Match Made In Clouds

Від TayDiDi

2.6M 185K 27K

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... Більше

Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details

Ep 12 (Z)

13K 381 19
Від TayDiDi

အာကာ ရေချိုးခန်းထဲက ထွက်လာတော့ အစ်ကိုက ခုတင်စွန်းတွင် ခြေချိတ်ပြီး ထိုင်နေကာ ဖုန်းကြည့်နေသည်... ဟကွဲဖြစ်နေသော Bathrobe က ရင်ဘတ်တွေရော ခြေသလုံးတွေကိုရော လုံအောင် မဖုံးနိုင်ပေ.. မှိန်ပြပြ ညမီးရောင်ပြာလဲ့လဲ့အောက်မှာ တစ်စွန်းတစ်စ ပေါ်ထွက်နေသော အတွင်းသားလေးတွေက တကယ်ကိုပင် ရူးသွားအောင် စွဲဆောင်နိုင်စွမ်းရှိပါသည်...

ဘာဖြစ်လို့ အဲ့ဒီလောက်တောင် လှရပါသလဲ အစ်ကိုရယ်...

နေရာမှာ ရပ်ကာ မလှုပ်မယှက်ငေးကြည့်နေမိသောကြောင့် အစ်ကိုက မော့ကြည့်လာပြီး...

"so sweet ပြီးပြီလား Dryer ယူလာခဲ့ ကိုယ် ဆံပင်လေမှုတ်ပေးမယ်"

"ဟင့်အင်း... ကျွန်တော် ရေချိုးခန်းထဲမှာ ကိုယ့်ဟာကိုယ် လုပ်ခဲ့ပြီးသွားပြီ"

ခေါင်းက နေ့တိုင်းလိုလို လျှော်နေသောကြောင့် အစ်ကိုချည်းပဲ လုပ်ပေးနေရတာ ပင်ပန်းမှာစိုးလို့ ပျင်းသည့်ကြားမှ အာကာ ကိုယ့်ဟာကိုယ် ကြိုးစားပြီး လုပ်ခဲ့လိုက်သည်...

အစ်ကို့ဘေးမှာ ဝင်ထိုင်လိုက်တော့ အစ်ကိုက အာကာ့ဆံပင်တွေကြားထဲကို လက်နှင့်ထိုးဖွကာ စမ်းကြည့်လာပြီး...

"အာ... စိုနေသေးတယ် သေချာလဲ မလုပ်ခဲ့ဘူး... သွားယူ...သွား ... ကိုယ် ထပ်လုပ်ပေးမယ်"

အမိန့်တော်ကျလာတော့လည်း အာကာ ထိုင်နေရာမှထကာ ရေချိုးခန်းသို့ ပြေး၍ Dryer သွားယူရပြန်သည်... ထုံးစံအတိုင်း အစ်ကိုက အာကာ့နောက်မှာ ဒူးထောက်ထိုင်ပြီး ဆံပင်တွေကို ဂရုတစိုက်လေမှုတ်ပေးသည်...

"အင့်...ရပြီ"

အာကာ အစ်ကိုလက်ထဲမှ Dryer ကို ဆွဲယူကာ ဘေးသို့ ပို့လိုက်ပြီး အစ်ကို့ကိုယ်လုံးလေးကို ခုတင်နောက်မှီပေါ်သို့ တွန်းလှဲကာ နှုတ်ခမ်းပါးလေးကို ထိကပ်၍ နမ်းလိုက်မိသည်... အစ်ကိုက မျက်လုံးတောက်တောက်လေးတွေနဲ့ မော့ကြည့်လာပြီး ... နှစ်ယောက်သား မျက်လုံးချင်းဆုံမိကြတော့ ရင်ခုန်သံတင်မက အသက်ရှုသံတွေပါ မြန်လာရတော့သည်... အစ်ကို အာကာ့နှုတ်ခမ်းတွေကို စိုက်ကြည့်နေပုံလေးက ထပ်ပြီးနမ်းလှည့်ပါလို့ တောင်းဆိုနေပုံလေးမို့ အာကာ ထပ်ပြီး အစ်ကို့နှုတ်ခမ်းပါးလေးတွေပေါ် တစ်ရှိုက်မက်မက် နယ်ကျွံမိပြန်သည်...

အစ်ကို့ရဲ့ မရဲတရဲ ပြန်လည်တုန့်ပြန်နေပုံလေးက အာကာ့ကိုပိုပြီး စိတ်လှုပ်ရှားရူးသွပ်စေသည်... နမ်းရင်းနဲ့ အာကာ့ လက်တွေက Bathrobe ထဲသို့တိုးဝင်ကာ အစ်ကို့ ရင်ဘတ်တွေပေါ် ပွတ်သပ်မိတော့ အစ်ကိုက ဖျတ်ခနဲ ဖမ်းဆွဲထားသည်...

"အင်း...အစ်ကို"

"so sweet ဘာလိုချင်နေမှန်း သိပေမဲ့... ကိုယ်... ကိုယ်...အဆင်သင့်မဖြစ်သေးဘူး"

အစ်ကို့ အပြောကြောင့် အာကာ အနမ်းတွေကို ရပ်တန့်လိုက်ပြီး အစ်ကို့ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ မိနစ်အနည်းငယ်ကြာသည်အထိ ကိုယ့်ကိုကိုယ် Control လုပ်ရင်း ငြိမ်နေမိသည်... အစ်ကိုက အာကာ့ နားရွက်ဖျားလေးကိုဖွဖွပွတ်ပေးနေသည်... အတန်ကြာမှ အစ်ကို့ လည်တိုင်လေးကို ရွှတ် ခနဲ တစ်ချက်နမ်းလိုက်ပြီး...

"အစ်ကို အိပ်တော့နော်"

အစ်ကို့ကို အိပ်ရာပေါ်မှာ နေရာတကျချပေးပြီးမှ တစ်ဖက်ခုတင်စွန်းတွင် ဝင်လှဲလိုက်သည်... အစ်ကို့ကို ကျောခိုင်းလိုက်ပြီး စောင်ကို ဆွဲယူ၍ ခေါင်းမြှီးခြုံကာ ကွေးနေလိုက်သည်... ခဏကြာတော့ နောက်ကျောဖက်ဆီမှ လှုပ်ရှားသံ ကြားရပြီး အာကာ့ခေါင်းပေါ်မှ စောင်ကို အစ်ကိုက ဆွဲဖယ်လာသည်...

"so sweet... ကိုယ်တို့ အောက်ဆင်းပြီး Old Quarter ထဲမှာ လမ်းသွားလျှောက်ကြမယ်လေ"

"ဟင်"

အာကာက အိပ်နေရာမှ ထပြီး အစ်ကို့ကို ကြည့်လိုက်သည်... အစ်ကိုက လည်ကုတ်လေးကိုပွတ်ခါ ခေါင်းကို အောက်သို့ငုံ့သွားပြီး...

"ဒီမှာ ဒီတိုင်း ဆက်နေနေရင်...ကိုယ်... မင်းကို အလိုလိုက်မိလိမ့်မယ်"

"အစ်ကိုရာ"

*ချစ်ခြင်းရဲ့နောက်မှာ တက်မက်မှုက ကပ်ပါလာစမြဲမို့ ကျွန်တော်လည်း လိုချင်ပါတယ် အစ်ကို... ဒါပေမဲ့ တန်ဖိုးထားပြီးမှ ယူပါ့မယ်... ကျွန်တော်က အစ်ကို့ကို မြတ်နိုးတယ်*

.............................................................................

ဟနွိုင်းမြို့ရဲ့ Old Quarter ရပ်ကွက်ထဲက လမ်းတွေပေါ်မှာ ငြိမ်းတို့နှစ်ယောက်တည်း လမ်းလျှောက်နေသည်...

ဗီယက်နမ် တို့ ကမ်ဘောဒီးယား တို့က ထိုင်း နိုင်ငံလို 24 hours bar တွေ သိပ်မရှိဘဲ ညဥ့်နက်တဲ့အထိ ဆိုင်တွေ ဖွင့်လေ့မရှိတာ သတိထားမိသည်... so sweet က ငြိမ်းရဲ့ လက်ကိုဆွဲပြီး လမ်းလယ်ခေါင်တည့်တည့်ကနေလျှောက်နေသည်... ငြိမ်းက လမ်းဘေးဝဲယာ လျှောက်ကြည့်နေရင်း ခပ်လှမ်းလှမ်းမှာ mini mart လေးတစ်ခု ဖွင့်ထားတာ တွေ့လိုက်ရသဖြင့် so sweet ရဲ့ လက်ကို ဆွဲလှုပ်လိုက်သည်...

"so sweet "

"ဗျာ"

"ဟိုးမှာ ဆိုင်ဖွင့်တယ်... ကိုယ်တို့ ဦးနှောက်ကို ခဲပြီး အငွေ့ပျံသွားအောင် လုပ်ကြမလား"

"အဟားဟား... အိုးးခေးး...let's go"

ငြိမ်းရဲ့ အပြောကြောင့် so sweet က သဘောကျစွာဖြင့် အော်ရယ်လိုက်ပြီး ငြိမ်းလက်ကို ဆွဲလျက်သားနှင့် ဆိုင်လေးဆီသို့ ပြေးသွားတော့သည်...

ငြိမ်းတို့ စီးကရက်တစ်ဗူး နှင့် ရေခဲမုန့်တစ်ခွက်ဝယ်ကာ ပြန်ထွက်လာကြပြီး so sweet က စီးကရက်တစ်လိပ်ကို ထုတ်၍မီးညှိလိုက်သည်...

"ကိုယ့်ကို တစ်လိပ်ပေးဦးလေ"

"တော်ပြီ... ဒီတစ်လိပ်ပဲ တူတူ သောက်မယ်... အစ်ကို အကျင့်ပါသွားမှာစိုးလို့"

"အာ... တစ်ခါတလေပဲဟာကို"

ငြိမ်း အပြောကို so sweet က မကြားချင်ယောင်ဆောင်၍ စီးကရက်ကို လက်ကြားညှပ်ကာ ရေခဲမုန့်ဗူးကိုဖွင့်ပြီး ငြိမ်းကို ခွံ့ကျွေးလာသည်...

"ဆေးလိပ်အရင်ပေး"

"ဒါ အရင်စား"

ငြိမ်းက ဇွတ် လုတော့ so sweet က လက်ကို အပေါ်သို့ မြှောက်လိုက်ပြီး...

"အာ...ပြုတ်ကျတော့မယ်ကွာ...အစ်ကိုက ဘာလေးတုန်း"

"ပေး!"

"ရော့ကွာ ရော့ ရော့"

"အဟားဟား"

ငြိမ်းတို့ နှစ်ယောက်လုံး စိတ်လက်ပေါ့ပါးစွာ ရယ်မိကြသည်... ငြိမ်းရဲ့ သကြားလုံးလေးက ဒီလိုလဲ ချစ်ဖို့ကောင်းပါသေးသည်... ဆေးလိပ်သောက်လိုက် ရေခဲမုန့်စားလိုက်နဲ့ လမ်းလျှောက်နေကြရင်း အချိန်က မနက် ၂ နာရီတောင် ထိုးတော့မည်...

"so sweet "

"ဗျား"

"မင်းရဲ့ မိသားစု အကြောင်းပြောပြ"

ငြိမ်းက မေးတော့ so sweet က ငြိမ်းနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး လမ်းကို နောက်ပြန်လျှောက်ကာ လက်ပိုက်ထားသည်... ထို့နောက် မျိုးကျော့မြိုင်လေသံဖြင့်...

"ကျွန်တော့် နာမည် အာကာကြည်ညွှန်းပါ...
မြောက်ဒဂုံမှာနေပါတယ်... ကျွန်တော့်အဖေ ဦးကြည်ညွှန်းပါ မဟာကြည်ညွှန်း trading လုပ်ပါတယ်...
ကျွန်တော့အမေ ဒေါ်ခင်ခင်မျိုးဆွေပါ အမြဲတမ်းလိုလို ရိုက်ပါတယ်"

"အဟားဟား"

လမ်းလျှောက်ရင်းနှင့် ရေကန်ကြီးဘေးသို့ ရောက်လာကြပြီး ခုံတန်းလေး တစ်ခုပေါ်တွင် ဝင်ထိုင်လိုက်ကြသည်...

"အစ်ကိုက ဘာသိချင်တာလဲဟင်"

"မင်းနဲ့ ပတ်သက်တာတွေ အကုန်သိချင်တယ်...မင်းရဲ့ ex တွေ အကြောင်းရောပဲ"

"အဟား... ဘယ်က ex ရှိရမှာတုန်း... အာကာကြည်ညွှန်းက အချစ်ဆိုတာ ငြိမ်းအေးအိမ် နဲ့မှ ဖြစ်လာတာ"

"သေချာလား...နောက်မှပြန်ကြားရရင် ?"

"ဗုဒ္ဓ ယေရှု အလာဟ် ကာလီမန်မယ်တော် အထိ ကျိန်ပြောရဲတယ်ဗျာ အစ်ကို့ကို လိမ့်ခဲ့ရင် အားတဲ့ဘုရား အပြစ်ပေးလိမ့်မယ်"

"ဘာ! အဟားဟား"

ငြိမ်းက အူယားစွာနဲ့ so sweet ရဲ့ နားရွက်ကို လိမ်ဆွဲပစ်လိုက်သည်...

"အား.... နာတယ်လို့ ... မချစ်ဘူးလား"

"အင်း"

"အစ်ကိုကလည်း"

"ပြောပြပါဦး... မင်း အိမ်မှာ ဘယ်သူ အဆိုးဆုံးလဲ"

"သေချာပေါက် ကျွန်တော် မဟုတ်ဘူးပေါ့"

"ဟုတ်ပါ့မလားကွ"

"အင်း... မမကေသာ အဆိုးဆုံး... သူက အစ်ကိုရာ... အလတ်ဆိုပြီး သူ့ကို ဂရုစိုက်မခံရပါဘူးဆိုပြီး သောက်ရမ်း ပြဿနာရှာတာ... ပြီးရင် သူပဲ Attention အရဆုံး... ပြီးတော့ အစ်ကို့သူငယ်ချင်းလေ...မမနာနာပေါ့... သူက သောက်ရမ်း ငါးရောင်းတာ"

"ငါးရောင်းတယ်?"

"selfish လေ အစ်ကိုရာ"

"ဪ...အဟားဟား"

"မမနာနာကကျတော့ သူ့စာလုပ်ဖို့ပဲ အာရုံရတယ် သူ့ကျောင်းစာတွေကလွဲရင် ဘယ်ဟာမှ အရေးမကြီးဘူး... ကျွန်တော်တို့ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ မီးလန့်သေးတယ်... အဖေကြီးနဲ့ အမေက အရေးကြီးတဲ့ ပစ္စည်းတွေပဲယူခိုင်းတာ သူက သူ့ကျောင်းလွယ်အိတ်ထဲ သူ့စာအုပ်တွေပဲထိုးထည့်ပြီးသယ်လာတာ သိလား... မမဟေမာက ကျတော့ အိမ်ကကြောင် ရွှေဝါကြီးကို ခြင်းတောင်းကြီးထဲထည့်ပြီးသယ်တာ... မကြီးက အစားမက်တော့ ကျောပိုးအိတ်အပြည့် ဘီစကစ်ထုတ်တွေနဲ့ မမကေသာကျတော့ သူဆော့နေကျ PS2 ဂိမ်းစက်ကြီးသယ်တာ... ဘာတွေသယ်ကြမှန်းလဲမသိဘူး"

"အဟားဟား... ကိုယ့်ရဲ့ so sweet လေးကရော ဘာသယ်လဲ သိချင်သွားပြီကွ"

"ကျွန်တော်ကလား ... အာ... ကျွန်တော်က အဖွားကိုပြေးခေါ်တာ... အဖွားကျန်ခဲ့မှာစိုးလို့လေ... အဖွားက ကျွန်တော့်အတွက် အရေးကြီးဆုံး"

ငြိမ်းရင်ထဲမှာ နွေးခနဲ ဖြစ်သွားရသည်... ငြိမ်းမှာလဲ အဖွားရှိခဲ့ဖူးသည်... သားသမီးအချစ် မြေးအနှစ်ဆိုတဲ့ အတိုင်း ငြိမ်းလည်းပဲ အဖွားရဲ့ အသည်းကျော်လေး ဖြစ်ခဲ့ဖူးသည်... သို့ပေမဲ့ အဖွားက ငြိမ်း ၈ တန်းနှစ်လောက်မှာပဲ ဆုံးပါးသွားခဲ့ရသည်... အဖွားကို သတိရစိတ်နဲ့ ချစ်ရတဲ့ကောင်လေးနဲ့ သူ့အဖွားရဲ့ နွေးထွေးမှု မှတ်ဉာဏ်လေးတွေကို ငြိမ်း တူးဖော်ချင်လာရသည်...

"ကိုယ့်ကို အဖွားအကြောင်းပြောပြပါဦး"

so sweet က ခုံအစွန်းဖက်ကို ရွှေ့ထိုင်လိုက်ပြီး... ငြိမ်းကို သူ့ပေါင်ပေါ်ခေါင်းအုံးကာ လှဲအိပ်စေသည်...

"အဖွားက အမေ့ရဲ့ အမေ လေ... ဒေါ်မြိုင် တဲ့...နာမည်က... ကျွန်တော်တို့ မောင်နှစ်မတွေအကုန်လုံးကို ချစ်ပါတယ်... ကျွန်တော့်ကိုတော့ အချစ်ဆုံးပေါ့... အမေဆူတိုင်း အဖွားက ဝင်ကာပေးတာ... အဟားဟား ကျွန်တော် တစ်ခုမှတ်မိသေးတယ်... ငယ်ငယ်က အမေရိုက်လို့ အဖွားခုတင်အောက် ဝင်ပြေးတာ... အမေက ဒေါသတွေကြီးပြီး ကြိမ်လုံးနဲ့ ခုတင်အောက်ထိ ကုန်းပြီး လိုက်ရိုက်တာ...အဲ့ဒီမှာ အဖွားက အမေ့ကိုဆူရော... အမေက အဖွားကိုပြန်ပြောတာ "ကျွန်မ ကိုယ့်သားသမီးကို ရိုက်တာ အမေဝင်ပြီး မတားပါနဲ့" ဆိုပြီးတော့... အဖွားကလည်း "အေး အဲ့ဒါဆို ငါလည်း ငါ့သားသမီးငါရိုက်တယ်ဟာ" ဆိုပြီး အမေ့ကို ခုတင်ပေါ်ကနေ ဖနောင့်နဲ့ ပေါက်တာ"

"အဟားဟား"

ငြိမ်းမျက်ရည်တွေထွက်သည် အထိ ရယ်မိတော့သည်... so sweet တို့အိမ်သားတွေက ကြားရတာနဲ့တင် ပျော်စရာကောင်းနေပြီ...

"so sweet က ဘယ်သူ့ကို အချစ်ဆုံးလဲ"

"အစ်ကို့ကိုလေ"

"အာ...မဟုတ်ဘူးလေ... လက်ရှိအိမ်က မိသားစုတွေထဲမှာ ပြောတာ"

"သြော်... အိမ်မှာလား... နှစ်ခါစဉ်းစားစရာ မလိုအောင် အဖေကြီးပဲပေါ့... အဖေကြီးက ကျွန်တော်တို့ မောင်နှမတွေအကုန်လုံးကို အဖေလို...ဆရာလို...သူငယ်ချင်းလို...ပုံစံမျိုးစုံနဲ့ ပေါင်းပြီး စောင့်ရှောက်ပေးခဲ့တာ... ကျွန်တော်တို့ မောင်နှမတွေ open minded ဖြစ်တာလဲ အဖေကြီးကြောင့်ပဲ... အမေ့ကိုလည်း ချစ်ပါတယ်... အမေကကျတော့ ကျွန်တော်တို့ရဲ့ စားဖိုမှုး...ဆရာဝန်...ကျောင်းဆရာမ လိုဆိုတော့ ကြောက်ရတယ်...အမေက အလိုမလိုက်ဘူး... အဗျင်းခံရဆုံးကတော့ မမကေသာ နဲ့ ကျွန်တော်ပဲ"

ငြိမ်းက so sweet ပေါင်ပေါ်တွင် လှဲနေရာမှ ပါးကိုလှမ်း၍ ပွတ်ပေးမိသည်... ဒီငဂျစ်ကောင်လေး ဆိုးမည်ဆိုတာ အပြည့်အဝ ယုံပါသည်... အဖေကို ချစ်လိုက်ပုံကလည်း ဘေးကလူပင် ခံစားမိရသည်အထိ...

"အစ်ကိုကရော?"

"ကိုယ်လား... ကိုယ်က တစ်ဦးတည်းသောသား... မောင်နှမဝမ်းကွဲတွေနဲ့လဲ မရင်းနီးဘူး...မေမေရော ဖေဖေရောက အရမ်းအလိုလိုက်တယ်... ဒါပေမဲ့ ထိန်းချုပ်တယ်"

"ဟိုအစ်မနဲ့ ဘယ်လိုခင်တာလဲ"

"အမ်...ဘယ်သူ... ဪ ချယ်ရီ့ကို ပြောတာလား"

"အင်း"

"ချယ်ရီနဲ့က သူငယ်တန်းကတည်းက သူငယ်ချင်းတွေ... နန္ဒာကြည်ညွှန်းတို့နဲ့က ကိုယ်တို့ ကျောင်းပြောင်းလာမှ ခင်တာ...ချယ်ရီ နဲ့က ငယ်ငယ်လေးကတည်းက"

"ကျစ်! ကျွန်တော် သဝန်တိုတယ် အစ်ကိုရ"

"အဟား...so sweet ကကွာ"

ငြိမ်း ဖုန်းမှ နာရီကို ကြည့်လိုက်တော့ မနက် ၄ နာရီထိုးပြီးနေပြီ... ငြိမ်းတို့က ညနေ flight နဲ့ ရန်ကုန်သို့ ပြန်ကြရမှာဖြစ်သည်... so sweet က သူ့ လေယာဉ်လက်မှတ်ကို cancel လုပ်ပြီး ငြိမ်းနဲ့ လေယာဉ် တူတူ လိုက်ဝယ်ထားသည်...

"ပြန်ကြမယ်လေ ခဏလောက် အိပ်ရအောင်"

"အင်း"

so sweet က ငြိမ်းကို လှဲနေရာမှ ထူပေးပြီး ရုတ်တရက် ငြိမ်းရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး ထိုင်လိုက်သည်...

"ဟင်"

"လာ...ကုန်းပိုးမယ်... ကိုရီးယားကားထဲကလို"

"အာ...မဟုတ်တာကိုကွာ"

"လာပါ အစ်ကိုရ... ဘယ်သူမှမရှိပါဘူး...လူလစ်တုန်းလေး ကိုရီးယားဆန်ရအောင်"

"တကယ်ကွာ"

ငြိမ်း so sweet ရဲ့ကျော်ပေါ်ကိုတက်လိုက်ပြီး နောက်မှသိုင်းဖက်ထားလိုက်သည်...

ဟိုတယ်သို့ ပြန်နေသည့်လမ်းတစ်လျှောက်တွင် ငြိမ်းမျက်နှာက အပြုံးပန်းတွေ ပွင့်လန်းနေပြီး ငြိမ်းရင်ထဲမှာလဲ ကြည်နူးမှု စမ်းရေကြည်လေးတွေက တသိမ့်သိမ့်စီးဆင်းနေတော့သည်...

ဒီကောင်ငယ်လေး၏ ကျောပြင်က နွေးထွေးသည်...
ငြိမ်းကို သယ်ပိုထားသည့် လက်အစုံက သန်မာသည်...

ကိုယ့်ထက်အများကြီးငယ်ပေမဲ့ ကိုယ့်ကို စိတ်လုံခြုံမှု ပေးစွမ်းနိုင်သည့် ကောင်ငယ်လေး...

အရင်းနီးဆုံး နှောင်ကြိုးတွေကို လက်လွှတ်ခဲ့ရပြီးနောက်မှာ ဘုရားသခင်က ထပ်မံပို့ဆောင်ပေးလိုက်သည့် ငြိမ်းရဲ့ တွယ်တာမှုလေး...

တိမ်တွေကြားထဲမှာ ကောက်ရခဲ့သည့်... ငြိမ်းရဲ့ ကောင်ကလေး....

...........................................................................

"အာကာကြည်ညွှန်း!!! လာပါဦး လာပါဦး"

"အမေကလည်း"

"လာပါ လာပါ... ထိုင်ပါဦး ကိုယ်တော်လေး...ဟမ်...Flight တွေ ဖျက်ပြီး ဟိုတယ်တွေ ရက်တိုးရလောက်တဲ့ အထိ ဗီယက်နမ်က ပျော်စရာကောင်းနေလား... အိမ်ကလူတွေကို ပြီးပြီးရော စာလေး တစ်ကြောင်းပဲ ပို့ပြီး အပျောက်ရိုက်သွားတာ"

" အာ... သား အဖေကြီးကိုရော မကြီးကိုရော စာသေချာထပ်ပို့ထားပါတယ် အမေရ"

"ငါ အဲ့ဒါကို အသည်းယားတာ... ဖုန်းခေါ်တော့ ဘာဖြစ်မှာမလို့လဲ ဟမ်...တကယ်ဆို ဖုန်းလေးဘာလေး ခေါ်ပြီး အကျိုးအကြောင်း သေချာပြောပါလား လူကြီးတွေကို"

အာကာ အမေ့ကို မျက်နှာငယ်လေးနဲ့ ကြည့်ပြီးအဖွားကို လှည့်ပတ်ရှာမိသည်... အဖေကြီးကတော့ ပြန်မရောက်သေးမှန်းသိသည်... ခုနက ဝင်လာတော့ ခြံရှေ့မှာ ကားမတွေ့ခဲ့ပေ...

"ကဲပါ အမေရယ် အဖေကြီးသိတယ် လို့ပြောသားပဲ ထားလိုက်ပါ အမေ့သား လူအကောင်လိုက်ကြီးရှေ့မှာရောက်နေပြီ စိတ်ပူစရာမရှိဘဲကို...နားပါစေ"

"ကျပ်ကျပ် သတိထားနေနော် အာကာကြည်ညွှန်း"

မမဟေမာက ဝင်ကူပြောပေးသဖြင့် အာကာ သက်သာရာ ရသွားခဲ့ရသည်... အမေ အခန်းထဲဝင်သွားတော့မှ လေပူတို့ကို ဟူးခနဲ မှုတ်ထုတ်လိုက်ပြီ...

"Thanks!"

အာကာက မမဟေမာကို ပုခုံးနှင့် တိုက်ပြီး ကျေးဇူးစကားဆိုလိုက်သည်...

"give and take"

"လုပ်ပြန်ပြီဗျာ"

"ငါ ကူပြောပေးထားတယ်လေ... ရတယ်နော် အဆင်မပြေရင်လဲ "

"ရတယ် ရတယ်...ပြော..."

"ဘာမှ ခက်ခက်ခဲခဲ မဟုတ်ဘူး... ငါ ခွေးလေး တစ်ကောင်လိုချင်နေလို့ အဲ့ဒါ မင်းအမေ့ကိုကူပြောပေး"

"ဟမ်!"

"အမေက မင်းနဲ့ မမကေသာ ပြောရင်ရတယ်"

"အဲ့ဒါက အမေက ပိုချစ်လို့ ပစား ပေးခံရတာမဟုတ်ဘူး... မမဟေမာ ကိုယ့်ဟာကိုယ် စကားကို လည်လည်ဝယ်ဝယ် မပြောတတ်တာ"

"ဘာဖြစ်ဖြစ်ဟာ... ပြောပေးနော် so sweet... ခွေးမွေးလို့ရရင် မင်းဟိုညက ယောင်တဲ့ "အစ်ကို" ဆိုတာနဲ့ ချေပေးမယ်... "

"အာ...အဲ့ဒါက ခုထိ မမေ့နိုင်သေးဘူးလားဗျ"

"မမေ့ဘူး ငါ စာအုပ်ထဲမှာတောင် ရေးမှတ်ထားသေး"

"အား!!!!!"

အာကာ ခုမှ ပြန်ရောက်ရုံရှိသေး ခေါင်းစားရပြီ...
မတတ်နိုင်ပေ.... ကိုယ်က ယောင်ခဲ့မိသူမဟုတ်လား...

အစ်ကိုရေ..... ကျွန်တော်ချစ်မိ...အပြစ်ရှိတွေ ဖြစ်ကုန်တော့မယ်လေ....

အဖေကြီးနဲ့ လေးမောင်တို့ ပြန်ရောက်လာတော့ ညစာတူတူစားကြသည်... မိသားစုတွေ ဝိုင်းမေးသော ဗီယက်နမ် solo trip အကြောင်းကို ကြည့်ကောင်းအောင်လည်း ဖြေနေရသေးသည်...

မမဟေမာက ဘေးကနေ တံတောင်နှင့် တွက်လိုက် စားပွဲအောက်ကနေ ဒူးနှင့်တိုက်လိုက်နှင့် ခွေးကိစ္စပြောရန် အချက်ပြနေသဖြင့် သူ့ရှေ့မှဟင်းခွက်ကိုလှမ်းနှိုက်ရင်း ဇွန်းကိုင်သောလက်နှင့် လက်ခလယ်ထောင်ပြကာ လူကြီးတွေ မသိအောင် ဆဲလိုက်သည်... မမဟေမာက လည်း နဖူးယားလို့ ကုတ်သလိုလိုနှင့် နဖူးကို လက်ခလယ်နှင့် ကုတ်ကာ ပြန်ဆဲသည်....

ဤသည်က အာကာတို့ မောင်နှမတွေရဲ့ အသံတိတ်ရန်ဖြစ်နည်းပင်... အာကာတို့ လုပ်ပြနေတာကို မမကေသာက မြွေမြွေချင်းခြေမြင်သွားပြီး အမေ့ကို တိုင်လိုက်သည်...

"အမေ့... ခွေးနှစ်ကောင် အသံတိတ်ကိုက်နေတယ်"

"ဟဲ့ ဘယ်မှာတုန်း"

အာကာက အခွင့်အရေးကို လက်လွှတ်မခံဘဲ... အမေ့အား စပြီး ဒိုင် တွေလွှတ်ဖို့လုပ်ရသည်....

"အာ... အမေ့... ခွေးဆိုမှ သတိရတယ်... သားတို့ အိမ်က ရွှေဝါကြီးက ဆိုက်ကိုဝင်နေတာ သိလား"

"ဟ"

လေးမောင်ဆီမှ အသံထွက်လာသဖြင့် အာကာက အမြန် မျက်စိမှိတ်ပြလိုက်ရသည်... အဖေကြီးက ပြုံးနေသည်...

"ဟဲ့ ဘာဖြစ်လို့လဲ"

"ရွှေဝါကြီးက တစ်သက်လုံး တစ်ကောင်တည်းနေလာရတာမဟုတ်လား အမေရဲ့... သူ အဖော်လိုနေတာ... ကြောင်တွေကို တစ်ကောင်တည်း ဘယ်တော့မှ မထားရဘူးတဲ့... အခုဆို အမေသတိထားမိလား တမှိုင်မှိုင် တတွေတွေနဲ့ အမေရာ"

"ဟယ် ဟုတ်လား ငါတွေ့တာတော့ မင်းတို့ရွှေဝါကြီးက အိပ်လိုက်စားလိုက်ပါပဲဟယ်"

"အဲ့ဒါ သူ stress တွေရနေတာ အမေ ဘာသိလို့လဲ"

"အဲဒါ ဘယ်လို လုပ်ပေးရမလဲ"

"အဲ့ဒါ လွယ်ပါတယ် အနာသိရင် ဆေးရှိတယ် အမေရဲ့... ခွေးမွေးပေးလိုက်ရင် ရပြီ"

"ဟမ်"

"ဟယ် so sweet ရယ် ကြောင် အဖော်လိုနေတာ ဘယ့်နှယ့်ခွေးမွေးပေးရမှာလဲ...ကြောင်ထပ်မွေးတယ်ဆို ဟုတ်သေး"

မကြီးက ဝင်ပြောသဖြင့် အာကာက ပညာရှိစတိုင်နှင့် လက်တစ်ဖက်ပိုက်ကာ ကျန်လက်တစ်ဖက်နှင့် လက်ညှိုးထောင်ကာ ရမ်းပြလိုက်သည်...

"No No No... အဲ့ဒါကို ကက်ကင်း ရိုက်တာလို့ခေါ်တယ် မကြီးရ... ဆန့်ကျင်ဘက်တွေ တူတူထားပေးခြင်းနဲ့ သူတို့ရဲ့ ကျနေတဲ့ စိတ်ဓာတ်ကို ပြန်ဆွဲတင်ပေးတာ... မကြီး ကြားဖူးတယ် မဟုတ်လား ဟိုစကားပုံလေ... ကျတတ်လွန်းတဲ့ စိတ်ဓာတ်...မြေလွှာကို ဖောက်ထွင်းပြီး... အဝီဇိထိဆင်းဖို့ ကျင့်ကြံနေသောအခါ...ရောဂါ...တဲ့... အဲ့ဒါ ရွှေဝါကြီးက ရောဂါ ဖြစ်နေတာဗျ"

"ဟဲ့ အဲ့ဒါ သီချင်းကြီး မဟုတ်ဘူးလား ဘာ စကားပုံလဲ"

"ကျစ်! မမကေသာက ဗျာ မသိရင် အသာနေပါ... အဲ့ဒီတော့ ခွေးမွေးရမယ် အမေရ...ခွေးရောက်လာမှ ရွှေဝါကြီးက မနာလိုတွေဖြစ်ပြီး တက်ကြွလာမှာ... သူပျင်းရင်လည်း ခွေးနဲ့ ရန်တွေ ဘာတွေဖြစ်လို့ရသေးတယ်..."

"ပေါက်ကရဟယ်... ခွေးလိုချင် လိုချင်တယ်မပြောဘူး"

"ကျစ်! မမနာနာ"

"ကဲ... ဝယ်ဟယ် ဒီလောက် လိုချင်နေကြရင်...ပြီးရင် ကိုယ့်ဟာကိုယ် နိုင်အောင်ထိန်းကြ"

"Yayyyyyy"

အမေက ခွင့်ပြုလိုက်တော့ မမဟေမာက ထအော်ပြီး လက်ခုပ်တီးသည်... အာကာက စားပြီးသား ပန်းကန်ကို မမဟေမာဘက်သို့ လက်ညှိုးလေးနဲ့ အသာတွန်းပို့ကာ နေရာမှထလိုက်သည်...

"အား...ပင်ပန်းနေပြီ အိပ်ချင်နေပြီ...လစ်ပြီနော်"

ထိုနောက် အဖေကြီးနဲ့ အမေ့ဘက်သို့ လက်အုပ်ချီလိုက်ကာ ဦးညွှတ်လိုက်ပြီး...

"ကဲ...ဘုရား တရား သံဃာ ဦးကြည်ညွှန်း ဒေါ်ခင်ခင်မျိုးဆွေ ကျေးဇူးကြောင့် ထမင်း တစ်နပ် ကောင်းကောင်းစားလို့ ပြီးပါပြီ"

"ငါပါသေးတယ် ငါချက်ထားတာ"

"အိုခေဗျာ CC to ဒေါ်သန္တာကြည်ညွှန်းဗျာ"

"အဟားဟား...ငါ့သားကတော့ကွာ... ပြီးခဲ့တဲ့ ရက်တွေက ပျင်းနေတာ...ငါ့သားပြန်လာမှ အိမ်က ပိုစိုပြေလာတာဟေ့"

အာကာ လှည့်ထွက်လာတော့ နောက်မှ အဖေကြီး၏ စကားသံကို ကြားလိုက်ရသည်... ခါတိုင်းလိုဆို ခရီးအတွေ့အကြုံတွေ ကြုံခဲ့ရသမျှတွေကို နားညီးလောက်အောင် ထိုင်ပြောနေမှာဖြစ်ပေမဲ့ အခုတော့ မြန်မြန် အခန်းအောင်းချင်နေရပြီ...

My Home နဲ့ ဖုန်းပြောရဦးမည်...

ချစ်စခင်စ ကြင်နာစမှာ အရာရာဟာ စင်ရော်ငှက် ကလေးတွေ မဟုတ်လား....

အိပ်ရာပေါ်လှဲချလိုက်ပြီး ဘေးမှ ဖက်လုံးကို ဆွဲခွထားလိုက်သည်...

ဖုန်းခေါ်ရင်းနှင့်ပင် လွမ်းနေရပြန်ပြီ...

အစ်ကိုနဲ့ တူတူနေချင်ပြီ...

အာကာ တစ်ယောက်တည်း မအိပ်တတ်တော့ဘူးထင်သည်...

.............................................................

<3 DiDi Zaw
(28/11/2022)

Продовжити читання

Вам також сподобається

961K 75.4K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
39.5K 1.3K 68
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒ...
40.3K 858 11
ဒီရေနဲ့ Rhyme တို့ရဲ့marriage life လေးကိုသီးသန့်ပြောပြပေးမှာဖြစ်ပါတယ် ။ ကကလေး ဘယ်လိုရောက်လာတယ် ဘယ်လိုဒုက္ခတွေကြုံရတယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ် 😁🙆
629K 60.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...