Uni
"မင်္ဂလာပွဲကျရင်လဲဖိတ်နော်..." လပြည့်ဝန်း စကားကြောင့် ထူးစစ်သော် လဲ ပြုံးရယ်ကာ
"ဖိတ်မှာပေါ့...ကျွန်တော့်မှာက ဆွေမျိုးမရှိဘူးလေ ဒီလူတွေပဲဖိတ်ရမှာ"
ထူးစစ်သော် စကားကြောင့် လပြည့်ဝန်း လဲ အားနာသွားကာ
"ဟိုလေ..."
"ရပါတယ်...ကိုလပြည့်ဝန်း တို့ မိသားစုလေးက တကယ်ကို ချစ်စရာလေးနော်..."
တစ်ဖက်တွင်စကားပြောနေသော လွန်းထက်သာ နှင့် ဇေလပြည့်လေးကို ချီထားသော ဇေရဲမာန် တို့ဘက်ကိုကြည့်ရင်း ထူးစစ်သော် ပြောမိသည်။
"ဘယ်အရာကမှ လွယ်လွယ်မရခဲ့ပါဘူး...ကျွန်တော်တို့တုန်းကလဲ အခက်အခဲတွေရှိခဲ့ပါတယ်...ပြီးတော့ ကိုထူးစစ်သော် တို့နှစ်ယောက်အကြောင်းလဲ ကြားမိတယ်...ခုလိုအရာရာကိုကျော်လွှားပြီး ပေါင်းဖက်နိုင်တာ တကယ်ကို ဝမ်းသာရပါတယ်..."
"အမှန်ပြောရရင် ကျွန်တော် ခုလိုတွေဖြစ်လိမ့်မယ်လို့တောင် မထင်ထားမိပါဘူး...မျှော်လင့်ချက်လေးပြည့်လာတော့လဲ အရမ်းပျော်မိတယ်..."
"ပါပါးးးးး"
ဇေလပြည့် လေး ပြေးလာသောကြောင့် လပြည့်ဝန်း လဲ ကောက်ချီလိုက်ကာ
"Daddy ဆီမှာ မနေဘူးလား"
"နေပါတယ်...ပါပါးကိုလဲ သတိရလို့"
"ဟားးးစကားတတ်လေးပဲ"
သားအဖနှစ်ကိုကြည့်လိုက်ပြီး ထူးစစ်သော် ပြုံးမိသည်။ အစ်ကိုကော ဒီလိုမိသားစုလေးရရင် ပျော်ရွှင်မှာလားဟင်...
.
.
.
ကုတင်အစွန်းတွင်ထိုင်ရင် နှစ်ယောက်သား တင်းကြပ်နေအောင်ဖက်ထားမိသည်။
"အစ်ကို ရေချိုးတော့လေ..."
"အတူတူချိုးရအောင်...."
"အာ...အစ်ကိုကလဲ...."
ရှက်နေသူလေးကိုကြည့်ရင်း လွန်းထက်သာ အသည်းယားကာ နှာခေါင်းလုံးလုံးလေးကို ညှစ်လိုက်ပြီး...
"ဟုတ်ပါပြီကွာ...ညီအရင်ချိုးလိုက်လေ..."
"ဟုတ်" ဟုဆိုကာ လှစ်ခနဲပြေးဝင်သွားလေတော့...
.
.
.
လွန်းထက်သာ ရဲ့ ဆံပင်တွေကို လေမှုတ်ဆက်နဲ့ မှုတ်ပေးနေရင်း
"အစ်ကို"
"ဗျာ..."
"ဟိုလူတစ်စုကလဲ အစ်ကို့လက်ချက်ပဲလား"
"ဟီးးးး"
စပ်ဖြီးဖြီးလုပ်နေသောကြောင့် မေးစရာပင်မလိုတော့....
"ဘယ်လိုတွေတောင် idea ရသွားရတာလဲ"
"ညီပဲစဥ်းစားလေ...ညီက ရဲမှူးတစ်ယောက်...သာမာန် romantic ဆို ဘယ်ရင်ခုန်ဖို့ကောင်းမလဲ....တိုက်ခိုက်တာလေးပါတော့...ဟီးး"
"အဲ့တာကြောင့်လား အဲ့လူတွေချတာ ကျွန်တော်ကို မထိဘူး။ ထိလဲ မနာဘူးဖြစ်နေတာ"
"ကားထဲမှာ ကိုယ်ရှိနေတယ်လေ"
"ဟုတ်လား"
"ဟုတ်တာပေါ့....ကိုယ့်ကလေးလေးကို ဒီလိုဘယ်လွှတ်ထားမလဲ...."
"ဘယ်..ဘယ်လိုခေါ်တယ်"
"ဟဲ..ဟဲ..." ပြောင်စပ်စပ်လုပ်နေသောကြောင့် ကုတင်အောက်တွင်ထိုင်နေသော သူ့ရှေ့ဝင်ထိုင်လိုက်ကာ..
"ပြန်ခေါ်လို့..."
"ကလေးလေး လို့.."
"ဟီးးး"
"သဘောကျရဲ့လား"
"အင်း အရမ်းပဲ..."
"လာပါဦး..."ဆိုပြီး ရင်ခွင်ထဲမှီကာထိုင်စေပြီး
"ကားထဲမှာ ကိုယ်ကစောင့်နေတာ ကလေးမေ့သွားတာနဲ့ ကိုယ်က ပြေးပွေ့လိုက်ပြီး ခေါ်လာတာ....ကလေး ကို ဘယ်သူမှထိတာမကြိုက်ဘူး..."
ထူးစစ်သော် ကတော့ ပြုံးစိစိနဲ့ သဘောတကျဖြစ်နေလေသည်။
"အရမ်းမြတ်နိုးတယ် ညီ..."
"ချစ်တယ် အစ်ကို...."
အနောက်ကနေ တင်းကြပ်အောင် ပွေ့ဖက်ထားပြီး ဆံသားလေးတွေကို တိုးဝင်နမ်းရှိုက်လိုက်သည်။
သိပ်ကိုမြတ်နိုးလွန်းတာပါ....
________________________
💗မောင် လွန်းထက်သာ
💞နှင့်
💗မောင် ထူးစစ်သော်
တို့၏
လက်ထပ်ထိန်းမြားခြင်းမင်္ဂလာ အခမ်းအနား.....
ပွဲလေးသို့ ကြွရောက်လာကြသော လူအများကလဲ ကိုယ်စီ နေရာတွေယူနှင့်ပြီးကြပြီ......
အခန်းထဲတွင်ရှိနေသော သတို့သားလေးကလဲ ရင်တခုန်ခုန်နှင့်...
"ပွဲစတော့မယ်...အသင့်ပဲလား..." လပြည့်ဝန်း မေးတော့ ထူးစစ်သော် လဲ ပြုံးကာ ခေါင်းညိမ့်ပြပြီး ထွက်ဖို့ အသင့်ပြင်တော့သည်။
ပွဲတွင် လွန်းထက်သာ လဲ သခွားရောင် suit လေးနဲ့ စင်ပေါ်တွင် အသင့်စောင့်နေလေသည်။
တံခါးကြီးဖွင့်သွားတာနဲ့ တေးသံငြိမ့်ငြိမ့်လေးကလဲ စတင်ပေါ်ထွက်လာလေသည်။
ဦးစွာ ပွဲခမ်းမထဲဝင်လာသူကတော့ ၃နှစ်အရွယ် မီးမီးလေးတစ်ယောက်ပင်။ ထိုကလေးမလေးမှာ လက်ထဲတွင်ရှိသော ပန်းခြင်းလေးထဲမှ ပန်းကိုယူပြီး ဦးစွာကြဲတော့သည်။
ထို့နောက်တွင် လက်စွပ်ဗန်းလေးကိုကိုင်ကာ ဝင်လာသူလေးကတော့ ဇေလပြည့် ပင်...
ပြုံးတုံးတုံးလေးနဲ့ အနောက်တိုင်း Suit လေးကို ချပ်ကပ်ကပ်ဝတ်ဆင်ထားသည်မှာ အလွန်ချစ်စရာကောင်းလှသည်။
နောက်တော့ တစ်လှမ်းချင်းလျှောက်လှမ်းပြီး ဝင်လာသူမှာ
သတို့သားလေးဖြစ်တဲ့ ထူးစစ်သော် ပင်....
သခွားရောင် suit လေးကိုပဲ ဆင်တူဝတ်ဆင်ထားပြီး လက်ထဲက ပန်းစီးလေးက တကယ်ကို လိုက်ဖက်လွန်းသည်။
တလှမ်းချင်းကိုမှ ဖြန့်ခင်းထားသော ပန်းခင်းပေါ်တွင်လျှောက်လှမ်းနေလေသည်။ ဘေးဘက်စင်အောက်မှ လွန်းထက်သာ ၏ ဝန်ထမ်းများကလဲ ပန်းမိုးများအပြိုက်ရွာသွန်းပေးနေလေသည်။
ထိန်းမြားခြင်း အမှု ကတိသစ္စာပြုပြီးတာနဲ့ နှစ်ဦးသား ဇေလပြည့် လေးသယ်လာပေးသော လက်စွပ်ကို အပြန်အလှန်ဝတ်ဆင်ကာ အနမ်းများဖြင့် ပွဲကို ဆူညံအောင်လုပ်နိုင်ခဲ့လေသည်။
.
.
.
တိုက်ခက်လာသော လေတဖြူးဖြူးက မျက်နှာထက်သို့ ရိုက်ခတ်လာလေသည်။ အေးမြသောလေလေးကြောင့် စိတ်အစုံက ကြည်လင်နေလေသည်။
"မအေးဘူးလား...အအေးပတ်မှာပေါ့" ဆိုကာ စောင်လေးကို လွှားခြုံပေးလိုက်လေသည်။
"လေအေးအေးလေးက စိတ်ကိုပိုပြီး အေးမြစေသလားမသိပါဘူး။"
"အကြာကြီးမနေနဲ့ ညီ အအေးပတ်လို့မဖြစ်ဖူး"
"ဘာလို့" ဆိုကာ ရင်ခွင်ထဲကနေ ခေါင်းလေးမော်ကြည့်ကာမေးရှာသည်။
သို့သော် လွန်းထက်သာ ၏ ညစ်တစ်တစ်အပြုံးကြောင့် ထူးစစ်သော် 'အာ...' လို့ သံရှည်ဆွဲကာ အရှေ့ကို ပြန်လှည့်သွားလေသည်။
တကယ်ပါ...အသည်းယားစရာလေး....
"အစ်ကို..."
"ဗျာ...."
"သိပ်ချစ်တယ် နော်..."
"ကိုယ်လဲ သိပ်ချစ်တယ်။ ကိုယ့်ရဲ့ ကလေးလေး...."
မျက်နှာချင်းဆိုင်ကာ တစ်ယောက်ကိုတစ်ယာက်တင်းကြပ်စွာဖက်တွယ်ထားကြသည်။ တစ်ယောက်လဲ ရင်ခွင်ထဲကနေ ကိုယ်သင်းနံ့လေးကို ရှူရှိုက်နေသည်။ ကျန်တစ်ယောက်ကလဲ ဆံသားလေးတွေကို နမ်းရှိုက်နေလေသည်။
မျက်နှာချင်းဆိုင် ရင်း အပြုံးရဲ့ရဲ့လေးတွေကြည့်ကာ နှုတ်ခမ်းသားတွေလဲ ဂဟေဆပ်သွားလေသည်။
ထို့နောက် အနမ်းများကြား မွတ်သိပ်နေရင်း...ကုတင်ဘက်ဆီသို့ ဦးတည်နေကြသည်။
ကုတင်ပေါ်တွင် ထူးစစ်သော်ကို လွန်းထက်သာ အုပ်မိုးနေရင်းနဲ့မှ
"ကိုယ့်ကိုခွင့်ပြုမယ်မှတ်လား"
"ဒီအခြေအနေထိရောက်နေမှတော့ မေးစရာလိုသေးလို့လား"
ရှက်နေသူလေးက မျက်လုံးလေးတွေကို အကြည့်လွှဲနေရှာသည်။
"ကိုယ့်ကိုပဲကြည့်..."
ထိုတော့မှ မဝံ့မရဲလေးကြည့်လာရှာသည်။
"ပြောစရာရှိလို့..." ထူးစစ်သော် ပြောချင်နေတာလေးရှိနေလေသည်။
နှစ်ဦးသားအကြည့်ချင်းဆုံရင်း ထူးစစ်သော် ပြောလိုက်တဲ့စကားက
"ကျွန်တော် ရဲအဖြစ်ကနေ နှုတ်ထွက်လိုက်ပြီ..."
"......"
လွန်းထက်သာ မှာ အံ့သြလွန်းလို့ ဘာမှတောင်ပြန်မပြောနိုင်တော့......
"ကိုယ့်အတွက်ကြောင့် ညီ့ရဲ့ဝါသနာကို"
"ရှူးးး ရတယ်။ဝါသနာက နောက်တစ်ခုရှိတယ်။"
လွန်းထက်သာ နှုတ်ခမ်းကို လက်ညှိုးလေးတင်ကာ ပိတ်စေလိုက်သည်။
လွန်းထက်သာ လဲ ပြုံးသွားကာ ပြတ်တောက်သွားခဲ့သော အနမ်းခရီးကို ဆက်ရင်း ချစ်ရသူကို ရယူဖို့ ဆုံးဖြတ်လိုက်လေသည်။
ညလေ တဖြူးဖြူး က အခန်းပြတင်းပေါက်ကနေတစ်ဆင့်တိုးဝင်ကာ အချစ်ခရီးဆက်နေကြသူတွေကို ကလူကြည်ဆည်နေလေတော့သည်။
ချစ်ရသူနဲ့ နှစ်ဦးသားဖြတ်ကျော်ရတဲ့အချစ်ညခရီးလေးက ရင်ဖိုလှိုက်မောခြင်းများနှင့်အတူ ကုန်ဆုံးရတော့သည်....
________________________
လအနည်းငယ်ခန့်ကြာသော်....
ဝါသနာပါရာ စားသောက်ဆိုင်လေးကို ဖွင့်ရင်း ထူးစစ်သော် တစ်ယောက် ပျော်ရွှင်နေလေသည်။
လွန်းထက်သာ မှာလဲ company တစ်ဖက်ရှိသော်ငြား ချစ်ရသူကို အကြိုအပို့ကတော့ အမြဲမပျက်....
ဒီနေ့ပိတ်ရက်ဖြစ်သောကြောင့် လွန်းထက်သာ လဲ ထူးစစ်သော် ဆိုင်ကိုရောက်နေလေသည်။ ဒီနေ့တော့ VIP ခန်းမှာ နှစ်ယောက်သား နေ့လည်စာစားနေလေသည်။
ချက်တဲ့သူကတော့ ထူးစစ်သော် ...
"ကောင်းလား"
"ညီချက်တာကောင်းပြီးသား..."
ဒီအချစ်ငှက်နှစ်ကောင်လေးက တစ်တီတူးနေသည်မှာ မြင်သူတိုင်း အားကျလောက်ပါသည်။
ကိုယ့်ဘဝထဲကို ဝင်လာပေးပြီး ချစ်မဝလေးဖြစ်အောင်နေနေပေးလို့ ကျေးဇူးပါ ညီ
လွန်းထက်သာ
ခုလိုဆွေမျိုးမရှိတဲ့ ကျွန်တော့်ကို ပြန်ချစ်ပေးပြီး အားမငယ်အောင်ထားပေးလို့ ကျေးဇူးပါအစ်ကို
ထူးစစ်သော်
ပြီးပါပြီ။။။။။။
_____________
Khine Lay
22.11.22
ကျေးဇူးတင်လွှာလေးကိုဖတ်ပေးပါနော်...ကိုယ်ပြောစရာရှိလို့ပါ....
Zaw
"ဟိုလေ..."
"ပါပါးးးးး"
"Daddy ဆီမှာ မနေဘူးလား"
"ဟားးးစကားတတ်လေးပဲ"
.
.
.
"အစ်ကို ရေချိုးတော့လေ..."
"အတူတူချိုးရအောင်...."
"အာ...အစ်ကိုကလဲ...."
.
.
.
"အစ်ကို"
"ဗျာ..."
"ဟီးးးး"
"ဟုတ်လား"
"ဘယ်..ဘယ်လိုခေါ်တယ်"
"ပြန်ခေါ်လို့..."
"ကလေးလေး လို့.."
"ဟီးးး"
"သဘောကျရဲ့လား"
"အင်း အရမ်းပဲ..."
"အရမ်းမြတ်နိုးတယ် ညီ..."
"ချစ်တယ် အစ်ကို...."
________________________
💗မောင် လွန်းထက်သာ
💞နှင့်
💗မောင် ထူးစစ်သော်
တို့၏
.
.
.
"အစ်ကို..."
"ဗျာ...."
"သိပ်ချစ်တယ် နော်..."
"ကိုယ်လဲ သိပ်ချစ်တယ်။ ကိုယ့်ရဲ့ ကလေးလေး...."
"ကိုယ့်ကိုပဲကြည့်..."
"......"
________________________
"ကောင်းလား"
လွန်းထက်သာ
ထူးစစ်သော်
ပြီးပါပြီ။။။။။။
_____________
Khine Lay
22.11.22