Match Made In Clouds

De TayDiDi

2.6M 184K 27K

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... Mais

Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details

Ep 35 (U)

45.8K 3.5K 761
De TayDiDi

ဒီလတွေထဲမှာ အာကာတို့ တစ်အိမ်လုံး တော်တော်အလုပ်ရှုပ်ကြရသည်... မကြီးရဲ့ မင်္ဂလာဆောင်အတွက်ရော သူတို့နေဖို့အိမ်အသစ်ဆောက်သည့်ကိစ္စတွေရောပါ ရှုပ်နေကြပြီး ဝဇီရာကျော်နှင့် ရာဇာတို့ပါ လိုအပ်တာတွေ လိုက်ကူပေးနေကြရသည်...

အစ်ကိုက သားသားရဲ့ အခန်းကိုစိတ်တိုင်းကျပြင်ဆင်နေပြီး သူ့အဒေါ်တွေကပါ အရုပ်မျိုးစုံ ပစ္စည်းမျိုးစုံဝယ်ထည့်လို့မပြီးကြတော့ပေ... အဖေကြီးနဲ့ အမေကပါ ဝင်ကြည့်လိုက် လိုအပ်တာတွေ အကြံပေးလိုက်နှင့် သူတို့မှာ မအားနိုင်ကြ...

အစ်ကိုကဆို အရင်ကထက်ပင် ဘုရားတရား ပိုလုပ်လာပြီး သားသား ကျန်းကျန်းမာမာနှင့် မွေးဖွားလာဖို့ အချိန်ရှိသရွေ့ ဆုတောင်းနေတော့သည်...

အာကာက ဘန်ကောက်ဆေးရုံမှ အပါတ်စဉ်လှမ်းပို့ထားသော report များ မှတ်တမ်းများကိုကြည့်ပြီး ပြုံးနေမိသည်... သားသားက ဗိုက်ထဲမှာ ၆လကျော်ပြီဆိုတော့ တော်တော်လေး ထွားနေပြီ... မှတ်တမ်း video အတိုလေးကို Family group ထဲသို့ ပို့ပေးလိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်... အိမ်နောက်ဘက် ထမင်းစားခန်းမှာ အမေနှင့် ဇေယျာ့အသံကို ကြားရသည်... ဒီအိမ်မှာ ဇေယျာက တကယ့်ကို mama boy ဖြစ်သည်... အချိန်အားတိုင်း အမေ့နားကပ်နေပြီး အမေပြောတာတွေ နားထောင်နေတော့သည်... ငယ်ငယ်ကတည်းက အမေမရှိဘဲ ကြီးပြင်းလာရတဲ့သူမို့ အာကာတို့ကလည်း ကိုယ်ချင်းစာသနားရပါသည်...

"အဲ့ဒါနဲ့ အမေက မမနာနာကို ရိုက်ရောလား"

"မရိုက်ဘူး...မရိုက်ဘူး... အမေက ရိုက်တာထက် ပိုပိုပြီး နောင်ကျဉ်သွားအောင်လုပ်တာ"

အာကာက ထမင်းစားခန်းထဲ ဝင်သွားတော့ ဇေယျာက အမေ့နားကပ်ကာ ချဥ်ပေါင်ရွက်တွေကူခြွေပေးနေသည်...

"ဘာတွေပြောနေကြတာတုန်း"

"ကွာကာ"

"ဘာ ကွာကာလဲ မင်းငါ့ကို လမ်းထိပ်က ကလေးတွေခေါ်သလို လိုက်ခေါ်နေတာ"

"အင်းလေ...ကွာကာ က ပိုခေါ်လို့ကောင်းတယ်"

"ဘာ"

"အား... အမေ့ရေ"

အာကာ ကရာတေးတို့ ဂျူဒိုတို့ ဆော့သလို ခြေထောက်ကိုမြှောက်ပြီး ဇေယျာကို မနာအောင်ကန်ပြီး စနေသဖြင့် အမေကပြောတော့သည်...

"ဪ ကဲ... So sweet ရယ် သူ့ခြေတံရှည်ကြီးနဲ့... လူက မနက်ဖြန် သဘက်ခါဆို ကလေးအဖေဖြစ်တော့မယ် အခုထိ ဆော့တုန်း"

"ဆော့မှာပဲ"

"အမေ့ အဲ့ဒါနဲ့ ဆက်ပြောပြဦးလေ"

"ဪ...အေး... အဲ့ဒါလေ အရင်က အမေတို့က ကျောက်မြောင်း သီတာလမ်းထဲမှာနေတာ... အဲ့ဒီတုန်းက ဘေးအိမ်က မိသားစုတွေက ကလေးချစ်ကြတယ်... သူတို့က အမေတို့ကလေးတွေ ကူထိန်းပေးကြတာ... အဲ့ဒါ မင်းတို့ မမနာနာက သူတို့အိမ်က ဧည့်သည်ကို ဖျော်တိုက်တဲ့ကော်ဖီကို သောက်ချင်တာ... အမေက အဲ့လိုမျိုးဆို နည်းနည်းလေးမှ မကြိုက်တာ... ကလေးတွေကို အကုန်သင်ထားပေးပြီးသား သူများအိမ်သွားလည် သွားဆော့ရင် ပစ္စည်းတွေ လျှောက်မကိုင်ရဘူး...သူများတွေ ထမင်းစား မုန့်စားဖို့လုပ်ရင် ထိုင်မျှော်မနေရဘူး အိမ်ကိုတန်းပြန်လာရမယ် လို့သင်ထားတာ"

"အဲ့ဒါကို နာနာက မပြန်လာပဲနဲ့ အငယ်လေးကို လက်ဆွဲပြီး ထိုင်မျှော်နေတာ... အမေလည်းတွေ့ရော ဘယ်ရမလဲ လာခဲ့စမ်းဆိုပြီး ဂုတ်ကနေဆွဲခေါ်လာတာ... အမေက မင်းတို့အဖေကြီးလို စကားတွေအများကြီးမပြောတတ်ဘူး... ဒီလောက်လောက်ရှိတဲ့ ဖန်ချိုင့်ကြီးနဲ့ ကော်ဖီမစ်ထုတ်တွေကို နို့ဆီတွေနဲ့ အပြည့်ကြီးဖျော်တာ"

အမေက သင်လက်စ ချဉ်ပေါင်ရွက်တွေကို လက်ကချပြီး ဖန်ချိုင့်အရွယ်အစားကို အမူအရာနှင့် လုပ်ပြသည်...

"ဖျော်လဲပြီးရော...လာခဲ့စမ်း ဒီလောက်ကော်ဖီသောက်ချင်တဲ့ဟာ ဆိုပြီး ဖန်ချိုင့်ကြီး သူ့ရှေ့ချပြီး ဒုတ်တစ်ချောင်းနဲ့ သောက်ခိုင်းတာ...သောက်...အဲ့ဒီမှာ မကုန်ရင် ရိုက်မှာ ဆိုပြီး"

"နောက်တော့ သူမသောက်နိုင်တော့ဘူးလေ... ငိုပြီးမှ အမေရယ် နာနာ နောက်ဆိုသူများအိမ် ကော်ဖီမတောင်းသောက်တော့ပါဘူးဆို ဖြစ်သွားတာ... မသိရင် အိမ်က သူ့ကို အငတ်ထားနေသလိုပဲလေ"

"အမလေး ညနေ သူ့ဖေ ပြန်လာတော့ သူ့သမီးကိုစိတ်ဒဏ်ရာ ရအောင်လုပ်ရပါ့မလားဆိုပြီး အမေနဲ့  တစ်ပွဲတစ်လမ်းပဲ နွှဲကြရသေးတာလေ... သူ့သမီးသူ သနားလုံးတွေဆို့ပြီး ချီလို့ချော့လို့ကို မပြီးတာ မင်းတို့အဖေကြီးက... ခင်ခင်မျိုးဆွေက မရဘူး အကျိုးသင့်အကြောင်းသင့် သေချာပြောပြထားပြီးလို့မှ နားမဝင်ရင် အကြမ်းကိုင်ပစ်လိုက်တာ ဦးကြည်ညွှန်းလိုတော့ မချော့တတ်ဘူး"

"အဟားဟား... မကြီးကရော အမေ့"

"မင်းတို့မကြီးကလား... အမလေး သူလဲ ဇာတ်လမ်းရှိတယ် ငယ်ငယ်က အမေ့လက်စာ ခဏခဏမိတာ... သူကကျတော့ အမေတို့ သူ့ဖေ သူငယ်ချင်းအိမ်သွားလည်ကြတာ မင်းတို့မကြီးကို ခေါ်သွားတာ... ဟိုက သမီး သန္တာ လက်ဖက်ရည်သောက်မလား လို့မေးတော့ အမေ့ကိုမော့ကြည့်တယ်... အမေက မသိမသာ ခေါင်းခါပြတော့ သူက အိမ်ရှင်ကို ငြင်းလိုက်တာ... မသောက်တော့ပါဘူး သန္တာက မုန့်နဲ့မှ သောက်တတ်တာတဲ့လေ... ငါ့နှယ်ဟယ်... အဲ့ဒီမှာ အိမ်ရှင်တွေက မုန့်တွေပါ သွားဝယ်ရရော"

အမေ့ အပြောကို ဇေယျာနှင့်အတူ ထိုင်နားထောင်ရင်း အာကာပါ လိုက်ရယ်နေမိသည်... အာကာတို့ မောင်နှမတွေက တကယ်ကို တစ်ယောက်တစ်မျိုးစီ ပွေလီခဲ့ကြသည်ပင်...

"ကေသာကြည်ညွှန်းကကျတော့ တအားဆရာမကြီးလုပ်တာ ငယ်ငယ်ကတည်းက... အမေတို့အိမ်ကို နယ်ကဧည့်သည်တွေ လာလည်ကြတာလေ အမယ်သူက ဧည့်ခံကောင်း... ပြန်ခါနီးကျတော့ ဧည့်သည်တွေကို ညအိပ်သွားပါဦးလားတွေ ဘာတွေဖိတ်သေးတာ ဒင်းက... ဧည့်သည်လင်မယားနှစ်ယောက်ကို သူက နေရာတွေစီမံခန့်ခွဲပေးနေတာ... ဦးဦးက ဘုရားခန်းမှာအိပ်... တီတီက လေးမောင်နဲ့အိပ်တဲ့လေ ပြောချလိုက်တာ... သူ့လေးမောင်ဆို မျက်နှာဘယ်နားထားရမှန်းမသိဘူး အမေတို့မှာ တောင်းပန်လိုက်ရတာဆိုတာ"

"အဟားဟား မမကေသာကတော့ ဗျာ"

"စုံလိုပါပဲဆို တကယ် တကယ်... ဟေမာကကျတော့... သူက ကာတွန်းကားတွေကြည့်ပြီး တိရိစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တာ... ကြွက်ကာတွန်းကားလေးတွေကြည့်ကြည့်ပြီး တစ်နေ့ကျောင်းက ပြန်လာတော့ လမ်းဘေးက ကြွက်သေကောင်ကြီးကို ဖက်နဲ့ထုပ်ပြီး အိမ်ယူလာလို့ပါဆို... အမေရေ... ကြွက်လေးသေသွားပြီ ဆိုပြီး... သူ့အစ်မတွေဆို အော်လိုက်ကြတာ ပွက်လောကိုရိုက်သွားတာပဲဟယ်"

"အဟားဟား... ဒါဆို ကွာကာ ကရော အမေ့"

"ဟိတ်ကောင် ဟိတ်ကောင် ငါက ဘာမှမရှိဘူး ဒီအိမ်မှာ ငါ့လောက်တည်ငြိမ်တာ ငါပဲရှိတယ်... မင်းအစ်မတွေလို မဟုတ်ဘူး"

"အမလေး ကြီးကြီးကျယ်ကျယ်ဟယ်... So sweet က ကျတော့ အရမ်းအပေါင်းအသင်းများတာ လမ်းထဲရှိသမျှ ကလေးလူကြီး အဖိုးကြီး အဖွားကြီးတွေအထိ အကုန်ပေါင်းတာ... အရမ်းလဲစပ်စုတယ်... လူက သုံးတန်းလောက်ပဲရှိသေးတယ် သူများလင်မယား ရန်ဖြစ်တာ ဝင်ဖြေရှင်းပေးနေပြီ"

"တကယ်ကြီး?"

"တစ်ရက် သူ့ကို ကုန်စုံဆိုင်မှာ ဟင်းချိုမှုန့်သွားဝယ်ခိုင်းလိုက်တာ... တော်တော်နဲ့ ပြန်ရောက်မလာလို့ အမေကနောက်ကလိုက်သွားရတာ... အမလေး ကိုယ်တော်လေးက ကုန်စုံဆိုင်က လင်မယားရန်ဖြစ်တာကို ဖျန်ဖြေပေးနေတာ... ကုန်စုံဆိုင်ကအစ်မကလည်း သူ့ပြောစရာလူမရှိဘူးနေမှာပေါ့ သူ့ယောက်ကျား မကောင်းကြောင်းတွေ So sweet ကိုရင်ဖွင့်နေတာ... သူကလည်း အိမ်ပြန်မလာဘဲ ထိုင်နားထောင်နေတယ်လေ"

"အမေကလည်း သား အဲ့ဒီအရွယ်ကတည်းက ဒါမျိုးဗဟုသုတတွေရှာမှီးခဲ့လို့ အခုကိုယ်အိမ်ထောင်သည်ဖြစ်တော့ ကိုယ့်အိမ်ထောင်ကိုယ် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်းသိတာပေါ့လို့... အခုဆိုကြည့်ပါလား ငြိမ်းအေးအိမ်လေးက အာကာကြည်ညွှန်းရဲ့ အပြောတွေအောက်မှာ ပြားပြားကိုဝပ်လို့"

"So sweet ရေ"

"ဗျာ အစ်ကို့! လာပြီ"

ထိုအချိန်မှာပဲ အိမ်ရှေ့မှ အစ်ကိုက လှမ်းခေါ်သဖြင့် အာကာ ပြာပြာသလဲလဲ ထသွားရသည်... နောက်မှ ဇေယျာနှင့် အမေ့က ရယ်ပြီးကျန်ခဲ့ကြသည်...

"အလကား လေကျယ်နေတာ အဲ့ဒီကောင်လေး... တကယ်တမ်း ငြိမ်းက တစ်ခွန်းဆို တစ်ခွန်း ပြားပြားဝပ်နေတာက သူ"

"အဟားဟား"

...........................................................................

ငြိမ်းတို့ ရဲ့ မင်းသားလေး လူ့လောကထဲကို ရောက်လာမည့်အချိန်မတိုင်ခင်လေးမှာ မကြီးနှင့် ကိုသူရတို့၏ လက်ထပ်ပွဲကို အချိန်ကိုက် စီစဉ်ဖြစ်ကြသည်... ဒါမှ နန္ဒာ ကလည်း အမေရိကားကနေ ခဏ ပြန်လာပြီး မကြီးရဲ့ မင်္ဂလာပွဲရော သားကိုရော တစ်ခါတည်းတွေ့ခွင့်ရသွားမည် ဖြစ်သည်...

မကြီးတို့ မင်္ဂလာပွဲပြီး၍ ၃ ရက်အကြာမှာပဲ ငြိမ်းတို့ တစ်မိသားစုလုံး အဖွားကိုပါ အပါခေါ်ပြီး မင်းသားလေးကို ပင့်ဆောင်ရန် ဘန်ကောက်သို့ ထွက်လာခဲ့ကြသည်...

တစ်အိမ်လုံး ကိုယ်စီ ကိုယ်စီ စိတ်လှုပ်ရှားနေကြပြီး မနေ့ညကတည်းက ညစာပင် ကောင်းကောင်း မစားနိုင်ကြချေ... အခုလည်း နားနေခန်း ပေးထားသည်ကိုပင် နားမနေနိုင်ကြဘဲ ခွဲခန်းရှေ့မှ ခုံတွေမှာ ထိုင်လိုက် လမ်းလျှောက်လိုက်နှင့် ဂနာမငြိမ်ဖြစ်နေကြရသည်...

ငြိမ်းမှာ အလွတ်ရ ထားပြီးသည့် ဘုရားစာတွေကိုပင် အယောင်ယောင်အမှားမှားနှင့် မေ့ကုန်ပြီး ရင်မှာလည်း တဒိတ်ဒိတ်နှင့်ခုန်လှုပ်နေသည်... ခုချိန်မှာ သားကို အောင်အောင်မြင်မြင်နှင့် မွေးဖွားလာနိုင်ဖို့ကလွဲပြီး ငြိမ်းခေါင်းထဲမှာ ကျန်တာအားလုံး ဗလာနတ္တိဖြစ်နေသည်... ပြောထားသည့်အချိန်ထက် နည်းနည်းပိုကြာနေသဖြင့် So sweet က ခွဲခန်းရဲ့ ပထမအဆင့် တံခါးကိုဆွဲဖွင့်ပြီး အတွင်းခန်းထဲမှအသံတွေကိုနားစွင့်နေသည်... ငြိမ်းက So sweet ဘေးနားမှာသွားရပ်လိုက်ပြီး အတွင်းခန်းဘက်ကို ကဲကြည့်လိုက်သည်... အဖေကြီးနဲ့ အမေကလည်း ခုံမှာထိုင်နေရာမှ ထလာသည်...

ထိုအခိုက်မှာပဲ အတွင်းခန်းဘက်ဆီမှ "အူဝဲ...အူဝဲ" ဆိုပြီး ပြဲလန်နေအောင် အော်ငိုသည့် အသံစာစာလေး ကိုကြားလိုက်ရသဖြင့် ငြိမ်းတစ်ကိုယ်လုံး တောင့်တင်းလို့သွားရတော့သည်...

"အစ်ကို့!"

So sweet က ငြိမ်းကိုဆွဲဖက်ကာ ရင်ချင်းအပ်ထားပြီး ထွေးပွေ့ပေးထားသည်...

"အစ်ကို...ကြားလား... သားသား ငိုနေတဲ့ အသံလေး"

"ကြားတယ် ... ကိုယ်ကြားရတယ်"

ငြိမ်းတို့နှစ်ယောက်စလုံး ရင်တွေတဒိတ်ဒိတ်ခုန်နေပြီး ငြိမ်းမှာ ဒူးတွေပင်မခိုင်ချင်တော့သဖြင့် So sweet ကိုဖက်တွယ်ထားရသည်... ငြိမ်းကိုဖက်ပေးထာသည့် So sweet ရဲ့ လက်တွေကလည်း တုန်နေကြသည်...

"အမလေး အမလေး အသံလေးကို စွာစွာတက်နေတာပဲဟယ်"

အမေက တံခါးဝနားရောက်လာကာ ပြောပြီး အဖေကြီးနဲ့ လေးမောင်က မှန်တံခါးနားတွင် ကုန်း၍ နားတွေကိုကပ် နားထောင်ပြီး ပြုံးနေကြသည်...

"အား ဟေမာ မစောင့်နိုင်တော့ဘူး အသံလေးနဲ့တင် အူယားနေပြီ အထဲကိုဝင်သွားလို့ရလား"

"နေပါဦး... ဟော... လာပြီ လာပြီ"

ခွဲခန်းရဲ့ အတွင်းတံခါး ပွင့်သွားပြီး ဆရာမတစ်ယောက်က အနှီးထုပ်လေးကို ပွေ့ယူလာသည်... ငြိမ်းတို့အကုန်လုံး အပ်ကျသံတောင် မကြားရအောင်ငြိမ်သက်သွားကြပြီး ငြိမ်းလက်ထဲကို ထည့်ပေးလာမည့် ကလေးလေးကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်... အတွင်းခန်းမှသည် အပြင်ခန်း တံခါးဆီသို့ သားကိုပွေ့ချီကာ လျှောက်လှမ်းလာသော ဆရာမ၏ ခြေလှမ်းတွေသည် ကုဋေတစ်သန်းမျှပင် တန်သည်ဟု ငြိမ်းက ခံစားနေရသည်...

သားက ငိုသံတိတ်သွားပြီး အိပ်ပျော်နေပုံရသည်... ဆရာမနှင့် ဘေးမှ တာဝန်ရှိသူဝန်ထမ်းတစ်ယောက်က ကြည်ရွှင်စွာ ပြုံးပြပြီး သားကို ငြိမ်းလက်ထဲသို့ ထည့်ပေးလာသည်...

"Congratulations ပါရှင် သားလေးကို ကျန်းကျန်းမာမာ အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့ပါတယ်"

စကားပြန်ဝန်ထမ်းက ဂုဏ်ပြုစကားဆိုသည်... ငြိမ်းနားကို မိသားစုတွေ ဝိုင်းအုံလာကြပြီး သားကို ငုံ့ကြည့်ကြသည်... အားလုံးထံမှ အာမေဋိတ်တွေပင် ထွက်လာကြပြီး So sweet ကလည်း ငြိမ်းပုခုံးကိုတင်းနေအောင် ဆုပ်ကိုင်လာသည်...ငြိမ်းမှာ ပွေ့သာပွေ့ထားရတာ ခုချိန်ထိ သားကိုသေချာမကြည့်ရဲသေးပေ...

"အစ်ကို... ကြည့်ပါဦး... ကျွန်တော်တို့ သားလေးကိုကြည့်ပါဦး အစ်ကိုရဲ့"

So sweet က ငြိမ်းရဲ့ ပုခုံးနှစ်ဖက်ကို လှုပ်ကိုင်ပြီးပြောလာမှ သားကို သေချာလေးငုံကြည့်လိုက်မိသည်... သားမျက်နှာကို မြင်လိုက်ရသောအခါ ငြိမ်းရင်ထဲမှာ အံသြမှုတွေရောယှက်ပြီး ပီတိအဟုန်နှင့် လှိုက်ခုန်နွေးထွေးသွားရသည်...

အားလုံးက အံသြသွားရလောက်အောင်ပင် သားက ချောမောလွန်းနေသည်... မွေးကင်းစကလေးလေး မှာတောင် သားရဲ့ မျက်ခုံးလေးတွေ နှာတံလေးတွေက ထင်းနေပြီး ရုပ်လုံးလေး ပေါ်နေပြီဖြစ်သည်...
ဆံပင်တွေ ကလည်းမဲနက်နေပြီး နှာတံတွေ နှုတ်ခမ်းလေးတွေက So sweet နှင့် တစ်ပုံစံတည်းဖြစ်သည်... အထူးခြားဆုံးကတော့ မျက်တောင်ရှည်တွေပင်... မှေးမှိတ်ထားသည့် မျက်ခွံလေးအောက်မှာ ညီညာနေသည့် မျက်တောင်လေးတွေက မွေးကင်းစကလေးလေးလို့ မထင်ရအောင်ပင် ရှည်လျားနေကြသည်...

သားကို ကိုယ်ဝန်ဆောင်ပေးခဲ့သည့် Data number 14 ၏ မျက်လုံးဝိုင်းဝိုင်းနှင့် မျက်တောင်ရှည်ရှည်လေးတွေကို ငြိမ်းသတိရသွားသည်... အိပ်ပျော်နေရာမှ နိုးလာမည့်အချိန်တွင် ပွင့်ဟလာမည့် သားရဲ့မျက်လုံးလေးတွေကို ငြိမ်း မြင်ချင်လှပြီ...

ဘယ်လောက်တောင် လှနေလိုက်မလဲ သားရယ်...

"ဆရာမ... Data number 14 ရော နေကောင်းရဲ့လား အဆင်ပြေရဲ့လား"

အမေနဲ့ အဖေကြီးက စိတ်ပူစွာနှင့် တာဝန်ကျဆရာမကို စကားပြန်မှ တဆင့် သတင်းမေးသည်...

"အားလုံးအဆင်ပြေပါတယ်ရှင် ကျန်းကျန်းမာမာပဲမို့ စိတ်ပူစရာမရှိပါဘူး... ကလေးလေးကို နားနေခန်း ခေါ်သွားလို့ရပါပြီ ဒီဘက်ကိုကြွပါ"

ဆေးရုံ၏စည်းမျဉ်းစည်းကမ်းအရ အငှားကိုယ်ဝန်ဆောင်ပေးသူနှင့် Client တို့တိုက်ရိုက်တွေ့ဆုံခွင့်မရှိသဖြင့် ငြိမ်းတို့မှာသတင်းမေးရုံသာမေးရသည်...

ထို့နောက် တာဝန်ကျစကားပြန်နှင့် ဝန်ထမ်းများခေါ်ဆောင်ရာနောက်သို့လိုက်သွားခဲ့ကြရသည်... သားကို လေယာဉ်စီးဖို့စိတ်ချရတဲ့အနေအထားရောက်သည်အထိ ဆေးရုံတွင် ငြိမ်းတို့က တစ်လခန့် နေကြရဦးမည် ဖြစ်သည်...

အခန်းထဲရှိ ကလေးပုခက်လေးအတွင်းတွင် အိပ်ပျော်နေသော သားကိုကြည့်၍ အားလုံးမှာ အသည်းတစ်ယားယား အူတစ်ယားယားနှင့် ဖြစ်နေကြတော့သည်...

"အား... အမေ့... အူယားလိုက်တာ အမေရယ်"

"ဟေမာ ငိုတောင်ငိုချင်လာပြီ ဘာလုပ်ရမှန်းမသိလို့"

ကေသာနှင့်ဟေမာက...သူတို့တူလေးကို... ငုံ့ကြည့်ကာ မထိရက်မကိုင်ရက် ဖြစ်နေကြသည်...

"အမေ့... နာနာတော့...ဟိုကိုပြန်မသွားချင်တော့ဘူးဘယ်လိုလုပ်ရမလဲ"

မကြီးကတော့... ပီတိတွေဖြာနေသောမျက်နှာနှင့် ခုချိန်ထိပင် စကားမပြောနိုင်သေးပေ... လေးမောင်က အနားသို့ရောက်လာပြီး...

"ဟေ့...ဟေ့...ညည်းတို့နော်... ကလေးကိုအရမ်းလက်ကြီးတွေနဲ့... လျှောက်မကိုင်ကြနဲ့... နှာခေါင်းကြီးတွေနဲ့လည်း မနမ်းကြနဲ့နော်... ကလေးအသားကနုနုလေးရယ်"

"အင်းပါ...လေးမောင်ရဲ့"

အဖေကြီးကတော့ သူ့မြေး မျက်နှာလေးကိုအရှေ့ကလာပြီးငုံ့ကြည့်လိုက်... ဘေးကပတ်ပြီးကြည့်လိုက်... အမျိုးမျိုးလှည့်ပတ်ကြည့်ပြီး... ပီတိတွေဖြာနေတော့သည်...

"ငါ့မြစ်ကလေးက ချောလိုက်တာဟယ်"

"ဟုတ်တယ် နော် အဖွားရယ်... ကေသာနဲ့တူတာနေမှာ"

"တစ်ခြားစီကိုအေ"

"ကိုအာကာနဲ့ ချွတ်စွပ်လေးနော် အမေ့"

ဇေယျာကလည်း သားကို ငုံကြည့်ပြီး ပြုံးနေသည်... So sweet က ငြိမ်းရဲ့အနောက်မှာလာရပ်နေပြီး ငြိမ်းရဲ့ခါးကို လက်နှစ်ဖက်နှင့်သိုင်းဖက်လာသည်...

"ပျော်လား...အစ်ကို"

"အင်း"

"သားသားရဲ့မျက်တောင်လေးတွေ ရှည်နေတာကအစ်ကိုနဲ့တူတယ်နော်"

"အဟင်း"

ငြိမ်းရယ်လိုက်မိသည်... ဟုတ်ပေသားပဲ... ငြိမ်းရဲ့မျက်တောင်တွေကလည်း သာမန်ထက်နည်းနည်းပိုရှည်ကြသည်...

"သားမျက်လုံးလေးတွေ...ဖွင့်လာတာကို...မြင်ရဖို့ကိုယ်မစောင့်နိုင်တော့ဘူး"

"အစ်ကိုဒီနားမှာ ခဏလာထိုင်ပါဦး... သားကအကြာကြီးအိပ်ဦးမှာ"

ဆရာမက သားကိုနို့ဘူးဖျော်တိုက်သည်... သားက မျက်လုံးတွေဖွင့်မလာသော်လည်း နို့ဘူးကိုတော့ နှုတ်ခမ်းလေးချွန်၍ တစ်ပြွတ်ပြွတ်နှင့် စုပ်နေသည်... ရှုးရှူးတွေ အီအီးတွေပါပြီး ငိုသော်လည်း ကိုယ်တော်ကပ်စီးနှဲလေးက ခုထိကိုမျက်လုံးဖွင့်မလာသေးပေ...

သူ့အဖိုးအဖွားတွေနှင့် အဒေါ်တွေက မခွဲနိုင်မခွါရက်နှင့် ဟိုတယ်သို့ ပြန်သွားကြပြီး... ညနေမှ တစ်ခေါက်ပြန်လာကြည့်ကြမည်ဖြစ်သည်... သားနားတွင် ငြိမ်းနှင့် So sweet တို့နှစ်ယောက်သာ ကျန်ခဲ့ကြပြီး So sweet အိမ်သာဝင်နေတုန်း ငြိမ်းက သားကို မျက်တောက်မခတ်တမ်း ထိုင်ကြည့်နေမိသည်...

ငြိမ်းကြည့်နေစဥ်မှာပင် မင်းသားလေးက တွန့်လိမ်ပြီး အပျင်းကြောဆန့်လာသည်... ငြိမ်းစိတ်လှုပ်ရှားစွာနှင့် အနှီးစလေးကို အသာဖွင့်ဟပေးလိုက်တော့ နီရဲရဲ လက်သီးဆုပ်လေးများက ဆန့်တန်းလာကြသည်... ငြိမ်း သဘောကျစွာနှင့် သားရဲ့ လက်သီးဆုပ်သေးသေးလေးကို လက်ညှိုးနှင့်တို့ကြည့်လိုက်သည်... ခဏကြာတော့ သားက မျက်လုံးလေးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ကာ ဖွင့်ဟလာကြသည့် ခဏ၌ ငြိမ်းရဲ့ ကမ္ဘာကြီးရပ်တန့်သွားရတော့သည်...

"လှလိုက်တာ"

"မျက်လုံးလေးတွေက ဝိုင်းစက်နေပြီး လှလိုက်တာ သားရယ်"

ငြိမ်း အံ့သြမှင်သက်နေမိစဥ်မှာပဲ ရေချိုးခန်းတံခါးဖွင့်သံနှင့်အတူ So sweet က ထွက်လာသည်...

"အစ်ကို... သားသား နိုးနေပြီလား"

ငြိမ်းက So sweet ကို မြန်မြန်လာကြည့်ရန် အမူအရာနှင့် လက်ယပ်ခေါ်လိုက်တော့ ငြိမ်းအနားကို စွေ့ခနဲ ရောက်လာသည်... သားကိုမြင်တော့ စိတ်လှုပ်ရှားစွာနှင့် ငြိမ်းလက်ကို ဆုပ်ကိုင်လာပြီး...

"ဟား... သားသားက မျက်လုံးလေးတွေက လှလိုက်တာ အစ်ကိုရယ်"

So sweet က ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းကို ခပ်သွက်သွက် ထုတ်ယူပြီး Family group call ခေါ်လိုက်သည်... ခပ်လှမ်းလှမ်းမှနေ၍ video call နှင့်ပြတော့ တစ်ဖက်မှ မိသားစုတွေက ဆူညံစွာအော်ဟစ်နေကြတော့သည်...

သားက စနေသားလေးဖြစ်သည်... မွေးမည့်ရက်ကိုသိပြီးကတည်းက ငြိမ်းကိုယ်တိုင် သားအတွက်နာမည်ရွေးထားပေးပြီးသား ဖြစ်သည်...

အဖေကြီးကလည်း ဟိုတယ်မပြန်ခင်လေးကမှ သူ့မြေးအတွက် အိမ်နာမည်လေးကို ချက်ချင်းပေးသွားခဲ့သေးသည်... သားကိုမြင်လိုက်ရတဲ့သူတိုင်းက "ဟာ" ချောလိုက်တာဆိုပြီး အံသြ ပျော်ရွှင်နှစ်သက်သွားကြရသည့်အတွက် အဖေကြီးပေးသွားသည့် အိမ်နာမည်လေးက ...

"Wonderful" တဲ့...

သားရဲ့ ပါးနုနုလေးကို ငြိမ်း လက်ညှိုးလေးနဲ့ အသာအယာပွတ်ဆွဲလိုက်ပြီး ပြုံးနေမိသည်...

ဖေဖေနဲ့ ပါးပါးတို့ ဘဝထဲကိုရော ကြည်ညွှန်း Family ကြီးတစ်ခုလုံးဆီကိုရော တကယ်ပင် နှစ်သက်ပျော်ရွှင်စရာတွေကို ယူဆောင်လာပေးခဲ့သည့် မင်းသားငယ်လေး...

"Wonderful" ခေါ်  "ထည်ဝါကြည်ညွှန်း"

...........................................................................

Time Skip >>>>>  4 years later !

"ဟယ်... ဝမ်းဖိုး ရေ... ဘာလို့ပန်းပင်ကို ရှုရှုးတွေနဲ့ ပန်းနေရတာလဲ!!"

"ဝမ်းဖိုးမှာ ရေမရှိလို့ တီတီလေးရဲ့"

"ရေမရှိတာနဲ့ ဘာဆိုင်လို့လဲ ဝမ်းဖိုးရဲ့"

"မေမေကြီးက ဝမ်းဖိုးကိုပြောထားတယ် ပန်းပင်လေးတွေ ညှိုးနေရင် ရေလောင်းပေးရတယ်တဲ့... မလောင်းရင် ပန်းပင်လေးက သေသွားမှာတဲ့ တီတီလေးရဲ့"

"ဟယ်တော်... ငါစိတ်ညစ်တယ်... ပန်းပင်လောင်းဖို့ ရေမရှိတာနဲ့ ရှူးရှူးနဲ့ပန်းပေးတာပေါ့... အမလေး... မောင် Wonderful ရယ်... ကယ်တင်ရှင်ကြီး... ကိုကြီးငြိမ်းရေ!!! ဒီမှာ ဝမ်းဖိုးရယ်လေ"

"တီတီလေးနော် ဘာလို့ ပါပါးကိုတိုင်တာလဲလို့... မေမေကြီးရေ!! ဒီမှာ တီတီလေးရယ်လေ"

ခြံထဲဆီမှ ဆူဆူညံညံ အသံတွေကြောင့် ငြိမ်းအိမ်ပြင်သို့ ထွက်လာခဲ့ရသည်... ထုံးစံအတိုင်း သားတော်မောင် ကဲစိန်လေးက သူ့အဒေါ်တွေနှင့် ရန်ဖြစ်နေကြပြန်ပြီ... သားက ငြိမ်းကိုတွေ့တော့ ပြေးလာသည်...

"ပါပါးရေ"

ငြိမ်းက သားကိုဆီးပွေ့လိုက်ပြီး အခြေအနေကိုမေးရသည်... ဟေမာက ငြိမ်းကိုတိုင်တော့ ငြိမ်းမှာရယ်ချင်တာကို အောင့်ထားပြီး မျက်နှာကို ခပ်တည်တည်လုပ်ကာ သားကိုသေချာရှင်းပြရသည်...

"ပန်းပင်လေးတွေ ညှိုးနေရင် ရေပဲလောင်းပေးရတယ်သားရဲ့... တစ်ခြားဟာတွေလျှောက်မလောင်းရဘူး... ရှူးရှူးတွေက ညစ်ညစ်ပတ်ပတ်ကြီးတွေလေနော်... သားတောင် ရွံသေးတာ ပန်းပင်လေးတွေက ဘယ်ကြိုက်မလဲ... လာ... ဟိုးမှာ ရေပိုက်ယူပြီး ပါးပါးတို့ ပြန်ဆေးပေးကြမယ်နော်"

"ဟုတ် ပါပါး"

သားက အခုဆို ၄ နှစ်ပြည့်ခါနီးပြီ... IQ က အရမ်းမြင့်လွန်းလို့ စကားတွေကိုလည်း အစောကြီးကတည်းက ပီပီသသပြောတတ်နေပြီး တစ်ခါတရံ အခုလိုတွေ ချော်တောငေါ့ပြီး ပေါက်ကရလေးတွေလဲ လုပ်တတ်သေးသည်... အဖေကြီးနဲ့ အမေ့ကို ဖေဖေကြီးနှင့် မေမေကြီးလို့ ခေါ်ပြီး လေးမောင်ကို "လေးမောင်" ဟုပင်ခေါ်သည်မှာ ဘယ်သူမှပြင်ပေးလို့မရပေ...

သူ့အဖေလိုပဲ တိမ်တွေကိုသဘောကျသည်...
သူ့အဖေလိုပဲ ငြိမ်းကိုဆို သည်းသည်းလှုပ်သည်...
သူ့အဖေလိုပဲ ငြိမ်းစကားကို နားထောင်သည်...
သူ့အဖေလိုပဲ ငြိမ်းကို မျက်စိအောက်က အပျောက်မခံတတ်ပေ...

သား ၆လ သားလောက်ကတည်းက So sweet က လမ်းထွက်သည်နှင့် သူ့သားကို တိမ်တွေ လက်ညှိုးထိုးပြီး ပြတတ်လွန်းသဖြင့် သားက အခုဆို နေ့တိုင်း အိမ်ပြင်ထွက်ပြီး တိမ်တွေကို မော့ကြည့်ကာ အရုပ်ပုံဖော်တတ်နေပြီ... မိုးတွေဆက်တိုက်ရွာသော နေ့တွေဆို တိမ်တွေကို မတွေ့ရသဖြင့် စိတ်မကောင်းဖြစ်တတ်နေပြီ...

"ပါးပါးရေ ဒီနေ့တော့ မိုးတွေရွာပြန်ပြီ"

"ဝမ်းဖိုး မိုးရွာတာကို မကြိုက်ပါဘူး ပါပါးရယ်"

စသည်ဖြင့် ငြိမ်းကို တတွတ်တွတ်နှင့် ပြောနေတတ်သေးသည်... သူ့အဒေါ်တွေက သားရဲ့အိမ်နာမည် Wonderful ကို ချစ်စနိုးနဲ့ အတိုကောက် ဝမ်းဖိုး လို့ခေါ်တတ်ကြသဖြင့် သားက သူ့ကိုသူ ဝမ်းဖိုးလို့ပြောတာ အကျင့်ပါနေသည်... တိုက်တိုက်ဆိုင်ဆိုင် သားကို မွေးပေးခဲ့သော ကောင်မလေးရဲ့ ဆေးရုံ Data number ကလည်း 14 ဖြစ်နေသဖြင့် ငြိမ်းမှာ ဝမ်းဖိုးဆိုသည့်နာမည်လေးကို အမှတ်တရတစ်ခုအဖြစ် သဘောကျရသေးသည်...

So sweet က သားကို ၃ နှစ်ကျော်လောက်ကတည်းက စပြီး သူ့ကိုဘယ်လိုနည်းနဲ့ မွေးဖွားလာကြောင်းထည့်ထည့်ပြီး နည်းနည်းချင်းစီ ပြောပြထားသည်... သားကို ဘန်ကောက်က ပြန်ခေါ်လာပြီးကတည်းက ငြိမ်းကိုယ်တိုင်ပဲ ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ပေးခဲ့သဖြင့် သားက ငြိမ်းကို ပိုပြီးခင်တွယ်သည်... အဲ့ဒီလိုဖြစ်အောင်လည်း တစ်အိမ်လုံးက ဦးတည်လမ်းကြောင်းပေးထားခဲ့သည်...

အဖေကြီးနှင့် အမေကအစ တစ်ခုခုဆို သားရှေ့မှာ ငြိမ်းကိုရှေ့တန်းတင်ပြီး ဦးစားပေးပြသည်... သူ့အဒေါ်တွေကလည်း သားဆိုးတာလေးတွေရှိရင် ကိုယ်တိုင်ဆူတာထက် ငြိမ်းကိုတိုင်ကြသည်... သားနှင့်ပတ်သက်ရင် ငြိမ်းကပဲ အဓိက အခရာ အဖြစ်သားက သဘောပေါက်လာသည်အထိ ဖြည်းဖြည်းချင်းလေ့ကျင့်ထားပေးသည်... ငြိမ်းရဲ့ သွေးသားမပါဘူးလို့ သားနားလည်လာသည့်အချိန်မှာ သားစိတ်ထဲ ငြိမ်းနှင့်ပတ်သက်ပြီး နည်းနည်းလေးမှ စိတ်မထင့်စေရန် ခုအရွယ်လေးကတည်းက ဝိုင်းပြီးလေ့ကျင့်ပေးထားကြသဖြင့် တစ်အိမ်လုံးကို ငြိမ်းက ကြည်နူးစွာကျေးဇူးတင်ရပါသည်...

So sweet ကလည်း သားရှေ့မှာ ငြိမ်းစကားကို နားထောင်ပြသည်... ငြိမ်းကိုပိုပြီး အလေးထားပြသည်... ငြိမ်းကို သားထက်ပိုပြီးသည်းသည်းလှုပ်ပြသည်... သားကလည်း အခုဆို အားကျမခံ သူ့အဖေနှင််ပြိုင်ပြီး ငြိမ်းကိုလုတတ်နေပြီဖြစ်သည်...

"အစ်ကို"

So sweet က ခုတင်ပေါ်တက်လာပြီး ငြိမ်းပုခုံးပေါ်မျက်နှာအပ်ကာ လာမှီသည်... သူတစ်ခုခုလိုချင်ပြီဆို ဒီလိုမျိုးလုပ်နေကျပင်...

"ပါပါးရေ"

ခေါ်သံလေးနှင့်အတူ ပုံပြင်စာအုပ်တစ်အုပ်ကိုပိုက်ကာ အခန်းထဲဝင်လာသောသားကို သူ့အဖေက မျက်မှောင်ကျုံ့ပြီးကြည့်လိုက်သည်... သားက ခုတင်ပေါ်ဖက်တက်နေတော့ So sweet က ကူပြီးဆွဲတင်ပေးရသည်... သားက ငြိမ်းရဲ့ ဘယ်ဘက်ဘေးမှာ ဝင်ထိုင်ပြီး ငြိမ်းကို သူ့အဖေနည်းတူ မှီတွယ်လာသည်...

"ဝမ်းဖိုး ဘာလာလုပ်ပြန်တာလဲလို့... ဒီနေ့ မင်း တီတီကေသာ ပုံပြင်ဖတ်ပြရမဲ့အလှည့်လေ... သွား... မင်းပါပါး အလှည့်မဟုတ်ဘူး"

"ဝမ်းဖိုးသိပါတယ် ဖေဖေရဲ့... တီတီကေသာက ရေချိုးနေတုန်းမလို့ ပါပါးဘာလုပ်နေလဲလို့ ဝမ်းဖိုးက လာကြည့်တာပါ"

"အေး... အခုကြည့်ပြီးပြီမဟုတ်လား ပါပါးနဲ့ ဖေဖေနဲ့ ဒီမှာလုပ်စရာရှိလို့ သွားတော့"

"ပါပါးရေ တွေ့လား ဖေဖေက ဝမ်းဖိုးကို သွားခိုင်းပြန်ပြီ... ဖေဖေက ပါပါးကိုဘာလုပ်မှာလဲလို့... ဝမ်းဖိုးက ခဏလေးပဲနေမှာလေလို့... ဖေဖေ ခဏဖယ်ပေး"

"မဖယ်ပေးနိုင်ပါဘူး... ဝမ်းဖိုးက တစ်နေကုန် ပါပါးနားနေရတာ ဖေဖေက အခုမှကပ်ရတာကို... သွား သားသားဖယ်ပေး"

ငြိမ်းက အသံထွက်၍ပင် ရယ်လိုက်မိသည်... So sweet နဲ့ သားက သူတို့နှစ်ယောက်တည်းဆို အရမ်းတည့်ကြပြီး ငြိမ်းနားကပ်ပြီဆို ရန်ဖြစ်ကြသည်မှာ အမြဲလိုလိုပင်...

သားရဲ့ ချစ်စရာ အမူအကျင့်လေးက လေသံပျောလေးနှင့် သူလိုရာကို ဆွဲ၍မရရအောင်ပြောတတ်သည်... လူတွေကို ခေါ်လိုက်လျှင်လည်း ပါပါးရေ... ဖေဖေရေ... တီတီလေးရေ... ဖေဖေကြီးရေ စသည်ဖြင့် နာမည်နောက်ကနေ "ရေ" ဟု ဆွဲဆွဲငင်ငင်လေးထည့်ခေါ်တတ်သည်... ပြီးရင် သူ့အဖေလို စကားရဲ့ အဆုံးသတ်မှာ "လို့" ဆိုပြီးပြောတတ်တာလေးကို ကြားရသူတိုင်းက အူယားကြရသည်...

ခေါင်းမာသည့် သားအဖနှစ်ယောက်က မဖယ်ပေးကြဘဲ ငြိမ်းရဲ့ တစ်ဖက်တစ်ချက်မှာ ကပ်ပြီးမှီတွယ်နေကြတော့သည်...

"ကဲ... မင်းတိုနှစ်ကောင်လုံး အခုလိုတွေ အီနေကြရင် ပါပါးက ဘယ်လိုအလုပ်သွားလုပ်ရတော့မှာလဲကွ"

"အလုပ်က ဖေဖေလုပ်လိမ့်မယ် ပါပါးရယ်"

"ဘာကွ... လူလည်ကောင် မင်းလာခဲ့...မင်းအဒေါ်တွေဆီသွား"

So sweet က သားကို ကောက်ပွေ့ပြီး ကလိထိုးရင်း ပုခုံးပေါ်ထမ်းကာ အခန်းအပြင်သို့ခေါ်သွားတော့သည်...

"အား....ဖေဖေ့...ခိခိ...ယားတယ်လို့... ပါပါးရေ ကယ်ပါဦး"

ဆူညံနေသော သားအဖနှစ်ယောက်ကို ကြည့်ပြီး ငြိမ်းပြုံးနေမိသည်... ပြီးရင်တော့ အဖေလုပ်သူက ပြီးခဲ့သည့်အပါတ်က ငြိမ်းသူ့ကို ပစ်ထားမိသဖြင့် ငြိမ်းကို တစ်ညလုံးဂျီကျပေလိမ့်ဦးတော့မည်....

So sweet က လုပ်ငန်းခွင်မှာ အများကြီး ရင့်ကျက်လာသော်လည်း အိပ်ခန်းထဲတွင်တော့ လွန်ခဲ့တဲ့ ၅ နှစ်က အဆိုးကောင်လေးအဖြစ် မပြောင်းလဲစွာ ငြိမ်းအပေါ် ဆိုးမြဲ ဆိုးနေဆဲပင်ဖြစ်သည်...

.............................................................................

အာကာ သားကိုမူကြိုကနေသွားကြိုလာပြီး ရုံးကိုခေါ်လာခဲ့သည်... သားက ရုံးခန်းထဲမှာ ထိုင်ပြီး ဖုန်းကြည့်နေသည်...

"ဟင်... သားသား... ဝမ်းဖိုး... လာဦး... ဖေဖေ့ကိုကြည့်စမ်း"

သားက Youtube ကြည့်ရင်း မျက်လုံးကို ခဏခဏ မှိတ်တုတ်မှိတ်တုတ် လုပ်နေသဖြင့် အာကာစိတ်ပူသွားရသည်... သားကို အစ်ကိုက ဖုန်းအမြဲပေးမကြည့်ပေမဲ့ စာအုပ်တွေတော့ သားက ခဏခဏယူယူပြီး ကြည့်တတ်သည်...

"သားသား ဘာလို့လဲ... မျက်လုံးက ယားလို့လား"

"ဝမ်းဖိုး သေချာမကြည့်ရလို့ ဖေဖေရဲ့"

"သားသား သေချာမမြင်ရတာကို ပြောချင်တာလား ဟုတ်လား"

သားက ခေါင်းညိတ်ပြသည်... အာကာ သားကို ချက်ချင်းကောက်ချီလိုက်ပြီး အစ်ကို့ကို ဖုန်းခေါ်ရတော့သည်...

"အစ်ကိုရေ့...ရုံးအောက်မှာ ဆင်းစောင့်နေဦး ကျွန်တော် လာခေါ်မယ်... သားကို မျက်စိဆေးခန်းသွားပြရမယ်... အင်းအင်း... အရမ်းလဲ စိတ်မပူပါနဲ့"

အစ်ကို့ကိုဝင်ခေါ်ပြီး ဆေးခန်းရောက်တော့ အာရုံကြောကြောင့်ဖြစ်တာဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ခဏတော့ မျက်မှန်တပ်ရမည်ဟုပြောသဖြင့် အာကာတို့ စိတ်မကောင်းဖြစ်ကြရသည်... အစ်ကိုကဆို သူဂရုစိုက်နေသည့်ကြားက ဖြစ်ရတာဆိုပြီး တော်တော်လေး ကိုဝမ်းနည်းနေသဖြင့် အာကာက နှစ်သိမ့်နေရသေးသည်...

"သားမျက်လုံးလေးက လှလှလေးကိုကွာ"

"ခဏပါ အစ်ကိုရဲ့ ကြီးလာရင် မလိုတော့ပါဘူး"

သားအတွက် မျက်မှန်လုပ်ရကြောင်းကို အိမ်ကလူတွေကို လှမ်းပြီးအကြောင်းကြားတော့ အိမ်မှာ ပွက်လောရိုက်ကုန်ကြတော့သည်... နိုင်ငံခြားက ဇေယျာနှင့် မမနန္ဒာတို့ကလည်း ဖုန်းတွေခေါ်လာကြသည်...

"သား... လာ ဒီနေ့ ပါပါးရယ် ဖေဖေရယ် သားရယ် မျက်မှန်တူတူတပ်ကြမယ်နော်... သား စာတွေ သေချာမြင်ရအောင်လို့နော်"

"ဟုတ်ကဲ့ ပါပါး... ဝမ်းဖိုးက ဖေဖေကြီးနဲ့တူသွားပြီနော်...ဖွားဖွားကြီးနဲ့ရော လေးမောင်နဲ့ရော တူသွားပြီနော် ပါပါး"

"ဟုတ်တာပေါ့ကွ"

အာကာနှင့် အစ်ကိုကပါ သားနှင့်တူတူဖြစ်အောင် ပါဝါမပါသော မျက်မှန်တစ်လက်စီ ဝယ်ပြီးတပ်လိုက်ကြသည်... သားကို ချက်ချင်းကြီး သူတစ်ယောက်တည်း အားနည်းချက်ဖြစ်နေသည်ဟု မထင်စေရန်ဖြစ်သည်...

အာကာတို့ အိမ်ပြန်ရောက်တော့ မမကေသာက မျက်မှန်ကြီးတပ်ပြီး အိမ်ထဲမှ ပြေးထွက်လာကာ သားကိုကောက်ချီသည်...

"တီတီ့အချစ်ကလေးက မျက်မှန်လေးနဲ့ ချောလိုက်တာကွာ... ဒီမှာကြည့်ပါဦး တီတီလည်း အချစ်လေးလို ချောချင်လို့ မျက်မှန်လိုက်တပ်ထားတာ"

"ဟော wonderful လေး ပြန်လာပြီ"

အိမ်ထဲမှ ထွက်လာသော အမေကလည်း မျက်မှန်ကြီးတပ်ထားသဖြင့် အာကာနဲ့ အစ်ကိုက ရယ်လိုက်မိသည်... အဖေကြီးနှင့် လေးမောင်ကတော့ နဂိုကတည်းက မျက်မှန်တပ်ရသူတွေမို့ ထွေထွေထူးထူးတပ်စရာမလိုပေ...

အိမ်ရှေ့မှ ကားဟွန်းတီးသံနှင့် အတူ မကြီးကရောက်ချလာသည်... သူတပ်လာသည့် မျက်မှန်ကြီးကမှ အဖြူရောင်ကိုင်းကြီးပါ ပါလိုက်သေးသည်...

"တီကြီး ကလေးလေး...လာပါဦး ဒီမှာ တီကြီးမှာလဲ ဝမ်းဖိုးလိုပဲ မျက်မှန်နဲ့"

မကြီးက သားကို ဖက်ထားပြီး စိတ်မကောင်းဖြစ်နေသည်... ငါ့ကလေးလေးကိုမှ ဖြစ်ရတယ်လို့ ဟု တတွတ်တွတ်ပြောနေတော့သည်...

"ပါးပါးရေ ကြီးကြီးမှာလည်း ဝမ်းဖိုးလိုပဲ"

သားက မကြီးအိဖြူလက်ကို ဆွဲကာထွက်လာပြီး အစ်ကို့ကိုအော်ပြောသည်... အာကာကြည့်လိုက်တော့ မကြီးအိဖြူမှာလည်း မျက်မှန်ကြီးနှင့်...

"ဝမ်းဖိုးရေ ပေါက်ပေါက် ပြန်လာပါပြီ"

အိမ်ရှေ့မှ အော်သံနှင့်အတူ မမဟေမာက ပေါက်ပေါက်ကို ဆွဲပြီးပြန်လာပုံကိုကြည့်၍ အာကာ အော်ရယ်လိုက်မိတော့သည်... မမဟေမာကလည်း မျက်မှန်ကြီးတပ်ထားပြီး ပေါက်ပေါက်မှာပါ မျက်မှန်နှင့်ဖြစ်သည်...

"ယေ့ယေ့... ပေါက်ပေါက်မှာလည်း မျက်မှန်ရှိပြီ... ဝမ်းဖိုးတို့ တူတူပဲဟေ့... နော် ဖေဖေ့"

သားက လက်ခုပ်တီးကာ ခုန်ပေါက်ပြီး ပျော်နေပေမဲ့ လူကြီးတွေက မျက်နှာမကောင်းကြပေ... မမကေသာက သက်ပြင်းချပြီး လေသံတိုးတိုးနှင့်ပြောလာသည်...

"တစ်ခုတော့ ကောင်းပါတယ်... ဝမ်းဖိုးမျက်လုံးလေးက တအားလှတော့ တစ်ခုခုဆို ထိခိုက်မိမှာစိုးရိမ်နေရတာ...အခုတော့ မျက်လုံးရှေ့မှာ မျက်မှန်လေးကာနေတော့ အကာကွယ်ရှိပြီးသား ဖြစ်တာပေါ့"

"ခဏပါကွယ်... အခုက အရမ်းငယ်သေးလို့...နည်းနည်း ကြီးလာရင် လေဆာတို့ဘာတို့နဲ့ လုပ်ပေးမှာပေါ့"

"ငါတို့ အချစ်ကလေးက မျက်မှန်လေးနဲ့မှ ပိုချောသွားတာ"

"ဟော... group call ခေါ်နေပြီ... ဝမ်းဖိုးရေ... တီတီနာနာ တို့ခေါ်နေပြီ... ဒီကိုလာတော့"

ညနေဆို မမနန္ဒာတို့က ဝမ်းဖိုးနဲ့ စကားပြောဖို့ group call ခေါ်နေကျဖြစ်သည်... အာကာဝင် join လိုက်တော့ ဇေယျာနှင့် မမနန္ဒာကပါ မျက်မှန်ကြီးတွေနှင့်...

မော်မော် အပြင်ကပြန်လာရင်လည်း မျက်မှန်ကြီး ပါလာဦးမည်မှာ မြေကြီးလက်ခတ်မလွဲပင်...

(Photo Credit from Pinterest)
.............................................................................
<3 DiDi Zaw
(18/01/2023)

နောက်တစ်ပိုင်းကျရင် IQ အရမ်းမြင့်တဲ့ 5 နှစ်သား Youtuber လေး "Wonderful" ခေါ် "ထည်ဝါကြည်ညွှန်း" ရဲ့ အမွှေအနှောက်လေးတွေနဲ့ youtube videos making လေးတွေကိုကြည့်ပြီး ကြည်ညွှန်း Family ကြီးကို နှုတ်ဆက်ကြမယ်နော် ❤️❤️❤️

Continue lendo

Você também vai gostar

804K 68.9K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
959K 75.4K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
39.5K 1.3K 68
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒ...
491K 37.5K 50
ဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူ...