Near the love (Complete)

By KhineLay443

47.5K 2.8K 188

Uni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါေလးက My son or boyfriend ရဲ႕ Season 2 ေလးျဖ... More

Note
Near the love 1
Near the love 2
Near the love 3
Near the love 4
Near the love 5
Near the love 6
Near the love 7
Near the love 8
Near the love 9
Near the love 10
Near the love 11
Near the love 12
Near the Love 13
Near the love 14
Near the love 15
Near the love 16
Near the love 17
Near the love 18
Near the love 19
Near the love 20
Near the love 21
Near the love 22
Near the love 23
Near the love 24
Near the love 25
Near the love 26
Near the love 27
Near the love 28
Near the love 29
Near the love 30
Sorry
Near the love 31
Near the love 32
Near the love 33
Near the love 34
Near the love 35
Near the love 36
Near the Love 37
Near the love 38
Near the Love 39
Near the Love 40
Near the love 41
Near the Love 42
Near the Love 43
Near the Love 44
Near the Love 45
Near the love 46
Near the Love 47
Near the Love 48
Near the Love 49
Near the Love 50
Near the Love 51
Near the Love 52
Near the Love 54
Near the Love 55
Near the Love 56 Final
Thanks

Near the Love 53

560 37 2
By KhineLay443

Uni

သပ္ပါယ်လှသော ရွှေတိခုံစေတီတော်မြတ်ကြီး ကို နှစ်ဦးသား လက်ကိုတွဲကာ ခြေလျင်ပဲတတ်ခဲ့ကြသည်။ နှစ်ယောက်စလုံးစီမှာ ဘုရားပန်းကိုယ်စီကိုင်ဆောင်ထားလေသည်။

လမ်းတစ်လျှောက် လူတွေရဲ့အကြည့်ကိုခံခဲ့ရသော်လဲ နှစ်ဦးသားကတော့ ထိုလူတွေကို ရှိသည်လို့ပင် ထင်မှတ်မထားခဲ့.....

အင်္ကျီအဖြူလက်ရှည်ကို ယောပုဆိုးလေးနဲ့ တွဲကာ ဆင်တူဝင်ဆင်ထားကြလေသည်။ မနက်စောစောဖြစ်တာကြောင့် ဘုရားတွင် အနည်းငယ်တော့လူရှင်းနေလေသည်။

အစက နှစ်ယောက်သား ပိတ်ရက်မှသာ လာဖို့စီစဥ်ထားသော်လဲ လွန်းထက်သာ ၏ စိတ်စောမှုကြောင့် ခုလိုကြားရက်မှာ ရောက်လာခဲ့ခြင်းဖြစ်သည်။

အရင်ဦးဆုံးဘုရားကို အရင်ဝတ်ပြုလိုက်ပြီး မွေးနေ့ထောင့်တွေမှာ ရေသပ္ပါယ်ကာ ပန်းကပ်လိုက်သည်။ ထို့နောက် အရိပ်ရရအဆောင်တစ်ခုတွင် ဝင်ရောက်နားခိုရင်း
"အစ်ကို"
"ဗျာ.."

စေတီတော်ပေါ်သို့မော်ကြည့်ကာ ထူးစစ်သော် တွေးစစခေါ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်...ကျွန်တော့်အနားမှာ ရှိနေပေးလို့။ ပြီးတော့ ကျွန်တော့်ကိုလဲ ခုလိုတွေကြိုးစားပြီး အနားမှာခေါ်ထားပေးလို့"

"မလိုပါဘူး...ကိုယ်ကသာ မင်းကိုကျေးဇူးတင်တာ။ ခုလိုဘေးမသီ ရန်မခပဲ ကိုယ့်ဘေးကိုပြန်ရောက်လာပေးလို့"

"ဆန်းကြယ်သားနော်...ကျွန်တော်လေ အရင်တုန်းကတည်းက အစ်ကို့ကို သိပ်သဘောကျနေခဲ့တာ...အစ်ကို ကျွန်တော့်ကို ပြန်သဘောမကျခင်ကတည်းက။ ပြီးတော့ ကျွန်တော် Death ဆီမှာ ရှိစဥ်တုန်းက အစ်ကို့ကိုပြန်တွေ့ရတော့ တော်တော်ပျော်သွားတယ်။ ကျွန်တော်လေ ပြန်မတွေ့ရတော့ဘူးမှတ်တာ"

"ကိုယ်လဲ အဲ့တုန်းက ညီ့ကိုပြန်တွေ့တာ အရမ်းပျော်ခဲ့တယ်။ ကိုယ်လေ ညီ့ကို ရှာခဲ့တာ ဘယ်လိုမှမတွေ့ဘူး...အရမ်းလဲ စိတ်ပူနေခဲ့တာ"

တစ်ဦးမျက်နှာတစ်ဦးကြည့်ပြီး အပြုံးပန်းတွေဝေဆာနေချိန်
'ဂွီ.....'ဆိုတဲ့အသံကြောင့် နှစ်ယောက်သားပြိုင်ရယ်မိသွားသည်။

"ဗိုက်ဆာနေပြီလား"
"ဟီးးးဟုတ်" သွားတန်းလေးတွေပေါ်တဲ့အထိပြုံးရယ်ပြသူကြောင့် လွန်းထက်သာ သဘောကျသွားကာ ခေါင်းလေးကိုပွတ်ရင်း
"ဘာစားမလဲ"

"မုန့်ဟင်းခါး...."
"Ok သွားမယ်"

လမ်းဘေးနားမှာရောင်းတဲ့ မုန့်ဟင်းခါးမှ စားချင်နေသူကြောင့် လွန်းထက်သာ ရှာရပြန်သည်။ နောက်ဆုံးတော့ လူတွေစည်နေတဲ့ လမ်းဘေးနားက မုန့်ဟင်းခါးဆိုင်မှာ နှစ်ယောက်သား အားရပါးရ ထိုင်စားတော့သည်။

ပြီးနောက် အိမ်အတွက်လဲ ဝယ်စရာရှိတာမို့ Market ထဲသို့ဝင်ကာ စျေးဝယ်ထွက်ကြလေသည်။
နေ့ခင်းလဲရောက်နေပြီမို့ ထူးစစ်သော် သဘောအတိုင်း Hot pot ဆိုင်သို့ဝင်ကာ စားကြလေသည်။

ပူပူစပ်စပ်ကိုမှ တရှူးရှူးစားနေသူကြောင့် လွန်းထက်သာ လဲ အအေးခွက်ကိုင်ကာ ဂရုစိုက်နေရသည်။ တားချင်သော်လဲ စားနေရသောကြောင့် စိတ်ချမ်းသာနေပုံပေါ်တာကြောင့် မတားရက်ပြန်.....

စားသောက်ပြီးတာနဲ့ Games စက်တွေနားရောက်သွားကာ နှစ်ယောက်သား အားရပါးရဆော့ကြပြန်သည်။

ပြုံးရယ်ရင်း ကလေးတစ်ယောက်ပမာ ဖြစ်သွားသော ထူးစစ်သော် ကိုကြည့်ရင်း လွန်းထက်သာ မှာ ပီတိတွေဖြစ်နေလေသည်။

ဆော့လို့လဲဝကော ဗိုက်က တစ်ဖန်ပြန်ဆာလာသောကြောင့် စားချင်တာလေးတွေ ရှာဝယ်ပြီး နောက်ဆုံးနေရာဖြစ်တဲ့ အင်းယားကန်သို့....

ရှေ့ကနေပြေးကာ ခုံနေရာဝင်ဦးသောသူကြောင့် လွန်းထက်သာ ကြည့်ရင်းရယ်မိသွားပြန်သည်။ မိမိကတော့ သူစားမယ်ဆိုတဲ့ မုန့်တွေကို ဘယ်ညာဆွဲကာ အနောက်ကနေ လိုက်ရသူပင်....

နေရာရတာနဲ့ ပါလာသမျှ ပါဆယ်မုန့်တွေကို တမြုပ်မြုပ်စားနေသေးသည်။ လွန်းထက်သာ ကတော့ ဘေးကနေ လိုတာတွေလုပ်ပေးနေတဲ့သူကြီးပေါ့...

စားလို့ဝတာနဲ့ လွန်းထက်သာ ပုခုံးပေါ်ခေါင်းမှီကာ
"ဗိုက်ကားသွားပြီ..."
"ဒါဆိုရော့..." ဆိုပြီး ဘယ်အချိန်ကတည်းကရှိလဲမသိတဲ့ အစာကြေဆေးကိုထုတ်ပေးလေသည်။

"ဟင်..."
"အဲ့လောက်စားထားတာ ရင်ပြည့်ရင်ကယ်ဖြစ်မှာဆိုးလို့။"

"ဟီး အစ်ကို သိပ်တော်တာပဲ"

ပုခုံးပေါ်ခေါင်းမှီကာ ကန်ရေပြင်ရဲ့အလှတရားကို ငေးမောကြည့်နေရင်း...
"ညီ....သဘက်ခါကျရင် အစ်ကို Dinner ပွဲတစ်ခုသွားစရာရှိတယ်"

"အင်း...သွားလေ"
"ညီလဲလိုက်ရမှာ"

"ဟင်...အဆင်ပြေပါ့မလား...."
"ပြေတာပေါ့"

"ဘာပွဲမို့လို့လဲ အစ်ကိုနဲ့ ကျွန်တော်နဲ့ကိုပူးတွဲတောင်သွားရမှာဆိုတော့"
"အဲ့တာတော့ ရောက်ရင်သိလိမ့်မယ်...."

လျှို့ဝှက်နေသော လွန်းထက်သာ ကြောင့် ထူးစစ်သော် လဲ မျက်စောင်းသာထိုးလိုက်လေသည်။

နှစ်ယောက်သားလဲ မှောင်မှ အိမ်သို့ပြန်လာကာ ထူးစစ်သော် ရဲ့ အထူးလက်ရာနှင့် ခေါက်ဆွဲပြုတ်စားဖို့ရွေးချယ်လိုက်သည်။

ခေါက်ဆွဲသားနူးနူးညံညံလေးဖြစ်အောင် ပြုတ်လိုက်ပြီး အရသာမှုန့်၊ ကြက်ဥကာကျက်၊ ကြက်သားလုံးနှင့် ပုစွန် တွေပါထပ်ထည့်လိုက်သောကြောင့် ခေါက်ဆွဲက စားချင်စရာကောင်းသွားလေသည်။

တစ်ယောက်ထဲနေခဲ့သော ထူးစစ်သော် လဲ ချက်ပြုတ်ရာမှာ ကျွမ်းကျင်သောကြောင့် လွန်းထက်သာ တော့ အကြိုက်တွေ့နေလေသည်။

စားသောက်ပြီးတာနဲ့ ဝရန်တာမှာ ထူးစစ်သော် ထိုင်နေတုန်း ဝိုင်ဖြူပုလင်းနှင့်ခွက်နှစ်ခွက်ကိုယူလာကာ လွန်းထက်သာ လဲ ဝင်ထိုင်လေသည်။ ဝက်သားပြားကြော်ကိုလဲ အဆင်သင့်ယူလာပေးလေသည်။

"သောက်မယ်မှတ်လား"
"အင်း...သောက်မှာပေါ့..."

ဝိုင်ဖြူကို ခွက်ထဲငှဲ့လိုက်ကာ ထူးစစ်သော် ကိုကမ်းပေးတော့
"Cheer...."
"Cheer..."

ခွက်တစ်ဝက်လောက်ထိ ထူးစစ်သော် မော့သောက်လိုက်ကာ
"အားးး ကောင်းချက်ပဲ...."
"ရော့...ဒါလေးစားလိုက်..."

ဝက်သားပြားကျော်ကို ခွံ့ကျွေးလိုက်တော့ တကျွတ်ကျွတ်နဲ့ ဝါးစားနေလေသည်။
လွန်းထက်သာ လဲ ကြည့်ကာ အသည်းသောကြောင့် ပါးလေးကို ရွှတ်ခနဲနမ်းလိုက်မိသည်။

ရုတ်တရက် မို့ ထူးစစ်သော် လဲလန့်သွားကာ နောက်မှ ပြုံးသွားလေသည်။

သောက်လိုက်စားလိုက် ဟိုရောက်ဒီရောက် စကားပြောလိုက်နဲ့ နောက်ဆုံးတော့ ထူးစစ်သော် ပါးလေးတွေမို့ကာ ရဲတဲ့အဖြစ်သို့ ရောက်သွားလေပြီ...

ဒါကိုကြည့်ရင်း
"ညီ...သွားအိပ်တော့မလား..."
"ဟင့်...အင်း...အိပ်ချင်သေးဘူးသောက်ဦးမှာ..."

"တော်ပြီ များနေပြီ ညီပဲသောက်နေတာ နှစ်ပုလင်းကျော်နေပြီ ခုဆို သုံးပုလင်းမြောက်ကုန်တော့မယ်.."
"ဟွန့်..ပြီးရော မသောက်တော့ဘူး..."

ဆိုပြီး ဘေးကပ်ထိုင်နေကနေ လွန်းထက်သာ ပေါင်ပေါ်သို့ ကားယားခွထိုင်လိုက်ကာ ရင်ခွင်ထဲဝင်တိုးလာလေသည်။

လွန်းထက်သာ လဲ အောက်ပိုင်းက ထိကပ်သွားသောအရာနှစ်ခုကြောင့် ဓာတ်လိုက်သလိုတောင့်ခဲသွားလေသည်။
"ညီ..."
"အစ်ကို ..... ကျွန်တော် တို့လဲ လပြည့်ဝန်း တို့လို ကလေးလေးယူရအောင်"

"ဟင်..." လွန်းထက်သာ နားကြားပဲမှားလေသလား မျက်လုံးအစုံတောင်ပြူးကျယ်သွားလေသည်။ ရင်ဘက်ထဲကကောင်လေးကတော့ သူမဟုတ်သလိုပဲ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ပြန်ကြည့်လာရှာသည်။

"နော်လို့..."
"ဟို...ပြွတ်.." ထူးစစ်သော် ဆိုတဲ့လူသားလေးက အရင်လှမ်းနမ်းသောကြောင့် လွန်းထက်သာ စိတ်တွေမထိန်းနိုင်တော့...

"ဟိုလေ...အွန်းးး" လွန်းထက်သာ ဆက်ပြောလို့မရအောင် အနမ်းတွေနဲ့ ပိတ်ပင်လိုက်သောကြောင့် ဘာမှဆက်မပြောနိုင်...

ဒီလိုကြာလာသောကြောင့် လွန်းထက်သာ လဲ မထိန်းနိုင်တော့ဘဲ ခါးလေးကိုတင်းနေအောင်ပြန်ဖက်လိုက်ကာ ဦးဆောင်အနမ်းများပေးနေမိတော့သည်။

ခကြာအကြာ ထူးစစ်သော် ဆီမှ တန်ပြန်အနမ်းမရတော့သောကြောင့် ကြည့်လိုက်မိတော့ သူလေးက မျက်လုံးလေးတွေမှိတ်ကာ အိပ်ပျော်သွားလေပြီ...

ဒီအတိုင်းကြီး ကျန်နေခဲ့သော လွန်းထက်သာ မှာ ကိုယ့်အဖြစ်ကြောင့် ကြောင်တောင်တောင် သာ ကျန်ခဲ့ရတော့သည်။

နောက်တော့ သူကိုယ်တိုင်ဘဲ ပွေ့ချီကာ အိပ်ဖို့ခေါ်သွားရတော့သည်။
"တော်တော်မလွယ်တဲ့ဟာလေး....Good night ..."

______________

15.11.22
Khine Lay

ပြီးခါနီးပြီမို့ ဒီန့ကစပြီး တစ်နေ့တစ်ပိုင်းတင်ပေးပါမယ်..........
ခုချိန်ထိဖတ်လာပေးသော တစ်ယောက်ချင်းဆီကိုလဲ ကျေးဇူးတင်ပါတယ်
Voteလေးတွေကလဲ ကိုယ့်အားဆေးဖြစ်ခဲ့တယ်

Zaw

သပၸါယ္လွေသာ ေ႐ႊတိခုံေစတီေတာ္ျမတ္ႀကီး ကို ႏွစ္ဦးသား လက္ကိုတြဲကာ ေျခလ်င္ပဲတတ္ခဲ့ၾကသည္။ ႏွစ္ေယာက္စလုံးစီမွာ ဘုရားပန္းကိုယ္စီကိုင္ေဆာင္ထားေလသည္။

လမ္းတစ္ေလွ်ာက္ လူေတြရဲ႕အၾကည့္ကိုခံခဲ့ရေသာ္လဲ ႏွစ္ဦးသားကေတာ့ ထိုလူေတြကို ရွိသည္လို႔ပင္ ထင္မွတ္မထားခဲ့.....

အကၤ်ီအျဖဴလက္ရွည္ကို ေယာပုဆိုးေလးနဲ႕ တြဲကာ ဆင္တူဝင္ဆင္ထားၾကေလသည္။ မနက္ေစာေစာျဖစ္တာေၾကာင့္ ဘုရားတြင္ အနည္းငယ္ေတာ့လူရွင္းေနေလသည္။

အစက ႏွစ္ေယာက္သား ပိတ္ရက္မွသာ လာဖို႔စီစဥ္ထားေသာ္လဲ လြန္းထက္သာ ၏ စိတ္ေစာမႈေၾကာင့္ ခုလိုၾကားရက္မွာ ေရာက္လာခဲ့ျခင္းျဖစ္သည္။

အရင္ဦးဆုံးဘုရားကို အရင္ဝတ္ျပဳလိုက္ၿပီး ေမြးေန႕ေထာင့္ေတြမွာ ေရသပၸါယ္ကာ ပန္းကပ္လိုက္သည္။ ထို႔ေနာက္ အရိပ္ရရအေဆာင္တစ္ခုတြင္ ဝင္ေရာက္နားခိုရင္း
"အစ္ကို"
"ဗ်ာ.."

ေစတီေတာ္ေပၚသို႔ေမာ္ၾကည့္ကာ ထူးစစ္ေသာ္ ေတြးစစေခၚလိုက္သည္။
"ေက်းဇူးတင္ပါတယ္...ကြၽန္ေတာ့္အနားမွာ ရွိေနေပးလို႔။ ၿပီးေတာ့ ကြၽန္ေတာ့္ကိုလဲ ခုလိုေတြႀကိဳးစားၿပီး အနားမွာေခၚထားေပးလို႔"

"မလိုပါဘူး...ကိုယ္ကသာ မင္းကိုေက်းဇူးတင္တာ။ ခုလိုေဘးမသီ ရန္မခပဲ ကိုယ့္ေဘးကိုျပန္ေရာက္လာေပးလို႔"

"ဆန္းၾကယ္သားေနာ္...ကြၽန္ေတာ္ေလ အရင္တုန္းကတည္းက အစ္ကို႔ကို သိပ္သေဘာက်ေနခဲ့တာ...အစ္ကို ကြၽန္ေတာ့္ကို ျပန္သေဘာမက်ခင္ကတည္းက။ ၿပီးေတာ့ ကြၽန္ေတာ္ Death ဆီမွာ ရွိစဥ္တုန္းက အစ္ကို႔ကိုျပန္ေတြ႕ရေတာ့ ေတာ္ေတာ္ေပ်ာ္သြားတယ္။ ကြၽန္ေတာ္ေလ ျပန္မေတြ႕ရေတာ့ဘူးမွတ္တာ"

"ကိုယ္လဲ အဲ့တုန္းက ညီ့ကိုျပန္ေတြ႕တာ အရမ္းေပ်ာ္ခဲ့တယ္။ ကိုယ္ေလ ညီ့ကို ရွာခဲ့တာ ဘယ္လိုမွမေတြ႕ဘူး...အရမ္းလဲ စိတ္ပူေနခဲ့တာ"

တစ္ဦးမ်က္ႏွာတစ္ဦးၾကည့္ၿပီး အၿပဳံးပန္းေတြေဝဆာေနခ်ိန္
'ဂြီ.....'ဆိုတဲ့အသံေၾကာင့္ ႏွစ္ေယာက္သားၿပိဳင္ရယ္မိသြားသည္။

"ဗိုက္ဆာေနၿပီလား"
"ဟီးးးဟုတ္" သြားတန္းေလးေတြေပၚတဲ့အထိၿပဳံးရယ္ျပသူေၾကာင့္ လြန္းထက္သာ သေဘာက်သြားကာ ေခါင္းေလးကိုပြတ္ရင္း
"ဘာစားမလဲ"

"မုန့္ဟင္းခါး...."
"Ok သြားမယ္"

လမ္းေဘးနားမွာေရာင္းတဲ့ မုန့္ဟင္းခါးမွ စားခ်င္ေနသူေၾကာင့္ လြန္းထက္သာ ရွာရျပန္သည္။ ေနာက္ဆုံးေတာ့ လူေတြစည္ေနတဲ့ လမ္းေဘးနားက မုန့္ဟင္းခါးဆိုင္မွာ ႏွစ္ေယာက္သား အားရပါးရ ထိုင္စားေတာ့သည္။

ၿပီးေနာက္ အိမ္အတြက္လဲ ဝယ္စရာရွိတာမို႔ Market ထဲသို႔ဝင္ကာ ေစ်းဝယ္ထြက္ၾကေလသည္။
ေန႕ခင္းလဲေရာက္ေနၿပီမို႔ ထူးစစ္ေသာ္ သေဘာအတိုင္း Hot pot ဆိုင္သို႔ဝင္ကာ စားၾကေလသည္။

ပူပူစပ္စပ္ကိုမွ တရႉးရႉးစားေနသူေၾကာင့္ လြန္းထက္သာ လဲ အေအးခြက္ကိုင္ကာ ဂ႐ုစိုက္ေနရသည္။ တားခ်င္ေသာ္လဲ စားေနရေသာေၾကာင့္ စိတ္ခ်မ္းသာေနပုံေပၚတာေၾကာင့္ မတားရက္ျပန္.....

စားေသာက္ၿပီးတာနဲ႕ Games စက္ေတြနားေရာက္သြားကာ ႏွစ္ေယာက္သား အားရပါးရေဆာ့ၾကျပန္သည္။

ၿပဳံးရယ္ရင္း ကေလးတစ္ေယာက္ပမာ ျဖစ္သြားေသာ ထူးစစ္ေသာ္ ကိုၾကည့္ရင္း လြန္းထက္သာ မွာ ပီတိေတြျဖစ္ေနေလသည္။

ေဆာ့လို႔လဲဝေကာ ဗိုက္က တစ္ဖန္ျပန္ဆာလာေသာေၾကာင့္ စားခ်င္တာေလးေတြ ရွာဝယ္ၿပီး ေနာက္ဆုံးေနရာျဖစ္တဲ့ အင္းယားကန္သို႔....

ေရွ႕ကေနေျပးကာ ခုံေနရာဝင္ဦးေသာသူေၾကာင့္ လြန္းထက္သာ ၾကည့္ရင္းရယ္မိသြားျပန္သည္။ မိမိကေတာ့ သူစားမယ္ဆိုတဲ့ မုန့္ေတြကို ဘယ္ညာဆြဲကာ အေနာက္ကေန လိုက္ရသူပင္....

ေနရာရတာနဲ႕ ပါလာသမွ် ပါဆယ္မုန့္ေတြကို တျမဳပ္ျမဳပ္စားေနေသးသည္။ လြန္းထက္သာ ကေတာ့ ေဘးကေန လိုတာေတြလုပ္ေပးေနတဲ့သူႀကီးေပါ့...

စားလို႔ဝတာနဲ႕ လြန္းထက္သာ ပုခုံးေပၚေခါင္းမွီကာ
"ဗိုက္ကားသြားၿပီ..."
"ဒါဆိုေရာ့..." ဆိုၿပီး ဘယ္အခ်ိန္ကတည္းကရွိလဲမသိတဲ့ အစာေၾကေဆးကိုထုတ္ေပးေလသည္။

"ဟင္..."
"အဲ့ေလာက္စားထားတာ ရင္ျပည့္ရင္ကယ္ျဖစ္မွာဆိုးလို႔။"

"ဟီး အစ္ကို သိပ္ေတာ္တာပဲ"

ပုခုံးေပၚေခါင္းမွီကာ ကန္ေရျပင္ရဲ႕အလွတရားကို ေငးေမာၾကည့္ေနရင္း...
"ညီ....သဘက္ခါက်ရင္ အစ္ကို Dinner ပြဲတစ္ခုသြားစရာရွိတယ္"

"အင္း...သြားေလ"
"ညီလဲလိုက္ရမွာ"

"ဟင္...အဆင္ေျပပါ့မလား...."
"ေျပတာေပါ့"

"ဘာပြဲမို႔လို႔လဲ အစ္ကိုနဲ႕ ကြၽန္ေတာ္နဲ႕ကိုပူးတြဲေတာင္သြားရမွာဆိုေတာ့"
"အဲ့တာေတာ့ ေရာက္ရင္သိလိမ့္မယ္...."

လွ်ို႔ဝွက္ေနေသာ လြန္းထက္သာ ေၾကာင့္ ထူးစစ္ေသာ္ လဲ မ်က္ေစာင္းသာထိုးလိုက္ေလသည္။

ႏွစ္ေယာက္သားလဲ ေမွာင္မွ အိမ္သို႔ျပန္လာကာ ထူးစစ္ေသာ္ ရဲ႕ အထူးလက္ရာႏွင့္ ေခါက္ဆြဲျပဳတ္စားဖို႔ေ႐ြးခ်ယ္လိုက္သည္။

ေခါက္ဆြဲသားႏူးႏူးညံညံေလးျဖစ္ေအာင္ ျပဳတ္လိုက္ၿပီး အရသာမႈန့္၊ ၾကက္ဥကာက်က္၊ ၾကက္သားလုံးႏွင့္ ပုစြန္ ေတြပါထပ္ထည့္လိုက္ေသာေၾကာင့္ ေခါက္ဆြဲက စားခ်င္စရာေကာင္းသြားေလသည္။

တစ္ေယာက္ထဲေနခဲ့ေသာ ထူးစစ္ေသာ္ လဲ ခ်က္ျပဳတ္ရာမွာ ကြၽမ္းက်င္ေသာေၾကာင့္ လြန္းထက္သာ ေတာ့ အႀကိဳက္ေတြ႕ေနေလသည္။

စားေသာက္ၿပီးတာနဲ႕ ဝရန္တာမွာ ထူးစစ္ေသာ္ ထိုင္ေနတုန္း ဝိုင္ျဖဴပုလင္းႏွင့္ခြက္ႏွစ္ခြက္ကိုယူလာကာ လြန္းထက္သာ လဲ ဝင္ထိုင္ေလသည္။ ဝက္သားျပားေၾကာ္ကိုလဲ အဆင္သင့္ယူလာေပးေလသည္။

"ေသာက္မယ္မွတ္လား"
"အင္း...ေသာက္မွာေပါ့..."

ဝိုင္ျဖဴကို ခြက္ထဲငွဲ႕လိုက္ကာ ထူးစစ္ေသာ္ ကိုကမ္းေပးေတာ့
"Cheer...."
"Cheer..."

ခြက္တစ္ဝက္ေလာက္ထိ ထူးစစ္ေသာ္ ေမာ့ေသာက္လိုက္ကာ
"အားးး ေကာင္းခ်က္ပဲ...."
"ေရာ့...ဒါေလးစားလိုက္..."

ဝက္သားျပားေက်ာ္ကို ခြံ႕ေကြၽးလိုက္ေတာ့ တကြၽတ္ကြၽတ္နဲ႕ ဝါးစားေနေလသည္။
လြန္းထက္သာ လဲ ၾကည့္ကာ အသည္းေသာေၾကာင့္ ပါးေလးကို ႐ႊတ္ခနဲနမ္းလိုက္မိသည္။

႐ုတ္တရက္ မို႔ ထူးစစ္ေသာ္ လဲလန့္သြားကာ ေနာက္မွ ၿပဳံးသြားေလသည္။

ေသာက္လိုက္စားလိုက္ ဟိုေရာက္ဒီေရာက္ စကားေျပာလိုက္နဲ႕ ေနာက္ဆုံးေတာ့ ထူးစစ္ေသာ္ ပါးေလးေတြမို႔ကာ ရဲတဲ့အျဖစ္သို႔ ေရာက္သြားေလၿပီ...

ဒါကိုၾကည့္ရင္း
"ညီ...သြားအိပ္ေတာ့မလား..."
"ဟင့္...အင္း...အိပ္ခ်င္ေသးဘူးေသာက္ဦးမွာ..."

"ေတာ္ၿပီ မ်ားေနၿပီ ညီပဲေသာက္ေနတာ ႏွစ္ပုလင္းေက်ာ္ေနၿပီ ခုဆို သုံးပုလင္းေျမာက္ကုန္ေတာ့မယ္.."
"ဟြန့္..ၿပီးေရာ မေသာက္ေတာ့ဘူး..."

ဆိုၿပီး ေဘးကပ္ထိုင္ေနကေန လြန္းထက္သာ ေပါင္ေပၚသို႔ ကားယားခြထိုင္လိုက္ကာ ရင္ခြင္ထဲဝင္တိုးလာေလသည္။

လြန္းထက္သာ လဲ ေအာက္ပိုင္းက ထိကပ္သြားေသာအရာႏွစ္ခုေၾကာင့္ ဓာတ္လိုက္သလိုေတာင့္ခဲသြားေလသည္။
"ညီ..."
"အစ္ကို ..... ကြၽန္ေတာ္ တို႔လဲ လျပည့္ဝန္း တို႔လို ကေလးေလးယူရေအာင္"

"ဟင္..." လြန္းထက္သာ နားၾကားပဲမွားေလသလား မ်က္လုံးအစုံေတာင္ျပဴးက်ယ္သြားေလသည္။ ရင္ဘက္ထဲကေကာင္ေလးကေတာ့ သူမဟုတ္သလိုပဲ မ်က္လုံးဝိုင္းဝိုင္းေလးနဲ႕ျပန္ၾကည့္လာရွာသည္။

"ေနာ္လို႔..."
"ဟို...ႁပြတ္.." ထူးစစ္ေသာ္ ဆိုတဲ့လူသားေလးက အရင္လွမ္းနမ္းေသာေၾကာင့္ လြန္းထက္သာ စိတ္ေတြမထိန္းနိုင္ေတာ့...

"ဟိုေလ...အြန္းးး" လြန္းထက္သာ ဆက္ေျပာလို႔မရေအာင္ အနမ္းေတြနဲ႕ ပိတ္ပင္လိုက္ေသာေၾကာင့္ ဘာမွဆက္မေျပာနိုင္...

ဒီလိုၾကာလာေသာေၾကာင့္ လြန္းထက္သာ လဲ မထိန္းနိုင္ေတာ့ဘဲ ခါးေလးကိုတင္းေနေအာင္ျပန္ဖက္လိုက္ကာ ဦးေဆာင္အနမ္းမ်ားေပးေနမိေတာ့သည္။

ခၾကာအၾကာ ထူးစစ္ေသာ္ ဆီမွ တန္ျပန္အနမ္းမရေတာ့ေသာေၾကာင့္ ၾကည့္လိုက္မိေတာ့ သူေလးက မ်က္လုံးေလးေတြမွိတ္ကာ အိပ္ေပ်ာ္သြားေလၿပီ...

ဒီအတိုင္းႀကီး က်န္ေနခဲ့ေသာ လြန္းထက္သာ မွာ ကိုယ့္အျဖစ္ေၾကာင့္ ေၾကာင္ေတာင္ေတာင္ သာ က်န္ခဲ့ရေတာ့သည္။

ေနာက္ေတာ့ သူကိုယ္တိုင္ဘဲ ေပြ႕ခ်ီကာ အိပ္ဖို႔ေခၚသြားရေတာ့သည္။
"ေတာ္ေတာ္မလြယ္တဲ့ဟာေလး....Good night ..."

______________

15.11.22
Khine Lay

ၿပီးခါနီးၿပီမို႔ ဒီန႕ကစၿပီး တစ္ေန႕တစ္ပိုင္းတင္ေပးပါမယ္..........
ခုခ်ိန္ထိဖတ္လာေပးေသာ တစ္ေယာက္ခ်င္းဆီကိုလဲ ေက်းဇူးတင္ပါတယ္
Voteေလးေတြကလဲ ကိုယ့္အားေဆးျဖစ္ခဲ့တယ္

Continue Reading

You'll Also Like

135K 27.5K 81
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
6.7K 235 33
My First invention 🤗 (7 Aug 2021)
3.5K 185 18
Sequel to Raised by Moony and Padfoot, and The Socercers Stone:Raised by Moony and Padfoot. Part 3 of the extended AU As Harry begins to learn more...
41.8K 1.5K 34
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...