Match Made In Clouds
By TayDiDi
2.6M 184K 27K
Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... More
Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details
Ep 24 (U)
49.3K 3.7K 388
By TayDiDi
"အင်း...အစ်ကို!"
so sweet က ငြိမ်းကို နံရံမှာကပ်ပြီး ပွေ့ချီထားရင်း နမ်းနေရာမှ ခုတင်ပေါ်တွင် အသာချပေးသည်... ထို့နောက် ငြိမ်းရင်ဘတ်မှ ရှပ်အင်္ကျီကြယ်သီးများကို ဖြုတ်ပေးပြီး သူကိုယ်တိုင်လဲ အင်္ကျီကို အလျှင်စလို ဆွဲချွတ်ပစ်လိုက်သည်... ထို့နောက် ငြိမ်းရဲ့ လည်တိုင် မှတဆင့် ညှပ်ရိုးတစ်လျှောက် ယစ်မူးစွာဖြင့် နမ်းရှိုက်သည်... ငြိမ်းရဲ့ ရင်ဘတ်မှ ပန်းရောင်ပွင့်ချပ်လေးကို ဖွဖွငုံထွေးသည်...
ငြိမ်းရဲ့ ရင်အစုံက နိမ့်ချည်မြင့်ချည်နဲ့ ခုန်လှုပ်နေလိုက်တာများ ထိန်းချုပ်လို့ပင် မရနိုင်တော့... ဒီလူက ကိုယ့်ကိုချစ်နေတဲ့သူ... ကိုယ့်ကလည်း ချစ်နေရတဲ့သူ... ဒီလူကကိုယ့်ကို တက်မက်နေသည် ဆိုသည့်အသိက ရိုးတွင်းချဥ်ဆီများအထိ ခံစားမှုကို သက်ရောက်စေသည်... so sweet က ငြိမ်းကိုယ်ကို အသာမကာ ရှပ်အင်္ကျီဖြူကို အပြီးတိုင်ဆွဲချွတ်ပြစ်သည်... ထိုနောက် ဒူးထောက်ပြီး ငြိမ်းအပေါ်မှာ အုပ်မိုးနေလျှက်က ငြိမ်းတစ်ကိုယ်လုံးကို ရီဝေစွာနှင့် စိုက်ကြည့်သည်...
"အစ်ကို"
"ဟင်"
ငြိမ်း စိတ်လှုပ်ရှားနေသဖြင့် ပြန်ထူးလိုက်သည့် အသံက so sweet သေချာပင်ကြားရဲ့လားမသိပေ... so sweet က ကိုယ်ကိုငုံ့ကိုင်းလာပြီး ငြိမ်းလည်တိုင်ကိုနမ်း၍ နားနားသို့ကပ်ကာ တိုးတိုးပြောသည်...
"ကျွန်တော်လည်း Douching လုပ်ထားတယ်... အစ်ကို့အတွက်... အစ်ကိုကျွန်တော့ကို..."
so sweet ရဲ့ စကားကြောင့် ငြိမ်းရင်ထဲမှာ ဒုတ်ခနဲပင် ဖြစ်လို့သွားရသည်... ငြိမ်းလည်း သာမာန်ယောက်ကျားတစ်ယောက်ပဲမို့ ဒီလိုမျိုးတွေ လုပ်နိုင်ပေမဲ့တစ်ခုခုဆို Pain Sense အရမ်းများတတ်တဲ့ ဒီကောင်လေးကို ငြိမ်းက ဘယ်လိုစိတ်မျိုးနဲ့ လုပ်ရက်ပါ့မလဲ... ကိုယ်ခန္ဓာမှာ သေးသေးမွှားမွှား တစ်ခုခုထိခိုက်မိရင်တောင် သူများထက်ပို နာတတ်တဲ့ ဒီကောင်လေးကို ငြိမ်းကအမြဲတမ်း စိတ်ပူခဲ့ရတာမို့ First time ရဲ့ နာကျင်မှုမျိုးကို ဘယ်လိုစိတ်နဲ့မှ မပေးရက်ပါချေ... အဲ့ဒီအစား ငြိမ်းတစ်ယောက်တည်း အပေါ်မှာ အချစ်တွေနဲ့ အမြဲတက်မက်နေတတ်တဲ့ ဒီအဆိုးလေးအတွက် ယုယခွင့်ကို ငြိမ်းကပဲ ပေးအပ်ရပါမည်...
ငြိမ်းကိုယ်တိုင် မနက်ကတည်းက ဒေါက်တာ စောနေဒွန်း သင်ကြားပေးထားသည့်အတိုင်း သန့်ရှင်းရေးကို သေသေချာချာလေး လုပ်ထားပြီးပြီမို့ ယုံကြည်မှုအပြည့်နဲ့ အဆင်သင့်ဖြစ်လို့နေခဲ့ပြီ....
ချစ်ကြပြီဆိုရာ၌ ဘယ်လိုအနေထားမျိုးနဲ့ပဲ ဖြစ်ဖြစ် ငြိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်နေဖို့ပဲ လိုအပ်သည် မဟုတ်လား...
ယောက်ကျားလေးတစ်ယောက် ဆိုတဲ့ငြိမ်းရဲ့ ဖြစ်တည်မှုကို လျစ်လျူမရှုပဲ အကယ်၍ ငြိမ်းများလိုအပ်နေခဲ့ရင် အဆင်သင့်ဖြစ်နေအောင် သူ့ကိုယ်သူပါ Douching လုပ်ထားပေးခဲ့တဲ့ ဒီကောင်လေးက ငြိမ်းအပေါ် တော်ရုံချစ်ခြင်းနဲ့ ငြိတွယ်ခြင်း မဟုတ်မှန်း ကြည်နူးစွာဖြင့် ခံစားမိရပါသည်...
ငြိမ်းက so sweet ရဲ့ လက်တစ်ဖက်ကိုဆွဲယူက ငြိမ်းရင်ဘတ်ပေါ်မှာ တင်ပေးလိုက်သည်... So sweet က ငြိမ်းရဲ့ မျက်နှာကို လိုချင်တောင့်တနေသော မျက်လုံးလေးတွေနဲ့ ကြည့်လာသည်...
"ကိုယ် မင်းကို မင်္ဂလာဦးလက်ဆောင်အနေနဲ့ တစ်သက်လုံး ယုယခွင့်ကိုပေးမယ်... So sweet က ကိုယ့်ကို အချစ်တွေနဲ့ ယုယပေးနော်"
"အစ်ကိုရယ်"
ငြိမ်းရဲ့ ညာဘက်ပါးပြင်ကို ငုံ့နမ်းရင်း So sweet ရဲ့ မျက်ဝန်းမှ မျက်ရည်တစ်စက်က ငြိမ်းပါးပြင်ပေါ်သို့ ပေါက်ခနဲ လွင့်စင်လာသည်...
ဒါ ငိုစရာမှ မဟုတ်တာ ကလေးရာ...
အရာရာကို ကြည်ဖြူစွာနဲ့ ပေးအပ်မှာမို့ မင်းရဲ့တာဝန်က ချစ်ခြင်းမှာ မြတ်နိုးမှုလေး ပေါင်းထည့်ပြီး သိမ်းပိုက်ရုံပါ...
"ကျွန်တော် အရမ်းချစ်တယ်... နော်...အစ်ကို့"
"အင်း"
ငြိမ်းက ပြုံးနေပြီး မျက်လုံများကို မှေးမှိတ်ထားလိုက်ကာ နူးညံ့တဲ့ ပွတ်သပ်ထိတွေ့မှုတို့ကို ခံစားသည်... ချစ်ရသူရဲ့ အထိတွေ့တိုင်းက သံလိုက်ဓာတ်တွေလို ဆွဲအားကောင်းလွန်းလှမှန်း ခုမှပဲသိရတော့သည်... So sweet ရဲ့ လက်အစုံက ငြိမ်း ခါးဆီမှ ဘောင်းဘီတို့ကို အသာအယာဆွဲချွတ်လာတော့ ကိုယ်ကိုအလိုက်သင့် ကြွပေးမိသည်... အရာခပ်သိမ်းကို စေညွှန်ရာအတိုင်း လိုက်နာဖို့ အသင့်ဖြစ်နေသည်အထိ အချစ်ရဲ့ အမိန့်တော်က နူးညံ့စွာ သက်ဝင်ပါသည်...
"အစ်ကို...ကျွန်တော့်ကိုကြည့်"
ခေါ်သံကြောင့် မှေးမှိတ်ထားသော မျက်လုံးအစုံကို လှစ်ဟမိတော့ မျက်စိရှေ့မှာမြင်နေရသည့် ကျန်းမာသန်စွမ်းသော လူငယ်လေးတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုက အသက်ရှုပင်အောင့်မိသွားရသည်အထိ...
တဒင်္ဂဆွံ့အပြီး မျက်လုံးအဝိုင်းသား ဖြစ်သွားတဲ့ငြိမ်းကို ညစ်ကျယ်ကျယ်အပြုံးနှင့် ငုံ့ကြည့်နေသောကောင်လေးက အမြင်ကပ်စရာ ကောင်းလွန်းလှသည်... ထိုမျှမကသေး ငြိမ်းရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး ကျေနပ်နေပုံက လိုချင်သော အရုပ်လေးတစ်ရုပ် ပိုင်ဆိုင်လိုက်ရတဲ့ ကလေးငယ်တစ်ယောက်လိုပင်...
"So sweet... အဲ့လိုကြီး ကြည့်မနေနဲ့လေကွာ"
"အဟင်း... လှနေတာကြီးကို အစ်ကိုက... တကယ်ကွာ ဘယ်နားကြည့်ကြည့် ဖွက်ထားချင်စရာတွေချည်းပဲ... ဘယ်လိုလုပ်မလဲ"
"တော်တော့"
ငြိမ်းက လက်နဲ့ကာဖို့လုပ်တော့ So sweet က ငြိမ်းရဲ့လက်ကိုဆွဲဖယ်ကာ ငြိမ်းရဲ့ ခြေထောက်တစ်ချောင်းကို ဆွဲမြှောက်၍ ပေါင်အတွင်းသားမွှတ်မွှတ်တို့ကို နမ်းရှိုက်သည်... ထိုမှတစ်ဆင့် အနမ်းတို့က နေရာအနှံ့ကို ထပ်မံခြေဆန့်ပြန်သည်... နောက်ဆုံးနမ်းလိုက်သည့် တစ်နေရာကြောင့်... ငြိမ်း အလိုအလျှောက် ခါးကိုကော့မိသွားရပြီး ရင်ဘတ်အစုံက နိမ့်ချည်မြင့်ချည်နှင့် ဖိုထိုးနေသလို မောဟိုက်လာရသည်... ပင်ပန်းနေသည်လည်း မဟုတ်ပြန်... ဒီထက်ပိုတိုး၍ ခံစားမှုတစ်ခုကို လိုအပ်နေသကဲ့သို့ ရှာဖွေမိပြန်သည်...
So sweet က ငြိမ်းရဲ့ ဖြည်းဖြည်းချင်း ပြောင်းလဲလာနေတဲ့ ခန္ဓာဗေဒကို စူးစိုက်မှတ်သားပြီး ဒေါက်တာစောနေဒွန်း ပြောပြထားတဲ့အတိုင်း ပြင်ဆင်မှုတို့ကိုပြုလုပ်သွားသည်က စနစ်တကျနှင့်ပင်...
အားလုံးအဆင်သင့်ဖြစ်တော့ ငြိမ်းရဲကိုယ်ပေါ်ကိုအုပ်မိုးလာပြီး အနမ်းမိုးရွာပြန်သည်... ထို့နောက် လည်တိုင်တစ်လျှောက် နမ်းရှိုက်ရင်း ခပ်ရှရှ အသံက နားနားမှာ ညံ့သက်စွာဖြင့် ထွက်ပေါ်လာသည်...
"အစ်ကို... မျက်လုံးမှိတ်ထား... ကျွန်တော်တို့နှစ်ယောက် တိမ်တွေပေါ်တူတူတက်ကြမယ်နော်... ဖန်စီပန်တောင်ထိပ်မှာ တိမ်တွေကြားထဲ ရပ်နေရတဲ့ ခံစားချက်ကို အစ်ကိုသိတယ်မဟုတ်လား... ဟိုး အဝေးမှာ တိမ်လိပ်အကြီးကြီးတွေ လွင့်လာနေတယ်... ပြီးတော့ ဒီလိုမျိုးလေး အစ်ကို့ရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်ပြီး ဖြတ်တိုက်သွားမယ်... ဖြည်းဖြည်းလေးနဲ့ ... Emmm....Hmmmm... အစ်ကိုက... အစ်ကိုက... အဲ့ဒီအချိန်မှာ အသက်ကို ပြင်းပြင်းရှုလိုက်တဲ့အခါ... တိမ်ငွေ့တွေက အေးခနဲ.... ပြီးတော့ နောက်ထပ် နောက်ထပ်... တိမ်လိမ်တွေက ထပ်ပြီးတော့ အစ်ကို့ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားဦးမယ်... ဖြည်းဖြည်းလေး...ဒီလိုမျိုးလေး...ပြီးတော့ အစ်ကိုက တိမ်တွေရဲ့ တွန်းတိုက်မှုကြောင့် ရွှေ့လျှားနေတယ်လို့ ခံစားရမယ်..."
"အ!...Hahhh"
"ဒီလိုမျိုး... တောင်ထိပ်ပေါ်မှာ လေပြင်း နည်းနည်း တိုက်တဲ့ အခါ... တိမ်တွေရဲ့ တွန်းတိုက်မှုက ပိုပြီးမြန်လာတတ်တယ်... Ahhh... အဲ့ဒီလိုမျိုး... အင်း... ကျွန်တော်က အစ်ကို့ရဲ့ ဒီလက်ကောက်ဝတ်လေးနှစ်ဖက်ကို ဒီလိုမျိုးဆုပ်ကိုင်ထားပေးမယ်... ကျွန်တော်တို့ နှစ်ယောက်... Hmmm... တိမ်တွေကြားထဲမှာ...Emmm"
So sweet ရဲ့ စကားသံနဲ့အတူ ငြိမ်းရဲ့ ခန္ဓာကိုယ်က အထက်အောက် ရွှေ့လျှားနေသည်... တိမ်တွေရဲ့ တွန်းတိုက်မှုကခန္ဓာကိုယ်ရဲ့ ဟိုးအတွင်းပိုင်းအထိ မြန်လာလိုက် နှေးသွားလိုက်နှင့် တစ်ချက်ချက်မှာ ကြမ်းတမ်းမှု အနည်းငယ် ရောယှက်လျှက် ငြိမ်းကို အမြင့်ဆုံးတစ်နေရာအထိ ဆွဲခေါ်နေသည်...
တောင်ထိပ်ပေါ်ရှိ လေတိုက်နှုန်းကြောင့်ပဲလား... ငြိမ်း တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းလေးတွေ ထနေပြီး ရင်ထဲမှာ လှိုက်ခနဲ အေးခနဲ.... အစပိုင်းမှာ တွန်းတိုက်မှုက နာကျင်စေသည်လားသတိမထားလိုက်မိပေမဲ့ ငြိမ်းမျက်ရည်တွေကျလာသည်ကိုတော့ ခံစားမိရသည်... အချိန်တစ်ခုအကြာမှာ တိမ်တိုက်တွေရဲ့ မြင့်သထက်မြင့်သည့်နေရာကို မြန်မြန်ပြေးတက်ချင်လာသည်... စိတ်ရဲ့ စေစားရာအတိုင်း အားမရစွာ ခန္ဓာကိုယ်ကို လှုပ်ရှားမိတော့ So sweet က ငြိမ်းကိုပွေ့ချီပြီး ဆွဲလှည့်ပစ်လိုက်သည်...
တိမ်တွေပေါ်မှာ ဒူးထောက်လျှက်အနေအထားနှင့် လက်နှစ်ဖက်ကလည်း တိမ်ညွှန့်ဖြူဖြူတစ်ခုပေါ်မှာ ထောက်ကန်ထားလိုက်ရသည်... ငြိမ်းရဲ့ခါးနှစ်ဖက်ကို so sweet ရဲ့ သန်မာတဲ့လက်အစုံက တင်းကျပ်စွာ ဆုပ်ကိုင်လာပြီး တိမ်တိုက်တို့ကို ပိုမိုမြန်ဆန်စွာ ရွှေ့လျှားစေသည်...
"Emmm Hmmm"
ရွှေ့လျှားမှုက အရမ်းမြန်ဆန်နေသည်... ငြိမ်း ပြေးလွှားပြီး တက်နေရသည့် ဟိုးအမြင့်ဆုံးကို ရောက်တော့မည်... ရောက်ခါနီးလေ ပိုပြီးပြေးလွှားချင်မိလေ ဖြစ်နေရပြီး... ငြိမ်းကိုဆွဲတင်ပေးမည့် လက်တစ်စုံကို ဖမ်းဆုပ်မိသည်...
"Ahhh...Haaa...So sweet!"
"Hmmm အစ်ကို!"
So sweet ကလည်း ငြိမ်းရဲ့ကျောပြင်ကို ရင်နှင့်အပ်ကာ ဖက်တွယ်လာပြီး ဟိုးအမြင့်ဆုံးအထိ ငြိမ်းတို့တူတူရောက်သွားကြရသည်... ထို့နောက်... ထို့နောက်မှာတော့... အမြင့်ဆုံးတစ်နေရာမှ ပြုတ်ကျသွားရသည့် ခံစားချက်က သိမ့်ခနဲ...ငြိမ့်ခနဲ...လှိုက်လှိုက်လှဲလှဲ...
"Ahh!! Harrrr!!!"
ပြိုကျသွားသော ငြိမ်းရဲ့ ခန္ဓာကိုယ်ကို so sweet က အမြန်ထိန်းပွေ့ကာ ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး အိပ်ရာပေါ်သို့ပစ်လှဲချလိုက်သည်... ငြိမ်းခေါင်းမှီထားရာ So sweet ရဲ့ ရင်ဘတ်ဆီက နှလုံးခုန်နှုန်းက အရမ်းမြန်ဆန်နေသည်... So sweet က ငြိမ်းရဲ့ ကျောပြင်ကို ဖက်တွယ် ပွေ့ဖက်ထားပြီး ဖွဖွပွတ်ပေးနေသည်...
"ချစ်လိုက်တာ အစ်ကိုရယ်... ပြီးတော့...
အဟင်း... အစ်ကိုက အရမ်းကောင်းတယ်"
"............"
"အစ်ကို့"
"ဟင်"
"ကျွန်တော်ရော?"
"မသိဘူး"
"ဘာ! အဟဟား... ဪ ဪ... ကျွန်တော့် အိမ်ကလေးက သေချာမသိသေးဘူးပဲ... အင်းပါ... ဒါဆို ထပ်ပြပေးရတာပေါ့"
"So sweet!"
So sweet က ပြောပြောဆို အိပ်နေရာမှ ဝုန်းခနဲထကာ အကာကွယ်ပစ္စည်း တို့ကို အသစ်လဲလိုက်သည်...
"So sweet... ဘာ...ဘာလုပ်မလို့လဲ"
"ကျွန်တော် ဘယ်လိုနေလဲ သိအောင်ထပ်ပြပေးမယ်လေ"
"အာ... မသိချင်ဘူး...တော်ပြီ"
"လာပါ အစ်ကိုကလည်း ... အစ်ကို့ယောက်ကျားရဲ့ စွမ်းဆောင်ရည်နဲ့ လစ်မစ်ကို စမ်းကြည့်ရမှာပေါ့"
So sweet က ပြောပြောဆိုဆိုနှင့် ငြိမ်းကို ဆွဲထူကာ သူခါးပေါ်သို့ ခွတင်ပစ်လိုက်သည်... လူကိုထင်သလို အချိန်မရွေးဆွဲပွေ့နေနိုင်ရလောက်အောင် အားတွေက ဘယ်ကရသည်မသိ...
"ဟင်"
ငြိမ်း အခုမှသတိထားမိရသည် အိပ်ရာပေါ်မှာ ပက်လက်အိပ်နေသော So sweet အပေါ်မှာ ငြိမ်းက ခွထိုင်လျှက်သားနှင့်...
"So sweet! ဒီလိုကြီးက...အာ...ဒီလိုကြီး မနေချင်... Ahhh!!!"
"ကျွန်တော့် အိမ်ကလေးက စကားများလိုက်တာဗျာ... Emmm"
ငြိမ်းစကားပင် ဆုံးအောင်ပြောချိန်မရတော့ဘဲ တိမ်တွေပေါ်ကို နောက်တစ်ခေါက် ရောက်ရပြန်ပါသည်... ခါးဆီမှ တင်းကျပ်စွာ ဖိကိုင်ထားမှုနှင့်အတူ လူကလေထဲမှာ မြောက်လိုက် ပြန်ကျလိုက်ဖြစ်နေရပြီး ခေါင်းကို အလိုအလျှောက် မော့ထားမိသည်... ခဏအကြာမှာ So sweet က အနေအထားပြောင်းသဖြင့် ငြိမ်းလက်တွေက မွေ့ယာဘေးမှ ကွန်ဒုံးဗူးတွေကို စမ်းမိသွားရင်း မျက်လုံးတွေပင် ပြာဝေသွားရသည်...
So sweet ဒါတွေအကုန် သုံးမှာတော့ မဟုတ်ဘူးမလား...
Ahhh... ငြိမ်း... တိမ်တွေကို မုန်းချင်လာရပြီ...
.............................................................................
"Ring!! Ring!! Ring!!"
အာကာ အိပ်ရာဘေးမှ ဖုန်းကို အမြန်ကောက်ကိုင်လိုက်ရသည်... ဖုန်းသံကြောင့် ရင်ခွင်ထဲမှ ခန္ဓာကိုယ်လေးက အနည်းငယ် လူးလွန့်သွားသည်...
"ဟယ်လို"
"So sweet ဟိတ်ကောင်... ဘယ်နှနာရီရှိနေပြီလဲကွ"
"အာ...လေးမောင်မှာ နာရီမရှိဘူးလား...ဧည့်ခန်းက နာရီထွက်ကြည့်လိုက်လေ"
"ဟိတ်ကောင်... မင်းကိုငါ နာရီမရှိလို့ မေးနေတာ မဟုတ်ဘူးကွ... ခုထိမထကြသေးဘူးလား မင်းအမေ စွပ်ပြုတ်လုပ်ထားတယ်... တံခါးလာခေါက်ရင် မကောင်းတတ်လို့...နာရီကိုလဲ ကြည့်ဦး"
"အခု ထတော့မှာ... ဒါနဲ့လေ... စွပ်ပြုတ်ကို နောက်လမ်းက အိမ်ကို လာပို့ပေးခိုင်းလို့ရလား လေးမောင်"
"ဘာ!!!"
အာကာ ဖုန်းကို နားမှ နည်းနည်းခွါလိုက်ရသည်...
"မင်းတို့ ဘယ်လိုဖြစ်ပြီး နောက်လမ်းက အိမ်ရောက်သွားရတာတုန်း"
"လေးမောင်တို့က လိုက်နှောက်ယှက်နေတာကို"
"ဟ! ဘယ်မှာ လိုက်နှောက်ယှက်နေလို့လဲကွ... ငါက ဒီတိုင်း မင်းတို့လိုအပ်မဲ့ဆေးလာပေးရုံပဲ... ဒါနဲ့... အဟမ်း.... အဲ့ဒီဆေး ဘယ်သူသောက်လိုက်လဲ"
"အစ်ကို"
"ငါထင်တယ်...ငါထင်တယ်... အာကာကြည်ညွှန်း... မင်းအကြောင်းကို ငါကောင်းကောင်းသိတယ်... ငြိမ်း အခြေနေကောင်းလား... မင်း အလွန်အကျွံတော့ မလုပ်ဘူးမလား"
"အာ... ဘယ်ကလုပ်ရမှာလဲ"
"ဆရာဝန်ခေါ်ပေးဖို့ လိုသေးလား"
"ရတယ် မလိုဘူး... ဒေါက်တာစောနေဒွန်းပေးလိုက်တဲ့ဆေးတွေ လုပ်ထားတယ်"
"ပြီးရော... ဒါဆို မော်မော့်ကို စွပ်ပြုတ်ပို့ခိုင်းလိုက်မယ်...ဘယ်လိုကောင်တွေလဲကွာ...အိမ်က ခိုးထွက်သွားရတယ်လို့"
"လေးမောင်... အမေတို့ကို ပြောလိုက်ဦး"
"အေး...ညနေပြန်လာခဲ့ကြ"
လေးမောင် ဖုန်းချသွားပြီးတော့ အစ်ကိုကနိုးနေပြီ...
အာကာက အစ်ကို့နဖူးကို ငုံ့နမ်းရင်း အပူချိန်စမ်းကြည့်လိုက်သည်... မပူပေမဲ့ ခပ်နွေးနွေး ဖြစ်နေသည်...
"ဘယ်လိုနေသေးလဲဟင် အကို့"
"အိပ်ချင်သေးတာ"
"နေဦးနော်... မော်မော် စွပ်ပြုတ်လာပို့လိမ့်မယ်...မနက်စာအရင်စားရအောင်နော်... ကျွန်တော်တို့နှစ်ယောက်လုံး မနေ့က ဘာမှမစားထားဘူးလေ...စားပြီးမှ ပြန်အိပ်... အစ်ကို ဆေးလည်းသောက်ရဦးမယ်"
"ထမယ်... ကိုယ်တို့ရောက်နေတာ ကြီးမေတို့ မသိသေးဘူး"
"ခဏနေ မော်မော် လာရင် သိလိမ့်မယ်"
အစ်ကိုက အိပ်ယာမှထရန် စောင်ကို ဖယ်ခွါပြီးမှ သူ့ကိုယ်ပေါ်မှာ အဝတ်အစားမရှိတာကို သတိရသွားပြီး အာကာ့ကို မော့ကြည့်လာသည်...
"အဝတ်တွေယူပေးဦး"
"အစ်ကို့... အဲ့ဒါလေ... မနေ့က လောလောနဲ့ ထွက်လာကြတာ အဝတ်အစားမယူခဲ့ရဘူး.. မနေ့က မင်္ဂလာဝတ်စုံပဲ ပြန်ဝတ်ကြမလား"
"ဟို ဗီရိုထဲမှာ ကိုယ့်အင်္ကျီအဟောင်းတွေရှိသေးတယ်...သွားယူပေး"
"ကျွန်တော်ကရော... ကျွန်တော်က အစ်ကို့အဝတ်တွေနဲ့မှ မတော်တာ"
"နည်းနည်းကြီးတာ ရှာဝတ်"
အာကာ ခြုံထားသော စောင်ကို ဖယ်ခွါပြီး ခုတင်ဘေးမှ အဝတ်အစားမပါဘဲ ဆင်းရပ်လိုက်တော့ အစ်ကိုက မျက်မှောင်ကျုံ့သွားသည်...
"အဟက်... ဘာလဲ... ဘာခုမှ မျက်မှောင်ကျုံ့နေတာလဲ... ညတုန်းကကျတော့ ကြိုက်တယ်ဆို"
"So sweet နော်!"
"အဟားဟား"
အစ်ကို့အဝတ်ဗီရိုထဲမှာ မွှေနောက်ပြီး အဝတ်စားဝတ်ကြရသည်... အာကာ့ပုံက အင်္ကျီကျပ်ကျပ် ဘောင်းဘီက ခြေသလုံးနားထိ တိုနေပြီး ဟာသရုပ်ပေါက်နေသည်...
"ခွိ!"
"အစ်ကိုနော်...ဘာရယ်တာလဲ"
"မင်းပုံစံက ကိုရီးယားကားထဲက အားဂျူးမားကြီးနဲ့ တူနေတယ်"
"အေးနော်...အကုန်ပြန်ချွတ်ပြီး ဒီတိုင်းနေလိုက်မှာဗျ"
အဝတ်စားလဲ ကိုယ်လက် သန့်စင်ပြီးတော့ အာကာ့ဖုန်းထဲ message တွေ ဝင်နေသည်...
"တင်! တင်! တင်!"
တတင်တင်နှင့် Notification တက်လာသည့် စာတွေက မမကေသာနှင့် မမဟေမာဆီမှ... Telegram မှာ အာကာတို့ အငယ် သုံးယောက်ပဲ ခွဲထွက်ထားသည့် Group တစ်ခု သပ်သပ်ရှိသေးသည်...
KayThar- So, T or B?
HayMar- 🤭
SoSweet- 😎
KayThar- Ohh wow 💁‍♀️
HayMar- ငါတို့လုပ်ပေးတဲ့ မဲနှိုက် သေးလား?
SoSweet- For? 🙄
KayThar- So sweet တရားမျှတမှုမရှိဘူး အဖေကြီးနဲ့တိုင်မယ်!
SoSweet- Go ahead!
Chat နေရင်း အာကာက တမင်ညစ်ချင်လာသည်နှင့် အဝတ်အစားလဲပြီး အိပ်ရာပေါ်ပြန်လှဲနေသော အစ်ကို့လက်တစ်ဖက်ကို ဆွဲယူကာ ဖိကိုင်ပြီး ဓာတ်ပုံရိုက်လိုက်သည်... ထို့နောက် မမကေသာတို့ Group ထဲသို့ပို့လိုက်သည်...
SoSweet- a little လေး ပြမယ်... ရော့...အင့်...
KayThar- What the!!
HayMar - Arrrrrr!!
SoSweet- Sorry if you guys don't understand it 🤷‍♂️
KayThar- Just Take မိုင်မစ်ဒယ်ဖင်းဂါး ဘရို!
HayMar- ဟေမာကြည်ညွှန်း left the group chat 🙂
"အဟာဟားဟား"
အာကာ အိမ်က ငမွေထိုးနှစ်ယောက်နှင့် Chat ရင်း အူမြူးနေရသည်...
"So sweet...ဘာလဲ"
"ရွှတ်!"
အာကာက အစ်ကို့ပါးကို ငုံ့နမ်းလိုက်ပြီး...
"ဘာမှမဟုတ်ဘူး မမကေသာတို့နဲ့ ပြောနေတာ"
"အောက်ဆင်းကြမယ် ကြီးမေတို့နဲ့ တွေ့ရအောင်"
အာကာတို့ နှစ်ယောက် အိမ်ပေါ်ထပ်မှ ဆင်းလာကြတော့ ကြီးမေတို့က လန့်သွားကြသည်... ခဏနေတော့ မော်မော် ရောက်လာပြီး ပြုံးစိစိနဲ့ စွပ်ပြုတ်ထည့်ထားသော ချိုင့်ကိုပေးသည်... ပေးပြီး ချက်ချင်းမပြန်သေးဘဲ ထမင်းစားခန်းတွင် ဝင်ထိုင်ကာ... မျက်နှာပိုးမသတ်ဘဲ စပ်ဖြီးဖြီးနှင့်ဖြစ်နေပြီး...
"ဟို... ကိုကြီးတို့ နှစ်ယောက်ထဲက ဘယ်သူ စွပ်ပြုတ်သောက်မှာလဲဟင်... သမီးထည့်ပေးခဲ့မယ်"
"ရတယ်"
အာကာက ပန်းကန်လွတ်တစ်ခုကို ရှေ့သို့ ဆွဲယူလိုက်ပြီး ကိုယ့်ဟာကိုယ် စွပ်ပြုတ်ယူထည့်တော့ မော်မော်က မျက်လုံးပြူးသွားကာ ပါးစပ်ကို လက်ဝါးနှင့်ပိတ်လိုက်သည်...
"ဘာလဲ...နင်က"
"ဟို စွပ်...စွပ်ပြုတ်က ကိုကြီး So Sweet သောက်မှာလား"
အာကာက ပြန်မဖြေဘဲ စွပ်ပြုတ်ထည့်ပြီးသား ပန်းကန်ကို အစ်ကို့ရှေ့သို့ တွန်းပို့ပေးလိုက်သည်...
"ရော့ အစ်ကို... ပူပူလေး သောက်"
"ဪ... ကိုကြီးငြိမ်း သောက်မှာကိုး"
အာကာက မော်မော်ကို့ကြည့်ကာ ခေါင်းသာရမ်းလိုက်ပြီး နောက် ပန်းကန်တစ်ခုဆွဲယူကာ စွပ်ပြုတ်ထပ်ထည့်ပြီး သောက်တော့ မော်မော်က ခုနကအမူအရာအတိုင်း ဖြစ်သွားပြန်သည်...
"ဟယ်"
"ဘာတုန်း မော်မော်ရာ"
မော်မော်က မယုံနိုင်တဲ့ မျက်နှာထားနှင့် အာကာတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ကာ...
"စွပ်ပြုတ်က ကိုကြီး So Sweet ရော သောက်ရတာလား"
"ဘာဖြစ်တုန်း ငါသောက်တော့"
"အဲ... ဟို... ဘာမှ မဖြစ်ပါဘူး... သောက်...သောက်"
ထို့နောက် ထိုင်နေရာမှ ဖင်တကြွကြွဖြစ်ကာ ပြန်ဖို့ဟန်ပြင်ရင်း...
"သမီး ပြန်လိုက်ဦးမယ်နော်... ဘဘ နဲ့ ကြီးကြီးက ညနေ ပြန်လာခဲ့ကြတဲ့ မှာလိုက်တယ်"
"အင်း"
"ကြီးမေရေ...မကြီးစုရေ... သမီးပြန်ပြီ"
"အေးအေး...မော်မော်"
မော်မော်က ထမင်းစားခန်းထဲမှ ထွက်သွားပြီးမှ အပေါက်ဝမှာ ပြန်ပေါ်လာပြီး...
"ဟို"
"ကဲ...ဘာလဲ"
"တကယ်ကြီး နှစ်ယောက်လုံးက စွပ်ပြုတ်သောက်ရတာလားဟင်"
"ဟ! ဒီမှာသောက်နေတာ မမြင်ဘူးလား"
"ဪ... အင်းအင်း"
မော်မော်က အီလည်လည်နှင့် ထွက်သွားတော့သည်...
အာကာတို့ နေ့လည် တစ်ရေးအိပ်ပြီး ညနေစောင်းမှ အိမ်ပြန်သွားကြတော့ အိမ်ကခိုးထွက်သွားမှုနဲ့ အမေဆူတာ ခံလိုက်ရသေးသည်... မကြီးက အာကာ့ကို ဧည့်ခန်းထဲမှာတွေ့တော့ လက်ကုတ်ပြီး တိုးတိုးကျိတ်ကျိတ်မေးသည်...
"So sweet...စွပ်ပြုတ်က နှစ်ယောက်လုံး သောက်တာဆို"
"အင်းလေ... မကြီးတို့ပဲ နှစ်ယောက်စာ ထည့်ပေးလိုက်တာ မဟုတ်ဘူးလားလို့"
"ဪ... အင်း အင်း ဟုတ်တယ်"
မကြီးမျက်နှာက အူလည်လည်လေး ဖြစ်နေ၍ အာကာရယ်ချင်သွားရသည်...
"ကဲပါ အပျိုကြီးရယ်... သွားပါ... ဘာတွေစိတ်ဝင်စားနေတာတုန်း... ဒေါ်ခင်ခင်မျိုးဆွေကို ပြောလိုက် အာကာကြည်ညွှန်း စွပ်ပြုတ်သောက်တာ ဗိုက်ဆာလို့ လို့...ဟုတ်ပြီလား... နောက်ရက်တွေကျရင် သားမက်တော်လေးကိုပဲ စပါယ်ရှယ် ဂရုစိုက်လိုက်... အာကာကြည်ညွှန်းကိုက ကြက်ဥနဲ့ နွားနို့ပဲတိုက်"
"ဟယ်... ဒီကောင်လေးကတော့နော်"
"ဟုတ်တယ်... တကယ်... ဒီစွပ်ပြုတ်သောက်တာ မပြီးတော့ဘူး... မမနာနာကလည်း message ပို့ပြီး မေးထားသေးတယ် ဒီမှာ"
"ဟဲ့! ငါတို့က ဒီတိုင်းပဲ သိချင်လို့မေးတဲ့ဟာကို"
"နေဦးဗျာ မိသားစု အစည်းဝေးကို ခေါ်ပေးဦးမယ်... အဖေကြီးရေ!!! Meeting Meeting!!"
"ဟဲ့ကောင်လေး ဘာလို့အော်နေတာလဲ!!!"
"အဟားဟားဟား"
............................................................................
ခြံထဲသို့ ဝဇီရာကျော့် ကားလေးကွေ့ဝင်လာပြီး ကားပေါ်မှ ဝဇီနဲ့ ရာဇာက ဆင်းလာကြသည်... ၀ဇီရာကျော်က ထူးထူးဆန်းဆန်း Mask တပ်ထားပြီး နေကာမျက်မှန်ပါ တပ်ထားလိုက်သေးသည်...
"ဟိတ်ကောင် ဝက်သီး မင်းက ဘယ်လို ဖြစ်တာတုန်း Mask ကြီးတပ်ပြီး အိုင်ဒေါလိုလို ဘာလိုလိုနဲ့ သတင်းထောက်တွေ လိုက်နေလို့လား"
"ထွီ! ဒီကောင်လား... အိုင်ဒေါ တော့ မဟုတ်ဘူး ဟိတ်ကောင်ရေ... ဘိုင်ကော...ဘိုင်ကော"
အာကာ့ အမေးကို ရာဇာက ဝင်ဖြေသည်... ဝဇီက အိမ်ထဲဝင်လာရင်း မျက်မှန်ကိုချွတ်လိုက်ကာ...
"ဝက်ခြံတွေပေါက်နေလို့ကွ... ဘာကြီးတုန်း ဘိုင်ကော က"
"ဘောကိုင် လေ ဘောကိုင်"
"နှမပေးလေးကလည်း မင့်ဂျီးတော် ဘောကို ကိုင်ရမှာလား"
"ငါ့ဂျီးတော်မှာတော့ ဘောမရှိဘူး ငါ့ကိုင်ချင် လာကိုင်"
ရာဇာက ပြောတော့ ဝဇီက ရာဇာ့ကို ဆိုဖာပေါ်မှာ ဖိ၍ ဖမ်းချုပ်ထားကာ ပေါင်ကြားထဲသို့ အတင်းနှိုက်တော့သည်...
"ငါ့ကို စိန်လာခေါ်တဲ့ ကောင် ... မှတ်လောက်အောင် လုပ်ပေးလိုက်ဦးမှာ"
"အား!!! ဟိတ်ကောင်နော်... အေးနော်... ငါ့ကလေး နိုးသွားရင် မင်းပြန်သိပ်ပေးရမှာ"
ဆိုဖာပေါ်မှာ လုံးထွေးနေသည့် နှစ်ယောက်ကို ကြည့်ပြီး အာကာ ခါးထောက်ကာ ခေါင်းရမ်းမိတော့သည်... နှစ်ယောက်က စော်တွေသာ အပြိုင်ထားနေတာ တွေ့လိုက်တိုင်း ပလူးပလဲနှင့် ...
"ဟိတ်ကောင်တွေ တော်တော့ ... အနောက်ထဲမှာ ဒေါ်ခင်ခင်မျိုးဆွေရှိတယ်နော်"
ထိုအခါမှ ငြိမ်သွားကြသည်...
"ကိုငြိမ်းရော"
"အခန်းထဲမှာ အိပ်ပျော်နေတယ်"
"ရုံးမသွားနိုင်ဘူးပေါ့"
"ခွင့်ယူထားတယ်"
"မင်းကွာ... ကိုငြိမ်းကိုတော့ ညှာတာပါ...ဟိုက နဂိုကတည်းကမှ နုနုဖတ်ဖတ်လေး"
"မင်း လျှာမရှည်ပါနဲ့... ငါ့လင် နုဖတ်တာ ငါသိတယ်"
"နှမပေးလေးကလည်း"
"ဒါနဲ့ ကာကြီး မင်း မနေ့က ရန်ကင်းစင်တာ သွားသေးလား"
"မသွားပါဘူး အိမ်မှာပဲ အစ်ကို့နားနေတာ"
"အေး... မသိပါဘူးကွာ... ငါ့အမေက မင်းကို တွေ့လိုက်တယ် ဆိုပြီးပြောနေလို့"
"လူမှားတာ နေမှာပါ"
"အေး... ဟုတ်မှာပေါ့"
ထိုအခိုက်မှာပဲ မမနာနာက အပြင်က ပြန်ရောက်လာပြီး အိမ်ထဲသို့ မျက်စိမျက်နှာ ပျက်စွာ ဝင်လာသည်...
"မမနာနာ ဘာဖြစ်လာတာလဲ"
အာကာ့ အမေးကိုပြန်မဖြေဘဲ အိမ်နောက်ထဲသို့ ဝင်သွားပြီး အမေ့ကိုရှာသည်...
"အမေ...အမေ့!!!"
"မီးလတ်...အမေက ဒီမှာ ... ဘာဖြစ်လာတာလဲ"
"အမေ့...ဟင့်...အီး....ဟီး..."
"ဟဲ့ မီးလတ် ဘာဖြစ်တာလဲလို့... အမေ့ကိုပြောစမ်း... မီးလေးရေ လာဦး ဒီမှာ ညည်းအမ ဘာဖြစ်လဲ မသိဘူး"
အိမ်ပေါ်က ဆင်းလာသော အစ်ကိုကပါ အသံတွေကြားတော့ ခပ်သွက်သွက်ကလေး ပြေးဆင်းလာသည်...
"အဖေကြီး ကိုခေါ်ပေး...အီးဟီး..."
"အေးအေး ခေါ်ပေးမယ် ခေါ်ပေးမယ်...သားလေး So Sweet ရေ အဖေကြီးကို ဖုန်းဆက်လိုက် အိမ်ပြန်လာခဲ့ဦးလို့... သမီး ဘာဖြစ်လဲ အမေ့ကို ပြော"
"နာနာက ... နာနာ ကျောင်းက Offer ရပြီ... ဟင့်...အီး..."
"ဟယ် ဟုတ်လား... အဲ့ဒါ သတင်းကောင်းကို ငါ့သမီးကလဲ... ဘာလို့ ငိုနေရလဲ"
"အင်းလေ မမနာနာကလည်း... မမနာနာပဲ US သွားချင်နေတာကို"
"နာနာက အိမ်ကလူတွေနဲ့ မခွဲနိုင်ဘူး...အီး...ဟီး... အဖေကြီးနဲ့ မခွဲနိုင်ဘူး... နာနာက အဖေကြီးနဲ့ပဲ နေမှာ...မသွားတော့ဘူး"
"ဟယ်...မီးလတ်ရယ်"
"မမနာနာကလည်း"
မမနန္ဒာ လုပ်ပုံကြောင့် အာကာတို့မှာ ရယ်ရခက် ငိုရခက် ဖြစ်ကုန်ကြတော့သည်... ဒီကျောင်းကို တက်ရဖို့ ဝင်ခွင့်တွေဖြေပြီး တစ်နှစ်ပတ်လုံး သူ့မှာကြိုးစားလာရပြီး အခုသွားရမယ်ဆိုတော့မှ အိမ်နဲ့ မခွဲနိုင်ပါဘူးဆိုပြီး ငိုနေတော့သည်...
ဟုတ်တော့လည်း ဟုတ်ပါသည်... အာကာတို့ မောင်နှမတွေအကုန်လုံးက အိမ်နှင့် တစ်ခါမှ အကြာကြီးမခွဲဖူးကြပေ...
မမနာနာက အခု သွားရတော့မည်ဆိုတော့ emotion ဖြစ်သွားပုံရသည်... ဒီကိစ္စကိုတော့ ဦးကြည်ညွှန်းကိုယ်တိုင် ဖြေရှင်းမှ ရပါလိမ့်မည်...
ကြည်ညွှန်း Family ကြီးမှာ သားသမီးတွေရဲ့ Emotion ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်သူမှာ ဦးကြည်ညွှန်း မှတစ်ပါး အခြားမရှိ မဟုတ်ပါလား...
...........................................................................
<3 DiDi Zaw
(26/12/2022)
Continue Reading
You'll Also Like
239K 23.3K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
73.9K 5.7K 69
ပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါ...
623K 59.9K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
447K 23.3K 51