Finale-Chapter 47_U

14.8K 963 129
                                    

ဆေးရုံဆင်းပြီးနောက်ရက်များကတော့ ခန့်မင်းညို၏ အနှီးကိုရှယ်ပလန်နှင့် လျှော်ရသည့်နေ့ရက်များပင်။

သားနှစ်ယောက်က တစ်ရက်ကို ဆယ့်ခြောက်ခါမက သေးပေါက်တာကြောင့် ခန့်မင်းညိုက အနှီးလျှော်၊လှမ်းရသည့်အလုပ်များလုပ်ရပြီး အနှီးများအား မီးပူတိုက်ပေးသည့်တာဝန်ကိုတော့ သွဲ့သွဲ့က ယူထားပေးသည်။

မီးဖိုချောင်နှင့် မြတ်လေးအတွက် ကိစ္စများကို အမေက လုပ်ပေးနေသဖြင့် ခန့်မင်းညိုသက်သာတာဖြစ်သည်။

မဟုတ်ပါက ခန့်မင်းညိုတစ်ယောက်တည်းဆိုလျှင် အတော်ကို တိုင်ပတ်နေလိမ့်မည်။

အိမ်က မြတ်မင်းမောင်ကတော့ သူညီလေးနှစ်ယောက်ကိုစမြင်သည့်နေ့ကဆိုလျှင် "နီလေး နှစ်ယောက်တောင်ရပြီ" ဟုဆိုကာ ပျော်မြူးပြီး အော်ဟစ်ခုန်ပေါက်နေသည်။

သူ့ညီနှစ်ယောက်ကိုလည်း ချစ်လိုက်တာမှ တုန်လို့။

ကျောင်းပိတ်သည့်ရက်များတွင် မြတ်လေးက အမွှာနှစ်ယောက်အား နေ့လည်နေ့ခင်း နို့တိုက်ပြီးနောက် သိပ်ပါက မြတ်မင်းမောင်က ပုခတ်လွှဲပေးသည်။

ပုခတ်လွှဲတိုင်းလည်း သီချင်းဆိုကာ ချော့သိပ်သေးသည်။

သီချင်းကတော့ သူ့ဖေကြီးသူ့အား ချော့သိပ်တိုင်း ဆိုသည့် သီချင်းပင်။

"ပန်းပွင့်ချိမှ ရနံ့ရတာမဟုတ်ဝူး ဖူးတိတစ်နုံ ထုံတိတစ်ပွင့် နမ်းခွင့်တစ်ချိုက်ရခိုက်မှာ ထာဝအညဲတည် နှုံးတားမှာချွဲမြဲကာထုံရစ် ချွတ်ကျံ့နေ ချစ်တူတိစေ"

ထိုမှအစချီကာ အသံနေအသံထားဖြင့် သီချင်းဆိုပြီး သူ့ညီနှစ်ယောက်ကို ချော့သိပ်တာဖြစ်သည်။

ကျောင်းဖွင့်ရက်များတွင်တော့ ကျောင်းကပြန်လာတာနှင့် မြတ်မင်းမောင်တို့က သူ့ညီနှစ်ယောက်ဆီသို့ အပြေးသွားကာ ကြည့်ရသည်က အမော။

အာဘွားပေးရသည်က အမောပင်။

လူကသာကျောင်းတက်နေတာ စကားက အခုမပီသေး။

မမွေးခင်တုန်းကတော့ ကိုမြတ်မင်းမောင်တို့က "တိုတို့နီရေး ညန်ညန်ထွက်ရာပါရော့" ဆိုပြီး တတွတ်တွတ်ပြောခဲ့သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Wo Geschichten leben. Entdecke jetzt