Chapter 42_U

10.4K 890 59
                                    

မနက် ၅ နာရီထိုးတာနှင့် အိပ်ယာထသည့် အကျင့်ကြောင့် မြတ်လေး မျက်လုံးများလိုလိုပွင့်လာကာ အိပ်ယာနိုးလာခဲ့သည်။

အိပ်ရာနိုးနိုးချင်းတွေ့လိုက်ရသည်က အကို့၏ အဝတ်မကပ်သော ရင်အုပ်ကျယ်ကြီးဖြစ်ပြီး မြတ်လေးက အကို၏ ရင်ခွင်ထဲမှာ ထွေးပွေ့ခြင်းခံထားရတာဖြစ်သည်။

မြတ်လေးကိုယ်တိုင်လည်း အဝတ်မကပ်။

ညက အကို၏ သောင်းကျန်းမှုကြောင့် တစ်ကိုယ်လုံးနုံးချိနေသည်။

အကို့ ရင်ခွင်ထဲမှ အကို့မျက်နှာအား မြတ်လေးမော့ကြည့်လိုက်မိသည်။

မှိတ်ကျနေသောမျက်ဝန်းအစုံမှ မျက်တောင်တိုစိတ်စိတ်များ ၊ ဖြောင့်တန်းနေသော နှာတံနှင့် တင်းတင်းစေ့ထားသော ခပ်ညိုညိုနှုတ်ခမ်းသားများဖြင့် အကိုက ယောက်ျားပီသကာ ချောမောသည့်အထဲပါသည့် အမျိုးသားတစ်ဦးဖြစ်သည်။

ဆိုင်ဖွင့်ပြီးနောက်ပိုင်း မြတ်လေးတို့ ဆိုင်လေး အောင်မြင်လာသည်နှင့်အမျှ ရုပ်ရည်သန့်ပြန့်ချောမောကာ ရေလျှံလာသည့် အကို အနားသို့ ချည်းကပ်လာချင်သည့် ကလေးမွေးနိုင်သောအမျိုးသားများနှင့် အမျိုးသမီးများကို မြတ်လေးတွေ့ဖူးသည်။

အကိုနှင့် နီးစပ်ချင်ကြောင်း ပေါ်တင်ဖွင့်ပြောကြသည့် သူအချို့ကိုပင် မြတ်လေးကြုံဖူးသည်။

အကိုကတော့ မသိချင်ယောင်ဆောင်သင့်ဆောင် ငြင်းသင့်တန်ငြင်းကာ မြတ်လေးတစ်ယောက်ကိုသာသစ္စာရှိရှိပေါင်းသင်းခဲ့သည်။

မြတ်လေးကလွဲ ကျန်တာဖွဲနှင့်ဆန်ကွဲဟု သဘောထားတတ်သည့် အကိုနှင့်ဆုံတွေ့ရခြင်းက မြတ်လေးဘဝအတွက်တော့ အကြီးမားဆုံးကံကောင်းမှုကြီးဖြစ်သည်။

သို့သော်လည်း မြတ်လေးမှာ အခုထိ အကို့အတွက် သားသမီးမမွေးပေးနိုင်သေး။

အကို့ကိုယုံကြည်ပါသော်လည်း တစ်ခါတစ်ရံ အကိုက သူ့အတွက် ကလေးမွေးဖွားပေးနိုင်သည့် အခြားလူတစ်ယောက်ကို ထပ်မံလက်ထပ်ခဲ့လျှင်ဆိုသော ပေါက်ကရအတွေးအတွေးများကို တွေးမိတတ်သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Där berättelser lever. Upptäck nu