Chapter 18_U

13.4K 1.1K 44
                                    

"ထပ်ပစ်ဦးမယ်"

"တော်ပါတော့ ဆယ့်ငါးကွင်း မကတော့ဘူး ပစ်နေတာ တစ်ခုမှလည်း ပုလင်းတွေကို စွပ်အောင် မပစ်နိုင်ဘဲနဲ့"

"ဟ ငါက ပစ်တာ လက်တန်းတယ် ... အဲကွင်းတွေကကို ငါပစ်တဲ့နေရာဆီ တန်းတန်းမတ်မတ်မသွားနိုင်တာ"

ခန့်ညား သူ့ရှေ့မှ ကလေးလူကြီး အညိုလုံးကောင်ကို ခါးထောက်ပြီးတော့သာကြည့်နေလိုက်တော့သည်။

သူ၊ သွဲ့သွဲ့နှင့် အညိုလုံးကောင်တို့ သုံးယောက် အခြားသူများနှင့် လူစုကွဲသွားပြီး ပွဲဈေးအတွင်းဆက်လျှောက်လည်နေရာမှ ဒီနေရာရောက်တော့ အညိုလုံးကောင်က ကွင်းပစ်ချင်ပါသည်ဟု ပြောလာသောကြောင့် သူနှင့် သွဲ့သွဲ့ ဘေးမှရပ်စောင့်ပေးနေခြင်းဖြစ်သည်။

ငါးဆယ်ဖိုးငါးကွင်းဖြစ်ပြီး စွပ်သွားသည့် ပုလင်းပေါ်မူတည်ပြီး ရရှိမည့် ဆုလက်ဆောင်များကိုတော့ နံဘေးရှိ ကျောက်သင်ပုန်းပေါ်တွင်ရေးထားသည်။

အကြီးဆုံးဆုက အညိုရောင်အမွှေးပွဝက်ဝံရုပ်ကြီးဖြစ်ပြီး ထိပ်ဆုံးအတန်း၏ အလယ်တည့်တည့်ပုလင်းကို ကွင်းစွပ်သွားမှသာ ထိုဝက်ဝံရုပ်ကို ရရှိမည်ဖြစ်သည်။

ထိုပုလင်းနေရာက အနည်းငယ်ဝေးကာ တော်ရုံလူ ပစ်ပါက ထိုပုလင်းကို ကွင်းစွပ်မိရန် သိပ်မလွယ်ကူလှ။

အညိုလုံးကတော့ ထိုဝက်ဝံရုပ်ကိုမှလိုချင်သည်တဲ့လေ။

ဆယ့်ငါးကွင်းမက ပစ်ပြီး ထိုပုလင်းတွင်မက ဘေးမှ ပုလင်းများပါ စွပ်ရန် အလားအလာမရှိကြောင်း သိရှိပြီးသကာလ ခန့်ညားတစ်ယောက် မနေနိုင်စွာဖြင့် ဝင်တားရတော့သည်။

သွဲ့သွဲ့ကတော့ ဘေးမှဝင်တားဖို့နေနေသာသာ သူကပါ အညိုလုံးအားမြှောက်ပေးပြီး အားမလိုအားမရဖြစ်နေသေးသည်။

"ကဲကဲ ကျွန်တော်ပစ်ပေးမယ် ပေး ကျန်တဲ့ကွင်းသုံးကွင်း"

အညိုလုံးက စပ်ဖြီးဖြီးနဲ့ သူ့လက်ထဲမှာ ကျန်ရှိနေသော ကွင်းသုံးကွင်းကိုပေးလာပြီး ပြောလာ၏။

"ရော့ အဲ့ပုလင်းကို စွပ်အောင်ပစ်ပေးနော် တကယ်လို့ လွဲသွားရင် မောင် ငါနဲ့ တွဲရမယ်"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now