Match Made In Clouds

Oleh TayDiDi

2.6M 184K 27K

Myanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရ... Lebih Banyak

Intro (U+Z)
Ep 1 (U)
Ep 1 (Z)
so sweet vs kaythar
Ep 2 (U)
Ep 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Love For Kar Kar and Nyein ❤️
Ep 16 (U)
Ep 16 (Z)
Ep 17 (U)
Ep 17 (Z)
Ep 18 (U)
Ep 18 (Z)
Ep 19 (U)
Ep 19 (Z)
Ep 20 (U)
Ep 20 (Z)
Ep 21 (U)
Ep 21 (Z)
Ep 22 (U)
Ep 22 (Z)
Ep 23 (U)
Ep 23 (Z)
Ep 24 (U)
Ep 24 (Z)
Ep 25 (U)
Ep 25 (Z)
Ep 26 (U)
Ep 26 (Z)
Ep 27 (U) - Quitting Alcohol
Ep 27 (Z) Quitting Alcohol
Ep 28 (U)
Ep 28 (Z)
Ep 29 (U)
Ep 29 (Z)
Random Chit Chat
Ep 30 (U)
Ep 30 (Z)
Ep 31 (U)
Ep 31 (Z)
Love For So sweet & Nyein ❤️
Ep 32 (U)
Ep 32 (Z)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34 (Z)
Ep 35 (U)
Ep 35 (Z)
Ep 36 (U) Final
Ep 36 (Z) Final
Thankful to Readers (U+Z)
Extra 1 (U)
Extra 1 (Z)
Extra 2 (U)
Extra 2 (Z)
Extra 3 (U)
Extra 3 (Z)
Love for 14 family ♥️
Season 2 (Wonderful Promise)
Kyi Nhyun Family ♥️
New Fic ( စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်)
Family Live streaming ❤️ (U)
Family Live Streaming ❤️ (Z)
Book Announcement 📚☁️
Book Details

Ep 6 (Z)

15.5K 424 27
Oleh TayDiDi

မကြီးသန္တာ၏ ရုံးခန်းထဲတွင် အာကာ စာရင်းတွေကူလုပ်ပေးနေရသည်... Full time ဝင်မလုပ်သေးသည့်အတွက် အာကာ့မှာ ကိုယ်ပိုင် ရုံးခန်းမရှိသေးပေ...

"မမသန္တာ...ပါဆယ် ရောက်လို့"

"အေးအေး ညီမလေး...ဝင်ခဲ့လေ... so sweet ရေ ယူထားလိုက်ပါဦး"

ဝန်ထမ်း အစ်မတစ်ယောက်လာပေးသော ပါဆယ်ထုတ်ပေါ်မှ နာမည် စာလုံးပေါင်းကိုကြည့်၍ အာကာ ရယ်လိုက်မိသည်...

"မကြီး...ဒီမှာ... သန္တာကြည်ညွန့် တဲ့...ဟားဟား"

"မှားပြန်ပြီလား...ငါစိတ်ညစ်တယ်ဟယ်"

ဤသည်က အာကာတို့ မောင်နှမ ၅ယောက်လုံး ကြုံတွေ့နေကျ အလွဲဖြစ်သည်... အမြဲတမ်းလိုလို ဟထိုးပြုတ်ကျန်ခဲ့ပြီး ဝစ်စပေါက်နှင့် အောက်ကမြင့်ကို လွဲရေးတတ်ကြသည်... ကြည်ညွန့် ဆိုသည့်နာမည်ကြီးက တောဆန်သဖြင့် အာကာတို့က မကြိုက်ကြပေ... မမကေသာဆို သူ့နာမည် မှားရေးခံရသည့်အခါတိုင်း အမြဲစွေ့စွေ့ခုန်နေတတ်သည်...

Facebook မှာ နာမည်စာလုံးပေါင်းနှင့်ပတ်သက်သည့် memes တွေ တွေ့လျှင် ထိပ်ဆုံးက share တတ်ပြီး...

"It's ကေသာကြည်ညွှန်း...Not ကေသာကြည်ညွန့်...Okay? !!! "

ဟူသည့် caption ကြီးနှင့် လောင်နေကျဖြစ်သည်...

"ကေသာ သူ့ရုံးခန်းထဲမှာ မရှိဘူးလား...so sweet ကြည့်ပေးဦး... ဖုန်းခေါ်တာကို မကိုင်ဘူး"

"account ခန်းထဲမှာ လေသွားပစ်နေတာ နေမှာပေါ့"

မမကေသာ အပြောကောင်းသလောက် ဝန်ထမ်းတွေကို လေ နှင့် ထိန်းထားတတ်သူဖြစ်သည်... တစ်ရုံးလုံးက သူ့လေကြောမှာ မျောသွားကြသည်ချည်းပင်...

အာကာ စာရင်းများအားလုံး လက်စသတ်ပြီးသွားတော့ ဖုန်းကိုကောက်ကိုင်လိုက်သည်... Contact ထဲမှ My Home ဆိုသည့် name လေးကိုကြည့်ရင်း ဖြူလွှလွှ တိမ်စိုင်ခဲလေးကို သတိရမိပြန်သည်... လွမ်းလို့ရယ်မှ ကြည့်စရာပုံတစ်ပုံမှ မရှိသည့်အဖြစ်ကို တွေးမိရင်း Call button ကို ချက်ချင်းနှိပ်လိုက်မိတော့သည်...

ဖုန်းခေါ်နေရင်း မကြီးရှိနေသည်ကို သတိရကာ ရုံးခန်းအပြင်ဘက် ဝရံတာသို့ထွက်ခဲ့လိုက်သည်... ဒီအချိန်ကြီး ဖုန်းခေါ်လိုက်၍ အနှောက်အယှက်ဖြစ်သွားမလား တွေးမိပေမဲ့ တစ်ဖက်မှပြန်ဖြေလာသည့် အသံအေးအေးလေးကြောင့် အာကာ့မျက်နှာက ပြုံးဖြီးသွားရသည်...

"ဟယ်လို"

"အစ်ကို ဘယ်မှာ...ဘာလုပ်နေလဲ"

"ရုံးမှာပေါ့"

"အဟင်း... ကျွန်တော် ဖုန်းခေါ်လိုက်တာ အနှောက်ယှက်ဖြစ်သွားလားဟင်"

"မင်း အကြာကြီးမပြောရင်တော့ မဖြစ်ပါဘူး"

"အစ်ကိုကလည်း ဗျာ"

"ကိုယ့်ကိုခေါ်တာက?"

"အာ...အဲ့ဒါကလေ...အစ်ကို social media သုံးတယ်မဟုတ်လား... Facebook တို့ Instagram acc တို့ရှိရင် ကျွန်တော့ကိုပေးပါလား"

"ဘာလုပ်ဖို့လဲ"

"ဟို... reel တွေဘာတွေ ဟာသတွေ share လို့ရတယ်လေ အစ်ကိုရဲ့"

"ကိုယ် အဲ့ဒါမျိုးတွေ မကြည့်ဖြစ်ဘူး"

"ဒါပေမဲ့လည်း...အစ်ကိုရာ...အဲ့ဒါကလေ..."

"အင်း"

"သတင်းတွေ ဘာတွေလည်း share...ကျစ်! ကျွန်တော်လိုချင်လို့ဗျာ"

"ဟင်"

တည့်ပဲပြောလိုက်တော့သည်... ဝေ့လည်ကြောင်ပတ် လုပ်နေရတာ အာကာ့ပုံစံမဟုတ်... အခုတောင် ကိုယ့်စိတ်ကို ၁၀၀% မသေချာသေး၍ ဖြစ်သည်... မဟုတ်ရင် အစ်ကိုနဲ့တောင် ညားနေလောက်ပြီ...

"နော်လို့...အစ်ကို...နော်"

"အင်း"

အစ်ကို့ဆီက ပြန်ဖြေသံကြားရတော့ အာကာပျော်သွားရသည်... အစ်ကိုက အဲ့ဒါတွေ ချစ်ဖို့ကောင်းတာ...

"အဲ့ဒါဆို အခုပို့ပေးနော် အစ်ကို့...ကျွန်တော် Add and Follow လုပ်လိုက်မယ်...အခုချက်ချင်း လက်ခံပေးနော်... ပြီးတော့ ကျွန်တော့်ကိုလဲ ပြန် Follow လုပ်ပေးဦး...သြော်...အစ်ကို့... profile ဘာပုံလဲပါပြောဦး"

အစ်ကိုက ဖုန်းချသွားပြီးခဏအကြာမှာပဲ message ပို့လာသည်...

Facebook - Nyein Aye Eain
IG - Nyein _Aye_Eain
Profile- တိမ်တွေနဲ့ ကောင်းကင်ပုံ

message လေးဖတ်ပြီး အာကာ့မျက်နှာပြုံးနေမိသည်မှာ ရပ်တန့်လို့မရတော့ပေ... ကျွန်တော့်အိမ်ကလေးက ဒီလောက်တောင် ရိုးရှင်းရသတဲ့လား...

"အဟင်း"

"ဟယ် so sweet ဘာလို့ အပင်တွေကို ဆိတ်နေတာလဲ...ကုန်ပါပြီ"

မကြီးက ဝရံတာသို့ထွက်လာရင်း လှမ်းအော်တော့မှ သတိထားမိတော့သည်... အစ်ကိုနဲ့ ဖုန်းပြောရင်း အလှပန်းအိုးမှ အရွက်တွေကို လက်နှင့်ဆိတ်နေမိသဖြင့် အောက်တွင် ပြန့်ကျဲနေတော့သည်...

"အာ...Sorry ... ယောင်သွားလို့"

...........................................................................

လေးမောင်နဲ့ အတူ ရုံးနားမှာ နေ့လည်စာထွက်စားရင်း အပြန်မှာ တူဝရီးနှစ်ယောက်သား ကော်ဖီဆိုင် ခဏဝင်ထိုင်ဖြစ်ကြသည်... လေးမောင်က ဒီကော်ဖီဆိုင်ကို နေ့တိုင်းနီးပါးထိုင်သည်...

"မင်းကြည့်ရတာ ခုတလော အူရွှင်နေသလိုပဲ မောင် so sweet "

"လေးမောင်ကလည်း...သားက ဘယ်တုန်းက အူပုတ်နေလို့လဲ"

"အကောင်းမေးနေတာ မင်းရည်းစားတွေ ဘာတွေများ ရနေပြီလား"

"အဟင်း"

"အမယ်...ရယ်နေတယ်ဆိုတော့"

"မရသေးပါဘူးဗျာ"

"တွေ့ကရာတော့ လုပ်မလာနဲ့နော် မင်းအမေ ဒေါ်ခင်ခင်မျိုးဆွေ ရင်ကွဲလိမ့်မယ်... အိမ်ရှေ့အိမ်က ကောင်မလေးတော့ မဟုတ်ဘူးမလား"

"အာ...ကြံကြီးစည်ရာဗျာ...မဟုတ်ပါဘူး လေးမောင်ရ"

"မဟုတ်လဲ ပြီးတာပဲ မင်းအမေက အဲ့ဒီ ဆတ်စလူးကောင်မလေးနဲ့ ဖြစ်သွားမှာ စိတ်ပူနေတာ"

"သား ရည်းစားရရင် လေးမောင်ကို အရင်ဆုံးပြောမယ် ဟုတ်ပြီလား"

အာကာ ပြောရင်းနဲ့ မှ dating app install မလုပ်ရသေးတာ သတိရပြီး ချက်ချင်း install လုပ်လိုက်သည်... Coffee Meets Bagel App မှ သုံးလေးယောက်လောက်နှင့် date ကြည့်ပြီး ကိုယ့်ကိုယ်ကို မြန်မြန် confirm လုပ်ရမည်... အစ်ကို့ကို ဖွင့်ပြောပြီးမှ စိတ်ပြောင်းသွားတာမျိုးတွေ မဖြစ်ချင်ပေ...

App ထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ပြီး... Photo ကို အာကာက ကပ်စီးနှဲစွာဖြင့် ဟူဒီဆောင်းထားသော ဘေးတိုက်ပုံတစ်ပုံပဲ တင်လိုက်သည်... Who do you want to date မှာ everyone ကိုရွေးလိုက်သည်... လိင်တူစိတ်ဝင်စားတာဆိုရင် အစ်ကို့ တစ်ယောက်ထဲကိုလား တခြားယောက်ကျားလေးတွေကိုရောလား သိချင်သည်... ကောင်လေးရော ကောင်မလေးရော တွေ့ကြည့်ပြီး ကိုယ့်စိတ်ကို သေချာဆန်းစစ်ပြီးမှ အာကာက ရှေ့ဆက်ချင်သည်... ကိုယ်ကိုတိုင်မသေချာပဲ အစ်ကို့ကို စိတ်အနှောက်ယှက် နည်းနည်းလေးမှ မဖြစ်စေချင်သည်မှာ အာကာ့ရဲ့ စိတ်ရင်းပင်...

Coffee Meets Bagel ရဲ့ flow က ကိုယ်လိုချင်တဲ့ပုံစံ...အသက်အပိုင်းအခြား...လူမျိုး... ကိုးကွယ်သည့်ဘာသာ... အရပ်အနိမ့်အမြင့်မှစ၍ ဆေးလိပ်မသောက်တတ်သူ... အရက်မသောက်တတ်သူက အစ set လုပ်ပြီးရွေးချယ်လို့ရသည်... အသေးစိတ်ရွေးချယ်ချင်ရင် Premium ဝယ်ပြီး ထပ်ရွေးလို့ရသည်... ထိုသို့ ကိုယ် set လုပ်ထားသည့် profile နဲ့ Match လုပ်ပြီးမှ Suggestion တွင် profile တွေတန်းစီပြီးပြပေးသည်... ပြီးတော့ ကိုယ့်ကို လာ Like သွားသည့်လူကို ပြန် Like လုပ်မလား Pass မလား ရွေးရသည်...

ပြန်ပြီး Like လုပ်ရင် Connected ဖြစ်သွားပြီး Chat box မှာ ပေါ်လာသည်... ထိုအခါမှ စ chat ပြီး အပြင်မှာ date လုပ်ကြရခြင်းဖြစ်သည်... chat နေရင်းနဲ့ ကိုယ်မကြိုက်တော့ဘူး ဆိုရင်လဲ unmatched လုပ်ပြီး profile ကို Hide လုပ်လိုက်လို့ရသည်... တစ်ဖက်လူက ပေါက်ကရတွေ ပြောလာရင်လည်း report လုပ်လို့ရသဖြင့် အာကာက ဒီ App ကို သဘောကျသည်...

အာကာ profile တင်ပြီးပြီးချင်းပဲ Like တွေတက်လာသည်မှာ 90 တောင်ကျော်သွားသည်...

"so sweet ပြန်မယ် ပြန်မယ်... ငါ အလုပ်တွေရှိသေးတယ်"

လေးမောင်က  ကားသော့ကောက်ကိုင်ကာ မတ်တတ်ရပ်လိုက်သဖြင့် အာကာလဲမြန်မြန် ထလိုက်သွားရသည်... ရုံးရောက်မှ လူရွေးပြီး chat ရတော့မည်...

...........................................................................

"အဖေကြီးရေ.... ထမင်းစားမယ်"

မမဟေမာက အိမ်ရှေ့သို့ လှမ်းအော်ပြီး ဝင်လာသည်... ထမင်းစားခန်းထဲမှာ ညစာစားရန် လူစုံနေကြပြီ...

"မမနာနာရော...မစားဘူးလား"

"နန္ဒာက စာလုပ်စရာရှိလို့တဲ့ ခုနက အဖွားတို့ မော်မော်တို့နဲ့ အတူ စားပြီးသွားပြီ"

အာကာတို့ အမေ ဒေါ်ခင်ခင်မျိုးဆွေက အစားကောင်းကြိုက်သူဖြစ်ပြီး ဟင်းချက်လက်ရာက အရမ်းကောင်းသည်... မကြီး အစားသောက်မက်တာ အမေနှင့်တူတာဖြစ်သည်...

ဟင်းတွေကနေ့တိုင်း တစ်နေ့တစ်မျိုးမရိုးရပေ... ဒီနေ့လည်း ဝက်သားနှင့် သရက်သီးခြောက်ဆီပြန်... ဘူးညွန့်ဟင်းခါး... ငါးပိထောင်းစပ်စပ်လေးနှင့် ဟင်းရွက်ကြော်တစ်ပွဲလဲ ပါသေးသည်...

"သူ့ဖေ...စားလို့ ကောင်းလား"

"ကောင်းတယ်"

"ကောင်းတာက ဘယ်လိုကြီးလဲ သူ့ဖေကလည်း... အသံက တက်တက်ကြွကြွမရှိလိုက်တာ"

အမေက သူချက်ထားတာ စားသည့်လူတိုင်းကို ကောင်းလား အခါတစ်ရာလောက်မေးတတ်သည်... ပြီးပြီးရော ပြန်ဖြေရင်လဲ မကျေနပ်ပေ... ဒီနေရာတွင်တော့ မမကေသာ နဲ့ အာကာက အလည်ဆုံး... ထမင်းစားနေတုန်း အမေ အနားမှာရှိနေလို့ကတော့ တစ်လုပ်စားလိုက် ကောင်းတယ် တစ်ခါအော်လိုက်နှင့် လုပ်ကြတော့သည်သာ...

"ကောင်းတာပေါ့ အမေကလည်း ကေသာဆိုရင်လေ ဘယ်ကိုမှ ညအိပ်ညနေ မသွားချင်ဘူး... အမေ့လက်ရာတွေ မစားဘဲမနေနိုင်လို့...သိလား"

"အမေ့ သိလား... အာကာကြည်ညွှန်းကလေ ဘဝမှာ အမေ့သားဖြစ်ရတာ အရမ်းကိုဂုဏ်ယူတယ် အမေရာ... အမေ့လက်ရာတွေက တရေးနိုးတောင် ဗိုက်ထဆာတာ"

"အမလေးတော် အပိုတွေ အပိုတွေ"

အမေက ထိုသို့ပြန်ပြောသော်လည်း မျက်နှာက ပြုံးရွှင်၍သွားသည်... လေးမောင်ကတော့ မဲ့ရွဲ့ပြပြီး ခေါင်းသာခါနေတော့သည်...

စားသောက်နေကြတုန်း အာကာတစ်ခု သတိထားမိသည်က... မမကေသာ ပန်းကန်ထဲမှ "ငါးကြော်"...

မနေ့ညက ကျန်သည့် တစ်တုံးတည်းသော ငါးကြော်ကို ဦးထားခြင်းဖြစ်မည်... မမကေသာက ကြောင်သေလို့များ ဝင်စားသလားမသိပေ... ငါးကြော် အရမ်းကြိုက်သည်... အခုလည်း ထိုငါးကြော်ကို မစားသေးပဲ ဘေးမှာ သပ်သပ်ဖယ်ထားသည်... အာကာ ညစ်ပြုံးတစ်ချက်ပြုံးလိုက်သည်...

ခဏကြာတော့ အဖေကြီး...လေးမောင်နဲ့ အမေတို့က စားလို့ပြီးသွားတော့ ထသွားကြသည်... အာကာတို့ မောင်နှစ်မတွေပဲ လေပစ်နေရင်း ကျန်နေခဲ့ကြသည်...

"မမကေသာ ငါးကြော်က မစားရင်လဲ ဘာလို့ပန်းကန်ထဲထည့်ထားနေသေးလဲ...ပေး...သား ကူစားပေးမယ်"

"ဟင်"

အာကာက အပြောထက် လက်ကမြန်ဆန်စွာ ငါးကြော်ကို ကောက်ပြီး ပါးစပ်ထဲ အတင်းထိုးထည့်ကာ ဝါးစားပစ်လိုက်သည်...

"so sweet !!!!!!"

"အာ.... နားကွဲတော့မယ်"

"အမေ့!!!!!"

"အဟားဟားဟား"

"ဟဲ့ ကေသာ ဘာလို့အော်နေတာလဲ"

အမေက အော်သံကြား၍ ထမင်းစားခန်းထဲပြန်ဝင်လာသည်... မကြီးနဲ့ မမဟေမာက တော့ ရယ်နေကြပေပြီ.... မမကေသာက ဒေါသတွေထွက်ကာ ငိုသံများပင်ပါပြီး အမေ့ကိုတိုင်တော့သည်...

"အမေ့... so sweet က အရမ်းအကျင့်ယုတ်တာပဲ... ကေသာက ငါးကြော်ကို ကြိုက်လို့ နောက်ဆုံးမှ စားဖို့ထားထားတာ...အဲ့ဒါကို so sweet က ယူစားပစ်လိုက်တာ"

"ဟိုကောင်လေးက စပြန်ပြီ...ထမင်းစားသောက်နေတုန်း အဲ့လိုတွေဆူတာ အမေမကြိုက်ဘူးနော်"

"အင်းလေ အမေရယ်... အသက် ၂၄ နှစ်နဲ့ အသက် ၂၀ ကြီး ငါးကြော်လုစားပြီး ရန်ဖြစ်တာတဲ့"

မကြီးက ဝင်ပြောတော့ မမကေသာက ထိုင်နေရာမှထကာ...

"အသက်ဘယ်လောက်ပဲ ဖြစ်ဖြစ် သူများပန်းကန်ထဲက ဟာကို လာနှိုက်စားတာကိုး စိတ်တိုတာပေါ့လို့"

"မသိဘူးလေဗျာ သားကြည့်နေတာ ကြာပြီ မမကေသာက မစားပဲဘေးဖယ်ထားတာကိုးလို့"

"ငါ အမြဲတမ်း ကြိုက်ရင် နောက်ဆုံးမှစားတတ်တာလေ... အမေ့!!! so sweet က သိရဲ့သားနဲ့ သက်သက်ယုတ်မာတာ!!!"

"ကဲ...တော်ပြီ တော်ပြီ... ကိုယ့်မောင်လေး စားတာကို ကေသာကလည်း ဘာလို့အဲ့လောက် စိတ်တိုရတာလဲ"

"တွေ့လား အမြဲတမ်း ကေသာ့ အမှား... ကေသာက ငါးကြော်ကို နှမြောလို့ so sweet ကို မကျွေးချင်လို့ ပြောနေတာမဟုတ်ဘူး ကေသာ့အကျင့်ကို သိရဲ့သားနဲ့ သက်သက်လုပ်တာကို စိတ်တိုတာ... တော်ပြီ မစားတော့ဘူး... ဒီအိမ်မှာ အလတ်မဖြစ်ချင်ဘူး သိလား"

မမကေသာက ထမင်းပန်းကန်တွေ ဒီတိုင်းထားခဲ့ကာ ဆောင့်အောင့်ပြီး ထွက်သွားတော့သည်... အာကာက တခွိခွိနှင့် ရယ်နေသဖြင့် အမေက မျက်စောင်းထိုးပြီး...

"မင်း...အားနေ အဲ့ဒီ ဇတ်ဇတ်ကျဲကိုပဲ သွားသွားစ...ဆေးပေးလိုက် သူ့ပန်းကန်တွေရော...ဟိုပေါ်ကဟင်းပန်းကန်တွေပါဆေး...မင်းကို အပြစ်ပေးတာ"

"ဗျာ"

"မဗျာနဲ့...ပြီးရင် ရေခဲသေတ္တာထဲက ပန်းသစ်တော်သီးတွေ ခွဲပြီး သွားချော့လိုက်...တော်ကြာ သူက အလတ်မို့လို့ သူ့ကိုပစ်ထားကြတယ် ဖြစ်နေဦးမယ် ငါ့သမီးလေးက"

"ပြောတော့ ဒီအိမ်မှာ အလတ်ဖြစ်ရတာမကောင်းဘူးတဲ့... အခုကျတော့ အလတ်က ပန်းကန်လဲဆေးစရာမလိုဘူး...အသီးလဲခွဲကျွေးရဦးမယ်... သားကတော့ ဒီအိမ်မှာ အလတ်ပဲ ဖြစ်ချင်တာသိလား... မမကေသာရေ... အခုချိန်ကစပြီး so sweet က အလတ်ဖြစ်သွားပြီ သိလား!!!! မမကေသာက အငယ်ဆုံးလုပ်လိုက်... ပြီးရင် သားလဲ မမကေသာလို အလတ်ဆိုတာကြီးနဲ့ ကိုင်ကိုင်ပေါက်ပြီး အားတိုင်းစိတ်ကောက်မယ်"

"အဟားဟား မင်းအပြစ်နဲ့ မင်းလေ"

မမဟေမာက ဘေစင်ပေါ်သို့ ဆေးစရာပန်းကန်တွေ လာတင်ရင်း ပြောသည်...

"မမဟေမာ ဗိုလ်ကျားသေနတ် ဆွဲကြမယ်လေ... သားရှုံးရင် မမဟေမာက ဒီပန်းကန်တွေဆေး... မမဟေမာ ရှုံးရင် သားကမဆေးရဘူး...ဘယ်လိုလဲ"

"အမ်...ဘာ...ဘာ... မင်းရှုံးရင် ငါကဆေး...ငါရှုံးရင် မင်းကမဆေးရဘူး... so sweet သိပ်နုံတာပဲ...အစကတော့ ကူဆေးပေးမလို့ အခုတော့ စိတ်ပြောင်းသွားပြီ...ရော့...ဒါတွေပါဆေးလိုက်"

"အား!!!!!! ဒေါ်ခင်ခင်မျိုးဆွေရေ.... အာကာကြည်ညွှန်းကို နံပါတ် ၃ ဖြစ်အောင် ပြန်မွေးပေးပါ!!!"

"အလတ် ဖြစ်ချင်တယ်လို့!!!!"

"so sweet ရေ နားညီးတယ်နော်...အော်မနေနဲ့"

..................................................................

ချယ်ရီက ရုံးဆင်းချိန် ငြိမ်းကို ကော်ဖီဆိုင်သွားဖို့ ဝင်ခေါ်သဖြင့် ငြိမ်းက အဖော်လိုက်လာခဲ့ပေးရသည်... ဒီညနေ တင်းနစ်ဝင်ရိုက်ဖို့ တွေးထားပေမဲ့ ချယ်ရီရောက်လာသဖြင့် အစီစဉ်ပျက်သွားရတော့သည်...

"လာ...ဒီရှေ့က ကော်ဖီဆိုင်လေ ငြိမ်းရဲ့... အမှန်က ငါကော်ဖီသောက်ချင်လို့ မဟုတ်ဘူး... ဆေးရုံက ဂျူနီယာ ညီမလေးတစ်ယောက်က ဒီနေ့ကောင်လေး တစ်ယောက်နဲ့ date မှာ... အဲ့ဒါ ငါ့ကိုခပ်လှမ်းလှမ်းကနေ ကူပြီးအကဲခတ်ခိုင်းလို့... ငါတစ်ယောက်တည်းဆို ကြောင်တောင်တောင်ကြီး ဖြစ်နေမှာစိုးလို့လေ"

"အာ... နင်ကလည်း...သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် date ပါစေ"

"သူတို့နဲ့ တူတူမထိုင်ပါဘူးဟ... ငါတို့က ဒီမှာထိုင်မယ်... ဟော ဟိုမှာ ငါ့ဂျူနီယာ ညီမလေးက ရောက်နေပြီ... ငြိမ်း နင်က ကျောခိုင်းထိုင်လိုက်... ငါက မျက်နှာချင်းဆိုင် ထိုင်လိုက်မယ်"

ငြိမ်း ခေါင်းသာ ခါမိလိုက်သည်... မိန်းကလေးတွေများ အရှုပ်တွေ သိပ်လုပ်ချင်ကြသည်...

"ဟော....ကောင်လေးရောက်လာပြီ...ဟယ်... ငြိမ်း အဲ့ဒီကောင်လေးကို ငါမြင်ဖူးသလိုပဲဟယ် ဘယ်မှာမြင်ဖူးလဲ မမှတ်မိဘူး... အရပ်ကြီးက အရှည်ကြီးပဲ... အမယ် အချောလေးတော့... ဟယ်... ပြုံးလိုက်ရင် ချိုနေတာပဲ ငြိမ်းရယ်... ငါ့ဂျူနီယာကို အပိုင်ဆွဲခိုင်းထားရမယ်"

ငြိမ်းက လှည့်မကြည့်ပေမဲ့ ချယ်ရီပြောနေတာကို နားထောင်နေရင်း အာကာကြည်ညွှန်းကိုသာ မျက်စိထဲမြင်ယောင်လာမိရသည်... အပြုံးလေးတွေ ချိုမြနေတတ်သည့် အရှည်ကောင်လေး... တွေးရင်းနဲ့ ငြိမ်း ပြုံးလိုက်မိသည်... မနေ့က ဖုန်းဆက်လာပြီး ငြိမ်းရဲ့ facebook နဲ့ IG တွေ နားပူနားဆာလုပ်ကာ တောင်းသွားပြီး ချက်ချင်း လာ Add သည်... သူ့ IG acc ပြန် follow လုပ်တော့ IG တစ်ခုလုံး အာတာပူစီပုံတွေ တိမ်ပုံတွေနှင့်ပြည့်နေတော့သည်...

ငြိမ်းလည်း ချယ်ရီ့ကိုစောင့်ရင်း ပျင်းနေသည်နှင့် IG အကောင့်လေးထဲဝင်လိုက်သည်... ထို့နောက် လက်က အလိုအလျှောက် search လုပ်မိသွားသည်က.... Not_Sour_but_So_Sweet ဆိုသည့် အကောင့် name လေး...

တင်ထားသည့် ပုံတွေက တိမ်ပုံတွေကို ဓာတ်ပုံရိုက်ပြီး Pen နဲ့ ပုံဖော်က အရုပ်လေးတွေမျိုးစုံဆွဲထားသည်... တစ်ချို့အရုပ်လေးတွေဆို ပေါက်ပေါက်ရှာရှာတွေ ဆွဲထားသဖြင့် ငြိမ်း မှာပြုံးနေမိရသည်... ဒီတစ်ခါ ငြိမ်းဆီပေါက်ချလာရင်တော့ သူလက်ခံထားသည့် တိမ်တွေရဲ့ အဓိပ္ပါယ်ကိုမေးကြည့်ရဦးမည်...

"အမယ် နှစ်ယောက်သား ပြုံးလို့ ရွှင်လို စကားပြောနေကြတာဆိုတော့ အခြေနေကောင်းတယ် ထင်တယ်"

"ကဲ နင် အကဲခတ်လို့ပြီးရင်လဲ ပြန်ကြမယ်... ငါ့ကို မေမေ စောင့်နေလိမ့်မယ်"

"အေးပါ အေးပါ... အဲ့ဒါဆိုလည်းပြန်တာပေါ့"

ချယ်ရီနဲ့ ငြိမ်းက ထိုင်နေရာမှ ထရပ်လိုက်ပြီး ဆိုင်ပေါက်ဝကို ဦးတည်တော့ ထိုစားပွဲနားမှအဖြတ်တွင် မြင်လိုက်ရသည့်သူကြောင့် ငြိမ်းခြေလှမ်းတွေ ခေတ္တမျှ တုံ့ဆိုင်းသွားကြရသည်...

"ဟင်"

သူကလည်း ငြိမ်းကိုမြင်တော့ မျက်လုံးများဝိုင်းသွားကြကာ ငြိမ်းနောက်မှ ချယ်ရီ့ကိုမြင်တော့ မျက်မှောင်က ချက်ချင်းကျုံ့သွားသည်... ငြိမ်းက သူတို့ကို မမြင်ချင်ယောင်ဆောင်ကာ ခြေလှမ်းတို့ကို ခပ်သွက်သွက်လှမ်း၍ ဆိုင်ပြင်သို့ထွက်ခဲ့သည်...

"ငြိမ်း... ဖြည်းဖြည်းသွားပါဟဲ့"

ချယ်ရီက နောက်မှပြေးလိုက်လာပြီး ကားနားရောက်တော့ မောနေသည်...

"ဘာဖြစ်သွားတာလဲ ငြိမ်းရယ် မျက်နှာကြီးကလည်း တည်လို့"

"ဘာမှ မဖြစ်ပါဘူး တက်လေ...နင် night duty ဝင်ရမှာ မဟုတ်လား... နင့် ဆေးရုံကို ပြန်လိုက်ပို့ခဲ့မယ်"

ငြိမ်းတို့ကားလေးထွက်လာပြီး ခဏအကြာတော့ ငြိမ်းတို့နောက်မှာ အနက်ရောင်ကားတစ်စီး ကပ်ပါလာတာကို သတိထားမိသည်... ငြိမ်း မျက်မှောင်တစ်ချက်ကျုံ့လိုက်ကာ... ကားကို အရှိန်တင်ပစ်လိုက်သည်... စိတ်ထဲ ဘာကို မကျေနပ်နေမှန်းလဲမသိ...

"ဟဲ့...ဖြည်းဖြည်း မောင်းလေ ငြိမ်းရဲ့"

ငြိမ်းက အရှိန်တင်တော့ နောက်က ကားကလဲ အရှိန်လိုက်တင်သည်... ဆေးရုံရှေ့ရောက်တဲ့အထိ တောက်လျှောက်ကပ်ပါလာပြီး... ချယ်ရီကားပေါ်က ဆင်းသွားတော့ ငြိမ်းကားပြန်ထွက်ရန် လုပ်စဉ် ထိုအနက်ရောင်ကားက ငြိမ်းကားရှေ့မှာ ပိတ်ရပ်ပစ်လိုက်သည်... ထို့နောက် သူက ကားပေါ်မှ ဆင်းလာကာ ငြိမ်းကားတံခါးကို ဆွဲဖွင့်ပြီး ဇွတ်ဝင်ထိုင်လာသည်မှာ ပိုင်စိုးပိုင်နင်း....

ငြိမ်းမှာ ကားတံခါး လော့ခ်ချချိန်ပင် မရလိုက်ပေ...

Photo Credit From Face book
...........................................................................

<3 DiDi Zaw
(16/11/2022)

Coffee Meets Bagel Dating App က မြန်မာ region မှာ မရသေးပါဘူးနော် baby တို့...
dating app မသုံးပါနဲ့ အပြင်မှာပဲ ရှာကြပါလို့
😬❤️

Lanjutkan Membaca

Kamu Akan Menyukai Ini

40.3K 858 11
ဒီရေနဲ့ Rhyme တို့ရဲ့marriage life လေးကိုသီးသန့်ပြောပြပေးမှာဖြစ်ပါတယ် ။ ကကလေး ဘယ်လိုရောက်လာတယ် ဘယ်လိုဒုက္ခတွေကြုံရတယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ် 😁🙆
39.5K 1.3K 68
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒ...
802K 68.8K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
957K 75.3K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest