{Unicode}
ဧကရီအနားတွင် အမြဲတစေ လူလွှတ်ထားတာမို့ သူမရဲ့ လှုပ်ရှားမှုတိုင်းအတွက် လိုင်လ် ရီပို့ရနေသည်။ ပြောင်းလဲမှုတခုဖြစ်တိုင်း သတင်းတခု ရောက်လာစမြဲပင်။
မယ်ဒီရာက နယ်စားလေးနဲ့ မြို့စားကို ပြန်လွှတ်လိုက်ပြီ။ သူမရဲ့ ပြစ်ဒဏ်ကာလ ပယ်ဖျက်လိုက်တဲ့ သတင်းကို ကြားတာနဲ့ စာကြည့်တိုက်ဆီ ဦးတည်သွားသည်။ အခု သူမ စာအုပ်တအုပ်ဖတ်နေသည်။
စာအုပ်တွေက ဘာတွေများ ကောင်းနေလို့လဲ?
စာကြည့်တိုက်ရဲ့ အကောင်းဆုံးအမှတ်တရက သူတို့ကြားက ဆက်ဆံရေး အမှတ်တရဖြစ်သည်။ ထိုမှတ်ဉာဏ်ကို မယ်ဒီရာ မမေ့ကောင်းနိုင်ရာ၊ ထိုမှတ်ဉာဏ်က ထင်ထင်ရှားရှား ရှိလှသည်။
လိုင်လ် သူ့ထိုင်ခုံမှ ထရပ်လိုက်ကာ သူကြည့်ပြီးတဲ့ စာရွက်စာတမ်းတွေကို ပြန်စစ်ဆေးလိုက်သည်။ ထိုင်ခုံမှာ ပြန်ထိုင်သည်။ ထို့နောက် ပြတင်းပေါက်နား တိုးသွားပြီး သူ ဖတ်ပြီးတဲ့ ရီပို့စာရွက်တွေကို ထပ်ဖတ်လိုက်သည်။
အချိန်က ခရုသွားနေသကဲ့သို့ နှေးလွန်းလှသည်။
"....."
လိုင်လ် သူ့ကိုယ်သူ တံခါးဆီ စိတ်ပိုင်းဖြတ်ပြီး လမ်းလျှောက်သွားမှန်း သတိထားမိလိုက်ပြီး ရပ်လိုက်သည်။
[အရှင်မင်းကြီးက သိပ်ကြာကြာခံမှာလဲ မဟုတ်ပါဘူး]
ဆစ်ခ်ရဲ့ ခနဲ့ပြုံးကို သူ သတိရလိုက်တော့ (သူငြင်းနေပေမဲ့ လိုင်လ့်မျက်လုံးထဲတော့ ဆစ်ခ်သူ့ကို လှောင်နေတယ်လို့ပဲ ထင်သည်) သူ ရှေ့ဆက်မတိုးနိုင်တော့ချေ။
[ညစာ.... ညစာစားတဲ့အချိန်ထိပဲ အောင့်ထားရအောင်]
ဒါက ဘယ်လို နှိပ်စက်မှုမျိုးလဲဟု တွေးနေမိသည်။
****
"ငါတစ်ယောက်ထဲ? မင်းပြောတာက အရှင်မင်းကြီး မလာတော့ဘူး?"
"အရှင်မင်းကြီးက သူ နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေတယ်လို့ အမှာပါးလိုက်ပါတယ်၊ အရှင့်ကို မစောင့်ပဲ အရှင်မ အရင်စားနှင့်ဖို့ မှာလိုက်ပါတယ် ဘုရား"
အစေခံရဲ့ ရိုရိုးကျိုးကျိုး လျှောက်တင်သံကြားတော့ မယ်ဒီရာ သူမ ထိုင်ခုံဆီသွားကာ ထိုင်ချလိုက်သည်။
သိပ်မကြာသေးတဲ့ အချိန်ကာလပေမဲ့ သူတို့နှစ်ယောက် နေ့တိုင်း အတူစားခဲ့တာ တလလောက်မို့ နည်းနည်းတော့ ထူးဆန်းနေသည်။
[ရှင် တကယ်ပဲ စိတ်ဆိုးနေတာလား? ငါ ဘာအမှားမှ မလုပ်ထားမိဘူး ထင်တာပဲ....]
သူမတွေးမိတဲ့ တခုထဲသောအရာမှာ သူ့ကို သွေးသားနှီးနှောဖို့ ငြင်းဆိုခြင်းပင်။
သူမက သူ့ကို မြူဆွယ်ပြီးမှ... ဒါပေမဲ့ လိုင်လ်ဖြစ်ချင်သလို ဖြစ်လာတာပဲမလား...နောက်ပြီး သူက ငါ့ရဲ့ တုံ့ပြန်မှုတွေ အငြင်းစကားတွေကို သဘောကျတဲ့ပုံပါပဲ...
[ဒါမှမဟုတ် ငါ အမှားလုပ်မိတာလား? လိုင်လ့်ခံစားချက်ကို ထိခိုက်စေမဲ့ အရာတခုခု]
သို့သော် သူမ ဘယ်လိုတွေးတွေး အဖြေမထွက်ချေ။
သူမ ထိုင်ချကာ စတင်စားသောက်လိုက်စဉ်မှာပဲ သူမ ဘာကြောင့် လိုင်လ့်ကို ဝမ်းနည်းစေမှန်း မယ်ဒီရာ တွေးတောလိုက်သည်။ ဒါက အရင်ကသာဆိုရင် သူမ ဒီလောက်စိတ်ပူမှာ မဟုတ်ပေမဲ့ စီရီရာပေါ်လာပြီးတဲ့နောက် လိုင်လ့်နှလုံးသား ပြောင်းလဲသွားပြီး စီရီရာ့ထံ စိတ်ယိုင်သွားမလား သူမ မတွေးပဲ မနေနိုင်ပေ။
[မဟုတ်သေးဘူး၊ အဲ့လိုလဲ မခံစားရဘူး..... စီရီရာ သူ့မျက်လုံးထဲ ရောက်တာနဲ့ မျက်မှောင်ကြုတ်ပြီး သဘောမကျတဲ့ ပုံမျိုး ပေါ်နေတာ...]
အမုန်းတအားရင့်သန်လွန်းပြီး အချစ်ဖြစ်သွားနိုင်တာပဲ! Arghh!
အတွေးတွေနဲ့ ခြောက်ချားနေတဲ့ မယ်ဒီရာတစ်ယောက် ကိုယ့်ဆံပင် ကိုယ် ဆောင့်ဆွဲချင်လာသည်။
လိုင်လ့်အာရုံစိုက်မှုကို သူမ လက်ခံချင်ယောင်ဆောင်လိုက်သင့်သည်။ လိုင်လ် စီရီရာ့ကို သဘောကျသွားမယ်ဆိုတဲ့ အတွေးက သူမကို နေမထိ ထိုင်မသာဖြစ်စေသည်။
သို့သော် သူမှာ စီရီရာ့ကို မြို့တော်ကို ခေါ်ဖို့ကလွဲပြီး တခြားနည်းမရှိပေ။
[လိုင်လ့်ကို အရယူတဲ့အပြင် သူ့အိပ်မက်တွေကိုပါ ဖြစ်ခွင့်မပေးရင်... ငါက အိုင်ယန့်အသက်ကို ကယ်လိုက်ပေမဲ့လဲ...]
မယ်ဒီရာက လိုင်လ့်ကို မကြိုက်နှစ်သက်တာမျိုး မဟုတ်ပေမဲ့ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းမျိုးလဲ မရှိတာမို့ သူမရဲ့ ခံစားချက်ကို ပွင့်ဟဖို့ ယုံကြည်ချက်မရှိပေ။
သူ့ကို လုံလုံလောက်လောက် သဘောမကျပေးပဲ သူမကလွဲပြီး လိုင်လ် တခြားမိန်းကလေးတွေကို ဂရုစိုင်တာကို မကြိုက်တာက အတ္တကြီးရာရောက်မှန်း သူမ သိသည်။
[ငါက ကြောက်ချီးပါနေတာပဲ]
သူမပခုံးနိမ့်ကျသွားပြီး ပန်းကန်ပြားပေါ်က အစားအသောက်ကို အနည်းငယ် ထိုးမွှေရင်း ရုတ်တရက် အရာအားလုံးက အရသာမရှိတော့သလိုပင်။ သူမအကြိုက်ဆုံး အချိုပွဲကို စားပြီးတဲ့နောက် မယ်ဒီရာ ထိုင်ခုံမှ ထလိုက်သည်။
****
"ဧကရီ အရှင်မ၊ ရေအပူချိန်က အဆင်ပြေပါရဲ့လား?"
ပုံရိပ်အနေနဲ့သာ မြင်နေရတဲ့ ပါတေးရှင်းကာထားတဲ့နောက်ကနေ ခစားနေတဲ့ အပျိုတော် အသံထွက်ပေါ်လာသည်။ မယ်ဒီရာ သက်ပြင်းတချက်နဲ့ ခေါင်းညိတ်လိုက်ပြီးတဲ့နောက် သူတို့ သူမခေါင်းညိတ်တာကို မမြင်မှာ စိုးတာမို့ နောက်လှည့်လိုက်သည်။
"အင်း... လိုအပ်ရင် ခေါ်လိုက်မယ်"
"မှန်ပါ့ အရှင်မ"
အပျိုတော်တွေက ရေချိုးဆောင်ဆီက တိတ်တဆိတ်ထွက်ခွါသွားကြသည်။ တော်ဝင်မိသားစုနဲ့ မြင့်မြတ်တဲ့ မျိုးရိုးတွေက ရေချိုးနေတုန်း အခစားခံရတာကို သဘောကျ ကြပေမဲ့ မယ်ဒီရာကတော့ သူမအလွန်ပင်ပန်းချိန်မှ လွဲကာ အခစားဝင်ခိုင်းလေ့မရှိပေ။ ကိုယ်လုံးတီးနဲ့ အမြင်ခံရတာ သက်တောင့်သက်သာမရှိလှ။
[ငါက အခု ဧကရီ နန်းဆောင်မှာဆိုတော့ အုံးစက်ရာနွှဲပွဲနေ့မှပဲ သူနဲ့တွေ့ရမှာလား?]
ဘာလို့မှန်း သူမ မသိပေမဲ့ အရာအားလုံးက အတိတ်က အခြေအနေအတိုင်း ပြန်ရောက်သွားပုံပေါ်သည်။ လိုင်လ် သူမကို ရုတ်တရက်ကြီး ဘာလို့ ချစ်မြတ်နိုးမှန်းပင် မယ်ဒီရာ မသိချေ။
[ဘာလို့များ အချစ်ခံရမှန်း ငါ မသိတော့ လိုင်လ်သာ မချစ်တော့ရင် ဘာလုပ်ရမလဲ ငါမသိဘူး]
သူမလည်ပင်းထိမြုပ်နေတဲ့ ရေထဲ စိမ်ရင်း မယ်ဒီရာ သက်ပြင်းချလိုက်သည်။
လိုင်လ့်ချစ်ခင်မှု ပျောက်ကွယ်သွားရင်တော့ သူမအတွက် အရေးမကြီးဟု တွေးထားခဲ့တာဖြစ်သည်။ သို့သော် ထိုအရာ ပျောက်ဆုံးသွားမှုကို တွေးရင်း ဝမ်းမနည်းပဲ မနိိင်ချေ။
[မဟုတ်သေးဘူး၊ ငါ သက်တောင့်သက်သာနေရတော့မှာမလား? အေးအေးဆေးဆေးအိပ်လို့ရမယ်... စာအုပ်ဖတ်ချင်သလောက်လဲ ဖတ်လို့ရမယ်]
အစကတော့ ဒါက သူမမျှော်လင့်ခဲ့သော ဘဝမျိုးဖြစ်သည်။ မယ်ဒီရာက လိုင်လ့်ဆီက တလနီးပါး မြတ်မြတ်နိုးနိုး အချစ်ခံခဲ့ရတာမို့ သူတို့ ကလေးရနိုင်ချေ အလွန်များသည်။ ဒါကပဲ သူမမျှော်လင့်ထားတဲ့ ပျင်းစရာကောင်းတဲ့ ဧကရီဘဝမျိုးမလား?
အိုး! ရုတ်တရက်ကြီး ငါ လိုင်လ့်ကို အရမ်းလွမ်းတယ်၊ အရမ်းပဲ။
ရေချိုးဇလုံထဲ စိမ်နေတဲ့ မယ်ဒီရာ ထိုင်နေရာက ရုတ်တရက်ထလိုက်သည်။
ထို့နောက် ရေချိုးဆောင်ထဲ အရင်က သူမ သတိမပြုမိတာကို သတိထားမိလိုက်သည်။
အရင်က ရေချိုးဆောင်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်တွေမှာ ကြီးမားတဲ့ မှန်တွေက နံရံပေါ် ကပ်လျက်တည်ရှိသည်။ အခုတော့ ထူးဆန်းပြီး ကြီးမားလှတဲ့ မှန်တချပ်က ရေချိုးဇလုံရှေ့ ရှိနေကာ အတောင်ပံတွေနဲ့ မှန်ဝိုင်းကြီးကို ကြီးမားတဲ့ သံထည်နဲ့ လုပ်ထားတဲ့ ငန်းနှစ်ကောင်က ထောက်ပံ့ထားသည်။
[ဘာလို့များ ဒီဟာကြီးကို အဆင်မပြေတဲ့နေရာမှာ လာထားတာလဲ?]
သူမ ရွှေ့ပစ်လိုက်ရမလား?
ဟင့်အင်း၊ ဒါရွှေ့ဖို့က ခက်မှာပဲ။
ဒီမှန်က ကြီးမားလွန်းတာမို့ သယ်ရွှေ့ဖို့က ကြီးလေးတဲ့ တာဝန်ဖြစ်သည်။ နောက်ပြီး သူမသာ တခုခုမှားရင် ဒီမှန် ကွဲသွားမှာ မလား?
****
Note:
မှန်ကြီး ဘာလုပ်ဖို့ ရောက် 🌚🌚
တဖြည်းဖြည်းနဲ့ အပိုင်း ၇၄၊ တဝက်ကျိုးလာပါပြီ။ ကိုယ့်ဘာသာကိုယ် ဒီလောက်ထိ လုပ်နိုင်မယ်တောင် မထင်ထားဘူး။ ဖတ်ပေးတဲ့သူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ အဆုံးထိ ပြီးဖို့ ၆၆ပိုင်းပဲ လိုပါတော့တယ်။ ☺️
****
{Zawgyi}
ဧကရီအနားတြင္ အျမဲတေစ လူလႊတ္ထားတာမို႔ သူမရဲ့ လွုပ္ရွားမွုတိုင္းအတြက္ လိုင္လ္ ရီပို႔ရေနသည္။ ေျပာင္းလဲမွုတခုျဖစ္တိုင္း သတင္းတခု ေရာက္လာစျမဲပင္။
မယ္ဒီရာက နယ္စားေလးနဲ႔ ၿမိဳ႕စားကို ျပန္လႊတ္လိုက္ၿပီ။ သူမရဲ့ ျပစ္ဒဏ္ကာလ ပယ္ဖ်က္လိုက္တဲ့ သတင္းကို ၾကားတာနဲ႔ စာၾကည့္တိုက္ဆီ ဦးတည္သြားသည္။ အခု သူမ စာအုပ္တအုပ္ဖတ္ေနသည္။
စာအုပ္ေတြက ဘာေတြမ်ား ေကာင္းေနလို႔လဲ?
စာၾကည့္တိုက္ရဲ့ အေကာင္းဆုံးအမွတ္တရက သူတို႔ၾကားက ဆက္ဆံေရး အမွတ္တရျဖစ္သည္။ ထိုမွတ္ဉာဏ္ကို မယ္ဒီရာ မေမ့ေကာင္းနိုင္ရာ၊ ထိုမွတ္ဉာဏ္က ထင္ထင္ရွားရွား ရွိလွသည္။
လိုင္လ္ သူ႔ထိုင္ခုံမွ ထရပ္လိုက္ကာ သူၾကည့္ၿပီးတဲ့ စာရြက္စာတမ္းေတြကို ျပန္စစ္ေဆးလိုက္သည္။ ထိုင္ခုံမွာ ျပန္ထိုင္သည္။ ထို႔ေနာက္ ျပတင္းေပါက္နား တိုးသြားၿပီး သူ ဖတ္ၿပီးတဲ့ ရီပို႔စာရြက္ေတြကို ထပ္ဖတ္လိုက္သည္။
အခ်ိန္က ခ႐ုသြားေနသကဲ့သို႔ ေႏွးလြန္းလွသည္။
"....."
လိုင္လ္ သူ႔ကိုယ္သူ တံခါးဆီ စိတ္ပိုင္းျဖတ္ၿပီး လမ္းေလၽွာက္သြားမွန္း သတိထားမိလိုက္ၿပီး ရပ္လိုက္သည္။
[အရွင္မင္းႀကီးက သိပ္ၾကာၾကာခံမွာလဲ မဟုတ္ပါဘူး]
ဆစ္ခ္ရဲ့ ခနဲ႔ျပဳံးကို သူ သတိရလိုက္ေတာ့ (သူျငင္းေနေပမဲ့ လိုင္လ့္မ်က္လုံးထဲေတာ့ ဆစ္ခ္သူ႔ကို ေလွာင္ေနတယ္လို႔ပဲ ထင္သည္) သူ ေရွ႕ဆက္မတိုးနိုင္ေတာ့ေခ်။
[ညစာ.... ညစာစားတဲ့အခ်ိန္ထိပဲ ေအာင့္ထားရေအာင္]
ဒါက ဘယ္လို ႏွိပ္စက္မွုမ်ိဳးလဲဟု ေတြးေနမိသည္။
****
"ငါတစ္ေယာက္ထဲ? မင္းေျပာတာက အရွင္မင္းႀကီး မလာေတာ့ဘူး?"
"အရွင္မင္းႀကီးက သူ နိုင္ငံ့အေရးနဲ႔ ပတ္သက္ၿပီး အလုပ္ရွုပ္ေနတယ္လို႔ အမွာပါးလိုက္ပါတယ္၊ အရွင့္ကို မေစာင့္ပဲ အရွင္မ အရင္စားႏွင့္ဖို႔ မွာလိုက္ပါတယ္ ဘုရား"
အေစခံရဲ့ ရိုရိုးက်ိဳးက်ိဳး ေလၽွာက္တင္သံၾကားေတာ့ မယ္ဒီရာ သူမ ထိုင္ခုံဆီသြားကာ ထိုင္ခ်လိုက္သည္။
သိပ္မၾကာေသးတဲ့ အခ်ိန္ကာလေပမဲ့ သူတို႔ႏွစ္ေယာက္ ေန႔တိုင္း အတူစားခဲ့တာ တလေလာက္မို႔ နည္းနည္းေတာ့ ထူးဆန္းေနသည္။
[ရွင္ တကယ္ပဲ စိတ္ဆိုးေနတာလား? ငါ ဘာအမွားမွ မလုပ္ထားမိဘူး ထင္တာပဲ....]
သူမေတြးမိတဲ့ တခုထဲေသာအရာမွာ သူ႔ကို ေသြးသားႏွီးေႏွာဖို႔ ျငင္းဆိုျခင္းပင္။
သူမက သူ႔ကို ျမဴဆြယ္ၿပီးမွ... ဒါေပမဲ့ လိုင္လ္ျဖစ္ခ်င္သလို ျဖစ္လာတာပဲမလား...ေနာက္ၿပီး သူက ငါ့ရဲ့ တုံ႔ျပန္မွုေတြ အျငင္းစကားေတြကို သေဘာက်တဲ့ပုံပါပဲ...
[ဒါမွမဟုတ္ ငါ အမွားလုပ္မိတာလား? လိုင္လ့္ခံစားခ်က္ကို ထိခိုက္ေစမဲ့ အရာတခုခု]
သို႔ေသာ္ သူမ ဘယ္လိုေတြးေတြး အေျဖမထြက္ေခ်။
သူမ ထိုင္ခ်ကာ စတင္စားေသာက္လိုက္စဥ္မွာပဲ သူမ ဘာေၾကာင့္ လိုင္လ့္ကို ဝမ္းနည္းေစမွန္း မယ္ဒီရာ ေတြးေတာလိုက္သည္။ ဒါက အရင္ကသာဆိုရင္ သူမ ဒီေလာက္စိတ္ပူမွာ မဟုတ္ေပမဲ့ စီရီရာေပၚလာၿပီးတဲ့ေနာက္ လိုင္လ့္ႏွလုံးသား ေျပာင္းလဲသြားၿပီး စီရီရာ့ထံ စိတ္ယိုင္သြားမလား သူမ မေတြးပဲ မေနနိုင္ေပ။
[မဟုတ္ေသးဘူး၊ အဲ့လိုလဲ မခံစားရဘူး..... စီရီရာ သူ႔မ်က္လုံးထဲ ေရာက္တာနဲ႔ မ်က္ေမွာင္ၾကဳတ္ၿပီး သေဘာမက်တဲ့ ပုံမ်ိဳး ေပၚေနတာ...]
အမုန္းတအားရင့္သန္လြန္းၿပီး အခ်စ္ျဖစ္သြားနိုင္တာပဲ! Arghh!
အေတြးေတြနဲ႔ ေျခာက္ခ်ားေနတဲ့ မယ္ဒီရာတစ္ေယာက္ ကိုယ့္ဆံပင္ ကိုယ္ ေဆာင့္ဆြဲခ်င္လာသည္။
လိုင္လ့္အာ႐ုံစိုက္မွုကို သူမ လက္ခံခ်င္ေယာင္ေဆာင္လိုက္သင့္သည္။ လိုင္လ္ စီရီရာ့ကို သေဘာက်သြားမယ္ဆိုတဲ့ အေတြးက သူမကို ေနမထိ ထိုင္မသာျဖစ္ေစသည္။
သို႔ေသာ္ သူမွာ စီရီရာ့ကို ၿမိဳ႕ေတာ္ကို ေခၚဖို႔ကလြဲၿပီး တျခားနည္းမရွိေပ။
[လိုင္လ့္ကို အရယူတဲ့အျပင္ သူ႔အိပ္မက္ေတြကိုပါ ျဖစ္ခြင့္မေပးရင္... ငါက အိုင္ယန့္အသက္ကို ကယ္လိုက္ေပမဲ့လဲ...]
မယ္ဒီရာက လိုင္လ့္ကို မႀကိဳက္ႏွစ္သက္တာမ်ိဳး မဟုတ္ေပမဲ့ ႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္နိုးျခင္းမ်ိဳးလဲ မရွိတာမို႔ သူမရဲ့ ခံစားခ်က္ကို ပြင့္ဟဖို႔ ယုံၾကည္ခ်က္မရွိေပ။
သူ႔ကို လုံလုံေလာက္ေလာက္ သေဘာမက်ေပးပဲ သူမကလြဲၿပီး လိုင္လ္ တျခားမိန္းကေလးေတြကို ဂ႐ုစိုင္တာကို မႀကိဳက္တာက အတၱႀကီးရာေရာက္မွန္း သူမ သိသည္။
[ငါက ေၾကာက္ခ်ီးပါေနတာပဲ]
သူမပခုံးနိမ့္က်သြားၿပီး ပန္းကန္ျပားေပၚက အစားအေသာက္ကို အနည္းငယ္ ထိုးေမႊရင္း ႐ုတ္တရက္ အရာအားလုံးက အရသာမရွိေတာ့သလိုပင္။ သူမအႀကိဳက္ဆုံး အခ်ိဳပြဲကို စားၿပီးတဲ့ေနာက္ မယ္ဒီရာ ထိုင္ခုံမွ ထလိုက္သည္။
****
"ဧကရီ အရွင္မ၊ ေရအပူခ်ိန္က အဆင္ေျပပါရဲ့လား?"
ပုံရိပ္အေနနဲ႔သာ ျမင္ေနရတဲ့ ပါေတးရွင္းကာထားတဲ့ေနာက္ကေန ခစားေနတဲ့ အပ်ိဳေတာ္ အသံထြက္ေပၚလာသည္။ မယ္ဒီရာ သက္ျပင္းတခ်က္နဲ႔ ေခါင္းညိတ္လိုက္ၿပီးတဲ့ေနာက္ သူတို႔ သူမေခါင္းညိတ္တာကို မျမင္မွာ စိုးတာမို႔ ေနာက္လွည့္လိုက္သည္။
"အင္း... လိုအပ္ရင္ ေခၚလိုက္မယ္"
"မွန္ပါ့ အရွင္မ"
အပ်ိဳေတာ္ေတြက ေရခ်ိဳးေဆာင္ဆီက တိတ္တဆိတ္ထြက္ခြါသြားၾကသည္။ ေတာ္ဝင္မိသားစုနဲ႔ ျမင့္ျမတ္တဲ့ မ်ိဳးရိုးေတြက ေရခ်ိဳးေနတုန္း အခစားခံရတာကို သေဘာက် ၾကေပမဲ့ မယ္ဒီရာကေတာ့ သူမအလြန္ပင္ပန္းခ်ိန္မွ လြဲကာ အခစားဝင္ခိုင္းေလ့မရွိေပ။ ကိုယ္လုံးတီးနဲ႔ အျမင္ခံရတာ သက္ေတာင့္သက္သာမရွိလွ။
[ငါက အခု ဧကရီ နန္းေဆာင္မွာဆိုေတာ့ အုံးစက္ရာႏႊဲပြဲေန႔မွပဲ သူနဲ႔ေတြ႕ရမွာလား?]
ဘာလို႔မွန္း သူမ မသိေပမဲ့ အရာအားလုံးက အတိတ္က အေျခအေနအတိုင္း ျပန္ေရာက္သြားပုံေပၚသည္။ လိုင္လ္ သူမကို ႐ုတ္တရက္ႀကီး ဘာလို႔ ခ်စ္ျမတ္နိုးမွန္းပင္ မယ္ဒီရာ မသိေခ်။
[ဘာလို႔မ်ား အခ်စ္ခံရမွန္း ငါ မသိေတာ့ လိုင္လ္သာ မခ်စ္ေတာ့ရင္ ဘာလုပ္ရမလဲ ငါမသိဘူး]
သူမလည္ပင္းထိျမဳပ္ေနတဲ့ ေရထဲ စိမ္ရင္း မယ္ဒီရာ သက္ျပင္းခ်လိုက္သည္။
လိုင္လ့္ခ်စ္ခင္မွု ေပ်ာက္ကြယ္သြားရင္ေတာ့ သူမအတြက္ အေရးမႀကီးဟု ေတြးထားခဲ့တာျဖစ္သည္။ သို႔ေသာ္ ထိုအရာ ေပ်ာက္ဆုံးသြားမွုကို ေတြးရင္း ဝမ္းမနည္းပဲ မနိိင္ေခ်။
[မဟုတ္ေသးဘူး၊ ငါ သက္ေတာင့္သက္သာေနရေတာ့မွာမလား? ေအးေအးေဆးေဆးအိပ္လို႔ရမယ္... စာအုပ္ဖတ္ခ်င္သေလာက္လဲ ဖတ္လို႔ရမယ္]
အစကေတာ့ ဒါက သူမေမၽွာ္လင့္ခဲ့ေသာ ဘဝမ်ိဳးျဖစ္သည္။ မယ္ဒီရာက လိုင္လ့္ဆီက တလနီးပါး ျမတ္ျမတ္နိုးနိုး အခ်စ္ခံခဲ့ရတာမို႔ သူတို႔ ကေလးရနိုင္ေခ် အလြန္မ်ားသည္။ ဒါကပဲ သူမေမၽွာ္လင့္ထားတဲ့ ပ်င္းစရာေကာင္းတဲ့ ဧကရီဘဝမ်ိဳးမလား?
အိုး! ႐ုတ္တရက္ႀကီး ငါ လိုင္လ့္ကို အရမ္းလြမ္းတယ္၊ အရမ္းပဲ။
ေရခ်ိဳးဇလုံထဲ စိမ္ေနတဲ့ မယ္ဒီရာ ထိုင္ေနရာက ႐ုတ္တရက္ထလိုက္သည္။
ထို႔ေနာက္ ေရခ်ိဳးေဆာင္ထဲ အရင္က သူမ သတိမျပဳမိတာကို သတိထားမိလိုက္သည္။
အရင္က ေရခ်ိဳးေဆာင္ရဲ့ ဘယ္ဘက္နဲ႔ ညာဘက္ေတြမွာ ႀကီးမားတဲ့ မွန္ေတြက နံရံေပၚ ကပ္လ်က္တည္ရွိသည္။ အခုေတာ့ ထူးဆန္းၿပီး ႀကီးမားလွတဲ့ မွန္တခ်ပ္က ေရခ်ိဳးဇလုံေရွ႕ ရွိေနကာ အေတာင္ပံေတြနဲ႔ မွန္ဝိုင္းႀကီးကို ႀကီးမားတဲ့ သံထည္နဲ႔ လုပ္ထားတဲ့ ငန္းႏွစ္ေကာင္က ေထာက္ပံ့ထားသည္။
[ဘာလို႔မ်ား ဒီဟာႀကီးကို အဆင္မေျပတဲ့ေနရာမွာ လာထားတာလဲ?]
သူမ ေရႊ႕ပစ္လိုက္ရမလား?
ဟင့္အင္း၊ ဒါေရႊ႕ဖို႔က ခက္မွာပဲ။
ဒီမွန္က ႀကီးမားလြန္းတာမို႔ သယ္ေရႊ႕ဖို႔က ႀကီးေလးတဲ့ တာဝန္ျဖစ္သည္။ ေနာက္ၿပီး သူမသာ တခုခုမွားရင္ ဒီမွန္ ကြဲသြားမွာ မလား?
****
Note:
မွန္ႀကီး ဘာလုပ္ဖို႔ ေရာက္ 🌚🌚
တျဖည္းျဖည္းနဲ႔ အပိုင္း ၇၄၊ တဝက္က်ိဳးလာပါၿပီ။ ကိုယ့္ဘာသာကိုယ္ ဒီေလာက္ထိ လုပ္နိုင္မယ္ေတာင္ မထင္ထားဘူး။ ဖတ္ေပးတဲ့သူ တဦးတေယာက္ခ်င္းစီတိုင္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အဆုံးထိ ၿပီးဖို႔ ၆၆ပိုင္းပဲ လိုပါေတာ့တယ္။ ☺️
****