Chapter 40_Z

3.1K 118 4
                                    

ခန့်မင်းညိုက ကိုဘုန်းမိုရ် ကိုဈာန့်အား ဆိုင်တွင်လာရှာပြီးသိပ်မကြာခင် ကိုဈာန့်ကိုစိတ်ပူတာကြောင့် ဘကြီးအိမ်သို့ လိုက်သွားတာဖြစ်သည်။

သို့သော်လည်း ဘကြီးအိမ်ရှေ့သို့ရောက်တော့ သူတွေ့လိုက်သည်က မေ့နေသည့် ဈာန်ကိုပွေ့လာသည့် ကိုဘုန်းမိုရ်ပင်။

တစ်လမ်းလုံး ကိုဘုန်းမိုရ်က ဈာန့်ကိုဖက်ထားကာ သူ့အမှားကြောင့် ဈာန်ဒီလိုဖြစ်ရတာဆိုပြီး ခန့်မင်းညိုကို ဈာန်မေ့လဲသွားသည့် အကြောင်းအရင်းကို ပြောပြသည်။

သတိပြန်လည်ပြီးနောက် လူနာကုတင်ပေါ်တွင် လှဲနေသည့် ဈာန့်ကို ကြည့်ကာ ခန့်မင်းညိုသက်ပြင်းချမိသည်။

ဈာန်၏ အခြေအနေကိုကြည့်ပြီး ခန့်မင်းညို သူ့ ညီအား စကားအနည်းငယ်ပြောဖို့ ကြံလိုက်သည်။

"ဘယ်လိုဖြစ်ရတာလဲ ကိုဈာန် ... ကိုကြီးကိုပြောပြလို့ရမလား"

ခန့်မင်းညိုကမေးတော့ ဈာန်က ဦးနဲ့သူ၏ ပြဿနာများကို ရင်ဖွင့်ပြောပြသည်။

ခန့်မင်းညိုက ထပ်မံသက်ပြင်းချပြီး ကိုဈာန့်အားမေးလိုက်၏။

"ဒီကိစ္စမှာ ကိုဘုန်းမိုရ်က ကိုဈာန့်ကို အချိန်မပေးနိုင်လို့ မှားတယ်ဆိုပေမယ့် ကိုဈာန်ကလည်း အပြစ်မကင်းဘူးနော် ... ကိုဈာန်က ကိုဈာန့်အိမ်ထောင်ရေးကို ညှိမယူဘဲ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ အဆုံးသတ်ဖို့ စဉ်းစားထားတာလား ... ဘာမဟုတ်တဲ့ကိစ္စလို့ပြောလို့ တမျိုးမထင်နဲ့ ... ကိုကြီးမေးမယ် ... ကိုဘုန်းမိုရ်က ပြောရဆိုရခက်တဲ့ တယူသန်တဲ့သူမျိုးလား"

ခန့်မင်းညို၏မေးခွန်းကို ကြားတော့ ဈာန်ခေါင်းခါသည်။

ခန့်မင်းညိုကထပ်မေးသည်။

"ကိုဈာန် ကိုဘုန်းမိုရ် အလုပ်မအားလို့ ဂရုမစိုက်နိုင်တဲ့ကိစ္စကို ကိုဘုန်းမိုရ်နဲ့ သေသေချာချာလေးလေးနက်နက်ဆွေးနွေးဖူးလား ... ပွင့်ပွင့်လင်းလင်းတိုင်ပင်ဖူးလား"

ဈာန်ကခေါင်းထပ်ခါသည်။

"ကိုကြီး ကိုဈာန့်ကို ဒီတစ်ခါတော့ ဆူချင်တယ် ... ကိုဈာန်က လင်ခင်ပွန်းအချင်းချင်း မပွင့်လင်းဘဲ မဆွေးနွေးမတိုင်ပင်ဘဲ ကိုဈာန့် ရင်ထဲမှာ ကိုဈာန်ရဲ့ မကျေနပ်ချက်တွေကို သိမ်းထားတယ် ... တေးထားတယ် ... ပြီးတော့စုပြီးပေါက်ကွဲတယ် ... အဲဒီအကျိုးဆက်က ကိုဈာန် စိတ်ဖိစီးမယ် ... စိတ်ပင်ပန်းမယ် ... နောက်ပြီး ပေါက်ကွဲတဲ့အချိန် ဒေါသတွေထွက်ပြီး ရှော့ခ်ဖြစ်တယ် ... ကိုဈာန့်လုပ်ရပ်က ကိုဈာန့်ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် ကိုကြီးရဲ့ တူလေးလား တူမလေးလားမသဲကွဲသေးတဲ့ ကလေးလေးကိုပါထိခိုက်စေနိုင်တယ် ... ကလေးလေးတစ်ခုခုဖြစ်သွားရင် ကိုဈာန်ဘယ်လိုလုပ်မလဲ"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Место, где живут истории. Откройте их для себя