ထိုမှစခဲ့သော အချစ်များစွာသည်

Door Fiendyy

639K 69.3K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... Meer

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

141 ~ 145

3.6K 224 14
Door Fiendyy

( Unicode )

အခန်း [ ၁၄၁ ]

အနုပညာသည်ဌာနမှာ သူနှင့် ဆွေးနွေးစကားပြောနေခဲ့သည်ဟု ဟန်ကျိုးလီ ပြောသွားသည်။ မန်နေဂျာဟောင်အဖို့ ထူးဆန်းနေခဲ့၏။ သူတို့ ဘာတွေ ဆွေးနွေးခဲ့ကြလို့လဲ..

သို့သော် ဟန်ကျိုးလီသည်ဘစ်ဘော့စ်ဖြစ်သဖြင့် သူပြောသမျှသည် အမှန်ပဲ ဖြစ်လေ၏။

ဟန်ကျိုးလီကလည်း လုံးဝ ထောက်ခံသည်။
“ မင်း ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် သိနေတော့ ကောင်းတာပေါ့၊ နောက်ကို ငါ့ကို အစ်ကိုဟန်လို့ခေါ်တာတွေရပ်ပါ၊ ဘယ်လိုတွေ ရင်းရင်းနှီးနှီးခေါ်လာပါစေ ငါကတော့ မင်းကို မသိဘူး ”

သိုက်ယီးရန် : “…”

သိုက်ယီးရန် မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့နေသည်။ ဟန်ကျိုးလီ မနေ့ကလည်း ထိုသို့ ပြောခဲ့သည်။ ခု ဒီနေ့မှာလည်း ထပ်ပြီးတော့ ပြောပြန်၏။

ဒါကလည်း လုမန်ကို သူမ ပြောဆိုထားပြီးသည့်နောက်မှာ..။

“ နောက်တစ်ခါ အလုပ်ဆင်းရင် ကုမ္ပဏီမှာ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ”
ဟန်ကျိုးလီက စိတ်မရှည်သည့်ပုံနှင့်ဖြစ်၏။

သိုက်ယီးရန် မယုံကြည်နိုင်စွာဖြင့် ပါးစပ်ဟောင်းလောင်းလေး ဖြစ်သွားပြီးမှ
“ အစ် .. သူဌေး .. စောစောက ကျွန်မပြောလိုက်တာကို သူဌေး မကြားလိုက်လို့လားဟင်၊ သူက အထက်လူကြီးကို ဖြားယောင်းပြီးတော့ မျှတစွာ ယှဥ်ပြိုင်ဖို့ စည်းကမ်းကို ချိုးဖောက်တယ် ”

“ ဘယ်အထက်လူကြီးက သူဖြားယောင်းတာကိုခံလိုက်ရတာလဲ ပြောစမ်းပါဦး ”
ဟန်ကျိုးလီက မျက်ခုံးပင့်ပြီး မေးသည်။ 

ကျောဆန့်သွားတာကိုလည်း လုမန် မြင်၏။

သိုက်ယီးရန်ကို သူပါလို့ ပြောစေချင်တာတော့ မဟုတ်ဘူးမလား..

သိုက်ယီးရန်မျက်နှာလေးနီတွတ်သွားသည်။ ဟုတ်တာပေါ့ .. သူမ ဟန်ကျိုးလီလို့မပြောရဲသလို ဝူလီကျဲ ပါလို့လည်း မပြောရဲဘူး..

သံသယဖြစ်အောင် နှိုးဆော်ပေးလို့တော့ရသည်။  ပါးစပ်ကနေ ထုတ်ပြောဖို့ကျ လုံးဝ မကောင်း။

“ အဲ့ဒါ လုမန်ဘက်က ဖြစ်လိုတဲ့ ဆန္ဒတွေပါပဲ.. ဖြစ်မြောက်အောင်တော့ သူ မလုပ်နိုင်ခဲ့ဘူး ”

“ သက်သေရှိတယ်ဆိုရင် ယူလာခဲ့ပါ၊ ကုမ္ပဏီက ဒီလိုမျိုးလုပ်တဲ့သူတွေကို ခွင့်လွှတ်မပေးပါဘူး၊ သက်သေမရှိဘဲ ဒီတိုင်းထင်တာကိုပြောနေတာဆိုရင်တော့ ကုမ္ပဏီအနေနဲ့ ဒါကို သည်းခံပေးမှာမဟုတ်ဘူးနော် ”
ဟန်ကျိုးလီက သိုက်ယီးရန်ကို တည်ကြည်လေးနက်စွာဖြင့် စူးစိုက်ကြည့်သည်။

ကုမ္ပဏီကို စရောက်ကတည်းကဆိုလျှင် အခုက ဟန်ကျိုးလီနှင့်သူမ မျက်လုံးချင်းဆုံသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သိုက်ယီးရန်လိုချင်တာ ခုလိုအကြည့်မျိုးမဟုတ်ပေ။

“ မင်းမှာသက်သေရှိလား ”

“ ကျွန်မ.. ကျွန်မ.. ”
သိုက်ယီးရန် ကြောက်ရွံ့သဖြင့် စကားတွေပင်ထစ်သွားသည်။ လက်ဖဝါးတစ်ပြင်လုံး ချွေးတွေထွက်နေပြီဖြစ်ကာ ဟန်ကျိုးလီဆီက ဖိအားတွေကြောင့် နှလုံးခုန်သံတွေသည် သွေးရူးသွေးတန်း ထွက်ပေါ်နေခဲ့၏။

သူမမှာ မျက်မြင်သက်သေရှိသည်။ ထိုသည်မှာ ယဲ့ရွှမ်းရွှမ်းဖြစ်၏။

သို့သော် သိုက်ယီးရန် မမိုက်မဲပါချေ။ ယဲ့ရွှမ်းရွှမ်းသည် ဤနေရာတွင် ရှိမနေပေ။ ရှိနေလျှင်ပင် ဟန်ကျိုးလီရှေ့မှာ ပြောဆိုမည်ဆိုသည့်အခါ ဝန်ခံရန် သတ္တိရှိမည် မဟုတ်။

“ ကျွန်မ သက်သေရှာလာခဲ့ပါမယ် ”
နောက်ဆုံးတွင် သိုက်ယီးရန် ထိုစကားလေးပဲ ပြောလိုက်နိုင်သည်။

မန်နေဂျာဟောင် ခေါင်းခါလိုက်မိ၏။ PR ဌာနမှာ သိုက်ယီးရန်လိုလူမျိုး ရှိနေသည့်အတွက် ဝူလီကျဲတို့ ကံဆိုးလေပြီ။

နောင်တွင် PR ဌာန၌ အေးချမ်းသောနေ့ရက်ဟူ၍ မရှိတော့ပြီ ထင်သည်။

သိုက်ယီးရန် ဆက်မနေချင်တော့ပေ။ ဟန်ကျိုးလီတစ်ယောက်တည်းပဲ ဆိုလျှင်တော့ ဆက်ပြီး တွယ်ကပ်၍ နှောင့်ယှက်လို့ရနိုင်ကောင်းသည်။ လုမန်ကအချိန်ပိုအလုပ်လုပ်ဖို့ကျန်ခဲ့ရမှာဖြစ်၏။

သို့သော် မန်နေဂျာဟောင်လည်း ရှိနေသဖြင့် သိုက်ယီးရန် မျက်နှာရှစ်ခေါက်ချိုးဖြင့် ထွက်လာခဲ့ရသည်။

PR ဌာနကနေ ခြေလှမ်း အနည်းငယ်ခန့် လှမ်းလာပြီးချိန်တွင် မလှမ်းမကမ်းက သန့်စင်ခန်းအနီးတွင် ပုန်းနေသော ယဲ့ရွှမ်းရွှမ်းကို မြင်လိုက်ရလေ၏။ ယဲ့ရွှမ်းရွှမ်းသည် တံခါးကို လက်နှစ်ဖက်နဲ့ ကိုင်ထားရင်း ဒီဘက်ကို ခေါင်းပြူကြည့်နေသည်။

“ ယဲ့ရွှမ်းရွှမ်း! ”
သိုက်ယီးရန် ဒေါသထွက်သွားပြီး အံကြိတ်ထားလျက်နှင့် အော်ခေါ်လိုက်သည်။

ယဲ့ရွှမ်းရွှမ်းသည် အစောပိုင်းက ရုံးခန်းထဲတွင် ပြောခဲ့သည်များကို ကြားထားသောကြောင့် သိုက်ယီးရန် အော်ခေါ်တာကို ကြားလိုက်သည့်အခါ ဆွဲခေါ်သွားခံရမည်လားဟု ကြောက်လန့်သွားသည်။

ထိုအခါ မျက်စိမျက်နှာတွေ ချက်ချင်း ပျက်ပြီး ခေါင်းကို ချာခနဲလှည့်၍ ထွက်ပြေးတော့၏။ 

သိုက်ယီးရန်က နောက်ကနေ ပြေးလိုက်ကာ..
“ ဟေ့ မပြေးနဲ့ .. ငါနဲ့လိုက်ခဲ့ပြီး အစ်ကိုဟန့်ကိုအားလုံးရှင်းပြရမယ်! ”

ထိုသို့ပြောလိုက်မှ ယဲ့ရွှမ်းရွှမ်းက ပိုပြေးလေ၏။

နောက်ဆုံး သိုက်ယီးရန် မီအောင်မလိုက်နိုင်ဘဲ ယဲ့ရွှမ်းရွှမ်းကို မုန်းတီးကျန်ရစ်ခဲ့သည်။

***

ထိုစဥ် ဟန်ကျိုးလီက မန်နေဂျာဟောင်ကို ကြည့်လိုက်ကာ
“ ခင်ဗျားအနေနဲ့ လုပ်စရာ ဘာမှမရှိတော့ဘူး .. အခု အလုပ်ဆင်းလို့ရပြီ ”

“…”
မန်နေဂျာဟောင်က ဉာဏ်အလွန်ကောင်းသည်။ လုမန်မျက်နှာလေးကို မသိမသာကြည့်ရင်း
“ ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်အခုပဲသွားပါတော့မယ် ”

မန်နေဂျာဟောင် ထွက်သွားသည်နှင့် ရုံးခန်းက တိတ်ဆိတ်သွားသည်။

ဖွင့်လျက်ရှိသော ရုံးခန်းသည် ကျယ်ဝန်းပြီး နေရာလပ်များစွာရှိနေသော်လည်း လက်ရှိတွင် လုမန်နှင့် ဟန်ကျိုးလီသာ အထဲမှာ ရှိနေကြကာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့၏။


အခန်း [ ၁၄၂ ]

ဟန်ကျိုးလီက ပြုံးစနဲ့နဲ့နှင့် ငုံ့ကြည့်လာသည်။

သိုက်ယီးရန်ကို သူမပြောလိုက်တာတွေ သူ ဘယ်လောက်တောင် ကြားသွားသလဲ ..

ပြုံးစိစိအနေအထားနှင့် မျက်နှာအရတော့ တော်တော်လေးကြားသွားသည် ထင်ပါသည်။

“ သဘောကျတယ် ကြိုက်တယ် ဟုတ်လား ”
ဟန်ကျိုးလီ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကာ မျက်ဝန်းနက်တွေဆီမှ အပြုံးတွေ ဖြာထွက်နေသည်အထိ တော်တော်ကျေနပ်နေသည်မှာ သိသာ၏။

လုမန် နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်သွားသည်။ အဲ့ဒါက သိုက်ယီးရန်ဒေါသထွက်အောင် တမင်ပြောလိုက်တာ..

သူကြားသွားမယ်လို့ဘယ်ထင်ထားမလဲ..

“ မင်း ဒီလောက် သဘောကျနေမှန်း မသိခဲ့ဘူး၊ ဘာဖြစ်လို့ မပြောတာလဲ၊ မဆိုင်တဲ့လူကိုပြောပြီး ဆိုင်တဲ့ကိုယ့်ကိုမပြောတာ မကောင်းဘူးကွ ”
ဟန်ကျိုးလီက လုမန်ထိပ်လေးပေါ်ကို လက်ကလေးတင်ပြီး ယုယစွာ ပွတ်သပ်ပေးသည်။

“…”
လုမန် လည်နင်သွားသည်။ ဘာဖြစ်လို့ ပြောခဲ့ရတယ်ဆိုတာကို ရှင်းပြပြီး ငြင်းလည်း ငြင်းချင်သည်။ ဒါပေမယ့် အခု သူမမှာ သူ့အတွက် ခံစားချက်တွေရှိနေပြီဖြစ်ကာ သူမနှလုံးသားသည် တကယ် လှုပ်ရှားသွားခဲ့ပြီ ဖြစ်၏။

ဒါပေမယ့် မရှင်းပြရင်လည်း တစ်ခုခု လွဲတော့မယ်ပုံ..

ရှင်းပြဖို့ ပါးစပ်လေးပြင်လိုက်လျှင် ထိပ်ပေါ်မှလက်က ခေါင်းနောက်ဘက်ကို ရောက်သွားပြီး နောက်ဘက်ကနေ ဆုပ်ကာ သူမခေါင်းလေးကို သူ့အနားသို့ ဆွဲယူသည်။ ရုတ်တရက် လုမန်နှုတ်ခမ်းတွေကို သူ နမ်းသွား၏။

လုမန် ကြက်သေသေလျက်နှင့် ဟန်ကျိုးလီရင်ခွင်ထဲတွင် ရပ်နေရင်း ရုတ်တရက်တိုက်ခိုက်လာခြင်းကို ဘယ်လိုတုံ့ပြန်ရမည် မသိ။ 

ထိုစဥ် သူမကို ဟန်ကျိုးလီက ဆွဲပွေ့လိုက်သည့်အခါ သူမတစ်ကိုယ်လုံး သူ့လက်ပေါ်မှာ ထိုင်နေသလိုမျိုး ဖြစ်သွားသည်။

စက္ကန့်အနည်းငယ်အကြာတွင် ရုံးစားပွဲပေါ်မှာ သူ ချပေးလေ၏။

တစ်ဖန် နှုတ်ခမ်းတွေကို အုပ်မိုးသွားပြန်ကာ သူမရဲ့သွား၊ လျှာ၊ နှုတ်ခမ်းတို့မှာ သူမပိုင်ဆိုင်သည်များမဟုတ်တော့သလို ဟန်ကျိုးလီ၏ ထိန်းချုပ်မှုအောက်တွင် ပြုသမျှနုနေခဲ့ရ၏။

ထိုအချိန်အတွင်း ဟန်ကျိုးလီ အသက်ရှူသံတွေ ပြင်းထန်နေခဲ့သည်။

တစ်ချိန်တည်းမှာ သူ၏ ရှည်လျားပြီး တောင့်တင်းသန်မာသော လက်နှစ်ဖက်ကို စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် ဖိထောက်၍ သူမကို ညှပ်ပိတ်ထားသေးသည်။

ထိုအတိုင်း အချိန်အတော်ကြာသည့်အခါ လုမန် ထိုင်ဖို့ပင် အားမရှိတော့သလို ခံစားလာရ၏။ စားပွဲပေါ်မှာ လှဲချပစ်ဖို့အထိ ဖြစ်လာသောအခါ ဟန်ကျိုးလီက သူမကျောကနေ ထိန်းကိုင်ပြီး ရင်ခွင်ထဲဆွဲယူသည်။

ထိုအခါ သူမခြေထောက်တွေက သူ့ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်စီမှာ နေရာယူသွားကာ ထိုအနေအထားကြောင့် လုမန် ရှက်ပြီး ဘာလုပ်လို့လုပ်ရမယ်မှန်းမသိအောင် ဖြစ်သွား၏။

စစတွေ့ကြတုန်းကတော့ သူမကပဲ အဝတ်တွေချွတ်ပြီး သူ့ကို ဖက်နမ်းခဲ့တာဖြစ်သည်။

ထိုအပြုအမူတွေအားလုံးသည် အခြေအနေအရ လိုအပ်သလို လုပ်ယူထားရတာဖြစ်၏။

သို့သော် နှစ်ဘဝစလုံးမှာ သူမ အပျိုစစ်စစ်ဆိုတာက အမှန်တရားပဲဖြစ်ကာ ယောက်ျားမထားဖူးသလို ဒီလိုအနေအထားမျိုးဖြစ်အောင်လည်း မကြိုးစားခဲ့ဖူးပေ။

ထို့ကြောင့် အခု တကယ်ကြုံတွေ့လိုက်ရတဲ့အခါ တော်တော်ရှက်နေမိသည်။

ဟန်ကျိုးလီက အတန်ကြာ နမ်းရှိုက်ပြီးတာနှင့် အားသုံးထားတာကိုလျှော့ပြီး သူ့နှုတ်ခမ်းတွေနဲ့ သူမနှုတ်ခမ်းတွေကို ပွတ်တိုက်ကာ ပြုံးလျက်
“ မင်းကြိုက်တယ်ဆိုတာကို ကိုယ်လက်ခံတယ်၊ လူမသိသူမသိ တိတ်တိတ်ပုန်း ကြိုက်စရာ မလိုတော့ဘူးနော် ”

လုမန် : “…”

ကြိုက်တယ်လို့ ပြောခဲ့တာက သူ .. ခုကျတော့ ပြောသွားလိုက်တာ သူမကပဲ သူ့ကို တိတ်တိတ်ပုန်း ကြိုက်နေခဲ့ရတဲ့အတိုင်း ..

ဒီလူ တော်တော် အရှက်မရှိတာပဲ..

ဟန်ကျိုးလီ ဖုံးဖိလို့မရအောင် ပျော်ရွှင်နေသည်။  နောက်ဆုံးတော့ ဒီမြေခွေးလေး သူ့ညွှတ်ကွင်းမှာ မိသွားခဲ့ပြီ..

“ အခု မင်းရဲ့နှလုံးသားက အဖြေ ပေးပြီးနေပြီ၊ စနေနေ့ထိတောင် စောင့်စရာ မလိုဘူး ”
ဟန်ကျိုးလီက လုမန်ကို ထပ်ဖက်ပြန်သည်။ 

လုမန်မှာတော့ သူ့ကြောင့် အသားတွေကြေသလိုခံစားနေရပြီ ဖြစ်၏။ ဒီလောက်ထိဖက်ထားစရာလိုသလား..

မျက်နှာနီနီနှင့်ပဲ ခပ်ဖြည်းဖြည်း တွန်းလိုက်ရကာ ဟန်ကျိုးလီက ထိုအခါမှ အတင်းဖက်ထားတာကို နည်းနည်းလျှော့ပေးသည်။

ခေါင်းငုံ့ကြည့်ပြီး လုမန်မျက်နှာလေး သွေးထွက်သလို နီတွတ်နေတာကို မြင်တော့ သူ ပြုံး၏။

ထို့နောက် ကိုယ်ကို ရှေ့သို့ညွတ်ပြီး ခေါင်းငုံ့၍ သူမမျက်နှာအနှံ့ကို နမ်းသည်။ မျက်ခုံးကနေ နှာသီးဖျား၊ မျက်ခွံကနေ ပါးပြင်၊ နားရွက်အောက်ပိုင်းကနေ နားရွက်ထိပ်ဖျားလေးတွေအထိ မလွတ်တမ်း လိုက်နမ်း၏။

လုမန် အသက်ရှူလိုက်လျှင် သူ့ကိုယ်သင်းနံ့တွေပဲရနေကာ သူမခန္ဓာကိုယ်တွင် သူ့ကိုယ်သင်းနံ့တွေစွန်းထင်းသွားသလို ထုံလွှမ်းနေတော့၏။

အတန်ကြာတော့ လုမန် သက်ပြင်းချလိုက်သည်။ စိတ်ထဲမှာ အများကြီး ပေါ့ပါးသွား၏။

စောစောကထိ သူမ ငြင်းဆန်နေခဲ့တာဖြစ်သည်။ ဟန်ကျိုးလီကြောင့် ရင်ခုန်သွားတာမှန်ပေမယ့် သံယောဇဥ်အထုံးအဖွဲ့တစ်ခုမှာ ထပ်ပါရဖို့ကိုတော့ ကြောက်နေခဲ့မိ၏။ 

သို့သော် ဟန်ကျိုးလီရဲ့ကြိုးစားမှုတွေက ခုခံဖို့ ခက်သည်။ တကယ်ဆို သူဟာ နှစ်လိုဖွယ်ရုပ်ရည် အရည်အချင်းတို့နှင့် အပြောကလည်း ကောင်းသေး၏။ ဘယ်သူဖြစ်ဖြစ် သူ့လက်ထဲမှာ ကျရှုံးဖို့က များသည်။


အခန်း [ ၁၄၃ ]

သိုက်ယီးရန်ကို ရန်စချင်၍ ပြောခဲ့သည့်စကားတွေသည် သူမရင်ထဲမှာ တကယ် ခံစားနေရတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

ဒါတွေကို ဟန်ကျိုးလီ ကြားသွားခဲ့ခြင်းဟာလဲ ကံတရား၏ စီရင်မှုပဲ ဖြစ်မည်။

ကံကြမ္မာက သူမကို ရွေးချယ်နိုင်အောင် ကူညီပေးသွားသည့်နှယ်။

သည်လိုဆိုမှတော့ ကံကြမ္မာက လမ်းညွှန်ပြသပေးသည့် ဤလမ်းကိုပဲ သူမ လျှောက်လှမ်းလိုက်တော့မည်။

အတင်းအဓမ္မ လုပ်ယူထားသော ရွေးချယ်မှုတစ်ခုဖြစ်နေလျှင်ပင် သူမနှလုံးသားသည် ထိုအရာကိုမှ ပို၍လိုလားပုံရနေ၏။ ထို့ပြင် အများကြီးလည်း စိတ်အေးလက်အေးရှိသွားကာ သက်ပြင်းပင် ချနိုင်ပြီ ဖြစ်သည်။

ဟန်ကျိုးလီ နမ်းရှုပ်နေတာကိုလဲ ရှောင်ဖယ်ခြင်း မပြုမိတော့။

ပါးစပ်နှင့် မျက်နှာတွေ ထုံထိုင်းလာသည့်အခါမှ လုမန် သူ့ကို တွန်းပစ်လိုက်ကာ
“ ကျွန်မမှာ လုပ်စရာတွေရှိသေးတယ် ”

လုမန် ခပ်ခွာခွာ နေဖို့ မကြိုးစားတော့သဖြင့် ဟန်ကျိုးလီ မျက်ခုံးတွေပင့်ကာ ကျေနပ်သွားသည်။

လုမန်ကိုယ်လေးကို အောက်သို့ ချပေးလိုက်ကာ စားပွဲပေါ်က စာရွက်စာတမ်းဖိုင်တွဲတွေကို တစ်ချက် ကြည့်လိုက်ပြီး.. ။ 
“ ဘာဖြစ်လို့ ဒီလောက် များရတာလဲ၊ စောစောတည်းက ဖုန်းထဲမှာ မေးချင်နေတာ သူများတွေအားလုံးပြန်သွားပြီးတော့ မင်းတစ်ယောက်ပဲ ဘာဖြစ်လို့ ကျန်ခဲ့တာလဲ ”

“ ကျွန်မက ခုမှ စရောက်တဲ့သူဆိုတော့ သိအောင် လုပ်ရမယ့် အလုပ်တွေ အများကြီးရှိတယ်လေ ”

ယဲ့ရှောင်ရှင်း သူမကို တမင်ခက်ခဲပင်ပန်းအောင်လုပ်ပြီး သိုက်ယီးရန်ကို ဖားဖို့ ကြိုးစားနေတာကို သိသည်။

ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း တားဆီးမည် မရှိဘဲ ပွဲထိုင်ကြည့်ကြ၏။

အဘယ်ကြောင့်ဆိုသော် တစ်အချက် သူတို့ စပ်စုစိန်တွေ မဖြစ်ချင်ကြလို့၊ နှစ်အချက်က သူမကို မကြိုက်လို့ အနိုင်ကျင့်ခံနေရတာကို ကြည့်ပြီး ကျေနပ်အားရနေကြတာဖြစ်မည်။

“ မင်းမှာတော့ သိအောင် လုပ်ရမယ့် အလုပ်တွေအများကြီးရှိပြီး သိုက်ယီးရန်ကျတော့ မရှိဘူးပေါ့လေ ”
ဟန်ကျိုးလီ မေးလာသည်က ကြည်သာခြင်းတစ်စက်မှမရှိ။

သို့သော် လုမန် ဂရုမစိုက်ပါ။
“ သိပါတယ် ကျွန်မခက်ခဲအောင် သူတို့တမင်လုပ်နေတာလို့ ရှင် ထင်နေတာမလား၊ ဒါပေမယ့် ကျွန်မကတော့ အဲ့ဒီလိုမထင်ဘူး၊ ဌာနတစ်ခုမှာ ဝန်ထမ်းအသစ်တွေကို အလုပ်နဲ့ ရင်းနှီးအောင် သိအောင် ထိတွေ့ခိုင်းတယ်ဆိုတာ စိမ်းတဲ့အရာမဟုတ်သလို အလကားလည်း မဟုတ်ဘူး၊ ဒါတွေကို တစ်ရက်လောက် စိစစ်ခွဲထုတ်ပြီးသွားတဲ့အခါ ဒီအလုပ်ကို ကျွန်မတော်တော်နားလည်ပြီလို့ ပြောလို့ရပြီ၊ နောက်ပြီး အရင်က PR ဌာနက ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ကေ့စ်တွေမှာလည်း ကောင်းတာတချို့ရှိနေတယ်၊ ဒါကြောင့် အဲ့ဒါတွေကို မှတ်သားပြီး စိတ်ကူးကောင်းလေးတွေလည်း ရလာတယ်၊ ဒီဖိုင်တွဲတွေကို မကြည့်မှသာ ဆုံးရှုံးနစ်နာရမှာပါ ”

လုမန်ပြောတာကို နားထောင်ရင်း ဟန်ကျိုးလီ ဂုဏ်ယူပြီးဂုဏ်ယူလာရကာ သူ့မိန်းကလေးဟာ ဒီလောက်ထူးချွန်သောသူဖြစ်၏။

သူမ ငယ်ရွယ်သေးသည်။ ကုမ္ပဏီတစ်ခုလုံးမှာ အငယ်ဆုံးဖြစ်သော်လည်း အတိုးတက်ချင်ဆုံး အရင့်ကျက်ဆုံးလေး ဖြစ်သည်။

ဘယ်လိုအခက်အခဲ အတားအဆီးများနှင့်ကြုံလာပါစေ ထိုအရာများထဲမှ မျှော်လင့်ချက်ကို ရအောင် ရှာဖွေပြီး ကိုယ့်အတွက် အကျိုးရှိအောင် ပြောင်းလဲယူတတ်လေသူ..။

သူ့မျက်ဝန်းများထဲတွင် နှစ်သက်ဂုဏ်ယူခြင်း များစွာ ရှိနေသဖြင့် လုမန် နည်းနည်းတောင် ရှက်လာသည်။

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သိပ်ထူးချွန်ပြောင်မြောက်ပါသည်ဟု လုံးဝ မထင်ဖူးပေ။

အတိတ်ဘဝမှာ သူမကို ဤကဲ့သို့သော နှစ်သက်သဘောကျမှုများနှင့် ကြည့်ရှုသူ တစ်ယောက်မျှ မရှိခဲ့သလို သည်ဘဝမှာတောင် ဟန်ကျိုးလီက ပထမဆုံးလူ ဖြစ်သည်။

ဟန်ကျိုးလီအကြည့်က သူမကို အင်မတန် ထူးချွန်ထက်မြက်သောလူအဖြစ် သူ မြင်နေသည်ဟု ခံစားရစေသည်။

ထို့ကြောင့် လုမန် ထင်သည်က ဟန်ကျိုးလီ သူ့ရဲ့ပုဂ္ဂလိကခံစားချက်တွေကြောင့် ပြုစားခံနေရပြီ။

နောက်ကျတော့ ဟန်ကျိုးလီက ဖုန်းထုတ်ကာ စားစရာပါဆယ်လှမ်းမှာပြီး ကျန့်ထျန်းမင်ဆီကို ဆက်လိုက်၏။
“ ကျုပ်ရုံးခန်းထဲကိုသွားပြီး လက်တော့ပ်ကို PR ဌာနကို ယူလာခဲ့ပါ ”

ဖုန်းချပြီးတာနှင့် သူ့ကို လုမန်က အကြောင်သား ကြည့်နေသည်မို့ ..

“ ကိုယ့်ကောင်မလေးမှာ အလုပ်တွေပုံနေတော့လေ ကိုယ်ကူညီပေးပါရစေ ”
ဟန်ကျိုးလီက ညင်သာစွာ ပြုံးလျက် ရှင်းပြ၏။

သည်အလုပ်တွေပြီးအောင် သူမကို ကူညီပေးဖို့ ဟန်ကျိုးလီ အချိန်ပိုဆင်းကျန်ခဲ့သည်ဆိုတာကို လူတွေ သိသွားကြလျှင် နောက်ကို သူမကို အလုပ်တွေ အများကြီး မပေးရဲတော့လောက်အောင် လန့်ဖျပ်သွားကြလောက်သည်။

မရှေးမနှောင်းတွင် ကျန့်ထျန်းမင်သည် ဟန်ကျိုးလီ၏ လက်တော့ပ်ကို ယူလာခဲ့၏။

အကြည့်တို့သည် ဟန်ကျိုးလီနှင့် လုမန် အကြား ကူးလူးလျက်
“ သူဌေး ”

လက်တော့ပ်ကို သူပေးလိုက်ပြီးသည့်နောက်တွင် ဟန်ကျိုးလီက ခုံတစ်လုံးဆွဲပြီး လုမန်ဘေးမှာ ဝင်ထိုင်သည်။

တော်သေးသည်က ရုံးစားပွဲသည် အကျယ်ကြီးမို့ သူတို့နှစ်ယောက် အတူထိုင်ပြီး သုံးလို့ရလောက်နေ၏။

ကျန့်ထျန်းမင်အကြည့်တို့ လုမန်စားပွဲပေါ်က စာရွက်စာတမ်းဖိုင်တွဲတွေဆီရောက်သွားပြီး
“ ဒါတွေက... ”

ဒါပေမဲ့ လုမန်ရှင်းပြသည်အထိ စောင့်စရာ မလို။ ကျန့်ထျန်းမင် သူ့ဟာသူ သိလိုက်သည်။
“ ကျွန်တော် မနက်ဖြန် ဝူလီကျဲနဲ့ စကားပြောလိုက်ပါမယ် ”


အခန်း [ ၁၄၄ ]

“ မလိုပါဘူး ”
လုမန် ငြင်းဆိုလိုက်သည်။
“ ဒီကိစ္စကို ကျွန်မဘာသာ ရှင်းနိုင်ပါတယ် ”

ကျန့်ထျန်းမင် ဟန်ကျိုးလီဘက်ကို ကြည့်လိုက်သည်။ ဟန်ကျိုးလီ၏ သဘောကို ဆုံးဖြတ်ကိန်းအဖြစ် သုံးတာပိုကောင်းလေ၏။

“ လုမန်ပြောတာကိုနားထောင်လိုက်ပါ ”

သူ့ကောင်မလေးက ကိုယ်တိုင်ဖြေရှင်းချင်သည်ဆိုမှတော့ ကိုယ်တိုင်ပဲ ဖြေရှင်းခိုင်းလိုက်မည်။ သူလုပ်ဖို့လိုအပ်သည်က ဘေးကနေ ကြည့်ဖို့ .. 

ထိုအခါမှ ကျန့်ထျန်းမင်က လက်လျှော့လိုက်ကာ ဟန်ကျိုးလီနှင့် လုမန်တို့၏ နှစ်ကိုယ်တူအချိန်တွေကို မနှောင့်ယှက်မိစေရန် အမြန် ထွက်လာခဲ့လိုက်သည်။

***

ဟန်ကျိုးလီ၏ အကူအညီဖြင့် လုမန် အလုပ်လုပ်သည့် နှုန်းသည် အလင်း၏ အလျင်ကဲ့သို့ မြန်ဆန်သွားသည်။

အလုပ်တွေအားလုံးပြီးသွားသည့်အခါ ဟန်ကျိုးလီက လုမန်ကို ဆေးရုံသို့ ကားမောင်းပို့ပေး၏။

ဆေးရုံကားပါကင်မှာ ကားထိုးပြီးတော့ အချိန်ကို ကြည့်လိုက်သည့်အခါ ၉ နာရီ ၄၀ ဖြစ်နေပြီ။

သည်အချိန်ဆို ရှချင်းဝေ အိပ်နေဖို့က များ၏။ သူများတွေ ရုံးဆင်းချိန်တုန်းကတော့ ရှချင်းဝေဆီကို ဖုန်းဆက်ပြီး အချိန်ပိုဆင်းကာ အလုပ်လုပ်ရမယ့်အကြောင်းကို ပြောထားသည်။ ပြီးတော့ စိတ်မပူဖို့နှင့် စောင့်မနေဖို့ကိုလည်း မှာခဲ့သည်။

“ ဒါဆို ကျွန်မ သွားတော့မယ်နော် ”
ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပေမယ့် လုမန် မိန်းမောတွေဝေနေဆဲ ဖြစ်၏။

ဒီလိုနဲ့ပဲ ဟန်ကျိုးလီနဲ့သူမ တွေ့ပြီး ရုတ်တရက် သူ့ကောင်မလေး ဖြစ်သွားခဲ့တယ်ပေါ့..

အားလုံးက အိပ်မက်မက်နေတဲ့အတိုင်းပဲ..

လုမန် တွေးလိုက်မိသည်။
နောက်မှ သန့်စင်ခန်းထဲကို သွားပြီး ကိုယ့်ပါးကိုယ် နှစ်ချက်လောက်ချကြည့်ရမယ် ဒါ အိပ်မက်လား ဆိုပြီး ..

သူမရဲ့အရင်ဘဝမှာ ဟန်ကျိုးလီဟာ နတ်ဘုရားတစ်ပါးနှယ်ဖြစ်၏။ သူမနှင့် မတူကွဲပြားသော လောကတွင် ရှိနေသည့်ပမာ သူ့အကြောင်းသတင်းတွေကို အင်တာနက်သုံးပြီးတော့ပဲ ရှာဖွေနိုင်တာဖြစ်သည်။

သစ်လွင်သော အဝတ်အစားတွေနှင့် မီးပြောက်တွေအောက်မှာရပ်ပြီး တစ်ကမ္ဘာလုံးရဲ့လေးစားမှုတွေကို သူ ခံယူနေချိန်မှာ သူမက ထောင်ထဲတွင် နေ့တိုင်း ဖျော်ဖြေရေးချိန်ဟု သတ်မှတ်ပေးထားသော အချိန်တိုလေးအတွင်းမှာပဲ သူ့ကို မြင်တွေ့နိုင်ပေသည်။

ဒါပေမဲ့ အခုတော့ ဒီလူနှင့်သူမ အတူရှိနေခဲ့ပြီ..

ပြန်လည်ရှင်သန်လာပြီးနောက်ပိုင်း သူမဘဝဟာ အိပ်မက်တစ်ခု၏ အစိတ်အပိုင်းနှယ်ဖြစ်သည်။ သူမ မနိုးထချင်သော မနိုးထရဲသော အိပ်မက်..

တွေဝေငေးငိုင်ဆဲနှင့် ကားတံခါးကိုဖွင့်ပြီး အပြင်ထွက်ဖို့ ပြင်တော့ အနောက်ကို ရုတ်ခြည်း ပြန်ဆွဲခံလိုက်ရကာ..

“ ဘာတွေတွေးနေတာလဲ ဒီလို စိတ်တွေကိုယ်မှာမကပ်တော့အောင် ”
ဟန်ကျိုးလီက လုမန်မှိုင်တွေတွေလေးဖြစ်နေတာကို မမြင်ဖူးသလို ခေါင်းငုံ့ကြည့်သည်။

အရင်ကမြေခွေးလေးက ခုတော့ ယုန်ပေါက်လေးနှင့် ပိုတူနေသည်။

လုမန် ခေါင်းငုံ့ကာ သူမလက်ကို ဆွဲထားသည့် သူ့လက်ကို ကြည့်လိုက်မိ၏။

ပြီးတော့ သူ့လက်ခုံကို နှစ်ခါလောက် တို့ကြည့်လိုက်ကာ
“ အိပ်မက်များလားလို့ တွေးနေတာပါ ”

ကားထဲမှာ မီးမဖွင့်ထားပေ။ လမ်းမီးတိုင်ကနေ လာသည့် အလင်းရောင်မှိန်ဖျော့ဖျော့လေးနှင့် အနက်ရောင်ကားပြတင်းမှန်ကနေ တောက်ပနေသော လမင်းဆီမှ လရောင်လေးပဲရှိသည်။

ခပ်ငိုက်ငိုက်ကျနေသော သူမမျက်နှာလေးက လှပထင်ရှားနေကာ ဟန်ကျိုးလီ ကြည့်ပြီး အသည်းယားသွား၏။

ရုတ်တရက် သူ့ထိုင်ခုံခါးပတ်ကို ညှိလိုက်မိကာ လုမန်ကို လက်တံရှည်တွေနှင့် ဆွဲယူ၍ သူ့ပေါင်ပေါ်မှာ ထိုင်စေလိုက်သည်။

ထိုအခိုက် သူ့လက်တို့သည် ချိန်းကြိုးများသဖွယ် လုမန်ကို တင်းကျပ်စွာ ရစ်နှောင်ရင်း သူ၏ ရင်ခွင်နိဗ္ဗာန်မှာ ပွေ့ဖက်ထိန်းသိမ်းထားတော့လေသည်။

ညက မှောင်နေသလို ကားထဲမှာလည်း အလင်းရောင်မရှိ။ ဟန်ကျိုးလီရဲ့ကိုယ်သင်းနံ့က သူမကို လွှမ်းခြုံနေကာ အဝတ်အစားတွေပေါ်မှာ ခန္ဓာကိုယ်ပေါ်မှာ နေရာတကာမှာဖြစ်၏။

လုမန် မျက်နှာလေး နည်းနည်း မော့လိုက်တော့ ပန်းပုထုထားသလို ပိရိသေသပ်သော မေးရိုးကို မြင်ရသည်။

ထိုကနေ ရုတ်တရက်ကြီး စိတ်ဂနာမငြိမ်ဖြစ်ကာ လုမန် သူ့ကို နမ်းချင်လာ၏။

အရင်က ဟဲကျိန့်ပိုင်နှင့် တွဲနေတုန်းက ဒီလိုခံစားချက်မျိုး မဖြစ်ဖူးသလို ပွတ်သီးပွတ်သပ်နေချင်တာမျိုးလည်း မဖြစ်။

ဟန်ကျိုးလီနှင့်ကျမှ သူမလည်း ဘာကိုမှမမှုဘဲ နှာဘူးလုံးလုံး ဖြစ်ပြီ ထင်ပါသည်။

ကိုယ့်ဘာသာ တွေးနေတုန်း အရိပ်တစ်ရိပ် ခေါင်းပေါ်ကနေ ကျရောက်လာ၏။

နောက်တော့ နှုတ်ခမ်းတွေ အနမ်းခံလိုက်ရကာ..

“ အဲ့ဒီလိုမျိုးမကြည့်နဲ့ .. ကိုယ် မင်းကို တကယ် နှောင့်ယှက်မိလိမ့်မယ် ”
သူမနှုတ်ခမ်းတွေကို ဖွဖွငုံခဲထားရင်း ဟန်ကျိုးလီ ထိုသို့ ပြောခဲ့၏။

ခုနက သူ့ကို မော့ကြည့်သည့် သူမမျက်ဝန်းတွေ တောက်ပပြီး တည်ငြိမ်မှုပျောက်ဆုံးနေခဲ့ခြင်းက သူ့ဆီမှာ သူမကို နှောင့်ယှက်ချင်စိတ်တွေ ဖြစ်ပေါ်လာစေ၏။

ထင်သည့်အတိုင်း ဟန်ကျိုးလီ မခံစားနိုင်သဖြင့် သူမနှုတ်ခမ်းအိမ်လေးကို အရင်နှောင့်ယှက်ဖို့ ဆုံးဖြတ်ခဲ့သည်။

လုမန်နှုတ်ခမ်းတွေကို သူ ဝါးမျိုနေသည်လား မှတ်ရ၏။ ပူပူစပ်စပ်နှင့် ကြောက်ဖို့ကောင်း၏။ 

ရုတ်တရက် ဟန်ကျိုးလီက ကိုက်ပစ်သည်မို့ နှုတ်ခမ်းတွေ နာကျင်သွားသည်။


အခန်း [ ၁၄၅ ]

လုမန် တအံ့တသြ ကြည့်လိုက်မိ၏။ နမ်းတာက နမ်းပါ ဘာကိစ္စ ကိုက်ရတာလဲ!! 

သူက သူမနှုတ်ခမ်းတွေကို တစ်တိတိကိုက်ရင်း တိုးသဲ့စွာ ရယ်သည်။

အသံသည် သတ္တုနှင့် ကျောက်စိမ်းတို့ အချင်းချင်း ထိခတ်မိသည့်ပမာ ထွက်ပေါ်ခဲ့၏။ ဝင်သက်ထွက်သက်နှာလေက သူမနှုတ််ခမ်းတွေကနေ ခံတွင်းထဲသို့ တိုးဝင်လုနီး ညင်သာစွာ ဖြတ်တိုက်လျက်ရှိသည်။

“ နာလား ”
ဟန်ကျိုးလီမျက်ဝန်းတွေက လခြမ်းကွေးပမာ။

“ သိချင် ရှင် ခံစားကြည့်ပါလား ”
လုမန် သူ့ကိုလည်း ကိုက်ပစ်လိုက်၏။

သို့ပေမယ့် ဟန်ကျိုးလီကတော့ နာကျင်မှုကို နည်းနည်းမျှ မခံစားရပေ။ သူ နာသွားမှာစိုးလို့ လုမန်က ဖွဖွလေးကိုက်တာဖြစ်၏။

“ နာတယ်ဆိုရင် အဲ့ဒါ အိပ်မက်မဟုတ်ဘူး ”
ဟန်ကျိုးလီ သူပဲ အလျှော့ပေးလိုက်ကာ သူမနှုတ်ခမ်းတွေကို မြတ်မြတ်နိုးနိုး နမ်းလိုက်သည်။

သူ ထွေးပွေ့ထားခြင်းသည် တင်းကျပ်သော်ငြား လွန်စွာ ပူသည်။

သူ၏ ရင်ဘတ်နှင့် တံတောင်တွေသည် ကျောက်သားကဲ့သို့ မာကျော၏။

နမ်းသည့်အခါ ပြင်းထန်ပြီး အထိအတွေ့ကအစ လွန်စွာ လက်တွေ့ကျသလိုခံစားရ၏။ 

နှုတ်ခမ်းတွေကို ကိုက်တော့လည်း နာသွားတာက တကယ်ပဲ ဖြစ်သည်။

ဒါ အိပ်မက်မဟုတ်တာကို လုမန် သိပါသည်။ သို့သော် တစ်မျိုးကြီး ခံစားမိနေတုန်း ဖြစ်ကာ..

အရင်ဘဝက ကံဆိုးခဲ့လွန်းတော့ ကံနည်းနည်းတက်လာတဲ့အခါ လန့်နေမိတာထင်သည်။

လုမန် နှုတ်ခမ်းတွေ လျှာတွေ ပူထူထုံထိုင်းလာသည့်အခါမှ သူက လွှတ်ပေးလေသည်။

ပြီးတော့ ကားကို ဆေးရုံအဆောက်အဦရှေ့သို့ မောင်းသွားလိုက်ကာ သူ့အခြေအနေသူ ခေါင်းငုံ့ကြည့်ပြီး သက်ပြင်းချ၏။
“ ဒီအခြေအနေကြီးနဲ့ အန်တီ့ကိုတွေ့ဖို့ မတော်ဘူးထင်တယ်.. ”

လုမန် သူ့ကို လှည့်ကြည့်လိုက်သည်။

ဟင်..

သူ့ဘောင်းဘီတစ်နေရာမှာ တော်တော်ကို ဖုဖုဖောင်းဖောင်း စူထွက်နေသည်။ လုမန် မျက်လုံးတွေပြာကာ ချက်ချင်းအကြည့်လွှဲပစ်လိုက်မိ၏။ 

ကားထဲမှ အပူချိန်သည် ရုတ်တရက်ကြီး သိသိသာသာ မြင့်တက်လာခဲ့သလို..။

လုမန် မျက်နှာတွေပူနေပြီဖြစ်ကာ ကားတံခါးကို ထွက်ပြေးတော့မတတ် ဖွင့်လိုက်ရင်း.. 
“ အာ့ဆို ကျွန်မ အရင်သွားနှင့်ပြီ ဘိုင့်ဘိုင် ”

ကားပေါ်က ဆင်းပြီးသည်တွင်တောင် အနက်ရောင် ကားပြတင်းပေါက်ကနေ ကပ်ပါလာမည့်ဟန်ကျိုးလီအကြည့်တွေကို ခံစားမိသည်။

လုမန် နှလုံးခုန်သံတွေ ကဆုန်ပေါက်သလိုဖြစ်ပြီး ဆေးရုံထဲသို့ ပြေးဝင်လိုက်ချိန်မှာ ခြေလှမ်းတွေတောင် မှား၏။

ထိုအချိန်မှာ ဟန်ကျိုးလီက လုမန်ရဲ့ပုံရိပ်လေး သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ ချစ်စနိုး ပြုံးလိုက်သည်။

ထို့နောက် ခေါင်းငုံ့ပြီး သူ့ဟာသူကြည့်မိပြန်တော့ သက်ပြင်းတွေ ချမိလေသည်။ 

သူ ဘာဖြစ်လို့ လုမန်နဲ့ဆိုရင် မခံစားနိုင်တာလဲ..

***

လူနာခန်းကို လုမန် ပြန်ရောက်တော့ ရှချင်းဝေက ခုတင်ပေါ်မှာ လှဲနေပြီ ဖြစ်သည်။

တံခါးဖွင့်သံကိုကြားတာနှင့် လှည့်ကြည့်လာ၏။
“ မန်မန် ပြန်လာပြီလား ”

“ မေမေ မအိပ်သေးဘူးလား ”
လုမန်က အနားလျှောက်သွားလိုက်ကာ..
“ သမီးက မစောင့်ဖို့ ပြောထားတယ် မှတ်တာ ”

ရှချင်းဝေ ခပ်ဖြည်းဖြည်း ထထိုင်လိုက်သည်။
“ တစ်နေ့လုံး ဘာမှမလုပ်ရဘဲ လှဲပဲလှဲနေရတော့ ခုထိ အိပ်ချင်စိတ်မဖြစ်ဘူး၊ သမီးကလည်း မပြန်သေးတာနဲ့ သမီးအကြောင်း တွေးနေတာ ”

ခုချိန် လူနာခန်းထဲမှာ သူမတို့တွေပဲရှိတာကြောင့် လုမန် ဒီမှာပဲ အဝတ်လဲလိုက်သည်။

“ ခုမှ ဒုတိယမြောက်နေ့ပဲရှိသေးတယ် ဘာဖြစ်လို့ အလုပ်တွေသိပ်များတာလဲ၊ လုပ်ဖော်ကိုင်ဖက်တွေက အနိုင်ကျင့်နေတာလား ”

“ ဟင့်အင်း .. မစိုးရိမ်ပါနဲ့ သမီးက ဒီနယ်ပယ်မှာ မကျွမ်းကျင်လို့ပါ၊ PR ဌာနမှာ အလုပ်ရတာပဲ ကျေးဇူးတင်စရာ ကောင်းနေပါပြီ၊ အဲဒါကြောင့် အရင်ကဖြစ်ခဲ့ဖူးတဲ့ကေ့စ်တွေအားလုံးကို ကိုယ့်ဘာသာ သိအောင် လုပ်ပြီး လေ့လာနေတာပါ။ သူများအတွက် ဝန်ထုပ်တစ်ခုမဖြစ်ချင်ဘူးလေ ”

“ ဟုတ်သားပဲ ”
ရှချင်းဝေက သံသယမဖြစ်ပေ။
“ ရှောင်ဟန်လည်း ရှိနေတာပဲကို၊ သူက သမီးအနိုင်ကျင့်ခံရတာကို သေချာပေါက် ကြည့်နေမှာ မဟုတ်ဘူး ”

လုမန် ထူးဆန်းသည်ထင်၏။ ရှချင်းဝေက ဟန်ကျိုးလီနဲ့ နှစ်ခါလား တွေ့ရသေးတာ.. ဘာဖြစ်လို့ ဒီလောက်တောင် ယုံကြည်နေရတာလဲ ?

***

နောက်တစ်နေ့ လုမန် အလုပ်သွားခဲ့သည်။ ထုံးစံအတိုင်း ယဲ့ရှောင်ရှင်းက ဖိုင်တွေအထပ်လိုက် ထပ်ပေးလာပြန်၏။ 

ယဲ့ရှောင်ရှင်းနှင့် သိုက်ယီးရန်တို့သည် လုမန် တုလင်းကိစ္စအတွက် အဆိုပြုလွှာရေးဖို့ စဥ်းစားချိန်မရအောင် လုပ်နေသကဲ့သို့ မျက်နှာပေါ်တွင် ဘဝင်ခိုက်နေသည့် အကြည့်တွေရှိနေသည်။

သို့သော် သူ့တို့အဖို့ သိက္ခာကျသော အလုပ်ဖြစ်နေနိုင်သည့် သည်ဖိုင်တွေအားလုံးသည် လုမန်အဖို့တော့ အရေးပါအရာရောက်သော လေ့လာစရာ အခွင့်အလမ်းတွေ ဖြစ်နေခဲ့၏။

ပြီးတော့ သူမက သူတို့လုပ်ငန်းခွင်နယ်ပယ်က မဟုတ်သဖြင့် ဗဟုသုတနှင့်ကျွမ်းကျင်မှုပိုင်းမှာ ဟာနေတာတွေရှိသည်။ ထို့ကြောင့် ဒီီဖိုင်တွေဟာ အချိန်တိုအတွင်း ဒီနယ်ပယ်အကြောင်းကို သိမြင်နိုင်ဖို့ရာအတွက် အကောင်းဆုံးဖြစ်၏။ 

ဒါပေမယ့် ယဲ့ရှောင်ရှင်းနှင့် သိုက်ယီးရန်တို့မှာ ကြာကြာ စိတ်ကြီးမဝင်လိုက်ရ၊ ကျန့်ထျန်းမင်က နောက်ထပ်ဖိုင်တွေနှင့် ရောက်ချလာသည်။

ဟယ်လို အဲဗရီးဘာဒီ ဂရုဝင်ချင် စီဘီ အပ်ုဒိတ်ကတော့ လိပ်ပါ 🤡

*****

( Zawgyi )


အခန္း [ ၁၄၁ ]

အႏုပညာသည္ဌာနမွာ သူႏွင့္ ေဆြးေနြးစကားေျပာေနခဲ့သည္ဟု ဟန္က်ိဳးလီ ေျပာသြားသည္။ မန္ေနဂ်ာေဟာင္အဖို႔ ထူးဆန္းေနခဲ့၏။ သူတို႔ ဘာေတြ ေဆြးေနြးခဲ့ၾကလို႔လဲ..

သို႔ေသာ္ ဟန္က်ိဳးလီသည္ဘစ္ေဘာ့စ္ျဖစ္သျဖင့္ သူေျပာသမ်ွသည္ အမွန္ပဲ ျဖစ္ေလ၏။

ဟန္က်ိဳးလီကလည္း လံုးဝ ေထာက္ခံသည္။
“ မင္း ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကိုယ္ သိေနေတာ့ ေကာင္းတာေပါ့၊ ေနာက္ကို ငါ့ကို အစ္ကိုဟန္လို႔ေခၚတာေတြရပ္ပါ၊ ဘယ္လိုေတြ ရင္းရင္းႏွီးႏွီးေခၚလာပါေစ ငါကေတာ့ မင္းကို မသိဘူး ”

သိုက္ယီးရန္ : “…”

သိုက္ယီးရန္ မ်က္ႏွာတစ္ျပင္လံုး ရႈံ႔မဲ့ေနသည္။ ဟန္က်ိဳးလီ မေန့ကလည္း ထိုသို႔ ေျပာခဲ့သည္။ ခု ဒီေန့မွာလည္း ထပ္ၿပီးေတာ့ ေျပာျပန္၏။

ဒါကလည္း လုမန္ကို သူမ ေျပာဆိုထားၿပီးသည့္ေနာက္မွာ..။

“ ေနာက္တစ္ခါ အလုပ္ဆင္းရင္ ကုမၸဏီမွာ ေဝ့လည္ေၾကာင္ပတ္လုပ္မေနနဲ႔ ”
ဟန္က်ိဳးလီက စိတ္မရွည္သည့္ပံုႏွင့္ျဖစ္၏။

သိုက္ယီးရန္ မယံုၾကည္ႏိုင္စြာျဖင့္ ပါးစပ္ေဟာင္းေလာင္းေလး ျဖစ္သြားၿပီးမွ
“ အစ္ .. သူေဌး .. ေစာေစာက ကြၽန္မေျပာလိုက္တာကို သူေဌး မၾကားလိုက္လို႔လားဟင္၊ သူက အထက္လူႀကီးကို ျဖားေယာင္းၿပီးေတာ့ မ်ွတစြာ ယွဥ္ၿပိဳင္ဖို႔ စည္းကမ္းကို ခ်ိဳးေဖာက္တယ္ ”

“ ဘယ္အထက္လူႀကီးက သူျဖားေယာင္းတာကိုခံလိုက္ရတာလဲ ေျပာစမ္းပါဦး ”
ဟန္က်ိဳးလီက မ်က္ခံုးပင့္ၿပီး ေမးသည္။ 

ေက်ာဆန္႔သြားတာကိုလည္း လုမန္ ျမင္၏။

သိုက္ယီးရန္ကို သူပါလို႔ ေျပာေစခ်င္တာေတာ့ မဟုတ္ဘူးမလား..

သိုက္ယီးရန္မ်က္ႏွာေလးနီတြတ္သြားသည္။ ဟုတ္တာေပါ့ .. သူမ ဟန္က်ိဳးလီလို႔မေျပာရဲသလို ဝူလီက်ဲ ပါလို႔လည္း မေျပာရဲဘူး..

သံသယျဖစ္ေအာင္ ႏိႈးေဆာ္ေပးလို႔ေတာ့ရသည္။  ပါးစပ္ကေန ထုတ္ေျပာဖို႔က် လံုးဝ မေကာင္း။

“ အဲ့ဒါ လုမန္ဘက္က ျဖစ္လိုတဲ့ ဆႏၵေတြပါပဲ.. ျဖစ္ေျမာက္ေအာင္ေတာ့ သူ မလုပ္ႏိုင္ခဲ့ဘူး ”

“ သက္ေသရိွတယ္ဆိုရင္ ယူလာခဲ့ပါ၊ ကုမၸဏီက ဒီလိုမ်ိဳးလုပ္တဲ့သူေတြကို ခြင့္လႊတ္မေပးပါဘူး၊ သက္ေသမရိွဘဲ ဒီတိုင္းထင္တာကိုေျပာေနတာဆိုရင္ေတာ့ ကုမၸဏီအေနနဲ႔ ဒါကို သည္းခံေပးမွာမဟုတ္ဘူးေနာ္ ”
ဟန္က်ိဳးလီက သိုက္ယီးရန္ကို တည္ၾကည္ေလးနက္စြာျဖင့္ စူးစိုက္ၾကည့္သည္။

ကုမၸဏီကို စေရာက္ကတည္းကဆိုလ်ွင္ အခုက ဟန္က်ိဳးလီႏွင့္သူမ မ်က္လံုးခ်င္းဆံုသည့္ ပထမဆံုးအႀကိမ္ျဖစ္သည္။ သို႔ေသာ္ သိုက္ယီးရန္လိုခ်င္တာ ခုလိုအၾကည့္မ်ိဳးမဟုတ္ေပ။

“ မင္းမွာသက္ေသရိွလား ”

“ ကြၽန္မ.. ကြၽန္မ.. ”
သိုက္ယီးရန္ ေၾကာက္ရြံ႔သျဖင့္ စကားေတြပင္ထစ္သြားသည္။ လက္ဖဝါးတစ္ျပင္လံုး ေခြၽးေတြထြက္ေနၿပီျဖစ္ကာ ဟန္က်ိဳးလီဆီက ဖိအားေတြေၾကာင့္ ႏွလံုးခုန္သံေတြသည္ ေသြးရူးေသြးတန္း ထြက္ေပၚေနခဲ့၏။

သူမမွာ မ်က္ျမင္သက္ေသရိွသည္။ ထိုသည္မွာ ယဲ့ရႊမ္းရႊမ္းျဖစ္၏။

သို႔ေသာ္ သိုက္ယီးရန္ မမိုက္မဲပါေခ်။ ယဲ့ရႊမ္းရႊမ္းသည္ ဤေနရာတြင္ ရိွမေနေပ။ ရိွေနလ်ွင္ပင္ ဟန္က်ိဳးလီေရ႔ွမွာ ေျပာဆိုမည္ဆိုသည့္အခါ ဝန္ခံရန္ သတၲိရိွမည္ မဟုတ္။

“ ကြၽန္မ သက္ေသရွာလာခဲ့ပါမယ္ ”
ေနာက္ဆံုးတြင္ သိုက္ယီးရန္ ထိုစကားေလးပဲ ေျပာလိုက္ႏိုင္သည္။

မန္ေနဂ်ာေဟာင္ ေခါင္းခါလိုက္မိ၏။ PR ဌာနမွာ သိုက္ယီးရန္လိုလူမ်ိဳး ရိွေနသည့္အတြက္ ဝူလီက်ဲတို႔ ကံဆိုးေလၿပီ။

ေနာင္တြင္ PR ဌာန၌ ေအးခ်မ္းေသာေန့ရက္ဟူ၍ မရိွေတာ့ၿပီ ထင္သည္။

သိုက္ယီးရန္ ဆက္မေနခ်င္ေတာ့ေပ။ ဟန္က်ိဳးလီတစ္ေယာက္တည္းပဲ ဆိုလ်ွင္ေတာ့ ဆက္ၿပီး တြယ္ကပ္၍ ေနွာင့္ယွက္လို႔ရႏိုင္ေကာင္းသည္။ လုမန္ကအခ်ိန္ပိုအလုပ္လုပ္ဖို႔က်န္ခဲ့ရမွာျဖစ္၏။

သို႔ေသာ္ မန္ေနဂ်ာေဟာင္လည္း ရိွေနသျဖင့္ သိုက္ယီးရန္ မ်က္ႏွာရွစ္ေခါက္ခ်ိဳးျဖင့္ ထြက္လာခဲ့ရသည္။

PR ဌာနကေန ေျခလွမ္း အနည္းငယ္ခန္႔ လွမ္းလာၿပီးခ်ိန္တြင္ မလွမ္းမကမ္းက သန္႔စင္ခန္းအနီးတြင္ ပုန္းေနေသာ ယဲ့ရႊမ္းရႊမ္းကို ျမင္လိုက္ရေလ၏။ ယဲ့ရႊမ္းရႊမ္းသည္ တံခါးကို လက္ႏွစ္ဖက္နဲ႔ ကိုင္ထားရင္း ဒီဘက္ကို ေခါင္းျပဴၾကည့္ေနသည္။

“ ယဲ့ရႊမ္းရႊမ္း! ”
သိုက္ယီးရန္ ေဒါသထြက္သြားၿပီး အံႀကိတ္ထားလ်က္ႏွင့္ ေအာ္ေခၚလိုက္သည္။

ယဲ့ရႊမ္းရႊမ္းသည္ အေစာပိုင္းက ရံုးခန္းထဲတြင္ ေျပာခဲ့သည္မ်ားကို ၾကားထားေသာေၾကာင့္ သိုက္ယီးရန္ ေအာ္ေခၚတာကို ၾကားလိုက္သည့္အခါ ဆြဲေခၚသြားခံရမည္လားဟု ေၾကာက္လန္႔သြားသည္။

ထိုအခါ မ်က္စိမ်က္ႏွာေတြ ခ်က္ခ်င္း ပ်က္ၿပီး ေခါင္းကို ခ်ာခနဲလွည့္၍ ထြက္ေျပးေတာ့၏။ 

သိုက္ယီးရန္က ေနာက္ကေန ေျပးလိုက္ကာ..
“ ေဟ့ မေျပးနဲ႔ .. ငါနဲ႔လိုက္ခဲ့ၿပီး အစ္ကိုဟန္႔ကိုအားလံုးရွင္းျပရမယ္! ”

ထိုသို႔ေျပာလိုက္မွ ယဲ့ရႊမ္းရႊမ္းက ပိုေျပးေလ၏။

ေနာက္ဆံုး သိုက္ယီးရန္ မီေအာင္မလိုက္ႏိုင္ဘဲ ယဲ့ရႊမ္းရႊမ္းကို မုန္းတီးက်န္ရစ္ခဲ့သည္။

***

ထိုစဥ္ ဟန္က်ိဳးလီက မန္ေနဂ်ာေဟာင္ကို ၾကည့္လိုက္ကာ
“ ခင္ဗ်ားအေနနဲ႔ လုပ္စရာ ဘာမွမရိွေတာ့ဘူး .. အခု အလုပ္ဆင္းလို႔ရၿပီ ”

“…”
မန္ေနဂ်ာေဟာင္က ဉာဏ္အလြန္ေကာင္းသည္။ လုမန္မ်က္ႏွာေလးကို မသိမသာၾကည့္ရင္း
“ ဟုတ္ကဲ့ ဟုတ္ကဲ့ ကြၽန္ေတာ္အခုပဲသြားပါေတာ့မယ္ ”

မန္ေနဂ်ာေဟာင္ ထြက္သြားသည္ႏွင့္ ရံုးခန္းက တိတ္ဆိတ္သြားသည္။

ဖြင့္လ်က္ရိွေသာ ရံုးခန္းသည္ က်ယ္ဝန္းၿပီး ေနရာလပ္မ်ားစြာရိွေနေသာ္လည္း လက္ရိွတြင္ လုမန္ႏွင့္ ဟန္က်ိဳးလီသာ အထဲမွာ ရိွေနၾကကာ အပ္က်သံပင္ ၾကားရေလာက္ေအာင္ တိတ္ဆိတ္မႈက ႀကီးစိုးေနခဲ့၏။


အခန္း [ ၁၄၂ ]

ဟန္က်ိဳးလီက ၿပံဳးစနဲ႔နဲ႔ႏွင့္ ငံု႔ၾကည့္လာသည္။

သိုက္ယီးရန္ကို သူမေျပာလိုက္တာေတြ သူ ဘယ္ေလာက္ေတာင္ ၾကားသြားသလဲ ..

ၿပံဳးစိစိအေနအထားႏွင့္ မ်က္ႏွာအရေတာ့ ေတာ္ေတာ္ေလးၾကားသြားသည္ ထင္ပါသည္။

“ သေဘာက်တယ္ ႀကိဳက္တယ္ ဟုတ္လား ”
ဟန္က်ိဳးလီ၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ား ေကြးၫြတ္သြားကာ မ်က္ဝန္းနက္ေတြဆီမွ အၿပံဳးေတြ ျဖာထြက္ေနသည္အထိ ေတာ္ေတာ္ေက်နပ္ေနသည္မွာ သိသာ၏။

လုမန္ ႏႈတ္ခမ္းေတြ တဆတ္ဆတ္တုန္သြားသည္။ အဲ့ဒါက သိုက္ယီးရန္ေဒါသထြက္ေအာင္ တမင္ေျပာလိုက္တာ..

သူၾကားသြားမယ္လို႔ဘယ္ထင္ထားမလဲ..

“ မင္း ဒီေလာက္ သေဘာက်ေနမွန္း မသိခဲ့ဘူး၊ ဘာျဖစ္လို႔ မေျပာတာလဲ၊ မဆိုင္တဲ့လူကိုေျပာၿပီး ဆိုင္တဲ့ကိုယ့္ကိုမေျပာတာ မေကာင္းဘူးကြ ”
ဟန္က်ိဳးလီက လုမန္ထိပ္ေလးေပၚကို လက္ကေလးတင္ၿပီး ယုယစြာ ပြတ္သပ္ေပးသည္။

“…”
လုမန္ လည္နင္သြားသည္။ ဘာျဖစ္လို႔ ေျပာခဲ့ရတယ္ဆိုတာကို ရွင္းျပၿပီး ျငင္းလည္း ျငင္းခ်င္သည္။ ဒါေပမယ့္ အခု သူမမွာ သူ႔အတြက္ ခံစားခ်က္ေတြရိွေနၿပီျဖစ္ကာ သူမႏွလံုးသားသည္ တကယ္ လႈပ္ရွားသြားခဲ့ၿပီ ျဖစ္၏။

ဒါေပမယ့္ မရွင္းျပရင္လည္း တစ္ခုခု လြဲေတာ့မယ္ပံု..

ရွင္းျပဖို႔ ပါးစပ္ေလးျပင္လိုက္လ်ွင္ ထိပ္ေပၚမွလက္က ေခါင္းေနာက္ဘက္ကို ေရာက္သြားၿပီး ေနာက္ဘက္ကေန ဆုပ္ကာ သူမေခါင္းေလးကို သူ႔အနားသို႔ ဆြဲယူသည္။ ရုတ္တရက္ လုမန္ႏႈတ္ခမ္းေတြကို သူ နမ္းသြား၏။

လုမန္ ၾကက္ေသေသလ်က္ႏွင့္ ဟန္က်ိဳးလီရင္ခြင္ထဲတြင္ ရပ္ေနရင္း ရုတ္တရက္တိုက္ခိုက္လာျခင္းကို ဘယ္လိုတံု႔ျပန္ရမည္ မသိ။ 

ထိုစဥ္ သူမကို ဟန္က်ိဳးလီက ဆြဲေပြ့လိုက္သည့္အခါ သူမတစ္ကိုယ္လံုး သူ႔လက္ေပၚမွာ ထိုင္ေနသလိုမ်ိဳး ျဖစ္သြားသည္။

စကၠန္႔အနည္းငယ္အၾကာတြင္ ရံုးစားပြဲေပၚမွာ သူ ခ်ေပးေလ၏။

တစ္ဖန္ ႏႈတ္ခမ္းေတြကို အုပ္မိုးသြားျပန္ကာ သူမရဲ့သြား၊ လ်ွာ၊ ႏႈတ္ခမ္းတို႔မွာ သူမပိုင္ဆိုင္သည္မ်ားမဟုတ္ေတာ့သလို ဟန္က်ိဳးလီ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ ျပဳသမ်ွႏုေနခဲ့ရ၏။

ထိုအခ်ိန္အတြင္း ဟန္က်ိဳးလီ အသက္ရႉသံေတြ ျပင္းထန္ေနခဲ့သည္။

တစ္ခ်ိန္တည္းမွာ သူ၏ ရွည္လ်ားၿပီး ေတာင့္တင္းသန္မာေသာ လက္ႏွစ္ဖက္ကို စားပြဲ၏ တစ္ဖက္တစ္ခ်က္စီတြင္ ဖိေထာက္၍ သူမကို ၫွပ္ပိတ္ထားေသးသည္။

ထိုအတိုင္း အခ်ိန္အေတာ္ၾကာသည့္အခါ လုမန္ ထိုင္ဖို႔ပင္ အားမရိွေတာ့သလို ခံစားလာရ၏။ စားပြဲေပၚမွာ လွဲခ်ပစ္ဖို႔အထိ ျဖစ္လာေသာအခါ ဟန္က်ိဳးလီက သူမေက်ာကေန ထိန္းကိုင္ၿပီး ရင္ခြင္ထဲဆြဲယူသည္။

ထိုအခါ သူမေျခေထာက္ေတြက သူ႔ခႏၶာကိုယ္ေဘးတစ္ဖက္တစ္ခ်က္စီမွာ ေနရာယူသြားကာ ထိုအေနအထားေၾကာင့္ လုမန္ ရွက္ၿပီး ဘာလုပ္လို႔လုပ္ရမယ္မွန္းမသိေအာင္ ျဖစ္သြား၏။

စစေတြ့ၾကတုန္းကေတာ့ သူမကပဲ အဝတ္ေတြခြၽတ္ၿပီး သူ႔ကို ဖက္နမ္းခဲ့တာျဖစ္သည္။

ထိုအျပဳအမူေတြအားလံုးသည္ အေျခအေနအရ လိုအပ္သလို လုပ္ယူထားရတာျဖစ္၏။

သို႔ေသာ္ ႏွစ္ဘဝစလံုးမွာ သူမ အပ်ိဳစစ္စစ္ဆိုတာက အမွန္တရားပဲျဖစ္ကာ ေယာက္်ားမထားဖူးသလို ဒီလိုအေနအထားမ်ိဳးျဖစ္ေအာင္လည္း မႀကိဳးစားခဲ့ဖူးေပ။

ထို႔ေၾကာင့္ အခု တကယ္ႀကံဳေတြ့လိုက္ရတဲ့အခါ ေတာ္ေတာ္ရွက္ေနမိသည္။

ဟန္က်ိဳးလီက အတန္ၾကာ နမ္းရိႈက္ၿပီးတာႏွင့္ အားသံုးထားတာကိုေလ်ွာ့ၿပီး သူ႔ႏႈတ္ခမ္းေတြနဲ႔ သူမႏႈတ္ခမ္းေတြကို ပြတ္တိုက္ကာ ၿပံဳးလ်က္
“ မင္းႀကိဳက္တယ္ဆိုတာကို ကိုယ္လက္ခံတယ္၊ လူမသိသူမသိ တိတ္တိတ္ပုန္း ႀကိဳက္စရာ မလိုေတာ့ဘူးေနာ္ ”

လုမန္ : “…”

ႀကိဳက္တယ္လို႔ ေျပာခဲ့တာက သူ .. ခုက်ေတာ့ ေျပာသြားလိုက္တာ သူမကပဲ သူ႔ကို တိတ္တိတ္ပုန္း ႀကိဳက္ေနခဲ့ရတဲ့အတိုင္း ..

ဒီလူ ေတာ္ေတာ္ အရွက္မရိွတာပဲ..

ဟန္က်ိဳးလီ ဖံုးဖိလို႔မရေအာင္ ေပ်ာ္ရႊင္ေနသည္။  ေနာက္ဆံုးေတာ့ ဒီေျမေခြးေလး သူ႔ၫႊတ္ကြင္းမွာ မိသြားခဲ့ၿပီ..

“ အခု မင္းရဲ့ႏွလံုးသားက အေျဖ ေပးၿပီးေနၿပီ၊ စေနေန့ထိေတာင္ ေစာင့္စရာ မလိုဘူး ”
ဟန္က်ိဳးလီက လုမန္ကို ထပ္ဖက္ျပန္သည္။ 

လုမန္မွာေတာ့ သူ႔ေၾကာင့္ အသားေတြေၾကသလိုခံစားေနရၿပီ ျဖစ္၏။ ဒီေလာက္ထိဖက္ထားစရာလိုသလား..

မ်က္ႏွာနီနီႏွင့္ပဲ ခပ္ျဖည္းျဖည္း တြန္းလိုက္ရကာ ဟန္က်ိဳးလီက ထိုအခါမွ အတင္းဖက္ထားတာကို နည္းနည္းေလ်ွာ့ေပးသည္။

ေခါင္းငံု႔ၾကည့္ၿပီး လုမန္မ်က္ႏွာေလး ေသြးထြက္သလို နီတြတ္ေနတာကို ျမင္ေတာ့ သူ ၿပံဳး၏။

ထို႔ေနာက္ ကိုယ္ကို ေရ႔ွသို႔ၫြတ္ၿပီး ေခါင္းငံု႔၍ သူမမ်က္ႏွာအႏွံ႔ကို နမ္းသည္။ မ်က္ခံုးကေန ႏွာသီးဖ်ား၊ မ်က္ခြံကေန ပါးျပင္၊ နားရြက္ေအာက္ပိုင္းကေန နားရြက္ထိပ္ဖ်ားေလးေတြအထိ မလြတ္တမ္း လိုက္နမ္း၏။

လုမန္ အသက္ရႉလိုက္လ်ွင္ သူ႔ကိုယ္သင္းနံ႔ေတြပဲရေနကာ သူမခႏၶာကိုယ္တြင္ သူ႔ကိုယ္သင္းနံ႔ေတြစြန္းထင္းသြားသလို ထံုလႊမ္းေနေတာ့၏။

အတန္ၾကာေတာ့ လုမန္ သက္ျပင္းခ်လိုက္သည္။ စိတ္ထဲမွာ အမ်ားႀကီး ေပါ့ပါးသြား၏။

ေစာေစာကထိ သူမ ျငင္းဆန္ေနခဲ့တာျဖစ္သည္။ ဟန္က်ိဳးလီေၾကာင့္ ရင္ခုန္သြားတာမွန္ေပမယ့္ သံေယာဇဥ္အထံုးအဖြဲ႔တစ္ခုမွာ ထပ္ပါရဖို႔ကိုေတာ့ ေၾကာက္ေနခဲ့မိ၏။ 

သို႔ေသာ္ ဟန္က်ိဳးလီရဲ့ႀကိဳးစားမႈေတြက ခုခံဖို႔ ခက္သည္။ တကယ္ဆို သူဟာ ႏွစ္လိုဖြယ္ရုပ္ရည္ အရည္အခ်င္းတို႔ႏွင့္ အေျပာကလည္း ေကာင္းေသး၏။ ဘယ္သူျဖစ္ျဖစ္ သူ႔လက္ထဲမွာ က်ရႈံးဖို႔က မ်ားသည္။


အခန္း [ ၁၄၃ ]

သိုက္ယီးရန္ကို ရန္စခ်င္၍ ေျပာခဲ့သည့္စကားေတြသည္ သူမရင္ထဲမွာ တကယ္ ခံစားေနရတာေတြ ျဖစ္ေကာင္းျဖစ္ႏိုင္ပါ၏။

ဒါေတြကို ဟန္က်ိဳးလီ ၾကားသြားခဲ့ျခင္းဟာလဲ ကံတရား၏ စီရင္မႈပဲ ျဖစ္မည္။

ကံၾကမၼာက သူမကို ေရြးခ်ယ္ႏိုင္ေအာင္ ကူညီေပးသြားသည့္ႏွယ္။

သည္လိုဆိုမွေတာ့ ကံၾကမၼာက လမ္းၫႊန္ျပသေပးသည့္ ဤလမ္းကိုပဲ သူမ ေလ်ွာက္လွမ္းလိုက္ေတာ့မည္။

အတင္းအဓမၼ လုပ္ယူထားေသာ ေရြးခ်ယ္မႈတစ္ခုျဖစ္ေနလ်ွင္ပင္ သူမႏွလံုးသားသည္ ထိုအရာကိုမွ ပို၍လိုလားပံုရေန၏။ ထို႔ျပင္ အမ်ားႀကီးလည္း စိတ္ေအးလက္ေအးရိွသြားကာ သက္ျပင္းပင္ ခ်ႏိုင္ၿပီ ျဖစ္သည္။

ဟန္က်ိဳးလီ နမ္းရႈပ္ေနတာကိုလဲ ေရွာင္ဖယ္ျခင္း မျပဳမိေတာ့။

ပါးစပ္ႏွင့္ မ်က္ႏွာေတြ ထံုထိုင္းလာသည့္အခါမွ လုမန္ သူ႔ကို တြန္းပစ္လိုက္ကာ
“ ကြၽန္မမွာ လုပ္စရာေတြရိွေသးတယ္ ”

လုမန္ ခပ္ခြာခြာ ေနဖို႔ မႀကိဳးစားေတာ့သျဖင့္ ဟန္က်ိဳးလီ မ်က္ခံုးေတြပင့္ကာ ေက်နပ္သြားသည္။

လုမန္ကိုယ္ေလးကို ေအာက္သို႔ ခ်ေပးလိုက္ကာ စားပြဲေပၚက စာရြက္စာတမ္းဖိုင္တြဲေတြကို တစ္ခ်က္ ၾကည့္လိုက္ၿပီး.. ။ 
“ ဘာျဖစ္လို႔ ဒီေလာက္ မ်ားရတာလဲ၊ ေစာေစာတည္းက ဖုန္းထဲမွာ ေမးခ်င္ေနတာ သူမ်ားေတြအားလံုးျပန္သြားၿပီးေတာ့ မင္းတစ္ေယာက္ပဲ ဘာျဖစ္လို႔ က်န္ခဲ့တာလဲ ”

“ ကြၽန္မက ခုမွ စေရာက္တဲ့သူဆိုေတာ့ သိေအာင္ လုပ္ရမယ့္ အလုပ္ေတြ အမ်ားႀကီးရိွတယ္ေလ ”

ယဲ့ေရွာင္ရွင္း သူမကို တမင္ခက္ခဲပင္ပန္းေအာင္လုပ္ၿပီး သိုက္ယီးရန္ကို ဖားဖို႔ ႀကိဳးစားေနတာကို သိသည္။

က်န္တဲ့လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း တားဆီးမည္ မရိွဘဲ ပြဲထိုင္ၾကည့္ၾက၏။

အဘယ္ေၾကာင့္ဆိုေသာ္ တစ္အခ်က္ သူတို႔ စပ္စုစိန္ေတြ မျဖစ္ခ်င္ၾကလို႔၊ ႏွစ္အခ်က္က သူမကို မႀကိဳက္လို႔ အႏိုင္က်င့္ခံေနရတာကို ၾကည့္ၿပီး ေက်နပ္အားရေနၾကတာျဖစ္မည္။

“ မင္းမွာေတာ့ သိေအာင္ လုပ္ရမယ့္ အလုပ္ေတြအမ်ားႀကီးရိွၿပီး သိုက္ယီးရန္က်ေတာ့ မရိွဘူးေပါ့ေလ ”
ဟန္က်ိဳးလီ ေမးလာသည္က ၾကည္သာျခင္းတစ္စက္မွမရိွ။

သို႔ေသာ္ လုမန္ ဂရုမစိုက္ပါ။
“ သိပါတယ္ ကြၽန္မခက္ခဲေအာင္ သူတို႔တမင္လုပ္ေနတာလို႔ ရွင္ ထင္ေနတာမလား၊ ဒါေပမယ့္ ကြၽန္မကေတာ့ အဲ့ဒီလိုမထင္ဘူး၊ ဌာနတစ္ခုမွာ ဝန္ထမ္းအသစ္ေတြကို အလုပ္နဲ႔ ရင္းႏွီးေအာင္ သိေအာင္ ထိေတြ့ခိုင္းတယ္ဆိုတာ စိမ္းတဲ့အရာမဟုတ္သလို အလကားလည္း မဟုတ္ဘူး၊ ဒါေတြကို တစ္ရက္ေလာက္ စိစစ္ခြဲထုတ္ၿပီးသြားတဲ့အခါ ဒီအလုပ္ကို ကြၽန္မေတာ္ေတာ္နားလည္ၿပီလို႔ ေျပာလို႔ရၿပီ၊ ေနာက္ၿပီး အရင္က PR ဌာနက ကိုင္တြယ္ေျဖရွင္းခဲ့တဲ့ ေက့စ္ေတြမွာလည္း ေကာင္းတာတခ်ိဳ႕ရိွေနတယ္၊ ဒါေၾကာင့္ အဲ့ဒါေတြကို မွတ္သားၿပီး စိတ္ကူးေကာင္းေလးေတြလည္း ရလာတယ္၊ ဒီဖိုင္တြဲေတြကို မၾကည့္မွသာ ဆံုးရႈံးနစ္နာရမွာပါ ”

လုမန္ေျပာတာကို နားေထာင္ရင္း ဟန္က်ိဳးလီ ဂုဏ္ယူၿပီးဂုဏ္ယူလာရကာ သူ႔မိန္းကေလးဟာ ဒီေလာက္ထူးခြၽန္ေသာသူျဖစ္၏။

သူမ ငယ္ရြယ္ေသးသည္။ ကုမၸဏီတစ္ခုလံုးမွာ အငယ္ဆံုးျဖစ္ေသာ္လည္း အတိုးတက္ခ်င္ဆံုး အရင့္က်က္ဆံုးေလး ျဖစ္သည္။

ဘယ္လိုအခက္အခဲ အတားအဆီးမ်ားႏွင့္ႀကံဳလာပါေစ ထိုအရာမ်ားထဲမွ ေမ်ွာ္လင့္ခ်က္ကို ရေအာင္ ရွာေဖြၿပီး ကိုယ့္အတြက္ အက်ိဳးရိွေအာင္ ေျပာင္းလဲယူတတ္ေလသူ..။

သူ႔မ်က္ဝန္းမ်ားထဲတြင္ ႏွစ္သက္ဂုဏ္ယူျခင္း မ်ားစြာ ရိွေနသျဖင့္ လုမန္ နည္းနည္းေတာင္ ရွက္လာသည္။

တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္ သိပ္ထူးခြၽန္ေျပာင္ေျမာက္ပါသည္ဟု လံုးဝ မထင္ဖူးေပ။

အတိတ္ဘဝမွာ သူမကို ဤကဲ့သို႔ေသာ ႏွစ္သက္သေဘာက်မႈမ်ားႏွင့္ ၾကည့္ရႈသူ တစ္ေယာက္မ်ွ မရိွခဲ့သလို သည္ဘဝမွာေတာင္ ဟန္က်ိဳးလီက ပထမဆံုးလူ ျဖစ္သည္။

ဟန္က်ိဳးလီအၾကည့္က သူမကို အင္မတန္ ထူးခြၽန္ထက္ျမက္ေသာလူအျဖစ္ သူ ျမင္ေနသည္ဟု ခံစားရေစသည္။

ထို႔ေၾကာင့္ လုမန္ ထင္သည္က ဟန္က်ိဳးလီ သူ႔ရဲ့ပုဂၢလိကခံစားခ်က္ေတြေၾကာင့္ ျပဳစားခံေနရၿပီ။

ေနာက္က်ေတာ့ ဟန္က်ိဳးလီက ဖုန္းထုတ္ကာ စားစရာပါဆယ္လွမ္းမွာၿပီး က်န္႔ထ်န္းမင္ဆီကို ဆက္လိုက္၏။
“ က်ဳပ္ရံုးခန္းထဲကိုသြားၿပီး လက္ေတာ့ပ္ကို PR ဌာနကို ယူလာခဲ့ပါ ”

ဖုန္းခ်ၿပီးတာႏွင့္ သူ႔ကို လုမန္က အေၾကာင္သား ၾကည့္ေနသည္မို႔ ..

“ ကိုယ့္ေကာင္မေလးမွာ အလုပ္ေတြပံုေနေတာ့ေလ ကိုယ္ကူညီေပးပါရေစ ”
ဟန္က်ိဳးလီက ညင္သာစြာ ၿပံဳးလ်က္ ရွင္းျပ၏။

သည္အလုပ္ေတြၿပီးေအာင္ သူမကို ကူညီေပးဖို႔ ဟန္က်ိဳးလီ အခ်ိန္ပိုဆင္းက်န္ခဲ့သည္ဆိုတာကို လူေတြ သိသြားၾကလ်ွင္ ေနာက္ကို သူမကို အလုပ္ေတြ အမ်ားႀကီး မေပးရဲေတာ့ေလာက္ေအာင္ လန္႔ဖ်ပ္သြားၾကေလာက္သည္။

မေရွးမေနွာင္းတြင္ က်န္႔ထ်န္းမင္သည္ ဟန္က်ိဳးလီ၏ လက္ေတာ့ပ္ကို ယူလာခဲ့၏။

အၾကည့္တို႔သည္ ဟန္က်ိဳးလီႏွင့္ လုမန္ အၾကား ကူးလူးလ်က္
“ သူေဌး ”

လက္ေတာ့ပ္ကို သူေပးလိုက္ၿပီးသည့္ေနာက္တြင္ ဟန္က်ိဳးလီက ခံုတစ္လံုးဆြဲၿပီး လုမန္ေဘးမွာ ဝင္ထိုင္သည္။

ေတာ္ေသးသည္က ရံုးစားပြဲသည္ အက်ယ္ႀကီးမို႔ သူတို႔ႏွစ္ေယာက္ အတူထိုင္ၿပီး သံုးလို႔ရေလာက္ေန၏။

က်န္႔ထ်န္းမင္အၾကည့္တို႔ လုမန္စားပြဲေပၚက စာရြက္စာတမ္းဖိုင္တြဲေတြဆီေရာက္သြားၿပီး
“ ဒါေတြက... ”

ဒါေပမဲ့ လုမန္ရွင္းျပသည္အထိ ေစာင့္စရာ မလို။ က်န္႔ထ်န္းမင္ သူ႔ဟာသူ သိလိုက္သည္။
“ ကြၽန္ေတာ္ မနက္ျဖန္ ဝူလီက်ဲနဲ႔ စကားေျပာလိုက္ပါမယ္ ”


အခန္း [ ၁၄၄ ]

“ မလိုပါဘူး ”
လုမန္ ျငင္းဆိုလိုက္သည္။
“ ဒီကိစၥကို ကြၽန္မဘာသာ ရွင္းႏိုင္ပါတယ္ ”

က်န္႔ထ်န္းမင္ ဟန္က်ိဳးလီဘက္ကို ၾကည့္လိုက္သည္။ ဟန္က်ိဳးလီ၏ သေဘာကို ဆံုးျဖတ္ကိန္းအျဖစ္ သံုးတာပိုေကာင္းေလ၏။

“ လုမန္ေျပာတာကိုနားေထာင္လိုက္ပါ ”

သူ႔ေကာင္မေလးက ကိုယ္တိုင္ေျဖရွင္းခ်င္သည္ဆိုမွေတာ့ ကိုယ္တိုင္ပဲ ေျဖရွင္းခိုင္းလိုက္မည္။ သူလုပ္ဖို႔လိုအပ္သည္က ေဘးကေန ၾကည့္ဖို႔ .. 

ထိုအခါမွ က်န္႔ထ်န္းမင္က လက္ေလ်ွာ့လိုက္ကာ ဟန္က်ိဳးလီႏွင့္ လုမန္တို႔၏ ႏွစ္ကိုယ္တူအခ်ိန္ေတြကို မေနွာင့္ယွက္မိေစရန္ အျမန္ ထြက္လာခဲ့လိုက္သည္။

***

ဟန္က်ိဳးလီ၏ အကူအညီျဖင့္ လုမန္ အလုပ္လုပ္သည့္ ႏႈန္းသည္ အလင္း၏ အလ်င္ကဲ့သို႔ ျမန္ဆန္သြားသည္။

အလုပ္ေတြအားလံုးၿပီးသြားသည့္အခါ ဟန္က်ိဳးလီက လုမန္ကို ေဆးရံုသို႔ ကားေမာင္းပို႔ေပး၏။

ေဆးရံုကားပါကင္မွာ ကားထိုးၿပီးေတာ့ အခ်ိန္ကို ၾကည့္လိုက္သည့္အခါ ၉ နာရီ ၄၀ ျဖစ္ေနၿပီ။

သည္အခ်ိန္ဆို ရွခ်င္းေဝ အိပ္ေနဖို႔က မ်ား၏။ သူမ်ားေတြ ရံုးဆင္းခ်ိန္တုန္းကေတာ့ ရွခ်င္းေဝဆီကို ဖုန္းဆက္ၿပီး အခ်ိန္ပိုဆင္းကာ အလုပ္လုပ္ရမယ့္အေၾကာင္းကို ေျပာထားသည္။ ၿပီးေတာ့ စိတ္မပူဖို႔ႏွင့္ ေစာင့္မေနဖို႔ကိုလည္း မွာခဲ့သည္။

“ ဒါဆို ကြၽန္မ သြားေတာ့မယ္ေနာ္ ”
ထိုင္ခံုခါးပတ္ကို ျဖဳတ္လိုက္ေပမယ့္ လုမန္ မိန္းေမာေတြေဝေနဆဲ ျဖစ္၏။

ဒီလိုနဲ႔ပဲ ဟန္က်ိဳးလီနဲ႔သူမ ေတြ့ၿပီး ရုတ္တရက္ သူ႔ေကာင္မေလး ျဖစ္သြားခဲ့တယ္ေပါ့..

အားလံုးက အိပ္မက္မက္ေနတဲ့အတိုင္းပဲ..

လုမန္ ေတြးလိုက္မိသည္။
ေနာက္မွ သန္႔စင္ခန္းထဲကို သြားၿပီး ကိုယ့္ပါးကိုယ္ ႏွစ္ခ်က္ေလာက္ခ်ၾကည့္ရမယ္ ဒါ အိပ္မက္လား ဆိုၿပီး ..

သူမရဲ့အရင္ဘဝမွာ ဟန္က်ိဳးလီဟာ နတ္ဘုရားတစ္ပါးႏွယ္ျဖစ္၏။ သူမႏွင့္ မတူကြဲျပားေသာ ေလာကတြင္ ရိွေနသည့္ပမာ သူ႔အေၾကာင္းသတင္းေတြကို အင္တာနက္သံုးၿပီးေတာ့ပဲ ရွာေဖြႏိုင္တာျဖစ္သည္။

သစ္လြင္ေသာ အဝတ္အစားေတြႏွင့္ မီးေျပာက္ေတြေအာက္မွာရပ္ၿပီး တစ္ကမ႓ာလံုးရဲ့ေလးစားမႈေတြကို သူ ခံယူေနခ်ိန္မွာ သူမက ေထာင္ထဲတြင္ ေန့တိုင္း ေဖ်ာ္ေျဖေရးခ်ိန္ဟု သတ္မွတ္ေပးထားေသာ အခ်ိန္တိုေလးအတြင္းမွာပဲ သူ႔ကို ျမင္ေတြ့ႏိုင္ေပသည္။

ဒါေပမဲ့ အခုေတာ့ ဒီလူႏွင့္သူမ အတူရိွေနခဲ့ၿပီ..

ျပန္လည္ရွင္သန္လာၿပီးေနာက္ပိုင္း သူမဘဝဟာ အိပ္မက္တစ္ခု၏ အစိတ္အပိုင္းႏွယ္ျဖစ္သည္။ သူမ မႏိုးထခ်င္ေသာ မႏိုးထရဲေသာ အိပ္မက္..

ေတြေဝေငးငိုင္ဆဲႏွင့္ ကားတံခါးကိုဖြင့္ၿပီး အျပင္ထြက္ဖို႔ ျပင္ေတာ့ အေနာက္ကို ရုတ္ျခည္း ျပန္ဆြဲခံလိုက္ရကာ..

“ ဘာေတြေတြးေနတာလဲ ဒီလို စိတ္ေတြကိုယ္မွာမကပ္ေတာ့ေအာင္ ”
ဟန္က်ိဳးလီက လုမန္မိႈင္ေတြေတြေလးျဖစ္ေနတာကို မျမင္ဖူးသလို ေခါင္းငံု႔ၾကည့္သည္။

အရင္ကေျမေခြးေလးက ခုေတာ့ ယုန္ေပါက္ေလးႏွင့္ ပိုတူေနသည္။

လုမန္ ေခါင္းငံု႔ကာ သူမလက္ကို ဆြဲထားသည့္ သူ႔လက္ကို ၾကည့္လိုက္မိ၏။

ၿပီးေတာ့ သူ႔လက္ခံုကို ႏွစ္ခါေလာက္ တို႔ၾကည့္လိုက္ကာ
“ အိပ္မက္မ်ားလားလို႔ ေတြးေနတာပါ ”

ကားထဲမွာ မီးမဖြင့္ထားေပ။ လမ္းမီးတိုင္ကေန လာသည့္ အလင္းေရာင္မိွန္ေဖ်ာ့ေဖ်ာ့ေလးႏွင့္ အနက္ေရာင္ကားျပတင္းမွန္ကေန ေတာက္ပေနေသာ လမင္းဆီမွ လေရာင္ေလးပဲရိွသည္။

ခပ္ငိုက္ငိုက္က်ေနေသာ သူမမ်က္ႏွာေလးက လွပထင္ရွားေနကာ ဟန္က်ိဳးလီ ၾကည့္ၿပီး အသည္းယားသြား၏။

ရုတ္တရက္ သူ႔ထိုင္ခံုခါးပတ္ကို ၫွိလိုက္မိကာ လုမန္ကို လက္တံရွည္ေတြႏွင့္ ဆြဲယူ၍ သူ႔ေပါင္ေပၚမွာ ထိုင္ေစလိုက္သည္။

ထိုအခိုက္ သူ႔လက္တို႔သည္ ခ်ိန္းႀကိဳးမ်ားသဖြယ္ လုမန္ကို တင္းက်ပ္စြာ ရစ္ေနွာင္ရင္း သူ၏ ရင္ခြင္နိဗၺာန္မွာ ေပြ့ဖက္ထိန္းသိမ္းထားေတာ့ေလသည္။

ညက ေမွာင္ေနသလို ကားထဲမွာလည္း အလင္းေရာင္မရိွ။ ဟန္က်ိဳးလီရဲ့ကိုယ္သင္းနံ႔က သူမကို လႊမ္းၿခံဳေနကာ အဝတ္အစားေတြေပၚမွာ ခႏၶာကိုယ္ေပၚမွာ ေနရာတကာမွာျဖစ္၏။

လုမန္ မ်က္ႏွာေလး နည္းနည္း ေမာ့လိုက္ေတာ့ ပန္းပုထုထားသလို ပိရိေသသပ္ေသာ ေမးရိုးကို ျမင္ရသည္။

ထိုကေန ရုတ္တရက္ႀကီး စိတ္ဂနာမၿငိမ္ျဖစ္ကာ လုမန္ သူ႔ကို နမ္းခ်င္လာ၏။

အရင္က ဟဲက်ိန္႔ပိုင္ႏွင့္ တြဲေနတုန္းက ဒီလိုခံစားခ်က္မ်ိဳး မျဖစ္ဖူးသလို ပြတ္သီးပြတ္သပ္ေနခ်င္တာမ်ိဳးလည္း မျဖစ္။

ဟန္က်ိဳးလီႏွင့္က်မွ သူမလည္း ဘာကိုမွမမႈဘဲ ႏွာဘူးလံုးလံုး ျဖစ္ၿပီ ထင္ပါသည္။

ကိုယ့္ဘာသာ ေတြးေနတုန္း အရိပ္တစ္ရိပ္ ေခါင္းေပၚကေန က်ေရာက္လာ၏။

ေနာက္ေတာ့ ႏႈတ္ခမ္းေတြ အနမ္းခံလိုက္ရကာ..

“ အဲ့ဒီလိုမ်ိဳးမၾကည့္နဲ႔ .. ကိုယ္ မင္းကို တကယ္ ေနွာင့္ယွက္မိလိမ့္မယ္ ”
သူမႏႈတ္ခမ္းေတြကို ဖြဖြငံုခဲထားရင္း ဟန္က်ိဳးလီ ထိုသို႔ ေျပာခဲ့၏။

ခုနက သူ႔ကို ေမာ့ၾကည့္သည့္ သူမမ်က္ဝန္းေတြ ေတာက္ပၿပီး တည္ၿငိမ္မႈေပ်ာက္ဆံုးေနခဲ့ျခင္းက သူ႔ဆီမွာ သူမကို ေနွာင့္ယွက္ခ်င္စိတ္ေတြ ျဖစ္ေပၚလာေစ၏။

ထင္သည့္အတိုင္း ဟန္က်ိဳးလီ မခံစားႏိုင္သျဖင့္ သူမႏႈတ္ခမ္းအိမ္ေလးကို အရင္ေနွာင့္ယွက္ဖို႔ ဆံုးျဖတ္ခဲ့သည္။

လုမန္ႏႈတ္ခမ္းေတြကို သူ ဝါးမ်ိဳေနသည္လား မွတ္ရ၏။ ပူပူစပ္စပ္ႏွင့္ ေၾကာက္ဖို႔ေကာင္း၏။ 

ရုတ္တရက္ ဟန္က်ိဳးလီက ကိုက္ပစ္သည္မို႔ ႏႈတ္ခမ္းေတြ နာက်င္သြားသည္။


အခန္း [ ၁၄၅ ]

လုမန္ တအံ့တၾသ ၾကည့္လိုက္မိ၏။ နမ္းတာက နမ္းပါ ဘာကိစၥ ကိုက္ရတာလဲ!! 

သူက သူမႏႈတ္ခမ္းေတြကို တစ္တိတိကိုက္ရင္း တိုးသဲ့စြာ ရယ္သည္။

အသံသည္ သတၲုႏွင့္ ေက်ာက္စိမ္းတို႔ အခ်င္းခ်င္း ထိခတ္မိသည့္ပမာ ထြက္ေပၚခဲ့၏။ ဝင္သက္ထြက္သက္ႏွာေလက သူမႏႈတ္္ခမ္းေတြကေန ခံတြင္းထဲသို႔ တိုးဝင္လုနီး ညင္သာစြာ ျဖတ္တိုက္လ်က္ရိွသည္။

“ နာလား ”
ဟန္က်ိဳးလီမ်က္ဝန္းေတြက လျခမ္းေကြးပမာ။

“ သိခ်င္ ရွင္ ခံစားၾကည့္ပါလား ”
လုမန္ သူ႔ကိုလည္း ကိုက္ပစ္လိုက္၏။

သို႔ေပမယ့္ ဟန္က်ိဳးလီကေတာ့ နာက်င္မႈကို နည္းနည္းမ်ွ မခံစားရေပ။ သူ နာသြားမွာစိုးလို႔ လုမန္က ဖြဖြေလးကိုက္တာျဖစ္၏။

“ နာတယ္ဆိုရင္ အဲ့ဒါ အိပ္မက္မဟုတ္ဘူး ”
ဟန္က်ိဳးလီ သူပဲ အေလ်ွာ့ေပးလိုက္ကာ သူမႏႈတ္ခမ္းေတြကို ျမတ္ျမတ္ႏိုးႏိုး နမ္းလိုက္သည္။

သူ ေထြးေပြ့ထားျခင္းသည္ တင္းက်ပ္ေသာ္ျငား လြန္စြာ ပူသည္။

သူ၏ ရင္ဘတ္ႏွင့္ တံေတာင္ေတြသည္ ေက်ာက္သားကဲ့သို႔ မာေက်ာ၏။

နမ္းသည့္အခါ ျပင္းထန္ၿပီး အထိအေတြ့ကအစ လြန္စြာ လက္ေတြ့က်သလိုခံစားရ၏။ 

ႏႈတ္ခမ္းေတြကို ကိုက္ေတာ့လည္း နာသြားတာက တကယ္ပဲ ျဖစ္သည္။

ဒါ အိပ္မက္မဟုတ္တာကို လုမန္ သိပါသည္။ သို႔ေသာ္ တစ္မ်ိဳးႀကီး ခံစားမိေနတုန္း ျဖစ္ကာ..

အရင္ဘဝက ကံဆိုးခဲ့လြန္းေတာ့ ကံနည္းနည္းတက္လာတဲ့အခါ လန္႔ေနမိတာထင္သည္။

လုမန္ ႏႈတ္ခမ္းေတြ လ်ွာေတြ ပူထူထံုထိုင္းလာသည့္အခါမွ သူက လႊတ္ေပးေလသည္။

ၿပီးေတာ့ ကားကို ေဆးရံုအေဆာက္အဦေရ႔ွသို႔ ေမာင္းသြားလိုက္ကာ သူ႔အေျခအေနသူ ေခါင္းငံု႔ၾကည့္ၿပီး သက္ျပင္းခ်၏။
“ ဒီအေျခအေနႀကီးနဲ႔ အန္တီ့ကိုေတြ့ဖို႔ မေတာ္ဘူးထင္တယ္.. ”

လုမန္ သူ႔ကို လွည့္ၾကည့္လိုက္သည္။

ဟင္..

သူ႔ေဘာင္းဘီတစ္ေနရာမွာ ေတာ္ေတာ္ကို ဖုဖုေဖာင္းေဖာင္း စူထြက္ေနသည္။ လုမန္ မ်က္လံုးေတျြပာကာ ခ်က္ခ်င္းအၾကည့္လႊဲပစ္လိုက္မိ၏။ 

ကားထဲမွ အပူခ်ိန္သည္ ရုတ္တရက္ႀကီး သိသိသာသာ ျမင့္တက္လာခဲ့သလို..။

လုမန္ မ်က္ႏွာေတြပူေနၿပီျဖစ္ကာ ကားတံခါးကို ထြက္ေျပးေတာ့မတတ္ ဖြင့္လိုက္ရင္း.. 
“ အာ့ဆို ကြၽန္မ အရင္သြားႏွင့္ၿပီ ဘိုင့္ဘိုင္ ”

ကားေပၚက ဆင္းၿပီးသည္တြင္ေတာင္ အနက္ေရာင္ ကားျပတင္းေပါက္ကေန ကပ္ပါလာမည့္ဟန္က်ိဳးလီအၾကည့္ေတြကို ခံစားမိသည္။

လုမန္ ႏွလံုးခုန္သံေတြ ကဆုန္ေပါက္သလိုျဖစ္ၿပီး ေဆးရံုထဲသို႔ ေျပးဝင္လိုက္ခ်ိန္မွာ ေျခလွမ္းေတြေတာင္ မွား၏။

ထိုအခ်ိန္မွာ ဟန္က်ိဳးလီက လုမန္ရဲ့ပံုရိပ္ေလး သူ႔ျမင္ကြင္းထဲကေန ေပ်ာက္ကြယ္သြားသည္အထိ ေစာင့္ၾကည့္ေနၿပီးမွ ခ်စ္စႏိုး ၿပံဳးလိုက္သည္။

ထို႔ေနာက္ ေခါင္းငံု႔ၿပီး သူ႔ဟာသူၾကည့္မိျပန္ေတာ့ သက္ျပင္းေတြ ခ်မိေလသည္။ 

သူ ဘာျဖစ္လို႔ လုမန္နဲ႔ဆိုရင္ မခံစားႏိုင္တာလဲ..

***

လူနာခန္းကို လုမန္ ျပန္ေရာက္ေတာ့ ရွခ်င္းေဝက ခုတင္ေပၚမွာ လွဲေနၿပီ ျဖစ္သည္။

တံခါးဖြင့္သံကိုၾကားတာႏွင့္ လွည့္ၾကည့္လာ၏။
“ မန္မန္ ျပန္လာၿပီလား ”

“ ေမေမ မအိပ္ေသးဘူးလား ”
လုမန္က အနားေလ်ွာက္သြားလိုက္ကာ..
“ သမီးက မေစာင့္ဖို႔ ေျပာထားတယ္ မွတ္တာ ”

ရွခ်င္းေဝ ခပ္ျဖည္းျဖည္း ထထိုင္လိုက္သည္။
“ တစ္ေန့လံုး ဘာမွမလုပ္ရဘဲ လွဲပဲလွဲေနရေတာ့ ခုထိ အိပ္ခ်င္စိတ္မျဖစ္ဘူး၊ သမီးကလည္း မျပန္ေသးတာနဲ႔ သမီးအေၾကာင္း ေတြးေနတာ ”

ခုခ်ိန္ လူနာခန္းထဲမွာ သူမတို႔ေတြပဲရိွတာေၾကာင့္ လုမန္ ဒီမွာပဲ အဝတ္လဲလိုက္သည္။

“ ခုမွ ဒုတိယေျမာက္ေန့ပဲရိွေသးတယ္ ဘာျဖစ္လို႔ အလုပ္ေတြသိပ္မ်ားတာလဲ၊ လုပ္ေဖာ္ကိုင္ဖက္ေတြက အႏိုင္က်င့္ေနတာလား ”

“ ဟင့္အင္း .. မစိုးရိမ္ပါနဲ႔ သမီးက ဒီနယ္ပယ္မွာ မကြၽမ္းက်င္လို႔ပါ၊ PR ဌာနမွာ အလုပ္ရတာပဲ ေက်းဇူးတင္စရာ ေကာင္းေနပါၿပီ၊ အဲဒါေၾကာင့္ အရင္ကျဖစ္ခဲ့ဖူးတဲ့ေက့စ္ေတြအားလံုးကို ကိုယ့္ဘာသာ သိေအာင္ လုပ္ၿပီး ေလ့လာေနတာပါ။ သူမ်ားအတြက္ ဝန္ထုပ္တစ္ခုမျဖစ္ခ်င္ဘူးေလ ”

“ ဟုတ္သားပဲ ”
ရွခ်င္းေဝက သံသယမျဖစ္ေပ။
“ ေရွာင္ဟန္လည္း ရိွေနတာပဲကို၊ သူက သမီးအႏိုင္က်င့္ခံရတာကို ေသခ်ာေပါက္ ၾကည့္ေနမွာ မဟုတ္ဘူး ”

လုမန္ ထူးဆန္းသည္ထင္၏။ ရွခ်င္းေဝက ဟန္က်ိဳးလီနဲ႔ ႏွစ္ခါလား ေတြ့ရေသးတာ.. ဘာျဖစ္လို႔ ဒီေလာက္ေတာင္ ယံုၾကည္ေနရတာလဲ ?

***

ေနာက္တစ္ေန့ လုမန္ အလုပ္သြားခဲ့သည္။ ထံုးစံအတိုင္း ယဲ့ေရွာင္ရွင္းက ဖိုင္ေတြအထပ္လိုက္ ထပ္ေပးလာျပန္၏။ 

ယဲ့ေရွာင္ရွင္းႏွင့္ သိုက္ယီးရန္တို႔သည္ လုမန္ တုလင္းကိစၥအတြက္ အဆိုျပဳလႊာေရးဖို႔ စဥ္းစားခ်ိန္မရေအာင္ လုပ္ေနသကဲ့သို႔ မ်က္ႏွာေပၚတြင္ ဘဝင္ခိုက္ေနသည့္ အၾကည့္ေတြရိွေနသည္။

သို႔ေသာ္ သူ႔တို႔အဖို႔ သိကၡာက်ေသာ အလုပ္ျဖစ္ေနႏိုင္သည့္ သည္ဖိုင္ေတြအားလံုးသည္ လုမန္အဖို႔ေတာ့ အေရးပါအရာေရာက္ေသာ ေလ့လာစရာ အခြင့္အလမ္းေတြ ျဖစ္ေနခဲ့၏။

ၿပီးေတာ့ သူမက သူတို႔လုပ္ငန္းခြင္နယ္ပယ္က မဟုတ္သျဖင့္ ဗဟုသုတႏွင့္ကြၽမ္းက်င္မႈပိုင္းမွာ ဟာေနတာေတြရိွသည္။ ထို႔ေၾကာင့္ ဒီဖိုင္ေတြဟာ အခ်ိန္တိုအတြင္း ဒီနယ္ပယ္အေၾကာင္းကို သိျမင္ႏိုင္ဖို႔ရာအတြက္ အေကာင္းဆံုးျဖစ္၏။ 

ဒါေပမယ့္ ယဲ့ေရွာင္ရွင္းႏွင့္ သိုက္ယီးရန္တို႔မွာ ၾကာၾကာ စိတ္ႀကီးမဝင္လိုက္ရ၊ က်န္႔ထ်န္းမင္က ေနာက္ထပ္ဖိုင္ေတြႏွင့္ ေရာက္ခ်လာသည္။

ဟယ္လို အဲဗရီးဘာဒီ ဂရုဝင္ခ်င္ စီဘီ အပ္ုဒိတ္ကေတာ့ လိပ္ပါ 🤡

*****

Ga verder met lezen

Dit interesseert je vast

19.9K 1.2K 69
绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်​​ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖ...
57.8K 3.2K 17
Kim Taehyung is your gay bestfriend. But he's always there for you He's there to help you fight your trauma. He's there to protect you. What if, one...
79.1K 995 35
The war with Gaea is over, but the quests are not, join our favorite heroes on a quest that may save or destroy the demigods' world as they know it...
1.8M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...