{Unicode}
အခြွေရံတွေ ပြင်ပေးတဲ့ မနက်စာကို စားရင်း ဝတ္ထုဇာတ်ကြောင်းကို မယ်ဒီရာ တွေးတောလိုက်သည်။
ဝတ္ထုက မမှတ်မိနိုင်လောက်အောင်ကို ပြောင်းလဲ သွားခဲ့လေပြီ။
ဝတ္ထုအစက ဧကရီဘုရင်မ မယ်ဒီရာရဲ့ စျာပနပွဲနဲ့ အိုင်ယန်ရဲ့ သေဆုံးခြင်းနဲ့ အစပျိုးခဲ့သည်။
မယ်ဒီရာရဲ့ စျာပနပွဲက ဝတ္ထုရဲ့ ဆုံချက်ဦးတည်ရာ မဟုတ်ပဲ နိုင်ငံတော်အဆင့်စျာပနပွဲကျင်းပပြီးနောက်ရက်မှသာ ဇာတ်ကြောင်းက စတင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အိုင်ယန် အသတ်ခံရပြီး အိုင်ယန့်ရုပ်အလောင်းကို သူမနာမည်အောက် မြုပ်နှံခဲ့ကာ စီရီရာက သူမအစ်ကို ဟန်ဆောင်ကာ မြေနေရာကို အုပ်ချုပ်ခဲ့သည်။
ဆောင်းဦးနှောင်းပိုင်းနဲ့ ဆောင်းရာသီကို ထိုကဲ့သို့ ဖြတ်သန်းပြီးတဲ့နောက် နွေဦးအစမှာ သူမရဲ့အိမ်တော်ကို စစ်ဆေးဖိူ့ ရုပ်ဖျက်ထားတဲ့ လိုင်လ့်ကို ကူညီရင်း သူ့ရဲ့ မျက်စိကျခြင်း ခံခဲ့ရသည်။ လိုင်လ်က သူ့ရဲ့ ဧကရာဇ်ဂုဏ်ပုဒ်ကို ဖုံးကွယ်ထားကာ သူရဲကောင်းရွေးချယ်ပွဲကို တက်ရောက်ဖို့ စီရီရာ့ကို အကြံပြုခဲ့သည်။
စီရီရာက သူမဦးလေး ပြန်အစပျိုးလာတဲ့ ခြိမ်းခြောက်မှုတွေကို ရှောင်တိမ်းတဲ့ အနေနဲ့ မြို့တော်ဆီ တက်လာပြီး သူရဲကောင်းရွေးပွဲ ဝင်ခဲ့သည်။ အရည်အချင်းစစ်ပွဲကို ထိပ်ဆုံးအဆင့် ဂုဏ်ထူးနဲ့ အောင်မြင်တဲ့ စီရီရာက လိုင်လ့်ရဲ့ ကိုယ်ရံတော် သူရဲကောင်း ဖြစ်လာခဲ့သည်။ တချိန်တည်းမှာပင် တခြားတိုင်းပြည်က မင်းသမီးတပါးပေါ်လာပြီး သီးခြားနန်းတော်တခုမှာ နေထိုင်ကာ လိုင်လ်နဲ့ တိုက်ရိုက် စကားဆိုခဲ့သည်။
လိုင်လ်က တော်ဝင်မျိုးနွယ်တွေကို ထိန်းသိမ်းဖို့ နောက်ထပ် ဧကရီတင်မြှောက်မည့်သူ ရှာနေဟန်ဆောင်ခဲ့ကာ အခြေအနေကို ချုပ်ထိန်းထားသည်။ ထိုအတောအတွင်း စီရီရာက မိန်းကလေးမှန်း သူသိလိုက်ရကာ ချစ်ကျွမ်းဝင်ခဲ့သည်။
[ငါက အသက်ရှင်နေတာဆိုတော့ ဒါတွေ မဖြစ်တော့ဘူးလား?]
ဝတ္ထုဇာတ်ကြောင်းက နောက်ထပ် တင်မြှောက်ရမဲ့ ဧကရီဘုရင်မဇာတ်သွားအပေါ် ကျောရိုးယူထားခြင်းဖြစ်သည်။
အခုတော့ ဧကရီဘုရင်မက အသက်ရှိနေဆဲဖြစ်ကာ တိတ်တဆိတ်သာ နေလိုပြီး ဧကရာဇ်ရဲ့ ချစ်မြတ်နိုးမှုကိုလဲ ခံထားရသည်။ နယ်စားမင်း သမီးရဲ့ စိတ်ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သလို လိုင်လ့်ကို နိုင်ငံရေးချစ်ကြည်မှုအရ လက်ထပ်ပွဲအဆိုပြုရင်း တဖက်မှာလဲ အမြှောင်လင် ထားတဲ့ တခြားတိုင်းပြည်က မင်းသမီးလဲ မရှိချေ။
ဝတ္ထုထဲတွင် လိုင်လ့်စိတ်ကြိုက်ဖြစ်အောင် ကျွေးမွေးထားတဲ့ မိန်းကလေးမွေးထားတဲ့ တော်ဝင်မျိုးနွယ် တစ်ဦးရှိပေမဲ့ ထိုအစား လိုင်လ့်ရဲ့ ရွံရှာ စက်ဆုပ်မှုကိုသာ ခံခဲ့ရသည်။
[ဒီလောက်အများကြီး ပြောင်းသွားပြီဆိုတော့ အဆင်ပြေလောက်မှာပါ... ဟုတ်တယ်မလား?]
နွေဦးအလယ်ကနေ နွေရာသီအတောတွင်း ဝတ္ထုဇာတ်ကြောင်း အရှိန်မြင့်ခဲ့ကာ ဆောင်းဦးနှောင်းပိုင်း ဧကရာဇ်နဲ့ စီရီရာ လက်ဆက်ပြီး ဟန်းနီးမွန်းခရီးထွက်ချိန်တွင်တော့ ဝတ္ထုက တော်ဝင်မျိုးနွယ် ကိုယ်ဝန်အကြောင်း ကြေငြာချက်နဲ့ အဆုံးသတ်သည်။
[တကယ်လို့ ကျွန်မ သားလေးမွေးလာရင် သူ့ကို အိုင်ယန်လို့ ခေါ်ချင်တယ်]
ထိုစကားက စီရီရာ့ပြောစကားပင်။
"အရှင်မ၊ အချိုပွဲ ဆက်သရတော့မလား?"
"အိုး.. ကောင်းပြီ"
သတိဝင်လာတဲ့ မယ်ဒီရာက သူမခေါင်းကို မော့လိုက်သည်။
နေ့ရောညပါ အဖက်ခံရပြီးတဲ့နောက် သူမ ကိုယ်ဝန်ရှိနေတာ မဖြစ်နိုင်ဘူးလား? ထိုအတွေးနဲ့ပင် သူမမှာ ကိုယ်ဝန်ရှိနေပြီးဖြစ်မှန်း မယ်ဒီရာ တွေးလိုက်သည်။
မယ်ဒီရာ အစေခံကို ကြည့်လိုက်သည်။
"နန်းတွင်းထဲ ဆေးခန်းရှိတယ်မလား? ဆေးခန်းမှာ အမျိုးသမီးသမားတော်ရှိရင် အခေါ်လွှတ်ပေးမလား?"
****
အမျိုးသမီးသမားတော်ကို အခေါ်လွှတ်ပြီးတဲ့နောက်မှ အမျိုးသမီးဆရာဝန်မရှိမှန်း မယ်ဒီရာ သိလိုက်ရသည်။ နန်းတွင်းဆေးခန်းက နူးညံ့ပြီး မိန်းကလေးဆန်တဲ့ မျက်နှာထားရှိတဲ့ သမားတော်တစ်ယောက် အစားလွှတ်လိုက်သည်။ သမားတော်က မယ်ဒီရာ့နား ရှက်ရွံ့စွာ တိုးကပ်လာသည်။
"ဧကရီအရှင်မ၊ ဒီသမားတော်ကို စမ်းသပ်ခွင့်ပြုပါ"
"ကောင်းပြီ"
သူ့ရဲ့ အားနည်းတဲ့ ပုံပန်းသွင်ပြင်နဲ့ မတူစွာပင် သူ့စွမ်းရည်က ပြဿနာမရှိပေ။ စစ်ဆေးပြီးတဲ့နောက် သူ့မျက်နှာ တောက်ပသွားသည်။
သမားတော်ရဲ့ လေးနက်တဲ့ မျက်လုံးတွေ အရောင်တောက်သွားကာ တောက်တောက်ပပ ပြုံးလိုက်တာကို သတိပြုမိလိုက်တာမို့ အပျိုတော်တွေ နားစွင့်ပြီးသားဖြစ်သွားသည်။
"အရှင်မ တွေးထင်ထားတဲ့အတိုင်း ပဋိသန္ဓေ ရှိနေပါပြီ။ ဂုဏ်ယူဝမ်းမြောက်ပါတယ် အရှင်မ"
"အရှင်မ! ဧကရီအရှင်မ! ဂုဏ်ယူဝမ်းမြောက်ပါတယ်!"
အပျိုတော်တွေ ဝမ်းမြောက်သွားကာ မယ်ဒီရာကို ဂုဏ်ပြုစကားဆိုကြသည်။
မယ်ဒီရာပျော်နေပေမဲ့ သူမစိတ်ထဲ ရှုပ်ထွေးနေရသည်။ မယ်ဒီရာနဲ့ လိုင်လ့်ကြားက ကလေးက ဝတ္ထုထဲ မပါတဲ့ ကလေးဖြစ်သည်။ သူမရဲ့ကလေးကို အန္တရာယ်ကင်းကင်းနဲ့ မွေးဖွားနိုင်ပြီး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပါ့မလား? စိုးရိမ်စိတ်များလာရသည်။
"မြန်မြန်! အရှင့်ဆီ ဒီသတင်း မြန်မြန်ပို့ရမယ်...!"
"ကောင်းပြီ၊ သတင်းပို့လိုက်"
တည်ငြိမ်တဲ့ မျက်နှာထားနဲ့ မယ်ဒီရာ အမိန့်ပေးလိုက်သည်။
လိုင်လ်က လက်တလော နိုင်ငံရေးစည်းဝေးပွဲထဲ ရောက်နေတာဖြစ်ပြီး ဘုရင်မရဲ့ ကိုယ်ဝန်သတင်းကြေငြာဖို့အတွက်တော့ အနှောက်အယှက်မဖြစ်ပေ။ ထိုအစား မှူးမတ်တွေကို အသိပေးတာက ပိုပြီး ကောင်းလိမ့်မည်။ ဆက်ခံသူရှိခြင်းအားဖြင့် သူ့ရဲ့ အင်အားနဲ့ ရာထူးကို ပိုပြီး အခြေခိုင်စေနိုင်သည်။
"အရှင်မ စားချင်တာများရှိပါသလား?"
"အရှင်မ.. နွေးနွေးထွေးထွေးနေရပါမယ်"
"အရှင်မ!"
"ဧကရီအရှင်မ!"
နဂိုထဲက မယ်ဒီရာ့ကို စိတ်နှစ်ကာ အခစားဝင်တဲ့ အပျိုတော်တွေက အခုပိုပြီး လေးလေးနက်နက် ခစားနေကြသည်။ ယခင်က သူတို့ မယ်ဒီရာ သူမခေါင်းကို ထပ်မံထိခိုက်ကာ အရင်အခြေအနေပြန်ရောက်သွားမည်ကို စိုးရိမ်နေပေမဲ့ အခုတော့ အနာဂတ်ကို မျှော်မှန်းနေကြပေသည်။
"မီလီ!"
ဧည့်ဆောင်တံခါး ရုတ်တရက်ပွင့်သွားကာ လိုင်လ် ဝင်ရောက်လာသည်။ မယ်ဒီရာ ကိုယ်ဝန်ရှိတဲ့ သတင်းကြားကြားချင်း သူပြေးလာမှန်း သိသာလှသည်။
"အရှင်မင်းကြီး .. အရှင် အစည်းအဝေးထဲမှာလို့ ထင်နေတာ..."
"အစည်းအဝေးက အရေးမကြီးဘူး၊ မင်းမှာ ကလေးရှိနေပြီလို့ ကိုယ်ကြားတယ်၊ မှန်သလား?"
မယ်ဒီရာ ပြုံးပြီး ခေါင်းညိတ်လိုက်တော့ လိုင်လ့်မျက်နှာ ဝင်းပသွားသည်။ လိုင်လ် မယ်ဒီရာ့ကို ဆွဲညှစ်ဖို့ ပြင်လိုက်ပေမဲ့ အပျိုတော်တွေ ထိတ်လန့်သွားတာ မြင်လိုက်တာမို့ ဖက်ရုံသာ ဖက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မယ်ဒီရာ... အခုချိန်ကစပြီး.... ကိုယ် အကောင်းဆုံးကြိုးစားမှာပါ"
လိုင်လ့်ရဲ့ ဝမ်းမြောက်တဲ့ မျက်နှာကို မြင်တော့ မယ်ဒီရာ့စိတ်အခြေအနေ တိုးတက်လာသည်။
လိုင်လ် မယ်ဒီရာ့ကို ထိုင်ခုံထဲ ဖြေးဖြေးချကာ ဘယ်နှစ်လရှိပြီမှန်း မေးသည်။
"နောက်ဆုံးရာသီလာတာ လွန်ခဲ့တဲ့ သုံးပတ်ကစတော့ စက်တင်ဘာလမှာ ကလေးရတာ ဖြစ်နိုင်တယ်"
ကလေးက နွေဦးအကုန်လောက် မွေးဖွားမည်ဖြစ်မှန်း လိုင်လ် တွက်လိုက်သည်။ ကိုယ်ဝန်ရစေတဲ့ သူတို့ဆက်ဆံခဲ့တဲ့ နေ့အကြောင်းတွေးရင်း လိုင်လ် ပြုံးလိုက်သည်။
"ဘာလို့လဲ?"
"အဲ့နေ့က မင်း အရမ်းချစ်ဖို့ကောင်းတယ်လို့ ခံစားရလို့ ကိုယ်မင်းကို နင့်နင့်နဲနဲချစ်လိုက်တာ...နောက်ပြီး မင်းမှာ ကလေးရှိပြီလို့လဲ ကိုယ်တွေးထားလို့"
အပျိုတော်တွေ ရှိနေချိန် ထိုစကားပြောလိုက်တာမို့ မယ်ဒီရာ အံ့အားတကြီး လှည့်ကြည့်လိုက်သည်။ မယ်ဒီရာ့အပျိုတော်တွေက မကြားဟန်ဆောင်ကာ သူမအကြည့်ဆီက လွှဲဖယ်သွားသည်။
"ရှင်လိမ်နေတာ! လွန်ခဲ့နဲ့ သုံးပတ်က ဖြစ်ခဲ့တာကို ဘယ်လိုလုပ် မှတ်မိမှာလဲ?"
"မင်းမမှတ်မိဘူးလား? ကိုယ့်အောက်မှာ မင်းတုန်နေရင်း ပြောခဲ့တဲ့စကားတောင် မှတ်မိသေးတယ်၊ အရှင်... ကျွန်မသေတော့မလို့ပဲ... ကျွန်မ ထပ်မလုပ်နိုင်တော့ဘူး၊ ကိုယ်လုပ်နေတုန်း မင်း ချစ်စရာကောင်းအောင် ညီးညူနေခဲ့တာ"
လိုင်လ့်ရဲ့ ရယ်သံစွက်တဲ့ စကားကြောင့် မယ်ဒီရာ လိုင်လ့်လက်မောင်းကို အညှာအတာမရှိ ဆွဲဆိတ်လိုက်သည်။ အပျိုတော်တွေက တိတ်တဆိတ် လျှင်လျှင်မြန်မြန်ပင် အခန်းထဲက ထွက်ခွါသွားသည်။
သူတို့အကုန်လုံးထွက်သွားကာ နှစ်ယောက်ထဲ ကျန်ခဲ့တော့မှ မကျေနပ်ဟန် မယ်ဒီရာ လိုင်လ့်လက်မောင်းကို ရိုက်လိုက်သည်။
"မယ်ဒီရာ"
"မသိဘူး! ရှင် ဘယ်လိုများ ဒီစကားမျိုး ပြောရတာလဲ..."
လိုင်လ် ပျော်ရွှင်စွာ သက်ပြင်းချလိုက်ရင်း ညည်းတွားနေတဲ့ မယ်ဒီရာကို သူ့လက်မောင်းထဲ ထွေးဖက်ထားလိုက်သည်။
***
{Zawgyi}
အေႁခြရံေတြ ျပင္ေပးတဲ့ မနက္စာကို စားရင္း ဝတၳဳဇာတ္ေၾကာင္းကို မယ္ဒီရာ ေတြးေတာလိုက္သည္။
ဝတၳဳက မမွတ္မိနိုင္ေလာက္ေအာင္ကို ေျပာင္းလဲ သြားခဲ့ေလၿပီ။
ဝတၳဳအစက ဧကရီဘုရင္မ မယ္ဒီရာရဲ့ စ်ာပနပြဲနဲ႔ အိုင္ယန္ရဲ့ ေသဆုံးျခင္းနဲ႔ အစပ်ိဳးခဲ့သည္။
မယ္ဒီရာရဲ့ စ်ာပနပြဲက ဝတၳဳရဲ့ ဆုံခ်က္ဦးတည္ရာ မဟုတ္ပဲ နိုင္ငံေတာ္အဆင့္စ်ာပနပြဲက်င္းပၿပီးေနာက္ရက္မွသာ ဇာတ္ေၾကာင္းက စတင္ခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ အိုင္ယန္ အသတ္ခံရၿပီး အိုင္ယန့္႐ုပ္အေလာင္းကို သူမနာမည္ေအာက္ ျမဳပ္ႏွံခဲ့ကာ စီရီရာက သူမအစ္ကို ဟန္ေဆာင္ကာ ေျမေနရာကို အုပ္ခ်ဳပ္ခဲ့သည္။
ေဆာင္းဦးေႏွာင္းပိုင္းနဲ႔ ေဆာင္းရာသီကို ထိုကဲ့သို႔ ျဖတ္သန္းၿပီးတဲ့ေနာက္ ေႏြဦးအစမွာ သူမရဲ့အိမ္ေတာ္ကို စစ္ေဆးဖိူ႔ ႐ုပ္ဖ်က္ထားတဲ့ လိုင္လ့္ကို ကူညီရင္း သူ႔ရဲ့ မ်က္စိက်ျခင္း ခံခဲ့ရသည္။ လိုင္လ္က သူ႔ရဲ့ ဧကရာဇ္ဂုဏ္ပုဒ္ကို ဖုံးကြယ္ထားကာ သူရဲေကာင္းေရြးခ်ယ္ပြဲကို တက္ေရာက္ဖို႔ စီရီရာ့ကို အႀကံျပဳခဲ့သည္။
စီရီရာက သူမဦးေလး ျပန္အစပ်ိဳးလာတဲ့ ၿခိမ္းေျခာက္မွုေတြကို ေရွာင္တိမ္းတဲ့ အေနနဲ႔ ၿမိဳ႕ေတာ္ဆီ တက္လာၿပီး သူရဲေကာင္းေရြးပြဲ ဝင္ခဲ့သည္။ အရည္အခ်င္းစစ္ပြဲကို ထိပ္ဆုံးအဆင့္ ဂုဏ္ထူးနဲ႔ ေအာင္ျမင္တဲ့ စီရီရာက လိုင္လ့္ရဲ့ ကိုယ္ရံေတာ္ သူရဲေကာင္း ျဖစ္လာခဲ့သည္။ တခ်ိန္တည္းမွာပင္ တျခားတိုင္းျပည္က မင္းသမီးတပါးေပၚလာၿပီး သီးျခားနန္းေတာ္တခုမွာ ေနထိုင္ကာ လိုင္လ္နဲ႔ တိုက္ရိုက္ စကားဆိုခဲ့သည္။
လိုင္လ္က ေတာ္ဝင္မ်ိဳးႏြယ္ေတြကို ထိန္းသိမ္းဖို႔ ေနာက္ထပ္ ဧကရီတင္ေျမႇာက္မည့္သူ ရွာေနဟန္ေဆာင္ခဲ့ကာ အေျခအေနကို ခ်ဳပ္ထိန္းထားသည္။ ထိုအေတာအတြင္း စီရီရာက မိန္းကေလးမွန္း သူသိလိုက္ရကာ ခ်စ္ကၽြမ္းဝင္ခဲ့သည္။
[ငါက အသက္ရွင္ေနတာဆိုေတာ့ ဒါေတြ မျဖစ္ေတာ့ဘူးလား?]
ဝတၳဳဇာတ္ေၾကာင္းက ေနာက္ထပ္ တင္ေျမႇာက္ရမဲ့ ဧကရီဘုရင္မဇာတ္သြားအေပၚ ေက်ာရိုးယူထားျခင္းျဖစ္သည္။
အခုေတာ့ ဧကရီဘုရင္မက အသက္ရွိေနဆဲျဖစ္ကာ တိတ္တဆိတ္သာ ေနလိုၿပီး ဧကရာဇ္ရဲ့ ခ်စ္ျမတ္နိုးမွုကိုလဲ ခံထားရသည္။ နယ္စားမင္း သမီးရဲ့ စိတ္ဝိညာဥ္က ေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္သလို လိုင္လ့္ကို နိုင္ငံေရးခ်စ္ၾကည္မွုအရ လက္ထပ္ပြဲအဆိုျပဳရင္း တဖက္မွာလဲ အေျမႇာင္လင္ ထားတဲ့ တျခားတိုင္းျပည္က မင္းသမီးလဲ မရွိေခ်။
ဝတၳဳထဲတြင္ လိုင္လ့္စိတ္ႀကိဳက္ျဖစ္ေအာင္ ေကၽြးေမြးထားတဲ့ မိန္းကေလးေမြးထားတဲ့ ေတာ္ဝင္မ်ိဳးႏြယ္ တစ္ဦးရွိေပမဲ့ ထိုအစား လိုင္လ့္ရဲ့ ရြံရွာ စက္ဆုပ္မွုကိုသာ ခံခဲ့ရသည္။
[ဒီေလာက္အမ်ားႀကီး ေျပာင္းသြားၿပီဆိုေတာ့ အဆင္ေျပေလာက္မွာပါ... ဟုတ္တယ္မလား?]
ေႏြဦးအလယ္ကေန ေႏြရာသီအေတာတြင္း ဝတၳဳဇာတ္ေၾကာင္း အရွိန္ျမင့္ခဲ့ကာ ေဆာင္းဦးေႏွာင္းပိုင္း ဧကရာဇ္နဲ႔ စီရီရာ လက္ဆက္ၿပီး ဟန္းနီးမြန္းခရီးထြက္ခ်ိန္တြင္ေတာ့ ဝတၳဳက ေတာ္ဝင္မ်ိဳးႏြယ္ ကိုယ္ဝန္အေၾကာင္း ေၾကျငာခ်က္နဲ႔ အဆုံးသတ္သည္။
[တကယ္လို႔ ကၽြန္မ သားေလးေမြးလာရင္ သူ႔ကို အိုင္ယန္လို႔ ေခၚခ်င္တယ္]
ထိုစကားက စီရီရာ့ေျပာစကားပင္။
"အရွင္မ၊ အခ်ိဳပြဲ ဆက္သရေတာ့မလား?"
"အိုး.. ေကာင္းၿပီ"
သတိဝင္လာတဲ့ မယ္ဒီရာက သူမေခါင္းကို ေမာ့လိုက္သည္။
ေန႔ေရာညပါ အဖက္ခံရၿပီးတဲ့ေနာက္ သူမ ကိုယ္ဝန္ရွိေနတာ မျဖစ္နိုင္ဘူးလား? ထိုအေတြးနဲ႔ပင္ သူမမွာ ကိုယ္ဝန္ရွိေနၿပီးျဖစ္မွန္း မယ္ဒီရာ ေတြးလိုက္သည္။
မယ္ဒီရာ အေစခံကို ၾကည့္လိုက္သည္။
"နန္းတြင္းထဲ ေဆးခန္းရွိတယ္မလား? ေဆးခန္းမွာ အမ်ိဳးသမီးသမားေတာ္ရွိရင္ အေခၚလႊတ္ေပးမလား?"
****
အမ်ိဳးသမီးသမားေတာ္ကို အေခၚလႊတ္ၿပီးတဲ့ေနာက္မွ အမ်ိဳးသမီးဆရာဝန္မရွိမွန္း မယ္ဒီရာ သိလိုက္ရသည္။ နန္းတြင္းေဆးခန္းက ႏူးညံ့ၿပီး မိန္းကေလးဆန္တဲ့ မ်က္ႏွာထားရွိတဲ့ သမားေတာ္တစ္ေယာက္ အစားလႊတ္လိုက္သည္။ သမားေတာ္က မယ္ဒီရာ့နား ရွက္ရြံ႕စြာ တိုးကပ္လာသည္။
"ဧကရီအရွင္မ၊ ဒီသမားေတာ္ကို စမ္းသပ္ခြင့္ျပဳပါ"
"ေကာင္းၿပီ"
သူ႔ရဲ့ အားနည္းတဲ့ ပုံပန္းသြင္ျပင္နဲ႔ မတူစြာပင္ သူ႔စြမ္းရည္က ျပႆနာမရွိေပ။ စစ္ေဆးၿပီးတဲ့ေနာက္ သူ႔မ်က္ႏွာ ေတာက္ပသြားသည္။
သမားေတာ္ရဲ့ ေလးနက္တဲ့ မ်က္လုံးေတြ အေရာင္ေတာက္သြားကာ ေတာက္ေတာက္ပပ ျပဳံးလိုက္တာကို သတိျပဳမိလိုက္တာမို႔ အပ်ိဳေတာ္ေတြ နားစြင့္ၿပီးသားျဖစ္သြားသည္။
"အရွင္မ ေတြးထင္ထားတဲ့အတိုင္း ပဋိသေႏၶ ရွိေနပါၿပီ။ ဂုဏ္ယူဝမ္းေျမာက္ပါတယ္ အရွင္မ"
"အရွင္မ! ဧကရီအရွင္မ! ဂုဏ္ယူဝမ္းေျမာက္ပါတယ္!"
အပ်ိဳေတာ္ေတြ ဝမ္းေျမာက္သြားကာ မယ္ဒီရာကို ဂုဏ္ျပဳစကားဆိုၾကသည္။
မယ္ဒီရာေပ်ာ္ေနေပမဲ့ သူမစိတ္ထဲ ရွုပ္ေထြးေနရသည္။ မယ္ဒီရာနဲ႔ လိုင္လ့္ၾကားက ကေလးက ဝတၳဳထဲ မပါတဲ့ ကေလးျဖစ္သည္။ သူမရဲ့ကေလးကို အႏၲရာယ္ကင္းကင္းနဲ႔ ေမြးဖြားနိုင္ၿပီး ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာပါ့မလား? စိုးရိမ္စိတ္မ်ားလာရသည္။
"ျမန္ျမန္! အရွင့္ဆီ ဒီသတင္း ျမန္ျမန္ပို႔ရမယ္...!"
"ေကာင္းၿပီ၊ သတင္းပို႔လိုက္"
တည္ၿငိမ္တဲ့ မ်က္ႏွာထားနဲ႔ မယ္ဒီရာ အမိန့္ေပးလိုက္သည္။
လိုင္လ္က လက္တေလာ နိုင္ငံေရးစည္းေဝးပြဲထဲ ေရာက္ေနတာျဖစ္ၿပီး ဘုရင္မရဲ့ ကိုယ္ဝန္သတင္းေၾကျငာဖို႔အတြက္ေတာ့ အေႏွာက္အယွက္မျဖစ္ေပ။ ထိုအစား မွူးမတ္ေတြကို အသိေပးတာက ပိုၿပီး ေကာင္းလိမ့္မည္။ ဆက္ခံသူရွိျခင္းအားျဖင့္ သူ႔ရဲ့ အင္အားနဲ႔ ရာထူးကို ပိုၿပီး အေျခခိုင္ေစနိုင္သည္။
"အရွင္မ စားခ်င္တာမ်ားရွိပါသလား?"
"အရွင္မ.. ေႏြးေႏြးေထြးေထြးေနရပါမယ္"
"အရွင္မ!"
"ဧကရီအရွင္မ!"
နဂိုထဲက မယ္ဒီရာ့ကို စိတ္ႏွစ္ကာ အခစားဝင္တဲ့ အပ်ိဳေတာ္ေတြက အခုပိုၿပီး ေလးေလးနက္နက္ ခစားေနၾကသည္။ ယခင္က သူတို႔ မယ္ဒီရာ သူမေခါင္းကို ထပ္မံထိခိုက္ကာ အရင္အေျခအေနျပန္ေရာက္သြားမည္ကို စိုးရိမ္ေနေပမဲ့ အခုေတာ့ အနာဂတ္ကို ေမၽွာ္မွန္းေနၾကေပသည္။
"မီလီ!"
ဧည့္ေဆာင္တံခါး ႐ုတ္တရက္ပြင့္သြားကာ လိုင္လ္ ဝင္ေရာက္လာသည္။ မယ္ဒီရာ ကိုယ္ဝန္ရွိတဲ့ သတင္းၾကားၾကားခ်င္း သူေျပးလာမွန္း သိသာလွသည္။
"အရွင္မင္းႀကီး .. အရွင္ အစည္းအေဝးထဲမွာလို႔ ထင္ေနတာ..."
"အစည္းအေဝးက အေရးမႀကီးဘူး၊ မင္းမွာ ကေလးရွိေနၿပီလို႔ ကိုယ္ၾကားတယ္၊ မွန္သလား?"
မယ္ဒီရာ ျပဳံးၿပီး ေခါင္းညိတ္လိုက္ေတာ့ လိုင္လ့္မ်က္ႏွာ ဝင္းပသြားသည္။ လိုင္လ္ မယ္ဒီရာ့ကို ဆြဲညႇစ္ဖို႔ ျပင္လိုက္ေပမဲ့ အပ်ိဳေတာ္ေတြ ထိတ္လန့္သြားတာ ျမင္လိုက္တာမို႔ ဖက္႐ုံသာ ဖက္လိုက္သည္။
"ေက်းဇူးတင္ပါတယ္ မယ္ဒီရာ... အခုခ်ိန္ကစၿပီး.... ကိုယ္ အေကာင္းဆုံးႀကိဳးစားမွာပါ"
လိုင္လ့္ရဲ့ ဝမ္းေျမာက္တဲ့ မ်က္ႏွာကို ျမင္ေတာ့ မယ္ဒီရာ့စိတ္အေျခအေန တိုးတက္လာသည္။
လိုင္လ္ မယ္ဒီရာ့ကို ထိုင္ခုံထဲ ေျဖးေျဖးခ်ကာ ဘယ္ႏွစ္လရွိၿပီမွန္း ေမးသည္။
"ေနာက္ဆုံးရာသီလာတာ လြန္ခဲ့တဲ့ သုံးပတ္ကစေတာ့ စက္တင္ဘာလမွာ ကေလးရတာ ျဖစ္နိုင္တယ္"
ကေလးက ေႏြဦးအကုန္ေလာက္ ေမြးဖြားမည္ျဖစ္မွန္း လိုင္လ္ တြက္လိုက္သည္။ ကိုယ္ဝန္ရေစတဲ့ သူတို႔ဆက္ဆံခဲ့တဲ့ ေန႔အေၾကာင္းေတြးရင္း လိုင္လ္ ျပဳံးလိုက္သည္။
"ဘာလို႔လဲ?"
"အဲ့ေန႔က မင္း အရမ္းခ်စ္ဖို႔ေကာင္းတယ္လို႔ ခံစားရလို႔ ကိုယ္မင္းကို နင့္နင့္နဲနဲခ်စ္လိုက္တာ...ေနာက္ၿပီး မင္းမွာ ကေလးရွိၿပီလို႔လဲ ကိုယ္ေတြးထားလို႔"
အပ်ိဳေတာ္ေတြ ရွိေနခ်ိန္ ထိုစကားေျပာလိုက္တာမို႔ မယ္ဒီရာ အံ့အားတႀကီး လွည့္ၾကည့္လိုက္သည္။ မယ္ဒီရာ့အပ်ိဳေတာ္ေတြက မၾကားဟန္ေဆာင္ကာ သူမအၾကည့္ဆီက လႊဲဖယ္သြားသည္။
"ရွင္လိမ္ေနတာ! လြန္ခဲ့နဲ႔ သုံးပတ္က ျဖစ္ခဲ့တာကို ဘယ္လိုလုပ္ မွတ္မိမွာလဲ?"
"မင္းမမွတ္မိဘူးလား? ကိုယ့္ေအာက္မွာ မင္းတုန္ေနရင္း ေျပာခဲ့တဲ့စကားေတာင္ မွတ္မိေသးတယ္၊ အရွင္... ကၽြန္မေသေတာ့မလို႔ပဲ... ကၽြန္မ ထပ္မလုပ္နိုင္ေတာ့ဘူး၊ ကိုယ္လုပ္ေနတုန္း မင္း ခ်စ္စရာေကာင္းေအာင္ ညီးညဴေနခဲ့တာ"
လိုင္လ့္ရဲ့ ရယ္သံစြက္တဲ့ စကားေၾကာင့္ မယ္ဒီရာ လိုင္လ့္လက္ေမာင္းကို အညႇာအတာမရွိ ဆြဲဆိတ္လိုက္သည္။ အပ်ိဳေတာ္ေတြက တိတ္တဆိတ္ လၽွင္လၽွင္ျမန္ျမန္ပင္ အခန္းထဲက ထြက္ခြါသြားသည္။
သူတို႔အကုန္လုံးထြက္သြားကာ ႏွစ္ေယာက္ထဲ က်န္ခဲ့ေတာ့မွ မေက်နပ္ဟန္ မယ္ဒီရာ လိုင္လ့္လက္ေမာင္းကို ရိုက္လိုက္သည္။
"မယ္ဒီရာ"
"မသိဘူး! ရွင္ ဘယ္လိုမ်ား ဒီစကားမ်ိဳး ေျပာရတာလဲ..."
လိုင္လ္ ေပ်ာ္ရႊင္စြာ သက္ျပင္းခ်လိုက္ရင္း ညည္းတြားေနတဲ့ မယ္ဒီရာကို သူ႔လက္ေမာင္းထဲ ေထြးဖက္ထားလိုက္သည္။
***