Match Made In Clouds

By TayDiDi

2.6M 184K 27K

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... More

Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details

Ep 27 (U) - Quitting Alcohol

37.3K 3.4K 170
By TayDiDi

မြသက်ချယ်၏ Instagram story မှာ video တစ်ခုတင်ထားသည်... အောက်နားမှာ စာသေးသေးလေးရေးထားသည်က...

"အိမ်မပိုင်ဘဲ ဂေါ်လီရိုက်သော ex"
video ထဲမှာ အာကာက မြသက်ချယ်၏ ပုခုံးတွေကို ဖက်ထားရင်း ကနေပြီး ခဏကြာတော့ မြသက်ချယ်က အာကာ့ မျက်နှာကို ဆွဲယူကာ နှုတ်ခမ်းတွေကို မော့၍ နမ်းလိုက်သည်... သိပ်အကြာကြီးတော့ မဟုတ်... စက္ကန့်ပိုင်းလောက်ဖြစ်သည်... ထိုအခိုက်မှာ အစ်ကိုရောက်လာပြီး ကနေသော အာကာ့ကိုဆွဲခေါ်သည်...

video က အပိုင်းတိုလေးဖြစ်သည်... သို့သော် အာကာ့ရင်ထဲမှာ ဆယ်ကမ္ဘာစာမျှမီးတောက်နေရပြီ... တကယ်ပင် အဲ့ဒီလောက်တွေအထိဖြစ်အောင်သောက်ခဲ့ရသည်လား... အဲ့ဒီနေ့ညက အစ်ကိုပြောခဲ့ပေမဲ့ အာကာက အမြင်မှားတာဟုသာ ထင်ခဲ့ပြီး နောက်ရက်တွေ အစ်ကိုက ထပ်မပြောတော့သောကြောင့် တကယ်ပင် မဟုတ်ဘူးထင်ခဲ့သည်...
အာကာက မြသက်ချယ်ကို နမ်းစရာဘာအကြောင်းမှ မရှိဟုလည်း စိတ်ထဲက ခိုင်မာနေခဲ့ရသည်...

အာကာ ဝဇီတို့ဆီ အမြန် group call ခေါ်ရတော့သည်...

"အေး ကာကြီး ပြော"

"ဟိတ်ကောင်တွေ ဘယ်လိုဖြစ်တာလဲ"

"ဟမ် ဘာကြီးလဲ"

"စောက်ပြဿနာပဲကွာ မင်းတို့က... မြသက်ချယ်ရဲ့ IG story ကိုကြည့်ဦး... မြသက်ချယ်က ဟိုနေ့က ငါမူးနေတုန်း ငါ့ကို နမ်းလိုက်တယ်ကွ"

"ဟမ်!! ဘယ်မှာလဲ ခဏလေး ငါကြည့်လိုက်ဦးမယ်"

"ဟာ ဟုတ်တယ်ဟ သေပြီ ဟိတ်ကောင်ရေ... ကိုငြိမ်းလဲ တွေ့သွားပြီထင်တယ်ကွ"

"ချီးပဲကွာ မင်းတို့ကောင်တွေက... ငါ့သောက်လို့ မရမှန်း သိရဲ့သားနဲ့ နည်းနည်းပါးပါး မထိန်းဘူး"

"ငါတို့လည်း မူးပြီး ကနေတာနဲ့ မသိလိုက်ဘူးကွ"

"ရာဇာ မြသက်ချယ်ကို ဖုန်းခေါ်ပြီး အခုချက်ချင်း ဖျက်ခိုင်း... ငါ့အစ်မတွေ တွေ့ကုန်ပြီလားမသိဘူး တင်ထားတာမကြာသေးဘူးဆိုတော့ မှီလောက်သေးတယ်... တောက်... ငါကွာ"

"အေးအေး အခုပဲ ခေါ်လိုက်မယ်"

အာကာဖုန်းချပြီး အိမ်အောက်သို့ ပြေးဆင်းကာ အစ်ကို့ကိုရှာရတော့သည်... အစ်ကိုက အခုတစ်လော မျက်နှာသိပ်မကောင်းဘဲ ဖြစ်နေတာ ဒါကြောင့်ထင်သည်... အာကာ အရက်သောက်မိသည့် ကိုယ့်ကိုကိုယ် တော်တော်လေး ဒေါသထွက်နေမိသည်... ဆယ်ကျော်သက်တုန်းကလည်း အရက်ခိုးသောက်ကြရင်း အရက်ဆိုင်မှ ဦးလေးကြီးကို အဖေကြီးဟု ခေါ်ကာ အတင်းတွယ်ကပ်နေခဲ့ ဖူးသဖြင့် အဖေကြီးကိုယ်တိုင် အတင်းလိုက်ခေါ်ခဲ့ရဖူးသည်...

"အစ်ကို"

အစ်ကိုက ခြံထဲရှိခုံတွင် laptop တစ်လုံးနှင့် အလုပ်လုပ်နေသည်...

"ဟင်"

ကြည်စင်နေသည့် အစ်ကို့မျက်နှာလေးကို မြင်လေ အာကာ ကိုယ့်ကိုကိုယ် ဒေါသထွက်ရလေဖြစ်သည်... အစ်ကို ဘယ်လိုစိတ်မျိုးနဲ့များ နားလည်ခွင့်လွှတ်ပေးခဲ့ပါသလဲ...

အာကာ မျက်နှာပျက်စွာနှင့် အစ်ကို့ဘေးမှာ ဝင်ထိုင်လိုက်သည်... အစ်ကိုက အာကာ့မျက်နှာကိုကြည့်ပြီး လန့်သွားဟန်လေးနှင့် မေးလာသည်...

"So sweet ဘာဖြစ်လို့လဲ"

"တောင်းပန်ပါတယ် အစ်ကိုရယ်"

"ဘာလို့လဲကွ"

"ဟိုနေ့က club ထဲမှာ"

အစ်ကိုက ဖျတ်ခနဲ မျက်နှာမကောင်းဖြစ်သွားသည်... ထို့နောက် ချက်ချင်းပြန်ပြင်လိုက်ပြီး...

"သြော် မင်း မှတ်မိသွားပြီလား"

"မှတ်မိတာ မဟုတ်ဘူး... ကျွန်တော်... ကျွန်တော် video file တစ်ခုတွေ့လိုက်တယ်... မြသက်ချယ် သူငယ်ချင်းက ရိုက်ထားတာထင်တယ်"

အာကာ ခုံပေါ်လက်ထောက်ပြီး ဆံပင်တွေကိုထိုးဖွရင်း ပြောပြလိုက်သည်...

"ဟင် video တောင် ရိုက်ထားသေးတယ်လား...ဘယ်မှာလဲ"

"IG မှာ တင်ထားတာ အခုဖျက်ခိုင်းထားတယ်"

"ကိုယ့်ကိုပြ"

အာကာသက်ပြင်းချပြီး မြသက်ချယ်ရဲ့ IG story ကိုပြလိုက်သည်... အစ်ကိုက ယူကြည့်ပြီး မျက်ခုံးလေးများကို စုကျုံ့ထားသည်...

"သူက မင်းကို နမ်းလိုက်တာပဲ... ကျစ်! အဲ့ဒီကောင်မလေးက ဘယ်လောက်ပဲ ခေတ်မီတယ် ပြောပြော ဒီလိုဟာတွေထိ တင်ရတယ်လို့"

"အစ်ကို ကျွန်တော့ကို ထိုးတာဖြစ်ဖြစ် ရိုက်တာဖြစ်ဖြစ် တစ်ခုခုလုပ်ပါ အစ်ကိုရယ်... မဟုတ်ရင် ကျွန်တော် နေလို့မရဘူး"

"ဘာမှ မလုပ်ချင်ပါဘူး မင်း ကိုယ့်အမှားကိုယ် သိရင် ပြီးတာပဲ နောက်ကို အဲ့လိုနေရာတွေ မသွားနဲ့ အဲ့လိုမျိုးတွေ မသောက်နဲ့ပေါ့"

"သွားမိတာလဲ တကယ်နောင်တရနေပါပြီ"

ထိုအခိုက်မှာပဲ အာကာတို့နောက်ဘက်ဆီမှ ခေါ်သံကြားလိုက်ရသည်...

"အာကာကြည်ညွှန်း!!!"

"မမကေသာ"

"မင်း...လာခဲ့ဦး... အခုလာခဲ့"

အာကာ သက်ပြင်းချပြီး ထိုင်နေရာမှ ထလိုက်သည်... မမကေသာက video ကို တွေ့သွားခဲ့ပြီထင်သည်... အစ်ကိုကပါ မတ်တပ်ရပ်ပြီး ထလိုက်ဖို့လုပ်တော့ မမကေသာကတားသည်...

"ကိုကြီးငြိမ်း နေခဲ့"

"ဟင်"

"so sweet ပဲလာခဲ့"

မမကေသာက အာကာ့ကို အပေါ်ထပ်သို့ခေါ်သွားပြီး ဝရံတာဘက်ထွက်လိုက်သည်...

"အဲ့ဒါ မင်း ဘာအချိုးချိုးတာလဲ ဟမ် so sweet!"

အာကာ့မှာ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ခါတိုင်းလို ကက်ကက်လန် ပြန်မစွာနိုင်တော့ပေ... ဝရံတာ လက်ရမ်းကို မှီကာ ခေါင်းကိုငုံ့ထားပြီး...

"မူးနေလို့"

"မင်း အရက်သောက်လို့မရဘူး ဆိုတာ မင်းကိုယ်မင်း သိရဲ့သားနဲ့ ... ပြီးတော့ ကိုကြီးငြိမ်း တွေ့သွားတယ် မဟုတ်လား... ဘယ်လောက် မျက်နှာပူစရာကောင်းလဲ ... So sweet ရယ်"

"သိတယ်... အဲ့ဒါကြောင့်လဲ တောင်းပန်နေတာ အခုနောင်တတွေလဲရတယ် ဒေါသလဲထွက်တယ်... ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိတော့ဘူး"

"ဖြစ်ပြီးပြီဆို အဲ့ဒီတိုင်းချည်းပဲ မင်း ဘယ်တော့မှ ရင့်ကျက်မှာလဲ"

".........."

"ဘယ်လောက်ပဲ ကိုကြီးငြိမ်းက ခွင့်လွှတ်တယ် ပြောပြော သူ့ရင်ထဲမှာတော့ ခံစားရမှာပဲ... မင်းတို့ အိမ်ထောင်သည် အချင်းချင်းကိစ္စတွေဆိုပေမဲ့ ဒါက ငါ့တို့ မိသားစုရဲ့ အကျင့်စရိုက်နဲ့ ဆိုင်သွားပြီ"

မမကေသာက တကယ်ပင်ဒေါသထွက်နေပြီး အသံတွေပါတုန်နေသည်... ဒေါသထွက်လဲ ထွက်သင့်ပါသည်... အာကာလုပ်ခဲ့မိသည့် အမှားက မရည်ရွယ်ဘူး ဆိုပေမဲ့ လူမှုရေးအကျင့်စာရိတ္တနှင့် ဆိုင်သွားခဲ့ပြီ... ထိုအခိုက်မှာ မမနန္ဒာက ရောက်လာပြီး အာကာတို့ကို လာခေါ်သည်...

"အဖေကြီးက အကုန် ဧည့်ခန်းကို လာခဲ့ကြတဲ့... လာ သွားမယ်"

ကြည်ညွှန်း Family မှာ ဒီလိုကိစ္စက ဘယ်လိုမှလက်ခံနိုင်စရာ မဟုတ်မှန်း အာကာသိပါသည်... ကိုယ့်အပြစ်ကို ဝန်ခံဖို့လည်း အဆင်သင့်ပြင်ထားပြီး မမနန္ဒာနောက်သို့ လိုက်သွားရတော့သည်... အာကာတို့ အောက်ဆင်းလာကြတော့ ဧည့်ခန်းမှာ လူစုံနေကြပြီ... အာကာက အစ်ကို့ဘေးမှာ ဝင်ထိုင်လိုက်သည်... အမေက မျက်နှာထားတင်းတင်းနှင့် အာကာ့ကို လိုက်ကြည့်နေသည်...

"ကဲ အာကာကြည်ညွှန်း ဖြစ်ပုံကို ပြောပါဦး"

အဖေကြီးက မေးတော့ အာကာက အစ်ကို့ကို သဝန်တိုမိရာမှ အရွဲ့တိုက်ချင်စိတ်နှင့်လုပ်မိကြောင်း မြသက်ချယ်က အဲ့ဒီလို နမ်းလိမ့်မယ်လို့ မထင်ထားမိကြောင်း အစအဆုံး ရှင်းပြရသည်... အဖေကြီးက သက်ပြင်းချပြီး တစ်ယောက်တစ်ပေါက် ဝိုင်းဆူနေကြသော အစ်မတွေကို တားလိုက်သည်...

"ဒီကိစ္စမှာ ငါ့သားမှားတယ်... အများကြီးကို မှားတယ်... မင်းတို့ လူငယ်တွေရဲ့ အတွေးတွေကို လိုက်မမှီပေမဲ့ ဒါမျိုးက နှစ်ယောက် မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမဲ့ ကိစ္စ... ဒါကို ဒီလိုနည်းနဲ့ အရွဲ့တိုက်ပြီးလုပ်တော့ မဖြစ်သင့်တာတွေ ဖြစ်လာရရော... အဖေကြီး မျက်နှာ ဘယ်ထားရမှန်းကို မသိပါဘူးကွာ"

"သူ့ သူငယ်ချင်း ဟိုနှစ်ကောင်လဲပါတယ် အဖေကြီး... အိမ်လာမှ ကောင်းကောင်းဆူပေးလိုက်"

မမကေသာ ကဝင်ပြောသည်... အမေက အာကာ့ကို ရိုက်ချင်နေသည့် အကြည့်တွေနဲ့ကြည့်ပြီး...

"ငြိမ်းကို တောင်းပန်လိုက် အာကာကြည်ညွှန်း... ငါ မင်းအစား ရှက်တယ် သိလား... မင်းလုပ်ရပ်က မင်းကို ဆုံးမထိန်းကြောင်းလာတဲ့ ငါတို့ တစ်မိသားစုလုံးကို အိုးမဲသုတ်တာပဲ"

"ဟို... အမေ့... so sweet က ကျွန်တော့်ကို တောင်းပန်ပြီးပါပြီ... ပြီးတော့ သူလဲ တမင်ရည်ရွယ်တာ မဟုတ်ဘဲ လူမှန်းမသိအောင် မူးနေတာမို့ ကျွန်တော် ခွင့်လွှတ်ပါတယ်"

"သားငြိမ်းက စဉ်းစား ဆင်ခြင်ပြီး နားလည်ပေးတတ်တဲ့သူမို့တော်သေးတာပေါ့... မဟုတ်ရင် မင်းတို့အိမ်ထောင်ရေးက တစ်သက်လုံး အဖုအထစ်တွေဖြစ်ပြီ... ငါ တော်တော် ဒေါသထွက်တယ် အာကာကြည်ညွှန်းရယ်"

"ဒီကောင် ဆယ်တန်းဖြေပြီးခါစ အရက်ခိုးသောက်တုန်းကလည်း ဒီလိုပဲ သူများကို အဖေထင်ပြီး ကပ်နေလို့ မနည်းပြန်ခေါ်ရသေးတယ်... ကိုယ့်ကိုကိုယ် သိပေါ့ကွာ... ဒါမျိုး ဖြစ်တတ်ရင် မသောက်နဲ့ပေါ့... အခုဟာက နမ်းရုံမလို့တော်သေးတာပေါ့ ငါ့နှယ်"

"အင်းလေ... So sweet ရယ် မင်းအကြောင်းကို မသိတဲ့သူတွေက အမူးသမား ချီးကျွေးရင် မစားဘူးလို့ ဝိုင်းပြောကြမှာ... ဘယ် အမူးသမားမှ လူမှားပြီးမနမ်းဘူး... ငါတို့က မင်းလူစိတ်ပျောက်တတ်တာ သိထားလို့သာပေါ့"

မကြီးကလည်း ဝင်ပြောသည်... မမနန္ဒာက အာကာ့ကို မျက်စောင်းထိုးပြီး...

"ကိုယ့်ကိုကိုယ် အဲ့လိုဖြစ်တတ်မှန်း သိရဲ့သားနဲ့ သောက်တာကို နာနာက အသည်းယားတာ စိတ်တိုတယ် တကယ်"

"အေးလေ... ဒီကောင်သွားတာ ငါမသိလိုက်လို့... သိရင်တားမှာပေါ့... ဒါမျိုးကျ အိမ်ကလူတွေကို အသိမပေးဘူး ခွေးကောင်"

လေးမောင်ရဲ့ အပြောကို အစ်မတွေကလည်း ထောက်ခံကြသည်... အာကာက အရက်သောက်ရင် ဦးနှောက်ထဲမှာ လူတွေကိုမှတ်မိသည့် sense တစ်ခုက ပျောက်သွားသည်လား မပြောတတ်ပေ... အမြဲတမ်း လူမှားတတ်သည်...

"sweet လေး ... အစ်ကို့ကို သေချာတောင်းပန်လိုက် ... အဖွားတို့ အဖေ အမေတို့ ရှေ့မှာ နောက်မဖြစ်စေရပါဘူး ကတိပေးလိုက်လေ"

အဖွားက ထိုသို့ပြောတော့ အာကာ အစ်ကို့ဘေးမှာ ထိုင်နေရာမှ ဆင်းကာ အစ်ကို့ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး အစ်ကို့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်...

"တောင်းပန်ပါတယ် အစ်ကို... နောက်ကို လုံးဝ မဖြစ်စေရပါဘူး... နောင်တတွေလဲ တကယ်ရပါပြီ... အစ်ကို့ကို ပျော်အောင်ထားမယ်ဆိုတဲ့ ကတိလည်း မတည်သလိုဖြစ်ခဲ့ရတယ်"

အစ်ကိုက အာကာ့ပါးနှစ်ဖက်ကို ပွတ်ပေးပြီး ခေါင်းညိတ်ပြသည်... အာကာက ကြမ်းပြင်မှာပဲ ထိုင်ချလိုက်ပြီး အစ်ကိုပေါင်ပေါ်မှာ မျက်နှာအပ်ထားမိသည်... ရင်ထဲမှာ စိတ်မကောင်းတာတွေ...အားနာတာတွေ... ရောယှက်ပြီး ငိုချင်နေရပြီ...

"အဖေကြီးနဲ့ အမေကလည်း တောင်းပန်ပါတယ် သားငြိမ်းရယ်... အဖေကြီးတို့ ဆုံးမတာ လိုသွားခဲ့တယ်"

"လေးမောင်လည်း မထိန်းလိုက်နိုင်ဘူးကွာ တောင်းပန်ပါတယ်"

"အာ... မဟုတ်တာဗျာ... အဖေကြီးတို့ကလည်း"

"မကြီးလည်း တောင်းပန်ပါတယ် ငြိမ်းရယ်... ငြိမ်းကို တကယ်ပဲ ဒီမိသားစုထဲမှာ ပျော်စေချင်တာပါ...ဒီလို ဖြစ်သွားရတော့ စိတ်မကောင်းဘူး"

"နာနာရောပဲ ... တောင်းပန်ပါတယ်"

"မဟုတ်တာ"

အစ်ကိုက အနေရခက်စွာ အားတုံ့အားနာ ဖြစ်နေပြီး အာကာ့လက်တွေကို တင်းနေအောင် ဆုပ်ကိုင်ထားသည်... အစ်ကို့လက်ဖျားတွေက အေးစက်နေပြီ...

"ကိုကြီး ငြိမ်း ကေသာက ကိုကြီးဘက်ကနော်... ကတိပေးတယ် သိလား... So sweet ကို စောင့်ကြည့်ပေးမယ်...ဒီလိုမျိုး ထပ်ဖြစ်လို့ကတော့ တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းပဲ"

"ဟုတ်တယ်...ဟေမာလဲ ကိုကြီးဘက်ကပဲ... So sweet ကို စောင့်ကြည့်ပေးမယ်... ထပ်ဖြစ်လို့ကတော့ နွှာမှာ"

"ဝုတ် ဝုတ် ဝုတ်"

"အဲ...ဟုတ်တယ် သားပေါက်လေး ပြောလိုက်နော်... ပေါက်ပေါက်ကလည်း So sweet ကို ခြေသလုံးအကွင်းလိုက်ဖြစ်အောင် ကိုက်ပေးမယ်လို့...နော်"

"ဟိုလေ... မကြီးအိဖြူကလည်း ငြိမ်းကို တောင်းပန်ပါတယ်ကွယ် မိသားစုတွေထဲ ဒီလိုဖြစ်ကြတာ တကယ် စိတ်မကောင်းဘူး"

"မဟုတ်တာ မကြီးရယ်"

"ကိုကြီး ငြိမ်း... မော်မော်ကလည်း ကိုကြီးဘက်ကပဲနော်"

"ဟို နှစ်ကောင်ကိုလည်း အိမ်လာခဲ့စမ်းဦးလို့ ပြောလိုက်... ငါကောင်းကောင်း ဆုံးမပေးဦးမယ်... ဒင်းတို့က ခင်ခင်မျိုးဆွေ အကြောင်း မသိတာလဲ မဟုတ်ပဲနဲ့"

အာကာ အစ်ကို့ ကို မော့ကြည့်လိုက်တော့ အစ်ကိုက မျက်ရည်တွေနဲ့ ပြုံးနေသည်... အာကာ မိသားစုတွေကို တကယ်ပင် ကျေးဇူးတင်ရပါသည်...

"ကဲ မောင် So sweet ... မင်း  သုရာမေရယ မဇ္ဇပမာရဋ္ဌာဏာ ဝေဒါမဏိ သိက္ခာပဒံ သမာဒိယာမိ လုပ်ရတော့မယ်နော်"

"ဟုတ်ကဲ့ အဖေကြီး... သား ကတိပေးပါတယ်... နောက်ဆို လုံးဝ မသောက်တော့ပါဘူး"

အာကာ ဒီစကားကို အသက်နဲ့ ခန္ဓာ မြဲသ၍ တည်ပါ့မည်ဟု ကိုယ့်ကိုကိုယ်လဲ ကတိပေးမိရသည်...

တကယ်ကိုပဲ တစ်ခါသေဖူး ပျဉ်းဖို နားလည်ခဲ့ရပါပြီ...

အစ်ကို့ကို တကယ်ပဲ အားနာရပါသည်...

.............................................................................

<3 DiDi Zaw
(2/1/2023)

လူဆိုးကောင်လေး အရက်ပြတ်သွားပါပြီ

Continue Reading

You'll Also Like

958K 75.3K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
803K 68.9K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
239K 23.3K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
490K 37.5K 50
ဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူ...