Your Majesty is annoying (Mya...

By Liz_774

671K 25.2K 826

I am not the original publisher of the story. This is just a fan translation. More

Translator letter to readers
Description
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
တောင်းပန်စာ
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း (၁၄) 🚨
အပိုင်း (၁၅) 🚨🚨
အပိုင်း (၁၆) 🚨🚨🚨
အပိုင်း (၁၇) 🚨
အပိုင်း (၁၈) 🚨
အပိုင်း (၁၉) 🚨🚨
အပိုင်း (၂၀) 🚨
အပိုင်း (၂၁) 🚨
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) 🚨
အပိုင်း (၂၆) 🚨
အပိုင်း (၂၇)🚨🚨
အပိုင်း (၂၈) 🚨
Note
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အသက်ပြည့်မှ ဖတ်ပါ ❗️❗️
အပိုင်း (၃၂) 🚨🚨
အပိုင်း (၃၃) 🚨🚨🚨
အပိုင်း (၃၄) 🚨🚨
အပိုင်း (၃၅) 🚨
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂) 🚨
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃) 🚨🚨
အပိုင်း (၅၄) 🚨
အပိုင်း (၅၅)
အပိုင်း (၅၇)
အပိုင်း (၅၈)
Note
အပိုင်း (၅၉) 🚨🚨🚨
အပိုင်း (၆၀) 🚨🚨🚨
အပိုင်း (၆၁) 🚨🚨🚨
အပိုင်း (၆၂)
Giveaway
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆) 🚨
အပိုင်း (၆၇) 🚨🚨
အပိုင်း (၆၈) 🚨🚨
အပိုင်း (၆၉)
အပိုင်း (၇၀)
အပိုင်း (၇၁)
အပိုင်း (၇၂)
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅) 🚨🚨
အပိုင်း (၇၆) 🚨🚨
အပိုင်း (၇၇) 🚨🚨🚨
Important Note
အပိုင်း (၇၈) 🚨
အပိုင်း (၇၉) 🚨🚨
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅) 🚨🚨
အပိုင်း (၈၆) 🚨🚨🚨
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
အပိုင်း (၉၀)
အပိုင်း (၉၁) 🚨
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
အပိုင်း (၉၆)
အပိုင်း (၉၇)
အပိုင်း (၉၈)
အပိုင်း (၉၉) 🚨
အပိုင်း (၁၀၀) 🚨
အပိုင်း (၁၀၁)
အပိုင်း (၁၀၂) 🚨🚨
အပိုင်း (၁၀၃)
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
အပိုင်း (၁၀၈)
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)🚨🚨
အပိုင်း (၁၁၁) 🚨🚨🚨
အပိုင်း (၁၁၂) 🚨🚨🚨
အပိုင်း (၁၁၃)
အပိုင်း (၁၁၄)
အပိုင်း (၁၁၅)
အပိုင်း (၁၁၆)

အပိုင်း (၅၆)

3.9K 206 6
By Liz_774

{Unicode}

"သူတို့ပြောတာက အရမ်းလုပ်လွန်းရင်လဲ ကလေးရဖို့ မလွယ်ဘူးတဲ့"

လိုင်လ် ဒေါသတကြီး အစွယ်သွေးနေလိုက်သည်။ ဒီစကားမျိုး ဘုရင်မနားထဲ ရောက်အောင် ပို့တဲ့သူကိုသာ မိကြည့် အရှင်မထားဘူးဟု ကျိန်းဝါးနေလေသည်။

သူ သူမကို သွေးဆောင်ဖြားယောင်းတာတောင် မယ်ဒီရာက သူမဆံပင်မွှေးတပင်ကိုတောင်မှ သူ့ကို ထိခွင့်မပေးချေ။ ဒေါသထွက် စိတ်တိုရလွန်းလို့ လိုင်လ့် အတွင်းကလီစာတွေတောင် ပြာကျမတတ်ပင်။

လိုင်လ် သမားတော်တစ်ယောက် ခေါ်ပြီး ဖြေရှင်းဖို့ ကြိုးစားတဲ့အခါကျ မယ်ဒီရာက နောက်ဆင်ခြေတမျိုး ပေးပြန်သည်။

"ပြီးခဲ့တဲ့တခေါက် အတူနေတာကနေ ကလေးရတာမျိုး ဖြစ်နိုင်လို့ ကျွန်မ ပိုဆင်ခြင်ရမယ်"

ကိုယ်ဝန်စရှိကာစ ပထမပတ်များတွင် ကိုယ်လက်မနှီးနှောသင့်တာက အမှန်မို့ သမားတော်က မှန်ကန်ကြောင်း ခေါင်းညိတ်ထောက်ခံတဲ့အခါမှာတော့ လိုင်လ့်ရဲ့ ကြောက်စရာ့အကြည့်နဲ့ ပက်ပင်းတိုးသွားရ၏။

"မယ်ဒီရာရော ကိုယ်တော်ပါ ငယ်ရွယ်ပြီး ကျန်းမာပေမဲ့ အခုထိ ကလေးမရသေးဘူး၊ အုံးစက်ရာနွှဲပွဲနေ့တွေက သိပ်မများလို့များ ဖြစ်နေမလား? မင်းပြောစမ်း၊ ကိုယ်တော်တို့ ရက်တွေ ထပ်တိုးသင့်မလား?"

လိုင်လ်က သမားတော်ကို တက်ကြွတဲ့အကြည့်နဲ့ ဖိအားပေးလိုက်တဲ့နောက် သမားတော်က ချွေးသံတရွှဲရွှဲနဲ့ ခေါင်းညိတ် ထောက်ခံလိုက်သည်။

"အင်း.. ကျွန်တော်မျိုး အဲ့လို ထင်ပါတယ် ဘုရား.. အရှင် မှန်ပါတယ်"

အမှန်ကတော့ အုံးစက်ရာနွှဲပွဲ ပထမနေ့ သတ်မှတ်ပြီးတဲ့အခါ၌ သမားတော်က သုံးရက်ဆက်တိုက် ရက်သတ်မှတ်ပေးချင်ခဲ့သည်။ မယ်ဒီရာ့ရဲ့ ရာသီစက်ဝန်းအရ ကိုယ်ဝန်ရနိုင်ခြေများဖို့ သုံးရက်ဆက်တိုက် အတူနေဖို့ တိုက်တွန်းလိုခဲ့ခြင်းဖြစ်သည်။

မယ်ဒီရာက အရင်ဘဝမှာကတည်းက လိင်ပညာပေးအတန်းမှာ မျိုးဥကြွေမကြွေတွက်နည်းကို သင်ယူခဲ့ရပြီးလေပြီ။

ပုံမှန်အားဖြင့် ကိုယ်ဝန်ရနိုင်ခြေများအောင် မျိုးဥမကြွေခင် ၃-၄ရက်နဲ့ မျိုးဥကြွေပြီး ၃-၄ ရက် အတူနေသင့်လေ့ရှိသည်။

[အခုနေများသာ လိုင်လ့်ကို ဒီအကြောင်းပြောပြလိုက်ရင် ငါ လတိုင်း ရှစ်ရက်ဆက်တိုက် အိပ်ဆောင်ထဲက ထွက်ခွင့်ရမှာ မဟုတ်ဘူး]

ဒီကမ္ဘာမှာ ဆေးပညာက အတော်လေး ခေတ်နောက်ကျကျန်နေလေသည်။ သိပ္ပံပညာနဲ့ ဆေးပညာက ဖွံ့ဖြိုးမှု မရှိသလောက်ဖြစ်ကာ များသောအားဖြင့် မှော်ပညာနဲ့ ကုသမှုကိုသာ အားကိုးကြတာများသည်။

မယ်ဒီရာ့မှာ မျိုးဥကြွေတာနဲ့ ပတ်သက်တဲ့ တိကျတဲ့ ဗဟုသုတမရှိပေ။ ထို့ပြင် ကိုယ်ဝန်အတွက် နှစ်ပတ်တခါ အတူနေရမည်ဆိုခြင်းက ရယ်ရွှင်ဖွယ်ကောင်းလှသည်။

"ဒါဆို ကျွန်တော်မျိုးတို့ အရင် သတ်မှတ်ခဲ့တဲ့အတိုင်း ၁၁ရက်ကြာတခါ သုံးရက်ဆက်တိုက်..."

"မရဘူး!"

"မရဘူး!"

တပြိုင်နက်တည်းမှာပင် တူညီတဲ့ အငြင်းစကားတွေက လိုင်လ်နဲ့ မယ်ဒီရာ့ထံမှ ထွက်ကျလာပြီး အကြောင်းပြချက်ကတော့ ကွဲပြားခြားနားလေသည်။ လိုင်လ်က ရက်နည်းလွန်းသည်ဟု ထင်ပြီး မယ်ဒီရာက များလွန်းသည်ဟု ထင်သည်။

သူတို့နှစ်ယောက်ကြားညှပ်နေတဲ့ သမားတော်က တံတွေးမျိုချလိုက်မိပြီး တတိုင်းပြည်လုံးမှာ အာဏာအရှိဆုံး လူနှစ်ယောက်ဆီက လည်ပင်းထညှစ်ချင်သလို အကြည့်မျိုး ကြည့်ခံလိုက်ရတာမို့ အာခေါင်တခုလုံး ခြောက်သွေ့သွားသည်။

"ဒါမျိုးက တနေ့တစ်ကြိမ် နေ့တိုင်းဖြစ်သင့်တာမျိုးမလား?"

လိုင်လ် ဒီအခွင့်အရေးကို အမိအရယူဖို့ ကြိုးစားချိန်မှာပဲ မယ်ဒီရာက ခေါင်းခါလိုက်သည်။

"မဖြစ်ဘူး အရှင်မင်းကြီး! ပြီးခဲ့တဲ့ အုံးစက်ရာနွှဲပွဲကနေ ကိုယ်ဝန်ရ မရ မသိသေးတော့ ကြိုတင်ပြီး ကာကွယ်ထားမှ ဖြစ်မယ်၊ သမားတော်၊ ကိုယ်ဝန်ရှိ မရှိ သိဖို့ ဘယ်နှစ်ပတ်လောက်လိုလဲ?"

ရုတ်တရက် မေးခွန်း အမေးခံလိုက်ရတဲ့ သမားတော်က ချွေးစေးကို လက်ကိုင်ပဝါနဲ့ သုတ်နေတာကနေ ကမန်းကတမ်း ပြန်ဖြေလိုက်သည်။

"ပုံမှန်တော့ ခန္ဓာကိုယ်ပေါ် မူတည်ပေမဲ့ သုံးပတ်ဆို သိရတာများ..."

"အရှင် ကြားရဲ့လား? ဒါဆို သုံးပတ်လောက် အတူနေလို့မရဘူး"

"သုံးပတ်? ဘုရင်မက ငါ့ကို အခြောက်လှမ်းပြီး အသေသတ်ဖို့ ကြိုးစားနေတာလား?"

လိုင်လ် မျက်နှာတည်နဲ့ဆိုလိုက်တာမို့ မယ်ဒီရာ စုတ်သတ်လိုက်သည်။

သူမက ရာသီသွေး လာမလာ သိနိုင်တာမို့ တကယ်ကြီး သုံးပတ်လောက် ရွှေ့ဆိုင်းလို့မရမှန်းတော့ နားလည်လေသည်။ ဒီကမ္ဘာထဲ ရောက်ကတည်းက သူမ ရာသီမလာသေးတာမို့ ဒီတပတ်နှစ်ပတ်အတွင်း ကိုယ်ဝန်ရှိ မရှိ ပြောနိုင်မည်ပင်။

"ဘုရင်မ၊ မင်းကို ကိုယ် ပစားပေးတာ များလွန်းလို့ နည်းနည်း မောက်မာလာတယ် မထင်ဘူးလား?"

သူ အံကြိတ်လိုက်တော့ မယ်ဒီရာက လိုင်လ့်ကို လှမ်းကြည့်သည်။

သူဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် သူ မယ်ဒီရာ့ကို ထိတွေ့ရမှာ ရွံ့မုန်းချိန်ကတောင် ဘယ်တုန်းကမှ အန္တရာယ်ပေးခဲ့တာ မဟုတ်ပေ။ ဒါမျိုး အပိုစကားတွေကို သူမ ဘယ်တုန်းကမှ မကြောက်ပေမဲ့ အလိုလိုက်ခံရတာကို လက်လွတ်လို့တော့ မဖြစ်ဘူးဟု ထင်သည်။

"အ..အရှင်.. ရှင် ကျွန်မကို အရင် ဖမ်းချုပ်ပြီးတော့ ထူးဆန်းတဲ့ ဆေးလဲ သုံးသေးတယ်! ချက်ချင်း ဖြေဆေးရှာခဲ့ပေး! ဒါဆို ကျွန်မ အရှင့်လက်တွေထဲ နေ့တိုင်းနေမယ်"

မယ်ဒီရာက သူမပါးပြင်တွေ နီရဲနေလျက် အော်ဟစ်လိုက်တော့ လိုင်လ် သူမကို စိတ်မရှည်သလို ကြည့်လာသည်။

"ဖြေဆေးမရှိဘူးလို့ ငါပြောသားပဲ၊ နောက်ပြီး ဘုရင်မ ငါ့အပေါ် အရင်ရိုင်းလို့ ပြစ်ဒဏ်ပေးတာ! ဘာ ဖမ်းချုပ်တယ် ပြောတာလဲ!"

"ရှင် ကျွန်မကို စာလဲ ပေးမပို့သလို လက်လဲ လက်မခံရဘူး! ဒါပေမဲ့ နေ့တိုင်း ကုတင်ပေါ် ဆွဲတင်နေတာပဲ! ဒါ ဖမ်းချုပ်တာမဟုတ်ရင် ဘာလဲ?"

"အစမ်းသပ်ခံကာလမှာ ဘယ်သူက စာလက်ခံလို့ရလို့လဲ? မင်း ဘုရင်မဖြစ်ပြီး တအားမောက်မာနေတာ မဟုတ်ဘူးလား?"

ဘုရင်နဲ့ ဘုရင်မ အသံတွေ ပိုကျယ်လာလေ အပျိုတော်ထိန်းနဲ့ အစေခံတွေ ဝင်မစွက်ဖက်ရဲပဲ သခင်နှစ်ယောက်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်သည်။

ထိုမျှသာမကသေး ဒူးထောက်နေတဲ့ သမားတော်ပါ အခန်းထဲက ထွက်ပြေးချင်သလို ပါးစပ်အဟောင်းသားနဲ့ပင်။

"အ..အရှင်တို့...နှစ်ယောက်လုံး အလုပ်များနေတယ် ထင်တယ်၊ ကျွန်တောမျိုး ဆက်မနှောင့်ယှက်တော့ပါဘူး အရှင်နဲ့ အရှင်မ"

သမားတော်က အက်ရှရှလေသံနဲ့ ဆိုလိုက်တာနဲ့ လိုင်လ့်ရဲ့ ရေခဲမျက်ဝန်းအကြည့်တွေ သူ့ဆီ လှည့်လာလေသည်။

"အခုချက်ချင်းပြော သမားတော်၊ ဘုရင်မဗိုက်ထဲ ကလေးရှိ မရှိ?"

"ဒ..ဒါက အခုချိန်မှာ ပြောလို့ မရသေး..."

လိုင်လ့်တကိုယ်လုံး ဒေါသခိုးဝေနေတာမို့ သမားတော်က ချက်ချင်းပင် စကားလုံးပြောင်းလိုက်သည်။ ဒီလျှာသာ အမှတ်မရှိ မှားဆိုမိရင် သူ့လည်ပင်းနဲ့ ပေးဆပ်ရလိမ့်မည်ဖြစ်သည်။

"ခုလောလောဆယ်တော့ ကျွန်တော်မျိုး မတွေ့သေးပါဘူး"

"တလမှာ ဘယ်နှစ်ကြိမ် အတူနေတာက အမှန်ကန်ဆုံးလဲ?"

"အရှင်မင်းကြီး!! အရှင်... အရှင်က သူ့ကို ခြိမ်းခြောက်နေတာပဲ!"

မယ်ဒီရာ စောဒကတက်လိုက်ပေမဲ့ လိုင်လ် မကြားဟန်ဆာင်လိုက်သည်။ ထိုအစား သမားတော်မျက်လုံးတွေကိုသာ ရေခဲမတတ် အကြည့်တွေနဲ့ ကြည့်လိုက်သည်။ မျက်နှာတခုလုံး ပြာမတတ် တုန်လှုပ်နေတဲ့ သမားတော်က

"အကြိမ်အရေအတွက် နေနိုင်သလောက် နေတာက အမှန်ဆုံးပါပဲ! အရှင်ရော အရှင်မပါ ကျန်းမာရေးကောင်းတော့ နေ့တိုင်းအတူနေနိုင်..."

"ဘုရင်မ သူပြောတာ ကြားလား?"

မယ်ဒီရာ ခုန်ဆွခုန်ဆွ ဖြစ်သွားသည်။

"အရှင်မင်းကြီး ကြောက်စရာ ဒီလောက်ကောင်းနေတာ ဘယ်သူက ဒီလို မပြောပဲနေမလဲ?"

"သမားတော်"

လိုင်လ့်ရဲ့ အေးစက်စက်လေသံက သမားတော်ရဲ့ပခုံးတွေကို ကျုံသွားစေသည်။

"ရှိပါတယ် အရှင်မင်းကြီး"

ခပ်ပြုံးပြုံးရှိပြီး တင်းမာတဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်ထားတဲ့ လိုင်လ်က သမားတော်ကို ငုံ့ကြည့်လိုက်သည်။

"ကိုယ်တော် မင်းကို ကြောက်အောင် လုပ်လား?"

"အိုး၊ အာ... မလုပ်၊ မလုပ်ပါဘူး! ကြောက်တယ်? ကျွန်တော်မျိုးကလား? အရှင်ဧကရာဇ်ရဲ့ ဂုဏ်သရေက ကျွန်တော်မျိုး မျက်လုံးတွေကို ဝေဝါးသွားစေတာပါ! အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဘယ်တုန်းကမှ မခြိမ်းခြောက်ခဲ့ဖူးဘူး! ဟုတ်တယ် အရှင်!"

သမားတော်ရဲ့ ထိတ်လန့်တကြားဖြေရှင်းသံအကြားမှာတော့ လိုင်လ် မယ်ဒီရာ့ကို အောင်နိုင်သူအကြည့်နဲ့ လှမ်းကြည့်လိုက်သည်။

"မှန်တာပေါ့"

"မှန်တာပေါ့ဆိုတာ ဘာသဘောလဲ? ရှင့်မျက်လုံးတွေ ဒီလောက် ကြောက်ဖို့ကောင်းတာ၊ ရှင်သိဖို့က ရှင် ဘယ်လိုကြိုးစား ကြိုးစား အုံးစက်ရာနွှဲပွဲရှိမှာ မဟုတ်ဘူး"

မယ်ဒီရာ ဧည့်ဆောင်ကနေ ဒေါသတကြီး ထွက်သွားတဲ့ချိန်မှာတော့ လိုင်လ် သူ့နေရာကနေ ချီတုံချီချ အမူအရာနဲ့ ထလိုက်လေသည်။

"ဘုရင်မ!"

လိုင်လ် ဧည့်ဆောင်ကနေ မယ်ဒီရာ့နောက် လိုက်သွားပြီးတဲ့နောက် အခန်းတခုလုံးတိတ်ဆိတ်သွားလေသည်။ သမားတော်ခမျာ ခြေကုန်လက်ပန်းကျကာ ကြမ်းပေါ် ထိုင်ချလိုက်သည်။

"သမားတော်၊ လက်ဖက်ရည်တခွက်လောက် ပြင်ပေးရမလား?"

အပျိုတော်ထိန်း ဂရုတစိုက်မေးလိုက်တဲ့အခါမှာတော့ သမားတော် ခေါင်းညိတ်လိုက်သည်။

"ငါ့ကို ရေအေးတခွက်ပဲပေး၊ အရှင်မင်းကြီးက... ငါမှတ်မိသလောက် မနေ့တနေ့ကပဲ အုံးစက်ရာနွှဲပွဲနေ့ကို ထပ်လျှော့ဖို့ ငါ့ကို အော်နေတာမလား? အရာအားလုံးက ပြောင်းလဲတာ မြန်လိုက်တာ..."

အခန်းထဲရှိ လူတိုင်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

****






{Zawgyi}

"သူတို႔ေျပာတာက အရမ္းလုပ္လြန္းရင္လဲ ကေလးရဖို႔ မလြယ္ဘူးတဲ့"

လိုင္လ္ ေဒါသတႀကီး အစြယ္ေသြးေနလိုက္သည္။ ဒီစကားမ်ိဳး ဘုရင္မနားထဲ ေရာက္ေအာင္ ပို႔တဲ့သူကိုသာ မိၾကည့္ အရွင္မထားဘူးဟု က်ိန္းဝါးေနေလသည္။

သူ သူမကို ေသြးေဆာင္ျဖားေယာင္းတာေတာင္ မယ္ဒီရာက သူမဆံပင္ေမႊးတပင္ကိုေတာင္မွ သူ႔ကို ထိခြင့္မေပးေခ်။ ေဒါသထြက္ စိတ္တိုရလြန္းလို႔ လိုင္လ့္ အတြင္းကလီစာေတြေတာင္ ျပာက်မတတ္ပင္။

လိုင္လ္ သမားေတာ္တစ္ေယာက္ ေခၚၿပီး ေျဖရွင္းဖို႔ ႀကိဳးစားတဲ့အခါက် မယ္ဒီရာက ေနာက္ဆင္ေျခတမ်ိဳး ေပးျပန္သည္။

"ၿပီးခဲ့တဲ့တေခါက္ အတူေနတာကေန ကေလးရတာမ်ိဳး ျဖစ္နိုင္လို႔ ကၽြန္မ ပိုဆင္ျခင္ရမယ္"

ကိုယ္ဝန္စရွိကာစ ပထမပတ္မ်ားတြင္ ကိုယ္လက္မႏွီးေႏွာသင့္တာက အမွန္မို႔ သမားေတာ္က မွန္ကန္ေၾကာင္း ေခါင္းညိတ္ေထာက္ခံတဲ့အခါမွာေတာ့ လိုင္လ့္ရဲ့ ေၾကာက္စရာ့အၾကည့္နဲ႔ ပက္ပင္းတိုးသြားရ၏။

"မယ္ဒီရာေရာ ကိုယ္ေတာ္ပါ ငယ္ရြယ္ၿပီး က်န္းမာေပမဲ့ အခုထိ ကေလးမရေသးဘူး၊ အုံးစက္ရာႏႊဲပြဲေန႔ေတြက သိပ္မမ်ားလို႔မ်ား ျဖစ္ေနမလား? မင္းေျပာစမ္း၊ ကိုယ္ေတာ္တို႔ ရက္ေတြ ထပ္တိုးသင့္မလား?"

လိုင္လ္က သမားေတာ္ကို တက္ႂကြတဲ့အၾကည့္နဲ႔ ဖိအားေပးလိုက္တဲ့ေနာက္ သမားေတာ္က ေခၽြးသံတရႊဲရႊဲနဲ႔ ေခါင္းညိတ္ ေထာက္ခံလိုက္သည္။

"အင္း.. ကၽြန္ေတာ္မ်ိဳး အဲ့လို ထင္ပါတယ္ ဘုရား.. အရွင္ မွန္ပါတယ္"

အမွန္ကေတာ့ အုံးစက္ရာႏႊဲပြဲ ပထမေန႔ သတ္မွတ္ၿပီးတဲ့အခါ၌ သမားေတာ္က သုံးရက္ဆက္တိုက္ ရက္သတ္မွတ္ေပးခ်င္ခဲ့သည္။ မယ္ဒီရာ့ရဲ့ ရာသီစက္ဝန္းအရ ကိုယ္ဝန္ရနိုင္ေျခမ်ားဖို႔ သုံးရက္ဆက္တိုက္ အတူေနဖို႔ တိုက္တြန္းလိုခဲ့ျခင္းျဖစ္သည္။

မယ္ဒီရာက အရင္ဘဝမွာကတည္းက လိင္ပညာေပးအတန္းမွာ မ်ိဳးဥေႂကြမေႂကြတြက္နည္းကို သင္ယူခဲ့ရၿပီးေလၿပီ။

ပုံမွန္အားျဖင့္ ကိုယ္ဝန္ရနိုင္ေျခမ်ားေအာင္ မ်ိဳးဥမေႂကြခင္ ၃-၄ရက္နဲ႔ မ်ိဳးဥေႂကြၿပီး ၃-၄ ရက္ အတူေနသင့္ေလ့ရွိသည္။

[အခုေနမ်ားသာ လိုင္လ့္ကို ဒီအေၾကာင္းေျပာျပလိုက္ရင္ ငါ လတိုင္း ရွစ္ရက္ဆက္တိုက္ အိပ္ေဆာင္ထဲက ထြက္ခြင့္ရမွာ မဟုတ္ဘူး]

ဒီကမၻာမွာ ေဆးပညာက အေတာ္ေလး ေခတ္ေနာက္က်က်န္ေနေလသည္။ သိပၸံပညာနဲ႔ ေဆးပညာက ဖြံ႕ၿဖိဳးမွု မရွိသေလာက္ျဖစ္ကာ မ်ားေသာအားျဖင့္ ေမွာ္ပညာနဲ႔ ကုသမွုကိုသာ အားကိုးၾကတာမ်ားသည္။

မယ္ဒီရာ့မွာ မ်ိဳးဥေႂကြတာနဲ႔ ပတ္သက္တဲ့ တိက်တဲ့ ဗဟုသုတမရွိေပ။ ထို႔ျပင္ ကိုယ္ဝန္အတြက္ ႏွစ္ပတ္တခါ အတူေနရမည္ဆိုျခင္းက ရယ္ရႊင္ဖြယ္ေကာင္းလွသည္။

"ဒါဆို ကၽြန္ေတာ္မ်ိဳးတို႔ အရင္ သတ္မွတ္ခဲ့တဲ့အတိုင္း ၁၁ရက္ၾကာတခါ သုံးရက္ဆက္တိုက္..."

"မရဘူး!"

"မရဘူး!"

တၿပိဳင္နက္တည္းမွာပင္ တူညီတဲ့ အျငင္းစကားေတြက လိုင္လ္နဲ႔ မယ္ဒီရာ့ထံမွ ထြက္က်လာၿပီး အေၾကာင္းျပခ်က္ကေတာ့ ကြဲျပားျခားနားေလသည္။ လိုင္လ္က ရက္နည္းလြန္းသည္ဟု ထင္ၿပီး မယ္ဒီရာက မ်ားလြန္းသည္ဟု ထင္သည္။

သူတို႔ႏွစ္ေယာက္ၾကားညႇပ္ေနတဲ့ သမားေတာ္က တံေတြးမ်ိဳခ်လိုက္မိၿပီး တတိုင္းျပည္လုံးမွာ အာဏာအရွိဆုံး လူႏွစ္ေယာက္ဆီက လည္ပင္းထညႇစ္ခ်င္သလို အၾကည့္မ်ိဳး ၾကည့္ခံလိုက္ရတာမို႔ အာေခါင္တခုလုံး ေျခာက္ေသြ႕သြားသည္။

"ဒါမ်ိဳးက တေန႔တစ္ႀကိမ္ ေန႔တိုင္းျဖစ္သင့္တာမ်ိဳးမလား?"

လိုင္လ္ ဒီအခြင့္အေရးကို အမိအရယူဖို႔ ႀကိဳးစားခ်ိန္မွာပဲ မယ္ဒီရာက ေခါင္းခါလိုက္သည္။

"မျဖစ္ဘူး အရွင္မင္းႀကီး! ၿပီးခဲ့တဲ့ အုံးစက္ရာႏႊဲပြဲကေန ကိုယ္ဝန္ရ မရ မသိေသးေတာ့ ႀကိဳတင္ၿပီး ကာကြယ္ထားမွ ျဖစ္မယ္၊ သမားေတာ္၊ ကိုယ္ဝန္ရွိ မရွိ သိဖို႔ ဘယ္ႏွစ္ပတ္ေလာက္လိုလဲ?"

႐ုတ္တရက္ ေမးခြန္း အေမးခံလိုက္ရတဲ့ သမားေတာ္က ေခၽြးေစးကို လက္ကိုင္ပဝါနဲ႔ သုတ္ေနတာကေန ကမန္းကတမ္း ျပန္ေျဖလိုက္သည္။

"ပုံမွန္ေတာ့ ခႏၶာကိုယ္ေပၚ မူတည္ေပမဲ့ သုံးပတ္ဆို သိရတာမ်ား..."

"အရွင္ ၾကားရဲ့လား? ဒါဆို သုံးပတ္ေလာက္ အတူေနလို႔မရဘူး"

"သုံးပတ္? ဘုရင္မက ငါ့ကို အေျခာက္လွမ္းၿပီး အေသသတ္ဖို႔ ႀကိဳးစားေနတာလား?"

လိုင္လ္ မ်က္ႏွာတည္နဲ႔ဆိုလိုက္တာမို႔ မယ္ဒီရာ စုတ္သတ္လိုက္သည္။

သူမက ရာသီေသြး လာမလာ သိနိုင္တာမို႔ တကယ္ႀကီး သုံးပတ္ေလာက္ ေရႊ႕ဆိုင္းလို႔မရမွန္းေတာ့ နားလည္ေလသည္။ ဒီကမၻာထဲ ေရာက္ကတည္းက သူမ ရာသီမလာေသးတာမို႔ ဒီတပတ္ႏွစ္ပတ္အတြင္း ကိုယ္ဝန္ရွိ မရွိ ေျပာနိုင္မည္ပင္။

"ဘုရင္မ၊ မင္းကို ကိုယ္ ပစားေပးတာ မ်ားလြန္းလို႔ နည္းနည္း ေမာက္မာလာတယ္ မထင္ဘူးလား?"

သူ အံႀကိတ္လိုက္ေတာ့ မယ္ဒီရာက လိုင္လ့္ကို လွမ္းၾကည့္သည္။

သူဘယ္လိုပဲ ၿခိမ္းေျခာက္ ၿခိမ္းေျခာက္ သူ မယ္ဒီရာ့ကို ထိေတြ႕ရမွာ ရြံ႕မုန္းခ်ိန္ကေတာင္ ဘယ္တုန္းကမွ အႏၲရာယ္ေပးခဲ့တာ မဟုတ္ေပ။ ဒါမ်ိဳး အပိုစကားေတြကို သူမ ဘယ္တုန္းကမွ မေၾကာက္ေပမဲ့ အလိုလိုက္ခံရတာကို လက္လြတ္လို႔ေတာ့ မျဖစ္ဘူးဟု ထင္သည္။

"အ..အရွင္.. ရွင္ ကၽြန္မကို အရင္ ဖမ္းခ်ဳပ္ၿပီးေတာ့ ထူးဆန္းတဲ့ ေဆးလဲ သုံးေသးတယ္! ခ်က္ခ်င္း ေျဖေဆးရွာခဲ့ေပး! ဒါဆို ကၽြန္မ အရွင့္လက္ေတြထဲ ေန႔တိုင္းေနမယ္"

မယ္ဒီရာက သူမပါးျပင္ေတြ နီရဲေနလ်က္ ေအာ္ဟစ္လိုက္ေတာ့ လိုင္လ္ သူမကို စိတ္မရွည္သလို ၾကည့္လာသည္။

"ေျဖေဆးမရွိဘူးလို႔ ငါေျပာသားပဲ၊ ေနာက္ၿပီး ဘုရင္မ ငါ့အေပၚ အရင္ရိုင္းလို႔ ျပစ္ဒဏ္ေပးတာ! ဘာ ဖမ္းခ်ဳပ္တယ္ ေျပာတာလဲ!"

"ရွင္ ကၽြန္မကို စာလဲ ေပးမပို႔သလို လက္လဲ လက္မခံရဘူး! ဒါေပမဲ့ ေန႔တိုင္း ကုတင္ေပၚ ဆြဲတင္ေနတာပဲ! ဒါ ဖမ္းခ်ဳပ္တာမဟုတ္ရင္ ဘာလဲ?"

"အစမ္းသပ္ခံကာလမွာ ဘယ္သူက စာလက္ခံလို႔ရလို႔လဲ? မင္း ဘုရင္မျဖစ္ၿပီး တအားေမာက္မာေနတာ မဟုတ္ဘူးလား?"

ဘုရင္နဲ႔ ဘုရင္မ အသံေတြ ပိုက်ယ္လာေလ အပ်ိဳေတာ္ထိန္းနဲ႔ အေစခံေတြ ဝင္မစြက္ဖက္ရဲပဲ သခင္ႏွစ္ေယာက္ကို ရပ္ၾကည့္ေန႐ုံသာ တတ္နိုင္သည္။

ထိုမၽွသာမကေသး ဒူးေထာက္ေနတဲ့ သမားေတာ္ပါ အခန္းထဲက ထြက္ေျပးခ်င္သလို ပါးစပ္အေဟာင္းသားနဲ႔ပင္။

"အ..အရွင္တို႔...ႏွစ္ေယာက္လုံး အလုပ္မ်ားေနတယ္ ထင္တယ္၊ ကၽြန္ေတာမ်ိဳး ဆက္မေႏွာင့္ယွက္ေတာ့ပါဘူး အရွင္နဲ႔ အရွင္မ"

သမားေတာ္က အက္ရွရွေလသံနဲ႔ ဆိုလိုက္တာနဲ႔ လိုင္လ့္ရဲ့ ေရခဲမ်က္ဝန္းအၾကည့္ေတြ သူ႔ဆီ လွည့္လာေလသည္။

"အခုခ်က္ခ်င္းေျပာ သမားေတာ္၊ ဘုရင္မဗိုက္ထဲ ကေလးရွိ မရွိ?"

"ဒ..ဒါက အခုခ်ိန္မွာ ေျပာလို႔ မရေသး..."

လိုင္လ့္တကိုယ္လုံး ေဒါသခိုးေဝေနတာမို႔ သမားေတာ္က ခ်က္ခ်င္းပင္ စကားလုံးေျပာင္းလိုက္သည္။ ဒီလၽွာသာ အမွတ္မရွိ မွားဆိုမိရင္ သူ႔လည္ပင္းနဲ႔ ေပးဆပ္ရလိမ့္မည္ျဖစ္သည္။

"ခုေလာေလာဆယ္ေတာ့ ကၽြန္ေတာ္မ်ိဳး မေတြ႕ေသးပါဘူး"

"တလမွာ ဘယ္ႏွစ္ႀကိမ္ အတူေနတာက အမွန္ကန္ဆုံးလဲ?"

"အရွင္မင္းႀကီး!! အရွင္... အရွင္က သူ႔ကို ၿခိမ္းေျခာက္ေနတာပဲ!"

မယ္ဒီရာ ေစာဒကတက္လိုက္ေပမဲ့ လိုင္လ္ မၾကားဟန္ဆာင္လိုက္သည္။ ထိုအစား သမားေတာ္မ်က္လုံးေတြကိုသာ ေရခဲမတတ္ အၾကည့္ေတြနဲ႔ ၾကည့္လိုက္သည္။ မ်က္ႏွာတခုလုံး ျပာမတတ္ တုန္လွုပ္ေနတဲ့ သမားေတာ္က

"အႀကိမ္အေရအတြက္ ေနနိုင္သေလာက္ ေနတာက အမွန္ဆုံးပါပဲ! အရွင္ေရာ အရွင္မပါ က်န္းမာေရးေကာင္းေတာ့ ေန႔တိုင္းအတူေနနိုင္..."

"ဘုရင္မ သူေျပာတာ ၾကားလား?"

မယ္ဒီရာ ခုန္ဆြခုန္ဆြ ျဖစ္သြားသည္။

"အရွင္မင္းႀကီး ေၾကာက္စရာ ဒီေလာက္ေကာင္းေနတာ ဘယ္သူက ဒီလို မေျပာပဲေနမလဲ?"

"သမားေတာ္"

လိုင္လ့္ရဲ့ ေအးစက္စက္ေလသံက သမားေတာ္ရဲ့ပခုံးေတြကို က်ဳံသြားေစသည္။

"ရွိပါတယ္ အရွင္မင္းႀကီး"

ခပ္ျပဳံးျပဳံးရွိၿပီး တင္းမာတဲ့ မ်က္ဝန္းေတြ ပိုင္ဆိုင္ထားတဲ့ လိုင္လ္က သမားေတာ္ကို ငုံ႔ၾကည့္လိုက္သည္။

"ကိုယ္ေတာ္ မင္းကို ေၾကာက္ေအာင္ လုပ္လား?"

"အိုး၊ အာ... မလုပ္၊ မလုပ္ပါဘူး! ေၾကာက္တယ္? ကၽြန္ေတာ္မ်ိဳးကလား? အရွင္ဧကရာဇ္ရဲ့ ဂုဏ္သေရက ကၽြန္ေတာ္မ်ိဳး မ်က္လုံးေတြကို ေဝဝါးသြားေစတာပါ! အရွင္မင္းႀကီးက ကၽြန္ေတာ္မ်ိဳးကို ဘယ္တုန္းကမွ မၿခိမ္းေျခာက္ခဲ့ဖူးဘူး! ဟုတ္တယ္ အရွင္!"

သမားေတာ္ရဲ့ ထိတ္လန့္တၾကားေျဖရွင္းသံအၾကားမွာေတာ့ လိုင္လ္ မယ္ဒီရာ့ကို ေအာင္နိုင္သူအၾကည့္နဲ႔ လွမ္းၾကည့္လိုက္သည္။

"မွန္တာေပါ့"

"မွန္တာေပါ့ဆိုတာ ဘာသေဘာလဲ? ရွင့္မ်က္လုံးေတြ ဒီေလာက္ ေၾကာက္ဖို႔ေကာင္းတာ၊ ရွင္သိဖို႔က ရွင္ ဘယ္လိုႀကိဳးစား ႀကိဳးစား အုံးစက္ရာႏႊဲပြဲရွိမွာ မဟုတ္ဘူး"

မယ္ဒီရာ ဧည့္ေဆာင္ကေန ေဒါသတႀကီး ထြက္သြားတဲ့ခ်ိန္မွာေတာ့ လိုင္လ္ သူ႔ေနရာကေန ခ်ီတုံခ်ီခ် အမူအရာနဲ႔ ထလိုက္ေလသည္။

"ဘုရင္မ!"

လိုင္လ္ ဧည့္ေဆာင္ကေန မယ္ဒီရာ့ေနာက္ လိုက္သြားၿပီးတဲ့ေနာက္ အခန္းတခုလုံးတိတ္ဆိတ္သြားေလသည္။ သမားေတာ္ခမ်ာ ေျခကုန္လက္ပန္းက်ကာ ၾကမ္းေပၚ ထိုင္ခ်လိုက္သည္။

"သမားေတာ္၊ လက္ဖက္ရည္တခြက္ေလာက္ ျပင္ေပးရမလား?"

အပ်ိဳေတာ္ထိန္း ဂ႐ုတစိုက္ေမးလိုက္တဲ့အခါမွာေတာ့ သမားေတာ္ ေခါင္းညိတ္လိုက္သည္။

"ငါ့ကို ေရေအးတခြက္ပဲေပး၊ အရွင္မင္းႀကီးက... ငါမွတ္မိသေလာက္ မေန႔တေန႔ကပဲ အုံးစက္ရာႏႊဲပြဲေန႔ကို ထပ္ေလၽွာ့ဖို႔ ငါ့ကို ေအာ္ေနတာမလား? အရာအားလုံးက ေျပာင္းလဲတာ ျမန္လိုက္တာ..."

အခန္းထဲရွိ လူတိုင္း ေခါင္းညိတ္ေထာက္ခံလိုက္ၾကသည္။

****

Continue Reading

You'll Also Like

1.4M 48.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
240K 26.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
390K 38K 116
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
790K 65.8K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...