Chapter 38_U

10.9K 970 94
                                    

"ကိုဇေ ခန့်ညားရော"

"ကိုခန့်ညား အိမ်ထဲဝင်သွားတာတွေ့တယ် ကိုဖြိုး"

"အေး အေး ကျေးဇူး ကိုဇေ" ဟုဆိုပြီး ဖြိုးကိုကိုက ခန့်ညားရှိနေမည့် ဆိုင်နောက်ကျောဘက်ရှိ ခြံဝန်းအတွင်းက အိမ်သို့သွားလိုက်သည်။

အိမ်အတွင်းသို့ရောက်တော့ ဧည့်ခန်းထဲတွင် ဘယ်သူမှမရှိ။

ထို့ကြောင့် ဖြိုးကိုကို မောင့်အခန်းနားသို့ သွားသို့ မောင် ရှိလိုရှိငြား ခေါ်လိုက်သည်။

"မောင်ရေ"

ဖြိုးကိုကိုခေါ်သော်လည်း အခန်းအတွင်းမှ ဘာသံမှမကြား။

'မောင် ဘယ်သွားလိုက်လဲမသိဘူး'

ထိုစဉ် နောက်ဘက်မှ ခန့်ညား၏အသံကထွက်ပေါ်လို့လာ၏။

"ဘာတွေရှာနေလဲ ကိုကို" ဟုဆိုကာ ခန့်ညားက ဖြိုးကိုကို ကျောကို ပုတ်လိုက်သည်။

"အမလေး ဘုရား တရား လူချောလေး ခန့်ညားနဲ့ ငါနဲ့ညား"

ဖြိုးကိုကိုက လန့်ပြီးယောင်တော့ ယောင်ပြီးထွက်လာသည့် စကားကိုကြားပြီး ခန့်ညားက ရယ်သည်။

"လူချောလေး ခန့်ညားနဲ့ ညားမှာပါ မပူနဲ့"

"မောင်နော်"

ဖြိုးကိုကို ခန့်ညားကို သေချာကြည့်မိလိုက်တော့ ခန့်ညားက အခုမှ ရေချိုးပြီးလာသည့်ပုံ။

အပေါ်ပိုင်း အဝတ်ဗလာနှင့် အောက်ပိုင်းကတော့ ပုဆိုးတိုတို ဝတ်ထားကာ ပခုံး၊ရင်ဘတ်ကျယ်ကြီး နှင့် ဝမ်းဗိုက်တစ်လျှောက် ရေစက်များတွဲလဲ ခိုနေသည်။

ဖြိုးကိုကို ထိုမြင်ကွင်းကြောင့် မျက်နှာပူတက်လာပြီး နှာခေါင်းသွေးများလျှံတော့မလိုပင်။

အပေါ်ပိုင်း အဝတ်မပါသည့် ချစ်သူကို မြင်တာကြောင့် ဖြိုးကိုကို ရှက်သွားမည် ထင်ပါသလား။

အဖြေ ကတော့ နိုးပါ။

ကြိုက်တယ် အရမ်းကြိုက်။

ဖြူဖွေးဝင်းမွတ်နေတဲ့ ရင်အုပ်၊ အမြှောင်းများထနေသည့် ဝမ်းဗိုက်ကြွက်သားများ။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now