Match Made In Clouds

By TayDiDi

2.6M 185K 27K

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... More

Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details

Ep 14 (U)

42.7K 4K 1.2K
By TayDiDi

အာကာ ဒီနေ့ သင်တန်းလည်း မသွား... ရုံးသို့လဲ လိုက်မသွားဘဲ အိမ်မှာခွေနေမိသည်... ညက အစ်ကိုနဲ့ ဖုန်းပြောတော့ မိုးတွေရွာနေပြီး ဒီရက်ပိုင်းမှာ မိုးကတော်တော်ကောင်းနေသည်... မိုးတွေခြိမ်းတဲ့အချိန်ဆို အစ်ကိုတစ်ယောက်တည်း ကြောက်နေမှာ စိတ်ပူသည်... အစ်ကို့အိမ်မှာ Driver ဦးလေး.... အစ်ကို့ ကြီးမေနှင့် အကူကောင်မလေး ရှိတယ် ပြောပေမဲ့ အာကာ အစ်ကို့ကို အိမ်မှာခေါ်ထားချင်နေမိပြီ...

အာကာ အစ်ကို့ကို တစ်ယောက်တည်း ထားရတာ ဘယ်လိုမှ စိတ်မချနိုင် ဖြစ်နေရသည်... ဆုံးသွားသည့် အမေကို သတိရပြီး အစ်ကိုဝမ်းနည်းနေမှာ စိုးရိမ်သည်... အဆိုးဆုံးက အစ်ကို့သူငယ်ချင်း မချယ်ရီက ဝင်ထွက်သွားလာနေတာကို အာကာဘယ်လိုမှ မရှုစိမ့်နိုင်ပေ...

အာကာ အိမ်ရှေ့ဧည့်ခန်းထဲရှိ ဆိုဖာခုံရှည်တွင် လှဲအိပ်နေပြီး ပြုတင်းပေါက်မှ မိုးစက်တွေကို ငေးရင်း တွေးနေမိသည်... အဖေကြီးကို အရင်ဆုံး ဖွင့်ပြောရမည်... ပြီးတော့ လေးမောင်... ပြီးတော့ မမကေသာနှင့် မမဟေမာကို ပြောမည်... ပြီးတော့မှ ကျန်တဲ့အစ်မတွေကို ပြောမည်... အမေကတော့ နောက်ဆုံးပေါ့... အားလုံး အဆင်ပြေပြီဆိုတာနှင့် အစ်ကို့ကို သွားခေါ်ထားတော့မည်...

"ကိုကြီး so sweet ဒီနေ့ ဘယ်မှ မသွားဘူးလား"

မော်မော်က အာကာ့ဘေးမှ ခုံမှာ ဝင်လာထိုင်ပြီး မေးသည်...

"အေး... နင်ရော သင်တန်းမသွားဘူးလား"

"မိုးတွေရွာနေလို့ ဟီးဟီး"

"ငါ အဖွားနဲ့ တိုင်မှာ"

"ကိုကြီး so sweet ကလည်း... ကိုကြီး သမီးတို့ သရဲကားကြည့်ကြမလား"

"အာ... မကြည့်ချင်ပါဘူးဟာ"

"ကြည့်ရအောင်ပါ ကိုကြီးရ... သမီး သရဲကား ကြည့်ချင်လို့ပါ တစ်ယောက်တည်း မကြည့်ရဲလို့"

"သရဲကြည့်ချင်တာများ နင် မှန် သွားကြည့်ပေါ့ဟ အတူတူပဲကို"

"အမ်... မှန်ကြည့်... အာ.., ကိုကြီး so sweet ကလည်း!!"

"ဂျိန်း!!!! ဂျလိန်း!!!!"

"အောင်မလေး ပလုတ်တုတ်!!!!!"

ထိုအခိုက်တွင် မိုးခြိမ်းသံ အကျယ်ကြီး ထွက်ပေါ်လာသဖြင့် မော်မော်က လန့်အော်ပြီး ထိုင်ခုံပေါ်မှနေ၍ အောက်သို့ဆင်းထိုင်ကာ နားနှစ်ဖက်ကို ပိတ်ထားသည်... သူ့အော်သံကြောင့် အာကာပင် တုန်သွားရသည်...

"အာ... မော်မော်ရာ... မိုးခြိမ်းတာက ကြောက်ဖို့မကောင်းဘူး... နင်အော်တာက ပိုကြောက်ဖို့ ကောင်းတယ်ဟ"

"လန့်သွားတာကိုးလို့ မိုးကြိုးပစ်လိုက်ပြီထင်လို့"

"အသည်းကလည်း ငယ်လိုက်တာ... ကြောက်မနေနဲ့ မိုးကြိုးက နင့်ကို ပစ်ပြီးသားထင်လို့ ပစ်မှာမဟုတ်ဘူး"

"အမ်... ကိုကြီး so sweet နော်!! သမီး အဲ့လောက်လဲ အသားမမဲပါဘူးလို့!!"

"အေးပါ မမဲပါဘူး... မိုကြိုးပစ်ပြီးသား ထင်ရုံလောက်လေးပါဟ"

"ကိုကြီးကလည်း!!! တော်ပြီ အဖွားဆီပဲ သွားတော့မယ်"

မော်မော်က သူ့အဖေဘက်ကို တူသည်မို့ မောင်နှမဝမ်းကွဲတွေထဲမှာ အသားညိုသူဖြင့်သဖြင့် အမြဲအစခံရတတ်သည်...

"သွားပါဟာ... ငါ စိတ်မကြည်ရတဲ့ ကြားထဲ နင်က လာပွါးနေတာ"

"အမလေး စိတ်မကြည်တာတောင် သူများကို စဖြစ်အောင် စလိုက်သေးတယ်"

မော်မော် ထွက်သွားတော့ အာကာလည်း လှဲနေရာမှ ထထိုင်ပြီး ပြုတင်းပေါက်တွင် သွားရပ်ကာ အိမ်ပြင်ကို ငေးနေမိပြန်သည်... မမဟေမာ နဲ့ အမေက အိမ်အလယ်ခန်းထဲမှာ အင်္ကျီချုပ်နေကြသဖြင့် အာကာ့ကို စိတ်မဝင်စားအားကြ၍ တော်သေးသည်... မမဟေမာ ဒီဇိုင်နာသင်တန်းဆင်းပြီးကတည်း သားအမိနှစ်ယောက် စက်ဝယ်ပြီး အားအားရှိတိုင်း အင်္ကျီတွေပဲ ချုပ်နေကြတော့သည်...

အာကာ သက်ပြင်းရှည်ကြီး ချလိုက်သည်... တွေးနေတာထက် ပြေးလိုက်တာက ပိုမြန်လိမ့်မည်မဟုတ်လား... အာကာ အချိန်တွေအကြာကြီး မဆွဲချင်တော့ပေ...
ဒီညနေပဲ အဖေကြီးကို ဖွင့်ပြောပြလိုက်တော့မည်...

...........................................................................

ချယ်ရီက စားပွဲပေါ်မှ ကော်ဖီခွက်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားပြီး စကားပြောရန် ချီတုံချီချဖြစ်နေသည်... ငြိမ်းကိုကြည့်လိုက် သက်ပြင်းချလိုက်နှင့် အတန်ကြာမှ စကားစလာသည်...

"ငြိမ်း"

"အင်း"

"ဟို... ငါလေ... ဘယ်ကစပြီး ပြောရမှန်းမသိဘူး... နင် ငါ့ကို ပြောပြချင်တာ တစ်ခုခုမရှိဘူးလားဟင်"

"ဘာအကြောင်းလဲ"

"နင့် အချစ်ရေး အကြောင်း"

ဒီလိုမျိုး ကိုယ့်ပတ်ဝန်းကျင်မှာ ဝန်ခံရမဲ့နေ့ကို ရောက်လာမယ်မှန်း ငြိမ်း ကြိုတွေးထားပြီးဖြစ်ပေမဲ့ နဖူးတွေ့ ဒူးတွေ့ ပြောရတော့မယ်ဆိုတော့ ငြိမ်း အာခေါင်တွေပင် ခြောက်လာရတော့သည်... စားပွဲပေါ်မှ ရေခွက်ကို ကောက်ယူကာ သောက်လိုက်ပြီး လည်ချောင်းရှင်းရသည်... so sweet သာ အနားမှာရှိနေရင်တော့ ဒီထက်ပိုပြီး လွယ်လွယ်ကူကူပြောထွက်လိမ့်မည် ထင်သည်... ငြိမ်း အသက်ကို ပြင်းပြင်း ရှုသွင်းလိုက်ပြီး ချယ်ရီ့ကို ကြည့်လိုက်သည်...

"ငါ... ငါ ချစ်နေတဲ့သူ ရှိတယ်"

ချယ်ရီက ခဏမျှ ငြိမ်သွားသည်...

"ဘယ်သူလဲ... ငြိမ်း... ငါထင်နေတာတော့ မဟုတ်ဘူးမလား"

"နင် ဘာထင်နေမှန်း မသိပေမဲ့... ဟိုနေ့က အာကာကြည်ညွှန်းနဲ့ ပတ်သက်ပြီး ထင်နေတာဆိုရင်တော့... ဟုတ်တယ်"

"ငြိမ်းရယ်... မဟုတ်ဘူးလို့ပဲ ပြောလိုက်ပါတော့လား"

ချယ်ရီ့အသံတွေက တုန်ရင်ပြီး ငိုသံပါနေသည်...

"ငါ သူ့ကို တကယ်ချစ်မိသွားတာ"

ချယ်ရီက ခေါင်းကို ဘယ်ညာရမ်းပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် စားပွဲပေါ်မှ ငြိမ်းရဲ့ လက်ကို ဆွဲယူပြီး ဆုပ်ကိုင်လာသည်...

"ငြိမ်း... မဟုတ်ဘူး... မဟုတ်ပါဘူး... ငါနားလည်တယ်... နင့်ခံစားချက်ကိုနားလည်တာမို့ ဒါတွေက တခဏတာ စိတ်ခံစားချက်တွေပါ... နင် အန်တီ့ကို ရုတ်တရက်ကြီး ဆုံးရှုံးလိုက်ရလို့ စိတ်အခန့်မသင့် ဖြစ်နေတဲ့ အချိန်မှာ တွယ်မိတွယ်ရာ ဖြစ်သွားတာ"

ငြိမ်းက ချယ်ရီ့လက်တွေကို အသာဖယ်ချပြီး ခေါင်းရမ်းလိုက်သည်...

"ငါ အဲ့လို စိတ်ကစားတတ်တဲ့သူ မဟုတ်မှန်း နင်အသိဆုံးပါ ချယ်ရီရာ"

"ငါ အန်တီ့ကို ကတိပေးခဲ့တယ် ငြိမ်း... နင် သိပ်ချစ်ရတဲ့ နင့်မေမေကလေ ငါ့ကို နင့်နားမှာ တစ်သက်လုံးနေပေးဖို့ ကတိတောင်းခဲ့တယ် ငြိမ်းရဲ့... ငါ ကတိပေးခဲ့တယ်... နင့်မေမေက အဲ့ဒီကတိစကားကြောင့် နင့်ကိုစိတ်ချသွားခဲ့တာ... နင်သိလား ငြိမ်း"

"ချယ်ရီ... နင်သိလား... မေမေ အလိုချင်ဆုံးက ငါပျော်နေဖို့ပဲ... အခု ငါ ပျော်နေတယ်... မေမေသိရင်လည်း ဝမ်းသာမှာပဲ"

"ဒါပေမဲ့ နင့်ကို ဒီလိုပုံနဲ့ ပျော်စေချင်မှာတော့ မဟုတ်ပါဘူး ငြိမ်းရယ်... နင့်ကို အန်တီက မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နေစေချင်ခဲ့တာ... နင် အခုလို လူတွေမေးငေါ့ကြမဲ့ ဘဝ... ကိုယ်ပိုင်မိသားစုတောင် မထူထောင်နိုင်တဲ့ ဘဝကို ရွေးခဲ့တာသိရင် အန်တီအသေဖြောင့်မှာတောင် မဟုတ်ဘူး"

"ချယ်ရီ!!"

ချယ်ရီက တစ်ရှူးတစ်ရွက်ကို ဆွဲယူကာ မျက်ရည်တွေကို သုတ်လိုက်သည်...

"ဘာပဲ ဖြစ်ဖြစ် အန်တီ့ကို ပေးထားခဲ့တဲ့ ကတိကို ငါမဖျက်ဘူး ငြိမ်း... ပြီးတော့ နင့်ကိုလဲ ဒီလိုပုံစံနဲ့ ငါမမြင်ချင်ဘူး... ငယ်ငယ်လေးကတည်းက ငြိမ်းအေးအိမ်ဆိုတာ လူတွေကြားထဲ ခေါင်းမော့ ရင်ကော့နေရတာမျိုးပဲ ဖြစ်ရမယ်... ငါ့အဖေနဲ့ အမေ သိရင်လည်း နင့်ကို အခုလို အဖြစ်ခံမှာ မဟုတ်ဘူး... ငါ့ အဖေနဲ့ အမေကို ဖွင့်ပြောတိုင်ပင်ပြီးရင် ငါတို့ လက်ထပ်ပွဲကို စီစဉ်မယ် ငြိမ်း... နင် အဲ့ဒီလိုပဲ...သိထား"

"ချယ်ရီ!!! နေဦး!!!"

ငြိမ်း တားချိန်မရလိုက်ခင်မှာပဲ ချယ်ရီက ထပြန်သွားတော့သည်... ငြိမ်း သက်ပြင်းချလိုက်မိသည်... ဒီကိစ္စက ချယ်ရီ့ မိဘတွေပါ ပါလာရင် ပိုရှုပ်ကုန်လိမ့်မယ်... ချယ်ရီ့ အဖေ ဦးထွန်းဝင်းက ငြိမ်း ဖေဖေရဲ့ အချစ်ဆုံးသူငယ်ချင်း...

ငြိမ်း ဒီ့ထက်ပိုပြီး ပြတ်သားနိုင်မှ ရပါလိမ့်မည်...
ငြိမ်းက ချယ်ရီမျက်သွယ်ကို တစ်သက်လုံး ညီမလေး တစ်ယောက်လိုပဲ သဘောထားခဲ့တာ ဖြစ်သည်... ဘဝလက်တွဲဖော် အနေနှင့် စိတ်ကူးနှင့်ပင် မြင်ယောင်ကြည့်လို့မရပေ...

ရှေ့ရေးကတော့ ပြဿနာတွေ လာလိမ့်ဦးမည်...

ငြိမ်းက ကြံ့ကြံ့ခိုင်နိုင်မှသာ ရပါမည်...

မဟုတ်ရင်... ငြိမ်းရဲ့ ကောင်လေး ဝမ်းနည်းရလိမ့်မည်...

.............................................................................

အဖေကြီးရဲ့ ကား ခြံထဲကို ဝင်လာတာ မြင်သည်နှင့် အာကာ အိမ်ပေါ်မှ တဒုန်းဒုန်းပြေးဆင်းခဲ့သည်...
ခြံထဲကို ပြေးထွက်လာသော အာကာ့ကို ကားပေါ်မှဆင်းလာသော မမကေသာက မျက်မှောင်ကျုံ့၍ကြည့်ကာ...

"ဘာလဲ... ဘာမုန့်မှ မပါဘူး"

"အာ... မုန့်လာကြိုရအောင် ကလေးလားဗျ"

"မသိဘူးလေ...ဘာလို့ ပြေးထွက်လာတာလဲ"

"အဖေကြီးကို လာကြိုတာ"

"ဘာလိုချင်ပြန်ပြီလဲမသိဘူး... အဖေကြီးရေ သတိထားနော်"

ကားတံခါးကို ပိတ်ကာ အိမ်ထဲသို့ဝင်ရင်း မမကေသာက အဖေကြီးကို အော်ပြောသွားသေးသည်...
အာကာတို့အိမ်မှာက လူများပေမဲ့ ကားက ငါးစီးပဲရှိသည်... အဖေကြီးနဲ့ လေးမောင်က တစ်ယောက်တစ်စီး... အာကာ့အတွက်က တစ်စီး... ကျန်တဲ့ နှစ်စီးက အိမ်သုံးဖို့နဲ့ အစ်မတွေ အဆင်ပြေသလို လှည့်သုံးကြရသည်... မမကေသာက သူ့ကို အခုထိ ကားမဝယ်ပေးသေးလို့ အမြဲလိုလို ပြဿနာရှတတ်သည်...

အာကာ့ကို အငယ်ဆုံးသားလေး တစ်ယောက်တည်းမို့ ဖူးဖူးမှုတ်ပြီး အလိုလိုက်ကာ ဝယ်ပေးထားတယ်လို့တော့ မထင်လိုက်ပါနဲ့... တစ်ချိန်လုံးအပြင်သွားရသည့်ကိစ္စတွေ ခိုင်းချင်၍ ဝယ်ပေးထားခြင်းဖြစ်သည်... ဒေါ်ခင်ခင်မျိုးဆွေက အစားသာ နင့်နေအောင်ကျွေးတာ မလိုအပ်ဘဲ အပိုကုန်မည်ထင်သည့် ကိစ္စတွေကိုတော့ အလိုမလိုက်ပါ...

"သားလေး...ဘာတုန်းကွ"

"အဖေကြီး... သားနဲ့ ဘောလုံးသွားကန်ရအောင်လေ"

"ဟေ...အခုလား... မင်း လေးမောင်နဲ့ မီးကြီး က ခွေးသွားဝယ်နေတယ်... မီးလေးကို surprise လုပ်ပေးမလို့တဲ့ မွေးနေ့အကြို"

"ခုမှသွားတာ မဟုတ်လား... သူတို့က ကြာဦးမှာပါ အဖေကြီးရ"

"အေးကွာ... နေဦး အဖေကြီး အဝတ်စားလဲခဲ့မယ်"

အဖေကြီးက တီရှပ်နဲ့ ဘောင်းဘီတို တစ်ထည်လဲပြီး ထွက်လာသည်... အသက် ၅၅ နှစ် ရှိနေပြီဖြစ်သော်လည်း အာကာတို့ အဖေကြီးက နုပျိုအရွယ်တင်သေးသည်...

"အဖေကြီး... မကြီးတို့ မရောက်ခင် ပြန်လာနော်"

"အေးပါကွ"

မမကေသာက လှမ်းအော်ပြီး သတိပေးသည်... အိမ်က စင်ဒရဲလားလေးကို surprise တိုက်မည့် ပွဲမှာ လူစုံမှဖြစ်မည်မဟုတ်လား...

လမ်းထိပ်က ကွင်းရောက်တော့ ကလေးတွေ တစ်ယောက်မှမရှိပေ... ပုံမှန်ဆို ကျောင်းပိတ်ရက်မှသာ လူစုံလေ့ရှိကြသည်...

"မင်း ဘော်ဒါတွေ မရှိပါလားကွ"

"ဒီကောင်တွေ ကျူရှင်သွားရမှာပေါ့ အဖေကြီးရ... ပြီးတော့ မနက်က မိုးရွာထားလို့ ကွင်းပျက်နေတာ"

"ကောင်းကွာ ငါတို့ သားအဖနှစ်ယောက်ပဲ ရွှံ့ဗွက်လူးရမှာပေါ့"

အာကာက ကျောက်ခဲတုံးတွေသယ်ပြီး ဂိုးတိုင်ပြန်ပြင်လိုက်သည်... ထို့နောက် ကွမ်းယာဆိုင်မှာ အပ်ထားသော ဘောလုံးကိုပြေးယူလိုက်ပြီး အဖေကြီးဆီ ပစ်ပေးလိုက်သည်...

အဖေကြီးက ဘောလုံးကို လှည့်ပတ်ကာ အာကာ့ဂိုးတိုင်ဆီသို့ သွားဖို့ကြိုးစားသည်... အာကာက အဖေကြီးဘေးမှ ပြေးကာ လိုက်လုရင်း...

"အဖေကြီး... သား အသက် ဘယ်လောက်ရှိပြီလဲ"

"၂၀ ထဲရောက်ပြီ မပြည့်သေးဘူး"

"အသက် ၂၀ အတွင်းမှာ သား အဖေကြီးကို စိတ်ပျက်ရအောင် လုပ်ခဲ့ဖူးတာမျိုးရှိလား"

"မရှိဘူး...ငါ့သားက ဂျစ်သာဂျစ်တာ အမြဲ စကားနားထောင်တယ်"

ဘောလုံးက အဖေကြီးခြေထောက်ထဲမှနေ၍ အာကာ့ဆီသို့ ပြန်ပါလာသည်... အာကာက အဖေကြီးရဲ့ ဂိုးတိုင်ဘက်သို့ ပြန်ဆွဲသွားပြီး...

"ပြီးတော့လေ သားက တစ်ခုခုကို တကယ်မလိုချင်ဘဲနဲ့ မရမက ပူဆာခဲ့တာမျိုးရှိလား"

"မရှိဘူး...ငါ့သားက တကယ်လိုချင်ပြီဆိုရင်တော့ မစားမသောက်ဘဲ ပူဆာတာ"

"အခုလေ...သား တစ်ခုခုကို အရမ်းလိုချင်နေလို့ အဖေကြီးကို ပူဆာရင် ရအောင်လုပ်ပေးမှာလား"

အဖေကြီးက ဘောလုံးကို ပြန်ဖြတ်လုသွားပြီး ...

"ရနိုင်တာဆိုရင် လုပ်ပေးမှာပေါ့ကွ"

"ရနိုင်တယ် မရနိုင်ဘူးဆိုတာက အဖေကြီးပေါ်မှာပဲ မူတည်တာ"

"ပြောကြည့်ပါဦး"

"သားတို့ နောက်လမ်းထဲမှာလေ မမနာနာရဲ့ သူငယ်ချင်း အစ်ကို ငြိမ်းအေးအိမ် ဆိုတာရှိတယ်"

"အင်း"

"သား... သူ့ကို လိုချင်လို့"

အဖေကြီးက ပြေးပြီး ဘောလုံးလုနေရာမှ ရုတ်တရက်ရပ်သွားသည်... အာကာလည်း ရပ်လိုက်ပြီး အဖေကြီးကို ကြည့်လိုက်သည်... လက်ဖျားတွေလဲ အေးလာပြီး ရင်မှာလဲ တဒိတ်ဒိတ်ခုန်နေသည်... အဖေကြီးများ ရှော့ခ် ရသွားမလားဆိုပြီး စိတ်ပူမိပေမဲ့ အဖေကြီးက တည်တည်ငြိမ်ငြိမ်ပဲ ခါးထောက်ကာ ရပ်နေပြီး အမောဖြေနေသည်...

"အဖေကြီး"

အဖေကြီးက ခါးထောက်ကာ မြက်ပင်တွေကို ငုံကြည့်နေရာမှ ခေါင်းမော့လာသည်...

"သား... အဖေကြီးကို စိတ်ပျက်စေမိပြီ ထင်တယ်"

".........."

"သား... ဒီတစ်ခါပါပဲ... ဒါပြီးရင် ဘာမှမလိုချင်တော့ပါဘူး... ဘာမှလဲ မလိုအပ်တော့ဘူး... ဒီတစ်ခါလေးပဲ... ဒီတစ်ခါလေးပဲ အဖေကြီးက ခွင့်ပြုပေးမယ်ဆိုရင်... သား တစ်သက်လုံး လိမ္မာပါ့မယ်... နော်... အဖေကြီး"

အဖေကြီးက ဘာစကားမှ မပြောသေးဘဲ စိုက်ကြည့်နေသဖြင့် အာကာ ၀မ်းနည်းလာရသည်...

"အဖေကြီး"

အဖေကြီးက သက်ပြင်းရှည်ကြီး တစ်ခုချလိုက်သည်... ထို့နောက် အာကာ့ ရှေ့မှ ဘောလုံးကို ခြေထောက်နှင့်ဆွဲယူကာ ဂိုးတိုင်အတွင်းသို့ တန်းတန်းမတ်မတ် ကန်သွင်းလိုက်သည်...

"အဲ့ဒီတော့ အာကာကြည်ညွှန်းကို ဖျားပြီး ကယောင်ကတန်းဖြစ်အောင် လုပ်တဲ့ အစ်ကို ဆိုတာ သူလား"

"ဗျာ!!!"

အာကာ လန့်အော်မိသွားရသည်... အဖေကြီးက ဘယ်လိုများသိနေခဲ့ရတာပါလိမ့်... မမဟေမာ သစ္စာဖောက်ပြီ ထင်သည်...

"အဖေကြီး... ဘယ်လိုလုပ်သိတာလဲ... မမဟေမာ ပြောတာလား... ဟင် လို့ အဖေကြီး"

"ဟ! မင်းကိုယ်တိုင် ယောင် နေတာပဲကို"

"ဗျာ... အဖေကြီးပါ ကြားခဲ့တာလား... တစ်ခြား ဘယ်သူတွေကြားသေးလဲ"

"တစ်အိမ်လုံး"

"ဗျာ!!!!!!"

.............................................................................

ဘောလုံးကန်ပြီး အိမ်ပြန်လမ်းမှာ သိခဲ့ရသည်က ထိုညက အာကာ အဖျားတွေ တက်ပြီး ကယောင်ကတန်းတွေပြောတော့ အားလုံးက အဖွားအခန်းထဲတွင် ရှိနေကြသည်...

အာကာတို့ မိသားစုတွေအကုန်လုံးမှာ အမေကအစ ခေတ်နှင့် အမီလိုက်နိုင်သော ပညာတတ်တွေချည်းပဲ ဖြစ်သည်မို့ ဒီလိုကိစ္စတွေနှင့် အလှမ်းမဝေးလှသော်လည်း အမေက ထို့နေ့ညက ငိုခဲ့သည်ဟု အဖေကြီးက ပြန်ပြောပြသည်... အမေငိုတော့ အစ်မတွေကပါ လိုက်ငိုကြသည်တဲ့လေ...

အဖေကြီးအနေနှင့်က အာကာ့ကို နှမြောသော်လည်း လူတစ်ယောက်၏ လိင်တူစိတ်ဝင်စားမှုဟာ ပြစ်ချက်ကြီးတစ်ခုမဟုတ်သလို ဝဋ်ကြွေးဟုလဲ မခံယူထားသောကြောင့် ကိုယ့်သားသမီး ဘယ်လိုပဲဖြစ်နေနေ လက်ခံပေးဖို့ အဆင်သင့်ရှိနေခဲ့သည်...

"ငါ့သားရာ... ကိုယ်မွေးထားတဲ့ သားသမီး ကိုယ်ကစပြီး နှိမ်နေရင် ပတ်ဝန်းကျင်က ပိုဆိုးကြတော့မှာပေါ့... သားသမီးက မိဘကို ရွေးချယ်ပိုင်ခွင့်မရှိသလို... မိဘကလည်း သားသမီးကို ဟိုလိုလေးလိုချင်တာ ဒီလိုလေးလိုချင်တာဆိုပြီး ရွေးချယ်လို့မရဘူး... မောင်နှမတွေဆိုတာလည်း ဒီလိုပဲ"

"အဖေကြီးတို့က ရှေးရေစက်တွေကြောင့် ဒီဘဝမှာ မိသားစု လာဖြစ်ကြရတာ... မွေးဖွားသည်ကစပြီး သေဆုံးတဲ့အထိ တစ်သက်လုံး မိသားစုပဲကွ... အဖေကြီးရော အမေရောက ကိုယ့်သွေးသားကနေဖြစ်တည်လာတဲ့ ကလေးတွေကို ဘယ်လိုနေနေ အကုန်တန်ဖိုးထားတယ်... အချင်းချင်းနားလည်ခွင့်လွှတ်ပြီး စည်းလုံးနေမှ ပတ်ဝန်းကျင်က မတိုက်ခိုက်နိုင်မှာ"

အဖေကြီးရဲ့ စကားတွေက အာကာ့အတွက် တကယ်ကိုပဲ အားအင်တွေပြည့်စေခဲ့ပါသည်... ဒီမိသားစုမှာ လူဖြစ်လာခွင့်ရတာ အာကာ တကယ်ကိုပဲ ကျေနပ်ပီတိဖြစ်ရသည်... အဖေကြီးတို့က အစ်ကို့အကြောင်းတွေတောင် စုံစမ်းပြီးသွားကြပြီဆိုလို့ အာကာ့မှာ အံ့သြနေရတော့သည်...

"ကိုယ်တွေတောင် ကိုယ့်သားသမီးကိုယ် တန်ဖိုးထားသေးတာပဲ ငြိမ်းအေးအိမ် ကိုလည်း သူ့မိသားစုက တန်ဖိုးထားကြမှာပဲ... ငြိမ်းအေးအိမ်မှ မဟုတ်ပါဘူး ဘယ်သူမဆို သူ့တိုမိသားစုထဲတော့ အဖိုးတန်လေးတွေဖြစ်ကြမှာပဲကွာ"

"အဲဒီတော့ ငါ့သား ကိုယ့်ကိုကိုယ် အရင်သေချာအောင်လုပ်ပါ...လိင်တူစိတ်ဝင်စားတာသေချာပြီလား... ဒီလူကိုတကယ်ချစ်တာ သေချာပြီလား... ဒီလူနဲ့ပတ်သက်ပြီး အကောင်းအဆိုး အကုန်လက်ခံနိုင်ပြီလား... သူများအိမ်က အဖိုးတန်လေးကို ခေါ်လာပြီးမှ မလိုချင်တော့တာမျိုးတွေ စိတ်ပြောင်းသွားတာမျိုးတွေ မဖြစ်စေနဲ့... လောကမှာ ယောက်ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ကချစ်ပြီဆို တန်ဖိုးထားရမယ်ကွ... မသေချာဘူးဆိုရင် အစကတည်းက ဇာတ်လမ်းမစနဲ့"

အဖေကြီးကို အာကာတကယ့်ကို ရင်ထဲက နင့်နင့်နဲနဲ လေးစားမိရပါသည်... အဖေကြီးဆီက တန်ဖိုးရှိတဲ့စကားတွေကြားရပြီး ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေရခဲ့ရသည်... ပြီးတော့ မိသားစုဝင်တွေအားလုံးတိုင်ပင်ပြီး ဒီကိစ္စကို မသိချင်ယောင်ဆောင်နေခဲ့ကြခြင်းက ဖိအားပေးမှုကြောင့် မဟုတ်ဘဲ အာကာကိုယ်တိုင် ကိုယ့်ကိုကိုယ် သေချာပြီး လိုလိုချင်ချင်နဲ့ ဖွင့်ပြောလာမှကို စောင့်နေကြတာပါတဲ့လေ...

ကြည်ညွှန်း Family ကြီးကို တကယ်ကို ဆလံသပါသည့်... အထူးသဖြင့် သူတစ်ယောက်တည်းပဲ ကြားခဲ့သလိုလိုနဲ့ လျှို့ဝှက်ချက်ကြီး လုပ်ကာ လူလည်ကျခဲ့သော ဟေမာကြည်ညွှန်းကို ပိုပြီးဆလံသသည်...
အာကာ့မှာတော့ ပန်းကန်တွေ ဆေးလိုက်ရသေးသည်... ဗီယက်နမ်သွားလိုက်ရလို့သာ ဆက်မဆေးရတော့တာ ဖြစ်သည်...

အခုလည်း အမေနဲ့ အစ်မတွေကို ကိုယ်တိုင် ဖွင့်ပြောပြီး ဝန်ခံဖို့ အဖေကြီးက တိုက်တွန်းသည်... အကာကိုယ်တိုင်ကလည်း ကိုယ်တိုင်ပဲ မျက်နှာချင်းဆိုင် ဖွင့်ပြောပြချင်သည်... ဒါမှလည်း အစ်ကို့ကို တကယ်အလေးထားရာ ရောက်ပေလိမ့်မည် မဟုတ်လား....

...........................................................................

"ရပြီ... လာလို့ရပြီ... ပူတူးကို မျက်စိမှိတ်ပြီးခေါ်ခဲ့"

မကြီးက ခွေးပေါက်လေး၏ လည်ပင်းကို ဖဲကြိုးလေးချည်ပြီး စက္ကူပုံးထဲကို ပြန်ထည့်ထားလိုက်သည်... လူကပ်ချင်ပြီး တအီအီလုပ်နေသော စပ်စလူးကောင်လေးကို အာကာက ပုံးထဲလက်နှိုက်ပြီး ပွတ်ပေးနေရသည်...

"so sweet အသံမထွက်စေနဲ့... မင်း လက်ကြီးဖယ်တော့"

"လာပြီ လာပြီ"

"မမနာနာ... ဘာကြီးလဲ... ဟေမာ့ကို ဘာပေးမလို့လဲ"

"သွားပါ သွားပါ... ရှေ့ကို နည်းနည်း ထပ်လျှောက်ဦး"

ကျန်တဲ့မိသားစုဝင်တွေက ဘေးတွင် ဝိုင်းထိုင်နေကြပြီး မကြီးအိဖြူနှင့် မော်မော်က Video လိုက်ရိုက်ပေးနေသည်... မမဟေမာက ခွေးလေးတွေ ကြောင်လေးတွေကို သူများထက်ပိုချစ်တတ်သူမို့ ခွေးဝယ်ပေးရန် တစ်ချိန်လုံးပူဆာနေခဲ့သူဖြစ်သည်...

"ရပြီ ...1...2...3...ဖွင့်ကြည့်လိုက်တော့!!"

"ဘာလေးလဲ ဘာလေးလဲ"

မမဟေမာက မျက်စိရှေ့မှ စက္ကူပုံးကို ဖွင့်လိုက်ချိန်တွင် အထဲမှ ခွေးကောင်ပေါက်ကလေးက လည်ပင်းတွင် ဖဲကြိုးလေးနှင့် ခေါင်းလေးပြူထွက်လာပြီး စပ်စုနေသည်...

"ဟယ်!!! အီး...ဟီး....ဟီးးး"

"အဖေကြီး!!!! အမေ့!!!! ဟေမာ့ ခွေးလေး ကြည့်ပါဦး"

"ဟာ... ငိုပြီဟေ့... ငါ့သမီးကတော့...အဟားဟား"

အဖေကြီးက မမဟေမာကို ဖက်ထားပြီး ခေါင်းကိုပွတ်ပေးနေသည်... မကြီးက ခွေးပေါက်လေးကို ဆွဲထုတ်ကာ မမဟေမာ လက်ထဲသို့ ထည့်ပေးလိုက်သည်...

"ရော့ ... သားသားပေါက်လေးကို.... စိတ်ရှည်ရှည်လေး ထိန်းရမယ်နော်"

"ထိန်းမှာပေါ့...ဟင့်...ရွှတ်"

"အေးနော် ညည်းတို့ ပြီးမှ ပင်ပန်းတယ် ဆိုလို့ကတော့ ကျုပ်နဲ့တွေ့မယ်"

"ဖြစ်ပါဘူးဂျာ မေမေကြီးကရဲ...တားတားက လိမ္မာမှာပါ လို့ ပြောလိုက် ကလေးလေး နော်"

မမကေသာက မမဟေမာ လက်ထဲမှ ခွေးပေါက်လေးကို ယူပြီး အမေ့လက်မောင်းနှင့်သွားပွတ်နေသည်...

"ကဲ...ဖယ်စမ်းပါ ပွတ်သီးပွတ်သပ်တွေ မကြိုက်ပါဘူးဆို... သူ့ဖေ...လာ... ဘုရားရှိခိုးမယ်"

"ဟင်... ပြောတော့ ပွတ်သီးပွတ်သပ် မကြိုက်ဘူးဆိုပြီး ဘုရားရှိခိုးတာတောင် သူ့ဖေ ပါမှ"

"ကဲ... ဒီကောင်မလေးဟာ... ငါ ခေါက်လိုက်ရ"

အဖေကြီး နဲ့  အမေက ဘုရားရှိခိုးရန် အိမ်ပေါ်တက်သွားကြသည်... မော်မော် နဲ့ မကြီးအိဖြူကလည်း ကိုရီယားကားကြည့်ရန် အခန်းအောင်းကြပြီ... ဧည့်ခန်းမှာ အာကာတို့ မောင်နှမ ၅ ယောက်နှင့် လေးမောင်ပဲ ကျန်နေခဲ့သည်...

"ချစ်စရာလေးကွာ... လေးမောင် ရွေးပေးတာလား"

"အေးလေ... ငါက ညည်း ဘယ်လိုပုံလေး လိုချင်လဲသိပါ့"

"အာ့ကြောင့် လေးမောင်ကို ချစ်တာ"

"တော်ပြီ တော်ပြီ အပိုတွေ"

လေးမောင်က ထိုင်နေရာမှထသွားဖို့ ပြင်နေသဖြင့် အာကာက လှမ်းဆွဲထားလိုက်သည်...

"လေးမောင်...နေပါဦးဗျ... သား ပြောစရာရှိလို့"

"ဟ...ထူးထူးဆန်းဆန်း"

"မကြီးတို့ရော အကုန်နေဦး အားလုံးကို တူတူပြောစရာရှိတာ"

"ဘာလဲ... ဘာမဟုတ်တာ လုပ်မလို့လဲ"

"ကျစ်! မမကေသာကလည်း... သား အတည်ပြောမှာပါဆို"

"ပြော"

"ဟိုဗျာ... သား တစ်သက်လုံးက အစ်မတွေကို အမြဲစနောက်နေခဲ့တယ် ဆိုပေမဲ့... မရိုမသေ မလေးမစား လုပ်ခဲ့တာ တစ်ခါမှမရှိဘူးနော်... ပြီးတော့ သားအခုပြောမှာကိုလည်း သေချာနားထောင်ပေးစေချင်တယ်"

"ကြီးကြီးကျယ်ကျယ်"

"သား ဘဝမှာဗျာ ခံယူထားတာက ... လူရယ်လို့ ဖြစ်လာရင်ဗျာ ကိုယ့်ကိုကိုယ် ကောင်းအောင်နေရမယ်... သူတစ်ပါးကို စိတ်အနှောက်ယှက်မဖြစ်အောင်နေရမယ်... သူများကို မထိခိုက်စေမဲ့ ကိုယ့်ပျော်ရွှင်မှုမျိုးကိုဆို ဖမ်းဆုပ်ခွင့်ရှိရမယ်... ပျော်ရွှင်မှု ဆိုတဲ့ နေရာမှာဗျာ... ပျော်ရွှင်... အဲ့ဒီလို ပျော်ရွှင်မှုက ... ဟိုဗျာ..."

အကုန်လုံးက အာကာ့ကို မျက်နှာသေတွေနှင့် မလှုပ်မယှက် စိုက်ကြည့်နေကြသဖြင့် အာကာမှာ ပြောဖို့စာစီထားသည့် စကားတွေကို မေ့ကုန်ပြီး ပျော်ရွှင်မှု မှာတင် လည်နေရတော့သည်... တစ်ယောက်မှလည်း စကားမထောက်ပေးကြဘဲ ... ထိုင်းသရဲကားထဲက ဝိဉာဥ်ရုပ်တွေနှင့် စိုက်ကြည့်နေကြသဖြင့် ကျောတောင်ချမ်းလာရသည်...

"ဟို... အဲ့ဒါက... အင်း... ပျော်ရွှင်မှုပေါ့... သားတို့က ပျော်ရွှင်မှုတွေကို ဖမ်းဆုပ်ကြတဲ့ အခါမှာ... လောကကြီးက.... ကျစ်! သား လင်လိုချင်လို့ဗျာ"

"ဟမ်!" "ဘာ!"

ထိုအခါမှသာ အာမေဋိတ်သံတွေ သံပြိုင်ထွက်လာကြတော့သည်...

"လင်လိုချင်လို့ လို့... အနောက်လမ်းထဲက ကို ငြိမ်းအေးအိမ်ကို"

"ဟယ်"

"ဘာမှ မဟယ်နေကြနဲ့... အကုန်လုံးက သိနေရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီး နေနေကြတာ အကုန်သိပြီးပြီ... တချို့ဆို ယုတ်မာပြီး ပန်းကန်တွေတောင် ဆေးခိုင်းသေးတယ်"

အာကာက ပြောပြောဆိုဆိုနှင့် အိမ်ပြင်သို့ထွက်လာခဲ့လိုက်သည်... ပြောချင်ရာပြောပြီး နည်းနည်းတော့ မျက်နှာပူရသေးသည်... ကားဂိုထောင်ဘေးတွင် ထောင်ထားသော အာကာ့ရဲ့ ပြိုင်ဘီးလေးကို ဆွဲယူပြီး ခြံပြင်ထွက်ဖို့ လုပ်တော့ နောက်မှ အော်မေးသံကြားရသည်...

"ဟဲ့ so sweet ဘယ်သွားမလို့လဲ ညကြီးကို!"

ခြံပြင်ရောက်မှ အိမ်ဘက်လှည့်ပြီး အကျယ်ကြီး အော်ပစ်ခဲ့လိုက်သည်...

"နောက်လမ်းမှာ လင်သွားရှာမလို့!"

............................................................................
<3 DiDi Zaw
(2/12/2022)

Continue Reading

You'll Also Like

40.3K 858 11
ဒီရေနဲ့ Rhyme တို့ရဲ့marriage life လေးကိုသီးသန့်ပြောပြပေးမှာဖြစ်ပါတယ် ။ ကကလေး ဘယ်လိုရောက်လာတယ် ဘယ်လိုဒုက္ခတွေကြုံရတယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ် 😁🙆
39.5K 1.3K 68
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒ...
242K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.2M 92.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.