အသုံးမကျသောအိမ်ထောင်သည်ခင်ပွန...

De Little_taro00

939K 64.9K 2.8K

ပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင... Mais

Description
Chapter 1_U
Chapter 1 _ Z
Chapter 2_U
Chapter 2_Z
Chapter 3_U
Chapter 3_Z
Chapter 4_U
Chapter 4_Z
Chapter 5_U
Chapter 5_Z
Chapter 6_U
Chapter 6_Z
Chapter 7_U
Chapter 7 _ Z
Chapter 8_U
Chapter 8_Z
ပုံအကြမ်း
Chapter 9_U
Chapter 9_Z
Chapter 10_U
Chapter 10_Z
Chapter 11_U
Chapter 11_Z
Chapter 12_U
Chapter 12_Z
Chapter 13_U
Chapter 13_Z
Chapter 14_U
Chapter 14_Z
Chapter 15_U
Chapter 15_Z
Chapter 16_U
Chapter 16_Z
ပုံအကြမ်း -2
Chapter 17_U
Chapter 17_Z
Chapter 18_U
Chapter 18_Z
Chapter 19_U
Chapter 19_Z
Chapter 20_U
Chapter 20_Z
Chapter 21_U
Chapter 21_Z
Chapter 22_U
Chapter 22_Z
Chapter 23_Z
Chapter 24_U
Chapter 24_Z
Chapter 25_U
Chapter 25_Z
Chapter 26_U
Chapter 26_Z
Chapter 27_U
Chapter 27_Z
Chapter 28_U
Chapter 28_Z
Chapter 29_U
Chapter 29_Z
Chapter 30_U
Chapter 30_Z
Chapter 31_U
Chapter 31_Z
Chapter 32_U
Chapter 32_Z
Chapter 33_U
Chapter 33_Z
Chapter 34_U
Chapter 34_Z
Chapter 35_U
Chapter 35_Z
Chapter 36_U
Chapter 36_Z
Chapter 37_U
Chapter 37_Z
Chapter 38_U
Chapter 38_Z
Chapter 39_U
Chapter 39_Z
Chapter 40_U
Chapter 40_Z
Chapter 41_U
Chapter 41_Z
Chapter 42_U
Chapter 42_Z
Chapter 43_U
Chapter 43_Z
Chapter 44_U
Chapter 44_Z
Chapter 45_U
Chapter 45_Z
Chapter 46_U
Chapter 46_Z
Finale-Chapter 47_U
Finale-Chapter 47_Z
♥‿♥
အချပ်ပို - ၁ (U)
အချပ်ပို- ၁ (Z)
အချပ်ပို - ၂ (U)
အချပ်ပို - ၂ (Z)
ခန့်ကဲကဲသဲသဲညိုတို့မိသားစုနှင့် ပတ်သက်သော

Chapter 23_U

13.3K 1.1K 42
De Little_taro00

"အကိုရေ ရေမြန်မြန်ချိုးတော့ ... ဒီနေ့မြို့ပေါ်တက်မယ်ဆို ... အဲ တံမြက်စည်းလှည်းတာ နောက်မှလုပ်လို့ရတယ် ... ကားနောက်ကျနေမယ်"

မြတ်လေးက ရေချိုးပြီးနောက် အိပ်ခန်းထဲဝင်ကာ အဝတ်အစားမဝတ်ခင် ခြံဝန်းထဲတွင် တံမြက်စည်းလှည်းနေသော ယောက်ျားဖြစ်သူကို လှမ်းသတိပေးသည်။

ခန့်မင်းညိုက ခုနစ်အိမ်ကြား ရှစ်အိမ်ကြားအသံဖြင့် အိမ်ရှေ့မှ လှမ်းပြောလာသည်။

"ဟုတ်ကဲ့ပါ ကို့ကိုအချစ်ရေ ... ဒါလေး လက်စသတ်ပြီးရင်ပြီးပြီ"

အိပ်ခန်းထဲမှ မြတ်လေးကတော့ ယောက်ျားဖြစ်သူ၏ ပါးစပ်ကို အပြေးသာလှမ်းပိတ်ချင်မိသည်။

ဒီလူကြီးရဲ့ ကဲသဲမှုက တစ်နေ့တစ်ခြားပိုပိုဆိုးလာသည်။

သူစိတ်ကူးပေါက်တိုင်း ကိုကို့အချစ်လေး ၊ ကိုကို့အချစ်ရေ ဟု ခုနစ်အိမ်ကြားရှစ်အိမ်ကြား အသံဖြင့် အော်ခေါ်တတ်သည်။

မြတ်လေးက ထိုသို့ အသံကျယ်ကျယ်ဖြင့် အော်မပြောရန် တားလျှင်လည်း

"ဘာဖြစ်လဲ ကိုယ့်ခင်ပွန်းကိုယ် ချစ်လို့ခေါ်တဲ့ဟာ မကျေနပ်ရင် သူတို့လည်း သူတို့ခင်ပွန်းတွေ ဇနီးတွေကို ကိုယ့်လိုလိုက်ခေါ်ပေါ့ ... ခေါ်စရာမရှိရင်တော့ မတတ်နိုင်ဘူး ကြိတ်အားကျနေလိုက်ပေါ့" ဟု ပြန်လည်ချေပတတ်သေးသည်။

ခန့်မင်းညိုက လှည်းလက်စနေရာကို တံမြက်စည်းအမြန်လှည်းကာ လက်စသတ်လိုက်ပြီး ရေချိုးရန်ပြင်ဆင်တော့သည်။

ယခုအချိန်က ခဲရင်ရွာ ဘုရားပွဲပြီးဆုံးပြီးနောက် နှစ်လနီးပါးကြာပြီဖြစ်သည်။

ခဲရင်ရွာဘုရားပွဲနောက်ဆုံးရက်တွင် ခန့်မင်းညိုက ဘုန်းမိုရ်၏ မြို့ပေါ်ကခြံတွင် အထပ်မြင့် အဆောက်အဦးဆောက်ရန် ကမ်းလှမ်းချက်ကို လက်ခံကြောင်း ဘုန်းမိုရ်အားပြောခဲ့သည်။

ဘုရားပွဲနောက်ဆုံးရက် ဈာန်၏သတိပေးချက်အရ ခန့်မင်းညိုကြိုတင်သတိထားကာနေခဲ့သောကြောင့် မီးလောင်ခြင်းဖြစ်ရပ်အား ကြိုတင်တားဆီးနိုင်ခဲ့သည်။

ခန့်မင်းညိုက ဘေးအိမ်အားမသိမသာစောင့်ကြည့်အကဲခတ်နေစဉ် နေ့လည် ၁၁ နာရီခန့်တွင် ဘေးအိမ်၏ မီးဖိုချောင်မှ စတင်မီးစွဲလောင်သည်ကိုတွေ့လိုက်ရသည်။

ခန့်မင်းညိုက မီးလောင်နေတယ် ဟုအော်ပြီး ရေပုံးဆွဲကာ အပြေးအလွှားမီးငြိမ်းသတ်ခဲ့သည်။

ခန့်ညား၊ မင်းသူရ၊ ဘုန်းမိုရ်နှင့် အနီးအနားပတ်ဝန်းကျင်များမှ လူများမှာ ခန့်မင်းညို၏ အော်သံကြောင့် ရေပုံးများဆွဲကာ အပြေးအလွှားမီးငြိမ်းသတ်လိုက်ကြရာ မီးသိပ်မကြီးခင် အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ရသည့် အကြောင်းအရင်းမှာ ထမင်းအိုးတည်ရာမှ လောင်ကျွမ်းခြင်းဖြစ်ပြီး မီးငြိမ်းပြီး အတော်ကြာသည်အထိ ဘေးအိမ်မှအိမ်ရှင် မတင်မာဝင်းနှင့် ကလေးနှစ်ယောက်ကဘယ်သွားနေမှန်းမသိ။ အိမ်တွင်မရှိကြပေ။

မတင်မာဝင်း၏ အမျိုးသားက ခဲရင်ရွာအနီးက ယာတောများတွင် နေ့စားအလုပ်လုပ်နေသူဖြစ်ပြီး တစ်နေကုန်မရှိ။

ပုံမှန်ဆို ဘေးအိမ်တွင် မတင်မာဝင်းနှင့် ကလေးနှစ်ယောက်က အမြဲရှိသည်။

မတင်မာဝင်းနှင့် ကလေးနှစ်ယောက်ပြန်ရောက်လာတော့ သူကြီးလည်းရောက်နေပြီဖြစ်ပြီး မီးလောင်မှုဖြစ်သည့်အကြောင်း မတင်မာဝင်းအားပြောပြရင်း မတင်မာဝင်းအားမေးမြန်းရာမှ မတင်မာဝင်းက သူ့သားအငယ် ဆော့ရင်း သစ်ပင်ပေါ်က ပြုတ်ကျတာကြောင့် ရွာဆေးခန်းသို့သားနှစ်ယောက်လုံးခေါ်ကာ အပြေးသွားပြတာမို့ ထမင်းအိုးတည်ခဲ့သည်ကို သားဇောဖြင့် မေ့သွားခဲ့ကြောင်း ပြောပြခဲ့သည်။

မတင်မာဝင်းက ခန့်မင်းညိုကြောင့် အချိန်မှီမီးငြိမ်းသတ်နိုင်ပြီး မီးဖိုချောင်မှ အချို့နေရာများသာလောင်သွားတာကြောင့် ခန့်မင်းညိုအား ကျေးဇူးတင်ကြောင်း ငိုရင်း အထပ်ထပ်အခါခါ ပြောခဲ့သည်။

သူကြီးကတော့ မတင်မာဝင်းအား မီးပေါ့ဆမှုကြောင့် ဒဏ်ရိုက်ခဲ့သည်။

ဘုရားပွဲပြီးဆုံးပြီး နှစ်ပတ်အကြာတွင်တော့ မြို့ပေါ်ကခြံတွင် ဦးပြည့်ဖြိုးက ဆောက်လုပ်ရေးလုပ်ငန်းများစတင်ခဲ့သည်။

ထိုအချိန်ကစပြီး ခန့်မင်းညိုလည်း မြို့ပေါ်သို့ တစ်ပတ်နှစ်ခါလောက်သွားကာ ဆိုင်ခန်းများနှင့် အဆောက်အဦးဆောက်လုပ်နေခြင်းအခြေအနေကို သွားရောက်ကြည့်ရှုလေ့ရှိသည်။

ဦးပြည့်ဖြိုး၏ အလုပ်သမားများက စိတ်ချရပြီး အလုပ်ကိုပေါ့ပေါ့တန်တန်မလုပ်။

စေတနာပါကာ သေချာလုပ်ကိုင်ပေးကြသည်။

ထို့ကြောင့်လည်း ခန့်မင်းညိုက သူသွားသည့် အခေါက်တိုင်း အလုပ်သမားများ နေ့လည်နေ့ခင်းစားရန် သွားရည်စာမုန့်များစီစဉ်ပေးသည်။

ဒီနေ့တော့ သူနှင့် အတူ မြတ်လေးနှင့် ခန့်ညားပါ မြို့ကိုသွားကြမည်ဖြစ်သည်။

မြို့သို့ရောက်လျှင် အရင်ဆုံး ဘကြီး၏ လက်ဖက်ရည်ဆိုင်သို့သွားရမည်ဖြစ်သည်။

ကိုဈာန်က လွန်ခဲ့သည့်တစ်လကပင် ကိုဘုန်းမိုရ်နှင့်တွဲနေပြီဖြစ်ကြောင်းမိဘများအား အသိပေးခဲ့သည်။

ကိုဈာန်အသိပေးပြီးနောက်တစ်ပတ် ကိုဘုန်းမိုရ်က သူ့မိဘများနှင့်အတူ ရွာသို့ရောက်လာခဲ့ပြီး ကိုဈာန့်အား လူကြီးစုံရာရှေ့မှာပင် မိသားဖသားပီပီလာရောက်တောင်းရမ်းခဲ့သည်။

ခန့်မင်းညိုက ဟိုအမျိုးသမီးနှင့် ကိုဈာန်၏ ပြောပြထားမှုကြောင့် ကိုဈာန်ပြန်လည်မမွေးဖွာမီအချိန်က ကိုဘုန်းမိုရ်၏ ကိုဈာန့်အပေါ်ထားရှိသည့် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ချစ်ခြင်းမေတ္တာအတိမ်အနက်အားသိနေသူဖြစ်ရာ ကိုဘုန်းမိုရ်နှင့်ဆိုလျှင် သူ့ညီအား စိတ်မချစရာအကြောင်းမရှိပေ။

ကိုဘုန်းမိုရ်နှင့် ကိုဈာန်၏ လက်ထပ်ပွဲအား ကိုဈာန်စာမေးပွဲပြီးပြီးချင်းဖြစ်သည့် ဒီလကုန်တွင်ကျင်းပမည်ဖြစ်သည်။

ဒီနေ့ ခန့်မင်းညိုက ကိုဘုန်းမိုရ်၊ ကိုဈာန် တို့နှင့် အတူ မင်္ဂလာဆောင်တွင် ဝတ်ရန် ဝတ်စုံသွားရွေးကြမည်ဖြစ်ပြီး ထိုမှ အပြန်တွင်တော့ သူ့ခြံသို့သွားကာ ဆောက်လုပ်ရေးအခြေအနေကို ဝင်ကြည့်မည်ဟု ကြံရွယ်ထားသည်။

ကိုဘုန်းမိုရ်နှင့် ကိုဈာန်တို့က ဘကြီးဆိုင်တွင် စောင့်နေကြမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ခန့်မင်းညိုတို့ဝတ်စုံရွေးမည့်နေရာသို့သွားကြမည်ဖြစ်သည်။

သားဖြစ်သူမြတ်မင်းမောင်ကိုတော့ ထုံးစံအတိုင်း သူ့အဖိုးအဖွားများထံတွင်သာ အပ်ထားခဲ့ရမည်ဖြစ်သည်။

ခန့်မင်းညို ရေချိုးကာ အဝတ်အစားလဲပြီးထွက်လာတော့ မြတ်လေးနှင့် ခန့်ညားက အဆင်သင့်ပင်ဖြစ်နေပြီ။

ခန့်ညားက ကလေးပစ္စည်းများစုံနေအောင် ထည့်ထားသော ခြင်းတောင်းကို ကိုင်ထားပြီး မြတ်လေးကတော့ မြတ်မင်းမောင်ကို ပွေ့ချီထားကာ သူ့အားစောင့်နေကြသည်။

ခန့်မင်းညိုက မြတ်လေးဆီသို့ အလျင်အမြန်သွားလိုက်ကာ ပြောလိုက်၏။

"သားကို ကိုယ်ချီလိုက်မယ် ပေး"

မြတ်လေးကလည်း သူ့ယောက်ျားအကြောင်းနောကြေနေပြီမို့ သားအား ခန့်မင်းညိုလက်ထဲသို့ထည့်ပေးလိုက်သည်။

အကို ရေချိုးခန်းအတွင်းသို့ ဝင်သွားမှ သားက နိုးလာသည်မို့ ဒီမနက်ခင်း သားနှင့်အကို မတွေ့ရသေး။

ခြောက်လထဲဝင်လာသည့်သားက အနည်းငယ်သိနေပြီမို့ လက်သာသည့် အကို့နား အခြားသူများထက်ပိုကပ်သည်။

မနက်မိုးလင်းတိုင်းမြတ်မင်းမောင် နိုးလာပြီဆိုပါက အကိုက ခန့်ညားဆီမှ သားကိုခေါ်ကာ သားအဖနှစ်ယောက်ဆော့ကြသည်။

သားက အခုဆို ထိုင်နိုင်နေပြီဖြစ်ပြီး လေးဖက်ထောက်ပင် စမ်းနေပြီဖြစ်သည်။

ဝမ်းလျားထိုးကတော့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီး တွေ့ကရာပစ္စည်းပါးစပ်ထဲ ကောက်ထည့်တတ်သည့်အရွယ်မို့ အိမ်မှ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ မျက်စေ့ထောင့်ထောက်လိုက်ကြည့်နေရသည်။

အကိုနှင့် ဆော့တိုင်း တခစ်ခစ်ရယ်နေတတ်သည့်သားက အောက်သွားနှစ်ချောင်းပေါက်နေပြီမို့ အလွန်ချစ်ဖို့ကောင်းသည်။

ပါးစပ်ကလည်း တဘူးဘူးနှင့် မှုတ်နေတတ်ပြီး ချိုင်းအောက်မှကိုင်ထားပြီးသူ့အားမတ်တပ်ရပ်ခိုင်းပါက ခုန်ဆွ ခုန်ဆွပင်လုပ်နေတတ်သည်။

အကိုကတော့ သားအား ထိုသို့ခုန်ဆွ ခုန်ဆွလုပ်ခိုင်းရင်း ပြောလာသည်။

ထိုသို့ ကလေးအား ခုန်ဆွ ခုန်ဆွလုပ်ခိုင်းခြင်းက ကလေးခြေထောက်ကြွက်သားများအားပိုသန်မာစေသည်တဲ့။

သားအား အကိုက မြတ်မင်းမောင် သို့မဟုတ် ဖေကြီးပူကြူကြူးလေးရေ ဟုခေါ်လိုက်ပါက သူ့အားခေါ်မှန်းသားက သိနေပြီဖြစ်သည်။

အကိုကတော့ သားကိုအသေအချာဂရုစိုက်ကာထိန်းတတ်သည်။

သားအတွက်ဖြည့်စွက်စာများကိုလည်း အကို ကိုယ်တိုင်ပြုလုပ်စီမံပေးသည်။

သားက အခုဆို အကိုစိတ်ရှည်ရှည်နှင့် ဂရုစိုက်ကာသင်ပေးသဖြင့် ချိုမိုင်မိုင်ကစားတတ်၊ လက်ခုပ်တီးတတ်နေပြီဖြစ်သည်။

အကိုက သူ့ခေါင်းအား စောင်ဖြင့်အုပ်ပြီး တူတူရေ ... ဝါး ဟုဆိုလိုက်လျှင် သားက စောင်ကိုဆွဲချကာသူ့အဖေအားရှာတတ်နေပြီဖြစ်သည်။

အကို၏ ဖေကြီးပူကြူးကြူးလေးရေ ဟု ခေါ်သည့်အသံကိုကြားပါက သားက ခေါင်းထောင်ကြည့်ပြီး သူ့အဖေအားခေါ်ခိုင်းတော့သည်။

မြတ်လေးက တစ်ခါက စနောက်ပြီး "အကို ဒီလောက် ကလေးထိန်းတာနဲ့ ပတ်သတ်ပြီးကျွမ်းကျင်နေတာ အကို့မှာကလေးရှိခဲ့လို့လား" ဟု အကို့ကိုမေးဖူးသည်။

အကိုက ခပ်ဟဟရယ်လိုက်ရင်း "ကြံကြီးစည်ရာဗျာ ဒီက မသေခင်အချိန်ထိ လူပျိုနုနုထွတ်ထွတ်လေးပါ ... ကလေးအကြောင်းကိုသိတယ်ဆိုတာကလည်း ဘေးအိမ်က အမြွှာနှစ်ယောက်ကို ထိန်းကူရင်း ကိုယ်တိုင်ကလည်း ကလေးချစ်တတ်လို့ သေချာလေ့လာခဲ့တာ" ဟု ပြောပြခဲ့သည်။

အခုလည်း မြတ်လေးလက်ထဲမှ ကလေးကိုပွေ့သွားပြီးနောက် အကိုက သားကို မြူနေပြန်သည်။

သားကလည်း သူ့ဖေကြီးလက်ထဲ သိပ်မသွားချင်ရှာ။ မြတ်လေး လက်ထဲမှာကတည်းက အကို့ကိုမြင်တာနှင့် အသံများပေးကာ သူ့ဖေကြီးဖက်သို့ ကော့လန်ထိုးနေတာဖြစ်သည်။

"ဖေကြီးပူကြူကြူးလေးက ဖေကြီးကို လွမ်းနေတာလား"

"အာ ယာ ယာ အား ယာ"

စပါပြီ။ ကဲကဲသဲသဲ သားအဖနှစ်ယောက်၏ လွမ်းချင်းတစ်ဖြတ်။

အဖေကလည်း ပြောချင်ရာပြော။ သားကလည်း ပြောချင်ရာပြော။

နှစ်ယောက်သားကတော့ သူ့ဟာနှင့်သူဟုတ်နေတာပင်။

ကဲကဲသဲသဲသားအဖနှစ်ယောက်က စကားတပြောပြောဖြင့် အိမ်ရှေ့ထွက်သွားပြီးနောက် မြတ်လေးနှင့် ခန့်ညားကတော့ တစ်ယောက်နှင့်တစ်ယောက်ကြည့်မိပြီး ပြိုင်တူပင်ခေါင်းခါမိလိုက်ကြသည်။

'အကဲနှစ်ယောက်ရဲ့ ကဲသဲမှုဒဏ်ကို ပျော်ပျော်ကြီးခံကြတာပေါ့'

မြတ်လေးနှင့် ခန့်ညားက အိမ်တံခါးများသော့ခတ်ပြီး ခြံအပြင်ထွက်လာတော့ ခြံရှေ့တွင် ဟိုသားအဖနှစ်ယောက်က စောင့်နေသည်။

မြတ်မင်းမောင်ကလည်း အိမ်ပြင်ထွက်ရမှာသိသည့်အလား တက်ကြွနေ၏။

အဖေတို့အိမ်သို့ရောက်တော့ ခန့်မင်းညိုက ဒေါ်သက်မာအား ကလေးဖြည့်စွက်စာအတွက် သေချာမှာနေသည်။

"သိပါပြီ သားကြီးရယ် အမေလည်း အခုမှ စလုပ်မှာမဟုတ်ပါဘူး ... မြေးကို ကျွေးတာ သုံးလေးခေါက်မကတော့ဘူး အမေမှတ်မိပါတယ် ... တကယ်တည်း"

"ဟုတ်ကဲ့ပါဗျာ ကျွန်တော်က မမှတ်မိမှာစိုးလို့ပါ ... အမေ ကလေးက တွေ့ကရာပစ္စည်းတွေ ပါးစပ်ထဲ ကောက်ထည့်မှာစိုးလို့ သေချာကြည့်ပေးဦးနော်"

ဘေးက ဦးမင်းညိုကပါ မနေနိုင်တော့ပဲ ဝင်ပြောလာသည်။

"ကဲ သားကြီး အဖေလည်းရှိတယ် မင်း သား ဘာမှမဖြစ်စေရဘူး ... သေချာဂရုစိုက်ပါ့မယ် ... စိတ်ချလက်ချသာ သွားစမ်းပါ"

ခန့်မင်းညိုက သူ့သားပါးကို ထပ်ခါထပ်ခါ နမ်းလိုက်သေးသည်။

သားအားသူ့အဖိုးအဖွားအိမ်တွင်ထားခဲ့ပြီးနောက် ခန့်မင်းညိုတို့ လက်ဖက်ရည်ဆိုင်တွင် မနက်စာအရင်စားကြသည်။

မနက်စာစားပြီးနောက်တွင်တော့ ခန့်မင်းညိုတို့ခက်မမြို့သို့သွားသည့် ကားပေါ်သို့တက်ကာ ကားထွက်ရန်စောင့်နေလိုက်ကြသည်။

============

မနက်ရှစ်နာရီခန့်တွင်ဘုန်းမိုရ် ဈာန့်ဘကြီးဆိုင်သို့ရောက်နေပြီဖြစ်သည်။

ဒီနေ့ သူနှင့် ဈာန်၏မင်္ဂလာဆောင်အတွက် ဝတ်စုံသွားရွေးရန် ကိုခန့်တို့နှင့်ချိန်းထားကြသည်။

ကိုခန့်တို့က မနက်ဆယ်နာရီထိုးခါနီးမှ ရောက်မည်ဖြစ်သော်လည်း သူကတော့ အခုကတည်းက ဈာန့်ဆီရောက်နေပြီ။

ဆိုင်ထဲသို့ ဘုန်းမိုရ်ဝင်လာတော့ ဈာန့်ကိုမတွေ့။

ဈာန့်အစ်မဝမ်းကွဲဖြစ်သူ ရွှေရည်ထွန်းနှင့် တွေ့တာကြောင့် ဘုန်းမိုရ် မေးလိုက်သည်။

"ညီမ ဈာန်ရော"

"ဈာန် သူ့အခန်းထဲမှာထင်တယ် ... ဝင်သွားလိုက်လေ"

ဘုန်းမိုရ်က ခေါင်းညိတ်ပြလိုက်ပြီး ဈာန့်အခန်းဆီသို့သွားလိုက်သည်။

ဘုန်းမိုရ်က ဈာန်နှင့် ချစ်သူဖြစ်သည့် နှစ်လနီးပါးအတွင်း ဈာန့်ဘကြီး၏ လက်ဖက်ရည်ဆိုင်သို့ သူအလုပ်အားသည့်အချိန်တိုင်းလာကာ ဈာန့်ကိုလာတွေ့တာကြောင့် ဈာန့်ဘကြီးမိသားစုများနှင့် ရင်းနှီးနေပြီဖြစ်သလို ဈာန့်အခန်းကိုလည်း သိသည်။

ဘုန်းမိုရ်က နှစ်ဖက်မိဘနှင့်လူကြီးစုံရာ၏ရှေ့တွင် ဈာန့်အားတောင်းရမ်းထားကာ မကြာမီတွင် လက်ထပ်မည်ဖြစ်တာကြောင့် ဘကြီးတို့ မိသားစုကလည်း ဘုန်းမိုရ်အားမိသားစုကဲ့သို့သတ်မှတ်ထားပြီး ဘုန်းမိုရ်ဝင်ထွက်နေခြင်းအား တားမြစ်ပိတ်ပင်ခြင်းမရှိ။

"ဒေါက် ဒေါက်"

ဘုန်းမိုရ်က ဈာန့်အခန်းတံခါးကို ခေါက်လိုက်တော့ အထဲမှ ဈာန်က အခန်းတံခါးအား လာဖွင့်ပေးသည်။

တံခါးဖွင့်လိုက်စဉ် ဦးကို တွေ့တာမို့ ဈာန်အနည်းငယ်အံ့ဩသွားပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

"ဦး စောလိုက်တာ ကျွန်တော်က ဒီထက်နည်းနည်းနောက်ကျမှလာမယ်ထင်နေတာ"

ဈာန်က ကုတင်ပေါ်တွင်ထိုင်လိုက်ရင်း အခန်းအတွင်းသို့ဝင်လာပြီး အခန်းတံခါးပိတ်နေသော ဦး အား သေချာကြည့်မိသည်။

များသောအားဖြင့် ဦးက ရှပ်အင်္ကျီလက်ရှည်နှင့် ပုဆိုးကို ဝတ်ဆင်တတ်သော်လည်း ဒီနေ့တော့ ဦးက အနက်ရောင်ဆွယ်တာအင်္ကျီနှင့် ခဲရောင် စတိုင်ပန့်ဘောင်းဘီကို ဝတ်ဆင်ထားတာကြောင့် လူငယ်ဆန်ပြီး ခန့်ညားနေ၏။

သပ်ရပ်စွာဖြီးသင်ထားသော ဆံပင်နှင့် ရွှေကိုင်းမျက်မှန်တို့က ဦး၏မျက်နှာချောချောအား ပိုမိုချောမောစေကာ ပိုမိုပင်စွဲမက်ဖွယ်ကောင်းစေသည်။

ဘုန်းမိုရ်က ဈာန့်အခန်းအတွင်းသို့ ဝင်လိုက်ကာ အခန်းတံခါးအားပိတ်လိုက်ပြီး ပြောလာသည်။

"ကိုယ်က ဈာန့်ကိုလွမ်းလို့ ... တွေ့ချင်လို့ စောစောလာလိုက်တာလေဗျာ "

ဘုန်းမိုရ်၏ စကားကြောင့် ဈာန် ရှက်သွေးဖြာသွားရ၏။

"မနေ့ညနေကမှ ဦးနဲ့ တွေ့သေးတာကို"

"အင်းလေ မနေ့ညနေကတွေ့လည်း ကိုယ်ကတော့ လွမ်းတာပဲ ... ကိုယ့်အမျိုးသားလေးနဲ့ တစ်မိနစ်၊ တစ်စက္ကန့်တောင် မခွဲချင်တာဗျ"

ထိုသို့ပြောကာ ဦးက ကုတင်ပေါ်တွင်ထိုင်နေသော ဈာန့်ဘေးသို့ဝင်ထိုင်လိုက်ပြီး ဈာန့်အား သူ့ရင်ခွင်ကျယ်ကြီးထဲ ထည့်ကာ ပွေ့ဖက်လာသည်။

ပွေ့ဖက်ခံထားရသည့် ဈာန်က ရင်ခွင်ထဲမှပင် ရင်ခွင်ကျယ်ပိုင်ရှင်ကြီးအားပြောလိုက်၏။

"ဦးက အရမ်းအသားယူတာပဲ"

"ဟောဗျာ ကိုယ်ချစ်တဲ့ကိုယ့်အမျိုးသားလေးမို့ အသားယူတာလေဗျာ"

ထို့နောက် ဘုန်းမိုရ်က ရင်ခွင်ထဲမှ ဈာန့်မျက်နှာလေးကို မော့စေကာ ဈာန့်နှုတ်ခမ်းလွှာလေးအား သူ့လက်မဖြင့် ခပ်ဖွဖွပွတ်သပ်လိုက်ပြီး ပြောလာသည်။

"အသားယူတယ်ဆိုမှ ဈာန့်နှုတ်ခမ်းလေးကို အရင်တစ်ပတ်ကတည်းက အခုထိ ကိုယ်မနမ်းရသေးဘူး"

ဈာန် ဦး၏ မျက်မှန်အောက်မှ ရီဝေဝေနှင့် စူးရှသော အကြည့်များကြောင့် မနေတတ်တော့။

ပါးပြင်ဝင်းဝင်းလေးနှင့် နားရွက်လေးများက ရဲတက်လာကာ ပန်းသီးလုံးလေးသဖွယ်ဖြစ်နေသည့် ဈာန့်အား ဘုန်းမိုရ်က ကုတင်ပေါ်သို့လှဲချလိုက်ပြီး အပေါ်ကနေအုပ်မိုးလိုက်သည်။

သူ့အောက်မှ ပက်လက်လေးဖြစ်နေသော ဈာန်က သူ့အားအလန့်တကြားနှင့်ကြည့်နေကာ နှုတ်ခမ်းလွှာလေးကလည်း အနည်းငယ် ပွင့်အာနေသည်။

ပွင့်အာနေသည့် နှုတ်ခမ်းလွှာလေးအား ဘုန်းမိုရ် စွဲလမ်းစွာကြည့်ရင်း သူ့မျက်မှန်ကိုချွတ်ကာ လက်လှမ်းမှီသည့်ခုံပေါ်သို့တင်လိုက်သည်။

ထို့နောက်တွင်တော့ ဘုန်းမိုရ်ခေါင်းငုံ့လိုက်ကာ သူ့စိတ်အစဉ်အား ဆွဲဆောင်ထားသည့် ထိုနှုတ်ခမ်းအစုံကို အသာအယာ ငုံထွေးလိုက်မိ၏။

အပေါ်အောက် တစ်လှည့်စီ စုပ်ယူငုံထွေးရင်း သူ့လျှာဖျားအား ထိုနှုတ်ခမ်းလွှာကြားထဲသို့သွင်းလိုက်ပြီး ခံတွင်းထဲသို့အရောက်သွားစေကာ လှည့်လည်ကစားရင်း ရင်ခွင်အောက်မှကောင်လေး၏ လျှာနုနုလေးကိုပါစုပ်ယူမိသည်။

ဈာန်တစ်ယောက် ဦး၏ ကျွမ်းကျင်လှသောအနမ်းများအား မျက်စိမှိတ်ကာ ခံယူနေရင်း မွေ့ယာအားဆုပ်ကိုင်ထားသောလက်နှစ်ဖက်အားမြှောက်ကာ ဦးလည်တိုင်ကို သိုင်းဖက်လိုက်မိသည်။

နှစ်ယောက်သားနမ်းရှိုက်နေရင်းမှ ဈာန်အနည်းငယ်မောလာသည့်အချိန်တွင် ဦးက အနမ်းများအားရပ်တန့်လိုက်သည်။

အနမ်းများရပ်တန့်သွားပြီးနောက် ဈာန် မျက်ဝန်းအစုံကိုဖွင့်ကာ ကြည့်လိုက်တော့ သူ့ကို ပြုံးကာ ကြည့်နေသည့် ဦး။

"မောနေပြီလား"

ဦးက ဈာန့်နှုတ်ခမ်းထောင့်လေးအား အသာနမ်းကာမေးလာသည်။

ဈာန်ခေါင်းကို အသာအယာခါလိုက်ပြီး ဖြေလိုက်သည်။

"မမောသေးဘူး"

ဈာန်က ထိုသို့ဖြေတော့ ဦးက ခပ်ဟဟရယ်သည်။

မျက်မှန်ချွတ်ထားတာကြောင့် ရှင်းလင်းစွာမြင်ရသည့် ယစ်မူးဖွယ်ကောင်းသော ဦးအကြည့်တို့က ဈာန့်နှုတ်ခမ်းများတဝိုက် ဝေ့ဝဲလျက်။

"အဲတာဆိုထပ်နမ်းကြမလား"

ဈာန်က သူ၏လက်များကို ဦး၏လည်ပင်းအားသိုင်းဖက်ထားရာမှ လွှတ်လိုက်ပြီး ဦး၏ပါးပြင်နှစ်ဖက်ကို သူ့လက်ဖဝါးနှစ်ဖက်ဖြင့်ထိကပ်ကိုင်ရင်း ဦး၏ခေါင်းကိုငုံ့စေကာ ဦး၏မကျဉ်းလွန်းမကျယ်လွန်းသော နဖူးပြင်အား အမြတ်တနိုးနမ်းရှိုက်လိုက်သည်။

ဦး၏ နဖူးပြင်အား နမ်းရှိုက်ပြီးတော့ ဈာန်၏ အနမ်းက ဦး၏ နှာတံထိပ်လေးထက်သို့ ထပ်မံကျရောက်သည်။

ဈာန်က ဦး မျက်ဝန်းများကို ကြည့်ကာ လေးလေးနက်နက်ပြောလာသည်။

"ချစ်တယ် ဦး"

ဈာန့်စကားအဆုံးတွင်တော့ ဦးက ဈာန့်အား ပြင်းပြစွာနမ်းရှိုက်လာပါတော့သည်။

ပြန်လည်မမွေးဖွားခင် အချိန်က လူယုတ်မာကြောင့် သူ့ဘဝစွန်းထင်းခဲ့ရသည့်အပြင် ဦးနှင့် ဝေးခဲ့ရပြီဆိုသောအသိကြောင့် ဤအခန်းအတွင်းတွင် ဈာန် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ဖူးသည်။

ဦး၏ပေးဆပ်မှုကြောင့် ပြန်လည်မွေးဖွားပြီးနောက် အခုအချိန်တွင်တော့ ဤအခန်းထဲတွင် ဦးနှင့်အတူ ချစ်စကားများဆိုကာ အကြင်နာများဖလှယ်နေကြသည်။

ဦး၏ပေးဆပ်မှု အလဟဿမဖြစ်ရအောင် ဈာန်ကြိုးစားမည်ဖြစ်ပြီး ဦးကိုလည်း တတ်နိုင်သမျှအလိုလိုက်ကာ ချစ်ပေးမည်။

ပြုစုယုယမည်။

'ဈာန့် အတတ်နိုင်ဆုံး ဦးကို စိတ်ချမ်းသာအောင်ထားပါမယ် ဦးရေ'

=========================

ခန့်မင်းညိုတို့ ဘကြီးဆိုင်သို့ရောက်လာချိန်တွင် ကိုဘုန်းမိုရ်၊ကိုဈာန်၊ဖြိုးကိုကိုနှင့် ဘကြီးတို့လင်ခင်ပွန်းနှစ်ဦး စကားပြောနေကြသည်။

ခန့်မင်းညိုတို့ ဆိုင်ထဲသို့ရောက်တော့ ကိုဈာန်က ပြုံးရွှင်စွာဖြင့်ထလာပြီး ခန့်မင်းညိုတို့အား အပြေးအလွှားကြိုဆိုသည်။

"ကိုကြီးတို့ရောက်လာပြီ ... ကိုကြီး တို့ ဘာစားမလဲ ... လက်ဖက်ရည်သောက်မလား ... ယောက်ဖ ... ခန့်ညား ဘာစားမလဲပြော ... အားမနာနဲ့"

ခန့်မင်းညိုက ကိုဈာန်အား "တော်ပြီ ကားပေါ်မတက်ခင်ပဲ မနက်စာစားလာတာ ... ရေနွေးကြမ်းပဲသောက်မယ်" ဟုပြောလိုက်ပြီး ခန့်ညားနှင့် မြတ်လေးကလည်း သူတို့ မနက်စာစားပြီးခဲ့သဖြင့် မစားတော့ကြောင်းပြောလာသည်။

ဘကြီး၏ သားသမီးများဖြစ်သော ပိုင်သူစိုးနှင့် ရွှေရည်ထွန်းကလည်း ခန့်မင်းညိုတို့အား နှုတ်ဆက်လာသည်။

ခန့်မင်းညိုနှင့် ရွယ်တူဖြစ်သော ရွှေရည်ထွန်းက အသံကျယ်ကျယ်ဖြင့် ပြောလာ၏။

"ဟဲ့ ဒါနင်ယူလိုက်တဲ့ ကောင်လေးပေါ့ ... ချောလိုက်လှလိုက်တာဟယ် ... ငညို နင်နဲ့လုံးဝမလိုက်ဘူးသိလား"

ရွှေရည်ထွန်း၏ စကားကို ခန့်မင်းညိုက မျက်လုံးများမှေးကျဉ်းကာ လူယုတ်မာပြုံကြီးပြုံးလျက် ပြန်လည်ချေပလိုက်သည်။

"ငါနဲ့လိုက်မလိုက်တော့မသိဘူး ငါ့ယောက်ျားက ငါ့ကိုတော့ရှယ်ချစ်တာ ...နင့်မှာ ငါ့လို ရှယ်ချစ်မယ့်ယောက်ျားရှိလို့လား ဟမ့်"

ခန့်မင်းညို၏ ကလေးဆန်ဆန်စကားကြောင့် အကုန်လုံးရယ်လိုက်ကြပြီး ရွှေရည်ထွန်းကလည်း တဖန် ပြန်လည်ချေပလာသည်။

"ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ အပူတွေ မရှာချင်သေးလို့ပါနော်"

ခန့်မင်းညိုက မြတ်လေးပုခုံးအား ဖက်လိုက်ပြီး မျက်ခုံးပင့်ကာဟန်ပါပါဖြင့်ပြောလာသည်။

"အိမ်ထောင်ကျတာနဲ့ ပူလောင်တယ်လို့ နင့်ကိုဘယ်သူပြောလဲ ... ပူလောင်တယ်မပူလောင်ဘူးဆိုတာ ယူတဲ့သူအပေါ်လည်း မူတည်သေးတာ ... ဒီမှာကြည့်စမ်း ... ငါ့အမျိုးသားလေးကို ကြည့်လိုက်...ငါ့အမျိုးသားက မျက်နှာလေးကိုပဲထိုင်ကြည့်ရင်ကိုအေးမြနေပြီ"

ရွှေရည်ထွန်းမှာ ခန့်မင်းညို၏ ပြောစကားကြောင့် ချေပစရာ စကားများပျောက်ဆုံးသွားရသည်။

တကယ်လည်း ငညို့ အမျိုးသားက မျက်နှာလေးကြည့်ရင်ကို ရင်အေးစေသည်လေ။

သူတို့စကားပြောနေကြစဉ် ကိုဘုန်းမိုရ်၏ မိဘများက ကားဖြင့်ရောက်လာကြသည်။

ကိုဘုန်းမိုရ်၏ မိဘများရောက်လာတာမို့ ခန့်မင်းညိုတို့လည်း အချိန်မဆွဲတော့ဘဲ မင်္ဂလာဝတ်စုံရွေးရန်အတွက် ပိုးထည်တိုက်သို့သွားရန်ပြင်ဆင်တော့သည်။

ဘုန်းမိုရ်၊ကိုဈာန် ၊ခန့်ညားနှင့် ဖြိုးကိုကို က ကားတစ်စီး၊ ခန့်မင်းညိုတို့ လင်ခင်ပွန်းနှစ်ယောက်ကတော့ ဘုန်းမိုရ်၏ မိဘများနှင့် တစ်စီး စီးကာ ပိုးထည်တိုက်သို့ ချီတက်ကြတော့သည်။

Little_taro00

13 Nov 2022

===========================

ကိုယ်ရေးတာ ဇာတ်က အရမ်းအေးနေသလို ဖြစ်နေလားဟင်။ ခွေးသွေးလေး နည်းနည်းပက်တာဖြစ်ဖြစ်၊ ဓားလေးနည်းနည်းစိုက်တာဖြစ်ဖြစ် လုပ်လိုက်သင့်လား?

ကိုယ်ရေးတာလေးကို သဘောကျရင် ကြယ်လေးကို ဖိပေးပြီး ကောမန့်လေးတွေ ဝင်ရေးပေးပါဦးနော်။

Continue lendo

Você também vai gostar

246K 6.1K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
613K 59.4K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
533K 35K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary