Match Made In Clouds

By TayDiDi

2.6M 184K 27K

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... More

Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details

Ep 34 (Z)

10.9K 357 10
By TayDiDi

"Yangon International Airport "

မိသားစုတွေ အကုန်လုံးက ဟန်လုပ်ပြီးပြုံးနေကြမှန်း အရမ်းသိသာလွန်းနေသည်... လေးမောင်က ဟာသတွေလျှောက်စနေပေမဲ့ ရယ်နေကြသော အားလုံးရဲ့ မျက်နှာတွေမှာ အသက်မပါကြပေ...

"မီးလတ်...ဝင်တော့လေ... သမီး နောက်ကျနေဦးမယ်"

အဖေကြီးရဲ့ သတိပေးသံကြောင့် အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်...

"အထဲရောက်ရင် ဖုန်းခေါ်ဦးနော် မီးလတ်"

"ဟုတ် အဖေကြီး"

အဖေကြီးက မမနန္ဒာကို လက်တစ်ဖက်နှင့်ဖက်ပြီး ခေါင်းကို ငုံ့နမ်းလိုက်သည်...

"ငါ့သမီး အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ အဖေကြီးကယုံတယ်... အဖေကြီးမှာထားတာ မှတ်မိသေးလား"

"ဟုတ်... နာနာ ဟိုမှာ သူများတွေနည်းတူ လွတ်လပ်လို့ရတယ်...ပွင့်လင်းလို့ရတယ်...ဒါပေမဲ့ လွတ်ထွက်သွားလို့မရဘူး... လူဆိုတာ ကိုယ်မွေးဖွားရှင်သန်ရာ ဇာတိမြေရဲ့ ဓလေ့ထုံးတမ်းတွေကို ဘယ်နေရာရောက်ရောက် အလေးထားရမယ်... နာနာ မှတ်ထားပါတယ် အဖေကြီးရဲ့"

"အဖေကြီး သမီးက တော်ပြီးသားပါကွ"

"အမေ့... နာနာက အမေ့ကို နေ့တိုင်းဖုန်းခေါ်မှာနော်"

"ခေါ်ရမှာပေါ့ ငါ့သမီးကလည်း...ကျန်းမာရေး ဂရုစိုက်နော် သမီး...ကျန်းမာရေးက အဓိကပဲ"

မမနန္ဒာက အမေ့ကိုဖက်ပြီး အမေ့ပါးကို နမ်းလိုက်သည်... ထို့နောက် အမေ့ဘေးတွင်ရပ်နေသော လေးမောင်ကိုဖက်လိုက်သည်...

"လေးမောင်... ကျန်းမာရေးဂရုစိုက်နော် တူတွေ တူမတွေကို ဆူတာနည်းနည်းလျှော့...ပိုပြီးအိုစာနေမယ်"

"အောင်မာ...ငါက ညည်းတို့နဲ့ နေမှ ပိုအိုစာတာ သွေးတွေတက်ရလွန်းလို့"

လေးမောင်က မမနန္ဒာ့ကျောကိုပုတ်ပေးရင်း သူ့ထုံးစံအတိုင်း ဘုကန့်လန့် နှုတ်ဆက်သည်... မမနန္ဒာက လေးမောင်ပြီးတော့ မကြီးကိုဖက်လိုက်ပြီး...

"အား... ငါ့ရဲ့ တစ်ဦးတည်းသော အစ်မ... နံရိုးပေါင်းခေါက်ဆွဲ မဝယ်လာမိလို့ ငိုတဲ့နေ့တွေကို လွမ်းရတော့မယ်ကွာ... နာနာက ဖုန်းဆက်ပြီး မကြီးနဲ့ ရန်ဖြစ်ဦးမှာနော်"

"အပိုတွေ...နင့်ဟာနင်ပဲ အားလပ်ချိန်ရအောင် အရင်လုပ်ဦး...ငါလာလည်ရင် ဟိုက အစားအစာ ထူးထူးဆန်းဆန်းတွေ လိုက်ကျွေးဦးနော်"

"အင်းပါ အဟားဟား"

"လာပါဦး... တစ်အိမ်လုံးက အမွှေစိန်နှစ်ယောက်... လေးမောင်ကို သွေးတွေတက်အောင် မလုပ်ကြနဲ့နော်"

မမနန္ဒာက အာကာနှင့် မမကေသာကို နှစ်ယောက်ပူး၍ ဖက်ပြီးနှုတ်ဆက်သည်...

"ကေသာတို့ လာလည်မှာနော် မမနာနာ"

ထို့နောက် မမနန္ဒာက အမေ့နောက်မှာကပ်နေသော အငိုမင်းသမီးလေးကို အတင်းဆွဲထုတ်ပြီးဖက်ရသည်...

"ပူတူးက ငိုတယ်ဟေ့... ငါ့ညီမလေးက အငိုသန်လေး... အဲ့ဒါကြောင့် အမေက အိမ်မှာ ဥ ထားတာ... အမေတို့နားနေပြီး အမေ့တို့ကို စောင့်ရှောက်နော်"

"အင်းပါ... မကြီး မင်္ဂလာဆောင်ကျရင် မမနာနာ ပြန်လာခဲ့ဦးနော်"

"လာမှာပေါ့"

မမဟေမာကို နှုတ်ဆက်ပြီး မမနန္ဒာက အစ်ကို့ကို ဖက်လိုက်သည်...

"So sweet ကိုစိတ်ချမယ်နော် ငြိမ်း"

"အင်း...ကျန်းမာရေး ဂရုစိုက်ဦး"

ထို့နောက် မမနန္ဒာက ဇေယျာ့ဘက်သို့ လှည့်၍ လက်နှစ်ဖက်ကို ဆန့်တန်းပေးသည်...

"ကိုဇေယျာကြည်ညွှန်းလေး"

ဇေယျာက မမနန္ဒာကိုထွေးပွေ့လိုက်ပြီး နှုတ်ဆက်သည်...

"ကျန်းမာရေးဂရုစိုက်ပါ မမနာနာ"

လေယာဉ်ကွင်းသို့ လိုက်ပို့ကြသည့်သူများအားလုံးကို နှုတ်ဆက်ပြီး မမနန္ဒာက အထဲဝင်သွားတော့သည်... မမနန္ဒာ မြင်ကွင်းမှ ပျောက်သွားပြီဆိုမှ ဒေါ်ခင်ခင်မျိုးဆွေက ဦးကြည်ညွှန်းရင်ခွင်ကို ခေါင်းအပ်ပြီး ငိုပါတော့သည်... သူ့အသိုက်အမြုံထဲမှ ငှက်ကလေးတစ်ကောင် စတင်ပြီးပျံထွက်သွားခဲ့ပြီမဟုတ်ပါလား... အာကာတို့မှာလည်း TV ရှေ့မှာ ခေါင်းအုံးတွေပိုက်ပြီး နေရာလုမဲ့လူတစ်ယောက် လျော့သွားခဲ့ပြီ...

မမနန္ဒာ လေယာဉ်ထွက်သွားပြီးမှ အားလုံးပြန်လာကြသည်... ကျန်တဲ့သူတွေက အိမ်ပြန်သည့်သူပြန် အလုပ်သွားသည့်သူသွားကြပြီး အာကာနှင့်အစ်ကိုက ဒေါက်တာစောနေဒွန်းဆီသို့ ထွက်လာခဲ့ကြသည်... အာကာတို့ ကလေးယူဖို့ကိစ္စ တိုင်ပင်ဆွေးနွေးရမည်... အစ်ကိုက ထိုကိစ္စကို မြန်မြန် အကောင်အထည်ဖော်ချင်နေပြီ...

"လာဗျာ...ကိုယ့်လူတို့ မတွေ့တာတောင်ကြာပြီ... ဘယ်လိုလဲ...ပုံမှန်တော့ ဆေးစစ်ဖြစ်ကြတယ်မဟုတ်လား"

"ဟုတ်ကဲ့ ဒေါက်တာ ၆ လတစ်ခါ စစ်ဖြစ်ပါတယ်"

"ကောင်းတယ် ကောင်းတယ်...ကဲ ဘယ်လိုလဲ အိမ်ထောင်ရေးသုခတွေရော ပြည့်ဝကြရဲ့လား"

ဒေါက်တာစောနေဒွန်း အမေးကြောင့် အစ်ကိုက နားရွက်ဖျားလေးတွေရဲတက်သွားကာ ရှက်ပြုံးနှင့်ပဲ ခေါင်းညိတ်သည်... အာကာက အစ်ကို့လက်ကိုလှမ်းကိုင်လိုက်ပြီး...

"ဒေါက်တာ့ရဲ့လမ်းညွှန်မှုနဲ့ဆိုတော့ အိမ်ထောင်ရေးသုခက ပြည့်ဝတာထက် ပိုပါသေးတယ်ဗျာ"

"ဟုတ်ပြီဗျာ...ကြားရတာ ဝမ်းသာတယ်...ကဲ... ကလေးကိစ္စ ပြောကြတာပေါ့"

"ဟုတ်ကဲ့ ဒေါက်တာ...ကျွန်တော်တို့ ဖုန်းထဲမှာ ကြိုပြောထားသလိုပါပဲ...ဖြစ်နိုင်ရင် ဒီလထဲပဲ အကောင်အထည်ဖော်ချင်တာပါ"

အစ်ကို့အပြောကို ဒေါက်တာက ခေါင်းညိတ်သည်...

"ရတယ်... ကျွန်တော် ဘန်ကောက်က ဆေးရုံကို မနေ့ကပဲ ဖုန်းလှမ်းဆက်ထားပြီးပြီ... မသွားခင်မှာ အရင်ဆုံး လိုအပ်တာ ဆွေးနွေးကြတာပေါ့"

"ဟုတ်ကဲ့ဗျ"

"လိင်တူစုံတွဲတွေ ကလေးယူကြတဲ့ အခါမှာ ပုံမှန်အားဖြင့်ဆိုရင် နည်း ၃ နည်းရှိတယ်... ပထမနည်းက AI လို့ခေါ်တဲ့ Artificial Insemination ပဲ... သူက အမျိုးသားရဲ့ မျိုးဥကို... တနည်းအားဖြင့် သုက်ပိုးကို အငှါးကိုယ်ဝန်ဆောင်ပေးမဲ့ အမျိုးသမီးရဲ့ သားအိမ်ထဲကို ပြွန်တစ်ခုသုံးပြီး တိုက်ရိုက်ထည့်တာ... ဒီနည်းက အလွန်းဆုံး ၆ရက်ကနေ ၁၂ရက်အထိလောက်ပဲစောင့်ရတယ်... ၁၂ရက်ကျော်ရင် ကိုယ်ဝန်ရှိမရှိစစ်ဆေးလို့ရပြီ"

"နောက်တစ်နည်းက IVF လို့ခေါ်တဲ့ In Vitro Fertilisation ပဲ... သူက ဘယ်လိုမျိုးလဲဆိုတော့ ဖိုမျိုးဥနဲ့ မမျိုးဥကို သပ်သပ်စီထုပ်ယူပြီး ဖန်ပြွန်ထဲမှာ မျိုးပွါးတာ.... အစ်ကိုတို့ မြန်မာအခေါ်ဆိုရင် ဖန်ပြွန်သန္ဓေသားပေါ့... မျိုးအောင်ပြီဆိုမှ ဒီကလေးကိုလက်ခံစောင့်ရှောက်မဲ့ သားအိမ်ထဲကို ခဏသွားသိမ်းထားရတဲ့သဘောပဲ... မမျိုးဥ ယူထားတဲ့ သားအိမ်မဟုတ်ပဲ တစ်ခြားသားအိမ်ဆိုလဲ ဖြစ်နိုင်တယ်... လိုအပ်တဲ့စောင့်ရှောက် စစ်ဆေးမှုတွေကတော့ အမြဲတမ်းလုပ်ရတာပေါ့"

အာကာခေါင်းညိတ်လိုက်မိသည်... ဦးမိုးဆွေတို့က ဇေယျာ့ကို ဒီလိုနည်းနဲ့ယူခဲ့ကြတာဖြစ်သည်... အရှေ့မှာ ဇေယျာတစ်ယောက်လုံး ကျန်းကျန်းမာမာနဲ့ ဒီအရွယ်ရောက်နေပြီဆိုတော့ မအောင်မြင်စရာ ဘာအကြောင်းမှ မရှိပေ...

ပြီးတော့ အာကာက AI ထက် IVF ကိုပိုသဘောကျသည်... AI မှာ ဖိုမျိုးဥက အငှားကိုယ်ဝန်ဆောင်ပေးမဲ့သူရဲ့ ခန္ဓာကိုယ်ထဲ တိုက်ရိုက်သွားပြီးထိတွေ့နေရဦးမည်... ပြီးတော့ အဲ့ဒီခန္ဓာကိုယ်ထဲမှာမှ သန္ဓေသားကမျိုးပွါးလိမ့်မည်... IVF ကကျတော့ ထိတွေ့စရာမလိုပဲ အပြင်မှာ သီးသန့်မျိုးပွါးတာမျိုးဖြစ်သည်... ဒီအတွေးက နည်းနည်း အူကြောင်ကြောင်နိုင်လှသည်ဆိုပေမဲ့ အာကာက ပိုသဘောကျသည်... အာကာကြည်ညွှန်းက ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို ငြိမ်းအေးအိမ်ကလွဲရင် ဘယ်သူ့ထဲကိုမှ မထိတွေ့စေချင်ပေ...

"နောက်ဆုံးနည်းကတော့ Risk အရမ်းများတဲ့အတွက် သုံးတဲ့သူနည်းတယ်... အနောက်နိုင်ငံတွေမှာ စမ်းသပ်ကြပြီး အောင်မြင်တဲ့သူရှိသလို မအောင်မြင်တဲ့သူတွေလဲရှိကြတယ်... အဲ့ဒါက ဘယ်လိုလဲဆိုတော့ အခုနက အစ်ကိုပြောတဲ့ IVF နည်းနဲ့ ဖန်ပြွန်ထဲမှာမျိုးပွါးပြီး အမျိုးသားရဲ့ ခန္ဓာကိုယ်ထဲမှာ သန္ဓေလွယ်တာမျိုးပဲ"

အစ်ကိုက မျက်လုံးလေးများ လက်ခနဲဖြစ်သွားကာ အာကာ့ကိုလှည့်ကြည့်လာသဖြင့် အာကာ မျက်မှောင်ကျုံ့မိသွားသည်...

မဟုတ်မှ...

ငြိမ်းအေးအိမ်ကလေးက အဓိပ္ပာယ်မရှိတာတွေကို စဉ်းစားနေတာလား...ဒီယောက်ကျားက ဘယ်လိုနည်းနဲ့မှ သူ့ကိုအထိခိုက်မခံနိုင်တဲ့ကောင် ဆိုတာ မေ့နေသည်ထင်၏... အာကာက မျက်မှောင်ကျုံ့ပြီး ခေါင်းခါပြလိုက်သည်... ဒေါက်တာက ဆက်ပြီးရှင်းပြသည်...

"ဒါပေမဲ့ အဲ့ဒီလို အမျိုးသားတွေ သားအိမ်အစားထိုးပြီး ကိုယ်ဝန်ဆောင်တာက အရမ်း Risk များတယ်... အောင်မြင်တဲ့ ရာခိုင်နှုန်း အလွန်နည်းတယ်လို့ပြောလို့ရတယ်.. ဘာလို့လဲဆိုတော့ အမျိုးသားတွေမှာ ဒီသားအိမ်အတွက် လိုအပ်တဲ့ သဘာဝအရွတ်တွေ...သွေးကြောတွေ...ဟော်မုန်းတွေ မရှိဘူး... ဒါတွေကို ထောက်ပံ့ပေးနိုင်ဖို့ ပဋိဇီဝဆေးတွေ နေ့စဉ်စားသုံးရမယ်...ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာလဲ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်... ကလေးကိုအောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ရင်တောင်မှ ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ ဖခင်အတွက် သုံးစွဲခဲ့ရတဲ့ ဆေးတွေရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်သေးတယ်... မွေးပြီးပြီးချင်းလဲ သားအိမ်ကို ချက်ချင်းပြန်ထုတ်ပစ်ရတယ်... အမျိုးသားကိုယ်ဝန်ဆောင်ဖို့ စဉ်းစားမယ်ဆိုရင်တော့ ကိုယ်ရဲ့ ခန္ဓာကိုယ်နဲ့ သင့်တော်၏ မသင့်တော်၏ ပေါ့...ဒါမျိုးတွေ အများကြီး စစ်ဆေးဖို့လိုတယ်... အစ်ကိုကတော့ အားမပေးချင်ဘူး"

ဒေါက်တာ ပြောသွားသည့်အထဲမှာ ကိုယ်ဝန်ဆောင် ဖခင်အတွက် ဘေးထွက်ဆိုးကျိုးဆိုတာနဲ့တင်အာကာ့အတွက် ခေါင်းကိုအခါတစ်ရာရမ်းဖို့ လုံလောက်နေပြီဖြစ်သည်... ဒီကိစ္စကို လုံးဝဆွေးနွေးစရာ အကြောင်းမရှိဆိုသည့် သဘောနှင့် အာကာက အစ်ကို့ကို မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်... ထို့နောက် ဒေါက်တာ့ဘက်သို့လှည့်၍...

"ကျွန်တော်ကတော့ IVF နည်းကို သဘောကျတယ်ဒေါက်တာ... အဆင်ပြေရင် ကျွန်တော်တို့ နောက်တစ်ပါတ်ထဲမှာပဲ ဘန်ကောက်သွားချင်ပါတယ်"

"ဟုတ်ပြီ... IVF နည်းနဲ့က အခုဆိုရင် ယောက်ကျားလေး လိုချင်လား မိန်းကလေးလိုချင်လား... အမြွာလေးလား... အကုန်လုပ်ယူလို့ရနေပြီ...အစ်ကို ဟိုဘက်နဲ့ ချိတ်ပေးလိုက်မယ်"

"ဒါနဲ့ ဟိုဘက်က လုပ်ထုံးလုပ်နည်းတွေရော ကြိုသိသွားလို့ရမလား ဒေါက်တာ"

"အဲ့ဒါက သူတို့ဟိုဘက်မှာ အကုန် အသေးစိတ်ရှင်းပြပါလိမ့်မယ် မြန်မာစကားပြန် ဝန်ထမ်းတွေလဲရှိတယ်... အကုန်စိတ်ချရတယ်... အဓိကက ငွေပဲကွ... အဟားဟား"

"ဟုတ်ကဲ့ ဒေါက်တာ...ကျေးဇူးတင်ပါတယ်"

အာကာတို့နှစ်ယောက်ဆေးခန်းမှ ပြန်တော့ ဘန်ကောက်သွားဖို့ကိစ္စတွေချက်ချင်း စီစဉ်ရသည်... အဖေကြီးနဲ့ အမေရော လိုက်ခဲ့ကြမည်ဖြစ်ပြီး တစ်အိမ်လုံးက စိတ်လှုပ်ရှားနေကြသည်... မမကေသာကလည်း အခြေအနေကို နေ့တိုင်းလှမ်းပြီး ပြောပြရန် တစ်တွတ်တွတ်မှာနေတော့သည်...

ဒီလိုနဲ့ပဲ အာကာတို့မိသားစုရဲ့ ဆည်လည်းလေးအတွက် ဘန်ကောက်မြေသို့ ခြေချခဲ့ကြပြီ...

ဒေါက်တာစောနေဒွန်း မိတ်ဆက်ပေးသည့် "မဟာဘူမိ" ဆေးရုံကြီးက ကြီးကျယ်ခမ်းနားလွန်းသည်... ခေါင်းအစ ခြေအဆုံး ဆာဂျရီအကုန်လုပ်လို့ရပြီး ဆရာဝန်တွေကလည်း အရမ်းတော်ကြသည်ဟု ကြားသိရသည်... ထိုအထဲမှာမှ အငှါးကိုယ်ဝန်ဆောင် ဌာနက နာမည်အကြီးဆုံးဖြစ်သည်...

အဖေကြီးက ဦးဆောင်ပြီး အာကာတို့လေးယောက် အငှါးကိုယ်ဝန်ဆောင် ဌာနရဲ့ တိုင်ပင်ဆွေးနွေးခန်းတစ်ခုထဲမှာ ရောက်နေကြသည်... ဆရာဝန်နှင့် ဌာနမှတာဝန်ရှိသူတွေက တလေးတစား ကြိုဆိုဧည့်ခံပြီး စကားပြန်နှင့် တဆင့် လုပ်ထုံးလုပ်နည်းတွေကို အသေးစိတ်ရှင်းပြကြသည်...

"ဈေးနှုန်းက package A,B,C,D အလိုက် အစားစားရှိပါတယ်... A က ဈေးနှုန်းအမြင့်ဆုံးပါ...
အငှားကိုယ်ဝန်ဆောင်ရဲ့ IQ နဲ့ ရုပ်ရည်သွင်ပြင်လဲ ရွေးလို့ရပါတယ်... ကျွန်တော်တို့ဆီမှာ လာလျှောက်လွှာတင်ထားတဲ့သူတွေကို ကျွန်တော်တို့က IQ  test စစ်ဆေးပါတယ်... ပြီးတော့ ခန္ဓာကိုယ်မှာ ဘာခွဲစိတ်ပြုပြင်မှုမှ မလုပ်ထားတဲ့သူ ဖြစ်ရပါတယ်... ကျန်းမာရေးလဲ 100% ကောင်းနေတဲ့သူတွေ ဖြစ်ရပါတယ်"

"ကျွန်တော်တို့ A ထဲကပဲ ကြည့်ချင်တယ် ခင်ဗျာ"

အဖေကြီးက ပြောတော့ တာဝန်ရှိသူက အာကာတို့ရှေ့မှာ Tablet လေးလုံးချပေးလာပြီး Package A ကိုရွေးပေးသည်...

"Privacy အရ အပြင်ကိုယူသွားလို့မရပါဘူးခင်ဗျာ... ဒီကလူကြီးမင်းတို့ ဒီရုံးခန်းထဲမှာပဲ အချိန်ကြိုက်သလောက်ယူပြီး အေးအေးဆေးဆေး ကြည့်နိုင်ပါတယ်... ဒါက အရေးကြီးတဲ့ ဆုံးဖြတ်ချက်မို့ လို့  ဒီနေ့မဆုံးဖြတ်နိုင်သေးရင်လည်း နောက်နေ့တွေထပ်လာပြီးကြည့်လို့ရပါသေးတယ်... ဆေးရုံက အထူးဧည့်သည်ကတ် ထုတ်ပေးပါတယ်"

"ဟုတ်ကဲ့"

"ပြီးတော့ ဒီထဲက ပုံတွေနဲ့ video clip လေးတွေက ဘာ effect မှမပါဘဲ ကျွန်တော်တို့ဆေးရုံက ကိုယ်တိုင်ရိုက်ကူးထားတာတွေပါ... စည်းကမ်းအရ... နှစ်ဦးနှစ်ဖက် တိုက်ရိုက်တွေ့ဆုံခွင့်မရှိသလို... အငှါးကိုယ်ဝန်ဆောင်ပေးမဲ့သူကလည်း Client တွေကို ဘယ်သူဘယ်ဝါဆိုတာ တစ်သက်လုံး သိခွင့်မရှိပါဘူး"

"ဟုတ်ကဲ့ နားလည်ပါတယ်"

"So sweet နဲ့ သားငြိမ်းက အဓိကရွေးပါ... အဖေကြီးနဲ့ အမေက အကြံဉာဏ်ပေးမယ်"

"အစ်ကို... အဆင်ပြေမယ်ထင်တာ ရွေးနော်"

So sweet က ပြောလာတော့ ငြိမ်းက ခေါင်းညိတ်ပြပြီး Package A ထဲက အငှါးကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ Data တွေကို ဂရုတစိုက်ကြည့်နေမိသည်... ငြိမ်းတို့ ကလေးလေးကို  ငြိမ်းကစပြီးလိုချင်ခဲ့တာမို့ ငြိမ်းကိုယ်တိုင်ပဲရွေးချင်သည်... ပြီးတော့ So sweet က ငြိမ်းတို့ နှစ်ယောက်လုံးဆီက မျိုးဥကိုယူပြီး အဆင်ပြေတာတစ်ခုကို သုံးရန်ပြောသော်လည်းငြိမ်းကငြင်းခဲ့သည်... ငြိမ်းချစ်ရတဲ့ကောင်လေးရဲ့ သွေးသားကို ငြိမ်းကိုယ်တိုင် တယုတယ ပြုစုပျိုးထောင်ပေးချင်သည်...

ဒီကမ္ဘာမှာ ငြိမ်းအသက်လောက်ချစ်ရတဲ့သူက So sweet တစ်ယောက်တည်းရှိတာမို့ ငြိမ်းမဖြစ်မနေ နောက်တစ်ယောက်ကို ချစ်ပေးရပါမည် ဆိုပါလျှင်လည်း So sweet ရဲ့ သွေးသားမှ ဖြစ်ပေါ်လာမည့် ကလေးလေးကိုပဲ ချစ်ချင်မိသည်... ငြိမ်းချစ်ပေးမည့် အရာအားလုံးက So sweet နဲ့ပဲ သက်ဆိုင်နေစေချင်သည်အထိ ငြိမ်းက ဒီကောင်လေးအပေါ်မှာ လောဘကြီးမိပါသည်...

Data page ထဲမှ profile တွေကို တစ်ခုပြီးတစ်ခု ကြည့်နေရင်း နံပါတ် "14"အရောက်မှာ ငြိမ်းလက်တို့ရပ်တန့်သွားရသည်...

ကြည်လင်တောက်ပနေသည့် မျက်ဝန်းလက်လက်ကလေးတွေနှင့် အပြစ်ကင်းစင်ပုံရသော မျက်နှာနုနုလေး...

အသားအရေလေးကအစ ကြည်လင်နေပြီး ပြုံးရယ်စကားပြောနေပုံကလည်း ချစ်ခင်ဖွယ်အတိ... မျက်နှာမြင်ချစ်ခင်ပါစေဆိုသည့် ပုံစံလေးက အထင်းသား ဖြစ်နေသည်...

အထူးခြားဆုံးကတော့ ကော့ညွှတ်နေသည့် အပေါ်အောက် မျက်တောင်ရှည်ကြီးတွေ ဖြစ်သည်...

အရပ်မြင့်မြင့်နှင့် ကိုယ်ဟန်အနေအထား... ခြေတံလက်တံ... ခြေချောင်း လက်ချောင်းလေးတွေအထိ ငြိမ်းက အသေးစိတ်လိုက်ကြည့်နေမိသည်...

အသက် 20 ဖြစ်ပြီး IQ က "152" ဆိုတော့ တော်တော်လေးမြင့်သည့်အထဲမှာပါသည်... ပြီးတော့ သဘောအကျဆုံးအချက်က ပထမဆုံး ကိုယ်ဝန်ဆောင်ပေးမှာဖြစ်ပြီး တစ်ကြိမ်တည်းအတွက်သာ စာချုပ်ချုပ်ထားသည်...

Profile ဘေးမှာရေးထားသည့် သူမ၏ မှတ်ချက်ကလေးကိုဖတ်ပြီး ငြိမ်းရင်ထဲမှာ နင့်သွားရသည်...

(မထင်မှတ်တဲ့ ကံကြမ္မာကြောင့် ကျွန်မမိဘတွေနဲ့မိသားစုကို ဆုံးရှုံးခဲ့ရပါတယ်... ဒါကြောင့်မို့ လိုအပ်နေတဲ့ သူတွေကိုကူညီပြီး မိသားစုလေးတစ်ခုဖန်တီးပေးခဲ့မယ်... ဒီကရတဲ့ အခကြေးငွေကို ကျွန်မဘဝရဲ့ ရှင်သန်ရာ လမ်းစအဖြစ် တံတားခင်းပါမယ်...ဘဝမှာ အကောင်းဆုံးရှင်သန်နေထိုင်သွားကြဖို့ ကျွန်မတို့ အပြန်အလှန်ကတိပြုကြမယ်)

တစ်ခြား Profile တွေ ထပ်ကြည့်စရာမလိုတော့လောက်အောင် ငြိမ်းစိတ်ထဲမှာ သေချာသွားခဲ့ရပြီ... ဒီကောင်မလေးကိုပဲ ငြိမ်းရွေးချယ်မည်...

So sweet က အစ်ကို့သဘောဟုသာပြောပြီး... အဖေကြီးနှင့် အမေက သေချာထပ်ကြည့်ပေးကာ သဘောတူကြသဖြင့် ငြိမ်းတို့ Data နံပါတ် 14 ကိုရွေးချယ်ဖြစ်ကြသည်...

"ကျွန်တော်တို့က ယောက်ကျားလေးပဲ လိုချင်ပါတယ်"

"ရတာပေါ့... ကျန်းမာသန်စွမ်းတဲ့ သားယောက်ကျားလေးတစ်ယောက် မွေးဖွားလာဖို့ ကျွန်တော်တို့ တာဝန်ယူပါတယ်... ကိုယ်ဝန်ဆောင်နေစဉ် ကာလကို ကျွန်တော်တို့ ဆေးရုံက Private apartment မှာ အလှည့်ကျ သူနာပြုနဲ့ ထားပေးမှာဖြစ်ပြီး တစ်ပါတ်ကို နှစ်ကြိမ် Video recording နဲ့ ကျန်းမာရေး စစ်ဆေးချက်တွေအပြင် သန္ဓေသားရဲ့ တိုးတက်မှု အခြေအနေတွေကို လူကြီးမင်းတို့ကို report လုပ်ပေးမှာပါ"

"ဟုတ်ကဲ့"

"ဒါဆိုရင် ဒီစာချုပ်မှာ လက်မှတ်ထိုးပြီး ငွေပေးချေမှုတွေဆောင်ရွက်ရပါမယ်"

So sweet က လိုအပ်တာတွေလိုက်ဆောင်ရွက်ပေးပြီး သုက်ပိုးထုတ်ယူဖို့ မနက်ဖြန်ကိုပြန်ချိန်းလိုက်ကြသည်...

"မနက်ဖြန်တော့ အဖေကြီးနဲ့ အမေတို့ မလိုက်တော့ဘူး ဟိုတယ်မှာပဲ နားနေခဲ့တော့မယ်... သားတို့ပဲ သွားကြတော့နော်"

"ဟုတ်ကဲ့"

ငြိမ်းတို့ အားလုံး ဟိုတယ်ပြန်နားကြပြီး ညရောက်တော့ So sweet က ငြိမ်းလည်တိုင်ကို အတင်းတိုးကပ်ကာ အီနေပြီဖြစ်သည်... ငြိမ်းတို့ ညစာစားကြကတည်းက မျက်နှာမကောင်း ဖြစ်နေတာကို ငြိမ်းက သတိထားမိရသည်...

"အစ်ကို့... ကတိပေးလို့...နော်"

"ဘာလို့လဲကွာ"

"ကလေးလေးရောက်လာရင် ကျွန်တော့ကို မပစ်ထားဘူးလို့ ကတိပေးပါဆိုဗျာ"

"အင်းအင်း...ပေးတယ်"

"အစ်ကိုကလည်း အဲ့ဒီလို ပြီးပြီးရောကြီး မဖြေနဲ့လေဗျာ... ကျွန်တော့်ကိုပဲ အချစ်ဆုံးမလား...ဟုတ်လားလို့"

ငြိမ်းရယ်လိုက်မိသည်... So sweet က ငြိမ်းသူ့အပေါ် အချစ်လျော့ပြီး အာရုံမစိုက်တော့မှာကို တော်တော်လေး စိတ်ပူနေသည်...

"အင်း... So sweet ကိုပဲ အချစ်ဆုံး"

"ကလေးလေးက မေးရင်လဲ အဲ့လိုပဲဖြေရမှာနော်"

"အင်း... ပါပါးက သားဖေဖေ့ကိုပဲ အချစ်ဆုံးလို့ ဖြေပေးမယ်"

"အဟင်း... ကျွန်တော်လေ အခုမှ မကြီးတို့ မမနာနာတို့ ခံစားချက်ကို ကိုယ်ချင်းစာတတ်တော့တယ်... အမေက ကျွန်တော်တို့ အငယ်တွေကို ကိုယ်ဝန်ရှိရင် သူတို့လဲ ကျွန်တော် အခုခံစားနေရသလိုပဲ နေမှာ"

"So sweet ကတော့ကွာ... ကလေးကို မင်းမမြင်ရသေးလို့ပါ  မင်း တာမွေအိမ်က ဖိုးခွါးတို့ကိုတောင် ချစ်တာ မင်းရဲ့ ကလေးဆို သဲသဲလှုပ်ပြီး အလိုလိုက်နေမှာ ကိုယ်ကမြင်ယောင်သေးတယ်"

ငြိမ်းက So sweet ခေါင်းမှ ဆံပင်တို့ကိုထိုးဖွပေးရင်း ပြောလိုက်သည်...

"ငြိမ်းအေးအိမ်ကို အလိုလိုက်နေရတာနဲ့တင် အားမှာမဟုတ်ဘူး"

"အပြောမကြီးနဲ့"

ငြိမ်းမှာ ညဥ့်နက်သည်အထိ မအိပ်ဘဲ သူသာလျှင် ငြိမ်းရဲ့ အချစ်ဆုံးဖြစ်ရရေး ကတိတွေအထပ်ထပ်တောင်းကာ ရစ်နေသူကို မနည်းချော့ပြီး အိပ်ခိုင်းရသည်... မနက်ဖြန်အတွက်အားရှိနေဖို့လိုအပ်ပါသည်...

.............................................................................

ငြိမ်းတို့ ဆေးရုံကိုရောက်တော့ ကြိုတင် Booking လုပ်ထားသော Private အခန်းထဲသို့လိုက်ပို့ပေးသည်... ဒီဆေးရုံက ဝန်ဆောင်မှုတွေထဲမှာ မျိုးဥအတွက် သုက်ရည်ထုတ်ယူရန် ရိုးရိုးသာမာန်အခန်းတွေလဲ ရှိသလို အခုလိုမျိုး Private အခန်းတွေလဲရှိသည်... ဒီအခန်းကို ငြိမ်း ညကမှ Booking လုပ်လိုက်တာဖြစ်သည်...

အခန်းတွင်းအပြင်အဆင်နှင့် ခုတင်မွေ့ယာတို့ကိုကြည့်ပြီး So sweet က အံ့ဩနေသည်...

"အစ်ကို့"

ငြိမ်းက So sweet ကိုခါးမှသိုင်းဖက်လိုက်ပြီး ရင်ခွင်ထဲမှာ မျက်နှာအပ်ထားရင်း တိုးတိုးပြောလိုက်သည်...

"ကိုယ်တို့ရဲ့ ကလေးလေးကို မင်းကိုယ့်ကိုချစ်တဲ့စိတ်တွေကနေပဲ ဖြစ်ပေါ်လာစေချင်တာ"

"အစ်ကို"

ငြိမ်းရဲ့ စကားဆုံးတော့ So sweet က ငြိမ်းကို တင်းကျပ်နေအောင် ထွေးပွေ့လာပြီး ငြိမ်းတို့ အကြာကြီးငြိမ်သက်နေမိကြသည်... အခန်းတွင်းမှာ တိတ်ဆိတ်သွားလိုက်တာများ ငြိမ်းတို့နှစ်ယောက်လုံးရဲ့ ရင်ခုန်သံတွေကိုပင် ကျယ်ကျယ်လောင်လောင် ပြန်ကြားနေရသည်အထိပင်...

ခဏအကြာမှာတော့ So sweet က ငြိမ်းကိုပွေ့ချီပြီး ခုတင်ပေါ်သို့ ဦးတည်လိုက်သည်... စိတ်လှုပ်ရှားနေသည့်ကောင်လေးက ငြိမ်းရဲ့ အဝတ်တွေကို အလျှင်စလိုဆွဲချွတ်နေပုံက ငြိမ်းတို့ရဲ့ မင်္ဂလာဦးညကိုပင် ပြန်လည် အမှတ်ရမိစေသည်...

အနမ်းကြမ်းကြမ်းတွေအောက်မှာ ငြိမ်းကိုယ်ကိုလူးလွန့်ရင်း မောဟိုက်လာပေမဲ့ အလိုလိုက်နေမိသည်... ပထမဦးဆုံး အကြိမ်ကဲ့သို့ စိတ်တွေလှုပ်ရှားနေပုံရသူက ငြိမ်းရဲ့ ခြေချင်းဝတ်တွေကို ဆုပ်ကိုင်ပြီး ခရီးနှင်နေပေမဲ့ လိုရာမရောက်နိုင်သလို မချင့်မရဲနှင့် စိတ်တွေပျံ့လွင့်နေပုံရသည်...

ငြိမ်းတို့နှစ်ယောက်တည်းရဲ့ ကိုယ်ပိုင်သွေးသားလေး မရနိုင်ခြင်းအပေါ်မှာများ ငြိမ်းကိုအားနာစိတ်တွေနဲ့ guilty ဖြစ်နေပါသလား...

So sweet က လေပူတို့ကို မှုတ်ထုတ်ကာ ငြိမ်းကို ခါးမှကောက်ပွေ့ပြီး အနေအထားပြင်လိုက်သည်... ငြိမ်းမျက်နှာကို စိုက်ကြည့်နေသည့် မျက်လုံးတို့က ရီဝေမှုန်မှိုင်းလို့နေသည်...

မဟုတ်သေးဘူးလေ... ဒီလို အတွေးတွေဝင်နေလို့ ဘယ်လိုလုပ်ဖြစ်ပါ့မလဲ... ငြိမ်းက တကယ်ချစ်တာမို့... ဒီကောင်လေးနဲ့ ပက်သက်ပြီး ဖြစ်တည်လာမဲ့ အရာရာကို ငြိမ်းကိုယ်တိုင် လိုချင်တက်မက်တာမို့... စိတ်ရှင်းရှင်းနဲ့ ရှိစေချင်မိရပါသည်...

ငြိမ်းကိုတင်ပါးအောက်မှ ပွေ့ထားပြီး ဒူးထောက်လျှက် မျက်လုံးတွေကိုမှိတ်ကာ ပန်းတိုင်းကိုရှာဖွေရင်း အတွေးများပြီး လမ်းပျောက်နေသည့် ချစ်ရသူကို ငြိမ်းက လမ်းပြပေးဖို့ လိုအပ်ပါပြီ...

"အင့်...So..So sweet! ခ...ခဏ... ခဏရပ်"

ငြိမ်းရဲ့ခေါ်သံကြောင့် So sweet က လှုပ်ရှားနေမှုတို့ကို ရပ်သွားပြီး ငြိမ်းကိုခေါင်းအုံးပေါ်မှာ အသာချပေးလာသည်...

"ကိုယ့်ကို ကြည့်ပါဦး... ကိုယ်ကလေ... မင်း  ကိုယ့်ကို အရမ်းချစ်ပြီး ဖြစ်ပေါ်လာမဲ့ မင်းရဲ့ သွေးသားလေးကို လောဘတကယ်တက်မိတာမို့ မင်းကကိုယ့်ကိုအားနာစိတ်တွေ ရှိမနေရင်ကောင်းမှာပဲ"

"အစ်ကို့...ကျွန်တော်လေ"

"ရှူး! ဘာမှမပြောပါနဲ့"

"ကိုယ်ပြောတာပဲ နားထောင်.. ကိုယ်ပြောမယ်... ကိုယ်ဒါကိုတကယ် အသားမကျဘူး... ဒီလိုပြောရတာကိုလည်း တကယ်မနေတတ်ဘူး... ဒါပေမဲ့ မင်းကို တစ်ခါလောက်တော့ ချစ်တဲ့အကြောင်း ပြောဖူးချင်တဲ့ ပုံစံမျိုးရှိတယ်"

So sweet က ငြိမ်းရဲ့ မျက်နှာကို မျှော်လင့်တကြီးနဲ့ စိုက်ကြည့်နေသည်...

"ကိုယ်ကလေ... ဒီတစ်ခါပဲပြောမှာမို့သေချာနားထောင်နော်... ဘဝမှာလေ မင်းနဲ့ဆုံတွေ့ခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးအထပ်ထပ်တင်မိရတယ်...
ကိုယ်လေ အသက်ရှုတိုင်း "မောင့်ကို ချစ်တယ်"

"အစ်ကို့!"

"အရမ်းချစ်တာမို့... အားနာစိတ်လေး နည်းနည်းတောင်မဖြစ်ပဲ ကိုယ်တို့ကလေးလေးအတွက် မောင်ကလည်း ကိုယ့်ကို ချစ်ပေးနော်"

So sweet က ငြိမ်းကို လွတ်ထွက်သွားတော့ မတတ် တင်းကျပ်စွာ ဖက်တွယ်လာပြီး ငြိမ်းပုခုံးပေါ်မှာ မျက်နှာအပ်ထားသည်... စိုစွတ်လာသော ပုခုံးပေါ်မှ အထိအတွေ့ကြောင့် ငြိမ်းသိလိုက်ရပြီ...

ငြိမ်းရဲ့ သကြားလုံးကောင်လေးက ငိုနေပြီ...

ငြိမ်း သူ့ကျောပြင်ကို ဖွဖွပွတ်သပ်ပေးတော့ အက်ရှရှနှင့် အသံတိုးတိုးက ငြိမ်းနားနားမှထွက်ပေါ်လာသည်...

"တစ်ခါလောက်... နောက်တစ်ခါလောက်ပဲ ထပ်ခေါ်ပေးပါဦး"

"မောင့်ကို ကိုယ်အရမ်းချစ်တယ်"

So sweet က ငြိမ်းကိုနမ်းသည်...

မျက်ရည်တွေနှင့် မွတ်သိပ်စွာနမ်းသည်...

အနမ်းထဲမှာ မြတ်နိုးမှုတွေကို ခံစားရသည်... ငြိမ်းအပေါ်တက်မက်မှုတွေကို ခံယူရသည်... အချိန်ခဏလေးအတွင်းမှာပဲ ငြိမ်းကို ချစ်တဲ့အချစ်တွေ မြောက်များစွာသွန်းဖြိုးလာပြီး ငြိမ်းတို့ရဲ့ ကလေးလေးအတွက် အဆင်သင့်ဖြစ်ခဲ့ရပြီ...

.............................................................................

<3 DiDi Zaw
(16/01/2023)

Continue Reading

You'll Also Like

40.3K 858 11
ဒီရေနဲ့ Rhyme တို့ရဲ့marriage life လေးကိုသီးသန့်ပြောပြပေးမှာဖြစ်ပါတယ် ။ ကကလေး ဘယ်လိုရောက်လာတယ် ဘယ်လိုဒုက္ခတွေကြုံရတယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ် 😁🙆
491K 37.5K 50
ဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူ...
102K 4.4K 27
မာန်ရယ်မင်းငါ့အချစ်တွေကို မြင်စေချင်တယ် #ဘုန်းမြတ် ဘုန်းမြတ် မင်းက ငါ့အတွက်တော့ သူငယ်ချင်းကောင်းပါ #မာန် #သဲလေး
39.5K 1.3K 68
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒ...