"ငြိမ်းရယ် မျက်နှာကြောလေးလဲ လျှော့ပါဦးဟာ...သင်္ကြန်က ဒီလိုပဲဟာကို"
ချယ်ရီ ပြောမှ ငြိမ်း မျက်ခုံးတွေပြေလျော့ဖို့ သတိရတော့သည်... ဘေးကားက ကောင်လေးက ကြုံလို့ရေပက်တာထက် ငြိမ်းမှန်းသိလို့ သက်သက် လိုက်နှောက်ယှက်နေတာမှန်း ငြိမ်းသိသည်... လူကိုလည်းလာပြုံးပြနေလိုက်တာများ ချိုမြလို့... မသိရင် ငြိမ်းနဲ့ သူကပဲ ငယ်ပေါင်းကြီးဖော်တွေလို... ခုခေတ်ကလေးတွေက တကယ်ကိုမလွယ်ကြော...
ကားမှန်ကို တဗြန်းဗြန်းနှင့် ရေလာပက်နေရာမှ ငြိမ်သွား သဖြင့် ထိုကောင်လေးမှာ ရေကုန်သွားပြီဟု ငြိမ်းက သိလိုက်သည်... ငြိမ်း စိတ်ထဲက ကျိတ်၍ ရယ်လိုက်မိသည်...
"ငြိမ်း...ဗိုက်ဆာတယ်ဟာ...အိမ်မပြန်ခင် တစ်ခုခုဝင်စားရအောင်လေ"
"အင်း ဆိုင်တွေကတော့ သိပ်ဖွင့်မှာမဟုတ်ဘူး ပြန်ရင်းနဲ့ လမ်းပေါ် ရှာကြည့်မယ်လေ"
ညနေ၆ နာရီ မဏ္ဍပ်တွေပိတ်မှပဲ ကားတန်းတွေကရွေ့တော့သည်... ငြိမ်းတို့ကားတန်းက အရင်ရွေ့သဖြင့် ဟိုကောင်လေးတို့ကားက နောက်မှာကျန်နေခဲ့သည်... ငြိမ်းတို့နေထိုင်ရာ မြောက်ဒဂုံဘက်သို့ ပြန်မောင်းလာရင်း လမ်းဘေးဝဲယာမှာ ဖွင့်သည့်ဆိုင်များကို ဟိုဟိုဒီဒီရှာဖွေကြည့်ရသည်...
"ငြိမ်း...ဟိုမှာ ဟိုမှာ ခေါက်ဆွဲဆိုင်လားမသိဘူး ဝင်ဝယ်ရအောင်"
"အင်း...နင် နေခဲ့ ငါပဲဆင်းဝယ်လိုက်မယ်"
ဆိုင်ရှေ့မှာလဲ တခြားကားတွေရပ်ထားသောကြောင့် နောက်နားတွင် ကားဝင်ရပ်လိုက်ပြီး ငြိမ်း ကားပေါ်မှဆင်းလိုက်သည်... ဆိုင်ထဲဝင်တော့ အရှေ့မှာ အော်ဒါမှာထားတဲ့သူတွေရှိ၍ စောင့်နေရသည်... ငြိမ်းအရှေ့မှ အမျိုးသမီးက ခေါက်ဆွဲထုတ်တွေကိုယူပြီး နောက်သို့အလှည့် ငြိမ်းနှင့် တိုက်မိမလိုဖြစ်သွားစဉ်...
"အို"
"ဟင်"
ထိုအမျိုးသမီးလက်ထဲမှ ဟင်းရည်ထုတ်က ငြိမ်းရင်ဘတ်ဆီသို့ တန်းတန်းမတ်မတ်ရောက်လာသဖြင့် မျက်လုံးတွေကို ရုတ်တရက်မှိတ်ပစ်လိုက်မိသည်... သို့သော်လည်း ငြိမ်းရင်ဘတ်တစ်ခုလုံး ပူသွားရမည့်အစား ငြိမ်းရဲ့ လက်ကောက်ဝတ်တစ်ဖက်က တင်းခနဲခံစားလိုက်ရပြီး ဘေးသို့ဆွဲယူခြင်းခံလိုက်ရသည်...
"ဟို...ဆောရီး ဆောရီး...ဘာဖြစ်သွားသေးလဲဟင်"
"ရတယ်ဗျ ဘာမှမဖြစ်ဘူး"
အသံက ငြိမ်းဆီက ထွက်လာတာမဟုတ်ဘဲ ငြိမ်းကိုဆွဲယူလိုက်သူဆီက... ထိုအခါမှ ငြိမ်းက သတိရပြီး နောက်လှည့်ကြည့်လိုက်တော့ အိမ်ရှေ့လမ်းက ကောင်လေး... သူ့အရပ်က ငြိမ်းထက် ခေါင်းတစ်လုံးစာလောက် ပိုမြင့်နေသဖြင့် ငြိမ်းကမော့ကြည့်နေရသည်...
"တိုက်မိတော့မယ်ဆိုရင် ရှောင်ရတယ်ဗျ"
ကျေးဇူးတင်စကားပြောမလို့တွေးတုန်းရှိသေး သူ့ဆီကထွက်လာသည့် မချိုမချဉ်အသံကြောင့် ငြိမ်း မျက်မှောင်ကျုံ့လိုက်မိသည်... ထိုအခါ သူ့ဆီမှ နှာမှုတ်သံနှင့် ရယ်သံသဲ့သဲ့ထွက်လာပြန်သည်...
"အဟင်း"
ထိုအချိန်ထိငြိမ်း၏လက်ကောက်ဝတ်အား လွှတ်မပေးသေးသဖြင့် ငြိမ်းက ရုန်းထွက်ဖို့လုပ်တော့ ဆုပ်ကိုင်ထားတာက ပိုတင်းကျပ်သွားသည်...
ထိုနောက် သူဆုပ်ကိုင်ထားသော ငြိမ်း ရဲ့ လက်ကောက်ဝတ်ကို ငုံ့ကြည့်ပြီးမှ မျက်လုံးလေးပြူးသွားပြီး ချက်ချင်းလွှတ်ပေးသည်... အသားဖြူသော ငြိမ်းလက်ကောက်ဝတ်မှာ သူ့လက်ချောင်းရာတွေက ထင်းကုန်တော့သည်...
"so sweetရေ မရသေးဘူးလား"
ခေါ်သံနှင့်အတူ ထိုကောင်လေးနားသို့ မိန်းကလေးတစ်ယောက် ရောက်လာသည်...
"ဟင်...ငြိမ်းအေးအိမ်!"
"ဪ...နန္ဒာကြည်ညွှန်း"
"မမနာနာနဲ့ အသိတွေလား"
ထိုကောင်လေးကလည်း အံဩသွားဟန်နှင့် မေးလာသည်....
"အင်း ကျောင်းတုန်းက အတန်းတူတူပဲ...ငြိမ်းအေးအိမ်တို့က ဒီနားမှာနေကြတာလား"
"အင်း ဘောဂသစ္စာ ရပ်ကွက်ထဲမှာ"
"ဪ ငါတို့နဲ့ တူတာပဲ...ဘယ်လမ်းလဲ"
"စံပါယ်လမ်းသွယ် ၂"
"ဟုတ်လား...ငါတို့နောက်လမ်းထဲကပဲ"
"နံပါတ် ၃၇ ခေါက်ဆွဲရပါပြီ"
ထိုကောင်လေးက သူ့လက်ထဲမှ စာရွက်ကို ငုံ့ကြည့်သည်...
"so sweet မင်း နံပါတ်လား"
"အင်း"
"သွားယူလေ မကြီးက ပြန်ချင်နေပြီဟိုမှာ"
ထိုကောင်လေးက ခေါက်ဆွဲထုတ်သွားယူနေစဉ် ငြိမ်းတို့ အနားသို့ ချယ်ရီက ရောက်လာသည်...
"ငြိမ်း ရေ မရသေးဘူးလား...ကြာနေလို့လိုက်လာတာ"
ချယ်ရီက ငြိမ်းဘေးမှာ ရပ်နေသော နန္ဒာကြည်ညွှန်းကိုမြင်သွားပြီး နှုတ်ဆက်သည်...
"ဟယ် နန္ဒာကြည်ညွှန်း သူငယ်ချင်း မတွေ့တာတောင် ကြာပြီ"
"အော...ချယ်ရီမျက်သွယ်...အေးနော် ကျောင်းပြီးကတည်းကပဲ...အဆင်ပြေကြတယ်မဟုတ်လား"
"အေး...ပြေပါတယ်"
"အင်း ကောင်းတယ် ကောင်းတယ်...နောက်မှကြုံရင်တွေကြတာပေါ့ သွားဦးမယ်နော် ငါတို့ ရေတွေစိုနေလို့"
"အေးအေး သူငယ်ချင်း"
"so sweet လာလေ...ဘာငေးနေတာလဲ"
ထိုအခါမှ ငြိမ်းနဲ့ ချယ်ရီ့ကို စူးစမ်းသည့်အကြည့်တွေနှင့် ကြည့်နေသော ကောင်လေးက နန္ဒာကြည်ညွှန်းနောက်သို့ လိုက်သွားသည်... ငြိမ်းတို့ကိုလဲ လည်ပြန်လှည့်ကြည့်သွားသေးသည်...
..........................................................................
"ဟင် လို့...မမနာနာ... သူတို့နှစ်ယောက်က အတွဲတွေလားလို့"
အာကာ ခေါက်ဆွဲဆိုင်မှာ မြင်ခဲ့ရသည့် အစ်မကြောင့် ရင်ထဲ ခိုးလို့ခုလုဖြစ်နေသဖြင့် မမနန္ဒာကို အတင်းလိုက်မေးနေမိသည်...
"ကဲ...ငါမသိပါဘူးဆို so sweet ရယ်... တစ်လမ်းလုံးဒါပဲမေးလာတာပဲ.... မတွေ့တာကြာလှနေပြီ...ခုမှ ရုတ်တရက်ပြန်တွေ့တာ...သူ ငါတို့နောက်လမ်းထဲမှာ နေတာတောင် ငါမသိဘူး"
"ကြည့်ရတာ အတွဲလား မသိဘူးဗျ"
"အတွဲဖြစ်လဲ ဘာဖြစ်လို့လဲ သူတို့ဟာသူတို့တွဲတာ...မဟုတ်မှ.. so sweet မင်း ချယ်ရီမျက်သွယ် ကို ကြိုက်သွားတာလား...ငါနဲ့မှ ရွယ်တူတွေဆိုတော့ မင်းထက် ၆ နှစ်တောင်ကြီးတယ်နော်"
"အာ...မကြိုက်ပါဘူး... သူတို့နှစ်ယောက် အတွဲဆိုရင် ဟိုအစ်ကိုနဲ့ အဲ့ဒီအစ်မ နဲ့ မလိုက်လို့"
"ဘာကြည့်ပြီး မလိုက်ဘူးပြောတာလဲ မင်းက"
"Not sure, but he's too pretty for her"
"pretty? ... ဘယ်သူကလဲ ငြိမ်းအေးအိမ်လား"
"အင်း"
"so sweet ဘွဲ့ဘယ်လိုရလာလဲ... ယောက်ကျားလေးကို pretty လို့ မသုံးရဘူးလေ... good looking တို့ handsome တို့...."
"No No No... သူက Pretty တာ"
"သြော် ဒုက္ခ"
အာကာ အခန်းထဲက ခုတင်ပေါ်မှာ မှောက်လိုက် လှန်လိုက်နှင့် ပြန်တွေးနေမိသည်...
"ငြိမ်းအေးအိမ် တဲ့လား"
မမနန္ဒာနဲ့ ရွယ်တူဆိုတော့ အာကာ့ထက် ၆ နှစ်ကြီးတဲ့ အစ်ကို ပေါ့...
လူပုံနဲ့ နာမည်နဲ့ကတော့ ကွက်တိ... ဒါပေမဲ့ တစ်ခုပဲ...
အာကာ့ကို တွေ့လိုက်တိုင်း အဲ့ဒီမျက်နှာ ချောချောက မျက်ခုံးတန်းတွေကို ဇွတ်စုကျုံ့ပစ်တာပင်...
"အဟင်း"
အဲ့ဒီလောက် မျက်ခုံးတွေစုကျုံ့ချင်နေတာ ကိုယ့်ကြောင့် အမြဲမျက်ခုံးတွေ့ ကျုံ့နေရအောင် လုပ်ပေးလိုက်ရမှဖြင့်... အာကာ စိတ်အချဉ်ပေါက်စွာဖြင့် တွေးမိတွေးရာ ပေါက်ကရတွေလျှောက်တွေးနေမိရာမှ ထိုလူ့ရဲ့ မျက်ခုံးတန်းတွေ စုကျုံ့နေရပုံကို ပုံစံတစ်မျိုးနှင့် မြင်ယောင်လာမိရင်း အသက်ရှုသံတွေက မြန်လာရသည်... မျက်လုံးထဲမှာ မြင်ယောင်နေမိသည်က နဖူးပြေပြေနှင့် မျက်ခုံးတန်းစိမ်းဖန့်ဖန့်လေးတွေ တွန့်ကွေးကာ စုကျုံ့နေကြပုံကို အာကာက ငုံ့ကြည့်နေရသလိုမျိုး...
ပြီးတော့ ခေါက်ဆွဲဆိုင်မှာတုန်းက ဆုပ်ကိုင်ခဲ့ဖူးသည့် လက်ကောက်ဝတ်လေး... အာကာ့ဆီမှ ရုန်းထွက်စဉ် ခပ်တင်းတင်းဆုပ်ညှစ်လိုက်မိသဖြင့် အထိမခံစွာ ချက်ချင်းရဲတွတ်သွားလိုက်တာများ...
နာသွားမှာစိုး၍ သတိထားမိချင်း တန်းလွှတ်ပေးလိုက်တာတောင်မှ အာကာ့ရဲ့ လက်ချောင်းရာတွေက ထင်သွားသေးတော့သည်... အဲ့ဒီလက်ကောက်ဝတ်လေး နှစ်ဖက်ကိုသာ ပူးပြီးဆုပ်ကိုင်ထားလိုက်ရရင်ဖြင့်...
အဲ့ဒီတုန်းက ဆွဲယူလိုက်ချိန်၌ နီးကပ်သွားသော လည်တိုင်နားဆီမှ သနပ်ခါးနံ့လိုလို သစ်သားနံ့လိုလို သိပ်မပြင်းသည့် ရေမွှေးနံ့လေး တစ်ခုလည်း ရသည်...
အာကာ့ကိုမော့ကြည့်လာချိန် အနီးကပ်မြင်လိုက်ရသည့် မျက်လုံးလေးတွေက ဖန်ဂေါ်လီလေးတွေလို ကြည်တောက်နေသည်... နှုတ်ခမ်းပါးတို့ကလည်း ခပ်တင်းတင်းစေ့ထားကြသည်... အတွေးထဲမှာ ထိုမျက်လုံးတောက်တောက်လေးတွေက မှေးမှိတ်သွားကြသည်... မျက်ခုံးတန်းလေးတွေကလဲ စုကျုံ့ပြီး...
သွားတန်းဖြူဖြူလေးတွေက အောက်နှုတ်ခမ်းပါးကို ဖိကိုက်ထားကြသည်...
"ဟင်း...."
အတွေးတို့ နက်ရှိုင်းလာသည်နှင့်အမျှ အသက်ရှုသံတို့ကလည်း မြန်ဆန်လာကြသည်မှာ တစ်ဆက်တည်း...
အာကာ့ ခါးအောက်ပိုင်းမှ တစ်စုံတရာကလည်း ပြောင်းလဲနေသည့် အလျှောက် လက်တို့ကလည်း စောင်အောက်သို့ ရောက်သွားကာ စိတ်၏စေစားရာနောက်သို့ တကောက်ကောက်လိုက်မိရတော့သည်...
"အင်း..."
အဲ့ဒီ့ မျက်ခုံးတွေ...
အဲ့ဒီ နှုတ်ခမ်းပါးလေး...
အာကာ့လက်ချောင်းရာတွေထင်သွားသည့် လက်ကောက်ဝတ် ရဲရဲလေး....
သနပ်ခါးနံ့ လိုလို သစ်သားနံ့လိုလို အနံ့လေး....
"အ!....ဟား...."
လွတ်မြောက်မှုတစ်ခုနှင့်အတူ စိတ်ကျေနပ်မှု အကြီးကြီးကိုရလိုက်သည်... ဆယ်ကျော်သက် အရွယ်ကနေ အခု အသက် ၂၀ အထိ တစ်ခါမှ မဖြစ်ဖူးခဲ့သေးသည့် ကျေနပ်မှုမျိုး...
"ဟား...."
အသက်ကိုပြင်းပြင်း ရှုထုတ်လိုက်ပြီး ခုတင်ဘေးမှ တစ်ရှုးဗူးကိုယူကာ သန့်စင်ရသည်... တစ်ဆက်တည်းမှာပဲ ထိပ်လန့်သွားမိသည်... ဒီလောက်ကောင်းသည့် စိတ်ကျေနပ်မှုမျိုးကို ယောက်ကျားလေး တစ်ယောက်ဆီမှာ အခြေခံပြီးမှ ရရှိခဲ့သည်တဲ့လား...
"Shit!! Shit!!"
"so sweet ရေ "
"ကျွီ"
"ဒေါက် ဒေါက် ဒေါက်!!!"
"ဟာဗျာ... မမကေသာ!!!"
so sweet ရေ ဟု ခေါ်သံနှင့်အတူ အခန်းတံခါးက ဝုန်းခနဲ ပွင့်လာပြီး မှ ပွင့်ပြီးသား တံခါးကို သုံးချက် ခပ်ဆတ်ဆတ်လေး ခေါက်လာသူက ဒေါ်ကေသာကြည်ညွှန်း...
အာကာတို့မောင်နှမ ၅ ယောက်လုံးကို အဖေကြီးက ငယ်ငယ်လေးကတည်းက အိမ်ပေါ်ထပ်မှာ တစ်ယောက်တစ်ခန်းစီလုပ်ပေးထားသည်... သို့သော် ဘယ်သောအခါမှ ဘယ်သူမှ တံခါး လော့ခ်ချထားခွင့်မရှိ...
"ဘာလဲ ငါတံခါးခေါက်တယ်လေ"
"Please!! တံခါးဆိုတာ မဖွင့်ခင် ခေါက်ရတယ် ပြီးရင် အထဲက ဝင်ခဲ့ပါလို့ အဖြေရမှ ဝင်ရတယ် Ok?"
"ကိုယ့်မောင်လေး အခန်းဝင်တာပဲကွာ... ဘာလို့လဲ...မင်းက ဘာမဟုတ်ကဟုတ်ကတွေ လုပ်နေတာမို့လို့လဲ...ဘာလဲ ပိုးဟပ် တွေကြည့်နေတာလား"
"What the Fluff !!"
အာကာတို့လူငယ်တွေကြားမှာ လိင်ဖျော်ဖြေရေး videos တွေတင်သည့် Pornhub website ကို ပိုးဟပ် ဟုခေါ်ကြသည်... မမကေသာက အာကာ့ကို ပိုးဟပ်တွေကြည့်နေတာလားဟု မေးလိုက်သဖြင့် မလုံမလဲနှင့် အယဉ်ကျေးဆုံး ဆဲလိုက်မိသည်... အစ်မ ၄ ယောက်ထဲတွင် မမကေသာက ယောက်ကျားဆန်ပြီး ပွင့်ပွင့်လင်းလင်း ရှိသည်... သွက်လက်သည်... အာကာနှင့်ဆို ညီအစ်ကိုလို ပေါင်းလို့ရသည်...
"ဟာ...ဆဲတယ် ကြည့်စမ်း အမေနဲ့တိုင်မှာ"
"ဘာဆဲလို့လဲ "ဝှတ် သယ် ဖလပ်" လို့ပဲပြော...ဆဲတာမှမဟုတ်တာ"
"အဲ့ဒါလဲ မင်း တစ်ဖက်လှည့်နဲ့ ဆဲတာပဲ"
"မမကေသာ...ပြဿနာ မရှာပါနဲ့ဗျာ...ဘာလဲ ဘာလာလုပ်တာလဲ ပြော"
"Thumb drive ခဏငှါးဦး ပုံတွေကူးချင်လို့"
"အံဆွဲထဲမှာယူသွား"
မမကေသာက အံဆွဲထဲမှ ရှာဖွေယူပြီး ထွက်သွားသည်... သွားခါနီးလည်းပြောသွားလိုက်သေးသည်...
"ပိုးဟပ်တွေ ကြည့်မနေနဲ့နော်"
"ကဲ"
.........................................................................
အာကာ မနက်အိပ်ယာ နိုးလာတော့ အိမ်အောက်ထပ် ဧည့်ခန်းထဲမှာ ဆူဆူညံညံ အသံတွေကြားရသဖြင့် ဝင်သွားကြည့်လိုက်တော့ မမဟေမာက ငိုနေသည်...အမေက ဘေးမှနေ၍ ကျောသပ် ရင်သပ်နှင့် နှစ်သိမ့်နေသည်...
"ဘယ်နားလဲ... လာ ... သွားမယ်... အရိုင်းစိုင်းကောင်တွေ"
မကြီးနဲ့ မမကေသာက ထီးခေါက်ကြီးဆွဲပြီး ရှုးရှုးရှားရှား ဖြစ်နေကြသဖြင့် အာကာက အမေ့နားသွားပြီး မေးလိုက်သည်...
"အမေ့...ဘာဖြစ်တာလဲ"
"သားလေးက စောစောမထဘူး မင်းအိပ်နေလို့ အမေက လမ်းထိပ်ဈေးဝယ်ခိုင်းရမဲ့သူမရှိလို့ မီးလေးကိုလွှတ်လိုက်တာ... လမ်းမှာ လူတစ်ယောက်က မတော်တရော်တွေ ပြလိုက်လို့တဲ့...ဟိုမှာ ခုန အန်တောင် အန်နေတယ်"
"ဗျာ"
"မောင်မောင်ကလည်း သူ့ဖေ နဲ့ လက်ဖက်ရည်ဆိုင်ဆိုပြီး ထွက်သွားကြတာ ပေါ်ကိုမလာကြတော့ဘူး"
"မမဟေမာက ဘာလို့ တစ်ယောက်တည်း သွားရတာလဲ မော်မော့် ဖြစ်ဖြစ် မကြီးအိဖြူဖြစ်ဖြစ် ခေါ်သွားပါလား"
"အိဖြူတို့ ဆွေဆွေတို့ နောက်ဖေးမှာ အလုပ်ရှုပ်နေကြလို့လေ ဒီနားတင် ခါတိုင်းလဲ သွားနေကျဆိုတော့ သွားခိုင်းလိုက်တာပေါ့...ငါ့နှယ် ဒီလောက်ကြောက်တတ်တဲ့သူကျမှ တွေ့ရတယ်လို့"
မမဟေမာက တစ်အိမ်လုံးမှာ အကြောက်တတ်ဆုံး... အားနေ အခန်းတွင်းပဲ အောင်းနေပြီးတော့ သူလုပ်တတ်တာဆိုလို့ တံမျက်စည်းတစ်ချောင်းနှင့် အိမ်သန့်ရှင်းရေး လုပ်ခြင်းပင်...အသန့်အရမ်းကြိုက်ပြီး ပစ္စည်းတွေရှုပ်ပွနေလျှင်မနေတတ်... သန့်ရှင်းရေးလုပ်လွန်းလို့ ဟေမာစင်ဒရဲလား ဟုပင်ခေါ်ကြသည်...
"အင်းလေ ကေသာ နဲ့သာတွေ့ကြည့်ပါလား အဲ့ဒီကောင် အဲ့နေရာတင် ခေါင်းကွဲပြီမှတ်...တွေ့တာနဲ့ကို ကောက်ထုမှာ"
"အရင်က ဒို့လမ်းထဲ အဲ့လို ကလေကချေ မရှိပါဘူး...ခုမှ ဘယ်ကရောက်လာလဲ မသိဘူး"
"ရှိချင်ရှိနေဦးမှာ ကေသာတို့ သွားကြည့်လိုက်မယ်"
"အာ...နေခဲ့ကြ... သား သွားကြည့်လိုက်မယ်"
"သားလေး သတိထားဦးနော်"
"မောင်လေး so sweet ဟေ့ရောင်... မင်းကိုလာပြလို့ကတော့ ပြန်သာပြလိုက် ကြားလား"
မမကေသာက အိမ်ထဲမှ လှမ်းအော်နေသဖြင့် အာကာရယ်လိုက်မိသည်...
"အင်း... သားက Size ပါ တိုင်းခဲ့လိုက်မယ်...ဟေ့ရောင် မင်းက small ငါက XXL ကွ ဆိုပြီး"
"အေး တိုင်းခဲ့"
"ဟယ်... ဒီကလေးတွေတော့!!!"
အာကာ လမ်းထဲ ဟိုဟိုဒီဒီ လျှောက်ကြည့်နေရင်း လမ်းထိပ်ဘက်သို့ပင် ရောက်လာခဲ့ပြီ လူစိမ်းနှင့်တူတာဆိုလို့ တစ်ယောက်မှမတွေ့ရ... ကြည့်ရတာ တခြားရပ်ကွက်က ကောင် ထင်သည်... လမ်းထိပ်မှာ ခါးထောက်၍ ဟိုဟိုဒီဒီ ကြည့်နေရင်း မျက်စိရှေ့ရောက်လာသော ကားအဖြူလေးကြောင့် မျက်လုံးတွေက အရောင်တောက်သွားရသည်...
လက်က အတွေးထက် မြန်ဆန်စွာဖြင့် ကားဖြူလေးကို တားလိုက်မိသည်... ကားလေးက ရပ်သွားသည်... အာကာက မောင်းသူနေရာကိုလျှောက်သွားပြီး မှန်ကို ခေါက်လိုက်တော့မှ ကားမှန်ကို ကပ်စီးနဲစွာဖြင့် တစ်ဝက်တိတိချပေးသည်...
ဒီတစ်ခါတော့ ထူးဆန်းစွာ မျက်ခုံးတန်းလေးများက အပေါ်သို့ ပင့်ကာ သူ့ကားကို တားသဖြင့် အံ့ဩနေပုံရသည်... အာကာ ကအရင်ဆုံးပြုံးပြလိုက်တော့ ပင့်တက်နေသည့် မျက်ခုံးလေးက အနည်းငယ်ကျုံ့ချင်သလိုဖြစ်သွားရပြန်သည်...
"အစ်ကို"
အာကာ့ခေါ်သံကြောင့် ခပ်ကျုံ့ကျုံ့မျက်ခုံးလေးနှစ်ဖက်က လုံးလုံးပြေလျော့သွားကြပြီး...
"အင်း"
ပြန်ထူးသံလေးကြောင့် အာကာ အားတက်သွားရပြီး ကိုယ်ကို ပြုတင်းပေါက်နားသို့ ငုံ့ကိုင်းလိုက်ကာ...
"ဟို...အစ်ကို အိမ်ဘက် ပြန်မှာမဟုတ်လား...ကျွန်တော့်ကို လမ်းကြုံခေါ်သွားပေးပါလား အိမ်ရှေ့ထိပဲ"
အာကာက ထိုသို့ပြောလိုက်တော့ စဉ်းစားဟန်တစ်ချက်ပြုပြီး ခေါင်းညိတ်ပြလာသည်...
"တက်လေ"
အာကာ ဝမ်းသာအားရ ပြေးကာ Lover seat မှာ ဝင်ထိုင်လိုက်ပြီး...
"ကျေးဇူးနော် အစ်ကို့...ခုနကလေ ဒီလမ်းထဲမှာလေ လူတစ်ယောက်ဗျာ... မတော်တရော်တွေလိုက်ပြနေတာ... တော်သေးတယ် ကျွန်တော် အစ်ကို့ကားနဲ့ တွေ့လို့ပေါ့"
"ဟင်...ဘာဖြစ်လို့လဲ"
"ဗျာ... အဲ... ဟို... ကြောက်လို့လေ အစ်ကိုရဲ့"
"ဪ"
အာကာလဲ မဖြစ်နိုင်တာကြီး ပြောမိပြောရာ ပြောပြီး မှ မလုံမလဲ နှင့် လှည့်ကြည့်မိတော့ အစ်ကိုက လှစ်ခနဲပြုံးသွားတာကို လျှပ်တစ်ပျက် မြင်လိုက်ရသည်... အာကာယောင်ပြီး ကိုယ့်လျှာကိုယ်တောင် ပြန်ကိုက်မိသွားရသည်...
လှလိုက်တာ...
အစ်ကိုပြုံးလိုက်တာက တကယ်ကိုမှ...
အား!!!!!
အမေ... ဒေါ်ခင်ခင်မျိုးဆွေရေ!!!!
အစ်ကိုက အရမ်းလှတယ်လို့...
..........................................................................
<3 DiDi Zaw
(12/11/2022)