"အစ်ကို ... Heater ဖွင့်ပြီး ရေချိုးနော်...အရမ်းအေးလာပြီ"
"အင်း"
ငြိမ်းက အခန်းတံခါးကို ဖွင့်ပြီး ဝင်လိုက်တော့ so sweet ကလိုက်ဝင်လာသည်...
"ဘာလိုက်လုပ်တာလဲ...မင်းအခန်း မင်းသွားလေ"
"အစ်ကို့အခန်းထဲကနေ ကျွန်တော့်အခန်းကို သွားလို့ရတယ်လေဗျာ...ဖယ်ပေးဦး...ဝင်မလို့...ရှုးပေါက်ချင်နေပြီ"
"ဟင်"
တံခါးဘောင်ကို လက်နှင့်ထောက်ထားသော ငြိမ်းရဲ့ လက်ကို အတင်းဆွဲဖယ်ပြီး အခန်းထဲသို့ဝင်ကာ ဆက်ထားသော တံခါးမှနေ၍ သူ့ အခန်းဘက်သို့ ကူးသွားသည်... သွားရင်း နောက်ပြန်လှည့်ကာ ငြိမ်းကို အော်ပြောသွားလိုက်သေးသည်...
"ဒီအလယ်က တံခါးကို မပိတ်ထားနဲ့နော် အကို့... ပိတ်ထားလို့ကတော့ တစ်ညလုံး တံခါးထိုင်ခေါက်နေမှာဗျ"
ငြိမ်း က ဘာမှပြန်မပြောဘဲ ရေချိုးဖို့သာပြင်လိုက်တော့သည်... တစ်နေကုန် လျှောက်သွားထားတော့ ညောင်းကိုက်နေပြီဖြစ်သည်...
ငြိမ်း ရေချိုးပြီးတော့ အနွေး ညအိတ်ဝတ်စုံဝမ်းဆက်ကို ထုတ်ဝတ်လိုက်ပြီး ခုတင်ပေါ်တွင် လှဲ၍ကျောဆန့်လိုက်သည်...
"အား"
အခုမှ အညောင်းတွေ နည်းနည်းပြေချင်သလိုဖြစ်သွားရသည်...တောင်ပေါ်ရာသီဥတုက အေးစိမ့်နေသဖြင့် စောင်အောက်သို့ မြန်မြန်တိုးဝင်လိုက်ရသည်...
"အစ်ကိုရေ့ ဗိုက်ဆာလား တစ်ခုခုစားဦးမလားဟင်"
ခေါ်သံနှင့်အတူ so sweet က i pad တစ်ခုကိုင်ပြီး ငြိမ်းအခန်းထဲသို့ ရောက်လာသည်...
"တော်ပြီ...အိပ်တော့မှာ...မင်းလဲ သွားအိပ်တော့"
"ဟင်... အိပ်တော့မှာလား အစ်ကိုရဲ့...နေပါဦး ဒီမှာ ရုပ်ရှင် တူတူကြည့်ရအောင်လေ ... နော်"
ပြောပြီး so sweet က ခုတင်ဘေးရှိ ခုံတွင်ဝင်ထိုင်လိုက်သည်... ငြိမ်းလှဲနေရာမှ မော့ကြည့်လိုက်တော့ so sweet ခေါင်းမှ ဆံပင်တွေ ရေမခြောက်သေးတာကို သတိထားလိုက်မိသည်...
"မင်း ခေါင်းကို ရေပြောင်အောင် သုတ်ဦးလေ... ရေချိူးခန်းထဲမှာ Hair Dryer ရှိတယ်"
"ဟင့်အင်း တော်ပြီ သူ့ဟာသူ ခြောက်သွားလိမ့်မယ်"
ငြိမ်း လှဲနေရာမှ အလိုလျောက်ထထိုင်မိသွားရသည်... ဒီလောက် ရာသီဥတုအေးနေတာကို ဘယ်လိုပေတေနေမှုမျိုးလဲ....
"ဘယ်လိုလုပ် သူ့ဟာသူ ခြောက်မှာလဲ မဟုတ်တာကို"
"ပျင်းတယ် အစ်ကိုရဲ့... Dryer ကြီးကိုင်ပြီး လုပ်နေရမှာ စိတ်မရှည်ဘူး"
"မင်း အမြဲတမ်း အဲ့ဒီလိုနေတာပဲလား"
"အိမ်မှာတော့ အမေနဲ့ မမတို့က လုပ်ပေးတယ် အဖေကြီးလဲ လုပ်ပေးတယ်"
ငြိမ်း ခေါင်းရမ်းလိုက်မိသည်... အငယ်ဆုံးကလေးတွေက အမြဲ ဒီလိုပဲနေမှာပေါ့လေ... သူ့ခေါင်းကို သေချာကြည့်လိုက်တော့ နားသယ်စပ်လေးတွေမှာတောင် ရေစက်တွေက ကျန်နေသေးသည်... ဒီပုံစံနဲ့ ဘယ်လိုများ အိပ်ဖို့စဥ်းစားနေပါလိမ့်...
"သွား...ရေချိုးခန်းထဲက Dryer သွားယူလာခဲ့...ကိုယ်လုပ်ပေးမယ်"
"ဟင်"
ငြိမ်းက ပြောလိုက်တော့ မျက်နှာလေးက ဝင်းခနဲဖြစ်သွားပြီး ဟန်ဆောင်ပန်ဆောင်ပင် ငြင်းမနေဘဲ ထိုင်ရာမှ ချက်ချင်းထပြီး ရေချိုးခန်းထဲ ပြေးသွားလိုက်တာများ တစ်စက္ကန့်ပင်မခြား... Dryer ယူလာပြီး ခုတင်ဘေးမှ socket တွင် ထိုးလိုက်ပြီး ငြိမ်းလက်ထဲကို ထည့်ပေးလာသည်...
"လာ...ဒီမှာ လာထိုင်"
ငြိမ်းက သူ့ကို ခုတင်စွန်းမှာ ထိုင်ခိုင်းလိုက်ပြီး ရှည်လျားလှတဲ့ သူ့အရပ်ကြီးကြောင့် သူ့နောက်ကျောဖက်မှ နေ၍ ဒူးထောက်ထိုင်ပြီး လုပ်ပေးရသည်.... ဆံပင်တွေကြားထဲ လက်ချောင်းများနှင့်ထိုးဖွကာ လေမှုတ်ပေးရင်း တွေးနေမိသည်... ငြိမ်းရဲ့ solo trip ခရီးစဥ်ကဘာနဲ့တူနေမှန်းပင် မသိတော့ပေ...
"ရပြီ...ရော့"
ဆံပင်တွေ ခြောက်သွေ့သွားတော့ ဘာရယ်မဟုတ် သေသေသပ်သပ် ဖြစ်အောင် လက်နှင့် သပ်ပေးနေမိရင်းမှ ငြိမ်းကိုလှည့်ကြည့်လာကာ ပြုံးဖြီးနေသော so sweet ကြောင့် လူက အမ်းတမ်းတမ်းပင် ဖြစ်သွားရသည်...
"အစ်ကို သိလား... ကျွန်တော့်ကို မိသားစုဝင်မဟုတ်တဲ့ တခြားတစ်ယောက်က ဆံပင်လေမှုတ်ပေးတာ ဒါပထမဦးဆုံးပဲ"
"ဘယ်သူကရော ပထမဦးဆုံး မဟုတ်လို့လဲ"
ငြိမ်းက မျက်မှောင်ကျုံ့လျှက် သူ့လက်ထဲကို Dryer ထည့်ပေးလိုက်သည်... so sweet က Dryer ကို ဘေးမှ စားပွဲပေါ်သို့ လှမ်းတင်လိုက်ပြီး ထိုင်ခုံတွင်ပြန်ဝင်ထိုင်ကာ i pad ထဲမှ ရုပ်ရှင်တစ်ခုကို ဖွင့်လိုက်သည်... ထို့နောက် ငြိမ်းရှေ့မှာ ကာဗာလေးနှင့် ထောက်ပြီးချပေးလာသည်... ရုပ်ရှင် စစချင်း စာတန်းထိုးကိုကြည့်ပြီး ငြိမ်း မျက်ခုံးတွေပင့်တက်သွားရသည်...
"မင်းပြမဲ့ ရုပ်ရှင်က ကာတွန်းကားလား"
"အင်းလေ...အစ်ကိုရဲ့ ဒီကားလေးကောင်းတယ် ပြန်ကြည့်ရအောင်နော်... Co Co တဲ့ မက်ဆီကန် ကားလေး... စိတ်အခြေအနေမကောင်းတဲ့ အခါမျိုးဆို အဖေကြီးက ကျွန်တော်တို့ကို ကားတွန်းကားပဲ ကြည့်ခိုင်းတယ်... အစ်ကို စိတ်ကြည်သွားအောင်လို့"
ဒီနေ့ တစ်နေကုန် အတူရှိနေသည့် တစ်လျှောက်လုံးမှာ အဖေကြီး အကြောင်း ခဏခဏ ပြောတတ်သည့်ကောင်လေးကြောင့် အဖေချစ်သားလေးမှန်း ငြိမ်းက သတိထားမိရသည်... သူ့ အဖေကို တော်တော်လေးစားပြီး ခင်တွယ်ပုံရသည်...
so sweet ပြသည့် ကာတွန်းကားလေးက မိသားစု မေတ္တာဖွဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် စစချင်းမှာပဲ ငြိမ်းက သဘောကျသွားရသည်... တော်ရုံဆို ငြိမ်းက ကာတွန်းကားတွေ မကြည့်တတ်ပေမဲ့ ရယ်စရာအခန်းပါလျှင် ဘေးမှ တခွိခွိနှင့် အူတက်နေတတ်သည့် so sweet ကြောင့် ငြိမ်းပါ ပျော်လာရသည်...
"Olaaa"
"အဟင်း... မီဂဲလ် က ချစ်စရာလေးနော် အစ်ကို့... မက်ဆီကန် လူမျိုးတွေက Hello လို့ နှုတ်ဆက်ရင် Olaaa လို့ ပြောကြတာ... အိမ်မှာ ဆို ဒီကားကြည့်ပြီးကတည်းက ကျွန်တော်တို့ မောင်နှမတွေက မိုးလင်းတာနဲ့ Olaa ဆိုပြီး အော်ကြတော့တာပဲ"
ဇာတ်ကားထဲက ကောင်လေးကိုကြည့်ပြီး so sweet က ငြိမ်းကိုပြောသည်... so sweet တို့မိသားစုက ပျော်စရာကောင်းမှာပဲဟု ငြိမ်း တွေးမိသည်... နန္ဒာကြည်ညွှန်းကိုလည်း ကျောင်းတုန်းက လွယ်အိတ်မှာ ကာတွန်းဇာတ်ကောင်ပုံ ကီးချိန်းတွေ တပ်ထားတတ်တာ ခဏခဏတွေ့ရတတ်သည်...
"အစ်ကို အေးတယ်နော်"
so sweet က ခုတင်ဘေးက ခုံပေါ်မှာ ခြေထောက်နှစ်ဖက်တင်ကာ ဒူးကို လက်ဖြင့်ပိုက်ထားရင်း ပြောသည်... ငြိမ်းကတော့ ခုတင်ပေါ်မှာ စောင်ခြုံလျှက်သားမို့ အားနာသွားရသည်... ငြိမ်းက ဘေးကိုရွှေ့ပေးလိုက်ပြီး...
"ဒီပေါ်လာမလား"
"ဟုတ်"
ဟုတ် ဟုဖြေတာကပင် နောက်ကျနေသေးသည်...အသံထက် လူကအရင် ခုတင်ပေါ်သို့ စွေ့ခနဲ ရောက်ချလာသည်...
"ကျွန်တော် ခြေထောက်လေး နည်းနည်း စောင်ထဲထည့်ထားမယ်နော် အစ်ကို့"
ငြိမ်း ခေါင်းညိတ်ချိန်ပင် မရလိုက် so sweet ရဲ့ ခြေထောက်တွေက စောင်ထဲသို့ တိုးဝင်လာကြသည်...
"အား...နွေးသွားတာပဲ"
ဇာတ်လမ်းဆက်ကြည့်နေပြီး ခဏအကြာမှာပဲ ဘေးမှနေ၍ အသံထွက်လာပြန်သည်...
"လက်တွေလဲ အေးနေတယ် အစ်ကို... ကျွန်တော် စောင်ထဲထည့်ထားမယ်နော်"
ငြိမ်းက ဘေးသို့နည်းနည်း ထပ်ရွှေ့ပေးလိုက်တော့ ငြိမ်းနားသို့ တိုးကပ်လာကာ စောင်ကိုဆွဲယူပြီး လက်တွေပါထည့်လာသည်... လှုပ်လှုပ်ရှားရှား လုပ်လိုက်သဖြင့် စောင်ပေါ်မှာ တင်ထားသော i pad က မှောက်ကျသွားသောကြောင့် ငြိမ်းက ထိန်း၍ ဖမ်းထားလိုက်ရသည်...
"ကဲ... so sweet ငြိမ်ငြိမ်နေတော့"
"ငြိမ်ပြီ...ငြိမ်ပြီ"
ငြိမ်းပြောတုန်း ခဏသာ ငြိမ်သွားပြီး လှုပ်လှုပ်ရွရွ ဖြစ်လာပြန်သဖြင့် ငြိမ်းက လှည့်ကြည့်လိုက်တော့ မျက်နှာကို ချိုမြနေအောင် ပြုံးပြလာပြီး...
"ညောင်းတယ် အစ်ကိုရဲ့ နောက်မှာ ခေါင်းအုံးနဲ့ မှီရအောင်လေ...နော်"
ပြောပြီး ခေါင်းအုံးတွေကို စီကာ ငြိမ်းကိုယ်လုံးကို ဆွဲယူပြီး နောက်သို့မှီစေသည်... ထို့နောက် သူကပါ ငြိမ်းဘေးမှာ ကပ်မှီလာပြီး လှဲလိုက်သည်...
"အား... အစ်ကို့နားက မွှေးနေတာပဲ...ဟင်း"
ငြိမ်းဘက်ကို စောင်းငဲ့လာပြီး မွှေးတယ်ဟု ပြောနေလိုက်သေးသည်... ဇာတ်လမ်းလေးကလည်း ကြည့်လို့ကောင်းနေသဖြင့် ငြိမ်းက စျာန်ဝင်နေမိပြီး သူ့ကိုအာရုံသိပ်မရလိုက်ပေ.... ဇာတ်လမ်းထဲမှာ ကောင်လေးက တမလွန်လောကနဲ့ ဆက်ထားသော တံတားပေါ် ဖြတ်မိသွားပြီး တမလွန်က အဘိုးဖြစ်သူကို လိုက်ရှာရင်း နောက်ဆုံးမှာ မိသားစုကြား အထင်လွဲနေခဲ့တာတွေကို ချေဖျက်နိုင်ခဲ့သည်... နှစ်စဥ် တမလွန်နဲ့ လက်ရှိ မိသားစုစုံညီပွဲကို အဘိုးကို ခေါ်လာပေးနိုင်ခဲ့ တဲ့ အကြောင်းလေးဖြစ်သည်....
"ဟင်"
ဇာတ်လမ်းပြီးသွားမှ ငြိမ်းသတိထားမိသည်...အခု ငြိမ်းတို့က တစ်အိပ်ရာတည်းမှာ စောင်တစ်ထည်တည်းကို နှစ်ယောက်ခြုံပြီး တူတူလှဲကာ ကြည့်နေကြခြင်းဖြစ်သည်... ငြိမ်း ဘေးကိုလှည့်ကြည့်လိုက်တော့ ပုံပြင်ထဲက ကုလားအုတ်လို ခြေထောက်ကလေး ဝင်ပါရစေ...လက်ကလေး ဝင်ပါရစေနဲ့ အခုတော့ ငြိမ်းရဲ့ စောင်ထဲကို တစ်ကိုယ်လုံး တိုးဝင်လာသော ကောင်လေးက ငြိမ်းဘေးမှာ ငြိမ်းရဲ့ ခေါင်းအုံးကို အုံးပြီး... နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေပြီ...
"အာကာကြည်ညွှန်း ဒီမှာ အိပ်ပျော်သွားလို့ မဖြစ်ဘူးလေ... ကိုယ့်အခန်းကိုယ် ပြန်အိပ်ရမှာပေါ့"
ဒီစကားတွေကို ငြိမ်း ပါးစပ်ကထုတ်ပြောလိုက်သည်လား စိတ်ထဲကပဲပြောနေမိသည်လား မသေချာပေ... so sweet ကို နှိုးလို့မရရင် ငြိမ်းက ဟိုဘက်ခန်းထဲမှ သူ့ခုတင်ပေါ်တွင် သွားအိပ်လိုက်မည်ဟု တွေးလိုက်သည်... သို့သော် ဘေးသို့နည်းနည်းလေး ရွှေ့လိုက်မိသည်နှင့် အေးစက်နေသော အိပ်ရာ၏ အထိအတွေ့ကြောင့် ငြိမ်း တွန့်ခနဲဖြစ်သွားရပြီး ညာဘက်ခြမ်းမှ အနွေးဓာတ်ရှိရာကို တိုးကပ်မိသွားရသည်...
ငြိမ်း တို့ ဒီတိုင်းကြီး အိပ်လိုက်ကြလို့တော့ မဖြစ်ဘူးမဟုတ်လား... တစ်ယောက်ကတော့ ဟိုဘက်ခန်းမှာ သွား အိပ်ရမှာပေါ့...
"အေးတယ်"
ငြိမ်းအတွေးတို့ မဆုံးသေးခင်မှာပဲ သန်မာသော လက်တစ်ဖက်နှင့် ဆွဲဖက်ခြင်း ခံလိုက်ရပြီး နွေးထွေးနေသော ရင်ငွေ့ကို ကျောအပ်ကာ ငြိမ်း မျက်တောင်တွေ မှေးစင်းလာရတော့သည်... ခေါင်းအုံး တစ်ခုတည်းကို အုံးနေကြခြင်း ဖြစ်သောကြောင့် ငြိမ်းရဲ့ လည်တိုင်နားမှာ ဝင်သက်ထွက်သက် ငွေ့ငွေ့လေးကို ခံစားနေရသည်... တင်းကျပ်စွာ ပွေ့ဖက်ခံထားရမှုကြောင့် အနွေးဓာတ်က လုံလောက်သည်ထက်ပင် ပိုနေပြီး သက်တောင့်သက်သာ ရှိစွာဖြင့် ငြိမ်းလည်း နွေးထွေးသော အိပ်မက်ကမ္ဘာထဲ သို့ ရောက်သွားရတော့သည်...
"အင်း... ဟိုဘက်ခန်းမှာ သွားအိပ်မှာ"
.............................................................................
အိပ်နေရင်း ရင်ခွင်ထဲမှာ တစ်ညလုံးနွေးထွေး နေခဲ့သော အနွေးဓာတ်လေးက လစ်ဟာနေသဖြင့် အာကာနိုးလာရသည်... မျက်လုံးများကို ပွတ်သပ်ကာ memory recall ပြန်လုပ်ကြည့်တော့မှ ညက အစ်ကို့အိပ်ရာထဲမှာ အိပ်ပျော်သွားခဲ့ရခြင်းကို သတိရသွားမိသည်...
"အဟင်း"
အာကာ ရင်ထဲမှာ ကျေနပ်နှစ်သိမ့်စွာဖြင့် ပြုံးလိုက်မိသည်... ညက အစ်ကို့နား ဝင်လှဲရင်း မွှေးမြမြသနပ်ခါးနံ့လေးကြောင့် လူက ယစ်မူးပြီး အိပ်ပျော်သွားရခြင်းဖြစ်သည်... ပြီးတော့ အစ်ကို့ကို တစ်ညလုံးထွေးပွေ့ပြီး အိပ်စက်ခွင့်ရခဲ့သည်...
အာကာ့ဘေးမှ အစ်ကိုအိပ်သွားသော နေရာလေးကို လက်နှင့်ပွတ်ကြည့်ရင်း နောက်တစ်ခေါက်ထပ်ပြုံးမိရပြန်သည်... ဒီနေရာလေးမှာ အစ်ကိုက အာကာ့ရင်ခွင်ထဲ ဝင်ပြီး ကွေးကွေးလေး အိပ်နေမှာ... အာကာက အစ်ကို့ကို နောက်ကနေ သိုင်းဖက်ထားမှာ... စောင်တစ်ထည်တည်းရဲ့ အောက်မှာ နှစ်ယောက်တူတူ ပူးကပ်ပြီး လှဲနေကြမှာ... မနက်မိုးလင်းတော့ အစ်ကိုက အရင်ထသွားပြီး ရေချိုးခန်းဝင်မှာ...
အတွေးတွေနဲ့ ထပ်တူ ရေချိုးခန်းထဲက ရေကျသံ တိုးတိုးကိုကြားနေရသည်... အာကာက ဟိုတယ်အခန်းထဲမှ ခုတင်ပေါ်မှာ အိပ်နေပြီး အစ်ကိုက ရေချိုးခန်းထဲမှာ ရေချိုးနေသည်... ဒီ အနေအထားက တကယ့်စုံတွဲတွေရဲ့ ဟန်းနီးမွန်းခရီးနဲ့ တူနေတာမဟုတ်လား...
"Shit !!!"
အတွေးတို့ မဆုံးခင်မှာပဲ ယောက်ကျားလေးသဘာဝ မနက်ခင်း ထကြွမှုက ပုံမှန်ထက်ပင် ပိုနေပြီး... ဖြေလျှော့မှုကို လိုအပ်လာသည်မှာ တမုဟုတ်ချင်းပင်...
"အာ...ကွာ"
အာကာ ကိုယ့်အောက်ပိုင်းကိုယ် ငုံ့ကြည့်ပြီး အိပ်ယာမှ မြန်မြန်ထကာ ဟိုဘက်ခန်းရှိ ရေချိုးခန်းထဲသို့ မြန်မြန်ပြေးဝင်ခဲ့ရသည်... ကိုယ့်ကောင်ရဲ့ ဒီပုံစံကို အစ်ကို မြင်ရင် လန့်သွားမှာ စိုးရသည်... ကိုယ့်ကောင် အကြောင်း ကိုယ့်အသိဆုံး မဟုတ်လား...
ရေချိုးခန်းထဲ ရောက်မှ အဝတ်အစားတို့ကို အကုန်ဆွဲချွတ်ပစ်လိုက်ပြီး... ရေချိုးခန်း နံရံကိုလက်ထောက်ကာ မနက်ခင်း လေ့ကျင့်ခန်းကို စရသည်...
"ဟင်း...."
မိနစ်အနည်းငယ်ကြာသည်အထိ အာရုံက စူးစိုက်လို့မရဘဲ ဘာကိုလိုလို့ လိုချင်နေမှန်းမသိစွာဖြင့် ခက်ခဲနေရသည်... မျက်လုံးကို စုံမှိတ်ကာ ခေါင်းကို မော့ထားလိုက်ပြီး... ညက အကြောင်းတွေကို ဖြည်းဖြည်းချင်း ပုံဖော်ကြည့်ရသည်...
ဟုတ်တယ်....
အစ်ကို အာကာ့ကို ဆံပင်လေမှုတ်ပေးတုန်းက....
အစ်ကို့ရဲ့ လက်ချောင်း သွယ်သွယ်လေးတွေက နူးညံ့နေကြပြီး အာကာ့ရဲ့ ဆံပင်တွေကို ဆုပ်ကိုင်ထားတဲ့ အထိအတွေ့လေး.... ပြီးတော့ ညက အစ်ကို့ခါးကို အိပ်ရာထဲမှာ တင်းကျပ်နေအောင် ပွေ့ဖက်ခွင့်ရတဲ့ အထိအတွေ့လေး....
ဒီလိုဆိုရင်ရော...
အစ်ကိုက အာကာ့ ဆံပင်တွေကို ခပ်တင်းတင်းဆုပ်ကိုင်ထားတယ်... လည်တိုင်လေးက နောက်ကိုမော့နေပြီး ရင်ဘတ်ပြေပြေလေးက ကော့တက်နေတယ်... အာကာက အစ်ကို့ခါးကို တင်းတင်းကျပ်ဆုပ်ကိုင် ပွေ့ဖက်ထားတယ်...
အာကာ့ရဲ့ ညာလက်ကလှုပ်ရှားမှု မြန်ဆန်လာသည်နဲ့အမျှ အတွေးထဲမှ အစ်ကို့ပုံရိပ်လေးကလည်း မျက်ခုံးတန်းလေးတွေကို အစွမ်းကို စုကျုံ့ထားပြီး အောက်နှုတ်ခမ်းလေးကို ဖိကိုက်ထားသည်... ပြီးတော့ အာကာ့ရဲ့ ဆံပင်တွေကို တင်းနေအောင် ဆွဲယူဆုပ်ကိုင်ထားသည်... အာကာ့ခေါင်းမှ ဆံပင်တွေက အစ်ကို့လက်ချောင်းတွေ ကြားမှာ ပိုပိုပြီး တင်းကျပ်လာသည်ဟု ခံစားမိရပြီးနောက်မှာတော့....
"အ...ဟာ့...အား...."
အဆုံးထိခရီးပေါက်သွားမှုရဲ့ နောက်မှာ စိတ်ကျေနပ်စွာဖြင့် ရေချိုးခန်းနံရံတွေကို ညစ်ပတ်စေမိခဲ့ပြီ...
ရည်ရွယ်ချက် ရှိရှိနဲ့ပေါ့လေ....
ရေပန်းကို ဖွင့်ချလိုက်ပြီး မောဟိုက်နေသည့်ကြားမှ စိတ်ကျေနပ်စွာဖြင့် ပြုံးမိရပြန်ပါသည်... အစ်ကိုက တစ်ကယ်ကို ပြုစားနိုင်လွန်းလှသည်...
အာကာ ရေချိုးခြင်းကို မြန်မြန်လက်စသတ်ပြီး အဝတ်အစားလဲရသည်... နောက်ကျနေရင် အစ်ကိုဗိုက်ဆာနေမှာစိုးရသည်...
အာကာ အဝတ်အစားလဲပြီးတော့ အစ်ကို့အခန်းထဲသို့ ကူးလာခဲ့လိုက်သည်... ရုတ်တရက် အစ်ကို့ကို အခန်းထဲမှာ မတွေ့ရသဖြင့် လန့်သွားရသည်... ဟိုဟိုဒီဒီ ဝေ့ဝဲပြီး ရှာကြည့်တော့မှ ဝရံတာအပြင်ဘက်တွင် လှုပ်ခတ်နေသော လိုက်ကာကြားမှ အဖြူရောင် တိမ်စိုင်လေးကို တွေ့လိုက်ရသည်.... အာကာက အပေါက်ဝမှာ သွားရပ်လိုက်တော့ အစ်ကိုက နောက်ပြန်လှည့်ကြည့်လာသည်...
"Olaaa"
ညကကြည့်ထားသည့် Co Co ကာတွန်းကားထဲမှ ဇာတ်ကောင်လေး မီဂဲလ် လို နှုတ်ဆက်လိုက်တော့ အစ်ကိုက လှစ်ခနဲ ပြုံးသွားသည်... အာကာက ပြန်နှုတ်ဆက်လေဆိုသည့် သဘောနှင့် မျက်ခုံးပင်ကာ မေးဆတ်ပြတော့ အစ်ကိုက ခေါင်းလေးကို တစ်ချက်စောင်းကာ နားရွက်နောက်နားလေးကို ကုတ်လိုက်ပြီး...
"အဟင်း... O...Olaaa..."
အာကာ့ကို ပြန်ပြောပြီး ရှက်ဝဲဝဲလေးဖြင့် ရယ်နေကာ မျက်နှာလေးက လှစ်ခနဲ ပန်းရောင်သန်းသွားသဖြင့် အာကာ့မှာ ရင်ထဲကလိကလိဖြင့် အူယားသွားရတော့သည်...
"အကိုက ဗျာ"
အာကာ စိတ်မထိန်းနိုင်စွာဖြင့် အစ်ကို့ပါးလေးတစ်ဖက်ကို ဆွဲဖျစ်လိုက်မိတော့သည်...
"အ!"
"ဟာ... နာသွားလားဟင် အစ်ကို့"
အားနည်းနည်း ပါသွားသဖြင့် အထိမခံရွှေပန်းကန် အသားအရေပိုင်ရှင်လေးက ပါးတစ်ဖက်မှာ ချက်ချင်းရဲတက်သွားကာ ပါးလေးကို လက်နှင့်အုပ်ကိုင်ပြီး အာကာ့ကို မျက်မှောင့်ကျုံကာ ကြည့်လာသည်...
"မင်း! လုပ်လိုက်ရင် အရမ်းတွေ"
အာကာက အစ်ကို့နားကို ငုံ့ကိုင်းပြီး ပါးပေါ်မှ အစ်ကို့လက်ကို ဆွဲဖယ်ကြည့်ဖို့ကြိုးစားလိုက်သည်...
"ဥုံဖွ ဥုံဖွ! လက်ဖယ်ပေး... ပြဦးလို့...ကြည့်ရအောင်...အရမ်းနာသွားလား"
"မနာဘူး... ဖယ်!!"
အာကာ့ကို တွန်းဖယ်ကာ အခန်းထဲသို့ ပြန်ဝင်ပြီး စားပွဲပေါ်မှ ဖုန်းတွေ ပိုက်ဆံအိတ်တွေ ကောက်ကိုင်ကာ မနက်စာသွားစားဖို့ လုပ်နေသော အစ်ကို့နောက်ကို အတင်းပြေးလိုက်ရသည်...
"ဟင် လို့... ဒီနားက အရမ်းရဲသွားတယ်... နာလား...ပြောဦး"
"ကဲ... မထိနဲ့လို့!! အာကာကြည်ညွှန်း!!"
.............................................................................
မနက်စာ စားပြီးတော့ ဟိုတယ်က စီစဉ်ပေးသည့် တိုင်းရင်းသူ တိုးဂိုက်ကောင်မလေးက အာကာတို့နှစ်ယောက်ကို လာခေါ်သည်... ဒီနေ့ မနက်ပိုင်းက တောင်ပေါ်ရွာလေးတွေနှင့် တောင်စောင်းမှ စပါးစိုက်ခင်းတွေဆီကို သွားလည်ကြရမည် ဖြစ်သည်...
"အစ်ကို... ဒီနေ့ကလည်း လမ်းတွေ လျှောက်ရဦးမှာဆိုတော့ ကျွန်တော်တို့ မနက်ဖြန်မှ ဖန်စီပန် တောင်ပေါ်တက်ကြမယ်နော်"
"မင်း အခန်းက ဘယ်နှစ်ရက်ယူထားတာ မလို့လဲ"
"extension လုပ်လိုက်မှာပေါ့... အစ်ကိုနဲ့မှ တူတူပြန်မှာ"
"ကိုယ်က ဒီကပြန်ရင် ဟနွိုင်းကို ဝင်ဦးမှာ"
"လိုက်မှာပေါ့"
"ဟင်"
"လိုက်ခဲ့ချင်တယ်... နော်...အစ်ကို့"
အာကာက မျက်နှာငယ်လေးနှင့်ပြောတော့ အစ်ကိုက မျက်မှောင်ကျုံ့သွားသည်... သို့သော်လည်း... ခေါင်းညိတ်လိုက်၏...
တကယ်ကို ချစ်စရာကောင်းသည့် အိမ်ကလေး...
အာကာတို့နှစ်ယောက် တိုးဂိုက်ကောင်မလေးရဲ့နောက်ကလိုက်ပြီး တောင်ပေါ်လမ်းတွေကို တက်ရသည်... ပတ်ပတ်လည်မှာလဲ တောင်တွေဝန်းရံထားပြီး တောင်စောင်းမှ လှေခါးထစ် စိုက်ခင်းတွေက စိမ်းစိုနေသည်... တောင်ယာလုပ်ငန်းအတွက် ကျွဲတွေကို အသုံးပြုကြကြောင်း တိုင်းရင်းသူလေးက အင်္ဂလိပ်လို ရှင်းပြသည်...
တစ်ချို့တောင်စောင်းတွေက မတ်စောက်လွန်းသဖြင့် အာကာက အစ်ကို့လက်ကို သေချာဆွဲပြီး ဂရုစိုက်ခေါ်ရသည်... နဖူးစပ်မှာချွေးလေးတွေ စို့နေပေမဲ့ တောင်ထိပ်တစ်ခုကို ရောက်သွားတိုင်း ရင်သပ်ရှုမောရသော မြင်ကွင်းတွေကြောင့် အစ်ကိုက ပျော်နေပုံရသည်... သဘဝရှုခင်းတွေကို ဖုန်းကင်မရာလေးနဲ့ ဓာတ်ပုံတွေ ရိုက်ယူပြီး မျက်နှာလေးကပြုံးနေသည်.... အစ်ကို့ဖုန်းထဲမှာ ရှုခင်းပုံတွေပြည့်နေသလို့ အာကာ့ဖုန်းထဲမှာလည်း ခိုး၍တစ်မျိုး ပေါ်တင်တစ်မျိုး ရိုက်ယူထားသော အစ်ကို့ဓာတ်ပုံတွေနှင့်ပြည့်နေတော့သည်...
"ဟာ... အစ်ကို ဒီမှာ ကျွဲချီးပုံ...ကျွဲချီးပုံ"
ကျွဲချီးပုံတွေ့တာကို ရွှေတွေ့သလို အော်နေသော အာကာ့ကြောင့် အစ်ကိုက နှာခေါင်းလေးရှုံ့ကာ ရယ်နေသည်...
"ဓာတ်ပုံရိုက်ပေးဦး ကျွန်တော့်ကို"
"ဟမ်... ကျွဲချီးပုံနဲ့ ?"
"အင်းလေ အစ်ကိုရဲ့... ရန်ကုန်မှာမှ မရှိတာ ... Me and The Shit ဆိုပြီး IG မှာ တင်ရအောင်"
"တကယ်ကြီး ?"
"အင်းပါဆို... လာရိုက်ပေးလို့"
အစ်ကိုက အာကာ့ကို မနိုင်ဘူး ဆိုသည့် ပုံလေးနှင့် ခေါင်းခါပြီး ကျွဲချီးပုံနှင့် ဓာတ်ပုံတွေ ရိုက်ပေးသည်...
ရွာထဲမှ အိမ်တွေရှေ့ ဖြတ်သွားရတော့ အိမ်ရှေ့မှာ ထိုင်ပြီး ရိုးရာထည်တွေပေါ်မှာချည်ထိုးနေကြသည့် အမျိုးသမီးတွေကို တွေ့ရသည်... တိုးဂိုက်ကောင်မလေး၏ ပြောပြချက်အရ အိမ်မှာရှိသည့် မိသားစုဝင်များအတွက် အိမ်ရှင်မတွေက ကိုယ်တိုင် ချည်ထိုးကြရသည်... မိသားစုဝင် ခြောက်ယောက်ရှိရင် တစ်နှစ်ကို အထည် ခြောက်ထည် ထွက်အောင် ထိုးရသည်ဟု ရှင်းပြသည်...
Sapa မှာ တိုင်းရင်းသား (၄) မျိုး အဓိက နေထိုင်ကြပြီးတော့ Hmong လူမျိုး ၅၂ % , Red Dao လူမျိုး ၂၅ %, Tay လူမျိူး ၅ % , Giay လူမျိူး ၂ % စီလောက်ရှိကြသည်ဟု တိုင်းရင်းသူလေးက ပြောပြသည်... လူမျိုးကွဲ သွားပေမဲ့ ရိုးရာအဝတ်အစားတွေက ခပ်ဆင်ဆင်တွေပဲဟု အာကာက ထင်သည်...
တိုးဂိုက် ကောင်မလေး ရှင်းပြသမျှကို အစ်ကိုက စိတ်ဝင်တစားလေးနားထောင်ပြီး အာကာကတော့ အစ်ကို့မျက်နှာ အပြောင်းအလဲကိုသာ စိတ်ဝင်တစား ကြည့်ဖြစ်သည်...
တိုင်းရင်းသားတွေရဲ့ ဓလေ့ရိုးရာအရ အရွယ်ရောက်သည်နှင့် အိမ်ထောင်ပြုကြရပြီး သားယောက်ကျားလေးမရမချင်း ကလေးမွေးကြရသည်... သားယောက်ကျားလေး ရပြီးလျှင်တော့ ကလေးမွေးချင်းကို ရပ်လိုက ရပ်နိုင်သည်... သားယောက်ကျားလေး မမွေးနိုင်သည့် အမျိုးသမီးက အနှိမ်ခံရတတ်သည်ဟု ကောင်မလေးက ရှင်းပြသည်...
"ဟာ... အဲ့ဒါကြီးကတော့ မမိုက်ပါဘူး နော် အစ်ကိုရာ... အဓိပ္ပါယ်မရှိတာ... ဒီနယ်ကလူတွေကို educate လုပ်ပေးဖို့လိုနေပြီ"
"so sweet ကလည်းကွာ...ဒါက သူတို့ ရိုးရာ ယုံကြည်မှုတွေပဲကို"
"မကျေနပ်ဘူးဗျာ သူတို့ ရွာသူကြီးကို ကျွန်တော်သွားပြောမယ်"
အစ်ကိုက အာကာ့ခေါင်းကို ဖတ်ခနဲရိုက်ပြီး မျက်မှောင်လေးကျုံ့ပြသည်... အစ်ကိုနဲ့ မနေ့ကထက် ဒီနေ့ ပိုရင်းနီးလာရလို့ အာကာ ကျိတ်ပြီးကြည်နူးနေရသည်...
အာကာတို့ရဲ့ တိုးဂိုက်ကောင်မလေးက အသက် ၂၃ နှစ်ပဲရှိသေးသည်ကို ကလေး ၄ ယောက်ရှိနေပြီဟု သိရတော့ အာကာက မျက်လုံးပြူးသွားရသည်...
"အစ်ကို့...ရှင်မွေးလွန်းနော်... ဒေါ်ခင်ခင်မျိုးဆွေနဲ့ ဘာတော်လဲ မသိဘူး...ခွိ"
" so sweet ... ကောင်းကောင်း နားမထောင်ဘူးလား"
"နားထောင်ပြီ နားထောင်ပြီ"
နေ့လည်စာ ထမင်းစားနားပြီး ရိုးရာဝတ်စုံတွေ ငှါးဝတ်ပြီး လည်လို့ရတဲ့ Cat Cat Village ကို ဆက်သွားဖြစ်ကြသည်... တမနက်လုံးလည်နေတာ အကောင်းကို Cat Cat village ရောက်မှ နှစ်ယောက်သား ပြဿနာ တက်ရတော့သည်...
အစ်ကိုက ရိုးရာအင်္ကျီငှါးဝတ်ချင်သည်... အာကာက မဝတ်စေချင်မိပေ... ရိုးရာအင်္ကျီတွေက ဟိုလူဝတ် ဒီလူဝတ်နဲ့ သေချာပြန်လျှော်ရဲ့လားလဲ မသိရဘဲ လျှောက်ငှါးဝတ်ရင်း အစ်ကို့ ကိုယ်လုံးကို ညစ်ပတ်ကုန်မှာ စိုးရိမ်သည်... သေချာတာတစ်ခုက နေ့တိုင်းလျှော်ဖြစ်မှာတော့ မဟုတ်ပေ...
"အစ်ကိုကလည်း ယားကုန်ရင် ဘယ်လိုလုပ်မလဲလို့"
"မယားပါဘူးကွာ... ခဏလေးပဲ ဝတ်မှာကို"
"ခဏလေး မဟုတ်ဘူး... အစ်ကို အဲ့ဒါဝတ်ပြီး ရွာထဲသွားရမှာ"
"ရွာထဲကို ဒါမဝတ်သွားဘူး... ကိုယ် ဒီဆိုင်နောက်က ရှုခင်းနဲ့ပဲ ဓာတ်ပုံရိုက်ရုံပဲ... အမှတ်တရဖြစ်အောင်လို့"
"လူတကာ ဝတ်ထားတာကို အစ်ကိုရာ"
"........."
"ပြီးရော ပြီးရော...ဝတ်"
အစ်ကို့ မျက်နှာက ခပ်တည်တည်လေး ဖြစ်သွားသောကြောင့် အာကာက အလျှော့ပေးလိုက်ရသည်... ထိုအခါမှ ပြုံးသွားပြီး သူ့စိတ်ကြိုက်ဝတ်စုံ ရွေးကာ အဝတ်လဲခန်းထဲဝင်သွားသည်... ထိုအခိုက်တွင် ဆိုင်က ကောင်လေးကပါ လိုက်ဝင်သွားသဖြင့် အာကာက ထိုကောင်လေးအား ဂုတ်မှဖမ်းဆွဲထားပြီး...
"ဘာလို့လိုက်ဝင်တာလဲ" ဟု အင်္ဂလိပ်လိုမေးလိုက်သော်လည်း ကောင်လေးက နားမလည်ဟန်နှင့် ဗီယက်နမ်လိုတွေပြန်ပြောနေသည်... အစ်ကိုက အပေါက်ဝမှာ ပေါ်လာပြီး...
"so sweet သူက အင်္ကျီဝတ်ပေးဖို့ လာတာ...သူတို့အင်္ကျီတွေ ကိုယ်လဲ မဝတ်တတ်ဘူး"
"ကျစ်!"
အာကာက နှစ်ယောက်လုံးကို ဘုကြည့်ကြည့်ပြီး ထိုကောင်လေးကို လွှတ်ပေးလိုက်သည်... အပြင်မှာ ရပ်စောင့်နေရင်းနဲ့မှ အစ်ကိုရွေးသွားသည့် ဝတ်စုံက ဘောင်းဘီပါ ချွတ်၍လဲရမည့် ဝတ်စုံဖြစ်နေမှန်း သတိရသွားပြီး အဝတ်လဲခန်းထဲသို့ ဝုန်းခနဲ လိုက်ဝင်သွားမိသည်...
အာကာ အဝတ်လဲခန်းထဲရောက်တော့ အစ်ကိုက ဘောင်းဘီ လဲပြီးနေပြီ... ဒါဆို ဒီကောင်လေးရှေ့မှာ ဘောင်းဘီချွတ်ပြီး လဲလိုက်တာပေါ့လေ...
"ကျစ်!"
ငြိမ်းအေးအိမ်က ဘယ်လိုတောင် ဆိုးနေရတာလဲ...
အာကာဝင်လာတာ မြင်တော့ အစ်ကိုက မျက်မှောင်ကျုံ့၍ကြည့်သည်... အကူကောင်လေးက အစ်ကို့ကျောဖက်မှ ခါးစည်းကြိုးကို စည်းပေးနေပြီး လက်တစ်ဖက်ဖြင့် အစ်ကို့ခါးကို ဆုပ်ကိုင်လိုက်သဖြင့် အာကာ ဒေါသထွက်သွားရသည်...
"Hey!! What are you doing?"
အာကာက အစ်ကို့နားကိုရောက်သွားပြီး ထိုကောင်လေးလက်ကို ပုတ်ထုတ်ပစ်လိုက်သည်...
"so sweet ဘာလုပ်တာလဲ"
"ကျစ်! အဲ့ဒီကောင် အစ်ကို့ခါးကို ကိုင်နေတာ!"
"သူက ကူပေးနေတာလေကွာ"
"မသိဘူးဗျာ! သူလုပ်နေတာက မပြီးတော့ဘူး"
"မင်း...အပြင်မှာ သွားစောင့်နေ"
"မသွားဘူး... ဒီမှာပဲ စောင့်မှာ"
အာကာနဲ့ အစ်ကို ကျိတ်ကျိတ် ကျိတ်ကျိတ်တွေ ဖြစ်နေကြပြီး မှာ အဝတ်လဲလို့ပြီးသွားကာ ဆိုင်နောက်ဖက်မှ ရှုခင်းတွေနှင့် အစ်ကို့ကို ဓာတ်ပုံ ရိုက်ပေးရသည်... အာကာ့မျက်နှာက စူပုတ်နေပြီး အစ်ကိုကလည်း မျက်ခုံးတွေကို အစွမ်းကုန် တွန့်ချိုးထားသည်...
ဓာတ်ပုံရိုက်ပြီးတော့ အဝတ်အစားပြန်လဲရချိန်၌ အာကာက အကူကောင်လေးကို အဝင်မခံဘဲ အစ်ကို့အင်္ကျီမှကြိုးတွေကို ဖြစ်သလိုမြန်မြန်ဆွဲဖြုတ်ပေးလိုက်သည်... ဘောင်းဘီလဲခါနီးတော့ ချွတ်မယ်လုပ်ပြီးမှ အာကာ့ဘက်သို့လှည့်ကြည့်လာပြီး...
"မင်း အပြင်ထွက်တော့လေ"
"ဘာ... ခုနကောင်လေးရှေ့မှာကျတော့ လဲပြီးတော့"
" သွား... ထွက်ပါဆိုကွာ"
အစ်ကိုက အာကာ့ကို အတင်းတွန်းလွှတ်သဖြင့် အခန်းအပြင်သို့ ထွက်ပြီး ခါးထောက်ကာ မကျေမနပ်နှင့် ရပ်နေလိုက်ရသည်... ခဏနေတော့ အစ်ကိုက အဝတ်အစားလဲပြီး ပြန်ထွက်လာသည်... အာကာ့ အစ်ကို့ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်သည်... အစ်ကိုက လည်ပင်းနားကို လက်ဝါးဖြင့် အုပ်ထားပြီး...
"သွားမယ်လေ"
"အစ်ကို့... ဘာဖြစ်တာလဲ"
"အာ...ဘာမှ မဖြစ်ဘူး"
"ကျစ်!...ပြပါဆိုဗျာ"
အာကာက အစ်ကိုလက်ကို အတင်းဆွဲဖယ်ပစ်လိုက်တော့ လည်ပင်းနားမှာ တစ်ခုခုနှင့် ခြစ်ထားမိပြီး သွေးစို့နေသည်...
"အစ်ကို့!"
"ခုန အင်္ကျီချွတ်တုန်းက အင်္ကျီက အချွန်နဲ့ ခြစ်မိသွားတာ"
"အဲ့ဒါကြောင့် အစ်ကို့ကို အဲ့ဒါတွေ မဝတ်ဖို့ပြောတာ...အခုကြည့်ဦး"
မသန့်ရှင်းတဲ့ အဝတ်တွေနဲ့ ခြစ်မိပြီး အခုတော့ အစ်ကို့လည်တိုင်နားမှာ သွေးစို့သွားရပြီ... အာကာနှစ်ခါမစဉ်းစားနေတော့ပဲ ရှေ့မှ သွားဖို့လုပ်နေသော အစ်ကို့လက်ကို ဖမ်းဆွဲကာ အစ်ကို့ကို နံရံမှာ တွန်းကပ်ပြီး ဖိထားပစ်လိုက်သည်...
"အ! so sweet ... ဘာလုပ်..."
အာကာက အစ်ကို့လက်နှစ်ဖက်ကိုပါ နံရံမှာ ကပ်ကာဖိထားလိုက်ပြီး အစ်ကို့လည်တိုင်မှ သွေးစို့နေသော နေရာလေးကို နှုတ်ခမ်းတွေနှင့် ဖိကပ်ကာ စုတ်ယူပစ်လိုက်သည်... လျှာဖျားလေးနှင့် ဖွဖွလျှက်ပေးရင်း အာငွေ့ပေးလိုက်တော့ သွေးက ချက်ချင်း တိတ်သွားတော့သည်...
ကိုယ့်စိတ်ကြိုက် လုပ်ချင်တာလုပ်ပြီးမှ မျက်လုံးလေးများပြူးဝိုင်းကာ နံရံမှာ ကျောက်ရုပ်လေးလို ဖြစ်နေသော အစ်ကို့အား လက်ကောက်ဝတ်မှ ဖျတ်ခနဲ ဆွဲခေါ်လာခဲ့ပြီး ဦးတည်လိုက်သည်က ... ရိုးရာအိမ်လေးတွေ ရှိသော Cat Cat Village ဝင်ပေါက် ဆီသို့....
အစ်ကို့လက်ကို ဆွဲကာ အရှေ့မှ လျှောက်သွားနေသော အာကာ့နှုတ်ခမ်းတွေပြုံးနေမိသည်ကို နောက်မှ အစ်ကိုကတော့ မြင်နိုင်မည်မဟုတ်ပေ...
လမ်းတစ်လျှောက်လုံး ရွာလေးရဲ့ အလှအပတွေကို မခံစားနိုင်ပဲ နူးညံ့နေသည့် လည်တိုင်မွှတ်မွှတ်လေး၏ အရသာကိုသာ ပြန်တွေးမိနေရင်း နှုတ်ခမ်းကို အကြိမ်ကြိမ်လျှာဖြင့်သပ်နေမိသည်...
အာကာ့ အိမ်ကလေးသာ သိရင် စိတ်ဆိုးလိမ့်ဦးမည် ထင်သည်...
Olaa!! so sweet ကြိုက်တဲ့ ma ma co co
Sapa က စပါးစိုက်ခင်းတွေ
Cat Cat Village
.............................................................................
<3 DiDi Zaw
(24/11/2022)
ရည်းစားစကားက မပြောရသေးဘူး ငါ့သား ဘာတွေလျှောက် လုပ်နေပါလိမ့် 🙄