Chapter 5_U

17.5K 1.4K 13
                                    

မူလခန့်မင်းညိုမှာ အမြဲသောက်စားမူးရူးနေကာ လောင်းကစားရုံသို့နေ့တိုင်း ခြေချင်းလိမ်နေသူ ဖြစ်သဖြင့် ရွာဦးကျောင်းသို့တစ်နှစ်လုံးနေမှ သုံးခေါက်လောက်သာရောက်တာဖြစ်သည်။

ယခုလက်ရှိခန့်မင်းညိုရောက်သွားပြီး ဆွမ်းကပ်သောအခါ ရွာထဲကသူများအဖို့ အနည်းငယ်ထူးဆန်းနေကြ၏။

ရွာထဲက အချို့လူများ၏စိတ်ထဲမှာတော့

'ငညို ခေါင်းထိသွားပြီး ဖောက်သွားတာလား'

'ကြားသားမိုးကြိုး ငညိုက ဘုန်းကြီးကျောင်းကိုသွားတယ်'

'ငညိုတစ်ယောက် အိမ်ထောင်ကျပြီးနောက်ပိုင်း ဘုန်းကြီးကျောင်းဘက် ခြေဦးတွေဘာတွေလှည့်လို့'

စသဖြင့်ပင် မျိုးစုံတွေးတောနေကြ၏။

ရွာထဲမှ လူအချို့၏အတွေးများကို မသိသည့် ခန့်မင်းညိုတို့လင်ခင်ပွန်းနှစ်ယောက် ကတော့ဆွမ်းကပ်ပြီးနောက် အိမ်သို့ပြန်လာကြပြီး အိမ်ပြန်ရောက်တော့ မြတ်လေးကဆိုင်ဖွင့်လိုက်ကာ ခန့်မင်းညိုကမူ ဆိုင်ထဲမှ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မေးမြန်းနေသည်။

မြတ်လေးကလည်း စိတ်ရှည်လက်ရှည်ဖြင့် ခန့်မင်းညိုမေးသမျှကိုပြန်ဖြေသည်။

ထိုစဉ်မူလပိုင်ရှင်၏ ညီနှင့်ညီမရောက်လာ၏။

မူလပိုင်ရှင်၏ညီမှာ ကလေးမွေးဖွားနိုင်သောအမျိုးသားဖြစ်ပြီး နာမည်ကတော့ဈာန်မင်းညိုဖြစ်သည်။

တက္ကသိုလ်၌သင်္ချာမေဂျာဒုတိယနှစ်တက်နေကာ ခပ်အေးအေးနေတတ်ပြီး မူလပိုင်ရှင်နှင့် လားလားမှမဆိုင် မိသားစုအပေါ်အလွန်သိတတ် လိမ္မာယဉ်ကျေးသူဖြစ်သည်။

ညီမအငယ်ဆုံးကတော့ သွဲ့မင်းညိုဟုခေါ်ပြီး ကိုးတန်းကျောင်းသူဖြစ်သည်။

သူမ,လေးကလဲ သူမ၏အကိုလတ်ကဲ့သို့ပင် ရိုးရိုးအေးအေးလေးနှင့် လိမ်လိမ်မာမာလေးပင်ဖြစ်သည်။

နှစ်ယောက်လုံးက စာအလွန်ကြိုးစားကြပြီး စာလည်းတော်ကြသည်။

ခဲရင်ရွာတွင် မူလတန်းကျောင်းတစ်ကျောင်းသာရှိပြီး အလယ်တန်းမှစကာ ခက်မမြို့ပေါ်တွင် ကျောင်းသွားတက်ရသည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now