Match Made In Clouds

By TayDiDi

2.6M 184K 26.9K

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... More

Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details

Ep 21 (Z)

11.6K 403 8
By TayDiDi

"so sweet ရေ အဖေကြီးခေါ်နေတယ်"

"ဗျာ ဟုတ်"

မမကေသာက အာကာ့ရုံးခန်း တံခါးကို လာခေါက်ပြီး ပြောသွားသဖြင့် အာကာ အဖေကြီးရဲ့ အခန်းဆီသို့ ထွက်လာခဲ့သည်... အခုဆို အာကာက Full Time အလုပ်ဝင်နေပြီဖြစ်၍ လေးမောင်နဲ့ ကပ်လျက်အခန်းမှာ နေရာလုပ်ပေးထားကြသည်...

"ဒေါက် ဒေါက် ဒေါက်"

"Boss ခေါ်တယ်ဆို"

အာကာက အဖေကြီးကို တစ်ခါတလေ စနောက်ပြီး Boss ဟု ခေါ်တတ်သည်...

"သားလေး လာဦး ဒီညနေ ရုံးစောစောဆင်းလိုက်... ငြိမ်းကို ခေါ်ပြီး အဖေကြီးအသိ ဆရာဝန်နဲ့သွားတွေ့လိုက်"

အဖေကြီးက အံဆွဲထဲမှ လိပ်စာကတ် တစ်ခုကို ထုတ်ယူပြီး အာကာ့ထံသို့ ကမ်းပေးလာသည်... အစ်ကိုနဲ့ လက်မထပ်ခင် နှစ်ယောက်လုံး လိုအပ်မဲ့ ဆေးစစ်မှုတွေ လုပ်ရမည်ဟု အဖေကြီးနဲ့ လေးမောင်က မှာထားသည်...

"ဆေးစစ်ဖို့လား အဖေကြီး"

"အေး...ဆေးစစ်တာရယ်...ပြီးတော့ တစ်ခြား ဆောင်းရန် ရှောင်ရန် ဗဟုသုတတွေ သူပြောပြလိမ့်မယ်... သူက US မှာဘွဲ့ယူရင်း Homosexual နဲ့ ပတ်သက်တဲ့ စာတမ်းပြုစုလာတာ"

"ဟုတ်"

"အေးအေး... ငြိမ်းကို သေချာ ရှင်းပြပြီးမှ ခေါ်သွား...ဒေါက်တာ့ကို အဖေကြီးပြောထားပြီးသား"

"Yes Boss...Love u ... မွ မွ"

"အာ...ဒီကောင်ကတော့"

အာကာ အဖေကြီးကို စနောက်ပြီး အခန်းထဲမှ ထွက်လာရင်း ရင်ထဲမှာ နွေးထွေးစွာခံစားနေရသည်... အဖေကြီးက အာကာ့ကို သားသမီးတွေထဲမှာ တစ်ဦးတည်းသော သားယောက်ကျားလေး ရှားရှားပါးပါး မွေးထား၍ ဟိုလိုဖြစ်ရမယ် ဒီလိုဖြစ်ရမယ် ဆိုပြီး ထိန်းချုပ်ထားတာမျိုး မရှိခဲ့ပေ... အာကာ့ရဲ့ ဖြစ်တည်မှုကို နားလည်လက်ခံပေးပြီး အမေ့ကိုပါ နားလည်အောင် နားချပေးခဲ့သည်... ဒီလိုလက်ခံပေးဖို့က အဖေကြီးအတွက် လွယ်ကူနေခဲ့တာ မဟုတ်မှန်း အာကာ သိပါသည်... အဖေကြီးလည်း အနည်းနဲ့ အများတော့ စိတ်ထိခိုက်ခဲ့ရပေလိမ့်မည်...

ဘာပဲဖြစ်ဖြစ် လက်ခံပေးပြီးတဲ့နောက်မှာတော့ ရှေ့ဆက်လျှောက်ရမည့်လမ်းကို အမှန်ဆုံးနဲ့ အဖြောင့်ဖြူးဆုံးဖြစ်အောင် အဖေကြီးတို့က အားထုတ်ပေးကြရှာသည်... အခုလို ဆရာဝန်နဲ့ သွားတွေ့ရမည့် ကိစ္စတွေအထိ မအားတဲ့ကြားက အလေးပေးပြီး လုပ်ပေးကြသည်... မင်းတို့ဖြစ်တည်မှုကိုနားလည်တယ်ကွာ ဆိုပြီး ပြီးပြီးရော နားလည်ပေးတာမျိုးမဟုတ်ဘဲ ပုံမှန်သဘာဝမဟုတ်တဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လို့ လိင်မှုကိစ္စ ဆောင်ရန် ရှောင်ရန်တွေအထိပါ စဉ်းစားပြီး ပံ့ပိုးကူညီပေးကြသည် အထိ Open Minded ဖြစ်ကြသည့် အတွက် အာကာ တကယ်ကို လေးစားကျေးဇူးတင်မိရပါ၏...

ညနေရောက်တော့ အစ်ကို့ရုံးကို လိုက်ပို့ဖို့ မမကေသာကို အပူကပ်ရသည်... ကား တစ်ယောက်တစ်စီး မောင်းနေဖို့က အဆင်မပြေသဖြင့် အစ်ကို့ဆီရောက်မှ အာကာက အစ်ကို့ကားကို ယူမောင်းတော့မည်...

"မမကေသာ သားကို N Asia လိုက်ပို့ပေးပါဦး ပြီးရင် ကားပြန်ယူသွားလေ"

"Grab ခေါ်သွားပါလား"

"အာ...ကားရှိနေတဲ့ဟာကို ပြီးတော့ မမကေသာ တစ်ယောက်လုံး အားနေတာပဲ"

"အောင်မာ ငါ အားနေတယ်လို့ မင်းကို ဘယ်သူပြောလဲ"

"အဲ့ဒီမှာ ဖုန်းကြည့်ပြီး မျက်နှာကြီးပြုံးဖြီးနေကတည်း Youtube ကြည့်ပြီး အားနေမှန်းသိတယ်"

"ငါ့ဟာငါ ဘဲ နဲ့ chat နေတာလဲ ဖြစ်နိုင်တာပဲလေ"

"ဟွန်...မမကေသာ ဘဲက ဒီတစ်သက်ရဦးမှာမလို့လား"

"အောင်မာ ငါက မလိုချင်သေးလို့ မရွေးတာပါနော်... ဒီမှ ကေသာကြည်ညွှန်း တို့ကလေ မျက်စိတစ်ဖက် မှိတ်ပြလိုက်တာနဲ့ "

"တစ်ခြမ်း မှောင်သွားတာပေါ့"

"ကျစ်! သေလိုက်လေ"

"အဟားဟား... ကဲပါဗျာ လိုက်ပို့ပါဆို... ဟိုမှာ အစ်ကိုက စောင့်နေပြီ"

အာကာ မမကေသာကို အတင်းဆွဲခေါ်လာပြီး အစ်ကို့ဆီ လိုက်ပို့ခိုင်းရသည်... အစ်ကို့ ရုံးခန်းထဲဝင်လိုက်တော့ အာကာရဲ့ တိမ်စိုင်ခဲလေးက ထုံးစံအတိုင်း ဖြူလွှလွှလေးနဲ့ ပြေး၍ ထွေးပွေ့ချင်စရာအတိ... အာကာက အစ်ကို့ အလုပ်စားပွဲနားသွားပြီး ပါးတစ်ဖက်ကို ငုံ့နမ်းပစ်လိုက်သည်...

"ရွှတ်!"

"အာကွာ...ရုံးခန်းကြီးထဲမှာ လာလုပ်ပြန်ပြီ"

"အစ်ကိုကကွာ... အဲ့ဒါဆို ဘယ်နားမှာ လုပ်ရမှာတုန်း အိမ်မှာလဲ လုပ်လို့မရဘူး... အိမ်မှာဆိုပိုဆိုးသေး နဂါးဂဠုန် ကုမ္မာန်ယက္ခ တွေစောင့်ကြပ်နေသလိုပဲ အနားကပ်ဖို့တောင် မလွယ်ဘူး"

"မင်းအပြစ်နဲ့ မင်းလေ... မင်းကို ဘယ်သူက ကွန်ဒုံးတွေ ပါကင်လိုက်ကြီး ဝယ်ခိုင်းလို့လဲကွ"

"ကျစ်! အဲ့ဒါ နောက်ဆို ခဏခဏ ဝယ်နေရမှစိုးလို့ ကွာလတီကောင်းတာလေး ရတုန်း ကြိုဝယ်ထားတာကို"

အစ်ကိုက အာကာ့ကို မျက်မှောင်ကျုံ့၍ ကြည့်လာသည်... ဟိုနေ့က အာကာ့ကျောပိုးအိတ်ထဲက ကွန်ဒုံးဗူးတွေ အထပ်လိုက်ကြီးတွေ့သွားပြီးကတည်းက အာကာ့မှာ အစ်ကို့နားပင် သေချာမကပ်ရတော့ပေ... အိမ်က လူတွေလုပ်ပုံက မသိရင် အာကာကပဲ လူဆိုးကောင်ကြီးလိုပင်...

"အဟင်း... အဲ့လို မျက်ခုံးတွေကိုကျုံ့ပြီး လူကိုလာလာမကြည့်နဲ့နော်"

"ကြည့်တော့ ဘာဖြစ်လဲ"

"သိချင်လား အခု"

အာကာက အစ်ကို့ရဲ့ စားပွဲပေါ်မှာ ဝင်ထိုင်လိုက်ပြီး အစ်ကို့မျက်နှာလေးကို ဆွဲမော့ပစ်လိုက်သည်... ပါးနှစ်ဖက်ကို လက်နှင့်ညှပ်ပြီး ညှစ်လိုက်တော့ နှုတ်ခမ်းလေးက စူထွက်လာသည်...

"ပြွတ်!"

"အွန်း! ဖယ်ပေး"

"ကြည့်ဦးမလား နောက်တစ်ခါ... ဟော... ကြည့်နေပြန်ပြီ... ငြိမ်းအေးအိမ်ကလေးက လူကို မကြောက်ဘူးပဲ"

အာကာက နောက်တစ်ကြိမ် အစ်ကို့မျက်နှာကို ဆွဲယူရန်ပြင်လိုက်တော့ အစ်ကိုက ဖြတ်ခနဲ အာကာလက်ကို ဖမ်းဆွဲကာ ကိုက်ချပစ်လိုက်သည်...

"အား!!! တကယ်ကြီး ကိုက်တယ်"

"အဲ့ဒါ လာလုပ်ချင်ဦး"

"ကျစ်! သားပေါက်လေး နဲ့ ဘာတော်လဲ မသိဘူး"

"မင်း နော်"

အာကာ က အစ်ကို့စားပွဲမှ ထကာ ဆိုဖာခုံရှည်ပေါ်တွင်သွား၍ လှဲအိပ်နေလိုက်သည်... သွားရာ အကွင်းလိုက် ထင်နေသော လက်မအောက်နားကို ဓာတ်ပုံရိုက်ပြီး My day မှာ တင်ကာ အစ်ကို့ acc ကို mentioned လိုက်သေးသည်... ဓာတ်ပုံအောက်မှာ ရေးထားသည့်စာက...

[သတိ! မနမ်းရ... အချစ်က ကိုက်တတ်သည်]

ခဏကြာတော့ အစ်ကိုက သူ့အလုပ်တွေ လက်စသတ်ပြီး အာကာ့နား ရောက်လာသည်...

"so sweet ထလေ သွားရအောင်"

အာကာက မကြားချင်ယောင်ဆောင်ကာ မျက်လုံးတွေကိုမှိတ်ထားလိုက်သည်... အစ်ကိုက အာကာလှဲနေသောခုံတွင် ကပ်ထိုင်လာပြီး အာကာ့လက်တွေကို လာဆွဲသည်...

"နောက်ကျနေမယ်လေကွာ"

"............"

"လက်ပြဦး...နာနေသေးလား"

အစ်ကိုက အာကာ့လက်ကိုဆွဲယူပြီး သူကိုက်ထားသော နေရာကို ဖွဖွပွတ်ပေးသည်... အာကာမျက်လုံးတွေကိုဖွင့်ပြီး အစ်ကို့ကို ရှုတည်တည်နှင့် ကြည့်လိုက်သည်...

"နာလား"

အာကာက ဘာမှပြန်မပြောပဲ အစ်ကို့ကိုပဲ စိုက်ကြည့်နေတော့ အစ်ကိုက တစ်ချက်ပြုံးလိုက်သည်... ထို့နောက့် အာကာ့မျက်နှာနားသို့ ငုံ့ကိုင်းလိုက်ပြီး...

"ပြွတ်!"

အာကာ့ နှုတ်ခမ်းတွေကို ငုံ့နမ်းလာသော အစ်ကို့ကို အာကာက ဖမ်းဆွဲကာ ချုပ်ထားလိုက်ပြီး အနမ်းတို့ကို ရှေ့ဆက်လိုက်သည်... တစ်ချက်လေး နမ်းပြီး လာချော့တာမျိုးကို လွှတ်ပေးလိုက်ရင် အာကာကြည်ညွှန်းတို့ ရာဇဝင် ရိုင်းသွားမှာပေါ့...

"အွန်း"

အစပိုင်းမှာတော့ အစ်ကိုက အာကာ့ရင်ဘတ်ကို လက်နှင့် တွန်းထောက်ထားပြီး ရုန်းသော်လည်း အာ့ကာရဲ့ မျက်ဝန်းတွေကို မြင်တော့ ငြိမ်သွားပြီး မျက်လုံးလေးမှိတ်ပေးလာသည်... ဒီလို အလိုလိုက်မှုလေးတွေကြောင့်ပဲ အာကာက အချစ်ပိုရပါသည်... နူးညံ့နွေးထွေးတဲ့ တိမ်ညွှန့်တိမ်လိပ်လေးကို အရသာခံရင်း ဒီတိမ်စိုင်ခဲလေးကို အာကာ့မှာ ထားစရ နေရာ မရှိတော့ပေ...

"ပြွတ်! ပြွတ်!"

"ဒေါက် ဒေါက် ဒေါက်! ကိုငြိမ်း အပြင်သွားစရာရှိတယ်ဆိုလို့... အဲ! ဆော...ဆောရီး"

"အင့်! so sweet! ဖယ်... ဖယ်တော့"

"အဟားဟား...ဖယ်ရမှာက အစ်ကိုလေ...အစ်ကိုက ကျွန်တော့အပေါ်မှာ ဖိထားပြီးတော့"

"ကျစ်!"

"ဘုန်း!"

"အ!"

အာကာ့ အပြောကြောင့် အစ်ကိုက အာကာ့ရင်ဘတ်ကို ဘုန်းခနဲနေအောင် ထုပစ်ပြီးမှ ထသွားသည်...

"အဟင်း... အစ်ကိုက မကောင်းဘူးဗျာ ကျွန်တော့်ကို ရုံခန်းထဲခေါ်ပြီး အတင်းချုပ်နမ်းတယ်... ကိုသီဟတောင် တွေ့သွားပြီ"

အာကာ က ထိုသို့ပြောတော့ မျက်ခုံးတန်းတွေကို အစွမ်းကုန် တွန့်ချိုးထားသူလေးက စားပွဲပေါ်မှ ဖုန်းနှင့် ပိုက်ဆံအိတ်တို့ကို ယူကာ အာကာ့ကို လက်ခလယ် တစ်ချောင်းထောင်ပြပြီး ထွက်သွားသည်...

"ဟာ!"

ရုံးခန်းထဲမှာ နမ်းနေကြတာ လူမိသွားလို့ အာကာ့ကို စိတ်ပေါက်ပေါက်နှင့် လုပ်ပြသွားပုံရသည်...တစ်ခါမှ မမြင်ဖူးခဲ့သည့် ထိုပုံစံလေးကြောင့် အာကာ့မှာ အသည်းတွေ အူတွေ ကလိကလိနှင့်ဖြစ်သွားရပြီး ထိုင်နေရာမှ ဝုန်းခနဲထကာ အစ်ကို့နောက်ကိုပြေးလိုက်သွားရသည်...

"နေဦး! ဟိတ်! အဟားဟား... အဲ့ဒါ ဘာလုပ်ပြသွားတာလဲ... ဟမ်... ဘာလုပ်ပြတာလဲ လို့... ငြိမ်းအေးအိမ်"

"ကျစ်! လာမထိနဲ့ ဖယ်!"

အာကာက သူ့လက်ကို အတင်းလိုက်ဆွဲနေတော့ တွန်းထုတ်သည်... ရုံးခန်းအပြင်ဘက်မှာ တွန်းထိုးကျီစယ်နေကြတော့ ဝန်ထမ်းတွေက ကွက်ကြည့် ကွက်ကြည့် ဖြစ်ကုန်သဖြင့် အာကာက ငြိမ်ပြီး အလျှော့ပေးလိုက်ရသည်...

"အဟင်း... လူတွေနဲ့မို့လို့နော် မဟုတ်လို့ကတော့ အဲ့ဒီပါးနှစ်ဖက်လုံး ရဲတွတ်သွားအောင်ကို ဆွဲနမ်းပစ်မှာဗျ"

အာကာက အစ်ကို့ နားနားကို ငုံ့ကိုင်းပြီး တိုးတိုးပြောလိုက်တော့ နဂါးမျက်စောင်း တစ်ချက်က ဒိုင်း ခနဲ...

ငြိမ်းအေးအိမ်လေးက လူကို ရူးအောင်ပြုစားနိုင်လွန်းလှသည်...

............................................................................

"ငါ့ညီတို့ လာ...ထိုင်ကြ"

"ဟုတ်ကဲ့ ဒေါက်တာ"

"အစ်ကိုက ဒေါက်တာ စောနေဒွန်း ပါ"

"ဟုတ်ကဲ့ ဒေါက်တာ အဖေကြီးက ပြောပြထားပါတယ်... ကျွန်တော်က အာကာကြည်ညွှန်းပါ.. ဒီဘက်က ကျွန်တော့် အမျိုးသား ကိုငြိမ်းအေးအိမ်ပါ... ကျွန်တော်တို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"မဟုတ်တာ... အန်ကယ်လ် ဦးကြည်ညွှန်းနဲ့ အစ်ကိုက တော်တော်လေး ရင်းနီးပါတယ်... ကိုယ့်အစ်ကိုလိုပဲ သဘောထားကြ ဟုတ်ပြီလား"

ဒေါက်တာစောနေဒွန်းက အသားလတ်လတ် ဒေါင်ကောင်းကောင်းနဲ့ လူချောတစ်ဦးဖြစ်ပြီး အသက် ၃၅ ဝန်းကျင်ခန့် ရှိသည်... အာကာတို့ကို သူ့အလုပ်စားပွဲရှေ့မှာ နေရာပေးပြီး ဖော်ဖော်ရွေရွေ နှုတ်ဆက်သည်...

"ငါ့ညီတို့ နှစ်ယောက်လုံးက အချောတွေပဲကွ... အဟားဟား... အစ်ကိုတို့ ပွင့်ပွင့်လင်းလင်းပဲ အရင် ဆွေးနွေးကြမယ်... ပြီးတော့မှ လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်ကြမယ်...ဟုတ်ပြီလား"

"ဟုတ်ကဲ့ဗျ"

ဒေါက်တာစောနေဒွန်းက ချီးကျူးတော့ အစ်ကိုက ရှက်အမ်းအမ်းလေးဖြင့် ပြုံးနေသည်... ဒေါက်တာက ဖိုင်တွဲတစ်ခုကို စားပွဲပေါ်တင်လိုက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်...

"အခုခေတ်က အစ်ကိုတို့မြန်မာနိုင်ငံမှာလည်း social media တွေကနေတဆင့် ပွင့်လင်းမြင်သာမှုတွေရှိလာပြီဆိုတော့ Homo အတွဲလေးတွေ ရှိတာ တော်တော်များလာကြတယ်နော်"

"ဟုတ်တယ် ဒေါက်တာ"

အာကာက အစ်ကို့လက်ကို စားပွဲအောက်ကနေ ဆွဲယူဆုပ်ကိုင်ပြီး ပေါင်ပေါ်တင်ထားလိုက်သည်...

"တစ်ခုတော့ကောင်းပါတယ် ရှေးရိုးစွဲတစ်ချို့ကလွဲလို့ တော်တော်များက LGBTQ ကို နားလည်လက်ခံလာကြပြီဆိုတော့ ဖြစ်တည်မှုတွေကို ချုပ်တီးပြီး ဘဝကို ချိုးနှိမ်ထားစရာမလိုတော့ဘူးပေါ့လေ"

"ငါ့ညီတို့ကတော့ မိသားစုရဲ့ ပံပိုးပေးမှုပါ ရထားတော့ ပိုပြီး ကံကောင်းတာပေါ့ကွာ... အန်ကယ်လ် ဦးကြည်ညွှန်းရော ဦးမောင်မောင်မျိုးဆွေရောက တကယ်လေးစားစရာ ကောင်းတဲ့ မိသားစုဝင်တွေပါ... ဟိုအရင်ရက်တွေကတည်းက အစ်ကို့ဆီ ခဏခဏ လာပြီး ငါ့ညီတို့ နှစ်ယောက် အတွက် ဆွေးနွေးကြတယ်"

အာကာဆုပ်ကိုင်ထားသော အစ်ကို့လက်ကလေးက တင်းနေအောင် ပြန်လည်ဆုပ်ကိုင်လာသည်...

"ဒါ သိပ်ကိုကောင်းတယ်... ဒီလိုမျိုး ကျန်းမာရေးဗဟုသုတ အတွက် မိဘဆွေမျိုးတွေပါ ပါဝင်လာတာ သိပ်ကို လိုအပ်တယ်... အခု အစ်ကိုတို့ ဆီက Homo အတွဲလေးတွေ တော်တော်များများက တွဲသာတွဲနေကြတာ ဒီလိုမျိုး ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ကြဖို့ကို ရှက်ကြောက်ကြတယ်... သူတို့မိသားစု ပတ်ဝန်းကျင်ကြောင့်လဲ ပါမှာပေါ့လေ"

"ဟုတ်ပါတယ် ဒေါက်တာ... ပြီးတော့ ကျွန်တော်တို့ဆီမှာ ဒီလိုမျိုး ကိစ္စတွေအတွက် ဆွေးနွေးတိုင်ပင်လို့ရတဲ့ ဆရာဝန်ရှားပါးတာလဲ ပါပါတယ်"

အစ်ကိုက ဒေါက်တာစောနေဒွန်းရဲ့ စကားကို ထောက်ခံသည်...

"ဒါပေါ့ ဒါပေါ့... အစ်ကိုတို့ ဆရာဝန်တွေအနေနဲ့လည်း LGBTQ အသိုင်းဝိုင်းအတွက် အထောက်အကူပြုပေးနိုင်ဖို့တွေ အများကြီး လိုအပ်နေပါသေးတယ်"

"အစ်ကိုတို့ အကြမ်းဖျင်း ပြောရရင် အစ်ကို လွန်ခဲ့တဲ့ ၅ နှစ်က Indiana University Bloomington မှာ Homosexual နဲ့ ပတ်သက်ပြီး စာတမ်းတစ်ခုလုပ်ခဲ့ရတယ်... အဲ့ဒီမှာ ကောက်ယူထားတဲ့ စစ်တမ်းတွေအရဆိုရင် လိင်တူစုံတွဲပဲဖြစ်ဖြစ် လိင်ကွဲစုံတွဲပဲဖြစ်ဖြစ် အချစ်နဲ့ ပတ်သက်ပြီး ခံယူချက်...စိတ်ပိုင်းဆိုင်ရာ လူမှုရေးရှုထောင့်တွေက အားလုံးအတူတူပဲ"

"လိင်တူမလို့ ထူးခြားပြီး ကွဲထွက်နေတာမျိုးတွေမရှိဘူး... ပြီးတော့ အခုလိုမျိုး လိင်တူချစ်ကြိုက်နေတာတွေက အခုမှ ပေါ်လာကြတာမဟုတ်ဘူး ဟိုးလွန်ခဲ့တဲ့ 18th 19th ရာစုလောက်ကတည်းက ရှိခဲ့ကြတာ... အဲ့ဒါတွေကို ဘယ်လိုသိခဲ့ကြတာလဲဆိုတော့ Gay Literature ဆိုတာတွေကနေပေါ့... Indiana University မှာ ပြထားတာရှိတယ် တရုပ်လူမျိုး လူငယ်နှစ်ယောက် လက်ဖက်ရည်သောက်ရင်း စာပေဖတ်ရင်း လိင်တူဆက်ဆံနေတဲ့ ပန်းချီပုံကို ပိုးထည်ပေါ်မှာ Paint လုပ်ထားတာ"

အာကာ အစ်ကို့ကို မသိမသာ စောင်းငဲ့ ကြည့်လိုက်တော့ နားသယ်စပ်လေးတွေနဲ့ နားရွက်ဖျားလေးတွေက ရဲနေပြီဖြစ်သည်...

အာကာ့ရဲ့ အိမ်ကလေးက ရှက်နေပြီ...

ဒေါက်တာစောနေဒွန်းက သဘောပေါက်စွာ ပြုံးလိုက်ပြီး...

"ငါ့ညီတို့ စိတ်ကိုနည်းနည်းဖွင့် ထားနော်... အစ်ကို အခုပြောနေတာတွေက အစပဲရှိသေးတာ... နောက်ထပ်နည်းနည်း deep ဖြစ်တာတွေ လာဦးမှာကွ"

"အဟား... ရပါတယ် ဒေါက်တာ... ကျွန်တော်တို့ အကုန်ပွင့်ပွင့်လင်းလင်း သိချင်ပါတယ်"

အာကာက ပြန်ဖြေလိုက်ပေမဲ့ အစ်ကိုက ခေါင်းလေးပဲ ညိတ်ပြသည်...

"အိုခေ... ဒါဆိုပြောကြတာပေါ့... ဒါနဲ့ နှစ်ယောက်က Role အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးကြပြီလား မသိဘူး"

ရုတ်တရက် ဒေါက်တာ့ အမေးကြောင့် အာကာတို့နှစ်ယောက် ကြောင်အသွားကာ...

"အာ... အဲ့ဒါကလေ...ဟို..."

"အိုခေ အိုခေ... no problem... အစ်ကိုက နှစ်ယောက်လုံးအတွက်ပဲ ခြုံပြီးရှင်းပြလိုက်မယ် နောက်မှ အေးအေးဆေးဆေး ဆွေးနွေးကြပေါ့"

"ဟုတ်ကဲ့ ဒေါက်တာ"

"အိုခေ...အစ်ကိုတို့ ဘာလို့ဆေးစစ်ဖို့လိုလဲဆိုရင် မလိုလားအပ်တဲ့ ရောဂါတွေ ပြဿနာတွေမဖြစ်အောင်လို့ပဲ... ဒါက လိင်တူစုံတွဲမှ မဟုတ်ဘူး...သာမာန် normal စုံတွဲတွေလဲ ဆေးစစ်သင့်တယ်"

"အဓိက စစ်ရမှာကတော့ HIV test နဲ့ ကာလသားရောဂါပိုး တွေပေါ့... နောက်တစ်ခု အရေးကြီးတာက Bottom လေးတွေအတွက် IBS test စစ်ရမယ်... အရှည်ကောက်ဆိုရင်တော့ Irritable Bowel syndrome လို့ခေါ်တယ်... အူမကြီး နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ ပြဿနာရှိမရှိပေါ့... ဘာလို့ဆို လိင်တူအမျိုးသားတွေ လိင်ဆက်ဆံတဲ့အခါ anus ကနေတဆင့် အူလမ်းကြောင်းကို အသုံးပြုရမှာမလို့ပဲ"

အစ်ကိုက ဒေါက်တာ့စကားကို စူးစူးစိုက်စိုက်ကလေးနှင့် စိတ်ဝင်တစား နားထောင်နေသည်...

"အကယ်၍ Bottom လေးတွေမှာ IBS လို့ခေါ်တဲ့ အူမကြီး နဲ့ အူလမ်းကြောင်း ပြဿနာ ရှိခဲ့ရင် လိင်မှုကိစ္စတွေမှာ ကိုယ်တိုင်လည်း မသာယာနိုင်သလို ကိုယ့်အိမ်ထောင်ဖက်ကိုလည်း သာယာမှုပေးနိုင်မှာ မဟုတ်ဘူး"

"လိင်တူဆက်ဆံကြတဲ့ အမျိုးသားစုံတွဲတွေမှာ Bottom တွေက တကယ့်ကိုပဲ စိတ်ရှည်ရှည်လေးနဲ့ ဆောင်ရန်ရှောင်ရန်တွေ လုပ်ရမှာ ပိုများတယ်... အထူးသဖြင့် ကိုယ့်အဖော်ရဲ့ ကြင်နာယုယမှုနဲ့ ဂရုစိုက်ပေးမှုကို တကယ်လိုအပ်တယ်"

"ဆောင်ရန် ရှောင်ရန်တွေက အရမ်းများလား ဒေါက်တာ"

အာကာက မေးတော့ ဒေါက်တာစောနေဒွန်းက ခေါင်းညိတ်သည်...

"အစ်ကို step by step ပြောပြမယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့"

"အရင်ဆုံး Bottom လေးတွေအတွက် သန့်ရှင်းရေး လုပ်ရမဲ့ step က အရမ်းအရေးကြီးတယ်... အဲ့ဒါကို Douching လုပ်တယ်လို့ခေါ်တယ်... လိင်ဆက်ဆံမှု မပြုလုပ်ခင်မှာ အူနံရံနဲ့ အူလမ်းကြောင်းကို သေချာသန့်ရှင်းအောင် ရှင်းလင်းထားဖို့လိုတယ်... သန့်ရှင်းနေမှ ကိုယ်တိုင်လဲ confidence ရှိပြီး ကောင်းမွန်တဲ့ သာယာမှုကို ရနိုင်မှာပေါ့ကွာ"

"အဲ့ဒီလို သန့်ရှင်းတဲ့နေရာမှာ သဘာဝနည်းနဲ့ Fiber အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို ရွေးချယ်ပြီး နေ့ တိုင်းစားပေးရမယ်... အဓိကက ဝမ်းသွားတဲ့ အခါမှာ လျှောလျှောရှူရှူနဲ့ အကုန်ထွက်သွားဖို့ပဲ... Fiber ပါတဲ့ အစားအစာအပြင်ကို Dietary supplements တွေလဲ တွဲပြီး သောက်ပေးရတယ်... အဲ့ဒါတွေက အူလမ်းကြောင်းကို အလွယ်တကူရှင်းလင်းဖို့ ကောင်းကောင်း အထောက်ကူပြုတယ်"

"ဟုတ်ကဲ့ ဒေါက်တာ"

"နောက်တစ်ခု အရေးကြီးဆုံးက လိင်ဆက်ဆံမှု မလုပ်ခင်မှာ Anal Douching လုပ်တာပဲ"

ဒေါက်တာက သူ့အံဆွဲထဲမှ မီးလုံးပုံ ရာဘာလုံးလေးထိပ်မှာ အတံရှည်ရှည်လေးပါတဲ့ ကျုလေးတစ်ခုကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်...

"ဒါလေးကို Enema Bulb လို့ခေါ်တယ် ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတယ်... ဒါကို ဆေးလောကမှာတော့ အူလမ်းကြောင်းကို Anus ကနေတဆင့် မှန်ပြောင်းကြည့်ရမဲ့ လူနာတွေ သန့်ရှင်းရေး လုပ်တဲ့ အခါမှာလဲ သုံးကြတယ်"

"ဒါ ဘယ်လို သုံးရလဲ အစ်ကိုပြပေးမယ်... Anal Douching လုပ်ဖို့ ဒါလေးရယ် နောက်ပြီးတော့ water base ပါတဲ့ Lubricant ရယ် လိုတယ်"

"သြော်... ဒါမလုပ်ခင် အရင် အိမ်သာသွားထားနော် Poop Poop အရင်လုပ်ထား"

ဒေါက်တာ့ အပြောကြောင့် နှစ်ယောက်လုံးရယ်မိကြသည်... ဒေါက်တာက နေရာမှ ထကာ စားပွဲဘေးရှိ လက်ဆေးဘေစင်သို့ သွားလိုက်သည်... ထို့နောက် Enema Bulb လေးရဲ့ ထိပ်ကိုလှည့်ပြီး ဖွင့်လိုက်သည်...

"အိုခေ အစ်ကိုတို့ အရင်ဆုံး ဒီထဲကို ရေနွေးနွေးလေးထည့်ရမယ်... ပြည့်အောင် ထည့်လိုက်... ပြီးရင် အဖုံးပြန်တပ်... ပြီးရင် water base lubricant ကို ဒီ ကျုအတံလေးပေါ်မှာ သုတ်လိမ်းလိုက်"

"ပြီးရင် အိမ်သာမှာ ထိုင်လိုက်ပြီးတော့ Anus ထဲကို ဖြည်းဖြည်းချင်းသွင်း... ဒီအတံတစ်ဆုံးထိ သွင်းစရာမလိုဘူးနော်.... လက်နှစ်ဆစ်လောက်ဝင်ရင်ရပြီ... ပြီးရင် ဒီလိုမျိုး ညှစ်ပြီး ရေတွေ အူလမ်းကြောင်းထဲဝင်သွားအောင် ပန်းထည့်"

ဒေါက်တာက ရေဖြည့်ထားသော ရာဘာလုံးကို ထောင်လျှက် ကိုင်ပြီး ရေတွေကို ညှစ်ထုတ်ပြသည်...

"အိုခေ ဒီလိုမျိုးညှစ်ထုတ်လိုက်လို့ ရေတွေ ကုန်သလောက် အထဲဝင်သွားရင် အနည်းဆုံး ၃ မိနစ်လောက်အထိ ခဏစောင့်... ပြီးရင် အိမ်သာမှာ ထိုင်ပြီး အလေးသွားသလိုပဲ ပြန်ညှစ်ထုတ်လိုက်"

"အဲ့ဒါမျိုးကို ၄ခါ ၅ခါလောက် တစ်ပုံစံတည်း အစကနေ ပြန်လုပ်... အဲ့ဒါဆိုရင် အူနံရံတွေရော ဘာရော အကုန်ရှင်းသွားလိမ့်မယ်... ကိုယ်က နဂိုကတည်းက  Fibre ပါတဲ့ အစားအစာတွေနဲ့ Dietary supplement တွေပါ စားပြီး အူလမ်းကြောင်းကို ပုံမှန်ရှင်းထားပြီးသားဆိုရင်တော့ ခုနကလိုမျိုး စနစ်တကျ Douching လုပ်ပြီးတာနဲ့ perfect ပဲဗျာ"

"ဟုတ်ကဲ့ ဒေါက်တာ"

ဒေါက်တာက စားပွဲမှာပြန်လာထိုင်ပြီး အာကာတို့နှစ်ယောက်ကို ပြုံးပြီးကြည့်သည်... ထိုနောက် စကားပြန်ဆက်ပြီး...

"အိုခေ သန့်ရှင်းရေးအတွက် အားလုံးပြည့်စုံပြီးပြီဆိုရင်... Enjoy မလုပ်ခင် အဓိက အကြီးဆုံးက ဘာဖြစ်မယ်ထင်လဲ"

ဒေါက်တာ့ အမေးကြောင့် အာကာက ပြုံးပြီး အစ်ကို့ကို လှည့်ကြည့်လိုက်သည်... အစ်ကိုက အာကာ့ကို မသိမသာလေး မျက်မှောင်ကျုံ့ပြသည်...

"ကွန်ဒုံး သုံးဖို့လား ဒေါက်တာ"

" Exactly!"

ဒေါက်တာက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး အာကာ့ကို လက်ညှိုးထိုး၍ ထောက်ခံလိုက်သည်...

"အစ်ကို နားလည်တာပေါ့... တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်နေကြတဲ့အခါ ကြားထဲမှာ အလွှာပါးလေးခြားရင်တောင် ရန်သူထင်ချင်ကြတယ်ဆိုတာလေ... ဒါပေမဲ့ No နော် ... No... လုံးဝ မလုပ်ပါနဲ့... ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး ကွန်ဒုံး သုံးကြပါလို့"

"ဘာလို့ အရေးကြီးလဲ သိလား... များသောအားဖြင့် အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ်မှာ Wart လို့ ခေါ်တဲ့ ကြွက်နို့သေးသေးလေးတွေ ရှိတတ်တယ်... သာမာန်အားဖြင့် ကြည့်ရင် အရမ်းသေးတော့ မမြင်နိုင်ဘူး... လူတိုင်းတော့ မဟုတ်ပါဘူး... အဲ့ဒါလေးတွေက လိင်ဆက်ဆံတဲ့အခါမှာ စအိုရဲ့ ကြွက်သားတွေက သန်မာတဲ့အတွက် အားစိုက်ပြီး တွန်းတိုက်သွားလာရတယ် မဟုတ်လား... အဲ့ဒီအခါမျိုးမှာ လိင်တံထိပ်မှာ ရှိတဲ့ Wart လေးတွေက ပေါက်ပြဲပြီး စအိုအတွင်းပိုင်းကို ကူးစက်တတ်တယ်... အဲ့ဒီအခါမျိုးမှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကနေတဆင့် Anal cancer အထိပါ ဖြစ်သွားတတ်တယ်"

"နောက်တစ်ခုက သုက်ရည်တွေကို အူလမ်းကြောင်းထဲ ထည့်လိုက်မိတဲ့အခါ လိင်ဆက်ဆံပြီးတာနဲ့ သေချာပြန်ထုတ်ပြီး သန့်ရှင်းနိုင်မှကောင်းတယ်... မဟုတ်ရင် အထဲမှာကျန်နေပြီး အူလမ်းကြောင်းအတွက် မကောင်းဘူးပေါ့ကွာ"

"ဟုတ်ကဲ့ ကျွန်တော်တို့ သေချာမှတ်ထားပါ့မယ် ဒေါက်တာ"

"အိုခေ... နောက်ထပ် အရေးကြီးဆုံးတစ်ခုက Anal Sex က အခု လူငယ်တွေကြည့်နေကြတဲ့ gay porn တွေထဲကလို လွယ်ကူချောမွေ့နေတာမျိုး မဟုတ်ဘူးကွ"

"Anus က ကြွက်သားတွေဟာ ခန္ဓာကိုယ်မှာ အသန်မာဆုံးလို့တောင် ပြောလို့ရတယ်... အဲ့ဒါကို အရမ်းကာရော ဝုန်းဒိုင်းဆိုပြီး သွားလုပ်လို့မရဘူး... Lubricant ကို သေသေချာချာနဲ့ များများလေး သုံးပေးရမယ်... ဒါလည်း အရေးကြီးတဲ့ အချက်ပဲ... water based ပါတာမျိုးက ပိုကောင်းတယ်...နောက်ပြီး ဒီနေရာမှာ Foreplay လို့ခေါ်တဲ့ လိင်မဆက်ဆံခင် နှိုးဆော်မှုက အရေးကြီးဆုံးပဲ"

အာကာက ပြုံးလိုက်ပြီး အစ်ကို့ လက်ဖမိုးလေးကို ဖွဖွပွတ်ပေးလိုက်သည်...

"အဲ့ဒါကကျတော့ အချစ်က အများကြီး စကားပြောသွားပြီကွ... ဒီလူကို ဘယ်လောက်ချစ်လဲ ဒီလူအပေါ်မှာ ဘယ်လောက်ခံစားနိုင်လဲပေါ်မှာ မူတည်ပြီး သာယာမှုက လိုက်လာမှာ...ကိုယ်ချစ်နေတဲ့ ဒီလူဖြစ်နေတဲ့အတွက်ကြောင့်ကိုသာယာမှာ"

"မယုံမရှိနဲ့နော်... အစ်ကိုတို့ US မှာရှိတဲ့ အမျိုးသား လိင်တူဆက်ဆံပေးတဲ့ လိင်လုပ်သားတွေကို စစ်တမ်းကောက်ကြတော့ ၁၀၀ မှာ ၈၀ လောက်က ဧည့်သည်ကို ပြုစုပေးရတာထက် ကိုယ့်ချစ်သူနဲ့ နေတာက သာယာမှုကို ပိုရစေတယ်လို့ ပြောကြတယ်ကွ"

"ဖြစ်နိုင်ပါတယ် ဒေါက်တာ"

"ဒါပေါ့ ဒီနေရာမှာ Top တွေရဲ့ စွမ်းဆောင်ရည်က အရမ်းစကားပြောသွားပြီ... မစခင်မှာ ကိုယ့်ချစ်သူကို ဘယ်လို Foreplay လုပ်ပေးနိုင်မလဲ... ဆက်ဆံမှု ပြီးမြောက်သွားတဲ့ အခါမှာရော After care ကို ဘယ်လောက်လုပ်ပေးနိုင်မလဲ... ဒါလဲ အရေးကြီးဆုံးအချက်တွေပဲ"

"ဟုတ်ကဲ့ ဒေါက်တာ"

"ကိုယ်တို့ အမျိုးသားတွေက လိင်ဆက်ဆံတာပဲ ဖြစ်ဖြစ် self masturbation ပေါ့ တစ်ကိုယ်ရည် အာသာဖြေမှု လုပ်ပြီးသွားတဲ့အခါမှာပဲ ဖြစ်ဖြစ် ပြီးပြီးချင်းမှာ ဒီကိစ္စကြီးကို ထပ်မလုပ်ချင်တော့အောင် စိတ်ကုန်သွားတာမျိုး ဖြစ်တတ်ကြတယ်... အဲ့ဒီအခါမျိုးမှာ ကိုယ့်ရဲ့ ဆက်ဆံဖော်ကို ပစ်ထားမိတာမျိုးတွေ လုပ်မိတတ်ကြတယ်... ဒါမျိုးက ကိုယ့်အဖော်အတွက် စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဆိုးတွေ ဖြစ်ပေါ်စေတတ်တယ် ဒါကြောင့်မလို့ လိင်ဆက်ဆံပြီးတဲ့ အခါမှာ after care က အရေးကြီးဆုံးပဲ"

"ကြင်နာ ယုယ ပွေ့ဖက်ပေးတာ သန့်ရှင်းရေးလုပ်ပေးတာမျိုး အသေးမွှား ဂရုစိုက်ပေးမှုလေးတွေ လိုအပ်တယ်"

"အဓိကကတော့ကွာ နှစ်ယောက်လုံးက ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင်လေး ရှိဖို့ လိုတယ်... အပြန်အလှန် နားလည်မှု ရှိဖို့လိုတယ်... ဒါပါပဲ"

"အား...ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာ... ကျွန်တော်တို့ မသိသေးတာတွေ အများကြီး သေချာ သိလိုက်ရတယ်"

"မလိုပါဘူးကွာ...အစ်ကိုက မင်းတို့ အခုလို လာဆွေးနွေးနားထောင်ပေးတာနဲ့တင် ကျေနပ်ပြီ... တစ်ခြားစုံတွဲလေးတွေကိုလဲ မင်းတို့လို ပွင့်ပွင့်လင်းလင်း ရှိစေချင်တယ်"

"ကျေးဇူးတင်ပါတယ် ဒေါက်တာ... ကျွန်တော်တို့ သေချာ လိုက်နာပါ့မယ်"

"အိုခေဗျာ... ဟုတ်ပြီ...ဒါဆို ဆေးစစ်ဖို့ စလိုက်ကြမယ်... ပြီးရင် ဆေးကောင်တာမှာ လိုအပ်တာလေးတွေ ဝယ်သွားကြ... အစ်ကို ရေးပေးလိုက်မယ်နော်"

"ဟုတ်ကဲ့"

အာကာတို့ နှစ်ယောက် ဒေါက်တာ စောနေဒွန်းရဲ့ အစီစဉ်အတိုင်း လိုအပ်တဲ့ ဆေးစစ်မှုတွေ အကုန်ပြီးတော့ ဆေးခန်းမှပြန်လာကြသည်...

ကားမောင်းနေရင်း ဘေးကို လှည့်ကြည့်တော့ အစ်ကိုက ပြုတင်းပေါက်ကို ငေးကာ ငြိမ်ငြိမ်လေး ထိုင်လိုက်လာသည်...

"အစ်ကို"

"ဟင်"

"ဘာတွေတွေးနေတာလဲ"

"အင်း...ဒီတိုင်းပဲ...ဘာမှမဟုတ်ပါဘူး... ဆေးစစ်ချက်အဖြေရရင် မင်္ဂလာပွဲ လုပ်ရဖို့ဟာတွေတွေးနေတာ"

"အရမ်းလဲ စိတ်မပူပါနဲ့ အစ်ကိုရဲ့ အားလုံးအဆင်ပြေမှာပါ... အစ်ကိုသိထားရဖို့ကလေ ဆေးစစ်ချက်အဖြေက ကောင်းကောင်း မကောင်းကောင်း ကျွန်တော်က အစ်ကို့ကို လက်ထပ်မှာပဲ... ဆေးစစ်တယ်ဆိုတာကလဲ တစ်ခုခုဆို နှစ်ယောက်လုံး ကြိုတင်ကာကွယ်လို့ ရအောင်လို့ "

"ကိုယ် နားလည်ပါတယ်"

"ဒါနဲ့ အစ်ကို့ကို မချယ်ရီ ဖုန်းဆက်သေးတယ်ဆို ဘာတဲ့လဲ"

"ဒီတိုင်း တွေ့ဖို့ပြောတာပါ ပုဂံက ပြန်လာပြီးကတည်းက မတွေ့ရသေးဘူးလေ... ဒီကြားထဲ သူ့အဖေနဲ့ ကုမ္ပဏီကိစ္စတွေက ရှုပ်သွားလို့"

"အစ်ကို တွေ့ချင်တဲ့ အချိန်သွားတွေ့နော်"

အာကာ့အပြောကြောင့် အစ်ကိုက လှည့်ကြည့်လာသည်...

"သူငယ်ချင်းတွေပဲမလား...တွေ့ပြီး ပြောစရာရှိတာ ပြောလို့ရပါတယ် အစ်ကိုရဲ့ ... အာကာကြည်ညွှန်းက သဘောထားကြီးပါတယ်"

"အဟက်"

"ဒါပေမဲ့ ကျွန်တော်လိုက်ပို့ပြီး ကားထဲမှာ စောင့်နေမှာ"

"........."

အစ်ကိုက ထင်သားပဲ ဆိုသည့် အကြည့်လေးနဲ့ ကြည့်လာပြီး ဘာမှမပြောတော့ချေ...

အာကာတို့ကားလေးက မြောက်ဒဂုံထဲရောက်လာပြီး ဘောဂသစ္စာ ရပ်ကွက်ထဲ မချိုးကွေ့ခင် လမ်းထိပ်လက်ဖက်ရည်ဆိုင်ရှေ့မှာ ရပ်လိုက်သည်...

"လက်ဖက်ရည်သောက်မလို့လား"

"အင်း... လာ... အစ်ကို့ကို ကျွန်တော့် ဘော်ဒါတွေနဲ့ မိတ်ဆက်ပေးမလို့"

နှစ်ယောက်သား ကားပေါ်ကဆင်းပြီး အပြင်ဘက် ထောင့်ဝိုင်းတွင် ထိုင်လိုက်ကြသည်... ဟိုဝိုင်း ဒီဝိုင်းမှာ စစ်တုရင်ကစားနေကျ မိတ်ဆွေတွေကလည်း လှမ်းအော်၍ နှုတ်ဆက်ကြသည်...

"ဟေ့ကောင် ကာကြီး မလာတာကြာပြီနော်"

"ဟုတ်တယ် ကိုသာဂိ ကျွန်တော် အလုပ်ဝင်နေပြီဗျ အရင်လို မအားတော့ဘူး"

"အေးပါကွာ"

အာကာက ပေါ့ဆိမ့်နှစ်ခွက်နဲ့ ပဲနံပြား မှာလိုက်ကာ စားပွဲထိုးလေးကို အကူညီတောင်းပြီး ဘော်ဒါတသိုက်ကို အခေါ်လွှတ်ရသည်...

"သံဂေါ်လီ ညီလေး... ဟိုထိပ်မှာ ကစားနေကြတဲ့ ဆိုဖာ တို့ အဖွဲ့တွေ ခေါ်ပေးစမ်းပါကွာ"

"ဟုတ်ကဲ့"

စားပွဲထိုးလေး သွားခေါ်ပေးပြီး ခဏကြာတော့ အာကာ့ရဲ့ ဘော်ဒါလူကြီးလူကောင်း တသိုက်က ဝရုန်းသုန်းကားနဲ့ ပြေးလာကြတော့သည်...

"ကွာကာ!!!"

"အေး...ဖြည်းဖြည်းလာကြပါကွ"

ဘော်ဒါတွေဆိုပြီး ရောက်ချလာကြသည်က သုံးတန်း လေးတန်းအရွယ် ကလေးတွေမို့ အစ်ကိုက အာကာ့ကို ကြည့်ပြီးရယ်နေတော့သည်...

"ကွာကာ... သားတို့နဲ့ လာမဆော့တာကြာပြီ"

"အေးကွ... ငါ မအားလို့... မင်းတို့ စားချင်တာမှာကြ ငါဝယ်ကျွေးမှာ"

"ဟေး...ပျော်စရာကြီး"

ဗရုတ်သုက္ခကောင်လေးတွေက ဆူညံပွက်လောရိုက်စွာနှင့် စားချင်တာတွေ မှာကြတော့သည်...

"အစ်ကို... ဒါ ကျွန်တော့် ဘော်ဒါတွေလေ ဒီကောင်တွေမှာ လျှို့ဝှက်နာမည်တွေ ရှိတယ်... ဒီကောင်က ဆိုဖာတဲ့ ဒါက ကြာဇံချက်.. ဟိုကောင် မင်းက ဘယ်သူ... ငါမေ့သွားလို့"

"သားက နို့အေးချောင်း"

"အား ဟုတ်သား ဒီကောင်တို့ အိမ်က နို့အေးချောင်းရောင်းတယ်တဲ့"

"အဟားဟား"

အစ်ကိုက နာမည်တွေကို သဘောကျစွာဖြင့်ရယ်နေတော့သည်...

"ကွာကာ့ နာမည်လဲ ပြောလိုက်ဦးလေ"

"အာ ငါ့နာမည်ကြီး မပြောချင်ဘူး"

ဆိုဖာကောင်လေးရဲ့ အပြောကို အစ်ကိုက စိတ်ဝင်စားစွာနှင့်ဝင်မေးသည်...

"ပြော ပြော ကိုကြီးကိုပြောပြ သူ့နာမည်က ဘယ်သူလဲ"

"ကွာကာတို့အိမ်က သယ်ယူပို့ဆောင်ရေးလုပ်တယ်တဲ့ အဲ့ဒါကြောင့် ကွာကာ့ နာမည်က ဒလီ"

"ဘာ... အဟားဟားဟား"

အစ်ကိုက ရယ်ရင်း မျက်လုံးထောင့်မှာ မျက်ရည်ဥလေးများပင် ထွက်လာသည်...

"ဟိတ်ကောင်တွေ ဒီအစ်ကိုကလည်း အခု ငါတို့ အဖွဲ့ဝင်ဖြစ်သွားပြီ နာမည်ပေးပေးဦး"

"ကိုကြီးကို မင်းသားလေး လို့ ပေးလိုက်မယ်လေ ကိုကြီးက ကျွန်တော်ကြည့်နေတဲ့ ကာတွန်းကားထဲက မင်းသားလေးလိုပဲ ချောတယ်"

"အဟား"

"အောင်မာ မင်းက... ငါလဲချောတာပဲလေ ငါ့ကျတော့ ဘာလို့ အဲ့လို မပေးတာလဲ"

"ကွာကာက ဘောလုံးကန်ရင် ညစ်တယ်"

"ဘာ!!"

"အဟားဟားဟား"

စားစရာတွေရောက်လာတော့ စားကြသောက်ကြ စကားပြောကြရင်းမှ နို့အေးချောင်းကောင်လေးက လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်ထားသော ကားမှ ကြော်ငြာဗီနိုင်းကို ဖတ်ရင်း မေးလာသည်...

"ကွာကာ... အဲ့ဒီ ဦးကျော်စိုးမိုးဆိုတဲ့ လူကြီးက ဘာလို့ ၂၅ ကြိမ်တောင် မျောက်သွေးတွေ လှူနေတာလဲဟင်"

"ဟမ်!"

နို့အေးချောင်းရဲ့ အမေးကြောင့် အာကာရော အစ်ကိုပါ ကားဆီသို့ အကြည့်ရောက်ပြီးမှ အော်ရယ်မိကြတော့သည်...

"မင်းဂျီးတော်ကြီးကို မျောက်သွေးလှူရမှာလားဟ"

"ဦးကျော်စိုးမိုး... ၂၅ကြိမ်မြောက်သွေးလှူဒါန်းခြင်း လို့ရေးတာပါဟ... ပြီးတော့ စာလုံးပေါင်းက ယရစ်နဲ့ ပေါင်းတာ မင်းပြောတဲ့ မျောက်က ယပင့်နဲ့ ပေါင်းတာ... ဒီကောင်ကွာ... ငါ့ မျက်လုံးတောင် ပြူးသွားတယ်"

"အင်းလေ ကိုယ်က တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုတွေများ ဖြစ်ကုန်ပြီလားလို့ တကယ့်ဟာလေးတွေကွာ"

"ဪ...သိပါဘူး ဟီးဟီး"

အာကာ့ ဘော်ဒါလေးတွေကြောင့် အစ်ကို့က ရယ်နေတာ မရပ်တော့ပေ... အစ်ကိုရယ်နေတဲ့ပုံလေးကိုကြည့်ပြီး အာကာ့မှာ ချစ်လို့မဝနိုင်တော့...

မျက်မှောင်ကျုံ့ပြီး ခပ်တည်တည်လေးနေရင်တောင် ချောနေတာ... အခုလို ကြည်ကြည်ရွှင်ရွှင်လေး ရယ်နေမှာတော့ တင်စားစရာ စကားလုံးပင် မရှိတော့ပေ...

အိမ်မြန်မြန်ပြန်ပြီး ဖွက်ထားမှ ဖြစ်တော့မည်...

"ကဲ မင်းသားလေး ပြန်ရအောင်"

"အဟက်... အင်း... ပြန်မယ်လေ... ဒလီကောင်လေး"

"အား!!! အဲ့ဒီနာမည်ကြီး မခေါ်ပါနဲ့ဗျာ"

"အင်းပါ... ဒါနဲ့ ဒလီက ဘယ်တော့ ပို့မှာတုန်း"

"အစ်ကို့!!!"

အစ်ကိုက အာကာ့ကို စ နေသောကြောင့် အသည်းယားလာပြီး ဖမ်းဆွဲဖို့လုပ်တော့ အာကာ့ရဲ့ မင်းသားလေးက လှစ်ခနဲ ရှောင်ပြီး ကားဆီသို့ ထွက်ပြေးသွားတော့သည်...

အဟင်း... ငြိမ်းအေးအိမ်လေးက လွတ်မယ်ထင်နေတာ...

ဒါလေးက Youtuber Bottom လေးတစ်ယောက် recommend ပေးထားတဲ့ Dietary supplement လေးပါ

ဒါလေးက သန့်ရှင်းရေးလုပ်တဲ့ Douching အတွက် Enema Bulb လေးပါ

............................................................................

<3 DiDi Zaw
(18/12/2022)

ပျင်းသွားကြလားမသိဘူး... Homosexual နဲ့ ပတ်သက်ပြီး အဓိကက Baby Bottom လေးတွေအတွက် Douching လုပ်ပုံလေးတွေ sharing လုပ်ချင်လို့ DiDi ကိုယ်တိုင် စာတွေအများကြီးရှာဖတ်... Google တွေ Youtube documentary တွေ သေချာလိုက်ကြည့်ပြီး လေ့လာထားရတာမို့ ကျော်မဖတ်ပဲ သေချာလေး ဖတ်ပေးရင် ဝမ်းသာမိမှာပါပဲ...

ဖတ်ပြီး နီးစပ်ရာ sharing လုပ်ပေးရင် DiDi အချိန်ကုန် လက်ညောင်းရကျိုးနပ်တာပေါ့ 🧡

Youtube မှာ Bottom လေးတွေရဲ့ Bottom Bag တွေထဲ ဘာတွေရှိမလဲ နှိုက်နှိုက်ချွတ်ချွတ်လေ့လာရင်း DiDi လည်း a little လေး gay သွားတယ် 🌚

ဖတ်ပေးတဲ့သူလေးတွေကို ကျေးဇူးတင်ပါတယ်...

Bottoms- Don't forget to take fibre!

Tops - Don't forget about foreplay and after care for your love one!

And guess what?
Yes, I love you all! ❤️

Continue Reading

You'll Also Like

236K 23K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.2M 90.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
617K 59.6K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
102K 4.4K 27
မာန်ရယ်မင်းငါ့အချစ်တွေကို မြင်စေချင်တယ် #ဘုန်းမြတ် ဘုန်းမြတ် မင်းက ငါ့အတွက်တော့ သူငယ်ချင်းကောင်းပါ #မာန် #သဲလေး