"ချစ်ခြင်းမေတ္တာ"ဆိုသည့် စကားဟာ
သိပ်နက်ရှိုင်း၏။ ချစ်ခြင်းနှင့်မေတ္တာကို ပေါင်းစပ်ထားသလို ခံစားရသောသူမှာလည်း တသိမ့်သိမ့်ကြည်နူးရပြီး ချစ်ရသူအား နွေးနွေးကလေး ထွေးပွေ့ချင်လာစေသည်။
သို့သော်ငြား တစ်ခါတစ်ရံကျ ဘ၀ဟာ
ပြဇာတ်ဆန်လွန်းသည်လေ ။
ထိုသို့ပင် သူတို့ဘ၀တွေဟာလည်း ပြဇာတ်တစ်ပုဒ်ထဲကလို ကံကြမ္မာဆိုတဲ့ ဇာတ်ဆရာအလိုကျ..။
ကံကြမ္မာဟာ သူနဲ့နှုန်းကို တွေ့ဆုံစေခဲ့ခြင်းဖြစ်သော်ငြား
၎င်းကံကြမ္မာကပဲ သူနဲ့နှုန်းကို ဝေးသွားစေပြန်၏။
မည်သို့သော်သောမျိုးစိတ်ကလေးမှန်းမသိကတည်းက တစ်မြတ်တနိုးနမ်းရှိုက်ခဲ့ရတဲ့ ပန်းကလေးဟာ အခုတော့ လေ့အဝှေ့မှာ
သူ့အဝေးကို ကြွေလွင့်သွားသလို ..
ထိုအမျိုးသားဟာလည်း သူ့အနားက ထွက်ခွာသွားခဲ့သည် ။
အကြောင်းပြချက်ဟူ၍ ရေရေရာရာမရှိ။
သူ့သွေးသားလေးနှင့်အတူ သူ့အနားက ထွက်ခွာသွားပြီး
အဓိပ္ပာယ်ကောက်ရန် ခက်ခဲလှ
သည့် စာတစ်စောင်ကိုသာ ချန်ထားပေးခဲ့၏။
{ ကောင်လေး .. နှုန်းမရှိတုန်းလိမ်လိမ်မာမာနေရမယ်နော်..
နှုန်း မင်းအနားက ထွက်သွားတာဟာ ဘ၀တစ်သက်စာအတွက် အပြီးတိုင်မဟုတ်တာမလို့ နှုန်းပြန်လာတဲ့အထိ စောင့်ပေးမယ်မလားဟင် ~ နှုန်းရဲ့ခံစားချက်တွေ သိပ်ကို ရှုပ်ထွေးနေတယ်
ကောင်လေးရယ် ဒါပေမဲ့ သေချာတာတစ်ခုက နှုန်းမင်းကို
မမုန်းရက်သလို မင်းအပေါ်မှာ စိုးစဉ်းလေးတောင်
မကောင်းမြင်လို့မရခဲ့ပါဘူး ၊
နှုန်းဘ၀မှာ မင်းဟာ ပထမဆုံး မြတ်နိုးရတဲ့ နှင်းဆီလေးပါ။
နှုန်းတစ်ဘ၀လုံအတွက် မင်းကို နမ်းရှိုက်ချင်သေးတာမို့ နှုန်းရဲ့
ပျိုတိုင်းကြိုက်တဲ့ ကလေးအဖေရွှေရောင်နှင်းဆီခိုင်လေးက
စောင့်နေပေးရမယ်နော် ။
ကလေးတွေနဲ့ မင်းကို ခွဲထားတယ်ဆိုပြီး
ငါ့ကို စိတ်နာချင်နာလိုက်ပါ ကောင်လေး
ဒါက ငါ့လိုအသုံးမကျတဲ့သားတစ်ယောက် နောက်ဆုံးအနေနဲ့
လုပ်ပေးနိုင်တာဖြစ်လို့ပါ။
ငါ့ကိုလိုက်မရှာပါနဲ့ ~
ငါမင်းရှာမတွေ့နိုင်မဲ့နေရာမှာ အလုံခြုံဆုံးရှိနေပါတယ်
ငါ့ရဲ့ရစ်ဘီးလေးရေ ..
ငါဟာ မင်းဆီမှာ အဆုံးသတ်ရမဲ့ စွန်လိုဖြစ်တည်မှုမျိုးနဲ့လူပါ ၊ ဘယ်ဆီပဲ ဘယ်လိုလွင့်လွင့် ငါ့ရဲ့ နိဂုံးက မင်းပဲ..
သိပ်ချစ်တယ်
ငါ့ကို စောင့်နေပေးပါ
လာရှာမယ်ဆိုရင် ငါ စိတ်ပင်ပန်းရမှာ အသေအချာပဲနော်
ကောင်လေး }
အဲ့သည့်စာက သက်သေပင်။
Baeက တကယ့် လူလည်လေးပဲ မဟုတ်လား!
စာထဲမှာတောင် ခြိမ်းခြောက်သည့် အရိပ်အယောင်တွေ ပါအောင် သတိပေးစကားဆိုပြီး ရေးခဲ့သေးသည်။
'အချစ်ကလေး မရှိ' ဆိုတဲ့ အသိနဲ့ ရှင်သန်ရတာ ဘယ်လောက်
ပင်ပန်းသလဲ ။ အကြောင်းပြချက်ကို ထည့်သွင်းပြောမသွားခဲ့သည့် အချက်ကလည်း သူ့စိတ်ကို စနို့စနောင့် ဖြစ်စေ၏။
ကိုယ် ဘာအပြစ်တွေများ လုပ်ခဲ့မိလို့လဲ Bae ..
ဒီလောက်အထိ ကိုယ့်စီကနေ မင်းရှောင်ပြေးသွားရတဲ့အကြောင်းပြချက်က ဘာများလဲ ။
ကိုယ်ဟာ ဘယ်အပြစ်ရဲ့ အကျိုးဆက်တွေကို ခံနေရတာလဲ ။
ကိုယ့်သွေးသားနဲ့ ကိုယ့်ကို ခွဲထားရတဲ့ အကြောင်းအရင်းက ဘာများလဲ။
စောအယ်စေးမူးဟာ တွေးရင်းတွေးရင်း မေးခွန်းတွေနဲ့ ရှုပ်လာတဲ့ ခေါင်းကို အတွင်တွင်ခါရမ်းလိုက်မိသည်။ လက်ထဲမှ စာလေးအား ညတိုင်း ထုတ်ထုတ်ဖတ်နေခဲ့သည်မှာ နှစ်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ။
သို့ပေမဲ့ အဆက်အသွယ်များပြီး လူပေါင်းစုံသည့် သူ့စက်ကွင်းထဲကတော့ Bae လွတ်အောင်မပြေးနိုင်ခဲ့ ။
Baeက ကြိုက်တဲ့နေရာကို သွား .. သူက Baeရဲ့ အရိပ်လေ ။
သူက Bae အနောက်မှာ အမြဲရှိတယ် ။
မခေါ်နဲ့ဆို မခေါ်ဘူး ။ မပြောနဲ့ဆိုလည်း သူ နှုတ်ပိတ်နေမယ်။
ဒါပေမဲ့ Bae..
ကိုယ် မင်းမျက်နှာလေးကို အဝေးက ခိုးမငေးခဲ့တဲ့ နေ့ရယ်လိုမှ
မရှိဘဲ။
မင်းမှာ ဘာအကြောင်းပြချက်ကြီးကြီးမားမား ရှိနေလဲ ကိုယ် မဖော်ထုတ်နိုင်သေးဘူး ။
ဒါပေမဲ့ မင်းကို ကိုယ်က သားလိမ္မာလေး ဖြစ်ခွင့်ပေးခဲ့တာ
ဘယ်နနှစ်တောင် ရှိနေပြီလဲ ။
ကိုယ့်စီ ပြန်လာပါတော့လား အချစ်ရယ် ။
ကိုယ် မင်းနှုတ်ခမ်းတွေကို သိပ်လွမ်းမိတယ် ။
ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပွားလေး ၂ယောက် ။
မင်း သိပ်ရက်စက်တယ် Bae ..
ဒါပေမဲ့ မင်းက သိပ်လည်း အ,တယ် ။
မင်းဟာ ကိုယ့်အဝေးကို ပြေးနေခဲ့ပေမဲ့ မင်းရယ် ၊
ကိုယ့်သားလေးရယ်၊ ကိုယ့်သမီးလေးရယ် အမြဲတမ်း
ကိုယ့်အရိပ်အောက်က မထွက်နိုင်ခဲ့ဘူး ။
" မင်း ဘာတွေ တွေဝေနေတာလဲ စေးမူး ငါ့တူနဲ့တူမကို ငါက ပေါ်ပေါ်ထင်ထင် ပွေ့ချီချင်နေပြီကွ ၊
ငါ့အသက်အရွယ်ကြီးနဲ့ မူကြိုကျောင်းအပေါက်ဝမှာ သွားသွားခိုးတွေ့နေရတာ လွယ်တယ်ထင်နေလား "
ကိုကိုကြီး၏ မချတင်ကဲ ရေရွတ်သံကြောင့် စာလေးကို
မမှိတ်မသုန်ကြည့်နေတဲ့ စေးမူးရဲ့မျက်နှာမှာ အပြုံးစစ လေး ဖြစ်ပေါ်လာတော့၏ ။
ကိုကိုကြီးက တကယ်ကို မလွယ်တာ ။
နေ့စဉ်ရက်ဆက် ကလေးတွေကို သွားသွားတွေ့လေရဲ့ ။
မမချိုကလည်း ဘာထူးသလဲလေ။
ရောင်နောက် ဆံထုံးပါဆိုသလို ကိုကိုကြီးနဲ့ တစ်ကြိတ်တည်း
တစ်ညဏ်တည်း ။
နွေးနွေးနဲ့ဘွဲ့မှူးဆိုတာကတော့ ပြောမနေနဲ့။
ကလေးတွေကို Baeမသိအောင် ကားတင်ပြေးမယ် တကဲကဲ ။
နွေးနွေးဆိုကာမှ .. ဒီကလေးမလေးတောင် မိန်းမယူမဲ့
အချိန်ရောက်လာခဲ့ပြီ။ သေချာပေါက် ဒီမင်္ဂလာဆောင်မှာတော့ နှုန်းရှိနေရမှာပေါ့ ။ သစ်ခတ်စိမ်းဆိုသည့် ကောင်မလေးကလည်း ထူးဆန်းသည်။ Bae နဲ့ အဲ့လောက် သိကျွမ်းကြတာလည်း မဟုတ်ဘဲ Baeကို သူ့မင်္ဂလာပွဲတွင် ရှိနေစေချင်ပါသည်တဲ့ ။
" ပြောတာကို ကြားလား မထုံတက်တေး လုပ်မနေနဲ့ ၊
မင်း မခေါ်ရင် ငါသွားခေါ်တော့မှာ !
မင်းက မင်းလင်နဲ့ ခွဲနိုင်ပေမဲ့ ငါက ငါတူတွေတူမတွေနဲ့
အတူနေချင်ပြီ"
ကိုကိုကြီး၏ ဘေးတွင် ထိုင်ကာ ရေဖက်မဝင်အောင်ပြောနေသည့် စကားများကြောင် သူ့စိတ်တွေ ရှုပ်ထွေးလာခဲ့တော့၏။
သူ့အနေနဲ့လည်း Bae နဲ့ ဘယ်ခွဲချင်ပါ့မလဲ ။
မတတ်သာ လို့သာ ခွဲနေနေရတာ ။ ဒါကလည်း သူ့အနေနဲ့ ချစ်ရသူရဲ့ ဆန္ဒကို အလေးထားပြီး ချစ်ရသူ ဆုံးဖြတ်ချက်ကို လိုက်နာသည့် သဘော။ အနည်းဆုံးတော့ သူ့အရိပ်အာဝါသ အောက်မှာ ရှိနေသေးတာပဲလေ ။
ဒါပေမဲ့ ဒါတွေက လုံလောက်ပြီလေ ။
ဒီလောက်အထိ သားလိမ္မာလေး လုပ်ပြီးရင် Baeလည်း
ကျေနပ်သင့်ပြီ။ မယားအလိမ္မာလေး ပြန်လုပ်ရမဲ့အချိန်ရောက်ပြီ မဟုတ်လား .. ဟမ့် !
______________________________________________________
" တူကြီး .. ဘာလို့ မှိုင်နေတာလဲ
နောင်တရစိတ်တွေ ဝင်လာပြီလား "
အိမ်ရှေ့ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ ပုံရိပ်ဖြူဖြူလေး၏ဘေးဝင်ထိုင်ကာ ဦးမြင့်မော်ဟာ ရေနွေးကြမ်းတစ်ခွက်ငှဲ့ရင်း တမင်
စကားခလုတ်တိုက်လိုက်၏။
အမေးကို စကားအဖြေနှင့် မဟုတ်ဘဲ နှုတ်ခမ်းတစ်ဖက်ကို ပင့်ပြုံးရင်း နောင်တမရကြောင်း အမူအရာပြကာ ဖြေလာ၏။ ဦးမြင့်မော် ဒီကောင်လေးကို စတွေ့တုန်းက ဆံသားနုနုတွေဟာ ခါးအထက်ထိ ရှည်နေခဲ့တာ ။ တနူးတညံ့နဲ့ ရို့ရို့ကျိုးကျိုးအမူအရာတွေကို သူ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး ။
FAME အိမ်တော်ကြီးကနေ ဒီကောင်လေး ထွက်လာကတည်းက
ဦးမြင့်မော်ကသာ ဒီကောင်လေးရဲ့ အဖေလည်းဟုတ်၊ဦးလေးလည်း ဟုတ်ခဲ့တာ ။
ဦးမြင့်မော်က သူများ အိမ်ထောင်ကို ဖျက်ဆီးခဲ့တာမဟုတ် ။
သူများ မိသားစုကို သေကွဲကွဲစေခဲ့တဲ့ အပြစ်သားရဲ့အကြောင်းကို အမှန်အတိုင်း ဖွင့်ဟပေးခဲ့ရုံပဲ။
ဘယ်လိုဘယ်ပုံ ဆုံးဖြတ်ခဲ့ခြင်းက ဒီကောင်လေးအပေါ်သာ မူတည်ခဲ့တာ။ ဒီကောင်လေးရဲ့ ဆုံးဖြတ်ချက်ကလည်း မှန်ကန်ခဲ့ပါတယ်။
အဲ့သည်လိုမှ မဟုတ်ရင် စံနှုန်းညီနဲ့ရတီလင်းတို့ လင်မယား
တမလွန်မှာ ဘယ်အေးချမ်းနိုင်ပါ့မလဲ ။
တစ်ဖက်သတ်အချစ်ဟာ ပူလောင်လွန်းတယ်။
အနေအထိုင်တတ်ရင် လူအသနားခံရမှာဖြစ်ပြီး
အနေအထိုင်မတတ်ရင် လူ အမြင်ကပ်စရာ ဖြစ်သွားရတာပဲ။
တစ်ဖက်သတ်အချစ်မှာ ခံယူချက်၂မျိုးနဲ့ပဲ ရှိတယ်။
ချစ်တဲ့သူပျော်နေရင် အဝေးကငေးနိုင်တဲ့ မေတ္တာရှင်တွေရယ်..
အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုတဲ့ ဗီလိန်တွေရယ် ..
ဦးစောနပိုလျံဟာ ဒုတိယအမျိုးအစားထဲမှာ ထိပ်ဆုံးက အပါအဝင်ပဲ။
"မစားရတဲ့ အမဲကို သဲနဲ့ပက်တယ်" လို့ပဲ ပြောရမလား ။
အချစ်ဟာ သူ့မျက်လုံးကိုတင်မဟုတ်ဘူး၊ သူ့စိတ်ကိုပါ ကန်းစေခဲ့တာ။
သူ ချစ်ရတဲ့သူကို သူကိုယ်တိုင် သတ်ခဲ့တာ ။
" တောက် ! တကယ်ကွာ .. "
ဦးမြင့်မော်ရဲ့ တောက်ခေါက်သံက မနက်စောစောစီးစီး အိမ်ရှေ့မှာ ကျယ်လောင်စွာ ထွက်လာ၏ ။
ပုံမှန်အတိုင်းဆို ဒီလို ရုတ်တရတ် တောက်ခေါက်တာမျိုးကို ညီညီက အရင်တုန်းကတော့ ကိုယ်လေး ဆက်ကနဲ တုန်တဲ့အထိ
လန့်တတ်တယ်။ အခုတော့ အပြုံး အရယ်မရှိ။ စိတ်ဓာတ်ကလည်း မာရေ ကြောရေနဲ့ ။ ဒီကောင်လေးက တကယ်ပြောင်းလဲလာတာပဲ။
အချစ်နဲ့ ဝေးရာမှ နေနေရလို့များလား ။
ဆံပင်ခပ်တိုတို ၊ သင်္ဘေားသား ဖျင်အင်္ကျီလက်တိုလေးနဲ့၊ ပုဆိုးကို ခြေမျက်စိဖုံးတဲ့အထိ ဝတ်တတ်တဲ့ကောင်လေးက သူ့သားနဲ့သမီးကိုဆို မျက်နှာ တစ်ချက်အညှိုးမခံဘူး ။
ဦးမြင့်မော်ဟာ အဝေးကိုငေးရင်း အတွေးလွန်နေတဲ့ ကောင်လေးရဲ့ ပုခုံးကို ပုတ်လိုက်ရင်း ,
"မင်းအမျိုးသားစီ ပြန်ချင်နေပြီလား
အင်း .. အချိန်တွေကလည်း ကြာခဲ့ပြီ
မင်းသားနဲ့သမီးတောင် မူကြိုအပျော်တန်းတက်နေပြီမလား"
" လုံ.. လုံလောက်ပြီလို့ .. ထင် .. ထင် လား "
ပီပီပြင်ပြင်ထွက်လာတဲ့ စကားလုံးလေးတွေဟာ ဦးမြင့်မော်ရဲ့ စိတ်ကို တွေဝေသွားစေ၏။
သေဆုံးသွားတဲ့ အသက်နှစ်ချောင်းအတွက် လုံလောက်တဲ့ အချိန်ဆိုတာ ဘယ်ရှိနိုင်မှာလဲ ။ ဒါပေမဲ့ ကျန်နေခဲ့တဲ့ ပေါက်စတို့အဖေမှာ
လည်း အပြစ်မရှိပေဘူး။
ညီညီက နောင်တမရဘူး ဆိုသော်ငြား ဦးမြင့်မော်ကတော့
အနည်းငယ် နောင်တရချင်သယောင်ယောင် ။
"သားမှာ ဘာလို့ အဖေပဲရှိတာလဲလို့ သူငယ်ချင်းတွေက
မေးတယ် ဦးကြီး " ဆိုတဲ့ အကြီးကောင်ရဲ့ စကားတွေရော၊ "သမီးမှာ ဖေဖေ၂ယောက်ရှိရင် ကောင်းမှာပဲနော်"ဆိုတဲ့ အငယ်မလးရဲ့ စကားတွေကပါ သူ့ကို နောင်တရစိတ်ဖြစ်ပေါ်စေ၏။
ဒီပေါက်စတွေက အမြွှာတွေလို့ မပြောရဘူး နေရာတကာမှာ စိတ်တူကိုယ်တူပင် ။ ရုပ်ကအစ စိတ်ဓာတ်အဆုံး FAMEအိမ်တော် သခင်လေးနဲ့ သွားတူတာလို့ ညီညီကတော့ ရယ်ရယ်မောမော ပြောရှာ၏။
စောနပိုလျံရဲ့ သွေးတွေပါနေတော့လည်း ဘယ်တတ်နိုင်မလဲ။
ဖြစ်ပြီးတာက ဖြစ်ခဲ့ပြီးပြီလေ ။
" ဝှား !! ဖေဖေ "
"ဝှား .. ဖေဖေ ဟင့် .. သဏ္ဌာန် အိပ်မက်ဆိုးမက်တယ် "
ဒီကလေးတွေက အဲ့သည်လို မျက်လုံး နှစ်လုံးပွင့်တာနဲ့ ညီညီ့ကို
ရှာပြီး ကပ်ချွဲလိုက်ရမှ ။
ညီညီကလည်း အကျင့်လုပ်ပေးထားသည်လေ။
ဘယ်သူတွေနဲ့မဆို ရုပ်တည်ကြီး နေပြီး ခပ်တန်းဆန်းဆက်ဆံ
တတ်တဲ့ ညီညီက သူ့ကလေးတွေနဲ့ကျ အမြဲ နူးညံ့နေတတ်တာ။
ညီညီ့လို ပုံသဏ္ဌာန်လေးနဲ့ကလည်း အချို့ယောက်ျားတွေကိုဆို
အခုလို ခပ်တန်းတန်းဆက်ဆံထားမှ တော်ကာကျမည်သာ။
ညီညီက သိပ်လှတဲ့ ယောက်ျားလေးပဲလေ ။
"သ ..သဏ္ဌာန်လေး ဖေဖေ့ကို ပြော..ပြောပါဦး ဘာ..ဘာအိပ်မက်ဆိုးတွေ မက်တာလဲ၊ လာ..လာ.. အက်(ခ်)စင်းလေးက ဖေ..ဖေဖေ့ ဘယ်...ဘယ်..ဘယ်ဘက်ဘောင်ပေါ် လာခဲ့"
ညီညီကလေ အဲ့တာပဲ! သူ့ဘာသာ လူမှန်းသိတတ်စ အရွယ်ရောက်နေတဲ့ ကလေးတွေကို အကျင့်လုပ်ပေးနေတာ ။
ပြီးတော့ သူ့ယောက်ျားကို ဘယ်လောက် ချစ်မချစ်ဆိုတာကလည်း
ပေးထားတဲ့ ကလေးတွေ နာမည်သာ ကြည့် ။
စောအက်(ခ်)စင်းမူး နဲ့ နော်သဏ္ဌာန်မူး တဲ့ ။
ကရင်နာမည်တွေ မပေးစေချင်တဲ့ ဦးမြင့်မော်ရဲ့ ဆန္ဒကိုမှ မထောက်။
သူ့ကို ဒါလေးတော့ နားလည်ပေးပါတဲ့လေ ။
" ဒီလို ဖေဖေရယ် .. အိပ်မက်ထဲမှာလေ သဏ္ဌာန့်မှာ
နောက်ထပ်ဖေဖေ တစ်ယောက်ရှိသေးတာတဲ့၊ သဏ္ဌာန်နဲ့
အေအက်စ်(AS)က သိပ်ပျော်သွားတာ သိလား ၊ ဒါပေမဲ့ ဖေဖေက ဒယ်ဒီ့ကို .. "
"ခ.. ခဏ နေပါဦး သဏ္ဌာန်လေး !
ဘယ် .. ဘယ်က ဒယ်.. ဒယ်ဒီ ပါ..ပါလာရတာလဲ"
"အိပ်မက်ပါဆို ဖေဖေရယ်
အေစက်စ်(AS) ကို မေးကြည့် သူလည်း အဲ့လိုအိပ်မက်မျိုး မက်တာတဲ့"
သဏ္ဌာန်လေးရဲ့ စကားကြောင့် သားကြီးအက်(ခ်)စင်းစီ အကြည့်ပို့မိတော့ သကောင့်သားလေးက ခေါင်းကို ပြတ်ကျမတက် ငြိမ့်ပြလာ၏။ မဟုတ်သေးပါဘူး ၊ ဒီကလေးတွေ အခုတလော ဒီလို စကားတွေ ခဏခဏ ပြောလာကြသလိုပဲ ။
"အဲ့တာ ဖေဖေက ဒယ်ဒီ့ကို .. အဲ .. သဏ္ဌာန်ပြောချင်တာက အိပ်မက်ထဲမှာပေါ့နော် ဟီး .. ဖေဖေက အိပ်မက်ထဲက ဒယ်ဒီ့ကို နှင်လွှတ်တယ်တဲ့ ၊ စိတ်ဆိုးမာန်ဆိုးနဲ့ပေါ့လေ "
ပုံနှုန်းညီဟာ သူ့မျက်နှာကို အရိပ်အခြေကြည့်ရင်း ပြောနေတဲ့ သမီးလေးရဲ့ စကားကို မျက်မှောင်ကုတ်ကာ နားထောင်နေမိသည်။ တစ်ခုခုတော့ မှားယွင်းနေပြီ ။ အကြောင်းကိစ္စမရှိဘဲ ဒီလို စကားတွေ ပြောလာမှ မဟုတ်ဘူး ။
"ဟုတ်..ဟုတ်ပြီ ဆောင်းတွင် အိပ်..အိပ်မက် ကယောက် ကယက်တဲ့၊ စိတ် .. စိတ်ထဲ ထည့် မနေဘဲ .. ကျောင်း .. ကျောင်းသွားဖို့သာ စာ .. စာ အုပ်တွေ ထည့် .. ထည့်ကြ "
"မဟုတ်ဘူး ဖေဖေ တကယ်လို့ အဲ့လိုသာ အိပ်မက်ထဲကလိုသာ ဒယ်ဒီ ရှိရင်လေ ၊ ဒယ်ဒီက အဲ့လို လာခေါ်ခဲ့ရင်လေ ဖေဖေက .."
"နော်...နော်သဏ္ဌာန်မူး .. ဖေဖေ စကား အ..အများကြီးပြောရတာ မ..မကြိုက်ဘူး "
သူရဲ့ လေသံမာမာအောက်မှာ ညှိုးကျသွားတဲ့ မျက်နှာလေးကို မြင်တော့ ပုံနှုန်းညီ စိတ်မကောင်း ။ ဒါပေမဲ့ မတတ်နိုင်။ ကလေးတွေကို သူ အသိပေးချင်ပေမဲ့ သူတို့ဖခင်နဲ့ ဒီနှစ်တွေမှာ ခွဲခွာထားတဲ့ သူ့ကို အပြစ်မြင်နေကြလေမလား ။ မြင်သင့်တာပေါ့ ။
အငယ်မလေးက အိမ်ထဲသို့ ဝင်သွားလေတော့ အက်(ခ်)စင်းကပါ
လိုက်ကာ ဝင်သည်။ ပြောရလျှင် စိတ်နေစိတ်ထား အမူအကျင့်တွေအရ အငယ်မလေးက သူသိပ်ချစ် တဲ့ ကောင်လေးနဲ့တူပြီး အက်(ခ်)စင်းကတော့ သူနဲ့တူ၏။
" တူကြီး .. မင်း စိတ်မကောင်းဖြစ်နေသလား
ဒါ ဦးလေးမပြောသင့်တာကို ပြောခဲ့မိလို့များလားကွယ် "
" မ .. မဟုတ်ဘူး ဦးလေး ၊ ပြော .. ပြောသင့်တာပေါ့
နှုန်း .. နှုန်းဘဝတစ်လျှောက်လုံး ရှာဖွေနေခဲ့တဲ့ အ .. အမှန်တရားကို ဦးလေး ပြောခဲ့ပေးတာ မှန် .. မှန်တာပဲ "
" တူကြီးရယ် .. မင်းမလည်း မိဘနဲ့ ယောက်ျားကြား ဗြာများခဲ့ရပြီ"
သူ့စကားကို ကြားတော့ ညီညီက ပြုံး၏။
စိတ်ချလက်ချဖြစ်စွား အေးချမ်းသည့် အပြုံးမျိုး ။
" ဟင့်အင်း .. နှုန်း .. နှုန်း အမျိုးသားက နှုန်းကို နား .. နားလည်တဲ့နေရာမှာ သိပ်.. သိပ် တော်တယ် ဦးလေး၊ ရှင်း .. ရှင်း မပြလည်း သူ သိနေမှာ "
ယုံကြည်ချက်ရှိရှိနဲ့ အေးဆေးစွာ ပြောလာတဲ့ ကောင်ငယ်လေးကို ကြည့်ရင်း ဦးမြင့်မော် ခေါင်းကို ဖြေးဖြေးချင်း ငြိမ့်မိသွား၏။
လောကမှာ ရှိတဲ့ အချို့ ချစ်ခြင်းမေတ္တာတွေများ သိပ်စိတ်ချချင်စရာကောင်းတယ်။ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲဖြစ်ဖြစ် ချစ်တာက ချစ်တာပဲ။
ဒီကောင်လေးမှာ ပြန်လာရင် အသင့်ကမ်းနေမဲ့ လက်တစ်စုံရှိတယ်။
ဒါဟာ စိတ်ချရတဲ့ မေတ္တာပေါ့။
စိုးရိမ်စရာ မလိုတဲ့ ချစ်ခြင်းပေါ့လေ ။
______________________________________________________
" အခြေအနေ ဘယ်လိုလဲ ဒယ်ဒီ့မင်းသမီးလေး ၊
ဒယ်ဒီ့ကို ပြောပါဦး "
စောအယ်စေးမူးဟာ သဏ္ဌာန်လေးကို အားကိုးတကြီး ကြည့်ရင်း အဖြေကို အာရုံစိုက်နေ၏။
နော်သဏ္ဌာန်မူးက သက်ပြင်းကို ချရင်း စောအက်(ခ်)စင်းမူးကို ကြည့်ကာ,
" သမီးကတော့ အားတက်သရော လှော်တာပဲ ဒယ်ဒီရယ်
အေအက်စ်(AS) က ဖော်လို လိုက်မပေးဘူးလေ "
သမီးရဲ့စကားကြောင့် စေးမူးဟာ အမြဲငြိမ်နေတတ်ပြီး
အပြုံးအရယ်သိပ်မရှိတဲ့ Baeရဲ့ ပုံတူလေးကို ပြုံးကာ ကြည့်ရင်း
မျက်စပစ်ပြလိုက်သည်။
သဘောက ဘယ်လိုဖြစ်ရတာလဲ ဆိုသည့် သဘော ။
" သား မ လိမ် တတ် ဘူး Daddy "
"ဟောဗျာ သေရော "
"ASရယ် နင်ဟာလေ ငါနဲ့ဒယ်ဒီလို လိုက်လုပ်ပါဆို၊
အဲ့တာမှ ဖေဖေ စိတ်ပြောင်းမှာပေါ့"
စေးမူးရော သဏ္ဌာန်ရောကပါ အားကိုတကြီးနှင့် အက်(ခ်)စင်းအား ကြည့်ကာ ပြုံးပြလာကြ၏ ။
သို့သော်ငြား တိတ်ဆိတ်နေသော ကားလေးထဲတွင် ပြတ်သားစွာ ထွက်ပေါ်လာသည့် အသံသေးသေးလေးကား ,
" လိမ် မ ပြော ချင် ဘူး "
သားဖြစ်သူ၏ အဖြေကြောင့် စောအယ်စေးမူးဟာ သဘောကျစွယ ဟက်ကနဲ ရယ်လိုက်မိသည်။
စောအက်(ခ်)စင်းဟာ Baeရဲ့ ကိုယ်ပွားလေး ..
နော်သဏ္ဌာန်မူးကတော့ သူ့နဖူးကိုယ်သူ လက်ဖြင့်ရိုက်လိုက်ကာ
"ငါ့နှယ်"ဟုသာ ရေရွတ်နေလေသည်။
" ဘာမှ စိတ်မပူနဲ့ ဒယ်ဒီ ၊ သဏ္ဌာန်ရှိတယ် ၊ သဏ္ဌာန်က
စကားအရာမှာ သိပ်တော်တာ ဒယ်ဒီ သိတယ်ဟုတ်?"
" လိမ် တဲ့ နေ ရာ လို့ ပြော "
"AS !! နင် ..! "
စောအယ်စေးမူးဟာ ဒီပေါက်စလေး နှစ်ယောက်ကိုကြည့်ကာ ကြည်နူးစိတ်တို့ တသိမ့်သိမ့်ဖြစ်ပေါ်လာ၏ ။
Baeက သူ့စီက ထွက်သွားချင်ရင် သူက Baeဆန္ဒကို
လိုက်လျောလိုက်မည်။ ဒါပေမဲ့ဒါဟာ သူ့ရင်ခွင်ထဲကသာ
ဖြစ်ရမည်ဖြစ်ပြီး သူ့အရိပ်အောက်ကနေတော့ လုံးဝ ဖြစ်လို့ မရ ။
မင်းစိတ်ကြိုက် နေလို့ လုံလောက်ပြီလား အချစ် ..
ကိုယ်က မင်းကို ကိုယ့်ရင်ခွင်ထဲ ပြန်ဆွဲသွင်းဖို့ လုပ်တော့မှာမလို့ ။
ကိုယ်ဟာ မင်းရဲ့ ရစ်ဘီးလေးလေ Bae ..
မင်း ကိုယ့်စီ ပြန်လာဖို့ အချိန်တန်ပြီ ။
__________________________________
(A:N/ ပြန်လာပါပြီ၊ စာတြွေပန်ရေးပါတော့မယ်။ နောက်အပိုင်းက သဘက်ခါ မဟုတ်ရင် ၂ရက်လောက်ဆို ရပါမယ်။ ပျက်ကွက်မှုတွေအတွက်တောင်းပန်ပါတယ်။)