္မေခ်နိဳင္ရမွာလဲ။

အေတြးေတြနဲ႕ဆန့္က်င့္စြာပင္ ပတ္ဝန္းက်င္ကအရမ္းတိတ္ဆိတ္လြန္းေနသည့္အခါတြင္ ေနမထိထိုင္မသာျဖစ္လာသည္သာ စြင္းယန္ကိုယ္တိုင္ပင္ျဖစ္သည္။ သူအံတင္းတင္းတစ္ခ်က္ႀကိတ္လိုက္ရင္း ရဲ႕ခ်င္ဘက္ကို လွည့္၍ စကားစရန္ျပင္လိုက္သည္။

"မင္း......"

သို႔ေပမယ့္ သူဆက္မေျပာရေသးခင္မွာပဲ ရဲ႕ခ်င္ရဲ႕ပုံမွန္ေျခလွမ္းေတြမွာရပ္တန့္သြားၿပီး တစ္ေနရာကိုဦးတည္စိုက္ၾကည့္ေနသည္ကိုေတြ႕လိုက္ရ၏။ သူသိလိုစိတ္ျဖင့္ ရဲ႕ခ်င္၏မ်က္လုံး ဦးတည္ရာကို ျပည့္လိုက္မိသည့္အခါတြင္ ေလွကားထစ္ေပၚရွိ မိန္းမလွေလးတစ္ေယာက္ကိုေတြ႕လိုက္ရသည္။

မိန္းကေလးက လြန္စြာလွပသည္။ ျဖဴေဖြးဥႏုတဲ့နို႔ႏွစ္ေရာင္လိုအသားအရည္၊ မ်က္ရစ္ႏွစ္ထပ္နဲ႕ ဝိုင္းစက္လွပတဲ့မ်က္လုံးေတြအျပင္ ခပ္ေဖ်ာ့ေဖ်ာ့ဆိုးထားသည့္ ႏႈတ္ခမ္းနီအေရာင္ျဖင့္ ေယာက္်ားသားေတြကို အလြယ္တကူဖမ္းစားညွို႔ယူနိုင္ေလသည္။ သူမ ရဲ႕မ်က္ႏွာတစ္ျခမ္းကိုသာျမင္ေနရတာေတာင္မွ လြန္စြာလွပေက်ာ့ရွင္းတဲ့မိန္းမလွေလးျဖစ္ေၾကာင္းေျပာစရာကိုမလိုေတာ့ေပ။

ႀကီးျမတ္လွတဲ့ အရွင္ စြင္းယန္က အရင္ဘဝထဲက မိန္းမလွေလးေတြကိုႀကိဳက္ႏွစ္သက္ခဲ့သည္မွာအထူးအဆန္းေတာ့မဟုတ္ေပ။ ဒီမိန္းကေလးက သူ႕ရဲ႕အလွအပစံႏႈန္းကို မွီသည္မွာ မွန္ေသာ္လည္းပဲ ဘာေၾကာင့္ရယ္မွန္းေတာ့မသိပဲ သူ႕ေဘးနားက မွန္ေၾကာင္၏ အာ႐ုံကိုအလြယ္တကူဆြဲယူသြားသည္ကို နားလည္သြားေသာအခါတြင္ သူ႕စိတ္ထဲ ဘယ္လိုမွၾကည့္မရေတာ့သလိုခံစားလိုက္ရ၏။

ဒါဘယ္လိုမိန္းကေလးတုန္း။ အတိုအျပတ္ေတြဝတ္၊ ေယာက္်ားတစ္ကာကို ျမဴစြယ္ၿပီး၊ ၿပီးမွၾကာပန္းျဖဴပုံစံနဲ႕အျပစ္ကင္းခ်င္ေယာင္ေဆာင္ျပအုံးမယ္။

စဥ္းစားရင္း၊ စဥ္းစားရင္းျဖင့္ပင္ စြင္းယန္ဟာ ထိုမိန္းကေလးကိုအျမင္မၾကည္႐ုံသာမက မုန္းတီးလာသလိုေတာင္ခံစားလိုက္ရသည္။

မိန္းမေတြက ဘာမ်ားေကာင္းလို႔လဲ။

အကယ္၍ က်င့္ႀကံေရးေလာကရွိ အရွင္စြင္းယန္၏လက္ေအာက္ငယ္သားေတြသာထိုစကားကိုၾကားခဲ့ရင္ မ်က္လုံးႀကီးျပဴးလဲ ေနရာမွာတင္ျပစ္လဲသြားေလာက္သည္။

အရွင္.....အရင္တုန္းကအရွင့္ေလာက္မိန္းမ ေပြတာအရွင္ပဲရွိတယ္မဟုတ္ဘူးလား။ ဘယ္ကေနဘယ္လို မိန္းမမုန္းတီးေရး ဝါဒကိုကိုင္ဆြဲသြားရတာတုန္းလို႔။

ဟုတ္ၿပီ။ သူက မိန္းမလွေလးေတြကိုသေဘာက်တာမွန္ေပမယ့္ သူ႕ရဲ႕လူပ်ိဳရည္ကိုေတာ့ ထိန္းသိမ္းထားနိုင္ပါေသးတယ္။ သူ႕ရဲ႕က်င့္စဥ္က အဆမတန္ပူျပင္းၿပီး ယန္ဓာတ္ႂကြယ္ဝလြန္းတာေၾကာင့္ မိန္းကေလးေတြနဲ႕ ဆက္ဆံမိရင္ တစ္ဖက္မိန္းကေလးကေပါက္ကြဲသြားလိမ့္မယ္။ ဒီဘဝမွာ မိန္းမလွေလးေတြနဲ႕အပီအျပင္ကဲဖို႔ အခြင့္အေရးရလာေသာ္ညားလည္း ႐ုတ္တရတ္ႀကီး မိန္းမေတြကို မုန္းတီးလာ၏။

စြင္းယန္က သူ႕ရဲ႕ မီးလိုနီရဲတဲ့မ်က္လုံးေတြကို ေမွးက်ဥ္းလိုက္ရင္း သူ႕ေဘးက မွန္ေၾကာင္ကို စကားစ လိုက္သည္။

"ဒီမိန္းမ ကဘယ္ေလာက္လွလို႔လဲ....သိပ္ၿပီးလဲ မ်က္လုံးကြၽတ္ထြက္သြားတဲ့အထိ ျပဴးၿပဲၾကည့္ၿပီး ငမ္းမေနနဲ႕....မ်က္လုံးႀကီးလည္းျပဳတ္က်သြားအုန္းမယ္...."

မိုရွန္းရွန္ကို အာ႐ုံစိုက္ေစာင့္ၾကည့္ေနသည့္ ရဲ႕ခ်င္ဟာ နားမလည္နိုင္သည့္မ်က္လုံးေတြ လွည့္ၾကည့္လိုက္မိသည္။

ဒီဇာတ္လိုက္က ႐ူးေနတာလား။

ရဲ႕ခ်င္ဟာ စြင္းယန္ကိုအာ႐ုံမစိုက္ေတာ့ပဲ မိုရွန္းရွန္းကို တစ္ဖန္ျပန္လွည့္ၾကည့္လိုက္သည္။ သို႔ေသာ္လည္းပဲ မိုရွန္းရွန္းက ေလွကားေပၚတတ္သြားဟန္ရၿပီး သူၾကည့္သည့္ေနရာတြင္ မရွိေတာ့ေပ။

မိုရွန္းရွန္းကို သူမွတ္မိသည္။ သူမက ေက်ာင္းက မစ္တီးဆိုင္ထဲမွာ ထူးထူးျခားျခားေတြ႕ခဲ့ရတဲ့ အမ်ိဳးသမီးဇာတ္လိုက္ *2* ျဖစ္ၿပီး ထိုေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့စာတန္းပိုင္ရွင္ သူမကိုမွတ္မိဖို႔ရန္မခက္ခဲေပ။

[(A/N) - မိုရွန္းရွန္းကိုေမ့သြားရင္ အပိုင္း (16) ကိုသြားျပန္ၾကည့္ၾကပါ]

ရဲ႕ခ်င္ကို သတိထားမိေစသည္က မိုရွန္းရွန္း၏ ဦးေခါင္းထိပ္က ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့စာတန္း၏ ေျပာင္းလဲမႈေၾကာင့္ပင္ျဖစ္သည္။ အမ်ိဳးသမီးဇာတ္လိုက္ *2* ဟူသည့္စာတန္းႀကီးဟာ အခ်ိန္မေ႐ြး မွိန္ေဖ်ာ့ ေပ်ာက္ကြယ္သြားေတာ့မလိုမ်ိဳး ေပ်ာက္သြားလိုက္၊ ေပၚလာလိုက္ျဖစ္ေနေလသည္။

ပိုၿပီးထူးဆန္းတာက မိုရွန္းရွန္း၏ မ်က္လုံးေတြမွာ သာမန္လူတစ္ေယာက္လိုမ်ိဳး ေတာက္ပမႈ လုံးဝကင္းမဲ့ေနၿပီး မသိရင္ တစ္စုံတစ္ခုဆီက ညွို႔ယူခံထားရသလိုမ်ိဳးပင္။ သူမပုံစံက ထိန္းခ်ဳပ္ခံထားရသည့္ ႐ုပ္ေသး႐ုပ္လိုမ်ိဳး ေတာင့္တင္းစြာလႈပ္ရွားေနေလသည္။

ေခါင္းေပၚက အမ်ိဳးသမီးဇာတ္လိုက္ ဟူသည့္စာတန္းေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနရျခင္းမွာ ျဖစ္နိုင္ေခ်တစ္ခုတည္းသာရွိသည္။ မိုရွန္းရွန္း အသက္အႏၱရာယ္ရွိေနၿပီ။

ရဲ႕ခ်င္ဟာ သူ႕အေရွ႕မွာလူတစ္ေယာက္ ဒီအတိုင္းအသက္ဆုံးရႈံးသြားမွာကိုမၾကည့္ရက္နိုင္ေပ။ ဒုတိယေျမာက္ဘဝတြင္ သူ႕ကိုယ္သူအတတ္နိုင္ဆုံး လူသားဆန္သည့္ပုံစံေပၚေပါက္လာေအာင္ မနည္းပုံသြင္းထားခဲ့ရသည္။ ထိုအရာကို သူအလြယ္တကူမစြန့္ျပစ္နိုင္ေခ်။

ရဲ႕ခ်င္က တုံ႕ဆိုင္းျခင္းမရွိပဲ ေလွကားေပၚေျပးတတ္သြားသည္။ ရဲ႕ခ်င္၏ ျပဳမူပုံကို လုံးလုံးနားလည္မႈမရွိသည့္ စြင္းယန္ဟာ ဘုမသိဘမသိ အေနာက္ကလိုက္လာမိသည္။

"မင္းဘယ္သြားမလို႔လဲ....."

ရဲ႕ခ်င္က စြင္းယန္၏ ေမးခြန္းကိုျပန္မေျဖေပ။ ေနာက္ဆုံး သူတို႔ႏွစ္ေယာက္လုံး ပထမႏွစ္ေက်ာင္းေဆာင္၏ အေပၚဆုံးထပ္ေရာက္သည္အထိ ေျပးတတ္လာခဲ့ၾကသည္။ ထင္ထားသည့္အတိုင္းပင္ မိုရွန္းရွန္းရဲ႕ ေခါင္းထိပ္က စာတန္းမွာ ေပ်ာက္ကြယ္ဖို႔ရန္တဲတဲေလးသာလိုေတာ့ၿပီး သူမကိုယ္တိုင္က အုတ္ခုံလက္ရန္းေပၚကေန ခုန္ခ်ဖိဳ႕ ေျခေထာက္ေတာင္ျမႇောက္လို႔ေနေလၿပီ။

ထိုအခါမွသာ စြင္းယန္ဟာ ထိုမိန္းကေလးတြင္တစ္ခုခုမွားေနေၾကာင္းသတိထားမိလိုက္သည္။ သူမ်က္ေမွာင္တစ္ခ်က္ၾကဳပ္လိုက္ရင္း အေပၚထပ္ကေန လွမ္းျမင္ေနရသည့္ သစ္ပင္ႀကီးတစ္ပင္ဆီကိုလွမ္းၾကည့္လိုက္သည္။ သူ႕ရဲ႕အနီေရာင္မ်က္ဝန္းေတြမွာ အရွိန္အဟုန္ျပင္းျပင္းျဖင့္ မီးေတာက္လိုမ်ိဳး ေတာက္ေလာင္လာၿပီး သစ္ပင္ေပၚက အမည္မသိ တစ္စုံတစ္ဦးကို ထိန္းခ်ဳပ္မႈကို လြတ္ထြက္သြားေစခဲ့သည္။ ေလထုထဲတြင္မျမင္ေတြ႕နိုင္သည့္ ႐ုပ္ေသး႐ုပ္ ႀကိဳးမွ်င္ေတြဟာ မီးေလာင္ျပာက်သြားၿပီး မိုရွန္းရွန္းကို အသိစိတ္ျပန္ဝင္သြားေစ၏။

သူမ သတိဝင္လာခ်ိန္တြင္ ေျခေထာက္တစ္ဖက္က ေလထဲတြင္ရွိေနၿပီး လန့္ျဖန့္တုန္လႈပ္သြားကာ ခႏၶာကိုယ္ဟန္ခ်က္ကိုမထိန္းခ်ဳပ္နိုင္ျဖစ္သြားေလသည္။ သူမခႏၶာကိုယ္တစ္ခုလုံး အျမင့္ေပၚက ျပဳတ္က်ေတာ့မည္ဟုထင္မွတ္သြားခ်ိန္၌ တစ္စုံတစ္ဦးက သူမလက္ကို ခိုင္ၿမဲစြာလာေရာက္ဆုပ္ကိုင္လိုက္သည္။

ထိုသူက ရဲ႕ခ်င္ကိုယ္တိုင္ပင္။ မိုရွန္းရွန္း၏ မ်က္လုံးေတြဟာ ရဲ႕ခ်င္ကိုျမင္ေတြ႕လိုက္ရခ်ိန္၌ အနည္းငယ္ျပဴးက်ယ္သြားသည္။ သူမလက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားသည့္ မ်က္မွန္ႏွင့္လူငယ္၏ လက္ဖဝါးအပူခ်ိန္ကို သူမ ခံစားနိုင္သည္။ ဒါကအရမ္းႏြေးေထြးလြန္းၿပီး ေျပာမျပတတ္နိုင္ေလာက္သည့္ လုံၿခဳံစိတ္ခ်မႈတစ္ရပ္ကို ရွင္းရွင္းလင္းလင္းခံစားသြားရေစသည္။ သူမရင္တစ္ခုလုံးတစ္ဒိတ္ဒိတ္ခုန္လႈပ္လာၿပီး ထိုအခိုက္အတန့္တြင္ ဒုတိယအႀကိမ္ေျမာက္ သူမျမင္ေတြ႕ခဲ့ရသည့္ မ်က္မွန္ႏွင့္ ေကာင္ေလးကို လုံးဝေႂကြဆင္းသြားခဲ့ေလသည္။

ရဲ႕ခ်င္က မိုရွန္းရွန္းကို အခ်ိန္မွီ ဆြဲလိုက္နိုင္ေသာ္လည္းပဲ အႏၱရာယ္တစ္ခုက သူ႕ဆီတည့္တည့္မတ္မတ္ဦးတည္လာသည္ကိုခံစားမိလိုက္သည္။ ၎က သာမန္မ်က္စိျဖင့္မျမင္နိုင္သည့္ ႀကိဳးမွ်င္ေတြျဖစ္သည္။ မိုရွန္းရွန္းကိုအလွ်င္အျမန္ဆြဲတင္လိုက္သည့္အခါတြင္ မိန္းကေလး၏ ခႏၶာကိုယ္မွာ လြန္စြာေပါ့ပါးသည့္ငွက္ေမႊးေလးလိုမ်ိဳး အေပၚသို႔ ျပန္လည္ေရာက္ရွိလာသည္။

သို႔ေသာ္လည္း သူမအေပၚသို႔ျပန္မေရာက္ခင္ေလးမွာပင္ ထက္ရွသည့္ ေလတစ္သုတ္ဟာတိုက္ခတ္သြားခဲ့ၿပီး မိုရွန္းရွန္း၏ ပါးျပင္ထက္ကိုပ်က္ရွရာတစ္ခုကိုျဖစ္ေပၚသြားေစကာ ေသြးစက္တစ္စက္က အေဆာက္အဦးေအာက္ဘက္သို႔ျပဳတ္က်သြားခဲ့သည္။

ႀကိဳးမွ်င္ေတြဟာ ရဲ႕ခ်င္၏ ဦးေခါင္းကိုေဖာက္ထုတ္ျပစ္ခ်င္ေနသလိုမ်ိဳးဦးတည္လာသည့္အခါတြင္ ေရွာင္ဖို႔ရန္ သူ႕ေျခေထာက္ကို လႈပ္ရွားလိုက္သည္။ သို႔ေပမယ့္ ထိုအခိုက္အတန့္ေလးတြင္ သူေျခခ်ထားသည့္ ၾကမ္းျပင္ထဲကေန အမည္မသိလက္ႀကီးတစ္ဖက္ဟာ ထိုးထြက္လာၿပီး ရဲ႕ခ်င္၏ ေျခက်င္းဝတ္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ အေဆာက္အဦးေပၚမွ ျပဳတ္က်သြားေစရန္ ျပဳလုပ္လာခဲ့သည္။

ရဲ႕ခ်င္ဟာ ၎ေျခေထာက္ေတြေၾကာင့္ ပထမႏွစ္အေဆာက္အဦးအေပၚကေန အရွိန္ျပင္းျပင္းျဖင့္ျပဳတ္က်သြားခဲ့သည္။

"မဟုတ္ဘူး!!!"

မိုရွန္းရွန္းဟာ ထိတ္လန့္တၾကားေအာ္ဟစ္လိုက္ၿပီး သူမ အေနာက္ရွိ စြင္းယန္၏မ်က္ႏွာမွာ ေသြးစုတ္ျဖဴေလ်ာ္သြားသည္။ သူကတုံ႕ဆိုင္းျခင္းတစ္စက္ကေလးမွမရွိပဲ အုတ္ခုံလက္ရန္းေပၚသို႔ေျပးတတ္ကာ အေဆာက္အဦးေအာက္ဘက္သို႔ အရွိန္ျပင္းျပင္းျဖင့္ခုန္ဆင္းသြား၏။

မိုရွန္းရွန္းဟာ ရဲ႕ခ်င္၏ မေတာ္တဆ ျပဳတ္က်သြားမႈႏွင့္ စြင္းယန္ရဲ႕ သူ႕ဘာသာခုန္ခ်သြားသည့္ပုံရိပ္တို႔ေၾကာင့္ တုန္ရီသည့္ေျခေထာက္ေတြျဖင့္ အလွ်င္အျမန္ ေအာက္ဘက္သို႔ငုံ႕ၾကည့္လိုက္မိသည္။

ရဲ႕ခ်င္ကိုယ္တိုင္လည္း စြင္းယန္က သူ႕စိတ္နဲ႕သူခုန္ခ်လာမည္ဟုမထင္မွတ္ထားခဲ့ေပ။ အမွန္ေတာ့ သာမန္လူတစ္ေယာက္ကို တစ္စစီျဖစ္သြားေစနိုင္သည့္ ဒီအျမင့္က ရဲ႕ခ်င္ကို ပြန္းရာပဲ့ရာတစ္ခုေတာင္ျဖစ္သြားေစဖို႔မတတ္နိုင္ေပ။ ဒါေပမယ့္ သူကဒါကိုဘယ္သူ႕ကိုမ်ားသြားေျပာရမွာတဲ့လဲ။ သူေျပာခဲ့ရင္ေတာင္အကုန္လုံးက႐ူးသြားၿပီဟုသတ္မွတ္ရင္သတ္မွတ္နိုင္သည္။

ခႏၶာကိုယ္ႏွစ္ခုက အရွိန္ျပင္းျပင္းျဖင့္ အေဆာက္အဦးေအာက္သို႔ ျပဳတ္က်လာသည္။ ေျမျပင္ႏွင့္နီးကပ္လာသည့္အခါတြင္မိုရွန္းရွန္းဟာ ေၾကာက္လန့္တၾကား မ်က္လုံးစုံမွတ္ျပစ္လိုက္သည္။ ထိုအခိုက္အတန့္တြင္ ေျမျပင္ထက္၌ သစ္ပင္ေတြ၊ သစ္႐ြက္သစ္ခက္ေတြ၊ ျမက္ပင္ေတြ ဟာတစ္ခုနဲ႕တစ္ခု ပုံစံတက် ဆက္သြယ္သြားၿပီး ထူးဆန္းေသာ အစီအရင္မုဒ္ဝႀကီးတစ္ခုကိုျဖစ္ေပၚလာေစခဲ့သည္။ ၎က တစ္ျခားကမၻာသို႔သြားသည့္ တံခါးေပါက္တစ္ခုလိုပင္။

ထူးဆန္းသည့္မုဒ္ဝႀကီးက ျပဳတ္က်လာသည့္ လူႏွစ္ေယာက္ကို ဝါးမ်ိဳၿပီးေနာက္အစအနေဖာ္မရေအာင္ေပ်ာက္ကြယ္သြားသည္။ မိုရွန္းရွန္းမ်က္လုံးျပန္ဖြင့္လိုက္ခ်ိန္တြင္ သူမထင္ထားသလိုမ်ိဳး ေျမျပင္တြင္ ေသြးစေသြးနေတြနဲ႕ အသားစေတြပ်ံ့က်ဲမေနပဲ ရဲ႕ခ်င္နဲ႕စြင္းယန္တို႔ႏွစ္ေယာက္လုံးဟာ အစအနေဖာ္မရေအာင္ ေပ်ာက္ကြယ္သြားသည္ကိုသာ ေတြ႕လိုက္ရ၏။

________________________________________________________________

Continue Reading

You'll Also Like

459K 25.1K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
214 69 5
නැවත සසරක හමුවුනොතින් නුඹ හා මම අයිති වනවානම් පමණක් සිනහ වෙනු මැන... Cover by @Silvermirror23
26.2K 1.8K 78
This is just a fan sub. Not for a commercial use. All credit to the original creator of this webtoon.
817 132 14
မူပိုင်မျက်နှာသေနဲ့ ကျောင်းသားလေး ပိုင်လင်းချန်ဟာ အိမ်ပြန်လမ်းမှာ ထူးဆန်းတဲ့အကူညီတောင်းစာရခဲ့ပြီး Gameတစ်ခုထဲ ဆွဲသွင်းခံရတော့တယ်.....။ [Hell gameထဲမှ...