{Unicode}
"မဟုတ်သေးဘူး၊ ငါ နယ်စားမင်းကရစ်ခ်နဲ့ တွေ့မယ်လို့ အရှင့်ကို ပြောထားတယ်"
"အရှင်မင်းကြီးက အရှင်မကို အခေါ်လွှတ်လိုက်တယ်ဆိုရင် အရှင်မ သွားသင့်ပါတယ်"
ဘုရင့်ဆီ ချစ်ခင်မြတ်နိုးမှုကို ရနေတယ်ဆိုတဲ့ ကောလဟာလတွေကို အတည်ပြုရန် တွေ့ခွင့်ရဖို့ ကြိုးစားခဲ့တယ်ဆိုပေမဲ့ သူ့မျက်လုံးနဲ့ တပ်အပ်ကြီးမြင်ရမယ်လို့ မထင်ခဲ့ချေ။
မဟုတ်ဘူး၊ ဒါကရော မယ်ဒီရာ လုပ်ကြံထားတာပဲလား?
ထို့နောက် နယ်စားမင်းက မယ်ဒီရာ့အမူအရာကို အကဲဖြတ်ချိန်မှာပဲ အခန်းထဲကို လူတစ်ယောက်ဝင်လာသည်။
"အရှင်!"
"အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်"
သူ့ကို ကြည့်နေတဲ့လိုင်လ်ကို နယ်စားမင်း ကရစ်ခ် ချက်ချင်း ဒူးညွှတ်အရိုအသေပေးလိုက်ပြီး နှုတ်ဆက်လိုက်သည်။ သူတို့ တွေ့ဆုံပွဲထဲ ဝင်ရောက်လာတဲ့ လိုင်လ်က မျက်နာသေနဲ့ နယ်စားကို တချက်ကြည့်ပြီးနောက် မယ်ဒီရာ့ဘက်လှည့်သွားသည်။
ထိုအချိန်မှာပဲ လိုင်လ့်ရဲ့ မျက်နှာ အမူအရာပြောင်းလဲသွားတာကို နယ်စားမင်း ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူ့ရဲ့ ခပ်တောင့်တောင့်အမူအရာက ပြေလျော့သွားပြီး သူ့ရဲ့ အနီရောင် မျက်ဝန်းတွေထဲ မြတ်နိုးဟန်တွေ ဝင်ရောက်လာပုံက ပို၍ ငယ်သွားစေသည်။ ဒီပုံစံက နယ်စားမင်းဘဝတလျှောက်လုံး မမြင်ဖူးခဲ့တဲ့ ဘုရင့်ပုံစံဖြစ်သည်။
"အရှင် ဘာလို့ ဒီထိရောက်လာတာလဲ?"
ရှက်ရွံ့နေရင်းပင် မယ်ဒိီရာ မေးလိုက်သည်။
လိုင်လ် မယ်ဒီရာ့နား မတ်တပ်ရပ်လိုက်ပြီး နယ်စားမင်းကို အကဲခတ်လိုက်သည်။ သူ မသိလိုက်ပဲ မယ်ဒီရာက ကွာရှင်းဖို့ အကြောင်းစကားဆိုမှာ သူစိတ်ပူသည်။
အစကတော့ မယ်ဒီရာနဲ့တွေ့ခွင့်ရဖို့ နယ်စားရဲ့တောင်းခံလွှာကို လစ်လျူရှူပြီး ငြင်းဆိုဖို့ ကြံစည်ထားခြင်းဖြစ်သည်။ သို့သော် နယ်စားမင်းက မယ်ဒီရာ ဘာအပြစ်လုပ်မိလို့ ပြစ်ဒဏ်ချထားခံရသလဲဟု အသနားခံစာ တင်သွင်းချိန်တွင်တော့ သူ့ကို တွေ့ခွင့်ပေးရုံကလွဲပြီး တခြားရွေးစရာ လမ်းမရှိတော့ချေ။
မယ်ဒီရာ့ပြစ်ဒဏ်ဆိုသည်မှာ အမှန်အားဖြင့် လိုင်လ့်ရဲ့ တကိုယ်ရည် စိတ်ခံစားချက်ကြောင့်သာ ဖြစ်ပြီး အကြောင်းပြချက် မယ်မယ်ရရမရှိပေ။ အကြောင်းပြချက် ရှာဖို့ နယ်စားမင်း ကြိုးစားလာချိန်မှာတော့ မယ်ဒီရာနဲ့ တွေ့ခွင့်ပေးရုံကလွဲပြီး တခြား လုပ်နိုင်တာ မရှိပေ။
"နယ်စားမင်း ကိုယ်တော် သင့်ကို မနက်ကပဲ တွေ့ခဲ့တယ်၊ အခု ထပ်တွေ့ပြန်ပြီ"
"အရှင်မဧကရီက ပြစ်ဒဏ်ခံနေရတယ်လို့ ကျွန်တော်မျိုးကြားလို့ စိတ်ပူလို့ တွေ့ခွင့်တောင်းခံခဲ့တာပါဘုရား၊ အရှင်မ ဘာအမှားလုပ်မိမှန်း ကျွန်တော်မျိုး မသိပေမဲ့ အဖေတစ်ယောက်အနေနဲ့ ကျွန်တော်မျိုး အပြစ်မို့ အရှင်က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ"
သူနဲ့ မရင်းနှီးတဲ့ သမီးဖြစ်သူ ကိစ္စထဲ ဝင်ပါပြီး ဂရုစိုက်တတ်တဲ့ အဖေလို ဟန်ဆောင်စကားဆိုနေတဲ့ နယ်စား စကားကိုကြားတော့ လိုင်လ့်မျက်ဝန်းတွေ ကျဉ်းမြောင်းသွားသည်။ မယ်ဒီရာရော နယ်စားပါ တဖွဲ့တည်းဖြစ်သည့်တိုင်အောင် သူတို့နှစ်ဦးဆက်ဆံရေးက ရင်းရင်းနှီးနှီးမရှိမှန်း လိုင်လ်သိသည်။
[ဒါပေမဲ့ မယ်ဒီရာ့မှာ အဲ့ဒီမှတ်ဉာဏ်တွေ မရှီဘူးဆိုတော့ ငါ့အပေါ်ပဲ မှီခိုရမှာပဲ]
"ဧကရီက တော်ဝင်မိသားစုရဲ့ လူဖြစ်နေပြီဆိုတော့ နယ်စားကို အပြစ်တင်လို့ ဘယ်ရမလဲ။ ကိုယ်တော်က ဧကရီကို ဂရုစိုက်ပေးမှာဖြစ်လို့ နယ်စားကလဲ ဧကရီအစား ခွင့်လွှတ်ဖို့ တောင်းဆိုစရာမလိုဘူး"
ထိုသို့ ပြောရင်း လိုင်လ် မယ်ဒီရာ့ခါးကို ပွေ့ဖက်လိုက်သည်။
မယ်ဒီရာ နယ်စားမင်းကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ နယ်စားခမျာ အံ့အားသင့်ကာ ထိတ်လန့်မှုကြောင့် ကျောက်ရုပ်ဖြစ်နေလေသည်။
"ကိုယ့်အလုပ် မပြီးခင် မင်းတွေ့ဆုံပွဲကို အပြီးသတ်ဖို့ ပြောထားတယ်မလား?"
"ရှင်..ရှင်က အချိန်သတ်မှတ်တာ နောက်ကျတာကို"
နယ်စားရဲ့ မျက်ဝန်းတွေကို ကြည့်ရင်း မယ်ဒီရာ မကျေမချမ်းဆိုလိုက်သည်။
လိုင်လ် မယ်ဒီရာကို သူ့လက်မောင်းတွေထဲ ဆွဲသွင်းရင်း သူ ဘာမှ နားမထောင်ချင်တော့တဲ့အကြောင်း ပြသည်။
"နယ်စားမင်း၊ ဧကရီ ဘေးကင်းတယ်ဆိုတာ သေချာပြီဆိုတော့ ကိုယ်တော် ဧကရီကို ပြန်ခေါ်သွားလို့ရပြီလား?"
"မှန်...မှန်ပါ့ အရှင်"
"အိုး!"
မယ်ဒီရာက လိုင်လ့်လက်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေတာမို့ သူ သူမကို ပွေ့ချီလိုက်သည်။ ဒီလူနှစ်ယောက်ကို ကြည့်ရင်း နယ်စားရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပေမဲ့ အစေခံနဲ့ ကိုယ်ရံတော်တွေကတော့ ဖြစ်နေကျ ရိုးနေဟန် မျက်ခုံးလေးတချက်ပင် မတွန့်သွားကြပေ။
"သွားစို့"
"အ..အရှင်မင်းကြီး... ကျေးဇူးပြုပြီး အောက်ချပေးပါ"
နယ်စားကို နှုတ်ခွန်းဆက်စကားပင်မဆိုပဲ လိုင်လ် မယ်ဒီရာ့ကို ပွေ့ချီခေါ်သွားသည်။
သူ့ကို သရဲ ဝင်ပူးသလို နယ်စားမင်း ခံစားလိုက်ရသည်။
[ဧကရာဇ်မင်းမြတ်က တကယ်ပဲ မယ်ဒီရာကို ကြိုက်သွားတာလား? တကယ်ကြီး?]
***
"အဖေပြောတာက ကျွန်တော့်အမနဲ့ အရှင်မင်းကြီးဆက်ဆံရေးက တိုးတက်လာပြီ?"
နယ်စားမင်း ကရစ်ခ်ရဲ့စကားကို ကြားတော့ လုခ်က မယုံနိုင်ဟန်မေးသည်။
နယ်စားကြည့်ရတာ ဝမ်းမြောက်နေဟန်ပင်။ မယ်ဒီရာ့ကို နိုင်ငံရေးအရ အသုံးချတာက လုံလောက်ပေမဲ့ အကောင်းဆုံးကတော့ ကရစ်ခ်မျိုးနွယ်သွေးနဲ့ တော်ဝင်သွေး ရောနှောခြင်းဖြစ်သည်။
"အမှန်ပဲ၊ မယ်ဒီရာ့ စိတ်နေစိတ်ထားက ဘာကြောင့်နဲ့မှ မပြောင်းလဲနိုင်တော့ဘူးလို့ ငါ တွေးထားတာ၊ ကြည့်ရတာ ရုတ်တရက် လိုက်လျောညီထွေဖြစ်အောင် တခုခု ဖြစ်ခဲ့ပုံပဲ။ မယ်ဒီရာ့ကို ကြည့်တဲ့ အရှင့်ရဲ့ မျက်လုံးတွေက ပြောင်းလဲသွားပြီ။ ကြည့်ရတာ ငါတို့ ထပ်ပြီး စိတ်ပူစရာ မလိုတော့ဘူး။ တော်ဝင်မိသားစုနဲ့ ကရစ်ခ်မိသားစုကြားက ဆက်ဆံရေးတိုးတက်ဖို့ ဘာမှ စိတ်ပူစရာ မရှိတော့ဘူး"
စိတ်ကျေနပ်သွားပုံရတဲ့ နယ်စားမင်းက သူ မယ်ဒီရာနဲ့ တွေ့ဖို့ ထပ်ကြိုးစားမဲ့ အကြောင်း ဝန်ခံလိုက်သေးသည်။
လုခ်ကား စိတ်ကျေနပ်ပုံမရချေ။
"ဒါဆို အရှင်က အမကို ဘာလို့ ပြစ်ဒဏ်ကာလကနေ ဖြေမလျှော့ပေးတာလဲ? ကျွန်တော် ကြားတာက အမက ခုထိ အရှင့်နန်းတော်ကနေ ခြေတလှမ်းတောင် ထွက်ခွင့်မရဘူးတဲ့"
"အရှင်မင်းကြီး ဘာတွေးလဲ ဘယ်သိနိုင်မလဲ။ အရေးကြီးတာက အရှင်က မင်း အမကို သဘောကျဖို့ပဲ"
လုခ်တွေးရင်း မကျေမနပ်ဖြစ်မိသည်။
သူ့ အမက အရှင်မင်းကြီးရဲ့ ချစ်မြတ်နိုးမှုခံရဖို့ မနားမနေကြိုးစားခဲ့တာဖြစိပြီး နောက်ဆုံးတော့ အရှင်မင်းကြီးက ချစ်ခင်နှစ်သက်မှု ရတာက ကျေနပ်စရာ ကိစ္စဖြစ်ပေမဲ့ သူ သံသယဝင်နေတုန်းဖြစ်သည်။
သူမကို သူ ချစ်မြတ်နိုးတယ်ဆိုပြီး တိုက်ပိတ်ထားတယ်ဆိုတာ ဘာသဘောလဲ? သူ့အမ ချစ်ခင်မြတ်နိုးခံရတယ်ဆို အမှန်ပဲလား? ဒါမှမဟုတ် အရှင်မင်းကြီးက အမကိုများ နှိပ်စက်နေသလား?
"လုခ် ဘာမှလျှောက်မတွေးနဲ့၊ မယ်ဒီရာက အခု အရှင်မင်းကြီးရဲ့ မိန်းကလေးဖြစ်နေပြီ။ သူမနဲ့ ပတ်သတ်ပြီးဘာပဲ လုပ်လုပ် ဒါ အရှင်မင်းကြီး ကိစ္စ၊ ငါတို့လို လက်အောက်ငယ်သားက ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး"
နယ်စားမင်း ကရစ်ခ်က လုခ်ရဲ့ စိတ်ပူနေတဲ့ မျက်နှာကို မြင်ပြီး သတိပေးသည်။
နယ်စားမင်းကို ဘာမှ မဖြစ်ဟန် မျက်နှာနဲ့ လှမ်းကြည့်ပြီးတဲ့နောက် နယ်စားမင်း မမြင်ကွယ်ရာမှာတော့ လုခ်ရဲ့ လက်သီးက ခပ်တင်းတင်းဆုပ်သွားသည်။
"ကျွန်တော် သိပါတယ် အဖေ"
သို့သော် သူ့စကားနဲ့ ဆန့်ကျင်စွာပင် တကယ်လို့များ မယ်ဒီရာ အနှိပ်စက်ခံနေရတာ ကျိန်းသေရင် ဘာနည်းပဲ သုံးရသုံးရ သူ သေချာပေါက်ကယ်တင်မယ်လို့ လုခ်တွေးထားလိုက်သည်။
****
Note:
Giveaway join လို့ရတယ်ဆိုတာလေး အသိပေးတာပါ။
နောက်ပြီး paid group ရှိတယ်ဆိုတာလေးရော အသိပေးတာ ဖြစ်ပါကြောင်း၊
နက်ဖြန် ဘာမှ တင်စရာ မရှိတဲ့အတွက် ဒီနေ့ကြိုပြီး Merry Christmas လို့ နှုတ်ခွန်းဆက်တယ်နော် 💙
****
{Zawgyi}
"မဟုတ္ေသးဘူး၊ ငါ နယ္စားမင္းကရစ္ခ္နဲ႔ ေတြ႕မယ္လို႔ အရွင့္ကို ေျပာထားတယ္"
"အရွင္မင္းႀကီးက အရွင္မကို အေခၚလႊတ္လိုက္တယ္ဆိုရင္ အရွင္မ သြားသင့္ပါတယ္"
ဘုရင့္ဆီ ခ်စ္ခင္ျမတ္နိုးမွုကို ရေနတယ္ဆိုတဲ့ ေကာလဟာလေတြကို အတည္ျပဳရန္ ေတြ႕ခြင့္ရဖို႔ ႀကိဳးစားခဲ့တယ္ဆိုေပမဲ့ သူ႔မ်က္လုံးနဲ႔ တပ္အပ္ႀကီးျမင္ရမယ္လို႔ မထင္ခဲ့ေခ်။
မဟုတ္ဘူး၊ ဒါကေရာ မယ္ဒီရာ လုပ္ႀကံထားတာပဲလား?
ထို႔ေနာက္ နယ္စားမင္းက မယ္ဒီရာ့အမူအရာကို အကဲျဖတ္ခ်ိန္မွာပဲ အခန္းထဲကို လူတစ္ေယာက္ဝင္လာသည္။
"အရွင္!"
"အရွင္မင္းႀကီးကို ႏွုတ္ခြန္းဆက္သပါတယ္"
သူ႔ကို ၾကည့္ေနတဲ့လိုင္လ္ကို နယ္စားမင္း ကရစ္ခ္ ခ်က္ခ်င္း ဒူးညႊတ္အရိုအေသေပးလိုက္ၿပီး ႏွုတ္ဆက္လိုက္သည္။ သူတို႔ ေတြ႕ဆုံပြဲထဲ ဝင္ေရာက္လာတဲ့ လိုင္လ္က မ်က္နာေသနဲ႔ နယ္စားကို တခ်က္ၾကည့္ၿပီးေနာက္ မယ္ဒီရာ့ဘက္လွည့္သြားသည္။
ထိုအခ်ိန္မွာပဲ လိုင္လ့္ရဲ့ မ်က္ႏွာ အမူအရာေျပာင္းလဲသြားတာကို နယ္စားမင္း ရွင္းရွင္းလင္းလင္းျမင္လိုက္ရသည္။ သူ႔ရဲ့ ခပ္ေတာင့္ေတာင့္အမူအရာက ေျပေလ်ာ့သြားၿပီး သူ႔ရဲ့ အနီေရာင္ မ်က္ဝန္းေတြထဲ ျမတ္နိုးဟန္ေတြ ဝင္ေရာက္လာပုံက ပို၍ ငယ္သြားေစသည္။ ဒီပုံစံက နယ္စားမင္းဘဝတေလၽွာက္လုံး မျမင္ဖူးခဲ့တဲ့ ဘုရင့္ပုံစံျဖစ္သည္။
"အရွင္ ဘာလို႔ ဒီထိေရာက္လာတာလဲ?"
ရွက္ရြံ႕ေနရင္းပင္ မယ္ဒိီရာ ေမးလိုက္သည္။
လိုင္လ္ မယ္ဒီရာ့နား မတ္တပ္ရပ္လိုက္ၿပီး နယ္စားမင္းကို အကဲခတ္လိုက္သည္။ သူ မသိလိုက္ပဲ မယ္ဒီရာက ကြာရွင္းဖို႔ အေၾကာင္းစကားဆိုမွာ သူစိတ္ပူသည္။
အစကေတာ့ မယ္ဒီရာနဲ႔ေတြ႕ခြင့္ရဖို႔ နယ္စားရဲ့ေတာင္းခံလႊာကို လစ္လ်ဴရွူၿပီး ျငင္းဆိုဖို႔ ႀကံစည္ထားျခင္းျဖစ္သည္။ သို႔ေသာ္ နယ္စားမင္းက မယ္ဒီရာ ဘာအျပစ္လုပ္မိလို႔ ျပစ္ဒဏ္ခ်ထားခံရသလဲဟု အသနားခံစာ တင္သြင္းခ်ိန္တြင္ေတာ့ သူ႔ကို ေတြ႕ခြင့္ေပး႐ုံကလြဲၿပီး တျခားေရြးစရာ လမ္းမရွိေတာ့ေခ်။
မယ္ဒီရာ့ျပစ္ဒဏ္ဆိုသည္မွာ အမွန္အားျဖင့္ လိုင္လ့္ရဲ့ တကိုယ္ရည္ စိတ္ခံစားခ်က္ေၾကာင့္သာ ျဖစ္ၿပီး အေၾကာင္းျပခ်က္ မယ္မယ္ရရမရွိေပ။ အေၾကာင္းျပခ်က္ ရွာဖို႔ နယ္စားမင္း ႀကိဳးစားလာခ်ိန္မွာေတာ့ မယ္ဒီရာနဲ႔ ေတြ႕ခြင့္ေပး႐ုံကလြဲၿပီး တျခား လုပ္နိုင္တာ မရွိေပ။
"နယ္စားမင္း ကိုယ္ေတာ္ သင့္ကို မနက္ကပဲ ေတြ႕ခဲ့တယ္၊ အခု ထပ္ေတြ႕ျပန္ၿပီ"
"အရွင္မဧကရီက ျပစ္ဒဏ္ခံေနရတယ္လို႔ ကၽြန္ေတာ္မ်ိဳးၾကားလို႔ စိတ္ပူလို႔ ေတြ႕ခြင့္ေတာင္းခံခဲ့တာပါဘုရား၊ အရွင္မ ဘာအမွားလုပ္မိမွန္း ကၽြန္ေတာ္မ်ိဳး မသိေပမဲ့ အေဖတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္မ်ိဳး အျပစ္မို႔ အရွင္က သေဘာထားႀကီးႀကီးနဲ႔ ခြင့္လႊတ္ေပးပါ"
သူနဲ႔ မရင္းႏွီးတဲ့ သမီးျဖစ္သူ ကိစၥထဲ ဝင္ပါၿပီး ဂ႐ုစိုက္တတ္တဲ့ အေဖလို ဟန္ေဆာင္စကားဆိုေနတဲ့ နယ္စား စကားကိုၾကားေတာ့ လိုင္လ့္မ်က္ဝန္းေတြ က်ဥ္းေျမာင္းသြားသည္။ မယ္ဒီရာေရာ နယ္စားပါ တဖြဲ႕တည္းျဖစ္သည့္တိုင္ေအာင္ သူတို႔ႏွစ္ဦးဆက္ဆံေရးက ရင္းရင္းႏွီးႏွီးမရွိမွန္း လိုင္လ္သိသည္။
[ဒါေပမဲ့ မယ္ဒီရာ့မွာ အဲ့ဒီမွတ္ဉာဏ္ေတြ မရွီဘူးဆိုေတာ့ ငါ့အေပၚပဲ မွီခိုရမွာပဲ]
"ဧကရီက ေတာ္ဝင္မိသားစုရဲ့ လူျဖစ္ေနၿပီဆိုေတာ့ နယ္စားကို အျပစ္တင္လို႔ ဘယ္ရမလဲ။ ကိုယ္ေတာ္က ဧကရီကို ဂ႐ုစိုက္ေပးမွာျဖစ္လို႔ နယ္စားကလဲ ဧကရီအစား ခြင့္လႊတ္ဖို႔ ေတာင္းဆိုစရာမလိုဘူး"
ထိုသို႔ ေျပာရင္း လိုင္လ္ မယ္ဒီရာ့ခါးကို ေပြ႕ဖက္လိုက္သည္။
မယ္ဒီရာ နယ္စားမင္းကို အံ့ဩတႀကီး ၾကည့္လိုက္မိသည္။ နယ္စားခမ်ာ အံ့အားသင့္ကာ ထိတ္လန့္မွုေၾကာင့္ ေက်ာက္႐ုပ္ျဖစ္ေနေလသည္။
"ကိုယ့္အလုပ္ မၿပီးခင္ မင္းေတြ႕ဆုံပြဲကို အၿပီးသတ္ဖို႔ ေျပာထားတယ္မလား?"
"ရွင္..ရွင္က အခ်ိန္သတ္မွတ္တာ ေနာက္က်တာကို"
နယ္စားရဲ့ မ်က္ဝန္းေတြကို ၾကည့္ရင္း မယ္ဒီရာ မေက်မခ်မ္းဆိုလိုက္သည္။
လိုင္လ္ မယ္ဒီရာကို သူ႔လက္ေမာင္းေတြထဲ ဆြဲသြင္းရင္း သူ ဘာမွ နားမေထာင္ခ်င္ေတာ့တဲ့အေၾကာင္း ျပသည္။
"နယ္စားမင္း၊ ဧကရီ ေဘးကင္းတယ္ဆိုတာ ေသခ်ာၿပီဆိုေတာ့ ကိုယ္ေတာ္ ဧကရီကို ျပန္ေခၚသြားလို႔ရၿပီလား?"
"မွန္...မွန္ပါ့ အရွင္"
"အိုး!"
မယ္ဒီရာက လိုင္လ့္လက္ထဲက ႐ုန္းထြက္ဖို႔ ႀကိဳးစားေနတာမို႔ သူ သူမကို ေပြ႕ခ်ီလိုက္သည္။ ဒီလူႏွစ္ေယာက္ကို ၾကည့္ရင္း နယ္စားရဲ့ မ်က္လုံးေတြ ျပဴးက်ယ္သြားေပမဲ့ အေစခံနဲ႔ ကိုယ္ရံေတာ္ေတြကေတာ့ ျဖစ္ေနက် ရိုးေနဟန္ မ်က္ခုံးေလးတခ်က္ပင္ မတြန့္သြားၾကေပ။
"သြားစို႔"
"အ..အရွင္မင္းႀကီး... ေက်းဇူးျပဳၿပီး ေအာက္ခ်ေပးပါ"
နယ္စားကို ႏွုတ္ခြန္းဆက္စကားပင္မဆိုပဲ လိုင္လ္ မယ္ဒီရာ့ကို ေပြ႕ခ်ီေခၚသြားသည္။
သူ႔ကို သရဲ ဝင္ပူးသလို နယ္စားမင္း ခံစားလိုက္ရသည္။
[ဧကရာဇ္မင္းျမတ္က တကယ္ပဲ မယ္ဒီရာကို ႀကိဳက္သြားတာလား? တကယ္ႀကီး?]
***
"အေဖေျပာတာက ကၽြန္ေတာ့္အမနဲ႔ အရွင္မင္းႀကီးဆက္ဆံေရးက တိုးတက္လာၿပီ?"
နယ္စားမင္း ကရစ္ခ္ရဲ့စကားကို ၾကားေတာ့ လုခ္က မယုံနိုင္ဟန္ေမးသည္။
နယ္စားၾကည့္ရတာ ဝမ္းေျမာက္ေနဟန္ပင္။ မယ္ဒီရာ့ကို နိုင္ငံေရးအရ အသုံးခ်တာက လုံေလာက္ေပမဲ့ အေကာင္းဆုံးကေတာ့ ကရစ္ခ္မ်ိဳးႏြယ္ေသြးနဲ႔ ေတာ္ဝင္ေသြး ေရာေႏွာျခင္းျဖစ္သည္။
"အမွန္ပဲ၊ မယ္ဒီရာ့ စိတ္ေနစိတ္ထားက ဘာေၾကာင့္နဲ႔မွ မေျပာင္းလဲနိုင္ေတာ့ဘူးလို႔ ငါ ေတြးထားတာ၊ ၾကည့္ရတာ ႐ုတ္တရက္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ တခုခု ျဖစ္ခဲ့ပုံပဲ။ မယ္ဒီရာ့ကို ၾကည့္တဲ့ အရွင့္ရဲ့ မ်က္လုံးေတြက ေျပာင္းလဲသြားၿပီ။ ၾကည့္ရတာ ငါတို႔ ထပ္ၿပီး စိတ္ပူစရာ မလိုေတာ့ဘူး။ ေတာ္ဝင္မိသားစုနဲ႔ ကရစ္ခ္မိသားစုၾကားက ဆက္ဆံေရးတိုးတက္ဖို႔ ဘာမွ စိတ္ပူစရာ မရွိေတာ့ဘူး"
စိတ္ေက်နပ္သြားပုံရတဲ့ နယ္စားမင္းက သူ မယ္ဒီရာနဲ႔ ေတြ႕ဖို႔ ထပ္ႀကိဳးစားမဲ့ အေၾကာင္း ဝန္ခံလိုက္ေသးသည္။
လုခ္ကား စိတ္ေက်နပ္ပုံမရေခ်။
"ဒါဆို အရွင္က အမကို ဘာလို႔ ျပစ္ဒဏ္ကာလကေန ေျဖမေလၽွာ့ေပးတာလဲ? ကၽြန္ေတာ္ ၾကားတာက အမက ခုထိ အရွင့္နန္းေတာ္ကေန ေျခတလွမ္းေတာင္ ထြက္ခြင့္မရဘူးတဲ့"
"အရွင္မင္းႀကီး ဘာေတြးလဲ ဘယ္သိနိုင္မလဲ။ အေရးႀကီးတာက အရွင္က မင္း အမကို သေဘာက်ဖို႔ပဲ"
လုခ္ေတြးရင္း မေက်မနပ္ျဖစ္မိသည္။
သူ႔ အမက အရွင္မင္းႀကီးရဲ့ ခ်စ္ျမတ္နိုးမွုခံရဖို႔ မနားမေနႀကိဳးစားခဲ့တာျဖစိၿပီး ေနာက္ဆုံးေတာ့ အရွင္မင္းႀကီးက ခ်စ္ခင္ႏွစ္သက္မွု ရတာက ေက်နပ္စရာ ကိစၥျဖစ္ေပမဲ့ သူ သံသယဝင္ေနတုန္းျဖစ္သည္။
သူမကို သူ ခ်စ္ျမတ္နိုးတယ္ဆိုၿပီး တိုက္ပိတ္ထားတယ္ဆိုတာ ဘာသေဘာလဲ? သူ႔အမ ခ်စ္ခင္ျမတ္နိုးခံရတယ္ဆို အမွန္ပဲလား? ဒါမွမဟုတ္ အရွင္မင္းႀကီးက အမကိုမ်ား ႏွိပ္စက္ေနသလား?
"လုခ္ ဘာမွေလၽွာက္မေတြးနဲ႔၊ မယ္ဒီရာက အခု အရွင္မင္းႀကီးရဲ့ မိန္းကေလးျဖစ္ေနၿပီ။ သူမနဲ႔ ပတ္သတ္ၿပီးဘာပဲ လုပ္လုပ္ ဒါ အရွင္မင္းႀကီး ကိစၥ၊ ငါတို႔လို လက္ေအာက္ငယ္သားက ဝင္စြက္ဖက္ပိုင္ခြင့္မရွိဘူး"
နယ္စားမင္း ကရစ္ခ္က လုခ္ရဲ့ စိတ္ပူေနတဲ့ မ်က္ႏွာကို ျမင္ၿပီး သတိေပးသည္။
နယ္စားမင္းကို ဘာမွ မျဖစ္ဟန္ မ်က္ႏွာနဲ႔ လွမ္းၾကည့္ၿပီးတဲ့ေနာက္ နယ္စားမင္း မျမင္ကြယ္ရာမွာေတာ့ လုခ္ရဲ့ လက္သီးက ခပ္တင္းတင္းဆုပ္သြားသည္။
"ကၽြန္ေတာ္ သိပါတယ္ အေဖ"
သို႔ေသာ္ သူ႔စကားနဲ႔ ဆန့္က်င္စြာပင္ တကယ္လို႔မ်ား မယ္ဒီရာ အႏွိပ္စက္ခံေနရတာ က်ိန္းေသရင္ ဘာနည္းပဲ သုံးရသုံးရ သူ ေသခ်ာေပါက္ကယ္တင္မယ္လို႔ လုခ္ေတြးထားလိုက္သည္။
****
Note:
Giveaway join လို႔ရတယ္ဆိုတာေလး အသိေပးတာပါ။
ေနာက္ၿပီး paid group ရွိတယ္ဆိုတာေလးေရာ အသိေပးတာ ျဖစ္ပါေၾကာင္း၊
နက္ျဖန္ ဘာမွ တင္စရာ မရွိတဲ့အတြက္ ဒီေန႔ႀကိဳၿပီး Merry Christmas လို႔ ႏွုတ္ခြန္းဆက္တယ္ေနာ္ 💙
****