Match Made In Clouds
By TayDiDi
2.6M 185K 27K
Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... More
Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details
Ep 23 (Z)
11.2K 383 13
By TayDiDi
"ချပ်"
"ဟင်"
ငြိမ်း ရေချိုးခန်းထဲက ထွက်လာတော့ so sweet က ခုတင်ပေါ်မှာ အခန့်သားနှင့် လှဲနေပြီး TV ဖွင့်ကြည့်နေသည်... ဒါက သူ ဒီအခန်းထဲမှာ အိပ်မည်ဆိုသည့် သဘော...
"so sweet ရေမချိုးဘူးလား"
"ချိုးခဲ့ပြီလေ အစ်ကိုရဲ့"
"ဒါနဲ့...ဒီမှာ ဘာလာလုပ်နေတာလဲ"
"ဟင်...လေးမောင်မှ မရှိတာကြီးကိုလို့"
so sweet က မျက်နှာငယ်လေး လုပ်ကာ ငြိမ်းကို မော့ကြည့်ပြီးပြောလာသည်... ငြိမ်းက ရယ်ချင်နေတာကို အောင့်ထားပြီး မျက်မှောင်ကျုံ့လိုက်ကာ so sweet ခေါင်းကဆံပင်တွေထဲ လက်ချောင်းတွေ ထိုးထည့်ပြီး ရေစိုမစို စမ်းကြည့်လိုက်သည်... ဆံပင်တွေခြောက်သွေ့နေတော့မှ စိတ်ကျေနပ်သွားပြီး so sweet ပါးကို တစ်ချက် ဖျစ်လိုက်သည်...
"အ! နာတယ်လို့"
"ဆံပင် ဘယ်သူလေမှုတ်ပေးလဲ"
"ဘယ်သူမှ မမှုတ်ပေးပါဘူး...မနက်က အစ်ကိုလုပ်ပေးထားတဲ့ဟာပဲ... ဒီည ထပ်မလျှော်တော့ဘူး"
ငြိမ်းက အဝတ် ဗီရိုထဲမှ ညဝတ်အင်္ကျီနဲ့ ဘောင်းဘီဝမ်းဆက်ကို ထုတ်ဝတ်နေတုန်း so sweet က ငြိမ်းကို လိုက်ကြည့်နေသည်...
"ဘာလိုက်ကြည့်နေတာလဲ... အဲကွန်း နည်းနည်းလျှော့လိုက်"
so sweet က ခုတင်ဘေး စားပွဲပေါ်မှ အဲကွန်း ရီမုတ်ကို လှမ်းယူလိုက်စဉ် လက်ကောက်ဝတ်နှင့် စားပွဲစွန်း တိုက်မိသွားသည်...
"အ!"
ငြိမ်းက အင်္ကျီဝတ်ပြီးသွားတော့ အနားသွားပြီး so sweet ရဲ့ လက်ကို ဆွဲယူကာပွတ်ပေးလိုက်သည်... တူတူနေရင်း ငြိမ်းသိခဲ့ရတာက so sweet က သန်မာပေမဲ့ တစ်ခုခုဆို နာတတ်တဲ့ pain sense က သူများထက်ပိုများသည်... ငယ်ငယ်က စက်ဘီးမှောက်ပြီး pain shock လဲ ဖြစ်ခဲ့ဖူးသည်ဟု အမေက ပြောပြသည်... အခုလဲ ထိခိုက်မိတာ နည်းနည်းလေးဆိုပေမဲ့ so sweet တော်တော်နာသွားမှန်း ငြိမ်းက သိသည်...
ငြိမ်းက ခုတင်ပေါ်တွင် so sweet နဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ရင်း လက်ကောက်ဝတ်ကို နှိပ်ပေးနေလိုက်သည်...
"အစ်ကို"
"ဟင်"
"ရှေ့တစ်ပါတ် တနင်္ဂနွေနေ့ ရောက်ဖို့ မစောင့်နိုင်တော့ဘူး"
"အဟင်း...တစ်ပါတ်ပဲ လိုတော့တာကို"
"တစ်အိမ်တည်း တူတူနေပြီး ခွဲနေရတာ မမိုက်ပါဘူးဗျာ"
"လူကြီးတွေက အဲ့ဒီလိုပဲ... ဒါနဲ့ မနက်ဖြန် ဖိတ်စာတွေ ရပြီတဲ့"
"အင်း... ဝေးတဲ့နေရာက အသိတွေကို Delivery နဲ့ပဲ ပို့ခိုင်းထားတယ်"
"ဟို... ဦးထွန်းဝင်းတို့ကိုတော့ ဝတ္တရားအရ ပို့ရမယ်ထင်တယ်... လာတာ မလာတာက သူတို့အပိုင်း"
"ကျစ်! မပတ်သက်ချင်ပါဘူးဆို အစ်ကိုရာ... ကျွန်တော်တို့ မင်္ဂလာပွဲအတွက် သူတို့ကောင်းချီးပေးဖို့ မလိုအပ်ဘူး"
"ဒါပေမဲ့ ချယ်ရီကတော့ လာမယ်လို့ပြောတယ်"
so sweet က မျက်ခုံးတွေကျုံ့ပြီး စူပုတ်သွားတော့သည်... ချစ်လို့ သဝန်တိုတာ သိပေမဲ့ ငြိမ်းနဲ့ ချယ်ရီက ငယ်ငယ်လေးကတည်းက မောင်နှစ်မတွေလို တူတူကြီးပြင်းခဲ့ပြီး မေမေ နေမကောင်းစဉ် ကာလတစ်လျှောက်လုံးမှာလည်း ချယ်ရီက ပြုစုကုသပေးခဲ့တဲ့ ကျေးဇူးတွေလဲရှိတာကို နားလည်စေချင်သည်...
"so sweet ... ဟိုနေ့က မင်းကို ကိုယ် ကားထဲမှာ အော်လိုက်မိတာ Sorry ပါကွာ... မင်းက လိုက်ပြီးရစ်နေလို့ ကိုယ်က ဒီတိုင်း ပြောမိပြောရာ ပြောလိုက်မိတာ"
so sweet က အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်ပြေသေးပုံမရဘဲ ငြိမ်းကို ရှုတည်တည်နှင့်ကြည့်ကာ စကားပြန်မပြောပေ... ဟုတ်တော့လဲ ဟုတ်ပါသည်... အဲ့ဒီနေ့ကတည်းက ငြိမ်းက သူ့ကို သေသေချာချာ ပြန်မချော့ရသေးပေ... ငြိမ်းက ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်သည်... so sweet က ဘာလဲ ဆိုသည့်ပုံနှင့် မျက်ခုံးပင့်ကြည့်လာသည်...
"လာမလား...ဖက်ထားချင်လို့"
ငြိမ်းကပြောတော့ ခပ်တည်တည်နှင့် ငြိမ်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းပစ်သည်... ငြိမ်းကိုတင်းကျပ်နေအောင် ပွေ့ဖက်ထားပြီး ခေါင်းကိုတစ်ချက်ငုံနမ်းလာသည်...
"ငြိမ်းအေးအိမ်က လူကို အမျိုးမျိုးဖြစ်အောင် လုပ်နေတာ"
"ခေါ်ပြန်ပြီ...ငြိမ်းအေးအိမ်လို့"
"ခေါ်မှာပဲ... လူကို စိတ်တိုအောင် ခဏခဏ လုပ်တာကို"
"ကိုယ်လဲဘာမှ မလုပ်ရပါဘူးကွာ... ပြီးတော့ ချယ်ရီနဲ့က ငယ်ငယ်လေးကတည်းက မောင်နှမတွေလို နေလာကြတာဆိုတော့ လုံးဝကြီးမခေါ်မပြောဘဲနေဖို့က ဘယ်လိုလုပ်ကောင်းမှာလဲ so sweet ကလည်း"
"ဟိုက မောင်နှမလို မနေချင်လို့မှ ခုလိုတွေလုပ်တာပေါ့... သူတို့သားအဖတွေလုပ်ပုံနဲ့ဆို အစ်ကိုက အဲ့ဒီအိမ်မှာ တစ်သက်လုံး သူတို့သားမက်လုပ်ပြီး သူတို့ကုမ္ပဏီအလုပ်တွေ ကုန်းရုန်းပြီးလုပ်ရတော့မှာ...အဲ့ဒါရော သိလား"
"အခု ကိုယ်က မင်းနဲ့လက်ထပ်တော့မှာလေကွာ... ဒါကို သူလည်းသိပြီး လက်ခံပြီးပြီပဲ...မိတ်ဆွေ အပေါင်းသင်းလိုပဲ နေမယ်လို့ ပြောပြီးသွားပြီ"
"ကျစ်! ပြီးရောဗျာ... ဒါပေမဲ့ အရင်ကလို ခဏခဏ တွေ မတွေ့ရဘူး... အစ်ကို့ရုံးခန်းကိုလည်း သူ့အိမ်သူယာလို ဝင်ထွက်နေတာလည်း မကြိုက်ဘူး... အပြင်တွေလည်း ကျွန်တော်ပါမှ သွားရမယ်... သွားတဲ့အခါမှာလည်း သူ့ကို ဘာမှ serve လုပ်ပေးစရာမလိုဘူး...ပြီးတော့ သူနဲ့ ဘယ်သွားသွား ဘာလုပ်လုပ် ကျွန်တော့်ကို အသိပေးရမယ်...သဘောတူလား"
"အာ...စည်းကမ်းတွေက များလိုက်တာ...ကိုယ်တို့က"
"ကျစ်! မပြောနဲ့... အဲ့ဒီ "ကိုယ်တို့က" လို့ပြောပြောနေတာလဲ မကြိုက်ဘူးလို့... ငြိမ်းအေးအိမ်က ကိုယ်တို့ လို့ပြောတာ အာကာကြည်ညွှန်းနဲ့ပဲ ဖြစ်ရမယ်"
မျက်နှာကို အစွမ်းကုန်စူပုတ်ထားပြီး ငြိမ်းကို ဂျစ်တိုက်နေသော ကောင်လေးကြောင့် ငြိမ်းရယ်ချင်နေရပြီ... ဒီလိုအချိန်မျိုးဆို ဒီကောင်လေးက သကြားလုံးခါးခါးလေး ဖြစ်လို့နေတတ်သည်...
"so sweet ကကွာ... ကိုယ်ပြောချင်တဲ့ ကိုယ်တို့ဆိုတာကလေ"
"တော်ပြီ! မပြောနဲ့တော့ သူ့အကြောင်း မပြောချင်ဘူး အခုကျွန်တော် အစ်ကို့ကို စိတ်ကောက်သွားပြီ... ပြန်ချော့ဦး"
"အဟက်"
so sweet က ခုတင်ခေါင်းရင်းကို ကျောမှီကာ ခြေဆင်း၍ထိုင်နေသည်... ငြိမ်းက so sweet ဖက်ထားသော ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး so sweet နဲ့ မျက်နှာချင်းဆိုင်ကာ ခြေဆင်းထားသော ပေါင်ပေါ်ကို ခွထိုင်လိုက်သည်... ငြိမ်းရဲ့မထင်မှတ်ထားတဲ့ အပြုအမူကြောင့် so sweet က အံ့ဩတဲ့မျက်လုံးတွေနဲ့ လိုက်ကြည့်နေပြီး စိတ်လှုပ်ရှားနေပုံလည်းရသည်...
ငြိမ်းက သူ့မျက်နှာကို လက်နှစ်ဖက်နှင့်ညှပ်ကိုင်ပြီး ငုံ့ကြည့်လိုက်တော့ ငြိမ်းကိုမော့ကြည့်နေသည့် မျက်လုံးတွေက ရီဝေတောင့်တမှုတွေနဲ့ ပြည့်လို့နေသည်... ငြိမ်းက နှုတ်ခမ်းလွှာတွေကို စတင်နမ်းရှိုက်တော့ မျက်လုံးအစုံကမှေးမှိတ်သွားပြီး ငြိမ်းရဲ့ အနမ်းတွေကို တုန့်ပြန်လာသည်...
"Ring!! Ring!! Ring!!"
စားပွဲပေါ်မှ အဆက်မပြတ် မြည်နေသော ငြိမ်းရဲ့ ဖုန်းသံကို နှစ်ယောက်လုံး လစ်လျူရှုကာ အနမ်းရေယာဉ်ကြောမှာ စီးမျောကြသည်... So sweet ရဲ့ လက်တွေကလည်း ငြိမ်းရဲ့ ညဝတ်အင်္ကျီအောက်သို့ တိုးဝင်ပွတ်သပ်လာကြသည်...
"Ring!! Ring!! Ring!!"
ဖုန်းသံက ဒုတိယအကြိမ်ထပ်မြည်လာပြန်သည်...
"အင်း... ပြွတ်!... so sweet... ခဏ... ခဏလေး"
ငြိမ်းက so sweet ရင်ဘတ်ကို လက်နှင့်တွန်းထားပြီး အနမ်းတို့ကို ရပ်တန့်စေရသည်... ထို့နောက် စားပွဲပေါ်မှ ဖုန်းကိုလှမ်းယူပြီး contact name ကို ကြည့်လိုက်တော့ "ချယ်ရီ"....
so sweet မျက်နှာက ချက်ချင်းပဲ အလိုမကျမှုတွေနဲ့ စူပုတ်သွားတော့သည်...
ငြိမ်းက so sweet ပေါ်မှာထိုင်နေရာမှ ဖယ်လိုက်ပြီး ခုတင်အောက်သို့ဆင်းလိုက်ရင်း ဖုန်းပြန်ဖြေရသည်...
"အင်း...ချယ်ရီ...ပြော"
"အင်း...စားပြီးပြီ...ညနေက so sweet နဲ့ အပြင်မှာစားလာတာ"
"မအိပ်သေးပါဘူး"
ငြိမ်း ဖုန်းပြောနေတုန်း so sweet က  မျက်မှောင်ကျုံ့ပြီး ခုတင်ပေါ်မှ ဆင်းကာ အခန်းပြင်ထွက်သွားဖို့လုပ်သည်... ငြိမ်းက so sweet လက်ကိုဖမ်းဆွဲလိုက်ပြီး...
"so sweet! ဘယ်သွားမလို့လဲ"
"အောက်ဆင်းမလို့"
"ဒီမှာ အိပ်မှာဆို"
"မအိပ်တော့ဘူး"
so sweet က ငြိမ်းလက်ထဲမှ ရုန်းထွက်ပြီး အခန်းပြင်သို့ ထွက်သွားတော့သည်...
"အေး...ချယ်ရီ...နင် အရေးကြီးကိစ္စမရှိဘူး မဟုတ်လား"
"ဪ...မဟုတ်ပါဘူး...ငါတို့ ဖိတ်စာတွေရပြီ...မနက်ဖြန်မှ ပို့လိုက်မယ်... အာ... မဟုတ်ပါဘူးဟာ... အေးပါ... အဲ့ဒါဆိုလဲ ငါအချိန်ရရင် နောက်မှ လူကိုယ်တိုင်လာပေးပါ့မယ်"
"အေး...အဲ့ဒါဆို ဒါပဲနော် ... သက်ကို မပြန်ခင် တွေ့ကြမယ်လို့ ပြောလိုက်ဦး... မဟုတ်ပါဘူး...ငါ လုပ်စရာလေးတွေ ရှိသေးလို့... အေး... တာ့တာ"
ငြိမ်းဖုန်းချလိုက်ပြီး အခန်းပြင်သို့ထွက်ကာ so sweet ကို လိုက်ရှာဖို့လုပ်တော့ ပြုတင်းပေါက်မှ တစ်ဆင့် ခြံထဲရှိ ဒန်းပေါ်မှာ အဖေကြီးနဲ့ so sweet တို့ ထိုင်နေကြသည်ကို တွေ့လိုက်ရသည်... သားအဖနှစ်ယောက် စကားပြောနေကြသည့်ပုံမို့ ငြိမ်းက သွားမနှောက်ယှက်ချင်တော့တာနဲ့ ကိုယ့်အခန်းထဲကိုယ် ပြန်ဝင်ခဲ့လိုက်တော့သည်...
ငြိမ်းမှာ အရင်က ရင်းနီးသူဆိုလို့ ဒီသူငယ်ချင်း တစ်ယောက်ပဲ ရှိခဲ့ဖူးတာမို့ လုံးဝကြီးမခေါ်မပြောဘဲ နေလို့ မကောင်းတတ်ကြောင်း so sweet နားလည်အောင် ရှင်းပြရပါဦးမည်...
............................................................................
ဒီနေ့က ကြာသာပတေးနေ့!
မထင်မှတ်ထားစွာနှင့်ပဲ ငြိမ်းရဲ့ ဘယ်ဖက် ခြေထောက်တစ်ဖက် အသေးစားထိခိုက်မှု တစ်ခုဖြစ်ခဲ့သည်... ကြီးကြီးမားမားတော့ မဟုတ်ပါ...
ဖြစ်ပုံက ရုံးဆင်းခါနီး so sweet ကို ဖုန်းခေါ်မရတာနဲ့ စာပို့ထားခဲ့ပြီး ချယ်ရီ့ဆီကို မင်္ဂလာဆောင်ဖိတ်စာ လာပေးရင်း ဖြစ်သည်... ချယ်ရီတို့ အထူးကု ဆေးခန်းရှေ့မှာငြိမ်း ရပ်နေတုန်း ဘေးမှဖြတ်သွားသော အုတ်တိုက်သည့်လော်လီကားပေါ်မှ အုတ်ခဲတွေပြိုကျလာရင်း ငြိမ်းခြေထောက်တစ်ဖက်ကို ထိခိုက်မိသွားခြင်းဖြစ်သည်... ချယ်ရီက ဆေးခန်းထဲခေါ်ပြီး ဓာတ်မှန်ရိုက်ခြင်း ဆေးစည်းခြင်းများပြုလုပ်ပေးထားပြီး so sweet တို့ကို ထိုင်စောင့်နေရသည်...
"အစ်ကို့!!"
အလောတကြီးခေါ်သံနှင့်အတူ အခန်းတွင်းသို့ so sweet နှင့် လေးမောင်တို့ ဝင်လာကြသည်... သူတို့နောက်မှာ မကြီးနှင့် ကေသာလည်း ပါလာသည်... အားလုံး ရုံးကနေ အလောတကြီးထွက်လာကြပုံပေါ်၏...
so sweet က ပတ်တီးစည်းထားသော ငြိမ်း၏ ခြေထောက်ကို ဖွဖွကိုင်ကာ မျက်နှာကပြိုတော့မည့်မိုးလိုဖြစ်နေပြီ... so sweet ပုံစံက ဗီယက်နမ်...ဖန်စီပန်တောင်ထိပ်မှာ ငြိမ်းအသက်ရှုကျပ်သွားတုန်းက စိုးရိမ်နေသည့်ပုံလေး ပြန်ပေါ်လာသည်... ငြိမ်းတစ်ခုခုဖြစ်မှာ အရမ်းကြောက်တတ်သည့် ကောင်လေးကို ငြိမ်းက စိတ်မပူဖို့ နှစ်သိမ့်ရပါမည်...
"so sweet...so sweet... လာ...ဒီနားလာ... ကိုယ် ဘာမှမဖြစ်ဘူး"
လေးမောင်နဲ့ မကြီးကတော့ အကြီးတွေပီပီ ဆရာဝန်တွေနဲ့ တာဝန်ကျဆရာမတွေကို ရှာပြီး အကျိုးအကြောင်းမေးနေကြသည်... ကေသာက ငြိမ်းနားမှာ ဝင်ထိုင်ပြီး စိတ်ပူကြောင်းပြောနေသည်... ထိုအခိုက်မှာပဲ အခန်းထဲသို့ ချယ်ရီက ဝင်လာသည်...
"ဪ ... ရောက်နေကြပြီပဲ... ဘာမှ စိတ်မပူပါနဲ့ ငြိမ်းအတွက်လိုအပ်တာတွေ ချယ်ရီအကုန်လုပ်ပေးထားပါတယ်... ဓာတ်မှန်လဲ ရိုက်ပြီးပြီ... အရိုးလဲမထိဘူး... အိမ်မှာ နှစ်ရက်လောက်နားလိုက်ရင် သက်သာသွားမှာ... နောက်ရက်တွေမှ ချယ်ရီအိမ်ကို လာကြည့်ပေးမယ်"
ချယ်ရီ့ အပြောကို ကေသာက လက်ကာပြသည်...
"မချယ်ရီ... ကူညီပေးတာ ကျေးဇူးတင်ပါတယ် ... နောက်ရက်တွေ အိမ်ကို တကူးတကကြီး မလာပါနဲ့... ကေသာတို့မှာ Family Doctor သပ်သပ်ရှိတာကြောင့် မချယ်ရီ အလုပ်ရှုပ်မခံပါနဲ့"
"ဒါပေမဲ့... အရင်ကတည်းက ငြိမ်း နေမကောင်းဖြစ်ရင် ချယ်ရီကပဲ..."
"မဟုတ်တာ အစ်မရယ်... ကေသာတို့ကလေ အရမ်းအားနာတတ်တာ... အမေကဆို ပိုဆိုးသေးတယ်... ပြီးတော့ ကေသာတို့ မိသားစု ကိစ္စကို ကေသာတို့ ပဲစီစဉ်တာ ထုံးစံမလို့လေ... စေတနာကို ကျေးဇူးတင်ပါတယ်နော်... မချယ်ရီကို လိုအပ်နေတဲ့ တစ်ခြားလူနာတွေကိုပဲ အချိန်ပေးလိုက်ပါ"
ကေသာက ပြုံးပြုံးလေးနှင့် သွက်လက်စွာ ပြောနေတော့ ချယ်ရီက မျက်နှာပျက်စွာနှင့် ငြိမ်းကိုကြည့်လာသည်... ငြိမ်းကပဲ အားနာစွာနှင့် ကြားထဲကနေ၍ ဝင်ပြောရတော့သည်...
"ဟို... ရတယ် ချယ်ရီ... လိုအပ်တဲ့ ဆေးတွေလဲ ရပြီပဲ... နောက်ရက်တွေ အိမ်က family doctor ပဲ ခေါ်လိုက်မယ်... နင်လာမကြည့်လဲ ရတယ် အလုပ်ပျက်နေလိမ့်မယ်"
"ငြိမ်း"
"ကဲ ကဲ... ငါ့တူမကို လေးမောင်တို့က ကျေးဇူးတင်ပါတယ်ကွာ... အခုအားလုံးအဆင်ပြေပြီဆိုတော့ ငြိမ်းကိုပြန်ခေါ်သွားတော့မယ်နော်"
လေးမောင်က ဝင်ပြောတော့မှ ချယ်ရီက ခေါင်းညိတ်ပြသည်...
"ဟုတ်ကဲ့ ရပါတယ်... လာ... ငြိမ်း... ဆင်းရအောင် ခုတင်ပေါ်က"
ချယ်ရီက ငြိမ်းကိုဆွဲထူမည်အပြုမှာ ဘေးမှာမျက်မှောင်ကြီးကျုံ့လျှက် တစ်ချိန်လုံး ငြိမ်နေသူဆီမှ အသံတစ်ချက်ထွက်လာသည်...
"ကျစ်!"
so sweet က စုတ်တစ်ချက်သတ်လိုက်ပြီး ချယ်ရီရှေ့မှ ဇွတ်ဝင်ကာ ငြိမ်းကို စွေ့ခနဲကောက်ပွေ့လိုက်သည်...
"မမကေသာ ကားတံခါးလိုက်ဖွင့်ပေး"
"အင်းအင်း...လာ သွားမယ်"
လေးမောင်နှင့် မကြီးက လိုအပ်တာတွေ ရှင်းပြီး ဆေးတွေယူကာ နောက်ကားနှင့် ပြန်လိုက်ခဲ့ကြသည်... ငြိမ်းက Lover seat မှာ ထိုင်ပြီး so sweet ကကားမောင်းနေသည်... ကေသာက နောက်ခန်းထဲမှာ ထိုင်ပြီး ငြိမ်းကို စကားလှမ်းပြောနေသော်လည်း ငြိမ်းဘေးမှာ ကားမောင်းနေသူကတော့ အသံတစ်ချက်မှ မထွက်လာပေ...
"so sweet ကလည်း... ကိုကြီးငြိမ်းက မင်းကို စာပို့ထားတာပဲ မဟုတ်လား... မင်းဟာမင်း အလုပ်ရှုပ်ပြီး မကြည့်ဖြစ်တာကို... အဲ့လိုကြီး ကောက်မနေနဲ့လေ"
"ဟာ... ဘာတွေကောက်နေလို့လဲဗျ!"
"မင်း အခုလိုကြီး စကားမပြောဘဲနေတော့ ကိုကြီးက ဘယ်နေတတ်မှာလဲ"
"အစကတည်းက ဖိတ်စာကို delivery နဲ့ ပို့ဖို့ ပြောပြီးသား"
"ဪ... ဒါပေမဲ့ သူငယ်ချင်း ဆိုတော့ လူကိုယ်တိုင်ပေးတော့လည်း ပိုကောင်းတာပေါ့ဟ"
"ကျစ်! လက်ထပ်ပွဲနီးလို ဘယ်မှ လျှောက်မသွားဖို့ အမေလဲ မှာထားတာကို"
ကေသာက ဖြောင်းဖျပြောပေးနေပေမဲ့ so sweet က တော်တော်လေး စိတ်တိုနေပုံရပါသည်... ငြိမ်း ထိုင်ခုံ နောက်မှီကို မှီချလိုက်ကာ မျက်လုံးများကိုသာ အသာမှိတ်ထားလိုက်မိတော့သည်...
အိမ်ရောက်တော့ အဖေကြီးနဲ့ အမေရော တစ်အိမ်လုံးကရော စိတ်ပူနေကြသည်... ဒီလိုနဲ့ပဲ သောကြာ...စနေ... နှစ်ရက်လုံး ငြိမ်းရုံးမသွားဘဲ အိမ်မှာပဲ နားလိုက်ရတော့သည်... so sweet က ငြိမ်းအခန်းမှာ လာအိပ်ပြီး ငြိမ်းကို လိုအပ်တာတွေ ကိုယ်တိုင် လုပ်ပေးပေမဲ့ စကားကို လိုအပ်တာထက်ပိုပြီး ဟုတ်တိပတ်တိ မပြောသေးပေ... ငြိမ်းခြေထောက်ကို ဆေးလိမ်းပေးတိုင်း အံကြိတ်ပြီးမေးကြောကြီးတွေ ထောင်ထနေအောင် စိတ်တိုနေတတ်သေးသည်...
ငြိမ်း တစ်သက်လုံးကဘယ်သူ့ကိုမှ အလျှော့ပေးစရာမလိုဘဲ ကြီးပြင်းလာခဲ့ရသူမို့ so sweet အခုလို လုပ်နေတာတွေက ငြိမ်းကို တကယ်ခံရခက်စေသည်... ငယ်ငယ်ကတည်းက ဘယ်သူ့ကို မဆို မာနကြီးပြီး ခပ်တည်တည်နေတတ်ခဲ့သည့် ငြိမ်း က အခုကိစ္စမှာလည်း ကိုယ်မမှားဘူးဟု ထင်သဖြင့် စိတ်ရှုပ်နေရပြီ... ကိုယ်မမှားသည့်ကိစ္စတစ်ခုကို အလျှော့ပေးပြီး တောင်းပန်ရဖို့က ငြိမ်းရဲ့ မာနကို ထိခိုက်သည်ဟု ထင်သည်... ငြိမ်းကိုယ်တိုင်ပင် ဘယ်သူ့ကိုမှ စကားပြောချင်စိတ်မရှိတော့ပေ...
မနက်ဖြန်မှာ ကျင်းပရတော့မည့် ငြိမ်းတို့ မင်္ဂလာပွဲက ဒီပုံနဲ့ဆို အဆင်ပြေပါတော့မည်လား စဉ်းစားလာရပြီ...
"သားငြိမ်း လမ်းလျှောက်ရတာ အဆင်ပြေပြီလား"
ငြိမ်း အိမ်ပေါ်ထပ်က ဆင်းလာတော့ အဖေကြီးက ဆီး၍နှုတ်ဆက်သည်...
"ဟုတ်ကဲ့... ကောင်းသွားပါပြီ အဖေကြီး"
"အေးကွာ so sweet ကလည်း အလုပ်ကိစ္စပေါ်လာလို့ ထွက်သွားတယ် မဟုတ်လား... သားငြိမ်း တစ်ယောက်တည်း ပျင်းနေမှာပေါ့... အဖေကြီးတို့ သားအဖနှစ်ယောက် အညောင်းပြေ အညာပြေ အနောက်လမ်းထဲမှာ စွန်သွားလွှတ်ကြမလား"
"ဗျာ.. ဟုတ်ကဲ့ အဖေကြီး"
အဖေကြီးက ကားဂိုထောင်ထဲမှာ သိမ်းထားသော စွန် နှစ်ခုနှင့် ရစ်လုံးတို့ကို သွားယူလာပြီး ငြိမ်းနဲ့အတူ အနောက်လမ်းထဲက မြေကွက်လပ်သို့ ထွက်လာခဲ့ကြသည်...
"သားငြိမ်း စွန်လွှတ်တတ်တယ် မဟုတ်လား"
"ဟုတ် အဖေကြီး... ဒါပေမဲ့ မလွှတ်ဖြစ်တာတော့ ကြာပြီ"
"လာ ဒီဘက်က လေတိုက်တယ်"
ငြိမ်း အဖေကြီးနဲ့ တူတူ စွန်လွှတ်ရင်း စိတ်အစဉ်က အနည်းငယ်ပေါ့ပါးလားရသည်... ငယ်ငယ်က ငြိမ်းကို စွန်လွှတ်သင်ပေးခဲ့ဖူးသည့် ဖေဖေ့ကိုလည်း သတိရမိသည်... အဖေကြီးနဲ့ ငြိမ်းရဲ့ စွန်လေးက လေထဲမှာ လှပစွာဝဲပျံနေရင်းမှ ရုတ်တရက် အဖေကြီးရဲ့ စွန်ကြိုးက ငြိမ်းရဲ့ စွန်လေးကို လာတိုက်ခိုက်သည်... ငြိမ်းက အံ့သြပြီး ရှောင်ဖို့ကြိုးစားနေချိန်မှာပဲ ငြိမ်းရဲ့ စွန်လေးက ကြိုးမှပြတ်ထွက်ကာ လေအဟုန်နဲ့အတူ အဝေးကို လွင့်သွားရတော့သည်...
"အဟားဟား... ငါ့သားက မရှောင်တတ်ဘူးပဲကွ... ဒါမှမဟုတ် အဖေကြီးကို အားနာနေတာလား"
"ဟို... ရုတ်တရက်မို့ပါ အဖေကြီး"
"အဖေကြီးက ဒီလိုရည်ရွယ်ချက်နဲ့ လုပ်လိမ့်မယ်လို့ သားငြိမ်းက မထင်ထားဘူးမဟုတ်လား"
အဖေကြီးက သူ့စွန်ကို ဖြည်းဖြည်းခြင်း ရစ်ကာ သိမ်းလိုက်ပြီး ငြိမ်းကို ပြုံး၍လှည့်ကြည့်လာသည်...
"ဘဝမှာ ကိုယ့်ဟာကို ဖြောင့်ဖြူးနေပြီလို့ ထင်ရပေမဲ့ တစ်ချို့အရာတွေက မထင်မှတ်ထားတဲ့အချိန်မှာ တိုက်ခိုက်လာတတ်တာမျိုးတွေ ရှိတယ်ကွ... အဲ့ဒီလိုမျိုးကြုံလာရရင် ငါ့သားက ရှောင်တတ်ရတယ်... မထင်မှတ်ထားလို့ မရှောင်မိရင်ပဲ ဖြစ်ဖြစ်...အားနာလို့ မရှောင်လိုက်ရင်ပဲ ဖြစ်ဖြစ် အခု သားငြိမ်းရဲ့ စွန်လေးလိုပဲ သူ့ရဲ့ ကြိုးကနေ ပြတ်ထွက်သွားပြီး တစ်ကွဲတစ်ပြားစီ ဖြစ်သွားရတတ်တယ်"
အဖေကြီးရဲ့ စကားကြောင့် ငြိမ်းတွေဝေသွားရသည်... ငြိမ်း တို့အဖြစ်က ဒီစွန်လေးနဲ့ တူနေပြီလား... အဖေကြီးက ငြိမ်းရဲ့ ပုခုံးတစ်ဖက်ကို ဆုပ်ကိုင်ပြီး ဖျစ်ညှစ်လာသည်...
"စွန် ဆိုတာမျိုးက သူ့ရစ်လုံးမှာ သူကြိုးလေးနဲ့ တူတူတွဲလျှက်လေး ရှိနေမှ ပြည့်စုံမှာပေါ့ သားငြိမ်းရယ်... စွန်လွှတ်ဖို့ စွန်နဲ့ ရစ်လုံးက ကြိုးလေးနဲ့ တွဲချည်ပြီးပြီဆိုတာနဲ့ ပြတ်မထွက်သွားအောင် ထိန်းကျောင်းတတ်ဖို့က စွန်လွှတ်သူရဲ့ တာဝန်ပဲ"
"ဟုတ်ကဲ့...အဖေကြီး"
ငြိမ်းအခုမှပဲ ရင်ထဲမှာ တစ်အုံ့နွေးနွေးဖြစ်နေခဲ့ရသည်က ကြည်လင်သွားတော့သည်... အဖေကြီးပြောတာ မှန်ပါသည်... ငြိမ်းနဲ့ so sweet က စွန်နဲ့ ရစ်လုံးလေးလိုပဲ စွန်ကြိုးနဲ့တူတူ တွဲ၍ချည်နှောင်ခဲ့ကြပြီးပြီ... ကြိုးလေး မပြတ်တောက်သွားပဲ လေပေါ်မှလှပစွာ ဝဲပျံနိုင်အောင် အတိုက်အခိုက်တွေကို ရှောင်ရှားပြီး ငြိမ်းတို့က ထိန်းကျောင်းရပါလိမ့်မည်...
ငြိမ်း အိမ်ကို မြန်မြန်ပြန်ချင်ပြီ... so sweet ပြန်လာမှာကို တွေဖို့ ထပ်မစောင့်နိုင်တော့ပေ... ငြိမ်းရဲ့ သတို့သားလောင်းလေးကို ငြိမ်းဘက်ကပဲ မာနတွေခဝါချပြီး ချော့ရပါမည်....
ငြိမ်း အဖေကြီးကို ကျေးဇူးတင်ပါသည်...
...........................................................................
အာကာ ကားမောင်းနေရင်း မျက်နှာက ပြုံးဖြီးနေပြီး ဘေးမှာ ထိုင်နေသော အစ်ကို့လက်ကို ဆွဲယူကာပေါင်ပေါ်တင်ထားလိုက်သည်....
"so sweet ကားကို ကောင်းကောင်းမောင်းပါကွ"
"အဟင်း"
အာကာတို့က မင်္ဂလာညစာစားပွဲကို private event အနေနှင့်ပဲ ပြုလုပ်မှာမလို့ ဟိုတယ်ကို ပြင်ဆင်ရန်သွားနေရခြင်းဖြစ်သည်... ရင်ထဲမှာလဲ ရွှင်မြူးပေါ့ပါးလို့နေသည်... ဘေးမှ အစ်ကိုချောချောလေးက သိပ်မကြာခင်မှာပဲ အာကာ့အပိုင် ဖြစ်ရတော့မည်... အစ်ကိုလက်ချောင်းလေးတွေကို ယှက်နွယ် ဆုပ်ကိုင်ထားရင်းမှ ညက အဖြစ်ပျက်ကို ပြန်တွေးပြီး ကြည်နူးနေရသည်...
အစ်ကို့ခြေထောက် ထိခိုက်မိသည့်နေမှစပြီး အာကာက အစ်ကို့ကို သေချာမစောင့်ရှောက်နိုင်ခဲ့၍ ကိုယ့်ကိုကိုယ်လည်း မကျေမနပ်တွေဖြစ်နေခဲ့ရသည်... အာကာက မသွားပေးနဲ့လို့ပြောထားသည့်ကြားက အစ်ကိုက ဖိတ်စာကို လူကိုယ်တိုင် သွားဖြစ်အောင်သွားပေးသဖြင့် စိတ်ထဲမှာလည်း အနေရခက်စွာ အူတိုနေရသည်...
တိုက်ဆိုင်စွာနဲ့ ဒီရက်ပိုင်းမှ import ဝင်တဲ့ ကွန်တိန်နာကားတွေက အကောက်ခွန်နဲ့ ပြဿနာဖြစ်ကြသဖြင့် အရေးပေါ်လည်း ဖြေရှင်းနေရကာ အစ်ကို့နားကို သေချာမကပ်နိုင်သေး...
မနေ့ညက အာကာ အပြင်မှ ပြန်ရောက်လာတော့ အခန်းထဲဝင်ဝင်ချင်းမှာပဲ အစ်ကိုက အာကာ့ကို ရုတ်တရက် ဆွဲဖက်လာပြီး အာကာ့ ရင်ခွင်မှာမျက်နှာ အပ်ထားသည်... ပြီးတော့ တောင်းပန်ပါတယ် ဆိုသည့်စကားကို လွယ်လွယ်နဲ့ မပြောတတ်သည့် မာနခဲလေးက အာကာ့ကို ဖက်ထားပြီး စိတ်ညစ်စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်ဟု ပြောလာခဲ့သည်...
အာကာ ကားမောင်းရင်း ဘေးမှ မာနခဲလေးကို စောင်းငဲ့ကြည့်ကာ ပြုံးမိရပြန်ပါသည်...
ငြိမ်းအေးအိမ်က ဘယ်သူမှသူ့ကိုအပြစ်မမြင်ဘဲ ဘာတွေတောင်းပန်နေမှန်းမသိပေ... ဒီမှာဖြင့် သူ့ကိုချစ်မဝလို့ ဘယ်နားဖွက်ထားရမှန်းမသိ ဖြစ်နေရသည်ကို မသိရှာ...
အာကာတို့ ဟိုတယ်သို့ရောက်တော့ မမကေသာတို့အုပ်စုက ပြင်ဆင်ပြီးနေကြပြီ...
"အား... ဘယ်က မင်းသမီးတွေလဲလို့"
"ရတယ်... မဖားနဲ့ ပုံမှန်ပဲ ဆက်ဆံနော်"
ဒီနေ့ပွဲလေးမှာ အစ်မတွေအကုန်လုံးက အဖြူရောင် ဝတ်စုံလေးတွေနှင့် ပန်းကျဲပေးကြမှာဖြစ်သည်... ဝဇီနဲ့ ရာဇာက သတို့သားအရံတွေ လုပ်ကြမှာဖြစ်ပြီး အာကာနှင့် ဆင်တူ အပြာရောင် ဝတ်စုံတွေနှင့်...
သတို့သား ဝတ်စုံကို ကောင်းကင်ပြာအရောင်တွေ ရွေးထားသည်က အူကြောင်ကြောင်နိုင်လှသည်ဟု ထင်ရသော်လည်း အာကာဘေးမှာ ရပ်နေမည့် အဖြူရောင် တိမ်စိုင်ခဲလေးနှင့် ယှဉ်တွဲလိုက်သည့် အခါမှာမှာတော့ လုံးဝကို perfect match ဖြစ်သွားရတော့သည်...
လိင်တူလက်ထပ်ပွဲမို့ private လေးလုပ်ပေမဲ့လည်း ဧည့်ပရိတ်သတ်က ခန်းမတစ်ခုလုံးပြည့်လို့နေသည်... ရှေ့မှ အဖြူရောင်ဝတ်စုံကိုယ်စီနှင့် လှချင်တိုင်းလှနေကြသော မင်းသမီးလေးတွေက လျှောက်လမ်းတစ်လျှောက် ပန်းရောင်စုံတွေ ကျဲချသွားသည်... အာကာက အေးစက်တုန်ရီနေသော အစ်ကို့လက်လေးကို တင်းနေအောင် ဆုပ်ကိုင်ပြီး အစ်မတွေနောက်မှ လိုက်လျှောက်ရသည်...
အာကာတို့နောက်မှ ဝဇီနဲ့ ရာဇာက လိုက်ရသည်... လမ်းလျှောက်နေရင်း အနောက်မှ ခပ်ကျိတ်ကျိတ်ဖြစ်နေကြသံတွေကြားရသည်...
"ဟ! ဘာလို့ ငါ့လက်ကို လာဆွဲတာလဲ မသာရဲ့"
"မသိဘူးလေ အာကာတို့က ရှေ့မှလက်ဆွဲနေကြတော့"
"သူတို့က သတိုးသားတွေလေ... ဆွဲရမှာပေါ့.... ဖယ်စမ်းကွာ ရွံစရာကောင်ရ"
"ငြိမ်ငြိမ်နေ နှမပေးလေးရဲ့ ... ဆွဲလက်စနဲ့ ခုမှ ပြန်ဖြုတ်ရင် မကောင်းဘူး...ဟိုရှေ့ရောက်ရင် လွှတ်ပေးမယ်... အခုမင်း ငြိမ်ငြိမ်နေလိုက်တော့"
"မင်းကပါ ငါ့ကို ဂျိုးကိုင်ချင်နေတာလား"
"သပ ကို ဂျိုးကိုင်ရမှာလားဟ"
ဝဇီဆီက ဆဲသံတွေပါ ထွက်လာသည့်အခါမှာတော့ အာကာ မနေသာတော့... နောက်သို လှည့်က ဟန့်လိုက်ရတော့သည်...
"ကျစ်! ဟိတ်ကောင်တွေ တိတ်တိတ်နေကြတော့"
အစ်ကိုက ပြုံးပြီး အာကာ့ကို မော့ကြည့်လာသည်... နောက်က နှစ်ကောင်ကြောင့် အစ်ကိုပင် စိတ်လှုပ်ရှားမှုတွေ ပျောက်ကုန်ပြီထင်၏...
အာကာတို့နှစ်ယောက်အတွက် အဖေကြီး အမေ ... လေးမောင်နှင့် အစ်မတွေအကုန်လုံးက စင်ပေါ်တက်၍ ဆုတောင်းစကားတွေ ပြောပေးကြပြီး အစ်ကို့ကိုလည်း မိသားစုဝင်တစ်ယောက် အနေနဲ့ ကြိုဆိုကြောင်း ပြောကြသည်...
အာကာတို့နှစ်ယောက်အတွက် မင်္ဂလာပန်းကုံးကို အဖွားကိုယ်တိုင် ချီးမြှင့်ပေးသည်... လိင်တူချစ်သူနှစ်ယောက်၏ လက်ထပ်ပွဲလေးက မိသားစုဆွေမျိုးတွေ၏ ကောင်းချီးတွေကို လက်ခံရရှိခဲ့ရသည့်အတွက် အရာအားလုံး အဆင်ပြေပြေနှင့် ပြီးမြောက်ခဲ့ရတော့သည်...
အခုတော့ အာကာ့ အိမ်ကလေးရဲ့ တရားဝင် အမျိုးသား ဖြစ်ခွင့်ရခဲ့ပြီ...
အာကာတို့ လက်ထပ်ပွဲလေး အောင်မြင်ပြည့်စုံစွာနှင့် ပြီးမြောက်ခဲ့ရသော်လည်း အိမ်ပြန်ရောက်မှ ကြည်ညွှန်း Family ကြီး၏ ဂယက်က စတော့သည်...
သတို့သား နှစ်ယောက် မင်္ဂလာဦးအခန်းထဲဝင်ဖို့ လုပ်တော့ လှေခါးထိပ်မှာ မော်မော်နှင့် အရင်တိုးသည်...
"အဲ"
အာကာတို့ စုံတွဲကို မြင်တော့ မော်မော်က အောက်ပဲဆင်းတော့မလို အပေါ်ပဲ ပြန်တက်တော့မလို ကို့ယို့ကာယားတွေ ဖြစ်နေပြီး မျက်နှာက စပ်ဖြဲဖြဲလုပ်နေသည်...
"ဟီးဟီး"
"ဘာလဲ မော်မော်... ဘာဖြစ်နေတာလဲ"
"အဲ...ဟို... ဘာမှ မဖြစ်ပါဘူး ကိုကြီးတို့ အခန်းထဲ ဝင်ကြတော့မလား... ဝင် နော်... ဝင်... ဝင်"
မော်မော်က ထိုသို့ပြောပြီး လက်ညှိုးကို သွားနှင့်ကိုက်နေသည်... အာကာက မော်မော့်ကို မျက်မှောင်ကျုံ့၍ ကြည့်လိုက်ပြီး အခန်းထဲသို့ အစ်ကို့လက်ကိုဆွဲကာ ဝင်လာခဲ့လိုက်သည်...
"အား... ခုမှပဲ နားရတော့မယ်"
အာကာက ခုတင်ပေါ်သို့ ပက်လက်လှဲချပစ်လိုက်သည်...
"so sweet အဝတ်စားအရင်လဲလေကွာ"
"အဟင်း... အဝတ်အစားက လဲဖို့မလိုပါဘူး ချွတ်ရုံပဲဟာ"
"So sweet!"
အစ်ကိုက မျက်မှောင်လေးကျုံ့ကာ ကြည့်လာသဖြင့် လှဲနေရာမှ ကမန်းကတမ်း ထကာ အပေါ်အင်္ကျီကို ချွတ်လိုက်ရသည်...
"အစ်ကို့! ဒီနားလာ... အင်္ကျီချွတ်ပေးမယ်"
"ဒေါက်...ဒေါက်...ဒေါက်"
"ဟင်"
"So sweet တံခါးသွားဖွင့်ပေးလိုက်ဦး"
ဒီချိန်ကြီးကျမှ တံခါးလာခေါက်သူကြောင့် အာကာစိတ်ညစ်သွားရသည်... တံခါးသွားဖွင့်ပေးလိုက်တော့ အပေါက်ဝ တွင်ရပ်နေသူက...
"လေးမောင်"
"အေး... ဆောာရီးကွာ so sweet... အင်း...အဟမ်း... ဟိုလေ... ရော့ ရော့ ဒါ ပေးထားဖို့ မေ့သွားလို့"
လေးမောင်က အာကာ့လက်ထဲကို ဆေးကတ် တစ်ကတ် ထိုးထည့်ပေးလာသည်...
"ဘာတွေတုန်း ဒါက"
"အဲ့ဒါက... ဟိုကွာ... အကိုက်ခဲပျောက်ဆေး"
"အာ"
"ယူထား မင်းတို့နှစ်ယောက် ဘယ်သူပဲလိုလို သောက်လို့ရတယ်...အေးအေး...စောစောအိပ်ကြ... အဲ... ဟို... မအိပ်လဲရတယ်"
"ဗျာ"
"အိပ်ချင်အိပ် မအိပ်ချင်နေကြကွာ"
လေးမောင်က စကားတွေ တောင်ရောက်မြောက်ရောက် ပြောပြီးအောက်သို့ ဆင်းသွားတော့သည်... အာကာက တံခါးပြန်ပိတ်လိုက်ပြီး ရယ်လိုက်မိသည်... ဒီလူပျိုကြီးကတော့ တကယ်ပါပဲ... အစ်ကိုက အာကာထောင်ပြသော ဆေးကတ်ကို မြင်တော့ မျက်နှာလေးရဲလျှက် ခေါင်းငုံ့သွားသည်... အာကာက အစ်ကို့ကို ပြေးပွေ့ပြီး ခုတင်ပေါ်ကို နှစ်ယောက်သား ပစ်လှဲချပစ်လိုက်သည်...
"အ! So sweet ကကွာ... လုပ်လိုက်ရင် အကြမ်းပတမ်းနဲ့"
"ဒါဆို ငြင်ငြင်သာသာလေး စကြတာပေါ့... နော်...အစ်ကို့"
အာကာက အစ်ကို့ပါးလေးတစ်ဖက်ကို အုပ်ကိုင်ပြီး နှုတ်ခမ်းလွှာလေးတွေဆီကို ချဉ်းကပ်စဉ်မှာပဲ...
"ဒေါက် ဒေါက် ဒေါက်"
"ကျစ်! ဘယ်သူတုန်းကွာ"
အာကာ ခုတင်ပေါ်က ဆင်းကာ တံခါးသွားဖွင့်ရပြန်သည်... ဒီတစ်ခါ အပေါက်ဝမှာ ရပ်နေသူက...
"မမကေသာ!"
"So sweet, Sorry... but ငါ နဲ့ ဟေမာ ... ခုနလေးကပဲ သေချာဆွေးနွေးတိုင်ပင်ပြီးတော့...အဟမ်း... ဟိုလေ... just fair and square ကွာ ကိုကြီးငြိမ်း အတွက်ပါ တရားမျှတမှု ရှိစေချင်လို့ ဒါလေး စီစဉ်လာတယ်...ရော"
"ကျစ်! ဒါကရော ဘာကြီးလဲဗျာ"
"မင်း ပြီးရင် ဖွင့်ကြည့်လိုက် မင်းနဲ့ ကိုကြီးငြိမ်းနဲ့ ဗိုလ်ကျားသေနတ်ဆွဲပြီးရင် နိုင်တဲ့သူက ဒီဗူးထဲက မဲလိပ်တစ်လိပ်နှိုက်... Ok နော်"
အာကာက မမကေသာ ကမ်းပေးလာသော စက္ကူဗူးထဲမှ မဲလိပ်နှစ်လိပ်ကို နှိုက်ယူပြီး ဖွင့်ကြည့်လိုက်တော့ အထဲမှာ T နဲ့ B တွေ တစ်ခုစီရေးထားသည်...
"အား!!!! မမကေသာ!!!"
"ကျစ်! ရှုး!!! ဘာလို့အော်နေတာလဲ... ငါတို့က တရားမျှတမှုရှိဖို့ ပံ့ပိုးပေးတာကို... မင်းမညစ်ဖို့ မျှော်လင့်တယ်နော် so sweet "
"ကဲ သွားပါဗျာ... တောင်းပန်ပါတယ်"
အာကာ မမကေသာကို အတင်းတွန်းလွှတ်ပြီး တံခါးကို အမြန်ပိတ်ပစ်လိုက်ရသည်... တကယ်ကို ရူးချင်နေပြီ... အစ်ကိုက အာကာ့ကိုကြည့်ပြီး ပြုံးစိစိ ဖြစ်နေသည်...
အာကာလက်ထဲမှ စက္ကူဗူးကို စားပွဲပေါ်သို့ ပစ်တင်လိုက်ချိန်မှာပဲ ဖုန်းက မြည်လာပြန်သည်... Contact name က "မကြီး".... အာကာ မျက်မှောင်ကျုံ့လျှက် ခေါင်းခါပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်...
"ကဲ...ဒီတစ်ယောက်ကရော...ဘာလဲ"
"အေး... so sweet ရေ... မအိပ်သေးဘူးမလား... ဆောရီးပါ... မနက်ကျမှ မေးရင် နောက်ကျနေမှာစိုးလို့ အမေက မေးခိုင်းလို့... ဟိုလေ... စွပ်ပြုတ် စွပ်ပြုတ်... အဲ့ဒါ မနက်ကျ လုပ်ထားပေးမလို့လေ... ငြိမ်းကရော ဂျင်ဆင်း ပါတဲ့ဟာမျိုး ကြိုက်လားလို့... မနက်ဈေးသွားဖြစ်ရင် ဝယ်ပြီး အဆင်သင့်လုပ်ထားလို့ရအောင်... ကြက်သားဆန်ပြုတ်လေးလဲ လုပ်ထားလိုက်ရမလား"
"ဘာဖြစ်ဖြစ် ရတယ်အဆင်ပြေတာသာ လုပ်ထားပေးပါ အရပ်ကတို့ရေ...တောင်းပန်ပါတယ်"
"ဟယ်... ဒါလေးမေးတာကို"
မကြီး ဖုန်းချသွားပြီးတော့ အာကာ့ ခေါင်းက ဆံပင်တွေထဲ လက်နှင့် ထိုးဖွပြီး စိတ်ပျက်လက်ပျက်နှင့် အစ်ကို့ကိုကြည့်လိုက်မိသည်...
"တင်! တင်!
ဇာတ်လမ်းက မပြီးသေး... ဖုန်းထဲကို တတင်တင်နှင့် စာတွေပို့နေသည့် တရားခံက နန္ဒာကြည်ညွှန်း...
အာကာ ဖွင့်ကြည့်လိုက်တော့ Gay တွေရဲ့ First time နဲ့ ပတ်သက်ပြီး ရေထားတဲ့ Do and Don't တွေ...
"အား!!! ဒေါ်ခင်ခင်မျိုးဆွေရေ မွေးထားတာတွေကို ထိန်းပါဦးလားလို့"
"ခွိ"
အစ်ကိုက ခုတင်စွန်းတွင် ထိုင်နေပြီး အာကာ့ကိုကြည့်ရင်း ခွိခနဲရယ်နေသည်...
"ဘာရယ်နေတာလဲ... ငြိမ်းအေးအိမ်က"
"အဟားဟား"
ခေါင်းလေးမော့ကာ အသံထွက်အောင်ပင် ရယ်နေသော အစ်ကို့ကိုကြည့်ပြီး အာကာ ခေါင်းထဲမှာ လက်ခနဲ အတွေးတစ်ခုရလိုက်သည်...
"အစ်ကို့!"
"ဟင်"
အာကာက ထိုင်နေရာမှ ဝုန်းခနဲထက ကျောပိုးအိတ်တစ်ခုကိုရှာပြီး လိုအပ်တဲ့ပစ္စည်းတွေကိုကောက်ထည့်လိုက်သည်...
"so sweet...ဘာလို့လဲ"
"အစ်ကို့... လာ... ကျွန်တော်တို့ နောက်လမ်းက အိမ်ကို ခိုးသွားကြမယ်"
"ဟမ်"
အာကာက ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ပြီး အစ်ကို့လက်ကိုဆွဲကာ လှေခါးမှ ခိုးဆင်းလာကြသည်... အာကာ့မှာ သော့တွေရှိပြီးသားဆိုတော့ ခြံတံခါးကိုလည်း အလွယ်တကူဖွင့်ပြီး အပြင်သို့ထွက်လိုက်ကြသည်...
"အဟားဟား..."
လမ်းပေါ်မှာ တစ်ယောက်လက် တစ်ယောက်ဆွဲကာ နောက်လမ်းသို့ ပြေးကြရင်း စိတ်လှုပ်ရှားကာ ပျော်နေကြသည်... နောက်လမ်းမှ အစ်ကိုတို့ အိမ်ရှေ့ရောက်တော့ ခြံစည်းရိုးတံခါးကြီးက သော့ခတ်ထားသည်...
"so sweet ကြီးမေ သော့ခတ်ထားတယ်"
အာကာက နှစ်ခါ မစဉ်းစားတော့ဘဲ အစ်ကို့ကို ပွေ့ချီကာ ခြံစည်းရိုးပေါ်သို့ တင်ပေးလိုက်သည်... အစ်ကိုက ခြံစည်းရိုးပေါ်ရောက်တော့ အာကာ့ကို လက်ပြန်ကမ်းပေးသည်... အာကာ အစ်ကို့လက်ကို လှမ်းဆွဲပြီး ခြံစည်းရိုးပေါ်သို့ လှစ်ခနဲတက်ကာ ခြံတွင်းသို့ ပြိုင်တူ ခုန်ချလိုက်ကြသည်...
"ဘေးတံခါးပေါက်က ဝင်လို့ရတယ်"
နှစ်ယောက်သား မှောင်ရိပ်ခိုက ဘေးတံခါးပေါက်မှ တဆင့် အိမ်ထဲသို့ ခိုးဝင်ပြီး အိမ်ပေါ်ထပ်ရှိ အစ်ကို့ အိပ်ခန်းထဲသို့ ဝင်လိုက်ကြသည်...
အိပ်ခန်းထဲ ရောက်ရောက်ချင်းမှာပဲ အာကာက ကျောပိုးအိတ်ကို ခုတင်ပေါ်ပစ်တင်ပြီး အစ်ကို့ကို တင်ပါးအောက်မှ ပွေ့ချီကာ နံရံတွင်ကပ်ပစ်လိုက်သည်... အစ်ကိုက အာကာ့ရဲ့ ခါးကို ခြေထောက်တွေနှင် ချိတ်ထားပြီး အာကာ့ကို နမ်းသည်...
အစပျိုးမှုက အလျင်စလိုနှင့် အရိုင်းဆန်ပေမဲ့ နှစ်ယောက်လုံးစိတ်လှုပ်ရှားမှုကြောင့် ရင်တွေ တဒိုင်းဒိုင်း နှင် ခုန်နေကြသည်မှာ ပေါက်ထွက်တော့မတတ်ပင်...
အိမ်ကထွက်ပြေးလာကြသော အိမ်ပြေးလေးနှစ်ယောက်၏ မင်္ဂလာဦးညက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေနှင့် ပြည့်နှက်နေတော့မည်ထင်သည်...
...........................................................................
<3 DiDi Zaw
(24/12/2022)
နောက်ကျသွားတာ ခွင့်လွှတ်ပါနော်...
ချော့တဲ့ အနေနဲ့ မင်္ဂလာဦးည ကို အဆက်ရေးပေးပါမယ် 🌚🌚🤭
Continue Reading
You'll Also Like
449K 23.4K 51
8.4K 577 28
ကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်...
644K 39.9K 30
A love contest between a boy who likes to kick football and a little doctor.
241K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...