Chapter 30_U

12.3K 1K 39
                                    

ဒီနေ့ ခန့်ညားဆိုင်ဖွင့်ရမည့်ရက်ဖြစ်တာမို့ ခန့်မင်းညိုနှင့် ခန့်ညားတို့ မနက်ငါးနာရီကတည်းကပင်ထကာ ခက်မမြို့မနက်ခင်းဈေးသို့သွားပြီး ဖောက်သည်ပေးသည့်ဆိုင်များမှ အသားငါးနှင့် အသီးအရွက်များကို ဝယ်ယူကြသည်။

ဘကြီး၏ အမျိုးသား ဦးမျိုးသီဟက ခန့်မင်းညိုတို့ ထမင်းဆိုင်ဖွင့်ရန် စတင်ပြင်ဆင်နေသည့် အချိန်ကတည်းက သူသိသည့် ဈေးချိုသော ဖောက်သည်ပေးသည့် ဈေးသည်များဖြင့် မိတ်ဆက်ပေးထားတာမို့ ခန့်မင်းညိုတို့ ဈေးထဲတွင် အချိန်သိပ်မကြာလိုက်။

လိုအပ်သည်များကို ဝယ်ပြီးနောက် ခန့်မင်းညိုတို့၏ စားသောက်ဆိုင်နောက်ကျောမှ ခြံဝန်းအတွင်းရှိအိမ်သို့ပြန်လာခဲ့ကြသည်။

ထမင်းဆိုင်ဖွင့်ရန် စတင်ပြင်ဆင်နေသည့် အချိန်ကတည်းကပင် ခန့်မင်းညိုက သူတို့အိမ်ရှိရာ ခြံဝန်းအတွင်း အိမ်နောက်ဘက်ဘေးတွင် ခန့်ညား ထမင်း ၊ ဟင်းချက်ရန်အတွက် မြေနေရာခပ်ကျယ်ကျယ်ကို သီးသန့်အဖီထပ်ဆွဲပေးထားသည်။

သံမံတလင်းကို ကျယ်ကျယ်ခင်းပေးထားကာ သွပ်မိုးထားသောကြောင့် ခန့်ညားအတွက်တော့ အလွန်အဆင်ပြေသည်။

ခန့်ညားတို့ ပြန်ရောက်ချိန်တွင်တော့ အကူအဖြစ်ခေါ်ထားသည့် ဘကြီးမိတ်ဆက်ပေးထားသော ကောင်လေးနှစ်ယောက်က ခန့်မင်းညိုတို့ ဆိုင်ခန်းရှေ့တွင် ငုတ်တုပ်ထိုင်ရင်းစောင့်နေကြသည်။

ကောင်လေးနှစ်ယောက်မှာ အသက် ၁၄ နှစ် ၁၅ နှစ် ဝန်းကျင်လောက်သာရှိကြပြီး ဘကြီး၏ဆိုင်နှင့် အခြားစားသောက်ဆိုင်တွင် အလုပ်လုပ်ဖူးသူများဖြစ်ကြသည်။

အသားဖြူဖြူလေးနှင့်ခပ်သေးသေးကောင်လေးမှာ ကလေးမွေးနိုင်သော အမျိုးသားလေးဖြစ်ကာ နာမည်က ဇေငြိမ်းလွင်ဖြစ်ပြီး အသားအရောင်ခပ်လတ်လတ်နှင့် အရပ်ရှည်ရှည်နှင့် ကောင်လေးမှာ သာမန်အမျိုးသားကောင်လေးဖြစ်ပြီး နာမည်ကတော့ လွင်မင်းဖြစ်သည်။

ကောင်လေးများက အနေအေးကာ ရိုးသားကြသလို အလုပ်ကိုလည်းမခိုမကပ်ပဲလုပ်ကြသည်ဟု ဘကြီးက အာမခံထားသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now