အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး...

By KhaingMyelMyan

1.2M 85.2K 5.7K

နှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားက... More

အမှာစာ
Part(1)/Unicode
Part(1)/Zawgyi
Part(2)/Unicode
Part(2)/Zawgyi
Part(3)/Unicode
Part(3)/Zawgyi
Part(4)/Unicode
Part(4)/Zawgyi
Part(5)/Unicode
Part(5)/Zawgyi
Part(6)/Unicode
Part(6)/Zawgyi
Part(7)/Unicode
Part(7)/Zawgyi
Part(8)/Unicode
Part(8)/Zawgyi
Part(9)/Unicode
Part(9)/Zawgyi
Part(10)/ Unicode
Part(10)/Zawgyi
Part(11)/Unicode
Part(11)/Zawgyi
Part(12)/Unicode
Part(12)/Zawgyi
Part(13)/Unicode
Part(13)/Zawgyi
Part(14)/Unicode
Part(14)/Zawgyi
Part(15)/Unicode
Part(15)/Zawgyi
Part(16)/Unicode
Part(16)/Zawgyi
Part(17)/Unicode
Part(17)/Zawgyi
Part(18)/Unicode
Part(18)/Zawgyi
Part(19) / Unicode
Part(19)/Zawgyi
Part(20)/ Unicode
Part(20)/Zawgyi
Part(21)/Unicode
Part(21)/Zawgyi
Part(22)/Unicode
Part(22)/Zawgyi
Part(23)/Unicode
Part(23)/Zawgyi
Part(24)/Unicode
Part(24)/Zawgyi
Part(25)/Unicode
Part(25)/Zawgyi
Part(26)/Unicode
Part(26)/Zawgyi
Part(27)/Unicode
Part(27)/Zawgyi
Part(28)/Unicode
Part(28)/Zawgyi
Part(29)/Unicode
Part(29)/Zawgyi
Part(30)/Unicode
Part(30)/Zawgyi
Part(31)/Zawgyi
Part(32)/Unicode
Part(32)/Zawgyi
Part(33)/Unicode
Part(33)/Zawgyi
Part(34)/Unicode
Part(34)/Zawgyi
Final Part/Unicode
Final Part/Zawgyi

Part(31)/Unicode

25K 1.4K 116
By KhaingMyelMyan

အချို့သော အဖြစ်အပျက်တွေဟာ ကိုယ်တွေးနိုင်တဲ့ အခြေအနေကို ကျော်လွန်ပြီး ဖြစ်ပျက်တတ်ကြတယ်။
မှန်းချက်နဲ့နှမ်းထွက်ဟာ မကိုက်ဘူးဆိုတဲ့ စကားပုံမျိုးက
ဒီအတွက်ဖြစ်တည်လာခဲ့တာမျိုး။

FAMEအိမ်တော်ရဲ့အရိပ်ကို ပြန်နင်းလိုက်ရတဲ့အတွက်
သူ့စိတ်တွေဟာ အတိတ်ကို ပြန်လည် လွင့်ပျံ့သွားရတော့သည်။
ကောင်လေးက သူ့ကို နားလည်ရခက်တဲ့ ခံစားချက်တွေ ပေးခဲ့တာ..

ပထမဆုံး သူ့ရင်တွေ ထိန်းမရအောင် ခုန်ခဲ့တာ ဘယ်တုန်းကပါလိမ့်။
သေချာတာကတော့ " မ " ဆိုတဲ့ အထင်လွဲနာမ်စားလေးကြောင့် မိန်းကလေးတစ်ယောက်မဟုတ်သော်ငြား သူ့မှာ အရှက်ကြီးရှက်ခဲ့ရသေး​၏။

မရှိမဲ့ရှိမဲ့ဥပက္ခာတရားတွေနှင့် နှလုံးသားကို ဦးနှောက်က ဖိနှိပ်ကာ
ငြင်းဆန်ခဲ့ပေမဲ့ သခင်လေးဟာ သူ့အပေါ်မှာ လုံးဝလက်လျှော့မသွား။  "Bae" ဆိုပြီး တယုတယ နွေးနွေးလေးခေါ်ပြီး သူ့ကို ထွေးပွေ့ခဲ့ပေးတာ ။

စောအယ်စေးမူးဆိုတဲ့ ဒုတိယသခင်လေးဟာ သူ့အပေါ်မှာ
အဲ့သည်လို အရိပ်မိုးပေးခဲ့တဲ့ အိမ်ကြီးအိမ်ကောင်းလေး!

သူ့အတွက်တော့ ဘာနဲ့မှ အစားမထိုးနိုင်တဲ့ ဖြစ်တည်မှုလေး!

အခု သူ့မှာက ဒီကောင်လေးရဲ့ ရင်သွေးလေးတွကိုတောင်
မွေးထုတ်ထားပေးနိုင်ပြီ။ ဒါဟာ သူကောင်လေးအပေါ်
လုပ်ပေးနိုင်တဲ့ အရာတွေထဲက အကောင်းဆုံးတစ်ခုပဲ။

သဏ္ဌာန်လေးဆိုရင် ကောင်လေးနဲ့သိပ်တူတာ ..
စကားပြောပုံကအစ စိတ်နေစိတ်ထား အကျင့်စရိုက် အားလုံးနီးပါးပဲ။

သဏ္ဌာန်လေးက မိန်းကလေးဖြစ်ပေမဲ့ သိပ်ခေါင်းမာသလို သိပ်လည်းထက်လွန်းတယ်။ မဟုတ်မခံ မာကျောပြီး သူ့အဖေခြေရာကို
တစ်ထပ်တည်း နင်းနိုင်မဲ့ ကောင်မလေး ။

အက်(ခ်) စင်း ကျ အဲ့သည်လိုမဟုတ်!
ASလေးက သူနဲ့တူတာ ။ ယောကျ်ားလေးပေမဲ့ သူနဲ့တူတော့ သိပ်လှတယ်။ အနေအေးပြီး ဒီအသက်ဒီအရွယ်လေးနဲ့ ရင့်ကျက်ချင်
ယောင်လည်း ဆောင်တတ်သေးတာ။
စကားပြောရင် လေယူလေသိမ်း အတိအကျ စကားအဖြတ်မှန်မှန်နဲ့ ပြတ်ပြတ်သားသားပြောတတ်လွန်းလို့ ASကိုဆို အားလုံးက အသဲတယားယား။

ဒါပေမဲ့ ချီလားပွေ့လား၊ချော့လားမြှူလားတော့ ဘယ်သူမှ မလုပ်ရဲကြဘူး။ သဏ္ဌာန်ကသာ သူ့ကို လာချီရင် တဟီးဟီးတဟားဟားနဲ့ အထိုက်အလိုက်ပေါင်းသင်းတတ်ပေမဲ့ အမောင်ASကတော့
ရုပ်တည်ကြီးနှင့်သာ ကျောက်ရုပ်ပုံစံနေတတ်တာမို့
ချီရမည့်သူတောင် ခပ်လန့်လန့်ဖြစ်သွားရတာချည်း ။

" ကိုယ်ရှိတယ် Baeမှာ ကိုယ်ရှိတယ်
ဘာမှ အားနာစိတ်ဖြစ်စရာမလိုအောင် ကိုယ်တို့ နားလည်ပေးမှာ"

အတွေးလွန်နေတဲ့ သူ့ကို အားပေးစကားပြောလာတဲ့ အဲ့ဒီအမျိုးသားဟာ သူ့အိမ်ဦးနတ်လေး ။ သူ့ရဲ့လက်ဖဝါးလေးကို
ခပ်တင်းတင်းဆုပ်ကိုင်ရင်းပြောလာတာကြောင့် သူ့နှုတ်ခမ်းတွေဟာလည်း အလိုအလျောက် ကွေးညွတ်သွားရတော့သည်။

သူစိတ်လှုပ်ရှားနေခဲ့တာ အမှန်ပဲ။ ဒီအရာစီကနေ တစ်သက်လုံး ပုန်းရှောင်နေလို့မှ မရတာ။ ဒါက အမှန်တရား။ အမှန်တရားဆိုတာ ဘယ်လိုနေနေ ပေါ်လာရမှာပဲ။

သူဘာကြောင့် ဒီအိမ်ရဲ့အရိပ်ကနေ ဒီမျိုးဆက်တွေနဲ့အတူ
ပြေးထွက်ခဲ့ရသလဲ။

သူဟာ တစ်စုံတစ်ရာကို ပြောလိုက်ချင်ပေမဲ့ သူ့အသံဟာ နစ်ဝင်နေစဲ။ သူ့မှာ ဘာသက်သေအထောက်အထားမှ မရှိဘူး။
လေးလေးမြင့်မော်ပြောပြတဲ့ စကားတွေပဲရှိတယ်။
ဒါပေမဲ့ ငယ်ငယ်ကတည်းက မေမေကြီးပြောနေခဲ့တဲ့ Car Accident ဖြစ်စဉ်တွေ၊ အိမ်ကိုချောင်းပေါက်မတက်လာတဲ့လူဆိုတာမျိုးတွေ ပြန်တွေးရင် လေးလေးမြင့်မော်ပြောပြတဲ့ အဖြစ်အပျက်ဟာ ယုတ္တရှိနေခဲ့တာ။

Car Accident ဆိုတာ လုပ်ကြံခြင်းတဲ့။
နှုန်းဖေဖေနဲ့မေမေ သေဆုံးရတာဟာ တစ်စုံတစ်ဦးရဲ့
ပယောဂကြောင့်ပါတဲ့လေ။

ပုံနှုန်းညီဟာ ပြောချင်တဲ့စကားတွေ များနေပေမဲ့ စကားလုံးတွေကတော့ လည်ချောင်းတွင်သာတစ်စို့နေစဲ။
လက်ကို တင်းတင်းဆုပ်လျက် ပြောရန်ခက်နေသည့်  ပုံနှုန်း​၏ အပြုအမူကြောင့် စောစေးလျမ်းကချောင်းကို အသာအယာ ဟန့်လိုက်ရင်း ဇနီးဖြစ်သူ မူယာချိုအား လက်တို့​၏။

ဒေါ်မူယာချိုကလည်း အခြေအနေကို နားလည်စွာဖြင့် ,

" နှုန်းလေး .. ပြောစရာရှိတဲ့စကားကို ဘာမျက်နှာမှ မထောက်ဘဲပြောလို့ရပါတယ်၊ ဒီလိုအထိ လုပ်သွားရတဲ့အကြောင့်ပြချက်က ပေါ့ပေါ့သေးသေး မဟုတ်မှာ မမချိုတို့လည်း တွက်ဆထားပြီးသားပါ၊အကျိုးဆက်ကို လက်ခံပြီး အကောင်းဆုံးလုပ်ဆောင်ပေးမှာပါ"

"ဟို .. လုပ် .. လုပ်ပေးစရာ မလိုတော့ပါဘူး
နှုန်း .. လုပ်ခဲ့တာနဲ့တင် လုံလောက် .. လောက်ပြီ ထင်တယ် !
တကယ်တော့ အား .. အားလုံးက နှုန်းရဲ့ တဇွတ်ထိုးဆန်ဆန်
ဆုံးဖြတ်မှုတွေကြောင့်ပါပဲ "

စောအယ်စေးမူးဟာ စကားကို ဂရုတစိုက်ပြောရင်း သူ့အား
မော့ကြည့်လာတဲ့ ဒီလှပခြင်းတရားလေးအား ကြည့်လျက် ဒီနှစ်တွေထဲမှာ မရှာခဲ့မိတဲ့အဖြေကို စောင့်စားနေတော့မိသည်။

ဘာကြောင့် ချစ်ရသူဟာ သူ့ကို ဒီလောက် ကြီးလေးတဲ့ ပြစ်ဒဏ် ခတ်ရသလဲလေ။ ဘယ်လောက် များတဲ့ အပြစ်တွေကို သူ ကျူးလွန်မိတာလဲ!

ဒါမှ မဟုတ် သူ့ဖခင် .. ဦးစောနပိုလျံက ဘာတွေ လုပ်ခဲ့တာလဲ။

" ကျွန် .. ကျွန်တော့် မိဘတွေ သေခဲ့ရတာ .. ဦးစော .. စောနပိုလျံကြောင့်ပဲ "

ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံသေးသေးလေးဟာ ချစ်ရသူထံမှ။

ဘယ်လို!!? ဖေဖေ့ကြောင့် Baeရဲ့မိဘတွေ သေခဲ့ရတာ !
ဒါကြောင့် ဖေဖေက သူ့အပြစ်တွေ ကြေချင်လို့ သူနဲ့Baeကို
လက်ထပ်ပေးချင်ခဲ့တာလား ။

"ဟေ .. ဘယ်လို .. ဘယ်လို နှုန်းလေး ?!"

စောစေးလျမ်း​၏ မယုံကြည်နိုင်မှုကြောင့် ထွက်ပေါ်လာတဲ့
အာမေဍိတ်အသံဟာ တိတ်ဆိတ်နေတဲ့အခန်းကို လွှမ်းသွားတော့သည်။

" ဟုတ် .. ဟုတ်ပါတယ် ကိုကိုကြီး
ပွင့် .. ပွင့်ပွင့် လင်းလင်း ပြောရရင် ဦး စော ..စောနပိုလျံဟာ
ကျွန်တော့် .. ကျွန်တော့်ဖခင်အပေါ် မေတ္တာရှိခဲ့ .. "

" ခဏ !!! "

'ခဏ' ဆိုတဲ့အသံဟာ ဒုတိယသခင်လေးထံမှ ထွက်ပေါ်လာခြင်း။
အော်လိုက်သလိုပင် ဖြစ်သွားတာကြောင့် နှုန်းရဲ့ကိုယ်လေးပင် တုန်ကနဲ ဖြစ်သွားရတော့​၏။

ဒုတိယသခင်လေးဟာ ဒီအချက်ကိုတော့ လက်ခံချင်ပုံမရ!
ဒါက သူရဲ့အမှားတော့ မဟုတ်။

ဒီအိမ်တော်မှာ သားသမီး (၄)ယောက်တောင် ထွန်းကားခဲ့တာပဲ။
ဘယ်လိုလုပ် သူတို့ဖခင် ဦးစောနပိုလျံဟာ
ယောကျ်ားတစ်ယောက်အပေါ်မှာ မေတ္တာရှိပြီး .. အဲ့ယောကျ်ားနဲ့
အဲ့ယောကျ်ားချစ်တဲ့ မိန်းကလေးကို သတ်ပစ် .. ဟာ .. မဖြစ်နိုင်တာ။

" နှုန်း .. ဒါ ဘယ်လိုမှ မဖြစ်နိုင်တာကြီးကွာ .. ကိုယ့်အဖေက ယုတ်မာတာ ဟုတ်ချင်ဟုတ်မယ် .. မင်းမေမေကို မရလို့ ဒါမျိုးလုပ်ခဲ့တယ်ဆိုရင် ကိုယ်လက်ခံနိုင်တယ် .. ကိုယ့်ဖေဖေက လူရှုပ်လူပွေ မှန်တယ်.. ဒါပေမဲ့ ကိုယ့်ဖေဖေက Gayမဟုတ်ဘူး .. ဒါကို ကိုယ်တို့သေချာ သိတယ်!"

စောအယ်စေးမူးဟာ စောစေးလျမ်းကိုသာမက အခြေအနေကို
ငြိမ်ကာ နားထောင်ရုံထောင်နေတဲ့ နော်ဘလက်ဇင်နွေးနှင့်စောစေးဘွဲ့မှူးကိုပါ လက်ညှိုးထိုးကာ ဆိုတော့​၏။

ထိုအခါ နော်ဘလက်ဇင်နွေးကလည်း အငြိမ်မနေနိုင်တော့ပေ။
သူ့အစ်ကိုပြောတာက အမှန်ပင်။ သူ့ဖခင် ဘယ်လောက် မိန်းမကိစ္စပွေရှုပ်လဲသူတို့ အသိဆုံး။ Bisexual လို့ဆိုရအောင်လည်း တကယ်ကို ယောကျ်ားတွေအပေါ် စိတ်ဝင်စားမှု တစ်စုံတစရာ မပြဖူး။

" ဒါတော့ နွေးလည်း အာမခံတယ်၊ တကယ် နွေးဖေဖေက နှုန်းရဲ့မိဘတွေအပေါ် ဒီလို လူမဆန်တဲ့အလုပ်လုပ်ခဲ့ရင်တောင် ဒါက နှုန်းမေမေကို သဘောကျ.."

"မ ... မဟုတ်ဘူး ! မင်းတို့အဖေက ကျွန်.. ကျွန်တော့် ဖေဖေကို ချစ်နေခဲ့တာ ၊ ကျွန် .. ကျွန်တော်ဖေဖေကလည်း ယောကျ်ားကောင်းယောကျ်ားမြတ် မဟုတ်တဲ့အတွက် .. မေ ..မေမေကြီးအပြင် ..
ကျွန်တော့်မေမေ ရှိရုံတင် မဟုတ်ဘဲ မင်း .. မင်းတို့ ဖေဖေနဲ့ပါ
ဖောက်ပြန်ခဲ့တယ် .. ဒါ .. ဒါပေမဲ့ သူ ချစ် .. ချစ်တာ
ကျွန်တော့်မေမေကိုပဲ .. အဲ့ .. အဲ့တာကြောင့် မင်းတို့ဖေဖေ
ဦးစောနပိုလျံက Car .. Car accident ဖြစ်အောင် လုပ်ခဲ့ .. "

" နှုန်း !!! တော်တော့ အဓိပ္ပာယ်မရှိတာတွေ !
ကိုယ့်အဖေက Gayတစ်ယောက်မဖြစ်နိုင်ဘူး
ကိုယ့်မေမေကလည်း အသုံးချခံမဟုတ်ဘူး .."

စောအယ်စေးမူးဟာ ဒေါသကြောင့် လေသံမာသွားပြီး မျက်နှာကြောဟာလည်း တင်းလျက်သား။ သူဒေါသထွက်နေတာက ချစ်ရသူကို မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ်လို့ နှုန်းပြောတာတွေက အမှန်တွေဆိုရင် သူ့မေမေက အသုံးချခံလား ?!

မေမေနဲ့ဖေဖေက ဘယ်တုန်းကမှ နွေးထွေးတဲ့ဆက်ဆံရေးရှိခဲ့တာ မဟုတ်ဘူး။ မေမေ့အပေါ်မှာ ဖေဖေက အမြဲဖောက်ပြန်နေကျ!

ဖေဖေက တကယ်ကို သူ့ချစ်ရသူပြောသလို ယောကျ်ားတစ်
ယောက်ကြောင့် လူ့အသတ်တွေကိုတောင် သတ်ခဲ့တဲ့သူလား!

" မောင် ! ငါ .. ငါက ညာပြောနေတယ်လို့ ထင်တာလား
ငါ့ .. ငါ့ကို မောင်ကတောင် မယုံပေးတာလား ဟမ် !"

" မဟုတ်ဘူး .. ကိုယ်ပြောချင်တာကကွာ "

"ငါက ဒါ .. ဒါတွေကို လုပ်ကြံပြောတော့ရော ဘာ .. ဘာအကျိုးအမြတ်ရမှာမလို့လဲ! "

"Bae.. ကိုယ်ပြောတာက .. "

ချစ်ရသူရဲ့ ဝမ်းနည်းသွားတဲ့ မျက်နှာလေးကို ကြည့်ရင်း စေးမူးစိတ်ထဲ စိတ်မကောင်းဖြစ်သွားရ​၏။
သူက Baeအပေါ် ဘယ်လိုဖြစ်ဖြစ် ယုံကြည်ပေးရမှာ။
ဘယ်သူတွေက ဘယ်လို ယုတ္တိမရှလှပါဘူးပြောပြော သူကတော့ ချစ်ရသူရဲ့ဘက်က မားမားမတ်မတ်ရပတည်ပေးရမှာ။

အခုတော့ သူ့လုပ်ရပ်က ဒီလှပခြင်းလေးကို မျက်ရည်ဝဲသွားစေပြီ။
ရှင်းပြဖို့ စကားတွေ အပြေးအလွှားရှာနေပေမဲ့ တကယ်တမ်း
သူ့ပါးစပ်က ဘာမှ ထွက်မလာ။ ဒီလိုအခြေအနေကို သူလက်ခံနိုင်ဖို့
ခက်တာပဲ။ ခဏတာ ပြိုလဲသွားတဲ့ သူ့စိတ်ကို
သူပြန်တည်ဆောက်နေရသေးတယ်။

" ကျွန် .. ကျွန်တော်က ပလီ ပလာ တွေ ပြောနေတယ်လို့ ဒီ.. ဒီက သခင်လေးလိုမျိုး ကို .. ကိုကိုကြီးတို့ကပါ ထင်နေရင် ကျွန်တော့်သားနဲ့သမီကို ခေါ် .. ခေါ်ပြီး အရင်အိမ်မှာ ပြန် .. ပြန်နေပါရစေ ၊
ကျွန်တော်က နစ် .. နစ်နာသူ .. လိမ်ညာပြောစရာ ဘာ အ.. အကြောင်းမှ မရှိဘူး !"

" Bae! မင်းကိုဒီတစ်ခါတော့ ဘယ်မှသွားခွင့်မပေးဘူး
မင်းပြောတာကို လိမ်ညာပါတယ်လို့ ကိုယ် တစ်ခွန်း ဟ လိုက်လား
ကိုယ့်အတွက် အချိန်လိုလို့ပါ .. ကိုယ် မင်းကို မယုံတာ မဟုတ်ဘူး"

" မင်း ... မင်း ငါ့ကို မယုံတာ ! စောအယ်စေးမူး
မင်းက ငါ .. ငါ လိမ် ပြောတာလို့ ထင်ချင်နေတာ.. ငါ သိ"

" ထပ်ပြောရင် ဒီနေရာမှာတင် နမ်းမှာဗျ"

စောအယ်စေးမူးဟာ သူ့သတိပေးစကားကြောင့် ဘာအသံမှ ထွက်မလာတော့ဘဲ တိတ်ဆိတ်သွားတဲ့ အမျိုးသားလေးကို ကြည့်ရင်း ဒီလို စိတ်ရှုပ်နေရတဲ့ အခြေအနေမှာပင် ကြိတ်ကာပြုံးလိုက်မိ​၏။

ဒီလှပခြင်းလေးက ဒီလိုတော့ သိပ်ကြမ်းရမ်းပစ်ချင်စရာကောင်း
လောက်တဲ့အထိ အရှက်သဲတတ်နေတုန်း!

" မင်းတို့နှစ်ကောင်လုံး တော်ကြတော့ ! "

စောစေးလျမ်း​၏ ကြည်လင်ပြတ်သားစွာ ပြောလိုက်သော စကားသံကြောင့် အခန်းဟာ ရုတ်ချည်း တိတ်ဆိတ်သွားပြန်တော့​၏။

စောစေးလျမ်း​၏ အသံဟာ အော်သည့်သဘောမျိုးရောက်သွားတာမို့ ဒေါ်မာယာချို့ခမြာလည်း အခြေအနေကို ထပ်တင်းမသွားအောင် ဝင်ကာ ဖြန်ဖြေရပြန်တော့ပြန်သည်။

" မမတို့က နှုန်းလေးကို မယုံစရာမရှိပါဘူး
ဒါပေမဲ့ ဒီအခြေအနေက တစ်သက်လုံးမြင်လာတဲ့ ဖခင်ဖြစ်သူအပေါ် အမြင်ကို ပြောင်းလဲပစ်ရမလိုဖြစ်နေတော့ ရှုပ်ထွေးနေတာကို နှုန်းလေးလည်း နားလည်ပေးဖို့ မမကပဲ တောင်းဆိုပါရစေ၊
​စေးမူး .. နှုန်းလေးကို မင်းအခန်းထဲ ခေါ်သွားတော့လေ
မင်းတို့ဘာသာ အလွမ်းသယ်ကြဦးပေါ့၊
ကလေးတွေကတော့ သူတို့အိမ်အသစ်မှာ ပျော်ကြပုံပဲ အခုထိ
လျှောက်ကြည့်နေတုန်း "

ဒေါ်မူယာချို​၏ ရယ်သမ်းသွေးကာ ပြောလိုက်သော ရင်ကြားစေ့စကားကြောင့် စောအယ်စေးမူးလည်း ချစ်ရသူ​၏ လက်ကလေးအား ကိုင်ကာ အခန်းထဲခေါ်သွားရန် ပြင်တော့​၏။

"ငါ့ .. ငါ့ဘာသာ သွားပါမယ် အရင်အခန်းပဲမလား"

"အဟက် .. ဟုတ်ပါသတဲ့ဗျာ "

ဒီနှစ်တွေမှာ သူလွမ်းနေခဲ့တဲ့ မျက်စောင်းလေးဟာ သူ့အပေါ်ကို ကျရောက်လာလေတော့ သူ ကြိတ်ပြုံးရ၏။

အခြေအနေတွေဟာ လက်ခံဖို့ခက်ပေမဲ့ ချစ်ရသူနဲ့အတူရှိနေရခြင်းဟာ ဘယ်လို ပြသနာအချင်းအရာမျိုးကိုမဆို လွယ်ကူစေမှာ အမှန်။

အခုများတော့ ချစ်ရသူရဲ့ရွှေစိတ်တော် ပြေဖို့ သူက ပျော်ပျော်ကြီး ချော့လိုက်ဦးမည်သာ။

2.2.2023

Continue Reading

You'll Also Like

258K 13.6K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
407K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
73.2K 10.8K 105
reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှီပြီးရန် ကြိုးစားနေသော ကုဟွိုက်က ကူးပြော...
65.8K 4K 18
' ကလေးလေးရေ မင်းကို ချစ်လွန်းလို့ ရူးတော့မှာပဲကွာ " ( မင်းသက်ဆက် ) ' ဘယ်သူမှ မလိုချင်တဲ့ ကျွန်တော့်ကို ချစ်ပေးလို့ ကျေးဇူးပါ ကိုကို ' ( မိုးစက်ပိုင် )