{Unicode}
မယ်ဒီရာ့ကို လက်ထပ်ပြီးနောက်ပိုင်း သူမအချစ်ကို ချွင်းချက်မရှိ ရခဲ့ပြီး သူမဘယ်လို လူမျိုးကို သဘောကျလဲ တခါမှ မတွေးခဲ့ဖူးပေ။
လိုင်လ်ကြားဖူးတာက မိန်းမတွေက စကားပြောချိုတဲ့ လူမျိုးတွေကို သဘောကျတတ်ကြောင်း ဖြစ်ပြီး မယ်ဒီရာ့ စိတ်ဝင်စားမှုကို မြင်တော့ သူ အနည်းငယ် စိတ်ပူပန်လာပြီး မေးခွန်းထုတ်လိုက်သည်။
"ကျွန်မ စကားနားထောင်တဲ့ သူမျိုးကို သဘောကျတယ်"
"ဘယ်လို?"
"ကျွန်မသာ ကောင်းကင်ပေါ်က ကြယ်ကို လိုချင်ရင် အဲ့လူက ကျွန်မအတွက် ကောင်းကင်ပေါ်က ကြယ်အားလုံး ယူပေးရုံတင်မဟုတ်ပဲ လမင်းကိုပါ ယူပေးမဲ့ သူမျိုး၊ ကျွန်မရဲ့ စိတ်နှလုံးကို သိပြီး နားလည်တဲ့ သူမျိုးကို သဘောကျတယ်"
မယ်ဒီရာ ကျောမတ်ကာ ဂုဏ်ယူစွာ ဆိုသည်။ လိုင်လ် မျက်နှာ မကောင်းတော့။
"အဲ့လိုလား? ကိုယ်လဲ မင်း ပြောသမျှ နားထောင်တာပဲ!"
"ဒါဆို ကျွန်မကို လွှတ်ပေးပြီး အစောင့်တွေကို ဖယ်ပေး! ကျွန်မ စာကြည့်တိုက်ကိုတောင် သွားလို့ မရဘူး! အပြင်ထွက်ချင်တယ်!!"
"မင်း ကိုယ်နဲ့ အတူရှိနေရင် အပြင်ထွက်လို့ ရတယ်လေ"
"ဟင့်အင်း၊ ကျွန်မက ဘာလို့ အရှင်မင်းကြီးနဲ့ပဲ အချိန်တိုင်း အတူသွားရမှာလဲ?"
ခဏလောက် လိုင်လ် ဆွံ့အသွားသည်။
"ဒါက..."
"ကျွန်မ အရှင်နဲ့ အတူ သွားစရာမလိုဘူး၊ အရှင်မင်းကြီးလဲ စိတ်အနှောင့်အယှက်ဖြစ်မှာပဲ၊ ကျွန်မနဲ့ အတူ ဘာလို့ သွားရမယ်လို့ပဲ ပြောနေတာလဲ?"
"......"
မယ်ဒီရာ့ကို ကြည့်ရင်း လိုင်လ့် နှုတ်ခမ်းတွေ တင်းတင်းစေ့သွားသည်။ သူ သူမကို မကျေမချမ်းစိုက်ကြည့်ပြီး သူ့ခုံက ရုတ်တရက်ထကာ သူမဘေး ထိုင်ချလိုက်သည်။
အခုတော့ မယ်ဒီရာက သူ့ကို သူ သူမကို သဘောကျသလောက် သဘောမကျမှန်း သိသွားလေပြီ။ ဒါက အရင် ဆက်ဆံရေးနဲ့ လုံးဝဆန့်ကျင်ဘက် အခြေအနေဖြစ်သည်။
ဒါက အရင်အခြေအနေကို လိုင်လ်ပြန်သွားချင်တယ်လို့ ဆိုလိုတာမဟုတ်ပေမဲ့ သူမရဲ့ ခံစားချက်က သူ့လောက် မလေးနက်မှန်း တွေးကြည့်လိုက်မိတာနဲ့တင် တော်တော်ခံရခက်လေသည်။
[ဒါက ဝဋ်လည်တာများလား?]
သူတို့လက်ထပ်ပွဲ အစောပိုင်းအချိန်ကတည်းက မယ်ဒီရာ့ကို လစ်လျူရှုခဲ့လို့ ဝဋ်လည်တာများလား?
လိုင်လ် တည်ငြိမ်အောင် ကြိုးစားနေချိန်မှာပဲ မယ်ဒီရာက သူမ တခုခုမှားပြောမိသလားဟု ပြန်ဆန်းစစ်နေသည်။
[ငါ မမှန်တာ မသင့်တော်တာ ဘာတခုမှ မပြောမိဘူးလို့ ထင်တာပဲ]
မယ်ဒီရာ လိုင်လ့်ကို လှမ်းကြည့်တော့ တွန့်ချိုးနေတဲ့ မျက်ခုံးတွေအောက်က မကျေမနပ်ဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ဆုံသည်။
"ကိုယ့်ကို ပြော၊ ကိုယ်က ဘုရင်မအတွက် ဘယ်လို ခင်ပွန်းမျိုးလဲ?"
"လိင်ဆက်ဆံရတာ သဘောကျတဲ့ ခင်ပွန်း"
"......"
လိုင်လ် ကြောင်အသွားသည်။ သို့သော် သူ့အကြောင်းသူသိတာမို့ သူ သူမကို ဘယ်လောက် နှောင့်ယှက်မိမှန်း သိတာမို့ သူမရဲ့ အမြင်က သဘာဝကျလေသည်။
"ဟိုး.."
လိုင်လ့်ခန္ဓာကိုယ်က မယ်ဒီရာ့ဘက် လုံးလုံးလျားလျား လှည့်လိုက်ကာ တဖြည်းဖြည်း အနားကပ်လာသည်။ မယ်ဒီရာ မသိစိတ်အရ အနောက်သို့ ဆုတ်သွားသည်။
"ကိုယ် ဒီလိုကြားတော့ မင်းမျှော်မှန်းချက်ကို ကိုယ် ဖြည့်ဆည်းပေးရမလား?"
"အိုးး! ခဏလေး!"
သူ သူမစကတ်ကို ဆွဲဖို့ ကြံချိန်မှာပဲ မယ်ဒီရာ ထိတ်လန့်သွားပြီး လိုင်လ့်ခေါင်းကို ရိုက်လိုက်သည်။ ထိုအချိန်မှာပင် တံခါးခေါက်သံပေါ်လာသည်။
"....ဘယ်သူလဲ?"
တံခါးတဖက်ကနေပြီး စိတ်ထိန်းထားရတဲ့ အံကြိတ်သံ ပျံ့လွင့်လာသည်။ အပြင်ဘက်က ဆစ်ခ်က တံတွေးမျိုချမိသွားသည်။
"အရှင် မင်းကြီး၊ ကျွန်တော်မျိုး ဆစ်ခ်ပါ၊ ဝင်လာခဲ့ရမလား?"
လိုင်လ် သူ့ရုံးခန်း ပတ်ပတ်လည်ကို စိတ်ရှုပ်ရှုပ်နဲ့ လှည့်ပတ်ကြည့်လိုက်ပြီး မယ်ဒီရာ့ကို ပြန်ကြည့်လိုက်သည်။ မယ်ဒီရာက အခုလေးတင် ဆွဲမခံလိုက်ရတဲ့ ဂါဝန်ကို ပုံစံတကျဖြစ်အောင် ပြုပြင်နေသည်။
"နောက်ငါးမိနစ်နေမှ ပြန်လာခဲ့"
ထို့နောက် သူ မယ်ဒီရာ့ကို သူမလက်မောင်းတွေထဲ ဆွဲယူလိုက်ကာ သူမနှုတ်ခမ်းတွေကို လျက်လိုက်သည်။ သူမနှုတ်ခမ်းတွေနဲ့ အကြမ်းပတမ်းထိခိုက်သွားပြီးနောက် သူ့လျှာဖျားက သူမအရသာကို မြည်းစမ်းလိုက်သည်။
မယ်ဒီရာ ကြောက်လန့်သွားပြီး လိုင်လ့်ရင်ဘတ်ကို အလန့်တကြားတွန်းလိုက်ပေမဲ့ သူကတော့ လှုပ်ပင်မလှုပ်။ သူဘာလို့များ ဒီလောက် သန်မာနေရတာလဲ?
"အို...ခဏလေး..."
သူ သူမခါးကို ဆွဲဖက်လိုက်ကာ ဆိုဖာပေါ်လှဲချလိုက်သည်။
".... ကိုယ် မင်းကို နမ်းချင်ရုံပဲ၊ ငြိမ်ငြိမ်နေ"
ရှင်လိမ်နေတာ!
သူမခါးကို ဖက်ထားတဲ့လက်က အောက်ကို လျောဆင်းလာကာ သူမတင်ပါးကို ဖြစ်ညစ်လိုက်သည်။ ဝတ်ရုံက ထူထဲတာမို့ သူမဘာမှ မခံစားရပေမဲ့ ဒီပုံစံကို တခြားသူတွေ မြင်မှာ သူမ စိတ်ပူသည်။
"ဟမ်....ဟင်"
သူမအကျီပေါ်ကနေ လိုင်လ် ရင်သားတွေကို ဖြစ်ညစ်လိုက်တာမို့ မယ်ဒီရာ သက်ပြင်းရှိုက်လိုက်သည်။ သူက ဝတ်ရုံကို ဆွဲမချပေမဲ့ သူ့လက်တွေကို အထဲထည့်ချင်သလိုမျိုး အပေါ်ကနေ ရင်သားတွေကို ပွတ်သပ်နေတာမို့ မယ်ဒီရာ တုန်ယင်လာရသည်။
"Fuck..."
ခပ်တိုးတိုး ညည်းညူလိုက်ရင်း လိုင်လ် မယ်ဒီရာ့ရဲ့ မျက်ဝန်းတွေထဲ ကြည့်လိုက်သည်။ သူမ သေတော့မလို ခံစားနေရသည်။
[ငါ ဒီတိုင်း ပြီးတဲ့ထိ သွားလိုက်ရမလား?]
သူ့ရဲ့ ပူလောင်တဲ့ အကြည့်တွေကို သဘောပေါက်သလိုမျိုး မယ်ဒီရာ့မျက်နှာ အနီတဝက် အဖြူတဝက်ဖြစ်သွားသည်။ သူမရဲ့ တောင့်တတဲ့ အကြည့်တွေ၊ စိတ်လှုပ်ရှားမှုကြောင့် ငံ့လင့်နေတဲ့ မျက်ဝန်းတွေက ချစ်ဖွယ်ကောင်းလှပေမဲ့ သူမလက်ချောင်းထိပ်တွေကို နမ်းရင်းနဲ့ လိုင်လ် စိတ်ထိန်းလိုက်သည်။ ထပ်ပြီး ရှေ့ဆက်တိုးရင် မယ်ဒီရာ နာကျင်မှာကို သူ စိတ်ပူသည်။
[ရုံးခန်းထဲ အခန်းတခန်းဖွဲ့ထားရမလား? ဒါမှမဟုတ် အလုပ်တွေကို အိပ်ဆောင်ထဲ ယူလာခိုင်းရမလား?]
မိန်းမလိုက်စားပြီး နိုင်ငံ့အရေးကို လစ်လျူရှုထားတဲ့ အရင် ဧကရာဇ်လမ်းစဉ်လိုက်ဖို့တော့ လိုင်လ် စိတ်ကူးမရှိပေ။ အရင် ဧကရာဇ်က စစ်တပ်အာဏာကို ဆုပ်ကိုင်ထားနိုင်တာမို့ နန်းအချမခံရပေမဲ့ နိုင်ငံတခုလုံး ချွတ်ခြုံကျကာ လာဘ်စားမှု ဗလပွဖြစ်ခဲ့သည်။
အထောက်တော်တွေခမျာ ဧကရာဇ်ကို တိုင်စာမပို့နိုင်ပဲ ပြည်သူတွေက အရာရှိတွေရဲ့ မမှန်တဲ့ အကျင့်ပျက်ခြစားမှုကြား အတော် ခံစားခဲ့ရသည်။
ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့တာ ဆယ်နှစ်ပင် မပြည့်သေးပေ။ နေ့စဉ် စီမံရမဲ့ အလုပ်တွေက သူ ကိုင်တွယ်နိုင်တဲ့ ပမာဏတွင်ဖြစ်ပြီး နိုင်ငံ့အခြေအနေလဲ တည်ငြိမ်နေပေပြီ။ သူ အခုမှ နိုင်ငံအုပ်ချုပ်ရေးကို လစ်လျူရှုလို့ မရပေ။ သူ ဧကရာဇ်တပါးရဲ့ တာဝန်ကျေချင်သည်။
သို့သော် သူ့စိတ်နှလုံးတခုလုံးက သူဖက်လို့မဝတဲ့ ဧကရီအကြောင်းဖြင့်သာ နေ့စဉ်ပြည့်နှက်နေသည်။
"ကိုယ်တို့ အိပ်ဆောင်ထဲ သွားမလား? ဒီမှာပဲ နေမလား? တကယ်လို့ မင်း အိပ်ဆောင်ထဲ သွားချင်ရင်.... ညစာစားပြီးရင် ကိုယ် မင်းကို ဖက်လို့ ရလား?"
သူမ မျက်နှာပေါ် အပူချိန်မြင့်လာတာကို မြင်ရတာ ချစ်စရာ ကောင်းလှသည်။ မယ်ဒီရာ ထင်ခဲ့တာက သူ့ရဲ့ စကားလုံးတွေနဲ့ အသားကျနေပြီ ထင်ခဲ့ပေမဲ့ သူကား ဆက်ပြီး စနေဆဲပင်။
"အာ.... အိပ်...အိပ်ဆောင်ထဲ"
"ကောင်းပြီ.. ကိုယ်တို့ ညစာစားပြီးတာနဲ့ ကိုယ်နဲ့အတူ ရေချိုးမယ်"
သူက နောက်ထပ် အခြေအနေတခုပင် ထပ်ထည့်လိုက်သေးသည်။ မယ်ဒီရာ မယုံနိုင်စွာနဲ့ ပါးစပ်ဟသွားပြီး လိုင်လ့်ကို လူလိမ်တစ်ယောက်လို ကြည့်လာသည်။
လိုင်လ် ရယ်မောလိုက်ကာ မယ်ဒီရာ့နှုတ်ခမ်းတွေကို ထပ်နမ်းလိုက်သည်။ မင်း ပါးစပ်ကို ဘာလို့ ဒီလောက် အကျယ်ကြီး ဟထားတာလဲ? အဲ့လိုဆို ကိုယ့်လျှာ ဝင်ဖို့ လွယ်အောင်လား?
****
{Zawgyi}
မယ္ဒီရာ့ကို လက္ထပ္ၿပီးေနာက္ပိုင္း သူမအခ်စ္ကို ခၽြင္းခ်က္မရွိ ရခဲ့ၿပီး သူမဘယ္လို လူမ်ိဳးကို သေဘာက်လဲ တခါမွ မေတြးခဲ့ဖူးေပ။
လိုင္လ္ၾကားဖူးတာက မိန္းမေတြက စကားေျပာခ်ိဳတဲ့ လူမ်ိဳးေတြကို သေဘာက်တတ္ေၾကာင္း ျဖစ္ၿပီး မယ္ဒီရာ့ စိတ္ဝင္စားမွုကို ျမင္ေတာ့ သူ အနည္းငယ္ စိတ္ပူပန္လာၿပီး ေမးခြန္းထုတ္လိုက္သည္။
"ကၽြန္မ စကားနားေထာင္တဲ့ သူမ်ိဳးကို သေဘာက်တယ္"
"ဘယ္လို?"
"ကၽြန္မသာ ေကာင္းကင္ေပၚက ၾကယ္ကို လိုခ်င္ရင္ အဲ့လူက ကၽြန္မအတြက္ ေကာင္းကင္ေပၚက ၾကယ္အားလုံး ယူေပး႐ုံတင္မဟုတ္ပဲ လမင္းကိုပါ ယူေပးမဲ့ သူမ်ိဳး၊ ကၽြန္မရဲ့ စိတ္ႏွလုံးကို သိၿပီး နားလည္တဲ့ သူမ်ိဳးကို သေဘာက်တယ္"
မယ္ဒီရာ ေက်ာမတ္ကာ ဂုဏ္ယူစြာ ဆိုသည္။ လိုင္လ္ မ်က္ႏွာ မေကာင္းေတာ့။
"အဲ့လိုလား? ကိုယ္လဲ မင္း ေျပာသမၽွ နားေထာင္တာပဲ!"
"ဒါဆို ကၽြန္မကို လႊတ္ေပးၿပီး အေစာင့္ေတြကို ဖယ္ေပး! ကၽြန္မ စာၾကည့္တိုက္ကိုေတာင္ သြားလို႔ မရဘူး! အျပင္ထြက္ခ်င္တယ္!!"
"မင္း ကိုယ္နဲ႔ အတူရွိေနရင္ အျပင္ထြက္လို႔ ရတယ္ေလ"
"ဟင့္အင္း၊ ကၽြန္မက ဘာလို႔ အရွင္မင္းႀကီးနဲ႔ပဲ အခ်ိန္တိုင္း အတူသြားရမွာလဲ?"
ခဏေလာက္ လိုင္လ္ ဆြံ႕အသြားသည္။
"ဒါက..."
"ကၽြန္မ အရွင္နဲ႔ အတူ သြားစရာမလိုဘူး၊ အရွင္မင္းႀကီးလဲ စိတ္အေႏွာင့္အယွက္ျဖစ္မွာပဲ၊ ကၽြန္မနဲ႔ အတူ ဘာလို႔ သြားရမယ္လို႔ပဲ ေျပာေနတာလဲ?"
"......"
မယ္ဒီရာ့ကို ၾကည့္ရင္း လိုင္လ့္ ႏွုတ္ခမ္းေတြ တင္းတင္းေစ့သြားသည္။ သူ သူမကို မေက်မခ်မ္းစိုက္ၾကည့္ၿပီး သူ႔ခုံက ႐ုတ္တရက္ထကာ သူမေဘး ထိုင္ခ်လိုက္သည္။
အခုေတာ့ မယ္ဒီရာက သူ႔ကို သူ သူမကို သေဘာက်သေလာက္ သေဘာမက်မွန္း သိသြားေလၿပီ။ ဒါက အရင္ ဆက္ဆံေရးနဲ႔ လုံးဝဆန့္က်င္ဘက္ အေျခအေနျဖစ္သည္။
ဒါက အရင္အေျခအေနကို လိုင္လ္ျပန္သြားခ်င္တယ္လို႔ ဆိုလိုတာမဟုတ္ေပမဲ့ သူမရဲ့ ခံစားခ်က္က သူ႔ေလာက္ မေလးနက္မွန္း ေတြးၾကည့္လိုက္မိတာနဲ႔တင္ ေတာ္ေတာ္ခံရခက္ေလသည္။
[ဒါက ဝဋ္လည္တာမ်ားလား?]
သူတို႔လက္ထပ္ပြဲ အေစာပိုင္းအခ်ိန္ကတည္းက မယ္ဒီရာ့ကို လစ္လ်ဴရွုခဲ့လို႔ ဝဋ္လည္တာမ်ားလား?
လိုင္လ္ တည္ၿငိမ္ေအာင္ ႀကိဳးစားေနခ်ိန္မွာပဲ မယ္ဒီရာက သူမ တခုခုမွားေျပာမိသလားဟု ျပန္ဆန္းစစ္ေနသည္။
[ငါ မမွန္တာ မသင့္ေတာ္တာ ဘာတခုမွ မေျပာမိဘူးလို႔ ထင္တာပဲ]
မယ္ဒီရာ လိုင္လ့္ကို လွမ္းၾကည့္ေတာ့ တြန့္ခ်ိဳးေနတဲ့ မ်က္ခုံးေတြေအာက္က မေက်မနပ္ျဖစ္ေနတဲ့ မ်က္ဝန္းေတြနဲ႔ ဆုံသည္။
"ကိုယ့္ကို ေျပာ၊ ကိုယ္က ဘုရင္မအတြက္ ဘယ္လို ခင္ပြန္းမ်ိဳးလဲ?"
"လိင္ဆက္ဆံရတာ သေဘာက်တဲ့ ခင္ပြန္း"
"......"
လိုင္လ္ ေၾကာင္အသြားသည္။ သို႔ေသာ္ သူ႔အေၾကာင္းသူသိတာမို႔ သူ သူမကို ဘယ္ေလာက္ ေႏွာင့္ယွက္မိမွန္း သိတာမို႔ သူမရဲ့ အျမင္က သဘာဝက်ေလသည္။
"ဟိုး.."
လိုင္လ့္ခႏၶာကိုယ္က မယ္ဒီရာ့ဘက္ လုံးလုံးလ်ားလ်ား လွည့္လိုက္ကာ တျဖည္းျဖည္း အနားကပ္လာသည္။ မယ္ဒီရာ မသိစိတ္အရ အေနာက္သို႔ ဆုတ္သြားသည္။
"ကိုယ္ ဒီလိုၾကားေတာ့ မင္းေမၽွာ္မွန္းခ်က္ကို ကိုယ္ ျဖည့္ဆည္းေပးရမလား?"
"အိုးး! ခဏေလး!"
သူ သူမစကတ္ကို ဆြဲဖို႔ ႀကံခ်ိန္မွာပဲ မယ္ဒီရာ ထိတ္လန့္သြားၿပီး လိုင္လ့္ေခါင္းကို ရိုက္လိုက္သည္။ ထိုအခ်ိန္မွာပင္ တံခါးေခါက္သံေပၚလာသည္။
"....ဘယ္သူလဲ?"
တံခါးတဖက္ကေနၿပီး စိတ္ထိန္းထားရတဲ့ အံႀကိတ္သံ ပ်ံ႕လြင့္လာသည္။ အျပင္ဘက္က ဆစ္ခ္က တံေတြးမ်ိဳခ်မိသြားသည္။
"အရွင္ မင္းႀကီး၊ ကၽြန္ေတာ္မ်ိဳး ဆစ္ခ္ပါ၊ ဝင္လာခဲ့ရမလား?"
လိုင္လ္ သူ႔႐ုံးခန္း ပတ္ပတ္လည္ကို စိတ္ရွုပ္ရွုပ္နဲ႔ လွည့္ပတ္ၾကည့္လိုက္ၿပီး မယ္ဒီရာ့ကို ျပန္ၾကည့္လိုက္သည္။ မယ္ဒီရာက အခုေလးတင္ ဆြဲမခံလိုက္ရတဲ့ ဂါဝန္ကို ပုံစံတက်ျဖစ္ေအာင္ ျပဳျပင္ေနသည္။
"ေနာက္ငါးမိနစ္ေနမွ ျပန္လာခဲ့"
ထို႔ေနာက္ သူ မယ္ဒီရာ့ကို သူမလက္ေမာင္းေတြထဲ ဆြဲယူလိုက္ကာ သူမႏွုတ္ခမ္းေတြကို လ်က္လိုက္သည္။ သူမႏွုတ္ခမ္းေတြနဲ႔ အၾကမ္းပတမ္းထိခိုက္သြားၿပီးေနာက္ သူ႔လၽွာဖ်ားက သူမအရသာကို ျမည္းစမ္းလိုက္သည္။
မယ္ဒီရာ ေၾကာက္လန့္သြားၿပီး လိုင္လ့္ရင္ဘတ္ကို အလန့္တၾကားတြန္းလိုက္ေပမဲ့ သူကေတာ့ လွုပ္ပင္မလွုပ္။ သူဘာလို႔မ်ား ဒီေလာက္ သန္မာေနရတာလဲ?
"အို...ခဏေလး..."
သူ သူမခါးကို ဆြဲဖက္လိုက္ကာ ဆိုဖာေပၚလွဲခ်လိုက္သည္။
".... ကိုယ္ မင္းကို နမ္းခ်င္႐ုံပဲ၊ ၿငိမ္ၿငိမ္ေန"
ရွင္လိမ္ေနတာ!
သူမခါးကို ဖက္ထားတဲ့လက္က ေအာက္ကို ေလ်ာဆင္းလာကာ သူမတင္ပါးကို ျဖစ္ညစ္လိုက္သည္။ ဝတ္႐ုံက ထူထဲတာမို႔ သူမဘာမွ မခံစားရေပမဲ့ ဒီပုံစံကို တျခားသူေတြ ျမင္မွာ သူမ စိတ္ပူသည္။
"ဟမ္....ဟင္"
သူမအက်ီေပၚကေန လိုင္လ္ ရင္သားေတြကို ျဖစ္ညစ္လိုက္တာမို႔ မယ္ဒီရာ သက္ျပင္းရွိုက္လိုက္သည္။ သူက ဝတ္႐ုံကို ဆြဲမခ်ေပမဲ့ သူ႔လက္ေတြကို အထဲထည့္ခ်င္သလိုမ်ိဳး အေပၚကေန ရင္သားေတြကို ပြတ္သပ္ေနတာမို႔ မယ္ဒီရာ တုန္ယင္လာရသည္။
"Fuck..."
ခပ္တိုးတိုး ညည္းညဴလိုက္ရင္း လိုင္လ္ မယ္ဒီရာ့ရဲ့ မ်က္ဝန္းေတြထဲ ၾကည့္လိုက္သည္။ သူမ ေသေတာ့မလို ခံစားေနရသည္။
[ငါ ဒီတိုင္း ၿပီးတဲ့ထိ သြားလိုက္ရမလား?]
သူ႔ရဲ့ ပူေလာင္တဲ့ အၾကည့္ေတြကို သေဘာေပါက္သလိုမ်ိဳး မယ္ဒီရာ့မ်က္ႏွာ အနီတဝက္ အျဖဴတဝက္ျဖစ္သြားသည္။ သူမရဲ့ ေတာင့္တတဲ့ အၾကည့္ေတြ၊ စိတ္လွုပ္ရွားမွုေၾကာင့္ ငံ့လင့္ေနတဲ့ မ်က္ဝန္းေတြက ခ်စ္ဖြယ္ေကာင္းလွေပမဲ့ သူမလက္ေခ်ာင္းထိပ္ေတြကို နမ္းရင္းနဲ႔ လိုင္လ္ စိတ္ထိန္းလိုက္သည္။ ထပ္ၿပီး ေရွ႕ဆက္တိုးရင္ မယ္ဒီရာ နာက်င္မွာကို သူ စိတ္ပူသည္။
[႐ုံးခန္းထဲ အခန္းတခန္းဖြဲ႕ထားရမလား? ဒါမွမဟုတ္ အလုပ္ေတြကို အိပ္ေဆာင္ထဲ ယူလာခိုင္းရမလား?]
မိန္းမလိုက္စားၿပီး နိုင္ငံ့အေရးကို လစ္လ်ဴရွုထားတဲ့ အရင္ ဧကရာဇ္လမ္းစဥ္လိုက္ဖို႔ေတာ့ လိုင္လ္ စိတ္ကူးမရွိေပ။ အရင္ ဧကရာဇ္က စစ္တပ္အာဏာကို ဆုပ္ကိုင္ထားနိုင္တာမို႔ နန္းအခ်မခံရေပမဲ့ နိုင္ငံတခုလုံး ခၽြတ္ျခဳံက်ကာ လာဘ္စားမွု ဗလပြျဖစ္ခဲ့သည္။
အေထာက္ေတာ္ေတြခမ်ာ ဧကရာဇ္ကို တိုင္စာမပို႔နိုင္ပဲ ျပည္သူေတြက အရာရွိေတြရဲ့ မမွန္တဲ့ အက်င့္ပ်က္ျခစားမွုၾကား အေတာ္ ခံစားခဲ့ရသည္။
ဒီအေျခအေနကို ေျပာင္းျပန္လွန္နိုင္ခဲ့တာ ဆယ္ႏွစ္ပင္ မျပည့္ေသးေပ။ ေန႔စဥ္ စီမံရမဲ့ အလုပ္ေတြက သူ ကိုင္တြယ္နိုင္တဲ့ ပမာဏတြင္ျဖစ္ၿပီး နိုင္ငံ့အေျခအေနလဲ တည္ၿငိမ္ေနေပၿပီ။ သူ အခုမွ နိုင္ငံအုပ္ခ်ဳပ္ေရးကို လစ္လ်ဴရွုလို႔ မရေပ။ သူ ဧကရာဇ္တပါးရဲ့ တာဝန္ေက်ခ်င္သည္။
သို႔ေသာ္ သူ႔စိတ္ႏွလုံးတခုလုံးက သူဖက္လို႔မဝတဲ့ ဧကရီအေၾကာင္းျဖင့္သာ ေန႔စဥ္ျပည့္ႏွက္ေနသည္။
"ကိုယ္တို႔ အိပ္ေဆာင္ထဲ သြားမလား? ဒီမွာပဲ ေနမလား? တကယ္လို႔ မင္း အိပ္ေဆာင္ထဲ သြားခ်င္ရင္.... ညစာစားၿပီးရင္ ကိုယ္ မင္းကို ဖက္လို႔ ရလား?"
သူမ မ်က္ႏွာေပၚ အပူခ်ိန္ျမင့္လာတာကို ျမင္ရတာ ခ်စ္စရာ ေကာင္းလွသည္။ မယ္ဒီရာ ထင္ခဲ့တာက သူ႔ရဲ့ စကားလုံးေတြနဲ႔ အသားက်ေနၿပီ ထင္ခဲ့ေပမဲ့ သူကား ဆက္ၿပီး စေနဆဲပင္။
"အာ.... အိပ္...အိပ္ေဆာင္ထဲ"
"ေကာင္းၿပီ.. ကိုယ္တို႔ ညစာစားၿပီးတာနဲ႔ ကိုယ္နဲ႔အတူ ေရခ်ိဳးမယ္"
သူက ေနာက္ထပ္ အေျခအေနတခုပင္ ထပ္ထည့္လိုက္ေသးသည္။ မယ္ဒီရာ မယုံနိုင္စြာနဲ႔ ပါးစပ္ဟသြားၿပီး လိုင္လ့္ကို လူလိမ္တစ္ေယာက္လို ၾကည့္လာသည္။
လိုင္လ္ ရယ္ေမာလိုက္ကာ မယ္ဒီရာ့ႏွုတ္ခမ္းေတြကို ထပ္နမ္းလိုက္သည္။ မင္း ပါးစပ္ကို ဘာလို႔ ဒီေလာက္ အက်ယ္ႀကီး ဟထားတာလဲ? အဲ့လိုဆို ကိုယ့္လၽွာ ဝင္ဖို႔ လြယ္ေအာင္လား?
****