Match Made In Clouds

By TayDiDi

2.6M 184K 26.9K

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... More

Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details

Ep 20 (Z)

15.3K 377 15
By TayDiDi

ငြိမ်းတို့ ပုဂံကနေ ရန်ကုန်ပြန်ရောက်ကြပြီ...

အဖေကြီးနဲ့ အမေက ငြိမ်းကို အိမ်မပြန်ခိုင်းတော့ပဲ သူတို့အိမ်မှာပဲနေရတော့မည်ဟုပြောလာသည်... ဒီရောက်မှ ငြိမ်း အံ့ဩသွားရသေးတာတစ်ခုက ငြိမ်းရဲ့ အဝတ်စား အသုံးဆောင်တွေ အကုန်လုံး so sweet အခန်းထဲမှာ ပြောင်းရွှေ့ထားပြီးခြင်းပင်...

"အမေတို့ပဲ သားငြိမ်းရဲ့ ကြီးမေကို ဖုန်းဆက် အကျိုးကြောင်းပြောပြီး အိဖြူတို့နဲ့ စီစဉ်ခိုင်းလိုက်တာလေ... သားငြိမ်းက ရှေ့လျှောက် ဒီအိမ်မှာပဲ အမေတို့နဲ့တူတူနေရတော့မှာ ဆိုတော့...နောက်နေ့မှ ကြီးမေဆီ သွားတွေ့လိုက်နော်"

အမေ့စကားကြောင့် ငြိမ်းရင်ထဲမှာ ညံ့သက်နွေးထွေးရသည်... တစ်ယောက်အကြောင်း တစ်ယောက်သိချင်ရင် တူတူခရီးသွားကြည့်ဆိုသည့် စကားရှိတယ်မဟုတ်လား... ဒီပုဂံခရီးစဉ်မှာ ငြိမ်းက ကြည်ညွှန်း Family ကြီး အကြောင်းကို သေသေချာချာလေးကို သိခဲ့ရပါသည်...

အဖေကြီးနဲ့ အမေက ငြိမ်းကို so sweet နဲ့ ပတ်သက်လို့ တော်ရတဲ့ သားမက်လို သဘောမထားဘဲ သူတို့မွေးထားသည့် သားသမီး ငါးယောက်လုံးနဲ့တူတူ တစ်သားထဲ သဘောထားပြီး ချစ်ခင်ပေးကြသည်... လေးမောင်ကလည်း ငြိမ်းကို သူ့တူတွေ တူမတွေလိုပဲ စလိုက်နောက်လိုက်နှင့် ငြိမ်းမှာ ခဏလေးအတွင်း အားလုံးနဲ့ ရင်းနီးကျွမ်းဝင်ခဲ့ရသည်...

မောင်နှမတွေ ကလည်း ငြိမ်းကို ဧည့်သည်လို အရေးပေးဆက်ဆံတာမျိုးမဟုတ်ဘဲ so sweet နဲ့တန်းတူ သဘောထားပေးကြသည်... အထူးသဖြင့် ကေသာ နဲ့ ဟေမာ့ကြောင့် ငြိမ်းက ပိုပြီး စိတ်လက်ပေါ့ပါးခဲ့ရသည်... တမင်ဦးစားပေးပြီး ဧည့်သည်လို မဝံ့မရဲ ဆက်ဆံတာမျိုးမဟုတ်ဘဲ ငယ်ငယ်ကတည်းက သူတို့နဲ့ တူတူကြီးပြင်းလာရသလိုမျိုး ခံစားရစေသည်...

ဂိမ်းကစားကြသည့် အခါမျိုးမှာ ကေသာက so sweet ကိုညစ်သလို ငြိမ်းကိုလည်းညစ်သည်... ဂိမ်းရှုံးလို့ အပြစ်ပေးတဲ့အနေနဲ့ နဖူးတောက်ကြသည့် အခါမှာလဲ so sweet ကို လုပ်သလို ငြိမ်းကိုလည်း မညှာမတာလုပ်သဖြင့် so sweet နဲ့ ရန်တွေဖြစ်ကြသေးသည်... ငြိမ်းဖျန်ဖြေတာ မရလို့ အမေ့ကို အော်တိုင်လိုက်မှ ငြိမ်သွားတာမျိုးတွေလည်းရှိခဲ့သည်... နန္ဒာကတော့ ကျန်တဲ့သူတွေလို စတတ်နောက်တတ်တာမျိုးမရှိပေမဲ့ ခရီးစဉ်တစ်ခုလုံးကို ဦးဆောင်သည့်နေရာမှာ အဖေကြီးကအစ အားကိုးသည်...

ဟေမာနဲ့ ကေသာ နှစ်ယောက်ပေါင်းပြီး so sweet နဲ့ ငြိမ်းရဲ့ ဖိနပ်တွေကိုဖွက်ထားကာ ချောက်ချသည်... ငြိမ်းတို့သောက်မဲ့ ကော်ဖီခွက်ထဲကို ဆားတွေထည့်သည်... ဒီခရီးစဉ်မှာ မိသားစုတွေနဲ့ ပိုရင်းနီးလာရသလို ငြိမ်းအတွက် အခွင့်အရေးထူး တစ်ခုလည်းရခဲ့သေးသည်... အဲ့ဒါကတော့ ငြိမ်းကို စနောက်ခံရရင် အဖေကြီးနဲ့ အမေ့ကိုရော လေးမောင်ကိုရော မကြီးကိုရော အချိန်မရွေးတိုင်လို့ရသည့် အထူးအခွင့်ရေးပင်...

ငြိမ်းတကယ် ပျော်ရပါသည်... ငြိမ်းကတစ်ဦးတည်းသောသားမို့ တိုင်တောစရာ မောင်နှမတွေမရှိသည့်အတွက် တစ်ခါမှ မတိုင်တောခဲ့ဖူးပေ... ကျောင်းမှာလဲ ကိုယ့်ဟာကိုယ်သီးသန့်နေတတ်သည့် အကျင့်ကြောင့် ဘယ်သူနဲ့မှ ပြဿနာမဖြစ်ဖူးခဲ့၍ ဆရာမတွေကို တိုင်တောရခြင်းမျိုးလည်း မရှိဖူးခဲ့...

အသစ်အဆန်းဖြစ်တာကြောင့် အခုမှ ငြိမ်း တိုင်ပြောရတာကို သဘောခွေ့နေရသည်...
ငြိမ်းက အော်တိုင်လိုက်လို့ လူကြီးတွေက ငြိမ်းဘက်က ရပ်တည်ပြီး လာဆူသွားရင် ပြုံးပြီးကျေနပ်နေတတ်ပြီ... so sweet က ငြိမ်းကို ဇွတ်ဂျီကျတာမျိုးလေးတွေ ရှိတဲ့အခါမှာလည်း "တိုင်ပြောလိုက်မှာနော်" ဆိုပြီး ငြိမ်းက ခြိမ်းခြောက်တတ်နေပြီ...

ဒီအိမ်ရောက်မှ ငြိမ်းက အတိုင်တောထူသည့်သူ ဖြစ်မှန်းမသိဖြစ်နေရပြီ...

"ဒေါက် ဒေါက် ဒေါက်"

"အစ်ကိုရေ့... နိုးပြီလား...ကျွန်တော်ဝင်ခဲ့မယ်နော်"

တံခါးခေါက်ပြီး မေးသံနှင့် အတူ so sweet က အခန်းထဲကိုဝင်လာသည်... ငြိမ်းက ခုတင်ပေါ်မှာ လှဲရင်း အတွေးနယ်ချဲ့နေရမှ ထထိုင်လိုက်သည်...

"အား....လွမ်းလိုက်တာဗျာ... လေးမောင်က မတရားဘူး"

so sweet က ခုတင်ပေါ် ဒိုင်ပင်ပစ်ကာ တက်လာပြီး ငြိမ်းရင်ခွင်ထဲကို သူ့ကိုယ်ကြီးဖြင့် အတင်းတိုးဝင်လာသဖြင့် ငြိမ်းက အလိုက်သင့် ဖက်ထားပေးလိုက်ရသည်...

ညက ပုဂံမှပြန်ရောက်ကြတော့ လေးမောင်က ငြိမ်းကို မနှောက်ယှက်ရဘူး ဆိုပြီး so sweet ကို အခန်းခွဲအိပ်ခိုင်းခဲ့ခြင်းဖြစ်သည်... ငြိမ်းတို့ တရားဝင်လက်ထပ်ပြီးမှ တူတူတစ်ခန်းထဲနေရမည်ဟု လူပျိုကြီးက ရာဇသံပေးထားသည်...

"ထ...ဖယ်ပေးဦး...ကိုယ် ဒီနေ့ ကုမ္ပဏီပြန်သွားရမယ်...ရေချိုးတော့မယ်"

"ခဏလေးပါ...ဒီလိုလေး နေဦးမယ်လေ...ညက လွမ်းနေတဲ့ဟာကို"

"နောက်ကျနေပြီကွ"

"အဲ့ဒါဆို အာဘွားပေး"

so sweet က သူ့ပါးတစ်ဖက်ကို လေဖောင်းပြီး မော့ပေးလာသည်...

"မျက်နှာလည်း မသစ်ရသေးပဲနဲ့"

"အင့် အင်"

ပါးဖောင်းလျှက်သားနှင့် ဟင့်အင်း ဟုပြောကာ ပါးကိုထိုးပေးနေသဖြင့် ငြိမ်းက ငုံ့ပြီးနမ်းပေးလိုက်သည်...

"ပြွတ်!"

"အဟင်း"

"ဖယ်ဦး... ရေချိုးရအောင်"

"ဟင်...တကယ်?"

so sweet က ဝုန်းခနဲ ထထိုင်ပြီး ငြိမ်းကိုမျက်လုံးတောက်တောက်လေးတွေနဲ့ကြည့်ပြီး မေးလာသည်... so sweet ရဲ့ အားတက်သရော ပုံစံလေးကြောင့် ငြိမ်းပင် အူကြောင်ကြောင်ဖြစ်သွားရသည်... မဟုတ်မှ...

"ဘာ...ဘာလဲ... ကိုယ်ရေချိုးမလို့ မင်းကို ဖယ်ခိုင်းတာ"

"သြော်...မသိပါဘူး...ကျွန်တော်က အစ်ကိုနဲ့တူတူ ချိုးရမယ်ထင်လို့"

"မဟုတ်တာကို"

"ကပ်စီးနှဲ"

so sweet က ပြောပြီး ခုတင်ပေါ်မှဆင်းသွားသော ငြိမ်းရဲ့ တင်ပါးတစ်ဖက်ကိုလှမ်းကိုင်ပြီး ဖျစ်လိုက်သည်...

"ဟင်"

"အဟင်း...အိကျိလေး"

"so sweet နော် ... တိုင်ပြောမှာ"

"အဟား...သွားတိုင်ဗျာ...ဘယ်လိုတိုင်မှာလဲ... အဖေကြီးရေ so sweet က ကျွန်တော့် ဖင်ကို လာညှစ်နေတယ်လို့ တိုင်မှာလား"

"ကျစ်! ကိုယ့်ဟာကိုယ် ဘယ်လို တိုင်တိုင်"

ငြိမ်းကို စောစောစီးစီး အသားလာယူနေသူကို မျက်မှောင်ကျုံ့၍ ကြည့်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်သည်... တံခါးမပိတ်ခင်လေးတွင်ကြားလိုက်ရသေးသည်က...

"အဟက်... ငြိမ်းအေးအိမ်လေးက အတိုင်တောထူလေးဗျာ"

............................................................................

ငြိမ်း ရုံးခန်းရှိရာ မြို့ထဲသို့ ကားမောင်းရင်း နေ့လည်မှာ ပြုလုပ်ရမည့် ရှယ်ယာရှင်အစည်းအဝေးအတွက် စဉ်းစားနေမိသည်...

ဖေဖေရှိစဉ်ကတည်းက ငြိမ်းတို့က logistic, forwarder ပဲ သီးသန့်လုပ်တာမို့ Company Size က အရမ်းအကြီးကြီးမဟုတ်... ရှယ်ယာရှင်ကလည်း ငြိမ်းအပါအဝင်မှ ငါးဦးသာရှိသည်... ကျန်သည့် ရှယ်ယာရှင် လေးဦးက လုပ်ငန်းချဲ့ချင်တဲ့ သဘောနဲ့ ဦးထွန်းဝင်း၏ Company နှင့် အကျိုးတူပူးပေါင်းရန် အဆိုတင်သွင်းလာကြသည်ဟု ကိုသီဟက ငြိမ်းကို ဖုန်းဆက်ပြောပြထားသည်.... သဘောမတူလျှင် ရှယ်ယာတွေနှုတ်ထွက်ကြမည့်ပုံနှင့် လေသံပစ်ထားကြသည်ဟု သိထားရသည်... ကြည့်ရတာ ဦးထွန်းဝင်းက စည်းရုံးထားပြီ ထင်၏...

"တော်တော်မှ ပျော်ခဲ့ရဲ့လား ငြိမ်း"

ငြိမ်းရုံးခန်းထဲကို ဝင်ဝင်ချင်းပဲ ဦးထွန်းဝင်း၏ ခနဲ့သံကို ကြားလိုက်ရသည်... ဦးထွန်းဝင်းက ဧည့်သည်ထိုင်ခုံမှာ ချေချိတ်ထိုင်ပြီး ငြိမ်းကို မေးငေါ့ပြလာသည်...

"သြော်...ဦးရောက်နေတာပဲ"

ငြိမ်းက ဒီတိုင်းနှုတ်ဆက်တယ်ဆိုရုံမျှသာ ပြောပြီးအလုပ်စားပွဲမှာ ဝင်ထိုင်လိုက်ရင်း laptop ကိုဖွင့်လိုက်သည်... ဦးထွန်းဝင်းက စိတ်မရှည်တော့သည့်ပုံနှင့် ထိုင်နေရာမှထလာပြီး...

"မင်းမှာ ဘာပြောစရာမှမရှိဘူးလား ငြိမ်း"

"ဦးက ဘာကိုသိချင်တာလဲ"

"ဟ! မင်းလုပ်သွားတဲ့ အချိုးတွေလေ... မင်းလုပ်ရပ်က ငါတို့အားလုံးမျက်နှာပျက်ရတယ်ကွ!"

"ကျွန်တော် မရည်ရွယ်ပါဘူး ဦး... အခြေနေတွေက အဲ့ဒီလိုဖြစ်သွားတဲ့အတွက် ဦးတို့ကိုရော ချယ်ရီ့ကိုရော တောင်းပန်ပါတယ်"

"မင်းက ပါးစပ်ကပြောတော့ လွယ်လိုက်တာကွာ... မင်းငယ်ငယ်ကလေးကတည်းက သားအရင်းလို သံယောစဉ်ထားပေးခဲ့တဲ့ မျက်နှာတွေမှမထောက်... မင်း ဒီလိုတွေလုပ်တတ်လိမ့်မယ်လို့ ဘယ်လိုမှမထင်ထားခဲ့ဘူး"

ငြိမ်းက ဘာမှပြန်မပြောဘဲ ငြိမ်နေတော့ ဦးထွန်းဝင်းက ပိုဒေါသထွက်လာသည်ထင်၏... အသံက လိုတာထက်ပိုကျယ်လာလေသည်...

"မင်းအခုလို ယောက်ကျားချင်း ခိုးပြေးတာခံရတာ မင်းမိဘတွေသာ ရှိနေသေးရင် ရင်ကျိုးကြမှာကွ... ဟမ်... ငြိမ်းအေးအိမ်... မင်းရဲ့ သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ... မင်းရဲ့ လုပ်ရပ်က ကိုယ့်ကိုကိုယ် မြောင်းထဲထိုးချနေတာ မင်းသိလား...ပြောစမ်းပါဦး...မင်းခေါင်းမော့ရဲလား... အခု မင်းကိစ္စကို ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ ရှယ်ယာရှင်တွေသာ သိသွားရင် မင်းဘဝတော့ သွားပြီ...အခုတောင် သို့လော သို့လော သတင်းတွေကြားနေကြလို့ ရှယ်ယာရှင်တွေက မေးနေကြတာ"

ငြိမ်း သက်ပြင်းချလိုက်မိသည်... စကားပြန်ပြောချင်စိတ်လည်း မရှိပေ... ဦးထွန်းဝင်းက စိတ်လျှော့လိုက်ဟန်နှင့် လေပူတို့ကိုမှုတ်ထုတ်လိုက်ပြီး... လေသံအေးအေးနှင့် ပြောလာပြန်သည်...

"အခု ဦးတို့က ကောင်းသလိုစီစဉ်ပေးမှာမလို့ ဖြစ်ခဲ့တာတွေကို မေ့ထားပြီး ငြိမ်းက အေးအေးဆေးဆေးပဲ နေတော့...ဟုတ်ပြီလား... ဒီသတင်းကိုလဲ ဘယ်ကိုမှမပေါက်ကြားစေရဘူး... နေ့လည် အစည်းအဝေးမှာ ဦးကအကုန်ကြည့်စီစဉ်ပေးမယ်"

"ကျွန်တော် အကုန်လုံးကို အသိပေးလိုက်မှာပါ ဦး"

"ဘာ! မင်းရူးနေလား ငြိမ်း"

"ကျွန်တော် ကိုယ်တိုင်သဘောကျလို့ ရွေးချယ်ခဲ့တဲ့လမ်းမလို့ ပွင့်ပွင့်လင်းလင်းပဲ အားလုံးကိုပြောပြပြီး ရှေ့ဆက်လျှောက်မှာပါ"

"အေး... မင်းတစ်ယောက်တည်း ရပ်တည်နိုင်တယ် ထင်ရင် လုပ်လိုက်လေ... နေ့လည်အစည်းအဝေးမှာ တွေ့ကြတာပေါ့... ငါက ဒီကုမ္ပဏီရဲ့ အကြံပေးတစ်ယောက်အနေနဲ့ ပြောသင့်တာပြောတာ... သူတို့ပြန်ထုတ်သွားမဲ့ ရှယ်ယာတွေအတွက် မင်းမှာ အဆင်သင့်ရှိလား စဉ်းစားပေါ့"

ဦးထွန်းဝင်းက ပြောပြောဆိုဆိုနှင့် ရုံးခန်းထဲမှ ထွက်သွားတော့သည်... ငြိမ်း ထိုင်ခုံနောက်မှီကို စိတ်ပျက်စွာ မှီလိုက်ပြီး မျက်နှာကျက်ကို မော့ကြည့်နေမိသည်...

ငြိမ်း ပြန်လျော်ရမဲ့ ရှယ်ယာတန်ဖိုးက ၅၀% လောက်ရှိသည်... အတိအကျဆိုရင် ၅၂% ...

ဘာပဲဖြစ်ဖြစ် အစည်းအဝေးပြီးမှ ကိုသီဟနှင့်တိုင်ပင်ရဦးမည်... ငြိမ်းမှာ ဟိုဟိုဒီဒီ ထည့်ဝင်ထားသည့် အသေးစား ရှယ်ယာလေးတွေလည်းရှိသေးသည်... အားလုံးလိုက်စုလိုက်ရင်တော့ ပမာဏတစ်ခု ထွက်လာနိုင်သည်... ဒါပေမဲ့ ရှေ့ဆက်လည်ပတ်ဖို့က ရှိသေးသည်.... ငြိမ်းတို့ အသစ်မှာထားတဲ့ ကွန်တိန်နာကား ဖိုးတွေကလည်း အကြေမချေရသေး...

အမှန်ဆို ငြိမ်း ယောက်ကျားတစ်ယောက်နှင့် လက်ထပ်ရုံလောက်က ရှယ်ယာတွေပြန်ထုတ်ရလောက်တဲ့အထိ အပြစ်ဖြစ်စရာ အကြောင်းမရှိ... ရှယ်ယာရှင်ဆိုတာ အကျိုးအမြတ်တစ်ခုပဲ ကြည့်သည့် လူမျိုးတွေမဟုတ်လား... ဦးထွန်းဝင်း၏ စနက်တွေကြောင့်သာ ဒီကိစ္စက ကြီးသွားရခြင်းဖြစ်သည်... ငြိမ်း အကူညီလိုနေရင် သူ့ဆီကပ်ရမှာပဲဟု သေချာပေါက်တွက်ထားပုံရသည်...

နောင်ခါလာ နောင်ခါဈေးဟု တွေးကာ ငြိမ်းက ဆက်မစဉ်းစားတော့ဘဲ စိတ်ပြေလက်ပျောက် ဖုန်းကိုထုတ်ပြီး so sweet ရဲ့ IG ထဲ ဝင်မွှေနေလိုက်သည်... ဒီနေ့ရော ဘာတွေတင်ထားသေးလဲ သိချင်သည်... ငြိမ်းပျင်းသည့်အခါမျိုးမှာပဲဖြစ်ဖြစ် စိတ်ရှုပ်သည့်အခါမျိုးမှာပဲ ဖြစ်ဖြစ် so sweet ရဲ့ Instagram ထဲ ဝင်ဝင်ကြည့်ပြီး စိတ်အပန်းဖြေတတ်နေပြီ...

Not_Sour_But_So_Sweet ဆိုတဲ့ အကောင့်လေးက စောစောပိုင်း ပို့စ်တွေမှာ တိမ်တွေကို အရုပ်မျိုးစုံဆွဲထားသည့်ပုံတွေ...အာတာပူစီ ပုံတွေ ... အစားပုံတွေနဲ့ ပြည့်နေပြီး Sapa ရောက်ပြီးနောက်ပိုင်းမှာတော့ တိမ်ပုံတွေကြားထဲမှာ ငြိမ်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ပုံလေးတွေက နေရာယူတတ်လာသည်...

ငြိမ်းရဲ့ လက်ဖမိုးပုံလေးတွေ... နားသယ်စပ်လေးတွေ.... ကော်ဖီခွက်ကိုင်ထားသည့် လက်ပုံတွေ... ဘယ်ချိန်က ခိုးခိုးပြီး ရိုက်ထားသည်မသိ... နောက်ဆုံးတင်ထားသည့်ပုံကိုကြည့်ပြီး ငြိမ်းပြုံးလိုက်မိသည်...

ပုဂံက ဟိုတယ်မှာ ငြိမ်းအိပ်နေတုန်း ခိုးရိုက်ထားသည့် ငြိမ်းရဲ့ ခြေဖနောင့် ပုံလေး... စောင်ဖြူဖြူတွေကြားထဲမှာ ထိုးထွက်နေသည့် ခြေဖနောင့်တစ်ဖက်ကို ရိုက်ထားခြင်းဖြစ်သည်...

Caption တွေ အားလုံးက #Myhome

"so sweet ကတော့ကွာ"

ငြိမ်း ဖုန်းကြည့်နေစဉ်မှာပဲ facebook ကနေ Noti တက်လာသဖြင့်ဝင်ကြည့်လိုက်တော့ ကေသာကြည်ညွှန်းက ပုံတစ်ပုံတင်ပြီး ငြိမ်းတို့အားလုံးကို tag တွဲထားသည်....

လောကနန္ဒာ ဘုရားမှာ ငြိမ်းတို့ ရိုက်ထားသည့် မိသားစု group photo ဖြစ်သည်... အားလုံးက ဆင်ဘောင်းဘီတွေ ပုဂံအင်္ကျီတွေနှင့်... ငြိမ်းကို အလယ်မှာထားပြီး so sweet က ငြိမ်းရဲ့ခါးကို နောက်မှသိုင်းဖက်ထားသည်... ကျန်သည့်မိသားစုဝင်တွေက ဘေးပတ်ပတ်လည်မှနေ၍ ငြိမ်းကို ဝိုင်းပြီး လက်ညှိုးထိုးပြထားကြသည်... ဤသည်က ကေသာကြည်ညွှန်းရဲ့ idea...

သူရေးထားသည့် Caption ကိုကြည့်ပြီး ငြိမ်း အသံထွက်အောင်ပင် ရယ်လိုက်မိသည်... ကေသာကလည်း so sweet ရဲ့ အစ်မလို့ ရှင်းပြစရာ မလိုအောင် တကယ့်ကို မနိုင်စိန်လေး...

Yes! we kidnapped the prince!
For those haters!
We are here
We Chill
We Kill
We Park Q

ကေသာက We F**k you ဟူသော စကားလုံးကို ရိုင်းတယ်လို့ မထင်ရအောင် ဟာသပုံစံဖြင့် We Park Q ဟု ရေးထားသဖြင့် ငြိမ်းက သဘောကျစွာ ရယ်မိရသည်...

ငြိမ်းက tagging ကို accept လုပ်ပေးလိုက်သည်... ချယ်ရီသာ ဒီ post ကိုတွေ့ရင်တော့ ဒေါသထွက်နေတော့မည်ထင်၏...

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

တံခါး ခေါက်သံနှင့်အတူ ငြိမ်းရဲ့ အတွင်းရေးမှုးကိုသီဟက ဝင်လာသဖြင့် လက်ထဲမှဖုန်းကို စားပွဲပေါ်သို့ချလိုက်ပြီး ကိုယ်ကို မတ်မတ်ပြန်ထိုင်လိုက်သည်...

"နေ့လည် ၁ နာရီ အစည်းဝေး စမယ်နော် ကိုငြိမ်း"

"ဟုတ်ပြီ ကိုသီဟ ... ကျွန်တော်တို့ ခဏနေရင် နေ့လည်စာ သွားစားကြမယ်လေ"

ငြိမ်းက ပြောတော့ ကိုသီဟက ပြုံးလိုက်သည်...

"ဒီနေ့ အစ်ကို့ သကြားလုံးလေး လာမခေါ်ဘူးလား"

"အဟင်း... အားလုံးက ဒီနေ့မှ ရုံးပြန်တက်ကြတာဆိုတော့ အလုပ်တွေရှုပ်နေကြမှာ"

ပြောနေရင်း ငြိမ်းရဲ့ ဖုန်းက ringtone မြည်လာသည်... Contact name က သကြားလုံး...

"အင်း... so sweet "

"အစ်ကို့ ထမင်းစားပြီးပြီလား"

"ဟင့်အင်း...အခုပဲ ကိုသီဟနဲ့သွားစားတော့မလို့"

"ကျွန်တော် လာခဲ့ရမလား"

"အာ... ရုံးမှာ ဒီနေ့ အလုပ်တွေရှုပ်မှာမဟုတ်လား... မလာနဲ့တော့ ညနေမှလာကြို"

"အင်းအင်း... ပြီးရော ပြီးရော"

"အိုခေ"

"bye bye , Love u"

"အဟင်း"

ဖုန်းချပြီးပြုံးနေသော ငြိမ်းကို ကိုသီဟက ရယ်သည်...

"ကိုငြိမ်းပြုံးတာ ခုမှပဲသေချာ မြင်ရတော့တယ်...အချစ်နဲ့တွေ့ရင် လူတွေက ပြောင်းလဲတတ်တာ တကယ်ပဲဗျ"

ငြိမ်းက ရှက်ရယ်ရယ်လိုက်ပြီး...

"ကဲပါဗျာ ထမင်းသွားစားကြမယ်... နေ့လည်အတွက် အားမွေးရမယ်... လာ"

ငြိမ်းနောက်က ထလိုက်လာသည့် ကိုသီဟက လိုတာထက်ပို၍ စိတ်ပေါ့ပါးနေသည့်ပုံနှင့်... ငြိမ်းကို စိတ်သက်သာစေအောင် တမင်ဟန်ဆောင်ပြနေသည်ထင်၏...

...........................................................................

အစည်းဝေးခန်းထဲတွင် အားလုံးလူစုံနေကြပြီ...

ဦးထွန်းဝင်းနဲ့ သူ့တပည့်တစ်ယောက်လည်း ရောက်လာကြပြီး ငြိမ်းရဲ့ ညာဖက်ထောင့်မှာ ထိုင်နေကြသည်... ငြိမ်း အနည်းငယ် စိတ်လှုပ်ရှားနေသည်ကို ထိန်းချုပ်ရန် စားပွဲပေါ်ရှိ ရေဗူးကို ကောက်မော့လိုက်ပြီးမှ အခန်းတွင်းရှိလူအားလုံးကို မျက်လုံး တစ်ချက် ဝေ့ကြည့်လိုက်သည်...

ကိုသီဟကို ကြည့်လိုက်တော့ ငြိမ်းကို အားပေးသည့်အနေနှင့် ခေါင်းညိတ်ပြသည်... ငြိမ်းက အသက်ကိုပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး...

"ကဲ... ကျွန်တော်တို့ပွင့်ပွင့်လင်းပဲ ပြောကြမယ်ဗျာ... ဒီက ဦးမြသိန်းတို့ မဆုဝေတို့ က ကျွန်တော်တို့   N Asia Forwarding ကို ဒီက ဦးထွန်းဝင်းတို့နဲ့ အကျိုးတူပူးပေါင်းဖို့ အဆိုပြုထားတာတွေ ကျွန်တော်ဖတ်ပြီးပါပြီ... ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော် လက်မခံနိုင်ပါဘူး"

ငြိမ်းရဲ့ အပြောကြောင့် ဦးထွန်းဝင်းနဲ့ ဦးမြသိန်းက မျက်နှာပျက်သွားကြသည်...

"အကယ်၍ ဒီဆုံးဖြတ်ချက်ကို သဘောမတွေ့ဘူးဆိုရင် ခင်ဗျားတို့ သဘောပါ... N Asia နဲ့ ရှေ့ဆက်လက်မတွဲချင်တော့ဘူးဆိုလဲ ကျွန်တော်က ခင်ဗျားတို့ ရှယ်ယာတွေကို ပြန်ထုတ်ပေးပါ့မယ်"

"အဟက်....သေချာရဲ့လား မောင်ငြိမ်းအေးအိမ်... ဦးတို့ အကုန်ပြန်ထုတ်ရင် မင်း တစ်ယောက်တည်း ၅၂% ပြန်အမ်းရမှာနော်... မနိုင်ဝန်ထမ်းပြီး N Asia ကို ရေစက်ချတော့မလို့လား"

"အဟင်းဟင်းဟင်း"

ဦးမြသိန်းရဲ့ ခနဲ့တဲ့တဲ့ အပြောကို မဆုဝေကပါ ဝင်၍ ရယ်သွမ်းသွေးသည်... ကျန်တဲ့ ရှယ်ယာရှင် ဇနီးမောင်နှံနှစ်ဦးကတော့ ခုချိန်ထိ ဘာမှမပြောကြပဲ ငြိမ်နေကြသေးသည်... မဆုဝေက ငြိမ်းကို ခပ်မဲ့မဲ့ကြည့်ရင်း စကားစသည်...

"အစ်မတို့က ငြိမ်းအကြောင်းတွေ ကြားထားပြီးပါပြီ ရှင်းရှင်းပြောရရင် ဒီလိုလူမျိုးနဲ့ ဆက်လက်မတွဲချင်တော့ဘူး ဒါပေမဲ့ အရင်ကတူတူ အကျိုးမြတ်ရခဲ့ဖူးတာတွေကို ထောက်ပြီး ဒီက အန်ကယ်လ် ဦးထွန်းဝင်းတို့နဲ့ ပူးပေါင်းမယ်ဆိုရင်တော့ အစ်မတို့က ဆက်ပြီး လက်တွဲပေးမယ်"

ငြိမ်း လက်သီးဆုပ်တွေတင်းခနဲ ဖြစ်သွားရသည်... ငြိမ်းက မဆုဝေရဲ့ မျက်နှာကိုစေ့စေ့ကြည့်လိုက်ပြီး...

"ကျွန်တော့်ရဲ့ ကာရိုက်တာကြောင့် ဆိုရင်တော့ ဆက်လက်မတွဲတာ ပိုကောင်းပါတယ် မဆုဝေ... တစ်လက်စတည်း အားလုံးကို ကျွန်တော်ပွင့်ပွင့်လင်းပြောပြလိုက်ပါမယ်... ကျွန်တော်က မကြာခင်မှာ အမျိုးသား တစ်ယောက်နဲ့ လက်ထပ်တော့မှာမလို့... ဒီကိစ္စအတွက် ကျွန်တော်နဲ့ ဆက်ပြီး လက်တွဲဖို့ စိတ်အဆင်မပြေတဲ့သူ ရှိရင် နှုတ်ထွက်နိုင်ပါတယ်"

ဦးထွန်းဝင်းရဲ့ မျက်နှာက တင်းမာနေပြီး တစ်ခွန်းမှတော့ ဝင်မပြောသေးပေ... ဦးမြသိန်းက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး...

"ကောင်းပြီလေ ဦးကတော့ ဦးထွန်းဝင်းတို့နဲ့ မပေါင်းဘူးဆိုရင် နှုတ်ထွက်တယ်"

"အစ်မလည်း နှုတ်ထွက်တယ် ငြိမ်း"

မဆုဝေက ပြောပြီး ဘေးမှ ကျန်နှစ်ယောက်ကို လှည့်ကြည့်သည်...

"ကိုမင်းသူ တို့ကရော ဘယ်လိုလုပ်ချင်လဲ ကျွန်တော့်ကို အားမနာပဲ ပွင့်ပွင့်လင်းလင်း ပြောပါ"

ငြိမ်းက မေးလိုက်တော့ ကိုမင်းသူက ခေါင်းညိတ်သည်...

"ကျွန်တော်တို့ကတော့ အစ်ကို့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး... စီးပွါးရေးနဲ့ ပါဆင်နယ်လ်နဲ့ ရောစရာမှမလိုတာ... ဒါပေမဲ့ စိတ်တော့မကောင်းဘူးဗျ ကိုငြိမ်းနဲ့တော့ ရှေ့ဆက် လက်မတွဲဖြစ်တော့ဘူး"

ဦးထွန်းဝင်းက ဘယ့်နှယ်ရှိစ ဆိုသည့်ပုံနှင့် ငြိမ်းကို ကြည့်လာသည်...

"ကောင်းပြီ... ဒါဆို စာချုပ်အတိုင်း ၃ လအတွင်း အစ်ကိုတို့ ရှယ်ယာတွေကို ကျွန်တော် ပြန်ထုတ်ပေးဖို့ ကြိုးစားမယ်"

"ကောင်းပြီလေ သတ်မှတ်ရက်ကျော်တာနဲ့ ဦးတို့ဘက်ကလည်း တရားဥပဒေအတိုင်း ဆောင်ရွက်မယ်"

"ဒါပေမဲ့"

ကိုမင်းသူထံမှ အသံထွက်လာသဖြင့် အားလုံးရဲ့ အကြည့်တွေက ကိုမင်းသူထံသို့ ရောက်ကုန်ကြသည်...

"ကျွန်တော်တို့ နှစ်ယောက် ကိုငြိမ်းနဲ့ ဆက်ပြီး လက်မတွဲဖြစ်ဘူး ဆိုပေမဲ့ ရှယ်ယာတွေက မထုတ်ပါဘူး... ကျွန်တော်တို့ဆီက ပြန်ဝယ်တဲ့သူတွေကို လွှဲပြောင်းပေးလိုက်မှာပါ"

"ဟင်"

"ဟုတ်ကဲ့... ကျွန်တော်တို့ နှစ်ယောက်ပေါင်း ပိုင်တဲ့ ၂၉% ကို ဝယ်တဲ့သူရှိတယ်ဗျ... တစ်ခါတည်း စာချုပ် လက်မှတ်ထိုးရအောင် ကျွန်တော် ဒီအခန်းထဲ ခေါ်လိုက်မယ်နော်... ကိုသီဟ ဧည့်သည်တွေ ခေါ်ပေးပါဦး"

"ဟုတ်ကဲ့"

ငြိမ်းဘေးမှာ ထိုင်နေသော ကိုသီဟက ငြိမ်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ သွက်လက်စွာနှင့် ထထွက်သွားသည်... ဦးထွန်းဝင်းနှင့် ဦးမြသိန်းတို့က ငြိမ်း ကဲ့သို့ပင် ဒီကိစ္စကို အခုမှ သိဟန်နှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အားသင့်နေကြသည်...

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံ နှင့်အတူ အစည်းဝေးခန်း တံခါးက ပွင့်လာပြီး ကိုသီဟ နောက်မှာ ပါလာသည့်သူ သုံးယောက်ကို မြင်တော့ ငြိမ်း မျက်လုံးပြူးသွားရတော့သည်...

"so sweet!"

so sweet က ခပ်တည်တည်နှင့် အစည်းဝေးစားပွဲတွင် ဝင်ထိုင်လိုက်သည်... သူဘေးတွင် ကေသာ နှင့် ဟေမာက ဝင်ထိုင်သည်... ငြိမ်းကို ဘာမှလဲ အကျိုးအကြောင်း ကြိုမပြောပြထားဘဲ ရုတ်တရက်ကြီးတွေ ရှယ်ယာလွှဲပြောင်း ဝယ်ယူသူတွေ အနေနှင့် ရောက်လာကြသည်... ငြိမ်းက so sweet ကို မျက်မှောင်ကျုံ့ပြီးကြည့်လိုက်တော့ သူဘာမှမလုပ်ထားသလို ရုပ်လေးနှင့် ငြိမ်းကို ပြန်ကြည့်နေသေးသည်...

"ကိုငြိမ်း ဒါ မဟာကြည်ညွှန်း Trading ကပါ... ကျွန်တော်တို့ရဲ့ ရှယ်ယာတွေကို လွှဲပြောင်းယူတဲ့ သူတွေ... ဒီဘက်က ကိုအာကာကြည်ညွှန်းတဲ့... ဒါက မကေသာကြည်ညွှန်း...ဒါက မဟေမာကြည်ညွှန်း"

ငြိမ်းက ခုချိန်ထိကို ဘာပြောရမှန်းမသိဘဲ ဆွံ့အနေစဉ် ကိုသီဟက ပြုံးစိစိနှင့်ဝင်၍ ပြောသည်...

"ဟုတ်ကဲ့ ကျွန်တော်တို့ N Asia Forwarding က ကြိုဆိုပါတယ်ဗျာ... Trading နဲ့ Forwarding ဆိုတာက ခွဲထားလို့မရတဲ့ အတွဲတွေလိုပဲဆိုတော့ ကောင်းသော ပူးပေါင်းခြင်းပါပဲ... အန်ကယ်လ် ဦးထွန်းဝင်း ဘာပြောချင်တာရှိသေးလဲဗျ"

ကိုသီဟ အမေးကို ဦးထွန်းဝင်းက မျက်နှာပျက်စွာဖြင့် ချောင်းဟန့်လိုက်သည်... ထို့နောက် so sweet တို့ မောင်နှမတွေကို အခုမှသိဖူးသလို ဟန်ဆောင်လျှက်...

"မဟာကြည်ညွှန်းက အရင်ကတည်းက လက်တွဲထားတဲ့ Forwarders တွေ အများကြီးရှိပြီးသားကို ခုမှ ဘာလို့ ရုတ်တရက်ကြီး N Asia ရဲ့ ရှယ်ယာ မဖြစ်စလောက်ကို လာဝယ်ရတာလဲ"

"CEO ကို သဘောကျ လို့ဗျ"

"ဟင်"

ငြိမ်းက so sweet ကို မျက်မှောင်ကျုံ့ပြလိုက်ရသည်... အစည်းဝေးကြီးမှာ ဘယ်လိုတွေ လာဖြေနေတာလဲ...

"ဪ CEO ရဲ့ လုပ်ရည်ကိုင်ရည်တွေကို သဘောကျလို့ပါ... ပြီးတော့ ခုနက ကိုသီဟ ပြောသလို ခွဲထားလို့မရတဲ့ အတွဲတွေဆိုတော့လေ"

"ကဲပါ ကေသာတို့ လိုရင်းပဲ ပြောကြမယ်... အခု ကေသာတို့ လာတဲ့ကိစ္စက ရှယ်ယာလွှဲပြောင်း ဝယ်ယူတာ တစ်ခုတည်း မဟုတ်ဘဲ N Asia ကို မဟာကြည်ညွှန်းနဲ့ Partnership လုပ်ဖို့အတွက်လဲပါတယ်... လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကိုသီဟကို ပေးထားပြီးသွားပြီ... ကိုငြိမ်းအေးအိမ်တို့ဘက်က ကမ်းလှမ်းတာကိုလက်ခံရင် စာချုပ်ချုပ်ကြမယ်"

မဟာကြည်ညွှန်း ဆိုသည့်အသံကြားလိုက်ကတည်းက ဦးမြသိန်းနှင့် မဆုဝေ တို့မျက်နှာတွေက အရောင်ပြောင်းကုန်ကြတာ ငြိမ်းက သတိထားမိလိုက်သည်...

"ဟိုလေ... မဟာကြည်ညွှန်းနဲ့ဆို ဦးတို့ ရှယ်ယာတွေ ပြန်ထုတ်မဲ့ ကိစ္စ ပြန်စဉ်းစားပေးပါ့မယ်"

"ကိုမြသိန်း!"

"No No No ... ကျွန်တော်တို့ Partnership လုပ်မဲ့ ကိစ္စက တစ်ခြား ရှယ်ယာရှင်တွေ မလိုတာမို့ ဒီက ဦး နဲ့ အစ်မကို CEO က ရှယ်ယာပြန်ထုတ်ပေးပါလိမ့်မယ်... အကုန်ထုတ်ပြီး အရှုပ်ရှင်းကင်းမှ ကျန်တာဆက်လုပ်မယ်... နောက်ပြီး အကြံပေးအရာရှိကို မဟာကြည်ညွှန်းက တာဝန်ယူပေးမှာမို့ တရားဝင် မဟုတ်ထားတဲ့သူတွေကို ဖယ်ထုတ်မယ်"

so sweet အပြောကို ဦးထွန်းဝင်းက မကျေနပ်စွာနဲ့ မတ်တပ်ထရပ်လိုက်သည်...

"ဒီမှာ!"

"သြော်... ဦးက ပြန်တော့မှာလား... ဟုတ်ကဲ့ ... ကိုသီဟ ... ဒီ ဦးက ပြန်တော့မယ်တဲ့"

"ဗျာ..ဪ ဟုတ်ကဲ့ ဟုတ်ကဲ့...အန်ကယ်လ်...ဒီဘက်ကြွပါ"

"မဟုတ်ဘူးလေ...မင်းတို့!"

so sweet အပြောကြောင့် ကိုသီဟက နေရာမှပြာပြာသလဲလဲ ထပြီး ဦးထွန်းဝင်းကို ဆွဲခေါ်ကာ အခန်းပြင်သို့ လိုက်ပို့ပြီး တံခါးကို ပိတ်လိုက်သည်... ကေသာက ဦးမြသိန်းနဲ့ မဆုဝေကိုကြည့်ကာ...

"ဒီက ဦးနဲ့ အစ်မကို CEO က သတ်မှတ်ရက်မတိုင်ခင် ရှယ်ယာပြန်ထုတ်ပေးပါလိမ့်မယ်... ဆိုတော့... အခုက ကေသာတို့ ကျန်တဲ့ကိစ္စလေးတွေ ဆွေးနွေးစရာရှိလို့"

ကေသာက လက်ဖဝါးနှစ်ဖက်ကို ဖြန့်ပြီး တံခါးပေါက်ဖက်သို့ ညွှန်ပြလိုက်သည်... ပြန်လို့ရပါပြီ ဆိုသည့်သဘော...

ဦးမြသိန်းနှင့် မဆုဝေတို့က မျက်နှာပျက်စွာဖြင့် ထ၍ အခန်းပြင်သို့ ထွက်သွားကြတော့သည်... ထို့နောက် ကျန်ခဲ့သော ကိုမင်းသူတို့ ဇနီးမောင်နှံနှင့် ရှယ်ယာလွှဲပြောင်းရေးတွေ လက်မှတ်ထိုးကြသည်... အားလုံးပြီးစီး၍ ကိုမင်းသူတို ပြန်ထွက်သွားကြတော့မှ ငြိမ်းက ထိုမောင်နှမသုံးယောက်ကို မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည်...

ဟေမာက ငြိမ်းကို နှာခေါင်းလေးရှုံ့ပြလာပြီး...

"ဟိုဦးလေးကြီးက ပြောသွားတာ မဖြစ်စလောက် ရှယ်ယာတဲ့... ဟေမာကတော့ မွဲသွားတာပဲ... ကိုကြီးငြိမ်း... ဟေမာ မွဲသွားပြီ"

"အဟက်"

ငြိမ်း ရယ်လိုက်မိသည်... so sweet က ငြိမ်းဘေးက ထိုင်ခုံမှာ ရွှေ့ထိုင်လာပြီး စားပွဲပေါ်လက်တင်ပြီး မေးထောက်လျှက် ငြိမ်းကို ကြည့်နေသည်...

"ဘာလဲ...မင်းက"

"ကျွန်တော်လဲ မွဲသွားပြီ... အစ်ကို တာဝန်ယူတော့"

"အဟား"

ငြိမ်းရယ်နေရင်း ရင်ထဲမှာ ချမ်းမြေ့နေရသည်... ဒီမိသားစုကြီးက ငြိမ်းကို တကယ်ပဲ သူတို့ဘဝထဲသို့ ငြိုငြင်ခြင်းကင်းစွာဖြင့် ဆွဲသွင်းခဲ့ကြပြီ...

မေတ္တာတွေ လက်ခံယူမိပြီးတဲ့နောက်မှတော့ ငြိမ်းက ချစ်နိုင်တာထက်ပိုပြီး ပြန်ချစ်ပေးဖို့ပဲရှိတော့တာပေါ့....

ထိုအချိန်မှာပဲ တံခါးခေါက်သံနဲ့ အတူ အခန်းဝမှာ လူတစ်ယောက်ပေါ်လာပြီး...

"ကလေးတွေ... ပြီးပြီလား... မုန့်သွားစားကြမယ်"

"ဟာ...လေးမောင်ပါ ပါလာတာလား"

ငြိမ်း ထပ်ပြီး အံ့ဩောရပြန်ပါပြီ...

"ဟေး....သွားမယ် သွားမယ် ဗိုက်ဆာနေပြီ"

အားလုံးတက်ညီလက်ညီ သွားဖို့လုပ်ကြတော့ ငြိမ်းက ကိုသီဟကို မှာစရာရှိတာ မှာခဲ့ပြီး နောက်ကလိုက်ရတော့သည်... ငြိမ်းတို့ တော်ဝင်စင်တာထဲက ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကြပြီး စားကြသောက်ကြ အလုပ်ကိစ္စတွေ ပြောကြသည်...

"ပျင်းလာပြီ မမကေသာ...so sweet... what's in your bag challenge ဆော့ကြမယ်... video ရိုက်ပြီး facebook တင်ကြေး"

"ဟမ်! Nooooo"

"Hell No!!!"

ဟေမာ့ အပြောကို ကေသာနဲ့ so sweet က အလန့်တကြားထအော်ကြသဖြင့် ငြိမ်းနဲ့ လေးမောင်ပင် လန့်သွားကြရသည်...

"တွေ့လား တွေ့လား... မဆော့ရဲကြဘူး ... မရဘူး ဆော့မယ်လို့... ကိုကြီးငြိမ်း ဆော့မယ် နော်"

ဟေမာက ငြိမ်းကို စစ်ကူခေါ်ပြီး မျက်နှာရိပ်မျက်နှာကဲ လုပ်ပြသည်... ငြိမ်းလဲ ဒီ အကြောက်အကန်ငြင်းနေကြသည့် နှစ်ယောက်ကို ညစ်ချင်စိတ်ကလေး ပေါက်လာရသည်နှင့် သဘောတူလိုက်သည်...

"အင်း ဆော့ကြမယ်"

"ဟေး.... အိုးခေ... ဒါဆို ကိုကြီးက ဟေမာတို့ထဲက တစ်ယောက်ရွေး... ဘယ်သူ့အိတ်ကို ကြည့်ချင်လဲ"

"ammm... ကေသာ"

"အား!!!! ကိုကြီးက.... ဘာလို့ ကေသာလဲ!!!! so sweet ကိုရွေးလေ!!"

"ဘာလို့ so sweet လဲ... သား မှာ ဘာမှမပါဘူး... ပြပြ မမကေသာ အိတ်... စားပွဲပေါ်တင်လိုက်... သား video ရိုက်ပေးမယ်"

"ပေးပေး...ဟေမာ ဖွင့်မယ်"

ဟေမာက ကေသာ့အိတ်ကို စားပွဲပေါ်တင်ပြီး ပစ္စည်းတွေကို တစ်ခုချင်းစထုတ်သည်... so sweet က video ရိုက်ထားသည်...

"ဟုတ်ကဲ့ ခင်ဗျ အခု what's in your bag challenge အစီစဉ်လေးမှာ ဒေါ်ကေသာကြည်ညွှန်းရဲ့ အိတ်ထဲ ဘာတွေရှိလဲ ကျွန်တော်တို့က စပ်စုမှာ ဖြစ်ပါတယ်ဗျ"

ကေသာ့ အိတ်ထဲက ပထမဆုံးထွက်လာသည်က....

ပိုက်ဆံအိတ်အသေး...airpods... power bank... ဘောပင်ထည့်သည့်အိတ်... အမျိုးသမီးလစဉ်သုံး pad ထုတ်လေးတွေထည့်ထားသည့် ကာတွန်းရုပ်တွေပါသည့်အိတ်ကလေး... ဦးချိန်တီ လျှက်ဆားဗူး... ရေဗူးအသေး...

ခုချိန်ထိ ဘီး တို့ မှန်တို့ မိန်းကလေး အသုံးဆောင် ဘာတစ်ခုမှ ထွက်မလာသေး... အယုတ်စွဆုံး မိန်းကလေးဆန်စွာ တစ်ရှူးထုတ်ပင် မရှိပေ...

နောက်ထပ် ထပ်ထွက်လာသည်က ကြိုးတွေလုံးထွေးပြီး အထုံးလိုက်ဖြစ်နေသည့် earpiece တစ်စုံ...

"ဟ! ဘာကြီးတုန်း နင့်ဟာက ၃၅ လမ်းက လမ်းမီးတိုင် ဓာတ်ကြိုးထုံးကြီးလိုပဲ"

"လေးမောင်ကလည်း... ကေသာ အဲ့ဒါ ဖြည်နေတာ ၃ လ လောက်ရှိပြီ ဖြည်မရလို့ ပစ်ထားတာ...တော်တော့ ဆက်မထုတ်နဲ့တော့"

"မရဘူး အကုန်ထုတ်ရမှာ"

"ဟင် ဒါက ဘာကြီးလဲ"

ကေသာ့အိတ်ထဲမှ ထပ်ထွက်လာသည့် ကျွတ်ကျွတ်အိတ် အမဲရောင်ထုတ်ကို ဟေမာက ဖြည်ကြည့်လိုက်သည်...

"ဟင်! ပြောင်းဖူးရိုးကြီး!!"

"အား!!! မမကေသာ ညစ်ပတ်လိုက်တာ ပြောင်းဖူးရိုးကြီးကို စားပြီး မလွှင့်ပစ်ဘူး"

"မဟုတ်ဘူး မေ့နေတာ ပေး...အခုလွှင့်ပစ်မှာ"

"အဲ့ဒီ ကောင်မလေးက အမြဲတမ်း အဲ့လိုချည်းပဲ...သူ့အိတ်ကြီး ငါ့နားလာမချနဲ့... မြောက်ဒဂုံ ၁ ဈေးရှေ့က အမှိုက်ပုံကြီးသားကျလို့"

"လေးမောင်နော်... အဲ့ဒါဆို လေးမောင်အိတ်လဲ ပြ"

"ငါ့ ဘာအိတ်မှ မယူပါဘူး... နင်တို့လို အမှိုက်အိတ်တွေ မလွယ်ဘူး"

"အဟားဟား"

ငြိမ်းတို့ ဝိုင်းရယ်ကြတော့ ကေသာက မကျေမနပ်နဲ့ မျက်စောင်းထိုးကာ...

"so sweet အိတ်လဲ ပြ"

"အာ! သားက ဘာလို့ပြရမှာလဲ... ဘာမှမပါဘူး"

"ဟုတ်တယ် ဟုတ်တယ် so sweet လဲ ပြရမယ် ပေး... မမကေသာ video ရိုက်ထား"

ဟေမာက so sweet ရဲ့ ကျောပိုးအိတ်ကို လုပြီး စားပွဲပေါ်တင်လိုက်ပြန်သည်...

"ကျစ်! ဘာမှ မရှိပါဘူးဆို"

so sweet ရဲ့ အိတ်ဆိုတော့ ငြိမ်းကပါ စိတ်ဝင်စားသွားရသည်... ဟေမာက အထဲက ပစ္စည်းတွေကို တစ်ခုချင်း ထုတ်ပြီး စားပွဲပေါ်တင်သည်...

"ပိုက်ဆံအိတ်...airpods...power bank...ရေဗူး... တစ်ရှုး... အမယ် ဒင်းက တစ်ရှုးတွေ ဘာတွေဆောင်လို့ပါရော"

"ကျစ်! ဘာဆန်းလို့လဲ"

"ကားသော့... ဘောပင်... "

"ရပြီ ရပြီ... အနောက်က အိတ်ထဲ မကြည့်နဲ့ laptop ပဲရှိတယ်...ပြန်ပေးတော့"

"မရဘူး ပြရမှာ အကုန်... ငါ့တုန်းကကျတော့ အကုန်ထုတ်ကြပြီးတော့"

so sweet က အိတ်ကို ဇွတ်ပြန်လုနေသော်လည်း ကေသာကပါ ဆွဲထားပြီး laptop ကို ဆွဲထုတ်လိုက်သည်...

"ဒီအောက်က ဘာဗူးကြီးလဲ"

"အဲဒါမလုပ်နဲ့!!!"

"ဟင်!"

"ဟယ်!"

"ဟ!"

အားလုံးထံမှ အာမေဋိတ်သံတွေနှင့်အတူ ငြိမ်းမျက်နှာလဲ ဖျန်းခနဲပင် ပူထူသွားရတော့သည်... so sweet အိတ်ထဲမှ ထွက်လာသည်က...

၁၂ ဗူး ပါကင်လိုက်ပါသော ကွန်ဒုံးဗူးတွေ!


So sweet IG

..........................................................................

<3 DiDi Zaw
(16/12/2022)

Continue Reading

You'll Also Like

617K 59.6K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
802K 68.8K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
1.2M 90.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
488K 37.4K 50
ဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူ...